YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Misaeng.S01E05.1080p.NF WEB-DL.mp4

1.11 GB N/A video/mp4 215 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The 3rd Guest
7.7

အီဗီကန်းနက်သ်ဟာ စာရေးဆရာမတစ်ယောက်။ ဟာ့တ်ကန်းနက်သ်က ဓာတ်ပုံဆရာတစ်ယောက်။ သူတို့လင်မယားနှစ်ယောက်က သမီးလေးဆုံးပြီး တဲ့နောက် ဝိညာဉ်တွေနဲ့လိုက်ဆက်သွယ်ဖို့လုပ်ရင်း ဇာတ်လမ်းယူပြီး စာအုပ်ရေးကြတဲ့သူတွေပေါ့။ တစ်နေ့ကျ သူတို့ကို အမျိုးသမီးတစ်ယောက်က အလုပ်လာအပ်ပါလေရော။ အဲ့အမျိုးသမီးရဲ့ ဆုံးသွား တဲ့ အဖေ့အမွေအိမ်ကို သူတို့ရောက်သွားပြီးနောက် ကြုံတွေ့လိုက်ရတဲ့အရာတွေက သူတို့ဘဝကိုတဖြည်း ဖြည်းနဲ့ ကမောက်ကမဖြစ်လာစေတဲ့အခါ....။ (18+ဇာတ်ဝင်ခန်းအနည်းငယ်ပါတာကြောင့် မိသားစု နဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.34 GB) / (472 MB) / (263 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Adventure • Drama • Fantasy • Music
7.7 2023 86 mins
The 3rd Guest
Something in the Dirt
5.8

Sci-Fi ဇာတ်လမ်းတွေကိုနှစ်သက်သူတွေ ကြည့်စရာဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ "Something in the Dirt" ပါ။ ဒီဇာတ်ကားက ကိုဗစ်၁၉ လော့ခ်ဒေါင်းကာလမှာ ဒါရိုက်တာအိမ်မှာပဲ လူဆယ့်နှစ်ယောက်လောက်နဲ့ရိုက်ကူးထားတာမို့ ဘတ်ဂျက်မူဗီအနေနဲ့ကတော့ တော်တော်အရည်အသွေးမှီတဲ့ဇာတ်လမ်း နဲ့ရိုက်ချက်တွေပါပဲ။ ဒီကမ္ဘာကြီးမှာ ဘယ်သူမှမဖြေရှင်းနိုင်တဲ့ပဟေဋိတွေအများကြီးပါ ဥပမာ ကွင်းဆက်လူသတ်သမား ဂျက်ရစ်ပါကဘယ်သူလဲ JFK ကိုဘယ်သူသတ်တာလဲ ပိရမစ်တွေကဘာအတွက်ဘယ်လိုတည်ဆောက်ခဲ့လဲစသဖြင့်ပေါ့။ ဒီဇာတ်လမ်းမှာတော့ လီဗိုင်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က အိမ်အသစ်တစ်ခုကိုပြောင်းလာပါတယ်။ သူကဘားမှာအလုပ်လုပ်သူဖြစ်ပြီး သူ့ဘဝကဘာမှအဓိပ္ပါယ်မရှိပဲလွင့်မြောနေသူ ဆိုပါတော့။ သူပြောင်းလာတဲ့တိုက်ခန်း၊ ဘာမှမရှိတဲ့တိုက်ခန်းထဲမှာ ဘာမှမထူးခြားတဲ့နေ့လည်ခင်းတစ်ခုမှာ အပေါ်ကပြောခဲ့သလိုမဖြေရှင်းနိုင်တဲ့ပဟေဋိမျိုးနဲ့ကြုံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့အိမ်နီးချင်းကလဲရှိနေတယ် ပြီးတော့ဒါကသရဲခြောက်တာလို့သူတို့ထင်တော့ သူတို့နှစ်ယောက်ပေါင်းပြီးဒါကိုမှတ်တမ်းဗီဒီယိုရိုက်မယ် ပြီးရင်နက်ဖလစ်မှာ ရောင်းစားကြမယ်ပေါ့။ ဒါပေမဲ့တကယ်တမ်းကျတော့ ဒါကသရဲခြောက်တာမဟုတ်ဘဲ သိပ်နက်နဲတဲ့ပဟေဋိဖြစ်နေတော့ အခုမှတွေ့တဲ့သူစိမ်းအိမ်နီးချင်းနှစ်ယောက် ဘာတွေများရှာတွေ့ဦးမလဲ သူတို့ရဲ့မှတ်တမ်းတင်ရုပ်ရှင်ကိုရော နက်ဖလစ်မှာ မကြာခင်ကြည့်ရတော့မလားဆိုတာ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Horror, Sci-fi Quality…. 1080p | 720p | 480p File size… Format… mp4 Duration….1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Fantasy • Romance • Science Fiction
5.8 2022 116 mins
Something in the Dirt
Doctor Zhivago
7.5

IMDb (8/10) / Rotten Tomatoes 84% ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ၊ "အလေးနီ"ပြုပါတယ် တို့ စသဖြင့် ကွန်မြူနစ်ဆိုရင် ရဲရဲနီပါပဲ။ အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာလည်း နာမည်/ရာထူးရှေ့မှာ Comrade(ရဲဘော်) လို့ ထည့်ခေါ်ကြတာလည်း ကွန်မြူနစ်တွေရဲ့ ဝိသေသပါပဲ။ ဇာတ်ကားထဲမှာ ဇာတ်ကြောင်းပြောနေတဲ့ ဗိုလ်ချုပ်ကြီးကိုတောင် "ရဲဘော်ဗိုလ်ချုပ်ကြီး"လို့ခေါ်တာ ကြည့်ပါတော့။ သူတို့အထာမသိရင် နားလည်ဖို့အခက်သားပါပဲ။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်စာရေးဆရာ ကဗျာဆရာ ဘောရစ်စ် ပက်စတာညက်ဗ် (Boris Pasternak) ရေးသားတဲ့ Doctor Zhivago ဝတ္ထုကို အီတလီနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ မထုတ်ဘဲ ဘာလို့ အီတလီမှာထုတ်ဝေခဲ့ရလဲဆိုရင်တော့ ဆိုဗီယက်အာဏာပိုင်တွေက ဒီစာရေးဆရာကို မျက်မုန်းကျိုးနေလို့ပါပဲ။ ကွန်မြူနစ်နိုင်ငံတွေမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာ ပါတီက ခွင့်ပြုသလောက်ပဲ လွတ်လပ်နိုင်တာပါ။ ဒီဝတ္ထုမှာက ပထမကမ္ဘာစစ်နဲ့ ရုရှပြည်တွင်းစစ်ကို နောက်ခံထားပြီး ဇာဘုရင်ကျဆုံးချိန်၊ ကွန်မြူနစ်နိုင်ငံစတင်တည်ဆောက်ချိန်တွေမှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပုံတွေကို လူသားဆန်တဲ့ ရှုထောင့်ကနေ ပုံဖော်ရေးသားထားတာကြောင့် အာဏာပိုင်တွေက မကြိုက်ကြတာ မဆန်းပါဘူး။ ဒီစာအုပ်ကို ပြည်တွင်းမှာ ဖတ်ရှုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ ဒီစာအုပ်ဟာ အလွန်အောင်မြင်ခဲ့ပြီး တော်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုရှည်ကြီးနဲ့အတူ ဂန္တဝင်စာပေစာရင်း ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၁၉၅၈ နိုဘယ်ဆုရသူတွေစာရင်းမှာ ဘောရစ်စ် ပက်စတာညက်ဗ်ကို စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် စာရေးသူဟာ အဲဒီဆုကို ငြင်းပယ်ခဲ့ရပါသတဲ့။ (၁၉၈၉ ခုနှစ်ရောက်မှ သူ့သားတစ်ယောက်က သူ့ကိုယ်စား ဆုသွားယူခဲ့ရတယ် လို့ ဆိုပါတယ်) မြန်မာဘာသာပြန်ဝတ္ထု အနေနဲ့ကတော့ စာရေးဆရာ ဘုန်းမြင့်(မန္တလေး)က ဘာသာပြန်ဆိုထုတ်ဝေခဲ့ဖူးတယ် လို့ သိရပါတယ်။ ဒီဇာတ်လမ်းမှာ ကွန်မြူနစ်တပ်နီတော်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ နာမည်ကျော်ကဗျာဆရာ ဒေါက်တာဇီဗားဂိုးရဲ့ သမီးကို လိုက်လံရှာဖွေရင်း ဇာတ်ကြောင်းပြောဟန်နဲ့ စဖွင့်ထားပါတယ်။ မိဘမဲ့ကောင်လေးဇီဗားဂိုး ကို သူ့မိဘတွေရဲ့မိတ်ဆွေလင်မယားက မွေးစားခဲ့ပါတယ်။ အဲဒီလင်မယားမှာ သမီးလေး တွန်ညာ ဆိုတာရှိပြီး သူမဟာ နောက်တော့ ဇီဗားဂိုးရဲ့ဇနီးဖြစ်လာမယ့်သူပါပဲ။ ဇီဗားဂိုးဟာ ဆေးပညာသင်ယူနေချိန်မှာပဲ ကဗျာဆရာတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပါတယ်။ တစ်ညမှာတော့ ဆရာဝန်ဖြစ်ခါစ ဒေါက်တာဇီဗားဂိုးဟာ ခရစ္စမတ်အကြိုညပါတီပွဲတစ်ခုမှာ သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ ရှေ့နေတစ်ယောက်ကို ပြုစုကုသပေးခဲ့ရတယ်။ ရှေ့နေကြီးရဲ့နာမည်က "ဗစ်တာ အစ်ပိုလီတိုဗစ်ခ်ျ ကိုမာရော့ဗ်စကီ" ပါတဲ့။ (ရုရှားရုပ်ရှင်၊ဝတ္ထုတွေမှာ အဲလို နာမည်ရှည် နာမည်ရှုပ်ကြီးတွေကိုတော့ သည်းခံပေးရလေ့ရှိပါတယ်။) သေနတ်နဲ့ပစ်သူကတော့ လာရီဆာ အန်တီပိုဗာ (ခေါ်) လာရာ ဆိုတဲ့ မိန်းမချောငယ်လေးတစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းကတော့ ................. ဇာဘုရင်ရဲ့အုပ်စိုးမှုကို ဆန့်ကျင်လိုတဲ့ ခေတ်ကြီးကိုအတင်းပြောင်းချင်ကြတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှု ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတာကိုလည်း ဖော်ပြထားတာတွေ့ရမှာပါ။ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ စစ်တပ်ဆရာဝန်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒေါက်တာဇီဗားဂိုးဟာ ကမ္ဘာစစ်ကြီးအပြီးမှာ ဆက်ဖြစ်လာတဲ့ ရုရှပြည်တွင်းစစ်ကြောင့် ဇနီးနဲ့သားရှိရာကို မပြန်နိုင်ဘဲ ဆက်လက်စစ်မှုထမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ခင်ပွန်းသည်ကိုရှာဖွေဖို့ စေတနာ့ဝန်ထမ်းသူနာပြုအနေနဲ့ စစ်မြေပြင်ကိုရောက်လာတဲ့ "လာရာ" နဲ့ ဆုံမိခဲ့ကြပါတယ်။ အတူအလုပ်လုပ်ရင်း သံယောဇဉ်တွယ်မိခဲ့ကြပေမယ့် မစွန်းထင်းမိအောင် နှစ်ယောက်လုံး ချုပ်တည်းနိုင်ခဲ့ကြတယ်။ တပ်ကထွက်ခွင့်ရလို့ မော်စကိုမြို့တော်ကို ဒေါက်တာဇီဗားဂိုး ပြန်လာတဲ့အခါ ခေတ်ကြီးကပြောင်းနေပါပြီ။ သူတို့မိသားစုနေတဲ့ အိမ်ကြီးဟာ စုပေါင်းအိမ်ယာတစ်ခုအဖြစ် ပုံဖော်ခံခဲ့ရပြီးနောက် တခြားမိသားစုတွေနဲ့အတူ ကျဉ်းကျပ်စွာနေထိုင်ရပြီး ကုန်ဝယ်စာအုပ် ၊ ရိက္ခာလက်မှတ် ၊ ပြည်သူတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့ ရာရှင်စနစ် စသဖြင့် ကွန်မြူနစ်နိုင်ငံတော်ကြီး စတင်တည်ဆောက်တဲ့ကာလမှာ ဒုက္ခများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရပါတော့တယ်။ ပိုဆိုးတာက သူ့ရဲ့ကဗျာတွေက ခေတ်နောက်ပြန်ဆွဲနေတယ် စိတ်ကူးယဉ်ဆန်တယ် စသဖြင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက သူ့ကိုမကြိုက်ကြတာပါပဲ။ သူက ပါတီကိုလည်းမဝင်ဘူး၊ ပါတီလုပ်သမျှ မျက်စိမှိတ်ထောက်ခံသူလည်း မဟုတ်ဘူးဆိုတော့ ပိုပြီး အညှိုးခံရတာပေါ့။ အဲဒါ‌ကိုသူက သဘောမပေါက်ပေမယ့် သူ့ညီ(ဇာတ်ကြောင်းပြောသူ) သဘောပေါက်တဲ့အတွက်ကြောင့် သူ့ကို မော်စကိုကနေ ဝေးလံတဲ့တနေရာမှာ ဇာတ်မြှုပ်နေထိုင်ဖို့တိုက်တွန်းပါတော့တယ်။ အခုပြောပြီးခဲ့သမျှက ဇာတ်လမ်းတဝက်စာပဲရှိပါသေးတယ်။ ကြည့်ကြတဲ့အခါ ရသမပျက်စေချင်လို့ ဇာတ်လမ်းကို ဒီအထိပဲ ညွှန်းပါရစေ။ ဇာတ်ကားကြာချိန်က (၃)နာရီ နဲ့ (၂၀)မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကြည့်တဲ့အခါမှာ ပျင်းတဲ့စိတ်တစ်ကြိမ်မှမပေါ်ဘဲ စီးမျောပါဝင်သွားကြမှာပါ။ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါပဲ။ ဘတ်ဂျက် ဒေါ်လာ (၁၁)သန်းနဲ့ရိုက်ကူးခဲ့ပြီး တကမ္ဘာလုံးကဝင်ငွေ ဒေါ်လာ(၂၄၈.၂)သန်း ပြန်ရခဲ့တာကိုသာ ကြည့်ပါတော့။ အကယ်ဒမီဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အော်စကာဆု ငါးဆုနဲ့ အခြားဆုပေါင်း (၁၆)ဆုအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံအချစ်ဇာတ်လမ်းမျိုးကို နှစ်ခြိုက်ကြသူတွေရဲ့ အသည်းစွဲဖြစ်မယ့် ဇာတ်ကားပါပဲ။ ကွန်မြူနစ်လောကနိဗ္ဗာန် ဆိုတာကို တမ်းတခဲ့ကြသူတွေ ရှိနေသေးရင်လည်း ဒီကားထဲက ကွန်မြူနစ်အင်တာနေရှင်နယ် သီချင်းသံကြားရရင် အလွမ်းပြေကြမယ် ထင်ပါရဲ့။ အချစ်ဇာတ်လမ်းသက်သက်ကို ရွေးပြီးခံစားလိုသူတွေအတွက်လည်း ကာမဆန္ဒကိုတပ်မက်တဲ့အချစ်၊ လူသားဆန်တဲ့အချစ် ၊ တိုင်းသူပြည်သားတွေကို သနားစာနာတဲ့အချစ် ၊ ဝါဒတစ်ခုကို ကိုးကွယ်တဲ့အချစ် စသဖြင့် အချစ်မျိုးအထွေထွေကို တွေ့မြင်ခံစားရပါလိမ့်မယ်။ ဘယ်ခေတ်ရောက်ရောက် တို့ကတော့ ပန်းပန်လျက်ပါပဲ ဆိုတဲ့ လူစားမျိုးတွေအကြောင်းလည်း တွေ့ရမှာပါ။ ရှေးခေတ်ကဇာတ်လမ်းဖြစ်ပေမယ့် လူ့သဘာဝနဲ့လောကသဘာဝ ကို ပီပြင်အောင်ဖော်ကျူးထားတာဖြစ်လို့ ခေတ်အဆက်ဆက်မှာ ဘယ်တော့မှ မပျောက်ပျက်သွားမယ့် ဂန္တဝင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ ခံစားတင်ဆက်ထားပါတယ်။) File size…(3.6 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:20:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Romance • Science Fiction
7.5 1965 200 mins
Doctor Zhivago
Capone
5

Scarface ရုပ်ရှင်တို့ ကမ္ဘာကျော် လူဆိုးကြီး အယ်ဖွန့်စ် က ပုန်း တို့ကို သိကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ကလည်း ကပုန်းရဲ့ ဘဝကို သရုပ်ဖော်ထားတာပါပဲ။ ဒါပေမယ့် သူ့ရဲ့ ကြမ်းခဲ့ရမ်းခဲ့တဲ့ ကာလတွေ မဟုတ်တော့ပါဘူး။ အယ်ဖွန့်စ် တစ်ယောက် အခွန်ရှောင်လွှဲမှုနဲ့ ထောင် ၁၀ နှစ် ကျခဲ့ပြီး ပြန်ထွက်လာတဲ့ သူ့ဘဝ နောက်ဆုံးအချိန်တွေ အကြောင်းကို ရိုက်ကူးထားတာပါ။ မင်းသားကတော့ စွယ်စုံရတယ်လို့ ပြောလို့ရတဲ့ နာမည်ကျော်တွေ စာရင်းထဲက တစ်ယောက်ပါပဲ။ တွမ် ဟာဒီ ဖြစ်ပါတယ်။ Bane, Venom, Mad Max တို့ အပါအဝင်ကမ္ဘာကျော်ကားတွေမှ အများကြီးပါပဲ။ ဒီရုပ်ရှင်ထဲမှာလည်း ကာလသားရောဂါကြောင့် ဦးဏှောက်ထိခိုက်တဲ့အပြင် လေပါဖြတ်သွားတဲ့ ဂန်းစတားကြီးတစ်ယောက်ရဲ့ပုံကို ပီပီပြင်ပြင် ပုံဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက အချက်ကတော့ အယ်လ် ကပုန်း ထောင်မကျခင်မှာ ဝှက်ထားခဲ့တဲ့ဆိုတဲ့ ဒေါ်လာ ၁၀ သန်း ပြဿနာကို အခြေခံထားပါတယ်။ ကပုန်းကို တကယ်ရူးနေတယ်လို့ မယုံသေးဘဲ စောင့်ကြည့်နေတဲ့ အက်ဖ်ဘီအိုင်တွေ၊ သူ့ဘေးက မိတ်ဆွေစစ်တွေ၊ မိတ်ဆွေတုတွေ နဲ့ မိသားစုတွေရဲ့ ဘဝကို ခံစားရမှာဖြစ်ပါတယ်။ အတိတ်အကြောင်းတွေ ဆက်စပ်ပြီး ပါနေတာမို့ Scarface ရုပ်ရှင်လေးကို ကြည့်ထားပြီးမှ ဒါကိုကြည့်ရင် ပိုပြီး နားလည်ခံစားလို့ရမှာပါ။ File Size : ( 969 MB , 355 MB) Quality : WEBRip 720p Running Time : 1 hr 43 min Format : Mp4 Genre :Biography , Crime , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Action
5 2020 103 mins
Capone
Rocketman
7.3

ဒီရုပ်ရှင်ကတော့ Bohemian Rhapsody လိုပဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်မှာပါ။ သရုပ်ဆောင်ကတော့ Kingsman ရဲ့ မင်းသားTaron Egerton ဖြစ်နေတာ တိုက်ဆိုင်တာပါပဲ။ Kingsman ရုပ်ရှင်ထဲမှာ အယ်လ်တန်ဂျွန်ပါခဲ့တာကိုး။ သူ့နာမည်ကတော့ အယ်လ်တန် ဂျွန်ပါ။ လူအများကြားဖူးကြမယ်ထင်ပါတယ်။ အပြည့်အစုံဆိုရင်တော့ ဆာ အယ်လ်တန် ဟာကျူလီ ဂျွန် ဖြစ်ပါတယ်။ သူဟာ အမေရိကရဲ့ ရော့ခ်ဂီတသမိုင်းမှာ အအောင်မြင်ဆုံး တစ်ကိုယ်တော်ဂီတသမားဖြစ်ပြီး ကမ္ဘာ့ဂီတသမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ သူ့ရှေ့မှာ မက်ဒေါနား နဲ့ ဘီတယ်စ် ပဲ ရှိပါတော့တယ်။ (မကြာခင် ဘီတယ်စ်ရဲ့အကြောင်းဖြစ်တဲ့ Yesterday ရုပ်ရှင်လည်း ရုံတင်တော့မှာပါ) အယ်လ်တန်ဟာ ဂရမ်မီဆု 5ကြိမ်ရရှိခဲ့ပြီး အခြားသော ဆုကြီးတွေလည်း အများအပြားကို ရရှိခဲ့တာပါ။ Gold album 26 ခု၊ ပလက်တီနမ် နဲ့ မာလ်တိုင်ပလက်တီနမ် ၃၈ ခု၊ ဒိုင်းမွန်း တစ်ခု ရရှိဖူးပြီး ကမ္ဘာ့အခွေရောင်းရမှုအရေအတွက် သန်း ၃၀၀ ကျော်ရှိပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့ရဲ့ ငယ်ဘဝ၊ အောင်မြင်အောင် ရုန်းကန်ရပုံ၊ အောင်မြင်ပြီးနောက် ထုံးစံအတိုင်းခံစားရတဲ့ အောင်မြင်မှုဒဏ်တွေ၊ အထီးကျန်မှုတွေ၊ ဆေးနဲ့အရက်ပြဿနာတွေ၊ လိင်ကိစ္စအရှုပ်အရှင်းတွေ ကနေ ရုန်းထွက်ပြီး သာယာတဲ့ ဘဝကို တည်ဆောက်နိုင်ခဲ့ပုံအထိ ပြထားတာပါပဲ။ သူက ဖရက်ဒီမာကျူရီထက်တော့ ကံကောင်းခဲ့တယ်ပဲ ပြောလို့ရမလား မသိပါဘူး။ ဂီတရုပ်ရှင် ကြိုက်သူတွေအတွက်တော့ သီချင်းတွေနဲ့တင် တန်လှပါပြီလို့ ပြောရမှာပါပဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်...

Comedy
7.3 2019 121 mins
Rocketman
Hart’s War
7

Hart’s War(2002) အညွှန်း *********************** မင်းသားကြီး Bruce Willis နဲ့ Collin Ferrellတို့ရဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းက true story လို့မဆိုသာပေမယ့် ‌စာရေးဆရာ John Katzenbach က သူ့အ‌ဖေ Nicholas ရဲ့ စစ်တွင်းအတွေ့အကြုံတွေကို မှီငြမ်းထားတာမလို့ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်လို့ဆိုရမှာဖြစ်ပါတယ်.. အဲဒီခေတ်က အပြင်လောကမှာသာမက တပ်ထဲမှာပါ လူ‌ဖြူလူမည်းဆက်ဆံရေးကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ WWII ကာလ တပ်သားစုဆောင်းရေးမှာ ဥပဒေဒုတိယနှစ်ကျောင်းသား‌လေး သောမတ်စ်ဟာ့တ်လည်း ပါသွားတယ်.. သူက စစ်ပွဲနဲ့ လားလားမှ မသက်ဆိုင်တဲ့သူ လက်ဖ်တင်နင်ဘဝနဲ့ပဲ ကျေနပ်နေတဲ့သူပေါ့… ဒါပေမယ့် သူ့အဖေကလည်း တပ်ထဲမှာ ထူးချွန်တဲ့ အရာရှိကြီးတစ်ဦး.. တစ်နေ့တော့ အူတီးအူလည်နဲ့ အထက်လူကြီးတစ်ယောက်ကို လိုက်ပို့ရင်း ဂျာမန်‌တွေဆီမှာ အဖမ်းခံလိုက်ရတယ် ဟာ့တ်တစ်ယောက် သုံ့ပန်းစခန်းကိုရောက်သွားပြီး Bruce Willis တို့ထံရောက်သွားတယ်.. စစ်သုံ့ပန်းဘဝနဲ့ ဘယ်လိုပြဿနာမျိုးစုံတွေ့ရမလဲဆိုတာကိုတော့… File Size : (2.03GB)(761 MB) and (245MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:05:00 Genre : War , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mayphoo Pone Encoded by Phyo Pyae

Family • Fantasy • Romance
7 2002
Hart’s War
Forgetting Sarah Marshall
7.1

Forgetting Sarah Marshall (2008) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့… လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ ဒီအတိုင်းပါပဲ “ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း” ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။ Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kristen Bell အပြင် Black Swan ရုပ်ရှင်မှာ ဇာတ်ပို့မင်းသမီး၊ Friends with Benefits မှာခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးညိုချောလေး Mila Kunis တို့က အဓိကမင်းသမီးနှစ်လက်အနေနဲ့ပါဝင်ထားပါတယ်။ မင်းသားကတော့ မသိပါဘူး။ စတာပါ :3 ပီတာဘရက်ထာအဖြစ် How I Met Your Mother Sit-com ထဲက Marshall တဖြစ်လဲ Jason Segel ကသရုပ်ဆောင်ထားပါတယ်။ ကိုင်း ညွှန်းတာလည်းများပြီဆိုတော့ IMDb – 7.1/10, RT – 83% ရထားတဲ့ ဟာသရိုမန့်စ်ကားလေးကိုကြည့်ရှုခံစားလိုက်ကြပါဦး။ ဪ ဒါနဲ့… ကွက်ကွက်ကွင်းကွင်းအခန်းလေးတွေ အနည်းငယ်ပါတဲ့အပြင် အသုံးအနှုန်းတွေကလည်း နည်းနည်းတော့ကြမ်းပါတယ်လို့ သတိလေးတော့ပေးခဲ့ချင်ပါသေးတယ်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Drama • History • War
7.1 2008 111 mins
Forgetting Sarah Marshall
Donnybrook
5.5

Jarhead Earl ဆိုတဲ့လူဟာ ဇနီးသည်နဲ့ ကလေးနှစ်‌ယောက်နဲ့အတူ အိမ်ငှားနေရာကနေ တစ်နေ့မှာ အိမ်ပြောင်းပေးရဖို့ဖြစ်လာပါတော့တယ်… ကလေးတွေနဲ့မိန်းမအတွက် အိမ်ပိုင်တစ်လုံး ဝယ်ပေးချင်တဲ့သူ့ရဲ့ဆန္ဒကို ဖြည့်ဖို့အတွက် “နပန်းထိုးပွဲ”လိုပြိုင်ပွဲကိုဝင်ပြိုင်ပြီး ဒေါ်လာ ၁သိန်းရအောင်ကြိုးပမ်းဖို့လုပ်ပါတော့တယ်… တစ်ဖက်မှာလည်း မိန်းမဖြစ်သူက Angus ဆိုတဲ့ လူအပေါ်အကြွေးအများကြီးတင်နေပါတယ်.. ရေစက်ကပါလာတော့ သူယှဉ်ပြိုင်တိုက်ခိုက်ရမယ့် ပြိုင်ဘက်က သူ့မိန်းမအကြွေး‌တင်နေတဲ့ Angus ဖြစ်လာတဲ့အခါမှာတော့…. File size…1.37GB / 610MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

5.5 2018
Donnybrook
Seven Heroes Beat the Monster
5.8

မျောက်ဘုရင်စွန်းဝူခုန်းအနောက်အရပ်ကနေကျမ်းစာပြန်ယူပြီး နောက်ပိုင်းကိုဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒါကလဲစွန်းဝူခုန်းတစ်ယောက်မက်မွန်းသီးပွဲတော်မှာတက်ပြီး သောင်းကျန်းခဲ့တဲ့ရလာဒ်တစ်ခုပါပဲ။ မက်မွန်သီးပွဲတော်မှာ စွန်းဝူခုန်းသောင်းကျန်းခဲ့တဲ့အတွက်ဝူရှန့်ဆိုတဲ့သဏ္ဍာန်မဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာခဲ့တယ်။ သဏ္ဍာန်မဲ့မိစ္ဆာဝူရှန့်က လူ့ပြည်မှာဒုက္ခပေးနေတဲ့အတွက် ဘုရားရှင်ဟာစွန်းဝူခုန်းနဲ့မင်းကြီးညီနောင်(၆)ပါးကိုလွှတ်ပြီးတော့နှိမ်နင်းစေခဲ့တယ်။ ဒါပေမယ့် ညီနောင်ချင်းသွေးကွဲပြီးတော့ ဝူရှန့်လှည့်စားတာခံလိုက်ရတဲ့အတွက် တိုက်ပွဲမှာရှုံးနိမ့်ပြီး စွန်းဝူခုန်းနဲ့အတူညီနောင်(၆)ပါးရဲ့ မူလဝိညာဉ်တွေဟာ ရေခဲထဲမှာချိတ်ပိတ်ခံလိုက်ရပါတယ်။ နှစ်(၅၀၀)ကြားပြီးနောက်မှာတော့ သူရဲကောင်းအဖြစ်မွေးဖွားလာသူဆိုပြီး ကိုယ့်ကိုယ်ကိုယ်ခံယူထားတဲ့လူငယ်လေးဟာ မထင်မှတ်ပဲ စွန်းဝူခုန်းကိုပိတ်ထားတဲ့ အဆုံးမဲ့ဂူထဲကိုရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့မျောက်မင်းကြီးစွန်းဝူခုန်းနဲ့သူ့ရဲ့ညီနောင်မင်းကြီး(၆)ပါးတို့ကို ကယ်တင်ဖို့တာဝန်ဟာ လူငယ်လေးပေါ်ကျရောက်လာပြီး စွန့်စားခန်းစတင်ပါတော့တယ်……

5.8 2024
Seven Heroes Beat the Monster
Pepe
6.5

Pepe (2024) “သွေးကြွေး” အသစ်ထွက်ရှိလာတဲ့ ကန်နားဒါးသည်းထိပ်ရင်ဖိုရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အဖေဖြစ်သူ အသတ်ခံလိုက်ရတဲ့အတွက် အမေတစ်ခုသားတစ်ခုရယ်နဲ့ ရှင်သန်နေရတဲ့ သားတစ်ယောက်။ အမေဖြစ်သူရော ချစ်သူရောက ခက်ထန်ကြမ်းတမ်းတဲ့သူ့ကို ရန်မဖြစ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းနေရတာပါ။ ရေအောက်မှာရှိနေတဲ့ နတ်ဆိုးပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုကြောင့် ကျိန်စာသင့်နေတဲ့စမ်းချောင်းကို ကာကွယ်ရမယ်ဆိုတဲ့ သူသေချာနားမလည်တဲ့ အမှာစကားတစ်ခု။ လူတစ်စုက နိုင်ထက်စီးနင်းနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်လာတဲ့အခါ လက်ရဲဇက်ရဲနိုင်တဲ့လူတစ်ယောက် အမေနဲ့ချစ်သူစကားကို ဆန့်ကျင်ပြီး တွန်းလှန်မှာလား။ အတိတ်ကလျှို့ဝှက်ထားတဲ့အရာတွေကိုရော ဘယ်လိုသိလာရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Comedy • Family • Adventure
6.5 2024 126 mins
Pepe
Bionic

Bionic (2024) CM ပရိသတ်ကြီးကို Netflix ကနေ လတ်တလောထွက်ရှိလာတဲ့ Dystopian စတိုင် သိပ္ပံစိတ်ကူးယဉ်အက်ရှင်စွန့်စားခန်းဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်…….. ဒီဇာတ်ကားလေးထဲမှာ ရောက်နေတဲ့သက္ကရာဇ်ကတော့ မဝေးတော့တဲ့ အနာဂတ် ၂၀၃၅ ခုနှစ်ပါ…. လူသားတွေဟာ ဇီဝခြေလက်တု (bionic) နည်းပညာကို အောင်မြင်ခဲ့ပြီးနောက်ပိုင်းမှာ အားကစားသမားတွေတောင် ခြေလက်တုတွေပဲ အသုံးပြုပြီးယှဉ်ပြိုင်ကြပါတော့တယ် တခြားနယ်ပယ်ပေါင်းစုံမှာလည်း ကောင်းတဲ့နေရာရော မကောင်းတဲ့နေရာရော စုံနေအောင် အသုံးချကြပါတယ် မာရီယာကတော့ အလျားခုန်ချန်ပီယံဖြစ်ဖို့အတွက် ကိုယ့်ခြေကိုယ်လက်နဲ့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ…ဇီဝခြေလက်တုနဲ့ ကြိုက်သလောက်အလျားကို ခုန်နိင်နေတဲ့အချိန်မှာ သူတို့လို သာမန်ရိုးရိုးခြေလက်နဲ့အားကစားသမားတွေကတော့ ကြိုးစားလည်း ဘာမှတော့မထူးဆိုတဲ့အနေအထားပေါ့ ဒါပေမဲ့ မာရီယာကတော့ အားမလျှော့ပဲ ကြိုးစားရင်း လက်ရှိချန်ပီယံဖြစ်တဲ့ Bionic ခြေလက်ပိုင်ရှင် သူ့အမနဲ့ရင်ဆိုင်ရပြီးတော့ သူတို့ရဲ့အားကစားပြိုင်ပွဲတစ်ခုသာမက ကျန်တဲ့နေရာတွေမှာပါ ဘယ်လိုအရှုပ်အရှင်းတွေရှိနေပြီးတော့ ဘာတွေဆက်ရင်ဆိုင်ရမလဲဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ပြီးတော့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Action, Adeventure, Sci-fi Quality…. 1080p WEB-DL | 720p WEB-DL File size… 1.9GB | 1GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Comedy • Romance
0 2024
Bionic
Virus

Virus ကတော့ horror, sci-fi movie အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့သင်္ဘောတစီးပေါ်ကလူတစ်စုဟာ တိုင်ဖုန်းမုန်တိုင်းအတွင်းကျရောက်သွားပြီး သယ်ဆောင်လာတဲ့ပစ္စည်းတွေကိုဆုံးရှုံးခဲ့ပြီးသင်္ဘောမြှပ်မဲ့အခြေအနေနဲ့ကြုံတွေ့ရကာ အသက်ရှင်သန်ဖို့ကြိုးစားနေကြရင်း မုန်တိုင်းအလယ်ဗဟိုထဲသို့ဝင်ရောက်ခဲ့ကြပါတယ်။ အမှတ်မထင်ပဲ မုန်တိုင်းအလယ်ဗဟိုအတွင်းမှာ အခြားသင်္ဘောတစ်စီးရှိနေတာကိုတွေ့ရှိခဲ့ကြရပါတယ်။ အဲဒီသင်္ဘောဟာ သူတို့ရဲ့ဆုံးရှုံးမှုတွေကိုပြန်အဖတ်ဆယ်ပေးနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ သူတို့အဖွဲ့ဟာ အဲဒီသင်္ဘောပေါ်ကိုရောက်ရှိလာကြပါတော့တယ်။ ထူးဆန်းစွာပဲ အင်မတန်ကြီးမားတဲ့စက်ပစ္စည်းကိရိယာတွေတပ်ဆင်ထားတဲ့သင်္ဘောကြီးပေါ်မှာ လူတစ်ဦးတစ်ယောက်မှရှိမနေပါဘူး။ အဲဒီနောက်မှာသူတို့ဟာ စကားလုံးတွေနဲ့ဖော်ပြဖို့တောင်ခက်ခဲတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတော့တယ်။ ဒီသင်္ဘောကြီးဟာသူတို့မျှော်လင့်ထားသလို သူတို့ရဲ့ကံကောင်းခြင်းလား ဒါမှမဟုတ် သူတို့ရဲ့အဆုံးသတ်ပဲဖြစ်သွားမလားဆိုတာကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size… (1.3 GB) / (757 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Horror, Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

0 1999
Virus