YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Merry Little Batman (2023) 720p.mp4

880.29 MB 720p video/mp4 1071 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Love in the Maldives
6.2

ဒီတစ်ခါညွှန်းပေးချင်တဲ့ကားကတော့ Romance ကားပဲဖြစ်ပါတယ် Rae Parker ဆိုတဲ့ ဆောင်းပါးရှင်ဟာ အမျိုးသမီးတွေအတွက် Solo adventure လို ဆောင်းပါးတွေကိုရေးပေးရတာဖြစ်ပါတယ်.... တစ်နေ့မှာ သူ့ရဲ့ Editor က သူ့ရဲ့ဆောင်းပါးတွေဟာ တောင်တက်တာဘာညာတွေက အရမ်းများနေပြီမို့လို့ boring ဖြစ်နေလို့ Maldives ကျွန်းကိုသွားပြီး အသစ်အဆန်းလေး ရေးခိုင်းပါတယ်... Rae တစ်ယောက် Maldives သွားပြီး ဘယ်လို adventure တွေရှာလာမလဲ ... အဲ့ဒီကလူတွေနဲ့ရော ဘယ်လိုတွေခင်ခဲ့ကြမလဲ ဘယ်လိုအလှအပတွေတွေ့မလဲ... ကျွန်းအလှတွေ တစ်လှေကြီးခံစားရမဲ့အပြင် ချစ်စရာ ရိုခန်းလေးတွေလည်း မြင်တွေရမှာမို့ ခံစားကြည့်ကြပါဦး........................... File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:24:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.2 2023 84 mins
Love in the Maldives
Korameenu

Korameenu(2022) IMDb-8.5/10 ဒီတစ်ခါတော့ အောင်မြင်တဲ့ဇာတ်လမ်းပေါင်းများစွာကိုကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကိုယ်တိုင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားကြီး Anad Ravi ရဲ့ ကားလေးအလှည့်ပါ သူကိုယ်တိုင်ရေးထားတဲ့ဒီကားထဲမှာတော့ ကောင်မလေးတစ်ယောက်ကို နှစ်ရှည်လများသဘောကျနေတဲ့ ကိုတီဆိုတဲ့လူရိုးကြီးအဖြစ်သရုပ်ဆောင်ထားပါတယ် မီနာရှီရ်လို့ ခေါ်တဲ့အမျိုးသမီးကို အဲ့မြို့ကနိုင်ငံရေးစီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ကာရူနာနဲ့ သူ့လက်အောက်က ကိုတီတို့ နှစ်ယောက်အပြိုင်ကြိုက်မိတဲ့အခါမှာ ဇာတ်လမ်းလေးက ရှင်းမလိုနဲ့ အဆုံးထိကို ဆွဲခေါ်သွားမှာပါ ကိုယ့်ထက်အင်အားအဆမတန်ကြီးမားတဲ့ ရန်သူကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း မြှပ်ကွက်များစွာနဲ့ တင်ဆက်ပြထားတာမို့ မလွတ်တမ်းကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ပါရစေ File size…1.7GB / 837MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Sai ThuRein

Drama • Thriller
0 2022 124 mins
Korameenu
Farhana
7

Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရ‌တဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Cherry~Zwe~V~ BpL~ Yunni

Comedy • Crime • Mystery • Thriller
7 2023 140 mins
Farhana
Parasite
8.5

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို့ Memories of murder တို့ကို သိကြမှာပါ။ အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d'Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။ အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လိုညွှန်းရမှန်းကိုမသိပါဘူး။ ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။ ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လို့ပဲ ညွှန်းချင်ပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်... File Size : (950 MB) Quality : Blu-Ray (,720p,) Running Time : 2hr 12min Format : Mp4 Genre : Comedy, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-FGT Translated by Littleneo Encoded by Thanhtike Zaw

Comedy
8.5 2019 133 mins
Parasite
King Kong
6.9

King Kong (2005) ~ IMDb - 7.2/10, Rotten Tomatoes - 84% ~ Directed By "Peter Jackson" " It was Beauty killed the Beast. " ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။ နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ "သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား" လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ "တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ" လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။ တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။ King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။ သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။ အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။ "တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်" ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 5,03GB, 3.14GB Quality - 1080p HEVC, 720p IMDb Rating - 7.2/10 Format - mkv, mp4 Duration - 3H 7Min Genre - Action, Adventure, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Ka Naung

Drama • Sci-Fi & Fantasy
6.9 2005 187 mins
King Kong
Lilo & Stitch
7.3

Lilo & Stitch (2002) =============== IMDb Rating – 7.3/10 စတစ်ချ်လို့ပြောလိုက်တာ နဲ့ ပြာတာတာ နဲ့ နားရွက်ကြီးကြီး ပြူးကြောင်ကြောင် ကောင်လေးကို အားလုံးမျက်စိထဲ ပြေးမြင်မိကြမှာပါ။ ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် စတစ်ချ်အရုပ်လေးတွေ စတစ်ချ်အင်္ကျီလေးတွေက လူတွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ခုCMပရိတ်သတ်ကြီးအတွက် ဒီ စတစ်ချ်ကားလေးကို ပြန် လည် ခံစားလို့ရအောင် တစ်ဖန် ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်း ကို အနည်းငယ် ပြန်မိတ်ဆက်ပေးရရင် လီလို ဆိုတာ ဟာဝေယံ ခလေး မလေးတစ်ဦးပါ ချစ်စရာ ဂျစ်ကန်ကန် လူဆိုးမလေးပေါ့ဗျာ။ တစ်ရက်တော့ သူက ခွေးတစ်ကောင်မွေးဖို့အတွက် သူ့အစ်မနဲ့ ညီအစ်မနှစ်ယောက်သား ခွေးထိန်းသိန်း ရေးစခန်းကို သွားပါတယ်။အဲ့မှာလီလို တစ်ယောက် ပြာတာတာ နဲ့ ရယ်စရာခွေးလေး ကို သဘောကျ ပြီး မွေးခဲ့ပါတယ်။ ခွေးလေးနာမည် ကိုတော့ စတစ်ချ်လို့ ပေးလိုက် တာပေါ့။အဲ့မှာပဲ ပြသနာတွေစတော့တာပါ။ တစ်ကယ်တော့စတစ်ချ်က တစ်ခြား ဝေးလံတဲ့ ဂြိုလ်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက် ရဲ့တီထွင်မှုပါပဲ။ အဲ့ဂြိုလ်ရဲ့ အာဏာပိုင်တွေက သဘာဝကိုဖောက်ပြန်တဲ့ ဒီတီထွင်မှုကို လက်မခံနိုင်ပဲ တီထွင် တဲ့ ပညာရှင်ကိုအကျဉ်းချ စတစ်ချ်လေးကို အပြစ်ပေးဖို့ ခေါ်လာရာမှ အဖျက်စွမ်း အားပြင်း လက်နက် ဖြစ်တဲ့မောင်စတစ်ချ်က ထွက်ပြေးပြီး ကမ္ဘာပေါ်ရောက်လာ တာပါ။ ဒီဂြိုလ်က အကြီးအကဲတွေကလည်း စတစ်ချ် ကို ပြန်ခေါ်ဖို့ သူ့ကို တီထွင်တဲ့ ပညာ ရှင်ရယ် တစ်ခြားပညာရှင်တစ်ယောက်ရယ်ကိုလွှတ်ပြီး ပြန်ခေါ်ခိုင်းတာပေါ့။ စတစ်ချ် လေးကို သံယောဇဉ်တွယ်နေတဲ့ လီလို တစ်ယောက် ဘယ်လိုပြသနာတွေ ကြုံရမလဲ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက် ရှု့စားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို A_Zမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.36 GB) / (550 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

Drama
7.3 2002
Lilo & Stitch
Jorugaa Husharugaa
7.1

Jorugaa Husharugaa (2023) “နှစ်ပွင့်ခွဲဆိုင်” =================================== စီအမ်ဖန်တွေအတွက် IMDb 7.7 ရ ပေါ့ပေါ့ပါးပါး တေလဂူးစကားပြော အချစ်ဟာသရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ဆန်တို့ဆိုတဲ့ ပရိုဂရမ်မာလေးဟာ အလုပ်မှာ ရာထူးတိုးချင်လို့ ဂေါ်မစွံ ဘော့စ်ဖြစ်သူကို စော်ရှာပေးဖို့ကြိုးစားရင်း ကပ်ဖားယပ်ဖားလုပ်နေရသူပါ။ သူ့မှာ နီတရာဆိုတဲ့ ခပ်ဟော့ဟော့ ချစ်သူကောင်မလေးလည်းရှိပြီး သူတို့နှစ်ဦးက သိပ်ကို ကဲကြတဲ့ချစ်သူတွေပေါ့။ ဒီလိုနေ့ တနေ့မှာ ဆန်တို့ရဲ့ရုံးကို နီတရာက မပြောမဆိုအလုပ်ဝင်လာတဲ့အတွက် သူတို့ချင်း ချစ်သူတွေဖြစ်ကြောင်း ဖုံးကွယ်ထားရင်းကနေ ဆန်တို့ရဲ့ ဘော့စ်ဖြစ်သူ ဂေ ါ်မစွံက နီတရာကို သဘောကျလာတဲ့အခါမှာတော့…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.1 2023
Jorugaa Husharugaa
Attack of the Meth Gator

ထူးထူးဆန်းဆန်း ဘက်ဂျက်ကားလေးကြည့်ချင်တဲ့ သူတွေအတွက် Attack Of The Meth Gator လို့ခေါ်တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံခြားမှာ Meth(မက်သ်) လို့ခေါ်တဲ့မူးယစ်ဆေးတွေကို လူသုံးများကြပြီး ဒီကားထဲမှာပါတဲ့ မိကျောင်းက အဲ့ဒီမက်သ်တွေ အများကြီးကို စားလိုက်တဲ့အတွက် ဟိုက်ပြီးတော့ လူတွေ လိုက်သတ် မက်သ်တွေလိုက်ရှာနေတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဘယ်ကနေဘယ်လိုစဖြစ်တာလည်းဆိုတော့ ဖလော်ရီဒါမှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာ မက်သ်တွေကို ကိုယ်တိုင်ချက်လုပ်ပြီး ရောင်းနေတဲ့ လူနှစ်ယောက်ကို ရဲတွေလိုက်ဖမ်းရာကနေ ရေကန်ထဲကို ဆင်းပြေးရင်း မိကျောင်းအစားခံလိုက်ရတာ ဖြစ်ပါတယ်။မိကျောင်းစားထားတဲ့အထဲမှာ မက်သ်တွေပါ ပါပြီး ထူးထူးဆန်းဆန်း အဲ့ဒါကြောင့်ပဲ မိကျောင်းကြီးက အကောင်ကြီး လာပြီး ပိုလည်း အားကြီးလာပါတော့တယ်။ဒါပေမယ့် မူးယစ်ဆေး တွေရဲ့ ထုံးစံအတိုင်းပဲ အဲ့ဒီမိကျောင်းကြီးက မက်သ်တွေကို ထပ်တောင့်တလာပြီး ကျွန်းပေါ်မှာရောနေရာအနှံ့မှာပါ လိုက်ရှာ ပါတော့တယ်။အဲ့ဒါကြောင့် ဒီလိုကြီးမားတဲ့ မိကျောင်းကြီးကို ရှင်းပစ်ဖို့အတွက် ကျွန်းပေါ်ကရဲမှူးက တခြားတစ်နေရာမှာ တာဝန် ထမ်းဆောင်နေတဲ့ DEA အရာရှိဖြစ်တဲ့ သူ့သားဒန်တေးကိုပြန်ခေါ် ခဲ့ရပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီမိကျောင်းကြီးကို ရှင်းပစ်ဖို့အပြင် ဒီလို ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ မက်သ်ချက်တဲ့ဓာတ်ခွဲခန်းတွေ ကိုပါ ဘယ်လိုအမြစ်ဖြတ်သွားမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်.. File size…1.84GB / 969MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre ….. Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Attack of the Meth Gator
Sharkers
5

အခုတစ်ခါမှာတော့ Sharkers ဆိုတဲ့ Dark Comedy ကားလေးကို တင်ဆက်ပေးပါရစေ။ Dark Comedy ဆိုတဲ့အတိုင်း မိသားစုနဲ့ ၁၈နှစ်အောက်ကလေးတွေကြည့်ဖိုမသင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ စကားပြောခန်းတွေပါတာကိုတော့ကြိုတင်သတိပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ဖရန်ကီဆိုတဲ့လူငယ်လေးဟာ အတူနေ ချစ်သူလောရန်နဲ့ နေနေကြရင်း ချစ်သူသက်တမ်း၂နှစ်ပြည့်မှာတော့ လောရန်ဟာ သူမရဲ့ထူးဆန်းတဲ့ လိင်စိတ်ကို ထုတ်ဖော်လာပြီး အဲဒါကို အကောင်အထည်ဖော်ဖိုဖရန်ကီကိုတောင်းဆိုလာပါတော့တယ်။ အဲဒီလိုနဲ့ ဖရန်ကီနဲ့လောရန်တို သဘောတူညီမှုယူပြီး လောရန်ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ကြရာကနေ ဖရန်ကီတစ်ယောက် လောရန်ရဲ့စွန့်ပစ်တာကို ခံလိုက်ရပါတော့တယ်။ အသည်းကွဲနေတဲ့ ဖရန်ကီဟာ ကလပ်မှာ ဆေးရောင်းတဲ့ကီဗင်နဲ့တွေ့ပြီး ရင်ဖွင့်မိရာကနေ ကီဗင်ရဲ့အိမ်ကိုလိုက်သွားမိပြီးမူးယစ်ဆေးတွေပါသုံးမိပြီး မကြုံစဖူး အတွေ့အကြုံတွေကို စတင်ကြုံတွေရပါတော့တယ်။ ဖရန်ကီတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ဆေးတွေသုံးပြီးဘာတွေ ဇောက်ထိုးမိုးမျှော် မထင်မှတ်တာတွေ ဖြစ်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ဗျာ။ File size…1.63GB / 816MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5 2024 88 mins
Sharkers
Little Girl Blue
6.3

Little Girl Blue (2023) IMDb Rating (6.3) / Rotten Tomatoes (83%) ပြင်သစ်ရဲ့ နာမည်ကြီး စာရေးဆရာမနဲ့ ဓာတ်ပုံဆရာမဖြစ်တဲ့ ကာရိုးအချလာချီ ကိုယ်တိုင်ရိုက်ကူးပြီး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ documentary ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပြင်သစ်တွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းကို ဒရာမဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်းဖြစ်အောင် ဒါ့အပြင် ဇာတ်အိမ်ကိုလည်း နက်နဲအောင် လုပ်ထားတာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ အတ္ထုပတ္တိဆန်ဆန် ဇာတ်ကားမျိုးတွေကို ကြိုက်တဲ့သူမျိုးအတွက် ကွက်တိလို့ပဲဆိုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History Duration….01:35:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6.3 2023 95 mins
Little Girl Blue
Love Unlike in K-Dramas Cinta Tak Seindah Drama Korea
6.6

Love Unlike in K-Dramas (2024) IMDb Rating (6.6) K-drama တွေထဲကလို အချစ်ခံရဖို့မိန်းကလေးတိုင်းနီးပါး စိတ်ကူးယဉ်နေတဲ့အချိန်မှာ ဇာတ်ကားတွေထဲကလိုမဟုတ်ဘဲ မမျှော်လင့်ထားတဲ့ ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းမျိူးပိုင်ဆိုင်လာခဲ့ရရင်? K-drama တွေထဲမှာတွေ့နေကျအချစ်စံနှုန်းတွေကို ချိုးဖျက်ထားတဲ့ အင်ဒိုနီးရှားအချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်တဲ့ “Love Unlike in K-dramas” K-drama fan အကြီးစားဖြစ်တဲ့သူငယ်ချင်းသုံးယောက် သူတို့အိပ်မက်တစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံကို အလည်ရောက်သွားတဲ့အချိန်မှာ ကိုရီးယားတွေထဲကလို ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးရှာတွေ့ဖို့မျှော်လင့်ထားပေမယ့် ကိုယ်ရေးကိုယ်တာအရှုပ်အရှင်းကိစ္စတွေပါလာတဲ့အခါ ခရီးမှာဘယ်လိုအရာတွေကြုံတွေ့သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှူရမယ့် အင်ဒိုအချစ်ဟာသကားလေးဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲမှာပါနေကျ ဝါရင့်အရံသရုပ်ဆောင်တစ်ချို့လည်း ပါဝင်ထားတာမို့ ကိုရီးယားကားနဲ့မတူတဲ့ ကိုရီးယားကားကြည့်နေရသလိုခံစားရစေမှာပါ။ လူငယ်သဘာဝပီပီပေါ့ပေါ့ပါးပါးအပျင်းပြေကြည့်ရတန်မယ်လို့ မျှော်လင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KST ဖြစ်ပါတယ်။) File size…(2.1 GB) / (960 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….02:00:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by KST

6.6 2024 118 mins
Love Unlike in K-Dramas Cinta Tak Seindah Drama Korea