YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Men (2022) 1080p.mp4

1.19 GB N/A video/mp4 1362 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Gulu Gulu
6

IMDb-7.2/10 လူတိုင်းမှာ ကူညီချင်စိတ်ရှိပါတယ် အနည်းနဲ့ အများပဲ ကွာကြတာ ဒါပေမယ့် ကိုယ့်ကိုယ်ထိခိုက်မယ်ဆိုရင်တော့ အားလုံးကစဉ်းစားကြမှာပါ ဒီကားထဲမှာတော့ သူ့ကိုဘယ်လိုပဲထိခိုက်ထိခိုက် ဘယ်လိုလူမျိုးကပဲ အကူအညီတောင်းတောင်း အမြဲကူညီပေးတဲ့ ဂူလူဘိုင် မိတဆိုး သိပ္ပံပညာရှင်ရဲ့သားလေး သူ့အဖေကသူ့ကို မချစ်ဘူးလို့ထင်ပြီး မွေးနေ့မှာ သူ့အဖေအချစ်စမ်းရအောင် သူငယ်ချင်းတွေကို ပြန်ပေးဆွဲခိုင်းတဲ့ မတ်ဒီ ဖခင်ရဲ့မျက်နှာကို နောက်ဆုံးအနေနဲ့ ကြည့်ရဖို့ပြန်လာတဲ့ မက်တီလ်ဒါ အဖေတူအမေကွဲ အကိုတွေက နောက်အိမ်ထောင်နဲ့ရတဲ့ကလေးမို့ လက်မခံခါးခါးသီးသီးဖြစ်ပြီး တစ်ဖက်လှည့်နဲ့ ပြန်ပေးဆွဲခိုင်းပြီး အမွေတွေကိုအပိုင်သိမ်းဖို့ကြိုးစားခဲ့တယ် ပြန်ပေးဆွဲဖို့ ပုံပြတဲ့အချိန်မှာ နားလည်မှုလွဲပြီး မတ်ဒီနဲ့ မက်တီလ်ဒါကို မှားပြန်ပေးဆွဲမိတဲ့အချိန်မှာ.... ဘယ်လိုတွေဖြေရှင်းကြမလဲ ဂူလူဘိုင်ကရော ဘယ်လို၀င်ကူညီမလဲ ဂူလူဘိုင်ဇာတ်ကောင်က ဆွဲခေါ်သွားမှာမို့ တစ်ကားလုံး ဆွဲဆောင်မှုအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပါ File size…2.5GB / 1.2GB Quality…720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Yunni & Kevin  & Yunni

Drama • Thriller
6 2022 122 mins
Gulu Gulu
The Forgiven
5.9

နာမည်ကျော်မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Ralph Fiennes, Jessica Chastain တို့အပြင် အားလုံးအချစ်တော်မင်းသားကြီး Matt Smith ပါ၀င်အားဖြည့်ထားတဲ့ Mystery drama ကားလေးပါ။ လူချမ်းသာဆရာ၀န်တစ်ယောက်ဖြစ်သူ David နဲ့သူ့ဇနီး Jo တို့ဟာမော်ရိုကိုနိုင်ငံကို အပန်းဖြေခရီးထွက်လာကြပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ပါတီပွဲတစ်ခုကိုအမှီသွားနိုင်ဖို့ David ဟာအရက် သောက်ထားပြီး အရှိန်ပြင်းပြင်းနဲ့ ကားမောင်းနေရာက ဒေသခံမော်ရိုကိုကောင်လေးတစ်ယောက်ကို ကားနဲ့တိုက်သတ်လိုက်မိပါတယ်။ ဒီမတော်တဆမှုနောက်ဆက်တွဲကနေ David တို့ဇနီးမောင်နှံရဲ့ဘ၀လည်းပြောင်းလဲသွားပါတော့တယ်။ ဥရောပတိုက်သားတွေနဲ့ ဒေသခံမူစလင်တွေကြား ယဉ်ကျေးမှုကွဲပြားပုံတွေကြောင့် နားလည်မှုတွေလွဲမှားကုန်တာတွေကိုလည်း စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပါ။ File size…(1.86GB) / (903MB) / (416MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Comedy • Drama • Romance
5.9 2022 117 mins
The Forgiven
Asvins

Asvins ( 2023 ) ============== IMDb 6.9/10 အာသာဝဏီနတ်မင်းရဲ့တန်ခိုးကြောင့် သိဒ္ဓိဝင်နေတဲ့ နတ်ဆင်းတုနှစ်ခု။ အဲဒီဆင်းတုနှစ်ခုထဲက တစ်ခုဟာ နတ်ဆိုးတစ်ကောင်ကြောင့် ကျိန်စာသင့် အပမှီသွားပြီး အဲဒီဆင်းတုတွေရှိနေတဲ့ ရွာတစ်ခုလုံး အငတ်ဘေးကျ ကပ်ဆိုက်ကာ ရွာပျက်သွားတယ်။ အဲဒီနောက်မှာတော့ အဲဒီဆင်းတုတွေလည်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ . လူတွေသေဖူးတဲ့၊ အဖြစ်ဆိုးတွေကြုံရဖူးတဲ့နေရာတွေ အိမ်အိုအိမ်ဟောင်းတွေမှာ မှတ်တမ်းတင်ဗွီဒီယိုတွေရိုက်ကြတဲ့ YouTuber အဖွဲ့တစ်ဖွဲ့ဟာ သရဲခြောက်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အိမ်အိုကြီးတစ်ခုကို မှတ်တမ်းတင်ဖို့ သွားကြရင်း တစ်ယောက်ပြီးတစ်ယောက် အဖြစ်ဆိုးတွေကြုံရပါတယ်။ အဲဒီအဖြစ်ဆိုးတွေရဲ့နောက်ကွယ််မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲ၊ ဘာလို့ ဒီလိုတွေကြုံနေရတာလဲဆိုတာ ဒီ ရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယသရဲကားတွေမှာမြင်ရခဲတဲ့ပုံစံနဲ့တင်ဆက်ထားပြီး စိတ်ဝင်စားစရာလည်းကောင်းတာမို့ ညဘက်တစ်ယောက်တည်း မီးမပြတ်တဲ့နေရာတွေဆို မီးလေးပိတ်ပြီး ကျောတစိမ့်စိမ့်နဲ့ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ BpL, ZweYan,V နဲ့ Yunni တို့ပဲဖြစ်ကြပါတယ်။ ) File size…1.34GB / 593.5MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ ZweYan~ V ~ Yunni

Action • Fantasy • Mystery
0 2023
Asvins
Dark Water
6.8

နာမည်ကျော် The Ring တို့ Sadako တို့ရဲ့ ဖန်တီးရှင် ဒါရိုက်တာ Hideo Nakata ရဲ့ IMDb Rating - 6.7/10 အထိရရှိခဲ့တဲ့ Horror အမျိုးအစား Dark Water ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ယိုရှိမီဆိုတဲ့အမျိုးသမီးဟာ ယောကျာ်းနဲ့ ကွာရှင်းပြီးနောက် သမီး အီကုကို ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် အခြေအတင်ဖြစ်နေကြတုန်း အခြေအနေပါ။ လောလောဆယ် သမီးလေးနဲ့ အတူ နေဖို့အတွက် တိုက်ခန်းတစ်ခုကိုရှာနေခဲ့ပါတယ်။ အဆင်ပြေသွားတဲ့အခန်းက ဆောက်ထားတာကြာပြီမို့ မျက်နှာကျက်ကနေ ရေတွေ နည်းနည်းစီးကျနေခဲ့ပါတယ်။ တိုက်ခန်းမန်နေဂျာကို ပြောပေမယ့် အကြောင်းမထူးခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ ကလေးမလေးဟာ သမီးလေးအီကုကို တက်ခဲ့တဲ့ကျောင်းမှာပဲ တက်သွားတာပါ။ တဏှာရူးတစ်ယောက်ယောက်က ခေါ်သွားတာလိုလို ဘာလိုလိုနဲ့ သတင်းအစအနပျောက်နေခဲ့ပါတယ်။ တိုက်ခန်းက ရေကလည်း တစ်နေ့တစ်နေ့ကျတာများလာတဲ့ အပြင် သူတို့သားအမိလည်း ထူးဆန်းတဲ့ဖြစ်ရပ်များကို ကြုံတွေ့လာရပါတော့တယ်။ ပျောက်ဆုံးသွားတဲ့ ကလေးမလေးဟာ သူတို့ရဲ့အပေါ်ထပ်မှာ နေခဲ့တယ်ဆိုတာကို သိရှိသွားပြီးနောက် ယိုရှိမီတစ်ယောက် မိခင်ပီပီ သူ့သမီးလေးကို ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲဆိုတာ ကြည့်ရှုရင်း မိုးအေးအေးလေးနဲ့ ကွေးလိုက်ကြပါစို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 835MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Comedy • Romance
6.8 2002 101 mins
Dark Water
Army of the Dead
6.3

ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ ဇာတ်လမ်းက ဒီလိုပါ ..... လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။ အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။ အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။ တရားဝင်ငွေ မဟုတ်လို့ပါ။ ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ.. ဒန် .... တန့် ..... တန် ..... ပွဲဦးထွက်မှာတင် IMDb - 7.5/10 ဆိုတော့ ဘာမေးနေစရာ လိုဦးမလဲဗျာ။ Review and Translated by : Mr.Anderson Encoded by : August File size…3.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 28min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action & Adventure • Crime • Drama
6.3 2021 148 mins
Army of the Dead
Justice League x RWBY: Super Heroes & Huntsmen, Part Two
7.3

Justice League x RWBY: Super Heroes & Huntsmen, Part Two (2023) ================================================= IMDb Rating – 7.3/10 DC animation နဲ့ အမေရိကန် anime ဇာတ်လမ်းတွဲ RWBY တို့ တွဲဖက် crossover လုပ်ထားတဲ့ Huntsmen အပိုင်း ၂ ထပ်ထွက် လာပါပြီ။ ဂျက်စတစ်လိဂ်အဖွဲ့ ရူဘီတို့ကမ္ဘာထဲက ဗီလိန်ကြီးကို နှိမ်နင်းပြီး သူတို့ကမ္ဘာကို ပြန်လာခဲ့ပေမယ့်၊ ကေးဂေါ့ဆိုတဲ့ ဗီလိန်က မသေ ဆုံးသွားဘဲ လူသားကမ္ဘာထဲကို လွတ်မြောက်သွားပါတယ်။ ရူဘီတို့ ကမ္ဘာထဲက ဝတ်စ်ဆိုတဲ့ မသေမျိုးတစ်ယောက်နဲ့ပူးပေါင်းကာ ဂျက် စတစ်လိဂ်တို့ကမ္ဘာကို အပိုင်သိမ်းပြီး လူသားမျိုးနွယ်ကို ခြိမ်းခြောက် လာတဲ့အခါမှာ…စူပါမန်း ဘတ်မန်း ဝန်းဒါးဝူးမန်းတို့ပါဝင်တဲ့ ဂျက်စ တစ်လိဂ်နဲ့ RWBY တို့အဖွဲ့ ပူးပေါင်းကာ လူသားကမ္ဘာကို ကာကွယ် ရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.62 GB) / (762 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 15Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Thiha Yan Naing Encoder……….SWM

7.3 2023
Justice League x RWBY: Super Heroes & Huntsmen, Part Two
Avenues
6

Avenues (2017) ============= IMDb Rating – 6.0/10 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာ‌တွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.29 GB) / (529 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Theo Katt Encoder……….SWM

Action
6 2017
Avenues
City Hunter
6.5

၂၀၂၄ ဧပြီလ ၂၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Netflix ရဲ့ ဂျပန်ရုပ်ရှင် City Hunter ဟာ Tsukasa Hojo ရဲ့နာမည်ကျော် Manga စီးရီး City Hunter ကိုအခြေခံပြီး ဒါရိုက်တာ Yuichi Satoh က ရိုက်ကူးပေးထားတဲ့ Live-action ရု ပ်ရှင်ကားတစ်ခုပဲဖြစ်ပါတယ်။ ကမၻာတစ်ဝန်းမှာ City Hunter Manga ရဲ့ပရိသတ်ပေါင်းများစွာရှိနေပြီး ၁၉၈၀ ပြည့်နှစ်မှာ ကာတွန်းကားရိုက်ကူးခဲ့ဖူးသလို ၁၉၉၃ ခုနှစ်မှာလည်း ဂျက်ကီချန်းက City Hunter နာမည်နဲ့ပဲ ရုပ်ရှင်တစ်ကားရိုက်ကူးခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာတဲ့ ဂျပန်ရုပ်ရှင် City Hunter မှာတော့ Ryohei Suzuki ၊ Misato Morita နဲ့ Masanobu Ando တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** တိုကျိုမြို့ရဲ့လမ်းမတွေပေါ်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမြင်တွေ့နေရပြီး စူပါစွမ်းအင်တွေရှိနေတဲ့လူတချို့က တခြားလူတွေကိုလိုက်လံ တိုက်ခိုက်နေခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေထဲကတစ်ခုကြောင့် တွဲဖက်နဲ့သူငယ်ချင်းဖြစ်သူ မာကီမူရာကိုဆုံးရှုံးလိုက်ရတဲ့ အလွတ်တမ်းစုံထောက်ယိုဆာအီဘာက ဒီဖြစ်ရပ်တွေဟာ ဆေးတစ်ခုကြောင့်လား၊ ဗိုင်းရပ်စ်တစ်ခုကြောင့် လားဆိုတာ လိုက်လံဖော်ထုတ်ရပါတော့တယ်။ သေဆုံးသွားတဲ့ မာကီမူရာရဲ့ညီမကာအိုရီကလည်း အစ်ကိုအတွက်လက်စားချေချင် စိတ်တွေပြင်းထန်နေတာကြောင့် အမှုစုံစမ်းဖော်ထုတ်ရာမှာ ယိုဆာအီဘာရဲ့တွဲဖက်ဖြစ်လိုမှန်းမသိဖြစ်လာခဲ့ပါတယ်။ ဝါရင့်စုံထောက်ယိုဆာအီဘာနဲ့ အတွေ့အကြုံမရှိတဲ့ကာအိုရီတို့ နှစ်ယောက်ပေါင်းမိသွားချိန်မှာတော့ လွဲချော်မှုတွေနဲ့အက်ရှင် ဇာတ်ဝင်ခန်းတွေကို ဟာသရောနှောတင်ဆက်ပြသထားတာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2 GB / 946 MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Romance • Drama
6.5 2024
City Hunter
Life Hotel
6

အားလုံးအတွက် ဒီနေ့မှာတော့ ဘဝတစ်ကွေ့အကြောင်း ပုံဖော်ရိုက်ကူးပြထားတဲ့ Life Hotel ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်… ထိခိုက်စေမှုနဲ့ ထောင်ကျထားတဲ့ မိဘကလည်း လျစ်လျူရှုထားတာခံနေရတဲ့ ထောင်ထွက်တစ်ယောက်… ထောင်သက်တမ်းလွတ်လို့ ထွက်လာချိန်မှာ အိမ်ကလည်း တာဝန်မယူသလို… မိသားစုကလည်း လက်မခံ… ထောင်မကျခင်ကတော့အစ်ကိုဆိုပြီး မြှောက်စားခဲ့တဲ့ ညီအစ်ကိုတွေလည်း ဆက်သွယ်တာတောင် လက်မခံကြတော့ဘူး… ဒီအသိုင်းအဝိုင်းကလည်း ပြစ်မှုမှတ်တမ်းဆိုတာ အရေးကြီးတော့ ပြစ်မှုမှတ်တမ်းရှိသူကို တော်ရုံ အလုပ်လက်မခံကြဘူး… နှိမ့်ချချင်ကြတယ်… ဒီတော့ ဇာတ်လိုက် စန်းချင်းတစ်ယောက် ဘယ်မှာ အလုပ်ရသွားလဲဆိုတော့ ဆေးရုံနားက လိုင်ဖူဟိုတယ်ဆိုတဲ့ ငွေကြေးမပြေလည်လို့ ဆေးရုံမတက်နိုင်တဲ့သူတွေကို ငှားပေးတဲ့ တည်းခိုခန်းမှာ အလုပ်ရသွားတယ်… ဒီအလုပ်ကို သူလုပ်တာ အကြောင်းရင်းတစ်ခုတော့ ရှိနေတယ်… ဒီတော့ စန်းချင်းတစ်ယောက် ဒီဟိုတယ်မှာ အလုပ်လုပ်ရင်း ဘာတွေရမှာလဲ… သူမူလဦးတည်ချက်အတိုင်း ပြည့်ဝနိုင်မှာလား .. စိတ်ကူးပြောင်းသွားမလား… ဒီလိုင်ဖူဟိုတယ်ကရော တကယ်ပဲ ရိုးရိုးဟိုတယ်တစ်ခုလား… နှလုံးသားကပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မလို့ နှလုံးသားလေးနဲ့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…

6 2024
Life Hotel
Last Night
6.5

ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကား တစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရော writer အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီး လာတဲ့ Sam Worthington, မင်းသမီးချော Keira Knightley တို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထား ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့ Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေး ထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့ အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့ မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့ လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည် သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည် သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။ File size…1.25GB / 587MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Comedy
6.5 2010
Last Night
Salmon Fishing in the Yemen
6.8

cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန့်ဟာသဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအမည်ကအတိုင်း ယီမင်နိုင်ငံလို အပူပိုင်းဒေသ နိုင်ငံတစ်ခုမှာ ဆယ်လ်မွန်ငါးတွေ မွေးမြူဖို့ ကြိုးစားတာပါ။ ဆယ်လ်မွန်ငါးတွေရဲ့ တခြားငါးတွေနဲ့ မတူတဲ့ သဘောသဘာဝက အားလုံးသိကြတဲ့ အတိုင်းပဲ သူတို့ဟာ ရေငံမှာ ကြီးထွားရှင်သန် ကျက်စားကြပြီး ဥဥမျိုးပွားချိန်အတွက်ကျမှ ရေကိုဆန်တက်ပြီး သူတို့ရဲ့ ဇာတိမူလ မြစ်ဖျားခံရာ ရေချိုဒေသတွေဆီ ကူးခတ်ပြန် ကြတာပါ။ ဆယ်လ်မွန်ငါးတို့ရဲ့ ဇွဲလုံ့လ ဝီရိယဉာဉ်ဟာ လူသားတွေအတွက် အားကျပမာယူစရာ ဖြစ်သလို ငါးဖမ်းသမားတွေအတွက်လည်း ဆယ်လ်မွန်ငါးတွေဟာ တန်ဖိုးရှိတဲ့ ငါးမျိုးစိတ်ပါပဲ။ ဇာတ်ကားမှာတော့ ယီမင်နိုင်ငံက ခေါင်းဆာင် စော်ဘွားကြီး တစ်ယောက်ဟာ သူသဘောကျလှတဲ့ ဆယ်လ်မွန်ငါးတွေကို နိုင်ငံထဲမှာ ရှိစေချင်တဲ့ ဆန္ဒအရ ငွေကုန်ကြေးကျ ဘယ်လောက် များနေပါစေ..ရအောင်လုပ်မယ်ဆိုပြီး ပရောဂျက်အတွက် အကြံပေးကုမ္ပဏီက သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဟယ်ရီယက်ဆိုတဲ့ အမျိုးသမီးလေးကို တာဝန်ပေးလိုက်ပါတယ်။ ဒေါက်တာအဲဖရက်ဒ်ဂျုံးစ်ဆိုတဲ့ ငါးပါရဂူဘွဲ့ရ အစိုးရအရာရှိ တစ်ယောက်ကို နိုင်ငံရေးအရ ချစ်ကြည်ရေးအတွက်ရော မီဒီယာ အာရုံလွှဲပြောင်းတဲ့ အနေနဲ့ပါ ဒီဖြစ်နိုင်ခြေ နည်းပါးလှတဲ့ ပရောဂျက်ကို ဟယ်ရီယက်နဲ့ အလုပ်အတူ တွဲလုပ်ဖို့ ဖိအားပေး တာဝန်ပေးလိုက် ချိန်မှာတော့….။ သူတို့နှစ်ဦးကြားက ကတောက်ကဆဖြစ်မှုလေးတွေနဲ့ ပရောဂျက် တစ်လျှောက် ရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ လူမှုရေးတွေကို ဟာသနှော ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.45GB / 751MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 47m Genre ….. Comedy , Romance , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.8 2011 107 mins
Salmon Fishing in the Yemen
The Girl on the Bridge
7.5

ဘဝဟာ စစလာကတည်းကိုက ဝေဒနာပါ။ အားလုံးမှာ ကိုယ်စီဝေဒနာချည်းပဲတဲ့။ တစ်စစီကွဲအက်နေတဲ့ ဘဝတွေတွေမြင်ဖူးလား။ ဒါငါတို့ရဲ့ မိုက်မဲမှုလည်းဖြစ်နိုင်တယ်။ ဒါငါတို့ရဲ့ ဒရာမာလည်းဖြစ်နိုင်တယ်။ အားလုံးအမြင်မှာ ဘယ်လိုရယ်စရာတွေပဲဖြစ်သွားဖြစ်သွား ဒါတွေက ငါတို့အတွက်တော့ အစစ်အမှန်ပါပဲ။ အသည်းကွဲတာပဲဖြစ်ဖြစ် , ထမင်းစားစရာမရှိတာပဲဖြစ်ဖြစ် တစ်ထောင့်တစ်ဘက်ကကြည့်မယ်ဆို ပြင်ဆင်လို့မရတာ ဘာမှမရှိပါဘူး မှန်ပါတယ်။ ပြင်ဆင်ခြင်းကို အရှုံးပေးခဲ့ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံ ကိုယ်မိုက်လို့ကိုယ်ခံပဲပေါ့။ ဒါပေမဲ့လည်း ကြားဖူးတယ်မလား အားလုံးဟာ အရူးတွေချည်းပဲတဲ့။ အဓိပ္ပာယ်တစ်ခုခုရှိလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဘာအဓိပ္ပာယ်မှမရှိမှန်းလည်း သိလာခဲ့ကြတယ်။ ကိုယ်ထင်မှဖြစ်တဲ့အရာတွေချည်းပါပဲ။ ဒါဆို ဘာယုံကြည်ချက်မှမရှိတော့ရင်ရော။ ဘဝက ခက်ခဲလို့ဖြစ်ဖြစ် ငါတို့က မိုက်မဲလို့ဖြစ်ဖြစ် တံတားတစ်စင်းပေါ်ကနေ ရေပြင်ကိုငေးပြီး ချီတုံချတုံနဲ့ အစကို ပြန်မသွားချင်တော့တဲ့အချိန်တွေ တစ်ချို့ဘဝတွေမှာ ရှိကောင်းရှိလိမ့်မယ်။ တစ်ထောင့်တစ်ည တစ်နေ့တစ်လမှာတော့ အလင်းတွေ ကယ်တင်ခြင်းတွေ ဘယ်လိုနာမည်ပဲတပ်တပ် တစ်စုံတရာဟာ ရှိတတ်တယ်။ ဒါကိုအချစ်လို့ပြောဖို့တော့ သုံးဖန်များတဲ့အခါ စကားလုံးဟာ ပျက်ပြယ်သွားတတ်လွန်းလို့ အခုတော့ အချစ်ဟာ ယေဘုယျအားဖြင့် ဆယ်ကျော်သက် လက်သုံးစကားတစ်ခုသက်သက် ဖြစ်သွားခဲ့ပြီ။ တစ်စုံတရာလို့ပဲ ဆိုကြပါစို့။ ပြောပြောနေကျတဲ့ အချစ်ဆိုတာက ဒီတစ်စုံတရာထက်တော့ အများကြီးလွယ်ကူပါတယ်။ တံတားထိပ်မှာ တစ်ယောက်က ရေပြင်ကိုငေးကြည့်မိနေတဲ့အခါမှာ နောက်တစ်ယောက်က ကယ်တင်မယ်။ တံတားထိပ်မှာ နောက်တစ်ယောက်က ရေပြင်ကို ငေးကြည့်မိနေတဲ့အခါမှာ တစ်ယောက်က ကယ်တင်မယ်။ ကံကိုမယုံလို့ သတ်သေချင်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကံကိုပါယုံကြည်ရင်း မျက်မှိတ်စိပြီး ဓားပေါက်ပြမှ အသက်ဆက်လို့ရမယ့် ဓားပေါက်သမားတစ်ယောက် ။ ဒါဟာ ဘယ်လိုရေစက်မျိုးလဲ။ နှစ်ပိုင်းပြတ်နေတဲ့ ငွေစက္ကူတစ်ရွက်ဟာ တစ်ဘက်က တစ်နေရာစီမှာဆို ဘာတန်ဖိုးမှမရှိတော့ဘူးတဲ့။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ကံမကောင်းခြင်းကို တစ်ယောက်က ဖေးမရင်း သက်တံ့တွေဖြာနေတဲ့နေ့တွေလည်း ရှိကောင်းရှိလာပါလိမ့်မယ်။ မင်းတို့ ငါတို့ရဲ့ စောက်ဖြစ်မရှိလှပါသော ဘဝတွေမှာပေါ့။ ဇာတ်လမ်းထဲမှာတော့ ဒီတစ်စုံတရာကို ဘာပါလို့ နာမည်မတပ်နိုင်ခင်မှာပဲ သူတို့ဝေးသွားခဲ့ကြတယ်။ ဆေးလိပ်ဖြတ်တာပဲဖြစ်ဖြစ် မေ့ဖျောက်ချင်တာပဲဖြစ်ဖြစ် စစချင်းမှာ ခက်ခဲပေမဲ့ အရာရာဟာ တစ်ပတ်လောက်ကြာပြီးရင်တော့ နေသားကျသွားတယ်တဲ့။ ဒီတစ်ပတ်ကို ကျော်လွန်ပြီးသွားရင်တော့ ဒါဟာ တစ်စုံတရာဖြစ်သွားပါပြီ။ နှစ်ပိုင်းပြဲသွားတဲ့ ငွေစက္ကူတစ်ရွက်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း မဆုံနိုင်ကြတော့တဲ့ အဖြစ်မျိုးတွေပေါ့။ မီးခြစ်ဟောင်းတစ်လုံးနဲ့ ပြဲနေတဲ့ပိုက်ဆံတစ်ခြမ်းကို မစွ့န်လွှတ်နိုင်တဲ့ တစ်ချိန်က တစ်ယောက်ယောက်ကို ကယ်ဖူးတဲ့လူကလည်း စုတ်ပြတ်သတ်စွာနဲ့ ဒီတံတားကြီးပေါ် သူ့ကိုယ်သူ အရှုံးပေးဖို့ ပြန်လာတယ်။ တစ်စစီကွဲအက်နေတဲ့ ပျက်စီးခြင်းမျိုးနဲ့ပေါ့။ ဒါဟာ ဒီတံတားပေါ်မှာ ကျွန်တော်တို့ဆက်ကြည့်ရမယ့် ဇာတ်လမ်းပါပဲ။ သေချာတာက ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာ ချစ်တယ်လို့ တစ်ခွန်းမှ မပြောသွားခဲ့ဘူး။ Girl on the Bridgeဟာ သူ့နာမည်အတိုင်းပဲ တံတားထိပ်မှာရပ်ရင်း ချီတုံချတုံနဲ့ ရေပြင်ကို ငေးကြည့်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အဖြစ်အပျက်ပါပဲ။ ဘဝဟာ စစလာကတည်းကိုက ဝေဒနာပဲမဟုတ်လား။ ဘယ်တစ်စုံတရာက ဒီတံတားပေါ်မှာ သက်တန့်တွေဖြာစေမလဲတော့ အားလုံးသိကြပေမဲ့ အဲဒီသက်တန့်တွေ ဘယ်အချိန်ထိဖြာနေမလဲတော့ ကျွန်တော်တို့မသိနိုင်ဘူး။ File Size : 2.2 GB, 937 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.5 1999 90 mins
The Girl on the Bridge
Queer
6.6

Queer (2024) IMDb Rating (6.6) / Rotten Tomatoes (78%) ဂျိမ်းစ်ဘွန်းမင်းသား Daniel Craigရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင်။ ဘဲကြီးက မက္ကဆီကိုစီးတီးမှာနေရင်း ကောလိပ်ကျောင်းသားလေးတွေကို စားဘဲကြီးလုပ်နေတာ။ ယူဂျင်းဆိုတဲ့ကောင်လေးနဲ့တွေ့တဲ့အခါမှာတော့ စွဲလန်းသွားပြီး သူနဲ့အတူခရီးထွက်ဖို့ပါ စည်းရုံးပါတော့တယ်။ ဘာအတွက်ခရီးလဲဆို သူ့စိတ်ထဲမှာ စွဲလန်းနေတဲ့အရာတစ်ခု။ တယ်လီပသီစိတ်စွမ်းအားမြှင့်တင်ပေးတယ်လို့ သူသိထားတဲ့ ယာဂေးဆိုတဲ့အပင်ကို သုံးစွဲကြည့်ချင်တာ။ အဲဒီအပင်ကိုရှာဖို့အတွက် ယူဂျင်းနဲ့အတူ အီကွေဒေါက တောကြီးထဲကိုရောက်သွားချိန်မှာတော့..။ (အဖော်အချွတ်နဲ့ လိင်တူအခန်းတွေပါဝင်တာမို့ အသက်ပြည့်ပြီးမှကြည့်ကြပါ) (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(14 GB) / (3.1 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Romance Duration….02:16:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Horror • Mystery
6.6 2024 138 mins
Queer