YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Mary Queen of Scots (2018) BluRay 1080p.mp4

1.92 GB N/A video/mp4 244 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
When Harry Met Sally...
7.4

ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။ ၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။ ၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။ နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။ ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally... ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally... ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ... ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့... " ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ " သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်ခြမ်းကွဲနေခဲ့တယ်။ ရုပ်ရှင်ရဲ့ ပထမခြမ်းကတော့ ဒါရိုက်တာနဲ့ အင်တာဗျူးခံရတဲ့ စုံတွဲတွေဆီက လာပြီး ဒုတိယခြမ်းကတော့ ခင်ဗျားဆီကိုယ်တိုင်ဆီက လာပါလိမ့်မယ်။ ရုပ်ရှင်ဆိုတာလည်း အနာအဆာအပြည့်နဲ့ အသည်းတွေကို တစ်စစီခွဲပြီး ပိုချစ်တတ်လာအောင် တစ်စချင်း ပြန်ဆက်ပေးတဲ့အရာမျိုးပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ရှင်ကို လိုခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 740MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 35Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 1989 96 mins
When Harry Met Sally...
Stuck in Love
7.4

IMDb 7.2 / Rotten Tomatoes 58% မင်းသမီးချောလေးတွေဖြစ်တဲ့ Gennifer Connelly နဲ့ Lily Collins တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေး Stuck in Love ဇာတ်လမ်းလေးကတော့... ဇနီးဟောင်းကို မေ့မရနိုင်ဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာ ဘေးလ် မိဘတွေရဲ့ အိမ်ထောင်ရေးကွာပြဲမှုကြောင့် ချစ်ရမှာ ကြောက်နေတဲ့ သမီးဖြစ်သူ ဆမ်တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်းချစ်တတ်တဲ့ သားဖြစ်သူ အချစ်သမားလေး ရက်စတီ Stuck in Love ဆိုတဲ့အတိုင်း အချစ်နွံနစ်ကြမယ့် သားအဖသုံးယောက်ရဲ့ ဇာတ်လမ်းလေးကို နှစ်သက်ဖွယ် ကြည့်ရှုရမယ့် Romance / Drama ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်.. File size…1.36GB / 544MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ..... Crime , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Drama
7.4 2013 97 mins
Stuck in Love
New Kung Fu Cult Master 1

"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ " လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။ တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇ ာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။ အညွှန်း Lwin Htoo Aung Translator - Nu Mon, Jo Jo VA , Yunn Myat Noe Khaing Genre.....Action , Fantasy Quality….WEB-DL 1080p and 720p and 360P File size…1.9GB and 1.1GB and 354MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon, JoJoVa, Yunn Myat Noe Khaing Encoder ..... August

Action
null 2022 115 mins
New Kung Fu Cult Master 1
The Strangers
6.1

ဒီနေ့မှာတော့ IMDb 6.1 ရထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ The Strangers စိတ္တဇလူသတ်ကားလေးတင်ပေးမှာဖြစ်ပါတယ်၊ ဇာတ်လမ်းအစမှာ ဂျေမီနဲ့ ခရစ်စတန်တို့ အတွဲက ကတောက်ကစလေးတွေ ဖြစ်ပြီး အပန်းဖြေအိမ်ကိုပြန်လာကြပါတယ်၊ နောက်မှသူတို့သိလိုက်ရတာကတော့ အပန်းဖြေအိမ်က အပန်းပြေစရာမကောင်းမှန်းပါ။ အိမ်ပတ်လည်မှာ တင် မျက်နှာဖုံးစွပ်နဲ့လူတွေရောက်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်ရာက နောက်ဆုံး သူတို့ကို ကိုယ်ထိလက်ရောက် အန္တရာယ်ပေးဖို့ဖြစ်လာကြပါတယ်။ ကဲ…. သဲထိတ်ရင်ဖိုကားမို့ အရမ်းမ spoil ချင်တာကြောင့် ဒီလောက်နဲ့တင်အညွှန်းရပ်ပြီး၊ ကိုယ်တိုင်ရှုစားကြည့်ဖို့အကြံပေးပါတယ်။ File size…(950Mb)/(400Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Thriller
6.1 2008 86 mins
The Strangers
Sweet As

မာရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကအိမ်မှာ အမေနဲ့အတူတူနေထိုင် နေတာဖြစ်ပြီး အမေဖြစ်သူကဆိုးသွမ်းတဲ့အတွက် အရမ်းစိတ်ဖိစီးနေပြီး စိတ်ညစ်နေရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့သားအမိ နှစ်ယောက်ပြဿနာအကြီးအကျယ်တက်ပြီးတဲ့ နောက်မှာ ဦးလေးဖြစ်သူက မာရာကိုတခြားကလေးတွေနဲ့အတူတူခရီးထွက် ဖို့အတွက် ပို့ပေးခဲ့ပါတော့တယ်။ အဲ့ဒီခရီးစဉ်က တစ်ပတ်ကြာမှာဖြစ်ပြီး တခြားယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်လဲ အတူပါဝင်ပါတယ်။အဲ့ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တောတောင်ရေမြေတွေရဲ့သဘာဝအလှအပတွေကို ကြည့်ရှုပြီးမှတ်တမ်းတင် ဓာတ်ပုံရိုက်ရတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်။မာရာနဲ့အတူတူ ပါလာတဲ့ တခြားကလေးသုံးယောက်ကလဲ ကိုယ့်အခက်အခဲနဲ့ကိုယ်ရှိနေတဲ့ ကလေးတွေဖြစ်ကြပါတယ်။ဒီလိုနဲ့ သူတို့လေးယောက်သားနဲ့ခရီးစဉ်လိုက်ပို့ပေးတဲ့ သူနှစ်ယောက်ကြားမှာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အခိုက်အတန့်လေးတွေနဲ့ သူတို့တွေရဲ့ ဘဝတွေကိုပါ ပြောင်းလဲပေးမဲ့အခိုက်အတန့်လေးတွေကို ကြည်နူးဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.77GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023 87 mins
Sweet As
The Haunting
5.4

The Haunting (1999) Liam Neeson, Catherine Zeta-Jones, Owen Wilson နဲ့ Lili Taylor တို့လို ခုချိန်ကာလမှာ မသိသူမရှိလောက်တဲ့ Cast အကြမ်းတွေပါဝင်တဲ့ Horror, Thriller ရုပ်ရှင်‌ဖြစ်ပါတယ်။ The Haunting of the Hill House ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို အခြေခံပြီး The Haunting (1963) နဲ့ နက်ဖလစ်စီးရီးတစ်ခုလည်းရိုက်ထားပါသေးတယ်။ အဲဒီ နက်ဖလစ်စီးရီးကတော့ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ Dr. Marrow ဟာ အကြောက်တရားနဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့ ညအိပ်မပျော်ရောဂါရှိတဲ့သူတွေကို Hill အိမ်ကြီးဆီ ခေါ်ခဲ့ပါတယ်။ အိမ်ကြီးကိုဆောက်ခဲ့တဲ့သူအကြောင်း ဘာကြောင့်ဆောက်ခဲ့သလဲဆိုတာကိုသိကြရပြီး ဘယ်သူမှမဝင်ရဲတဲ့ အိမ်ကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ကြုံရပါတော့တယ်။ အိမ်ကြီးမှာဖြစ်ပျက်သမျှကို အစပိုင်းမှာတော့ အိပ်မပျော်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတယ် ထင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့အခါမှာတော့ သူတို့တစ်ဖွဲ့လုံးပိတ်မိပြီး မကောင်းဆိုးဝါးကြီးကိုရင်ဆိုင်ရပါလေတယ်။ ဇာတ်လမ်းကတော့ ပြောရလောက်အောင် ထူးခြားဆန်းကြယ်နေတာမျိုးမရှိပေမယ့် သရုပ်ဆောင်တွေက တကယ့်ဟဲဗီးဇာတ်ဆောင်ကြီးတွေပဲသုံးထားပါတယ်။ ဘာလို့ ဒီလောက် Rating နည်းရတာလဲဆိုရင်တော့ ကျွန်တော့်အနေနဲ့ CGI ကြောင့်လို့ပဲ အပြစ်ပုံချချင်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံး ဝတ္ထုကို သွေဖယ်တာမျိုးနည်းနည်းပဲရှိပေမဲ့ သရဲခြောက်တဲ့အပိုင်းတွေမှာ သရဲတွေ ကာတွန်းရုပ်ပေါက်နေတာက သိပ်ယုတ္တိရှိတယ်မခံစားရပါဘူး။ ၂၀၀၀ခုနှစ် မတိုင်ခင် CGI ဆိုတော့လည်း ဒီလောက်ပဲရမှာပေါ့ဗျာ။ သရုပ်ဆောင်တွေကိုလည်း အပြည့်အဝသရုပ်ဆောင်ခွင့်ပေးထားတယ်လို့ မခံစားရပေမဲ့ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းသလိုရှိပါတယ်။ ဒီရုပ်ရှင်မှာ ကြည့်ပျော်တဲ့အပိုင်း‌ဆိုရင်တော့ အိမ်ကြီးရယ် ဒါရိုက်တာရဲ့ရိုက်ချက်တွေရယ်ပါ။ သရဲကားတွေကိုကြည့်မယ်ဆိုရင် အတော်များများက ကြည့်တဲ့သူတွေခြောက်ခြားရအောင် ကိုယ်တိုင်ရောက်နေသလိုခံစားရအောင် သာမန်ထက်ပိုပြီး ရိုက်ကွက်ကို အသားပေးကြပါတယ်။ ဒီရုပ်ရှင်က The Conjuring လိုကားမျိုးတွေ ကြည့်နေကျလူတွေအတွက် ကြောက်ဖို့ကောင်းမှာမဟုတ်ပေမဲ့ နောက်ခံတီးလုံး၊ အလင်းအမှောင်နဲ့ ရိုက်ကွက်တွေက သရဲကားသာမန်ကြည့်‌တဲ့သူတွေအတွက် ကြည့်ပျော်တယ်လို့ပြောနိုင်ပါတယ်။ Liam Neeson, Catherine Zeta-Jones နဲ့ Owen Wilson တို့ရဲ့ ရှားရှားပါးပါး Horror ကားဖြစ်ပေမဲ့ ထင်သလောက်မအောင်မြင်ခဲ့တာကတော့ အတော်နှမျောစရာပါ။ ကိုယ်ကြိုက်တဲ့မင်းသား မင်းသမီးကြီးတွေရဲ့ ငယ်ရုပ်ကိုပြန်မြင်ခွင့်ရချင်တယ်၊ သိပ်ကြောက်ရတာမျိုးလည်းမလိုချင်ဘူးဆိုရင်တော့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 820MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 53Min Genre - Fantasy, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
5.4 1999 113 mins
The Haunting
Ice Rain
5.5

Ice Rain (2004) ဒီဇာတ်လမ်းလေးကတော့ ၂၀၀၄ ခုနှစ်မှာ ဇာတ်အိမ်တည်ခဲ့တဲ့ ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ တောင်တက်သမားနှစ်ယောက်ဟာ အာလန်စခါမှာ ရှိတဲ့ အာရှခုလို့အမည်ရတဲ့ ရေခဲတောင်ပေါ်မှာ သောင်တင်နေရင်းနဲ့ သူတို့ဘဝကို ပြောင်းလဲစေခဲ့တဲ့ မိန်းကလေးအကြောင်းကို တစ်ယောက်နဲ့တစ်ယောက် ပြောပြကြပါတယ် သူတို့မသိခဲ့တာကတော့ တကယ်တမ်း သူတို့နှစ်ယောက်ဟာ ဘယ်လိုမျိုးဆက်နွယ်မှုရှိနေတာလဲဆိုတာပါပဲ အဲဒါကတော့ ဇာတ်လမ်းရဲ့အဓိကအချက်ဖြစ်တဲ့အတွက် ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ အားလုံးရဲ့အချစ်တော် “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ထဲက မင်းသားဂျွန်စောလို့ အသိများကြတဲ့ (Song Seung Heon) နဲ့ မြန်မာနိုင်ငံမှာ ကျီးကျင့် လို့ နာမည်ရခဲ့တဲ့ မင်းသမီးကြီး Kim Ha Neul လည်း ပါဝင်သရုပ်ဆောင်ထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုအားပေးပါဦးနော် ဇာတ်ကားကောင်းလေးကို တင်ပေးချင်တာမို့ လတ်တလော ရတဲ့ ကွာလတီနဲ့ပဲ တင်ပေးထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hsu ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Drama, Romance Quality…. 480p File size… 423MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hsu Encoder ….. Aaron

Comedy • Drama • Thriller
5.5 2004
Ice Rain
Notorious

နာမည်ကြီး Rapper Biggieရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ဆန်ဆန် ပြန်ရိုက်ထားတဲ့ကားပါ။ Biggieရဲ့ Brooklyn မှာ တုန်းက ငယ်ဘဝက စလို့ သူ့အသက်သေဆုံးသွားတဲ့အထိ ဖြစ်သမျှကို ရိုက်ထားပါတယ်။ ငယ်ငယ်က အမေ့သားလေး Biggie အိမ်တွင်းပုန်း လူလိမ္မာလေးကနေ လမ်းပေါ်က ညီအစ်ကိုတွေကို အားကျပြီး ဆေးအရောင်းအဝယ်အလုပ်ကို ကလေးဘဝထဲက စလုပ်ခဲ့ပါတယ်။ ငယ်စဥ်ထဲက ပါရမီပါလာတဲ့ ကာရန်နဘေတွေကို လက်တမ်းရွတ်တတ်တဲ့ Biggie ခေါ် Christopher Wallaceက ကျောင်းစာမှာတော့ တစ်စက်လေးမှ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် စာညံ့လို့မဟုတ်ဘဲ ဘဝကို သာမန်အလုပ်အကိုင်တွေနဲ့ သာမန် မဖြတ်သန်းချင်ခဲ့သူပါ။ ကျောင်းက ဆရာက သူ့ကို အမှိုက်ကောက်သမားပဲ ဖြစ်မယ်လို့ ဟောတမ်းထုတ်တာကို အမှိုက်ကောက်သမားရဲ့ ဝင်ငွေက ကျောင်းဆရာရဲ့ ဝင်ငွေထက် ပိုများနေကြောင်း ပြန်ပြောပြလို့ အတန်းထဲက နှင်ထုတ်ခံခဲ့ရဖူးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဂီတလောကထဲဝင်တဲ့အချိန်မှာ နာမည်ကြီး Rapper Lil’ Kimနဲ့ အချစ်နဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံတွေ မိန်းမဖြစ်သူ Faith Evans နဲ့ တွေ့ခဲ့ရပုံတွေ သူငယ်ချင်းအဖြစ်ကနေ ရန်သူတွေ ဖြစ်သွားတဲ့ Tupac နဲ့ ဇာတ်လမ်းတွေကိုပါ အပြည့်အဝ ကြည့်ရမယ့်အပြင် တစ်ကားလုံး hip-hop သီချင်းတွေ ဝေဝေဆာဆာကြားရမှာမို့လို့ တစက်မှ မပျင်းဘဲ ကြည့်ရမှာဖြစ်ပါတယ်။ File size…(2.9 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre…Music, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2009
Notorious
The Knight & The Princess
7.1

The Knight & The Princess (2019) ********************************* ဒီတစ်ခါတော့ Animationကားကောင်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ၇ ရာစုပိုင်းလောက်မှာ အာရပ်တွေနေထိုင်တဲ့ အာရေးဗီးယန်းကျွန်းဆွယ်နဲ့… အန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့ ဆိပ်ကမ်းရှိတဲ့တိုင်းပြည်တွေဟာ… ရောင်းဝယ်ဖောက်ကားမှုတွေ ကုန်သွယ်မှုတွေလုပ်ခဲ့ကြပါတယ်…. ပလိပ်ရောဂါစတင်ဖြစ်ပွားတဲ့အချိန်မှာ အာရပ်ကုန်သည်တွေဟာလည်း… ပလိပ်ရောဂါခံစားခဲ့ရပြီးတော့ သူတို့တိုင်းပြည်အတွင်း ရောဂါမကူးစက်နိုင်ဖို့ ပင်လယ်ပြင်မှာပဲအသေခံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်…. သူတို့သေသွားပြီးတဲ့နောက် ကျန်ရှိခဲ့တဲ့ သူတို့ရဲ့ဇနီးတွေနဲ့သားသမီးတွေကို.. သင်္ဘောတစ်စီးနဲ့ ရတနာပစ္စည်းတွေကိုတင်ပြီးတော့ သူတို့နေရပ်… အာရပ်တိုင်းပြည်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဘုရင်ဒယ်ဟာအမိန့်ပေးခိုင်းစေတဲ့ မဒ်ပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်ပြန်ပေးဆွဲခံခဲ့ရပြီး.. စစ်ပွဲကြီးဖြစ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ စွန်းစားခန်း အမိုက်စား Animation ကိုမှ ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ် File Size :2.15GB / 1.10GB Quality : 1080p / 720p Duration : 01:37:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Heather Oo

Fantasy • Drama • Horror
7.1 2019 95 mins
The Knight & The Princess
The Public
6.6

The Public(2018) IMDb …… 6.6 နိုင်ငံခြားက အိမ်ခြေယာမဲ့တွေကတော့ တချို့တလေက သူတောင်းစားတွေပါ… တချို့တလေကတော့ အလုပ်လုပ်ကြပါတယ်… ဒါပေမဲ့ အိမ်ခြေယာမဲ့ကတော့ အိမ်ခြေယာမဲ့ပါပဲ… သူတို့တွေ ဘယ်အချိန်မှာ ဒုက္ခအရောက်ဆုံးလဲဆိုရင် ရာသီဥတုဖောက်ပြန်တဲ့အချိန်လို့ပဲပြောရမှာပါ. ..နွေရာသီအရမ်းပူတဲ့အချိန်…မိုးရာသီ မိုးအရမ်းကြီးတဲ့အချိန်…ဆောင်းရာသီ အရမ်းအေးတဲ့အချိန်မျိုးပေါ့… ဒီဇာတ်ကားထဲမှာတော့ Ohio ပြည်နယ် Cincinnati မြို့ကို အအေးလှိုင်းဖြတ်တဲ့အခါမှာ အိမ်ယာမဲ့တွေ ဒုက္ခရောက်တဲ့အကြောင်း ရိုက်ကူးထားတာပါ… အအေးဒဏ်ကြောင့် မြို့တွင်း အိမ်ယာမဲ့ဂေဟာတွေမှာ လူတွေပြည့်လျှံလာခဲ့ပါတယ် ဒီလိုနဲ့ အခြေအနေပိုမိုဆိုးရွားလာပြီး အသေအပျောက်တွေရှိလာတဲ့အခါမှာတော့ အိမ်ယာမဲ့တွေဟာ တစ်ညတာခိုနားနိုင်မယ့် နေရပ်အဖြစ် မြို့လယ်ခေါင်က အများပိုင် စာကြည့်တိုက်ကြီးကို ရွေးချယ်လိုက်ပါတော့တယ်… ဒါပေမဲ့လည်း အာဏာပိုင်တွေက ဒီကိစ္စကို ခွင့်မပြုဘဲ တားဆီးလာချိန်မှာတော့ အစိုးရအဖွဲ့များနဲ့ အိမ်ခြေယာမဲ့တို့အကြား ပဋိပက္ခ ပြဿနာတွေဖြစ်ပွားလာခဲ့ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်….. File Size : 1.97GB / 800MB Quality : Blu-Ray 1080p / Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

6.6 2018 122 mins
The Public
Hayseed

Michiganမြို့ဘက်မှာ အခြေတည်ပြီးရိုက်ကူးထားပြီး မှုခင်းအမျိုးအစား နဲ့ Dark Comedyတို့ကိုအချိုးကျစွာ ဆတူပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပြီးတော့ Michiganအနောက်အလယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ စစ်မှန်တဲ့ ခံစားချက်တွေ လှပတဲ့ရိုက်ချက်တွေကိုတစ်ဝကြီး ရှုမြင်ခံစားနိုင်မယ့်ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အမေးရက်စ်ဟိုလီဆိုတဲ့ ဘုရားကျောင်းတစ်ကျောင်းကလူသေမှုကိုအခြေခံပြီးတော့ သေသွားတဲ့သူက မတော်တဆ သူ့ဘာသူ အချိန်တန်လို့ အနိစ္စရောက်သွားတာလား ဒါမှမဟုတ် လူတစ်ဦးတစ်ယောက် ( သို့ ) အုပ်စုဖွဲ့လုပ်ကြံလို့များ သေသွားတာလား စတဲ့ သံသယဝင်မှုများစွာတွေ လူသတ်သမားကဘယ်သူလဲ ဒါမှမဟုတ် လူသတ်သမားဆိုတာက မရှိဘူးလား စသဖြင့် တခြား မှုခင်းရုပ်ရှင်များနဲ့မတူ ပေါ့ပေါ့ပါးပါးနှင့် မထင်ထားလောက်တဲ့ plot twist များစွာ အတင်းလုပ်ယူမထားတဲ့ ဟာသများစွာနဲ့ ခန့်မှန်း မှန်းဆကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size…(1.3 GB) Quality….Webrip HEVC 1080p Format…mp4/ mkv Duration….01:48:00 Genre…Crime, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Yamone

Crime • Thriller
0 2024
Hayseed
Three Fugitives
6.2

Three Fugitives (1989) IMDb Rating (6.2) / Rotten Tomatoes (14%) ဘဏ်ဓါးပြတိုက်မှု ၁၄ ခု လုပ်ခဲ့တဲ့ ဓါးပြတိုက်ကျွမ်းကျင်သူ လူးကတ်တစ်ယောက် ထောင်ထဲမှာ ၅ နှစ်နေပြီး လွတ်လာတဲ့ အခါ ဘဝကို အသစ်ပြန်စဖို့ခွန်အားတွေ အပြည့် ဖြစ်နေခဲ့ပါတယ် ….. စိတ်သစ်လူသစ် နဲ့ ဘဏ်ကို သွားပြီး အကောင့် အသစ် ဖွင့်တဲ့အခါ ဘဏ်ဓါးပြတိုက်တာနဲ့ လူးကတ် ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့ ……….. အတေွ့အကြုံမရှိတဲ့ ဘဏ် ဓါးပြတိုက်သူ နပ်နဲ့ လူးကတ်နဲ့ ကြုံတွေ့ကြတဲ့အခါ ……….. နပ်ရဲ့ ဓါးပြတိုက်ဖို့ပဲ သိတဲ့ အတွေ့အကြုံမရှိတဲ့ ရိုးသားမှု နားမလည်မှု ဓါးပြတိုက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်း ဒါတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Cara ဖြစ်ပါတယ်။) File size…(2.7 GB) / (1.1 GB) Quality….WEB-Rip 1080p / 720p Format…. mp4 Genre….Comedy,Crime Duration….01:37:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Cara

Thriller • Crime • Drama • TV Movie
6.2 1989 96 mins
Three Fugitives
Manidhargal
9

Manidhargal (2025) “အမိုက်မှောင်တဲ့ည” ================================ ဒီတစ်ခါမှာတော့ လူတွေရဲ့သဘောသဘာ၀ကို မီးမောင်းထိုးပြထားတဲ့ တမီလ်စကားပြောဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ပြဿနာတစ်ခုကြုံလာတဲ့အခါ ကိုယ့်အကျိုးပဲကိုယ်ကြည့်တတ်ကြတဲ့ လူတွေရဲ့တစ်ကိုယ်ကောင်းစိတ်၊ ဒွိဟစိတ်၊ မပြတ်သားတဲ့စိတ်တွေကို အဓိကအသားပေးပြီး ပုံဖော်ရိုက်ကူးထားတာပါ။ သူငယ်ချင်း ၆ ယောက် အရက်အတူသောက်ပြီး လူမှန်းမသိမူးရာက နိုးလာကြတဲ့အခါ လူတစ်ယောက်သေဆုံးနေတာကို တွေ့လိုက်ကြရပါတယ်။ ရုတ်တရက်ထိတ်ပြာပြီး ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြပါတယ်။ ဘယ်သူသတ်မှန်း၊ ဘယ်လိုဖြစ်သွားမှန်း သူတိုလည်းမသိလိုက်ကြပါဘူး။ သူတိုကိုအမှုပတ်မှာစိုးတာနဲ့ အလောင်းကိုအိတ်နဲ့ထုတ်ပြီး ကားနောက်ဖုံးထဲထည့်လာခဲ့ကြပါတယ်။ ကားသာမောင်းထွက်လာပေမဲ့ ဘာလုပ်ရမှန်းမသိကြပါဘူး။ ဒီလို‌နဲ့ ငြင်းခုံရန်ဖြစ်ပြီး ရှေ့ဆက်လာကြတဲ့ လူ ၅ ယောက်နဲ့ ကားနောက်ဖုံးထဲကအလောင်းတစ်လောင်း…၊ လမ်းမှာ ဘာတွေဘယ်လိုဖြစ်ကြမလဲ ဘယ်သူတရားခံဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Drama
9 2025 136 mins
Manidhargal