YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Malang.2020.1080p.NF.WEB-DL.5.1.CH.mp4

2 GB 1080p video/mp4 2534 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Legacy Peak
4.8

တောတွင်းစွန့်စားခန်းဖွင့်တဲ့ဇာတ်ကားမျိုးကိုမှ exaggerated ဖြစ်နေတဲ့ scene တွေမပါဘဲ ကိုယ်ကိုယ်တိုင်တောတွင်းရောက်သွားတဲ့အခါ တကယ်တမ်းကြုံတွေ့လာရနိုင်တာတွေကိုပဲ ရိုက်ပြထားတဲ့ သဘာဝအဆန်ဆုံး adventure movie မျိုးကို သဘောကျတယ်ဆိုရင် Legacy Peak ဆိုတဲ့ ဒီဇာတ်ကားလေးကိုကြည့်ဖို့ ကျွန်တော်ညွှန်းချင်ပါတယ်ဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဆန်ဆိုတဲ့ သက်လတ်ပိုင်းဘဲတစ်ပွေက သူလက်ထပ်လုဆဲဆဲအမျိုးသမီးရဲ့ သားနဲ့သမီးဆီမှာ မျက်နှာကောင်းရဖို့အတွက် သူ့အမျိုးသမီးရဲ့မိသားစု ခရစ်စမတ်ကိုအတူတူနွှဲကြမဲ့အပန်းဖြေအိမ်လေးဆီ ကလေးနှစ်ယောက်ကိုခေါ်ပြီး ဘိုးရင်းဂျက်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း စီစဉ်တဲ့အတိုင်းဖြစ်မလာခဲ့ဘဲ လေယာဉ်ပျက်ပြီး လီဂေဆီတောင်ထိပ်နားကတောနက်ကြီးထဲကို သုံးယောက်သားရောက်ရှိသွားပါတော့တယ်။ လူတွေဟာ အခက်အခဲတွေကြုံလာရချိန် ကိုယ်နဲ့အတူရင်ဆိုင်မဲ့ရဲဘော်ရဲဘက်တွေနဲ့ ရင်ဘတ်ချင်းနီးတတ်ကြသလိုပဲ ဒီသုံးယောက်သားဟာလည်း အခက်အခဲတွေကြားမှာမှ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာ၊ တစ်ယောက်စိတ်ရင်းအမှန်ကိုတစ်ယောက် မြင်ခွင့်ရလာပါတော့တယ်။ ဒီဇာတ်လမ်းမှာက အဓိကအနေနဲ့ တောတွင်းစွန့်စားခန်းတွေထက် သူတို့သုံးဦးသားကြားက မေတ္တာတွေ၊ အခက်အခဲတွေကို အတူရင်ဆိုင်ကြပုံတွေကို ရိုက်ပြထားတာမို့ ကြည့်ပြီးတဲ့အချိန်မှာလည်း တစ်ခုခုတော့ကျန်ခဲ့မှာ အသေအချာပါပဲဗျာ။ File size…(1.6 GB)/(966 MB)/(466 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Action • Comedy • Crime
4.8 2022 94 mins
Legacy Peak
SUGA: Road to D-DAY
10

BTS အဖွဲ့ဝင် SUGA ရဲ့ Documentary Film ဖြစ်တဲ့ SUGA Road To D-Day ထွက်ရှိလို့ လာပါပြီ။ Music Genius လို့ ခေါ်ဝေါ်ခံရတဲ့လူပီပီ SUGA ရဲ့ "D-DAY" အယ်လ်ဘမ်ဖန်တီးမှု ခရီးစဉ်က သူများနဲ့မတူဘဲ ကွဲပြားလို့နေပြန်ပါတယ်။ BTS SUGA အနေနဲ့ မဟုတ်ဘဲ "AGUST D" လို့ ခေါ်တဲ့ အမည်ခွဲအောက်က ဂီတလမ်းကြောင်းပေါ်မှာ ရှင်သန်ဖို့ ကြိုးစားနေတဲ့ SUGA ရဲ့ အခြားတစ်ဖက်ခြမ်းကို တွေ့ရမှာပါပဲ။ ဂီတပေါ်ထားတဲ့ သူ့အမြင်၊ စိတ်ထားနဲ့ ဒိခရီးစဉ်တစ်လျှောက် ရုန်းကန်မှုတွေကို ရှုစားရပါဦးမယ်။ "D-DAY" ဖန်တီးမှုခရီးစဉ်တစ်လျှောက်မှာ နယ်ပယ်အစုံက ဂီတပညာရှင်တွေနဲ့ တွေ့ဆုံရင်း စကားလက်ဆုံဖလှယ်မှုတွေလည်း ပါဝင်တာမို့ အတွေးပွားစရာ တစ်ခုမကတဲ့ အတွေးတွေ ရရှိနိုင်မှာလည်း အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။ Genre..... Biography, Documentary, Music Quality…. 1080p | 720p | 480p File size… 1.2GB | 580MB | 290MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron

Adventure • Comedy • Fantasy
10 2023 81 mins
SUGA: Road to D-DAY
Two Sinners and a Mule
6.4

Western ကား အသစ်ကို ငတ်မွတ်နေတဲ့လူတွေအတွက် Western အက်ရှင် ဟာသ ဒရာမာကားလေးပါ။ အသစ်ကြပ်ချွတ်ကြည့်ရမယ့် ကားပေါ့။ ကြမ်းတမ်း‌သွေ့ခြောက်လှတဲ့ Western အငွေ့အသက်ကိုမှ ပြည့်တန်ဆာတွေရဲ့ ဘဝနဲ့အဖြစ်အပျက်တွေရောပြီး ဟာသတွေနှောပေးထားတယ်။ ဇာတ်ကတော့ ဒီလိုဗျာ။ မြို့တစ်မြို့မှာ မိန်းမရွှင်နှစ်ယောက်ရှိတယ်။ နှစ်ကောင်သားက တစ်မြို့လုံးက ယောက်ျားတွေရဲ့ အကြိုက်ဖြစ်နေတော့ မိန်းမတွေက ဆန္ဒပြပြီး နှင်ထုတ်ခိုင်းရော။ ဒါကိုမှ မြို့ဝန်ရဲ့ခုံအောက်ကထွက်လာပြီး ပြဿနာထပ်ရှာလိုက်တော့ သူတို့နှစ်ယောက် နှင်ထုတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ နောက်တစ်မြို့ကူးဖို့ အသွား ကန္တာပြင်ကို ဖြတ်သန်းဖို့အကြောင်းဖန်လာတယ်။ အဲဒီကန္တာရထဲမှာ နာမည်ကြီးလူဆိုးဂိုဏ်းတစ်ခုရှိတယ်။ ဆုကြေးဒေါ်လာ၂ထောင်အထိထုတ်ထားရတဲ့ နာမည်ကြီးလူဆိုးတစ်ကောင် ကျက်စားတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဖြတ်လာရင်း လမ်းခုလတ်မှာ သေနတ်ကျည်ဗရပွမှန်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲဒီလူကိုကယ်ရင်းမှ အဲဒီလူက ခုနနာမည်ကြီးလူဆိုးကို လိုက်နေတဲ့ ဆုကြေးစားမုဆိုးမှန်းသိလိုက်ရတယ်။ ဒီတော့ မိန်းမရွှင်ဘဝက လွတ်ချင်တဲ့ မိန်းမရွှင်၂ယောက်ရယ် ဆုကြေးစားမုဆိုးတစ်ကောင်ရယ်ပေါင်းပြီး ရာဇဝင်လူဆိုးကြီးကို အရဖမ်းဖို့ ကြံကြတယ်။ သူတို့ရဲ့စွန့်စားခန်းကို အက်ရှင် ဟာသ ငိုချင်း ရသစုံရောပြွမ်းပြီး ကြည့်ကြရမှာပါ။ အတော်အတန်ကြည့်ကောင်းတဲ့ကားမို့ Western ကား ငတ်နေတဲ့လူတွေအတွက် အာသာပြေစေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Romance
6.4 2023 97 mins
Two Sinners and a Mule
Da 5 Bloods
6.5

ဒီဇာတ်ကားဟာ  ၁၉၅၀ခုနှစ်များအလွန်က ဖြစ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ်စစ်ပွဲပေါ်မှာအခြေခံပြီး ရိုက်ကူးထားပါတယ်.. Bloodsအဖွဲ့လို့ သူတို့ကိုယ်သူတို့ခေါ်ကြတဲ့ အမေရိကန်ကလူမည်းဗီယက်နမ်စစ်ပြန်ကြီးလေးယောက်ဟာ စစ်အတွင်းကကျဆုံးသွားတဲ့ အဖွဲ့ခေါင်းဆောင်လဲဖြစ် သွေးသောက်ညီအစ်ကိုလဲဖြစ်သူ ‌နော်မန်ဆိုတဲ့ လူမည်းစစ်သားရဲ့ကြွင်းကျန်တဲ့ရုပ်အလောင်းကိုရှာဖို့ ဗီယက်နမ်နိုင်ငံကိုခရီးထွက်ခဲ့တယ်... သူတို့ဟာ ဗီယက်နမ်ကို သွားခဲ့တဲ့ အခြားရည်ရွယ်ချက်လည်းရှိသေးတယ်.. အဲ့ဒါက စစ်အတွင်းမှာပဲသူတို့ရှာတွေ့ပြီး ဝှက်ထားတဲ့ရွှေတွေကို ပြန်လည်သယ်ဆောင်ဖို့ ဖြစ်တယ်... သူတို့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ် File Size : (1.2 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:34:00 Genre :  Adventure, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae

Drama • Horror • Mystery
6.5 2020 156 mins
Da 5 Bloods
Bisyo!
6

Bisyo! (2023) ဒီတစ်ခေါက် ကားသစ်လေးကိုတော့ မျက်နှာသစ်သရုပ်ဆောင်လေးတွေ ပွဲထုတ်ပေးထားပြီး တစ်ကားလုံးကို မြူးမြူးသွက်သွက်နဲ့ပေါ့ပေါ့ပါးပါး တင်ဆက်ထားပါတယ်။ ဂျိမ်းစ်က ဒုမြို့တော်ဝန်အောက်မှာအလုပ်လုပ်နေတဲ့သူပေမဲ့ သူ့ဝါသနာက Sneaker ဖိနပ်တွေစုဆောင်းခြင်းဖြစ်ပြီး ရည်မှန်းချက်က Sneaker စတိုးတစ်ခုဖွင့်ဖို့ပါ။ ဒုမြို့တော်ဝန် ဗိုက်စ်ရော့ဒ်ကတော့ ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေပြီး မဲဆွယ်ပွဲတွေမှာ ညွန့်နေအောင် ပြည်သူကိုရိုကျိုးပြတတ်ပေမဲ့ တကယ်တမ်းနောက်ကွယ်မှာ မကောင်းမှုပေါင်းစုံနဲ့ ချမ်းသာနေတဲ့သူပါ။ သူ့သားငယ်ဇက်ခ်နဲ့ ဂျိမ်းစ်တို့ဟာ သူငယ်ချင်းဖြစ်သလို သူတို့ချစ်သူတွေဖြစ်တဲ့ လီဆာနဲ့ ခရစ်စတင်းတို့ကလည်း ဘော်ဒါရင်းတွေပါပဲ။ ဗိုက်စ်ရော့ဒ်နဲ့ အနီးကပ်လေလေ သူ့လုပ်ရပ်တွေကိုမြင်ရလေဖြစ်တဲ့ ဂျိမ်းစ်တစ်ယောက်ဒီဘဝကို စက်ဆုပ်လာပြီး ဗိုက်စ်ရော့ဒ်လက်အောက်က ရုန်းထွက်ဖို့ကြံစည်ပါတော့တယ်။ သူ့အစီအစဉ်တွေအောင်မြင်နိုင်ပါ့မလား... ဇက်ခ်တစ်ယောက်ကရော ဒီကိစ္စမှာ ငြိမ်ခံနေပါ့မလား... သူတို့ကောင်မလေးတွေကရော ဒီဇာတ်လမ်းမှာ ဘယ်လိုနေရာက ပါဝင်ပတ်သက်လာမလဲ... ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 705MB Quality - 1080p, 720p Format - mp4 Duration - 1H 29Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Crime • Drama • Mystery
6 2023 88 mins
Bisyo!
Under the Fig Trees
6.5

Under the Fig Trees (2021) ==================== IMDb Rating – 6.5/10 တူနီးရှားကျေးလက်ဒေသက သဖန်းသီးခြံထဲကို တစ်ရက် လောက် အလည်သွားကြရအောင်… ဒီဇာတ်လမ်းလေးမှာ ကျောင်းပိတ်ရက် သစ်သီးခြံထဲမှာ သစ်သီးခူးရင်းအလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ် နေ့တာကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မနက်အရုဏ်တက် သူတို့ကို လာ ကြိုမဲ့ကုန်တင်ကားကို စောင့်ရင်း စကားမမြည်ပြောနေကြ တာနဲ့ အစပြုထားပါတယ်။ ခဏနေတော့ သစ်သီးခြံက သူဌေးရဲ့ ကားရောက်လာပြီး အသီးသီး ကားပေါ်တက်ကြ ပါတယ်။ ဒီထဲမှာ ဖီဒဲဆိုတဲ့ ခပ်သွက်သွက်ပုံစံနဲ့ ကောင်မ‌လေး က သူများတွေလို နောက်မှာမထိုင်ဘဲ ရှေ့ခန်းက သူဌေးဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း အနောက်ခန်းကလူတွေ အတွက် အတင်းပြောဖို့ အကြောင်းရသွားတောပေါ့။ ခြံထဲကို ရောက်တော့ သစ်သီးခြင်းတွေ ရေပုံးတွေ တစ်ပင်နဲ့ တစ်ပင်ကူးပြီး သစ်သီးခူးကြပါတော့တယ်။ သူတို့တစ်နေ့တာမှာ အတူအလုပ်လုပ်တဲ့ ကောင်လေးတွေနဲ့ မထိတထိ စကြပြောကြ တာတွေရှိမယ်။ သူတို့အချင်းချင်း အချစ်အကြောင်း အိမ်ထောင် ရေးအကြောင်းတွေ ပြောကြမယ်။ စားကြသောက်ကြရင်း ရယ် စရာလေးတွေ ပြောကြမယ်။ အချင်းချင်း သူ့ရည်းစားကိုယ့်ရည်း စားစွပ်စွဲကြရင် ရန်သတ်ကြတာတွေလည်း ရှိမယ်။ အလုပ်ရှင်ရဲ့ အနိုင်ကျင့်တာ ခေါင်းပုံဖြတ်တာတွေလည်း မြင်ရမှာပါ။ တစ်နေ့ တာရဲ့ အနိမ့်အမြင့် အတက်အကျတွေကြား ဇာတ်လမ်းအဆုံးမှာ တော့ ပျော်ပျော်ပါးပါးပဲ သီချင်းတွေဆိုပြီး အိမ်ပြန်သွားကြပါတယ်။ “Under the Fig Trees” ဆိုတဲ့ နာမည်အတိုင်းပဲ သဖန်းပင်တွေ အောက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကို တွေ့မြင်ရမှာပါ။ သူတို့အချင်းချင်း ပြောဆိုဆက်ဆံကြတာတွေ၊ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့ သူတို့ရဲ့ အမြင်တွေ၊ လူငယ်ပီပီ စိတ်ကစားကြတာတွေ၊ သမီး ရည်းစားဆက်ဆံရေးတွေကို တွေ့ရမှာပါ။ တူနီးရှားကျေးလက်ဒေသ သဖန်းပင်တွေအောက်က လူငယ်လေးတွေရဲ့ တစ်နေ့တာကို ခံစား ကြည့်လိုက်ပါဦးနော်… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.5 GB) / (700 MB) / (395 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Phu Myat Thwe Encoder……….SWM

Drama • Crime • Horror
6.5 2021
Under the Fig Trees
Next Goal Wins
6.6

Next Goal Wins (2023) ~ IMDb – 6.6/10, RT – 44%, Meta – 44% ~ ကမ္ဘာ့အညံ့ဆုံးဘောလုံးအသင်းတစ်သင်းရှိတယ်။ အဲဒီအသင်းနာမည်က “American Samoa” တဲ့။ အဲဒီအသင်းက ၂၀၀၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်တုန်းက ဩစတေးလျနဲ့ကန်တာမှာ ၃၁ဂိုး ဂိုးမရှိနဲ့ ရှုံးသွားဖူးတယ်။ အဲဒီရှုံးပွဲက ကမ္ဘာ့ဖလားသမိုင်းရဲ့ အဆိုးရွားဆုံးရှုံးပွဲလို့ သမိုင်းတွင်ထားတယ်။ တော်တော်တော့လည်းစားတယ်။ သူတို့အသင်းက ဂိုးတစ်ခါမှ မသွင်းဖူးသေးဘူး။ အဲဒီအမေရိကန်ဆာမိုအာက ဘောလုံးဖက်ဒရေးရှင်းဥက္ကဌရဲ့ ဆန္ဒကတော့ ဂိုးတစ်ဂိုးလောက်သွင်းနိုင်ရင်သေပျော်ပြီဆိုတဲ့ ဆန္ဒပဲ။ စစချင်းဆို တခြားဖက်ဒရေးရှင်းဥက္ကဌတွေနဲ့ သူတို့အသင်းက ဂိုးတစ်ဂိုးမသွင်းနိုင်ရင် မျက်နှာမှာ နို့ပုံဆွဲဆိုပြီး လောင်းလာတာ ခဏနေတော့ မျက်နှာတစ်ခုလုံး မာကာမင်အသေနဲ့ ဆွဲထားတဲ့ နို့ပုံတွေပြည့်သွာရတဲ့အထိပဲ။ ဒီတော့ သူလည်း အကြံထုတ်တယ်။ သူတို့အသင်း တစ်ဂိုးလောက်သွင်းဖူးအောင် ဘယ်လိုလုပ်ရမလဲပေါ့။ ဒီလိုနဲ့ နည်းပြအသစ်ငှားဖို့ အိုင်ဒီယာရသွားတယ်။ လက်ရှိနည်းပြကို ဖြုတ်လိုက်တယ်။ ကျွန်းပေါ်ကနေ နည်းပြအသစ်ရှာဖို့လုပ်တယ်။ သူ့ထက်နည်းနည်းတော်တဲ့ သူ့မိန်းမကတော့ ကျွန်းပေါ်ကလူခန့်လို့ကတော့ ဒီပုတ်ထဲကဒီပဲလာမှာ ကောင်းကောင်းသိတော့ လူဖြူနည်းပြငှားခိုင်းတယ်။ နိုင်ငံတော်သစ္စာဖောက်ရာကျမယ်ဆိုပြီး သူ့လင်က မငှားချင်ပေမဲ့ မိန်းမရဲ့တစ်ချက်လွှတ်အမိန့်အတိုင်း ငှားလိုက်ရတယ်။ စားတာက သူ့သားက အဲဒီအသင်းက ဘောသမားဖြစ်သလို သူအလုပ်ထုတ်လိုက်တဲ့နည်းပြကလည်း သူ့အိမ်မှာတင်နေတာ။ ဒါကို Taika Waititi ကြီး စမိတ်ဆက်သွားတဲ့ပုံကလည်း မိုက်တော့မိုက်တယ်။ မထင်ထားကာမှ ကောက်ကောက်လုပ်ပြသွားတာ။ ဒီကားထဲ အဲဒီလိုအကွက်တွေ သူသုံးသွားတာမနည်းဘူး။ အဲဒီလိုအကွက်တွေက ရယ်ရတဲ့အခန်းမှာ ပိုရယ်ရသွားစေသလို ငိုရမယ့်အခန်းမှာလည်း ပိုငိုရအောင်အသက်သွင်းနိုင်ခဲ့တယ်။ Taika ရဲ့စကေးတစ်ပေါက် သျှမ်းသျှမ်းတောက်အောင် ပြသွားတယ်ပြောရမှာပဲ။ ဒီလိုနဲ့ သူတို့ဆီ Michael Fassbender ရဲ့ ဇာတ်ကောင် ဘောလုံးနည်းပြရောက်လာတယ်။ သူကလည်း အကောင်းတော့ရောက်လာတာမဟုတ်ဘူး။ ပြဿနာရှာလွန်းလို့ ဘယ်သူမှ မသွားချင်တဲ့နေရာကို ထိုးပို့ခံလိုက်ရတာ။ ဒီလိုနဲ့ အမေရိကန်ဆာမိုအာဆိုတဲ့အသင်းတစ်သင်းရဲ့ ဂိုးတစ်ဂိုးသွင်းဖူးချင်တဲ့ဆန္ဒလေးကို ဒီနည်းပြနဲ့ ဒီအသင်းသားတွေ အသက်သွင်းကြတာကို ကြည့်ရမှာပေါ့။ Next Goal Wins (2023) ဟာ သူရထားတဲ့ Rating တွေနဲ့ယှဉ်ရင် အများကြီးပိုကောင်းနေတာ ထူးထူးခြားခြားဖြစ်နေတယ်။ ရှေ့ကထွက်ထားတဲ့ ဒီဖြစ်ရပ်မှန်ရဲ့ ဒိုကူမန်ထရီကြောင့်လားတော့မသိဘူး။ ဒါပေမဲ့ အာမခံလို့ရတာက ဖျော်ဖြေရေးအရရော၊ ရတဲ့ဖီလင်အရရော၊ ဟာသကားတစ်ကားအနေနဲ့ရော ဒီနှစ်ထွက်ထားတဲ့ မိန်းစထွင်းမ်က ကားကောင်းတွေထက်မနိမ့်ဘူး။ ဘောလုံးကားတွေကြိုက်တဲ့လူတွေဆို ရွှေပဲ။ တချို့အခန်းတွေဆို စတီဖင်ချောင်ရဲ့ ရှောင်လင်ဘောလုံးလို ပုံစံမျိုးတွေ့ရသလို Ted Lasso စီးရီးရဲ့ ပုံစံမျိုးလည်းတွေ့နေရတယ်။ ဆိုတော့ Taika က ဘောလုံးဟာသကားကောင်းတွေက အကွက်တွေကို ရောသမမွှေချလိုက်တာလည်းဖြစ်နိုင်တယ်။ သူကိုယ်တိုင် ဝင်သရုပ်ဆောင်ထားတဲ့ Narrator ဇာတ်ကောင်ကလည်း ထထဖောက်သေးတယ်။ ရယ်ချင်တယ်ဆိုရင်တော့ ပါးစပ်မစေ့အောင်ရယ်နေရမယ့် ကားမျိုးဖြစ်သလို ငိုချင်တယ်ဆိုရင်လည်း ကြည်နူးမျက်ရည်တွေ လှိမ့်ဆင်းလာမယ့်ကားမျိုးပါပဲ။ MCU ရဲ့ ပြင်ပမှာတော့ Taika ဟာ ကျွန်တော်တို့ကို စိတ်မပျက်စေခဲ့ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 6.8GB, 2.35GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 44Min Genre – Comedy, Drama, Sport Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2023 104 mins
Next Goal Wins
Lineman
7

Lineman 2024 (လျှပ်စစ်မီးသမားလေး နာတာရာ့ဂျ်) ယခုတစ်ခေါက်မှာတော့ မီးခဏခဏလာတတ်တဲ့ တို့တွေလိုမျိုးပဲ မီးမပေးလို့ ပြဿနာတက်ရတဲ့ ရွာလေးတစ်ရွာရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ရွာလေးရဲ့နာမည်ကတော့ ဆာသီပါလီလို့ခေါ်ပါတယ်။ ယခုခေတ် ရွာတွေဟာလည်း အရင်ကလို အိမ်တိုင်းမှာ နွားလှည်းကိုယ်စီမဟုတ်ဘဲ ဆိုင်ကယ်ကိုယ်စီဖြစ်နေကြပြီး ရေဒီယိုတွေအစား စမတ်ဖုန်းတွေကိုင်ကြတဲ့ခေတ်ကို ရောက်ရှိနေပါပြီ။ တီဗီကိုယ်စီရှိနေကြပြီး အိမ်ထောင်ရှင်မတွေဟာလည်း ဇာတ်လမ်းတွဲတွေစွဲလို့နေကြပါပြီ။ ဒီရွာလေးရဲ့ လျှပ်စစ်မီးပေးရုံးမှာ တာဝန်ထမ်းဆောင်နေရတဲ့ကောင်လေးကတော့ နာတာရာ့ဂျ်လို့ခေါ်ပြီး တစ်ရွာလုံးကတော့ သူ့ကို နာတူလို့ခေါ်ကြပါတယ်။ နာတူဟာ သူ့အဖေရဲ့အစိုးရဝန်ထမ်းနေရာကို ဆက်ခံရင်း လျှပ်စစ်မီးသမားလေးလုပ်နေရင်း အောင်မြင်မှုကြီးကြီးမားမားကို လိုချင်နေသူလေးတစ်ယောက်ပေါ့။ အလုပ်လေးကလည်းရှိ အသက်ကလည်း ရှိသင့်သလောက်ရှိပြီဆိုတော့ အမေဖြစ်သူက နာတူကို အိမ်ထောင်ပြုစေချင်ပေမယ့် နာတူကတော့ အမြဲငြင်းရင်း သူတို့သားအမိဟာလည်း ဒီကိစ္စနဲ့ အမြဲပြဿနာဖြစ်လို့နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရွာရဲ့အသက်အဘွားကြီးရဲ့ အသက်(၁၀၀)မွေးနေ့ကို ကျင်းပဖို့ ညဘက်မှာ မီးပေးဖို့အတွက် နာတူကိုပြောကြတဲ့အခါ နာတူကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုငြင်းဆန်လိုက်တဲ့အခါမှာတော့ မီးသမားလေးနာတူကတစ်ဖက် တစ်ရွာလုံးက တစ်ဖက်နဲ့ ပြဿနာတွေဖြစ်ကြပါတော့တယ်။ ဘာလို့ နာတူက မီးပေးဖို့အတွက် ငြင်းဆန်ရတာလဲ …… အမေဖြစ်သူရဲ့ သူ့သားအတွက် မိန်းမရရေးစီမံကိန်းကရော အောင်မြင်သွားမှာလား …… စတဲ့ အကြောင်းပြချက်တွေနဲ့ မီးသမားလေးရဲ့ဘဝအကြောင်းလေးကို ကြည့်ရှုအားပေးလိုက်ကြပါဦးနော် (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Romance • Drama • Thriller • Crime
7 2024
Lineman
Our Souls at Night
6.9

Addie နဲ့ Louis တို့တွေဟာ နှစ်ပေါင်းများစွာအိမ်နီးချင်းဖြစ် လာပေမယ့် စကားတစ်ခါမှမပြောဖူးကြတဲ့သူတွေပေါ့… တစ်နေ့ Addie က Louis အိမ်ရောက်လာပြီးထူးဆန်းတဲ့ စကားတစ်ခွန်းဆိုပါတယ်..”တခါတလေ ကျွန်မအိမ်လာပြီး ကျွန်မနဲ့အတူအိပ်ချင်လား”တဲ့ ဖတ်လိုက်ရင်တော့ မဟုတ်တာတွေတွေးလိုက်မိလောက်ပေမယ့် တကယ်တော့ Louis ရော Addie ရောဟာ အိမ်ထဲမှာ တစ်ယောက်တည်းအထီးကျန်နေကြရတဲ့ အဖိုးကြီးနဲ့အဖွားကြီးပါ.. ဒီလိုအထီးကျန်နေတဲ့သူတို့နှစ်ယောက် နေ့စဉ်နေ့တိုင်း စကားတွေ ပြောရင်းဘယ်လိုသံယောဇဉ်တွယ်သွားကြမလဲဆိုတာကို ကြည့်ရမယ့် Romance ကားကောင်းလေးတစ်ခုပါ File size…1.40GB / 599MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

6.9 2017
Our Souls at Night
Ikaw Pa Rin Ang Pipiliin Ko
5.8

ဂီတမှူးတစ်ဖြစ်လဲ သံစုံသီဆိုတဲ့တေးအဖွဲ့တွေမှာ အစီအစဉ် ချပေးရတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ “မိုက်ကယ်”ဂီတအလုပ်တွေနဲ့ပဲ နစ်မြုပ်နေလို့ တစ်နေ့တစ်နေ့ အေးစက်လာနေတဲ့ မိန်းမဖြစ်သူနဲ့ ဆက်ဆံရေးကနေမှ… လက်ရှိနေနေတဲ့ မနီလာကနေ အဝေးမှာ သွားလုပ်ရမယ့် အလုပ်တစ်ခုကို လက်ခံပြီးနောက် လင်မယားကွဲဖို့ဖြစ်လာပါတော့တယ်… အဲဒီသူပြောင်းရွှေ့မယ့်ဒေသမှာ ရှိနေတာကတော့ ဂျက်ဇ် ရော့ဒရီဂက်ဇ်ဆိုတဲ့ ကောင်မလေးပါ အဲဒီကောင်မလေးကလည်း သီချင်းဆိုရတာကိုအရမ်းချစ်လွန်းလို့ အဲဒါကို နားလည်မပေးနိုင်တဲ့ ကောင်လေးဖြစ်သူနဲ့ပါ ပြတ်စဲပြီး အသည်းကွဲနေခဲ့တာဖြစ်ပါတယ်.. အဲဒီလိုနှစ်ယောက်က သံစုံတေးဂီတအဖွဲ့တစ်ခုမှာ ဂီတမှူးနဲ့ သံစုံအဖွဲ့ဝင် အနေနဲ့ စတွေ့တဲ့အချိန်မှာပဲ အချင်းချင်းကတောက်ကဆဖြစ်ကြပါတယ် ဂီတကြောင့်ပဲ မိန်းမဖြစ်သူနဲ့ကွဲပြီး ကောင်လေးနဲ့ပါ လမ်းခွဲလိုက်ရတဲ့သူတို့… ဂီတကနေတစ်ဆင့် ပြန်ပြီး ဘယ်လိုဆက်နွှယ်မိသွားကြမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်…. Musical ပါဝင်တဲ့ဇာတ်ကားဖြစ်တာမို့လို့ သီချင်းစာသားတွေကိုလည်း သိပ်နားမလည်ပေမဲ့ တတ်နိုင်သလောက် အကောင်းဆုံးဘာသာပြန် ပေးထားပါတယ်… သီချင်းလေးတွေကလည်း အေးအေးလေးနဲ့ နားဝင်ချိုတာမို့လို့ ဇာတ်လမ်းကြည့်ရင်း သီချင်းလေးပါ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်…. File size…1.27GB / 733MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Horror • Thriller • Comedy • TV Movie
5.8 2024
Ikaw Pa Rin Ang Pipiliin Ko
Couples
6.7

Couples (2011) ***************** ဒီတစ်ခါမှာတော့ Lee Si Young၊ Lee Yoon Ji၊ Ki Joo Hyuk၊ Oh Jung Se နဲ့ Gong Hyun Jin တို့ အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး အပန်းပြေစေမဲ့ Rom-com movie လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ -ဇာတ်လမ်းအကျဉ်း- ချစ်ရသူအတွက် ချေးငွေပါထုတ်ပြီး အိမ်ဝယ်ပေး လိုချင်တာဖြည့်ဆည်းပေးခဲ့တဲ့ ယူဆော့တစ်ယောက် သူပြန်ရလိုက်တာကတော့ သူ့ချစ်သူဆီက မက်ဆေ့လေးတစ်စောင်နဲ့ ပျောက်ချင်းမလှ ပျောက်သွားတာပဲ ဖြစ်ပါတယ်။ ပျောက်သွားတဲ့ချစ်သူကို သူငယ်ချင်းဖြစ်သူ ဘို့နမ်ရဲ့ အကူအညီနဲ့ လိုက်ရှာနေတုန်း ပဟေဠိဆန်တဲ့ ရဲမေလေး အယ်ယွန်းနဲ့ အမှတ်မထင် သိကျွမ်းပြီး ယူဆော့လည်း အယ်ယွန်းအပေါ် စိတ်ဝင်စားမှုဖြစ်လာတဲ့အခါမှာတော့ သူ့ကိုထားသွားတဲ့ ချစ်သူဟောင်း နာရီပြန်ပေါ်လာသလို နာရီဟာလည်း သူထင်သလို ဖြူစင်တဲ့ ကောင်မလေးမဟုတ်ဘဲ သိုက်တူးသမလေး ဖြစ်နေတဲ့အခါ… နာရီ သူ့ဆီကိုပြန်လာရတဲ့အကြောင်းကလည်း သိုက်တူးရင်း လူမိုက်ဂိုဏ်းခေါင်းဆောင်နဲ့ မှားယွင်းပတ်သက်မိတာ ဖြစ်နေတဲ့အခါမှာတော့.. သူတို့ ၅ယောက် ဘယ်လိုဖြစ်ကြမလဲ.. ဘယ်ကစပြီး သူတို့ရဲ့ ရေစက်တွေက မှားယွင်းနေတာလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးပါဦးနော်။ File size…1.55GB / 670MB Quality…WEB-DL 1080p/ WEB-DL 720p Format…mp4 Duration….1h 40m Genre ….. Comedy, Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by MMyo

Comedy • Romance • Drama • Action
6.7 2011 110 mins
Couples
Missing in Action
5.4

Mission In Action (1984) ကတော့ နာမည်ကျော် မင်းသား Chuck Norris ရဲ့ အက်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ Chuck Norris ဆိုတာကတော့ “ကိုယ်မွေးမယ့်ဆေးရုံကို ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့လူ” “မြွေကိုက်ရင်တောင် ၂ ရက်နေရင် မြွေ အနိစ္စရောက်သွားလောက်အောင်ကိုယ်ခံအားကောင်းတဲ့လူ” Stars War မှာလည်း Chuck Norris ပါပါတယ်။ “May the Force Be With You” မှာ Force ဆိုတာ Chuck Norris ကိုပြောတာဖြစ်ပါတယ်။ အဲဒီလိုမျိုး သုတ်မယ်၊ ပြုတ်မယ်၊ အရည်သောက်မယ်၊ အဖတ်စားမယ် မင်းသားသရုပ်ဆောင်ထားတာဖြစ်လို့ မကြမ်းမှာတော့မပူပါနဲ့။ ဇာတ်ညွှန်း ကာနယ် ဘရက်ဒေါ့ခ်ဟာ ဗီယက်နမ်စစ်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဗီယက်နမ်မှာ ၇ နှစ်ကြာ အဖမ်းခံခဲ့ရပြီးမှပြန်လွတ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ပြန်လွတ်လာသေးတဲ့ စစ်သုံ့ပန်းတွေအများကြီးရှိသေးကြောင်း သူထွက်ဆိုခဲ့ပေမယ့် တရားဝင်ဖြောင့်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ စိတ်ပြောင်းသွားပြီး အထက်လွှတ်တော်အမတ်နဲ့ ဗီယက်နမ်ကိုလိုက်သွားပြီး ဒီကိစ္စကိုအပြီးသက်ဖြေရှင်းဖို့လုပ်ခဲ့ပါတယ်။ သို့သော်ငြား ဗီယက်နမ်ဖက်ကတော့ အဲလိုမျိုး ဖမ်းထားခြင်းမရှိဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ ဒီလိုနဲ့ဘရက်ဒေါ့ခ်ဟာ တစ်ကိုယ်တော် အမေရိကန်သုံ့ပန်းတွေကို ကယ်တင်ဖို့လုပ်ပါတော့တယ်။ ဆက်လက်ခံစားကြည့်လိုက်ကြပါ။ File Size : 4.1 GB, 1.8 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 41min Format : Mp4 Genre : Action, Adventure, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

5.4 1984 101 mins
Missing in Action
How to Lose a Guy in 10 Days
6.5

How to Lose a Guy in 10 Days (2003) ~ IMDb – 6.5/10, Rotten Tomatoes – 42% ~ Kate Hudson နဲ့ Matthew McConaughey တို့လို နာမည်ကျော်ထဲက နာမည်ကျော်သရုပ်ဆောင်တွေ ဇာတ်ဆောင်လုပ်ထားတဲ့ ရိုမန့်တစ်ဟာသကားပေါ့။ ဘာထူးခြားလဲဆိုရင်တော့ အခုထိ မကြည့်ဖြစ်သေးရင်တော့ မရတာကြာတဲ့အရသာတစ်ခုပြန်ရလိမ့်မယ်။ ဟိုးတုန်းက ကျွန်တော်တို့ကြည့်ဖူးခဲ့တဲ့ ဟောလိဝုဒ်အချစ်ရိုမန့်တစ်ကားတွေက တခြားကထွက်တဲ့ရိုမန့်တစ်ကားတွေနဲ့ မတူတဲ့အရသာတစ်ခုရှိတယ်။ အဲဒီလိုအရသာမျိုးကို ၂၀၀၀ခုနှစ်ပတ်လည်နားက ကားတွေမှာတော့ ကျွန်တော်တို့ရခဲ့ကြပေမဲ့ ဒီဘက်ခေတ်မှာတော့ အဲဒီလိုပုံစံတွေ ပြန်ရိုက်ရင်တောင် အဲဒီအရသာပါမလာတော့တာ သတ်လတ်ပိုင်းတော်တော်များများတော့ သိကြမှာပါ။ How to Lose a Guy in 10 Days (2003)က ထူးထူးခြားခြားကောင်းနေတဲ့ ရုပ်ရှင်တော့ မဟုတ်ပေမဲ့ အဲဒီလိုအရသာမျိုးကို ပြန်ပေးနိုင်တဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းဆိုတော့ ကြည့်ကိုကြည့်သင့်တယ်လို့ ပြောရမှာပါပဲ။ Kate Hudson ရဲ့အလှတွေကိုလည်း ပြန်လည်ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်တယ်။ ဇာတ်လမ်းနောက်ခံကတော့ ကြော်ငြာလောကနဲ့ မဂ္ဂဇင်းလောကပေါ့။ မင်းသားက ကြော်ငြာသမား၊ မင်းသမီးက အမျိုးသမီးမဂ္ဂဇင်းက ဆောင်းပါးရှင်။ မင်းသမီးက How to ဆောင်းပါးတွေကို ကိုင်ထားတဲ့သူ။ How to ဆောင်းပါးဆိုတာက How to Flirt with Your Crush (ခွက်ရှ်နဲ့အီနည်း) How to Clean a Toilet the Right Way (နည်းမှန်လမ်းမှန် အိမ်သာတိုက်နည်း) တို့လို နည်းပေးလမ်းပြဆောင်းပါးတွေပေါ့။ ဒီတစ်ခါ မင်းသမီးလက်တွေ့ကွင်းဆင်းပြီး ရေးဖို့ ရွေးလိုက်တဲ့ဆောင်းပါးက How to Lose a Guy in 10 Days (၁၀ရက်အတွင်း ဘဲဖြတ်နည်း) ဒီတော့ မင်းသမီးက မရှိတဲ့ဘဲကို အရင်မဖြတ်ခင် ဘဲအရင်ရဖို့ ပါတီတစ်ခုမှာဖန်တယ်။ အဲဒီပါတီမှာရှိနေတဲ့ မင်းသားက သူလိုချင်တဲ့ ကြော်ငြာရဖို့ သူ့အလုပ်ရှင်နဲ့သူ့ပြိုင်ဘက်တွေနဲ့ အလောင်းအစားလုပ်လိုက်တယ်။ သူက ဘယ်မိန်းမကိုမဆို သူ့ကိုချစ်လာအောင် လုပ်နိုင်တယ်အာချောင်ထားတာ။ နောက်၁၀ရက်နေ သူတို့အလုပ်ကလုပ်မယ့် ကြော်ငြာပွဲရှိတယ်။ အဲဒီမတိုင်ခင် သူက မိန်းမတစ်ယောက်က သူ့ကိုချစ်မိသွားအောင်လုပ်ရမှာ။ ဒီတော့ ၁၀ရက်အတွင်း ဘဲဖြတ်ဖို့ ဘဲအရင်ရှာနေတဲ့မင်းသမီးနဲ့ ၁၀ရက်အတွင်း မိန်းမတစ်ယောက်ရဲ့အချစ်ကိုရဖို့လုပ်မယ့်မင်းသားနဲ့ အဲဒီပါတီမှာ တစ်ယောက်ကိုတစ်ယောက် ပစ်မှတ်လုပ်လိုက်ကြတယ်။ ပြီးတော့ သူတို့တွဲဖြစ်သွားတယ်။ How to Lose a Guy in 10 Days ဟာ ၁၀ရက်ဆိုတဲ့ အချိန်အတွင်း တစ်ယောက်ကချစ်လာအောင်၊ တစ်ယောက်ကစိတ်ကုန်အောင် အပြိုင်အဆိုင်လုပ်ကြတဲ့အကြောင်းကို ဟာသတွေအပြည့်နဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ ဟောလိဝုဒ်ရဲ့ ရိုမန့်တစ်ဟာသအရသာဟောင်းကို အပြည့်အဝရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ခေတ်ကြီးနဲ့ ခဏလောက်ဖြစ်ဖြစ် ကတ္တားခြားသွားအောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.3GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 56Min Genre – Feel-Good Romance, Romantic Comedy, Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.5 2003 116 mins
How to Lose a Guy in 10 Days
Jeepers Creepers III
4.2

Jeepers Creepers III ဟာဆိုရင်တော့ ယခင် Jeepers Creepers I နှင့် Jeepers Ceeper II တို့ရဲ့အဆက် ယခုနှစ်၂၀၁၇ကမှထွက်ထားတဲ့ Horror ဇာတ်ကားကောင်းလေးပါ။ ေ့ရှနှစ်ကားမှာအောင်မြင်မှုတွေရခဲ့ပြီး ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ Jeeper ကြီးကို နောက်ထပ် ၂၃နှစ်ပြည့်လို့ ပြန်လည်ရောက်ရှိလာတာကို တွေ့ရမှာပါ။ သူ့ရဲ့ဖြစ်စဉ်အတိုင်းပဲ ပြန်ရောက်လာတဲ့အချိန်ကစပြီး ၂၃ရက်တိုင်တိုင်သတ်ဖြတ် စားသောက် ပါတော့တယ်။လူသားတွေရဲ့ကြောက်စိတ်ကိုအနံ့ခံပြီး လိုက်လံသတ်ဖြတ်နေတဲ့သူ့ကို ယခုအခါမှာတော့ ပြန်လည်တိုက်ခိုက်မည့် လူ့အဖွဲ့အစည်းတွေပေါ်လာပါတယ်။ ဒီအပိုင်းမှာတော့ ေ့ရှနှစ်တွေမှာသူသောင်းကျန်းခဲ့တာတွေကို ပြန်လည် တန်ပြန်တိုက်ခိုက်ဖို့စီစဉ်ရင်း Jeeper ဆိုတဲ့အဲဒီသတ္တဝါကြီးရဲ့ လျို့ဝှက်ချက်တွေကိုသိလာပါတော့တယ်။တကယ်ကိုထိတ်လန့်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရမည့်ကားပါပဲ။ယခုအပိုင်းမှာရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့တဲ့ Jeeper ကြီးရဲ့လျို့ဝှက်ချက်ကိုပါ သိသွားတဲ့သူတွေရှိလာပြီဆိုတော့ ဇာတ်ရှိန်တက်လာပြီပဲဖြစ်ပါတယ်။ ဒီတော့ အဲဒီလျို့ဝှက်ချက်ဟာဘာလဲ၊အဲဒီသတ္တဝါကြီးကိုရော အဆုံးသတ်နိုင်ပါ့မလား၊လူသားတွေအနေနဲ့ တွန်းလှန်နိုင်ပါ့မလား။ဒါမှမဟုတ် ထင်သလောက်မလွယ်ကူဘဲ နောက်ထပ်၂၃နှစ်စောင့်လိုက်ရဦးမလား။ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ စိတ်ဝင်စားမှုအပြည့်နဲ့ ရင်တထိတ်ထိတ်ဆက်ကြည့်လိုက်ကြပါဦး…။ File size…(1.5 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ye Yint

Horror
4.2 2017 100 mins
Jeepers Creepers III
The Accidental Detective 2: In Action
6.5

The Accidental Detective 2: In Action (2018) IMDb Rating (6.5) ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ရဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကား The Accidental Detective(2015) ရဲ့အဆက် နံပါတ် ၂ ကား လာပါပြီ။ Sherlock Holmes ကိုအားကျပြီး စုံထောက်ဖြစ်ချင်နေတဲ့ ဂန်ဒေးမန်ဆိုတဲ့Comicbook အရောင်းဆိုင်ရှင်ဟာ ဆိုင်ကို ရောင်းပြီး ရဲအုပ်ဟောင်း နိုတေးဆူနဲ့ အတူစုံထောက်အေဂျင်စီတစ်ခု ဖွင့်ခဲ့ပါတယ်။ စိတ်ကူးနဲ့လက်တွေ့က ကွာခြားလွန်းလေတော့အမှုအပ်မဲ့လူမရှိပဲ အိမ်က မိန်းမတွေရဲ့ အငြိုအငြင်ခံနေရတဲ့ သူရဲကောင်းကြီးတွေပေါ့။ ရထားတိုက်သေပြီး ရဲတွေက မတော်တဆမှုလို့အမှုပိတ်လိုက်တဲ့ အမှုကို ပြန်လိုက်စေချင်သူကျန်ရစ်သူ အမျိုးသမီးတစ်ယောက်ရဲ့ အမှုကိုလက်ခံလိုက်မိရာက.. အမှုကြီးတစ်ခုနဲ့ ပက်သက်မိပါတော့တယ်။ Running Man ထဲက သစ်ကုလားအုတ် လီဂွမ်ဆူရဲ့ မျက်ခွက်ပြောင် ပုံစံတွေလည်းမြင်ရဦးမှာပါ။ တနေ့တာအမောတွေကို စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ကားလို့ Recommend ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ ရှေ့ကဇာတ်ကားကိုတော့ ဒီမှာ https://www.channelmyanmar.to/?s=accidental+detective ကြည့်ပါ။

Family • Comedy • Adventure • Romance
6.5 2018 116 mins
The Accidental Detective 2: In Action