YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Love.ft.Marriage.and.Divorce.S03E05.720.mp4

431.44 MB N/A video/mp4 702 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Coffin Mountain Ancient Tomb
6

ဂူသင်္ချိုင်းဖောက်တာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ - “ဂူသင်္ချိုင်းတည်ထားတဲ့ တောင်ပေါ်မှာရှိတဲ့ မိန်းကလေးမာဆိုသူရဲ့ ခေါင်းတလား ဒဏ္ဍာရီဟာ နေရာစုံကို ပြန့်နှံ့လို့နေခဲ့ပါတယ် ဒဏ္ဍာရီရဲ့ပြောကြားချက်တွေအရ ကျောက်စိမ်းခေါင်းအုံးရှိရင် ခေါင်းတလားကိုဖွင့်နိုင်မှာပဲဖြစ်ပါတယ် ခေါင်းတလားအတွင်းမှာ မသေခြင်းနည်းပညာသာမက ရတနာပေါင်းများစွာရှိနေတယ်ဆိုတဲ့အကြောင်းကြောင့် လူတွေဟာ အသက်ကို မဓာနမထားပဲ လောဘကိုပဲ ရှေ့တန်းတင်လာခဲ့ကြပါတော့တယ် အဲဒီအထဲမှာမှ ရိုင်းစိုင်းလှတဲ့ ပြည်နယ်တပ်နဲ့ ဗိုလ်မှုးချုပ်က အပါအဝင်ပါပဲ အခြေအနေတွေက မတည်ငြိမ် ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ သခင်ကြီးကျန်းစန်းနဲ့ သူ့ရဲ့ တပည့်ဂိုဏ်းသားတွေက အမှန်တရားကို ရှာဖွေခဲ့ကြပါတော့တယ် ဂိုဏ်းရဲ့လျို့ဝှက်နည်းလမ်းတွေကို သုံးပြီး တည်နေရာကိုရှာဖွေကာ ရှေးခေတ်ခေါင်းတလားကို ဖွင့်ကာနီးမှာတော့ ပြည်နယ်စစ်တပ်ရဲ့ ဟန့်တားမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး သူတို့ရဲ့လုပ်ငန်းစဥ်တွေက ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး အဲဒီအချိန်မှာပဲ - ” ❐ အတားအဆီးမဲ့ဖြစ်နေတဲ့ ရှေးဟောင်းဂူသင်္ချိုင်းတွေ ! ❐ လူတွေကို ထင်ရောင်ထင်မှားဖြစ်စေတဲ့နည်းပညာတွေ ! ❐ ဂူသင်္ချိုင်းအတွင်းက သွေးဆာနေတဲ့ ပင့်ကူတွေ ! ❐ ထူးဆန်းခြောက်ခြားလှတဲ့ အဖြစ်ပျက်တွေ အစရှိတဲ့ အရာတွေကနေပြီးတော့ သခင်ကြီးကျန်းစန်းနဲ့ သူ့ရဲ့တပည့်တွေ လွတ်မြောက်ဖို့ ကြိုးစားကြရင်း - ❐ ဒီထူးဆန်းတဲ့ကိစ္စရဲ့နောက်ကွယ်က ဘယ်သူမှမသိကြတဲ့ လျှို့ဝှက်ချက်ကို သူတို့တွေရှာဖွေတွေ့နိုင်ပါ့မလား ? ❐ သူတို့ဆရာတပည့်တွေကရော ဒီအန္တရာယ်တောကြီးထဲနေပြီး လွတ်မြောက်နိုင်ပါ့မလားဆိုတာ ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ ဇာတ်ကားလေးဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Adventure Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Mystery • Science Fiction • Thriller
6 2022
Coffin Mountain Ancient Tomb
The King of Pigs
6.1

ဦးစွာပထမပြောချင်တာကတော့ ဒီကားဟာ Animation ကားဆိုပေမဲ့ တော်တော်လေးကို Deep ဖြစ်တဲ့ဘက်ကို သွားထားတဲ့ Psychological, Drama, Thriller Film အမျိုးအစားပဲဖြစ်ပါတယ်။ ကိုရီးယားမှာ Animation ကားတွေသိပ်မပေါ်လာသေးတဲ့အချိန် ဒါရိုက်တာက လက်တွေ့ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကိုပါ ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် တင်ဆက်ထားနိုင်တာမလို့ ဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့ကားပါ။ ဒီကားက 2011 တုန်းကတည်းက ထွက်ရှိထားခဲ့တာဖြစ်ပြီး အခုလက်ရှိ 2022 မှာလည်း ဒါကို Adaptation ပြန်လုပ်ထားတဲ့ Serie ကို နာမည်ကြီးမင်းသားတွေရဲ့ သရုပ်ဆောင်ပီပြင်မှုနဲ့အတူ ခံစားကြည့်ရှုလို့ရနေပါပြီ။ Animation ကားဆိုပြီး အထင်မသေးသင့်တဲ့အပြင် ရင့်သီးတဲ့စကားအသုံးအနှုန်းတွေနဲ့အတူ လက်ရှိဘဝက ထိတ်လန့်စရာအမှန်တရားတွေကိုပါ ထင်ဟပ်အောင်ပြသထားနိုင်တဲ့အတွက် အသည်းငယ်သူတွေမကြည့်သင့်ကြောင်း ကြိုပြီးသတိပေးထားပါရစေ။ Suicidal သဘောတရားတွေပါ ပါနေတာမလို့ စိတ်ဓာတ်ကျရောဂါအခံရှိသူများလည်း ကြည့်ရှုဖို့မသင့်ပါကြောင်း ထပ်လောင်းပြောကြားပါရစေ။ ဇာတ်လမ်းအကြောင်းအရာကတော့... ကျောင်းမှာ အားကြီးတဲ့သူက အားနည်းသူကို အနိုင်ကျင့်နေကြဖြစ်တဲ့ Bully case တွေ ... အဲဒါတွေကို အောင့်အီးသည်းခံနေတတ်တဲ့ အငိုသန်သူ ဂုဏ်ပုဒ်ရ ဟွမ်ဂယောင်မင်း ... ဟွမ်ဂယောင်မင်းနဲ့အတူ မူလတန်းကတည်းက ကျောင်းနေဖက်ဖြစ်သူ ဂျောင်ဂျုံဆော့နဲ့ သူတို့ကြားကို ဝင်ရောက်လာတဲ့ လောကကြီးကို အရွဲ့တိုက်တတ်သူ ငချွတ်လေး ဂင်ချောလ် ... ဒီကောင်လေး သုံးယောက်က သူတို့ရော တခြားသူတွေပါ ခံစားနေရတဲ့ Bully case တွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားကြသလဲဆိုတာနဲ့ အဲဒီကိစ္စရပ်ကြောင့် လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ဘယ်လိုတွေခံစားရမလဲဆိုတာကို စောင့်ကြည့်ခံစားရမဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ Series လည်း ထွက်ရှိနေပြီဖြစ်တာမလို့ မူလပထမဖြစ်တဲ့ Animation film ကို ကြည့်ရှုခံစားရင်း Series နဲ့ Animation Movie ကြား ဘယ်လိုတွေကွဲထွက်ပြီး ဘယ်လိုဇာတ်သိမ်းကြမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chothet_mlmt ပဲ ဖြစ်ပါတယ်) File Size          :  650MB, 330MB & 207MB Quality            : 1080p Blu-ray, 720p Blu-ray & 480p Format            : mp4 Duration         : 1hr & 37mins Genre              : Animation, Drama, Thriller Translated by  Chothet_mlmt Encoded by Kinnov

Drama • Romance
6.1 2011 97 mins
The King of Pigs
A Ghost Story
7.1

IMDb - 6.9/10_____Rotten - 91% ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။ နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ ဘယ်ကိုရောက်သွားမလဲ။ ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။ တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။ သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။ သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။ သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။ တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။ အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။ အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။ သူလုပ်သမျှကိုကြည့်နေပေးတယ်။ အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။ တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။ စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။ နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။ တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw

Crime • Drama
7.1 2017 93 mins
A Ghost Story
The Dirt
7.5

Bohemian Rhapsody တို့လို Rock Star တို့လို Lords of Chaos တို့လို Rock ဂီတဆိုင်ရာ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ၂၀၁၉ ခုနှစ်ထဲထွက်ရှိထားတဲ့ the Dirt ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် … IMDb – 7/10 တောင်ရရှိထားတဲ့ ဇာတ်ကားလေးပါ The Dirt ဇာတ်ကားဟာ ၁၉၈၀ ပတ်ဝန်းကျင်မှာ စတင်ကျော်ကြားခဲ့တဲ့ အမေရိကန် ဟဲဗီးမက်တယ် ဂီတတီးဝိုင်းတစ်ခုဖြစ်တဲ့ Motley Crue တီးဝိုင်းရဲ့ ဟောလိဝုဒ်လမ်းမတွေထက်ကနေ နိုင်ငံတကာ စင်မြင့်တွေထက်ကို ရောက်ရှိလာပုံတွေကို ဝိုင်းတော်သားတွေက ကိုယ့်အကြောင်း ကိုယ်ပြောပြနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ … Motley Crue တီးဝိုင်းဟာ မြန်မာ Rock ပရိသတ်တွေနဲ့လည်း မစိမ်းပါဘူး … မျိုးကြီးရဲ့ ကျောက်စာများ…ဇော်ဝင်းထွဋ်ရဲ့ သွေးတိတ်တေး စတဲ့ သီချင်းတွေဟာလည်း သူတို့ရဲ့မူရင်းတေးသီချင်းတွေဖြစ်ပါတယ်… ဒီဇာတ်ကားထဲမှာ Motley Crue ဝိုင်းတော်သား လေးယောက်ရဲ့ လမ်းဘေးရောက် ဘဝအဖုံဖုံကနေ Rock ဂီတကိုရူးသွပ်ပြီး အခွေအချပ် သန်းတစ်ရာကျော်ရောင်းချရတဲ့ ကမ္ဘာကျော်တွေဖြစ်လာခဲ့ပုံတွေ… နာမည်ကြီးပြီးနောက် လိင် မူးယစ်ဆေး အိမ်ထောင်ရေးဖောက်ပြန်မှုတွေနဲ့ ပြိုလဲခဲ့ကြပုံတွေ ကို ရိုက်ကူးတင်ဆက်ထားတဲ့အတွက် ရော့ခ်ဂီတကြိုက်တဲ့ပရိသတ်ကြီးအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်မှာ မလွဲမသွေပါပဲခင်ဗျား…။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zuel Khant Thwin ပါ)

Action & Adventure • Animation • Sci-Fi & Fantasy
7.5 2019 108 mins
The Dirt
Preman
6.4

Preman (2022) ဇာတ်ဝင်ခန်းထဲက စကားလေးအတိုင်းဆိုရင် တကယ်တော့ မဒူဆာဆိုတဲ့ အမျိုးသမီးဟာ အရမ်းလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့ ဒါပေမဲ့ သူမရဲ့ အလှအပတွေကို လိုချင်တပ်မက်နေတဲ့ ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ သူမကို မုဒိန်းကျင့်ခဲ့တယ် ဒါအပြင့် သူ့ကို မနာလိုတဲ့ နတ်ဖုရားမက အပြစ်ပေးတဲ့အနေနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းပစ်ခဲ့ကြတယ် ဒါတောင်မှ သူမအတွက် ရက်စက်မှုတွေက မကုန်နိုင်သေဘဲ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။ ဒီလိုပါပဲ လူတွေ အတွက်တော့ ပါးစီးယက်တို့က သူရဲကောင်းကြီးတွေ ဖြစ်ပေမဲ့ မဒူဆာ အတွက်တော့ သူတို့တွေဟာ မကောင်းဆိုးဝါး စစ်သားတွေပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ အင်ဒို ၂၀၂၂ ထွက်ကားလေးဖြစ်ပြီးတော့ ဇာတ်လမ်းသဘောလေးကတော့ နားကန်းနေတဲ့ လူတစ်ယောက်ဟာ လူမိုက်ဂိုဏ်း တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလို လူမိုက်အလုပ်ကြောင့်ပဲ မိန်းမဖြစ်သူက ပစ်သွားခဲ့ပြီး သားလေးတစ်ယောက်နဲ့ လောက ကိုရင်ဆိုင်နေသူတစ်ယောက်ပါ။ နဂိုက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အရာရာဟာ သူ့ကို ဒီဘဝကနေ ရုန်းထွက်မရအောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ သားအဖ နှစ်ယောက်လုံးအတွက် အသက်အန္တာရာယ်နဲ့ ကြုံတွေ့လာတဲ့ အခါမှာတော့ အရင်လို ဘဝမျိုး ပြန်ရောက်ဖို့ အတွက် ဘာတွေကို စတေးပြီး ပျော်ရွှင်မှုကို ရှာဖွေရမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာပဲ ခံစားကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p | 480p File size… 1.5GB | 665MB | 332MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. August

Action • Adventure • Science Fiction • Thriller
6.4 2022
Preman
Rajathanthiram: The Piano
9

Rajathanthiram: The Piano (2023) “စန္ဒယားတစ်လုံးရဲ့ လျှို့ဝှက်ချက်” IMDb – 9.5/10 တခါတုန်းက အာရူမူဂမ်ဆိုတဲ့ စန္ဒယားဆရာတစ်ယောက်ကို သူ့ရဲ့စိတ်ထားကောင်းမွန်မှုကြောင့် အင်္ဂလိပ်ကြီးတစ်ယောက်က သစ်သားဘူးလေးတစ်ဘူး လက်ဆောင်ပေးသွားခဲ့တယ်။ အာရူမူဂမ်ဟာ အဲဒီသစ်သားဘူးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အလွန်တရာတန်ဖိုးကြီးမားလှတဲ့ ပန်းရောင်စိန်တုံးကြီးကို တွေ့ရှိခဲ့တယ်။ သူ့သူငယ်ချင်း စန္ဒယားဒီဇိုင်းပညာရှင်နဲ့ပူးပေါင်းပြီး လျှို့ဝှက်ခန်းပါတဲ့ စန္ဒယားတစ်လုံးဖန်တီးကာ အဲဒီစိန်တုံးကြီးကိုဖွက်ထားခဲ့တယ်။ စန္ဒယားက လျှို့ဝှက်ခန်းကိုဖွင့်ဖို့အတွက် ထူးခြားတဲ့တေးသွားတစ်ပုဒ်ဖန်တီးပြီး အပိုင်းလေးပိုင်းခွဲလို့ သူ့သားသမီးလေးယောက်ကို တပိုင်းစီ သင်ကြားပေးခဲ့ပေမယ့် စိန်တုံးရှိတဲ့လျှို့ဝှက်ချက်ကိုတော့ မပြောခဲ့ပါဘူး။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ အာရူမူဂမ်တစ်ယောက် အယ်လ်ဇိုင်းမားရောဂါခံစားလာရပြီး စန္ဒယားထဲက စိန်တုံးကြီးကို သူပါမေ့လျော့သွားခဲ့ပါတော့တယ်။ သူတို့မိသားစုကလည်း ပြဿနာတွေ တစ်ခုပြီးတစ်ခုတက်နေတဲ့ကြားမှာမှ အန္တရာယ်များလှတဲ့ လူတစ်စုက ဒီလျှို့ဝှက်ချက်ကို သိသွားတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Animation • Action • Adventure • Comedy • Family • Science Fiction
9 2023
Rajathanthiram: The Piano
The Crash Reel
8.2

Action sports တွေဖြစ်တဲ့ နှင်းလျှောစီး၊ အတားအဆီးဖြတ်ကျော်ဆိုင်ကယ်စီး စတဲ့ အားကစားနည်းတွေဟာ ပရိသတ်တွေ အတွက်ရင်သပ်ရှုမောဖြစ်စေပေမဲ့ ကစားသမားတွေအတွက်‌တော့ အသက်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ တစ်နှစ်မှာ ကစားသမား နှစ်သိန်းမှ ခြောက်သိန်းလောက် ထိခိုက်ဒဏ်ရာရတယ်လို့‌ စာရင်းတွေမှာဖော်ပြကြပါတယ်။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးမှာတော့ နှင်းလျှောစီးကစားသမား ကယ်ဗင် ပီးရတ်စ် နဲ့ ရှောင်န်ဝိုက်ကြားကပြိုင်ဆိုင်မှု‌တွေ၊ ကစားသမားဘဝတ‌လျှောက် ရုန်းကန်ရပုံတွေ၊ ကစားနည်းအပေါ် ရူးသွပ်ပုံတွေ ကိုပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အားကစားဝါသနာပါသူတွေကြိုက်ကြမဲ့ ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ကစားနည်းတွေရဲ့ နောက်ကွယ်ကအဖြစ်အပျက်တွေလည်းတွေ့မြင်နိုင်ပါတယ်။ ကစားသမားတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး အမျိုးသမီးဒါရိုက်တာဖြစ်တဲ့ Lucy Walker ရိုက်ကူးထားတာပါ။ IMDb rating 8.2 နဲ့ RT 96% ရရှိထားပြီးနိုင်ငံတကာဆုတွေ လည်းတသီကြီးရရှိထားပါတယ်။ ကစားသမားတွေရဲ့ ဒဏ်ရာအတွက်ရုန်းကန်ကြရ အသက်ဆုံးနိုင်လောက်အောင် ဖြစ်ခဲ့ကြပေမဲ့ ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန်ကြတဲ့ စိတ်ဓာတ်ကိုလည်းတွေ့ကြရမှာပါ။ မိသားစုတွေရဲ့ထောက်ပံ့မှုတွေ ချစ်ခြင်းမေတ္တာတွေကိုလည်း ရိုက်ပြထားတဲ့အတွက် ကြည့်ရတာ နွေးထွေးစေ ပါတယ် ခြုံပြီးပြောရရင်တော့ မှတ်တမ်းရုပ်ရှင်ဖြစ်ပေမဲ့ ကစားသမားတွေရဲ့ပြိုင်ပွဲဝင်ပုံတွေ၊ နောက်ခံသီချင်းကောင်းတွေနဲ့ လှပတဲ့ရိုက်ချက်တွေကြောင့် အစမှအဆုံးပျင်းစရာကောင်းတယ်လို့မခံစားရပါဘူး။ သမားရိုးကျဇာတ်လမ်းတွေကြည့်ပြီးနည်းနည်းအီလာရင် ဒီလိုဇာတ်ကားတွေကြည့်ခြင်းအားဖြင့်လည်း မတူညီတဲ့ခံစားချက်တွေရနိုင်သလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာကြည့်ဖြစ်ရင်တော့ စိတ်အားတက်ကြွမှုတွေပြန်လည်ရရှိနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size… 1.3 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

8.2 2013 108 mins
The Crash Reel
My Name Is Shruthi
8.7

My Name Is Shruthi (2023) “ကျွန်မက ရှရူသီ” IMDb-8.7/10 တောင်ပိုင်းမင်းသမီးချော ဟန်ဆီကာအဓိကပါဝင်တင်ဆက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကောင်းလေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသက်ကြီးလို့ အသားရေပျက်စီး ယိုယွင်းလာတာကိုမလိုချင်ကြတဲ့ ငွေကြေးချမ်းသာတဲ့လူတွေက နုပျိုမှုအတွက် အရေပြားအစားထိုးကုသကြတယ်။ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် အရေပြားအစားထိုးကုသဖို့အတွက် မှောင်ခိုကူးတဲ့ မာဖီးယားဂိုဏ်းရှိတယ်။ အဲဒီမာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကဝန်ကြီးဖြစ်ဖို့အသည်းအသန်ကြိုးစားနေတဲ့ လွှတ်တော်အမတ်တယောက်။ သူတို့ဂိုဏ်းက အသားရေလှပတဲ့ အမျိုးသမီးငယ်လေးတွေကိုဖမ်းပြီး အရေပြားအစားထိုးမှုအတွက် အတင်းအဓမ္မလုပ်ဆောင်စေပါတယ်။ ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ နယ်မြို့လေးကနေ ဟိုက်ဒရာဘတ်ကိုတက်ပြီး အလုပ်လာလုပ်တဲ့ ရှရူသီဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ဘယ်လိုတွေပါဝင်ပတ်သက်သွားမိမလဲ။ ရဲတပ်ဖွဲ့ကရော ဒီမိန်းကလေးတွေပျောက်တဲ့အမှုကို ဖော်ထုတ်အရေးယူနိုင်မှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023
My Name Is Shruthi
Lights Out
5.2

Lights Out (2024) Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ဝိုင်းထဲက လူတွေနဲ့ ရန်ဖြစ်ကြလို့ ဒက်ဖ်က အကုန်လုံးကို အမှောက်သိပ်လိုက်ပါတယ်။ အဲဒါကို မက်စ်က အစအဆုံးမြင်လိုက်ပါတယ်။ မက်စ်က တရားမဝင်မြေအောက် ထိုးသတ်ပွဲတွေအတွက် လူလိုက်ရှာနေတာမို့ ဒက်ဖ်က ဝင်ထိုးဖို့ စည်းရုံးပါတယ်။ ဒီလိုနဲ့ ဒက်ဖ်တစ်ယောက် မြေအောက်လောကထဲဝင်ပြီး အကျင့်ပျက်ရဲတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အချိန်မှာတော့….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Thriller Quality…. 1080p | 720p File size… 1.55GB | 740MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Comedy • Animation
5.2 2024
Lights Out
Akelli
6.2

Akelli (2023)”လှောင်အိမ်ထဲက လိပ်ပြာ” ============================== ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန်အခြေခံ သည်းထိတ်ရင်ဖို၊ ဒရာမာရုပ်ရှင်တစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆုံးသွားတဲ့ အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ပြန်ဆပ်ပေးဖို့ အခက်အခဲဖြစ်နေတဲ့ ဂျိုတီ။ လဲရာသူခိုးထောင်းဆိုသလိုပဲ သူတပါးအတွက်နဲ့ ရှိတဲ့အလုပ်ကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ဂျိုတီဟာ အလုပ်ရှာဖို့ကြိုးစားရင်း ရွေးစရာမရှိတဲ့အတွက် အဲဒီကာလတုန်းက စစ်ဖြစ်နေခဲ့တဲ့ အီရတ်နိုင်ငံက အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။ အီရတ်ကိုရောက်ရောက်ခြင်း အဖြစ်ဆိုးတစ်ခုကို မျက်မြင်တွေ့လိုက်ရတဲ့ ဂျိုတီဟာ အိန္ဒိယကို ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ပြန်ခွင့်မရသေးခင်မှာ အိုင်းစစ် စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့အခါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Romance
6.2 2023
Akelli
The Guardian
7

The Guardian(2006) IMDb…7.0 ကယ်ဆယ်ရေး ရေကူးသမားသမိုင်းတစ်လျောက်မှာ ထင်ရှားတဲ့ ဘန် ရန်ဒဲလ် ဟာ ကယ်ဆယ်ရေးအလုပ်ကိုအလွန်ခုံမင်ပြီး ရာထူးတိုးမယူဘဲ ပင်လယ်မှာ စွန့်စားရတာကိုပဲ အထူးနှစ်သက်သူတစ်ယောက်ပါ… လှိုင်းတံပိုးကြားမှာ သေမင်းနဲ့လက်တစ်ကမ်းအလိုရောက်နေတဲ့ ဒုက္ခသည်ကိုကယ်ရတာလည်းမလွယ်လှပါဘူး… ပုံမှန်စိတ်ပျောက်ဆုံးနေတတ်တဲ့အပြင် သဘာဝဘေးအန္တရယ်ကလည်း မျှော်လင့်မထားတဲ့နည်းမျိုးစုံကြုံတွေ့နိုင်တာကြောင့် ဘန် တို့အဖွဲ့အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ…သူဟာဒီကယ်ရေးအလုပ်ကို အချိန်ပေးလွန်းလို့ ချစ်ဇနီးနဲ့တောင်ကွာရှင်း၇တဲ့အနေအထားရောက်ခဲ့ပါတယ်.. တစ်နေတော့ ညဘက် သဘေ်ာတစ်စီးဒုက္ခရောက်တာကို အရေးပေါ်ကယ်ဆယ်ဖို့အကြောင်းဖန်လာတယ်… ဒီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဒုက္ခသယ်တစ်ယောက်ကိုမကယ်နိုင်တဲ့အပြင် ရဟတ်ယာဉ်နဲ့ သူကလွဲလို့ကျန်တဲ့သူတွေ အသက်ဆုံးရှုံးသွားတယ်… ဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာတော့ ဘန်အတွက်အပြောင်းအလဲတွေအများကြီးဖြစ်ပါတော့တယ်… ဒီဇာတ်ကားဟာ မင်းသားကြီး Kevin Costner ဉီးဆောင်ထားပြီး Ashton Kutcher နဲ့ အခြားနာမည်ကြီးသရုပ်ဆောင် များစွာပါဝင်ထားပါတယ်…ဆုကြီးတစ်ဆုရရှိခဲ့သလို အခြားဆု(၄)ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ခဲ့တယ်… အစမှ အဆုံးထိ တော်တော်ကြီးကိုကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..ခံစားကြည့်ကြပါဉီး… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်… File Size : 5.17GB / 1.85GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:20:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Tiff

Romance • Drama
7 2006 139 mins
The Guardian
The Mercenary
5.2

The Mercenary(2019) IMDb….5.6 The mercenaryဆိုတဲ့အဓိပ္ပာယ်က ကြေးစားစစ်သား… မက်စ်တို့အဖွဲ့က Central Africa တို့ Columbia တို့မှာ သူတို့ကိုခိုင်းတဲ့ လူသတ်မှုတွေကို ကြေးကြီးကြီးယူပြီးလုပ်ကြတယ်…. South Americaမှာ သူတို့ mission လုပ်နေရင်း မက်စ်တစ်ယောက်ကို အကြောင်းတစ်ခုကြောင့်သေပြီဆိုပြီး ထားခဲ့ကြတယ်….. အနီးနားက ဘုရားကျောင်းက ဖာသာက သူ့ကိုကယ်တင်စောင့်ရှောက်ထားခဲ့တယ်.. သူ့ကျန်းမာရေးပြန်ကောင်းလာပြီးနောက် ဘုရားကျောင်းမှာပဲ သူ့ရဲ့ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေရင်းနဲ့မှ ဘာတွေ ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်သာ ခံစားကြည့်ကြပါတော့….. ဒီကားက အက်ရှင်ဆိုတဲ့အတိုင်း အစမှ အဆုံးထိ နင်းကန်ဗျင်းပါတယ်… နင်းကန်ဗျင်းတာကြိုက်တဲ့သူတွေအတွက်တော့ ဒေါင်းကြည့်ကြပါလို့ လက်တို့လိုက်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်… File Size : 2.45GB / 950MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:32:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae

Action • Drama • Thriller
5.2 2019
The Mercenary
Grace by Night
6.5

Grace by Night (2024) IMDb Rating (6.5) ဖြစ်ရပ်ဆိုးတစ်ခုနဲ့ ကြုံတွေခဲ့ရတဲ့ ဂျွန်အိန်းဟာ ကံကြမ္မာနဲ့ ဘဝရဲ့ အဓိပ္ပာယ်အပေါ် မေးခွန်းထုတ်လာခဲ့ပါတယ်။ အဲဒီရဲ့အဖြေကို ရှာဖို့အတွက် သူဟာ အရေးပေါ်အခြေအနေတွေကြုံတွေ့နေရတဲ့ လူတွေကို 24/7 ကူညီပေးတဲ့အလုပ်ကို စေတနာ့ဝန်ထမ်းအနေနဲ့ လုပ်ခဲ့ပါတယ်။ ဒီလိုမျိုး မျှော်လင့်ချက်ပျောက်ဆုံးနေသူတွေကို ကူညီပေးရင်းနဲ့ သူ့ကိုယ်တိုင်က ပြန်ပြီးအကူအညီပြန်ရသလိုဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အရေးပေါ်ကူညီကယ်ဆယ်ရင်းနဲ့ကယ်လ်ဗင်ရိဒ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ မိဘရဲ့ဂရုစိုက်မှုကို မခံရဘဲ အခြေမဲ့အနေမဲ့ပုံစံဖြစ်နေတဲ့ ဒီကောင်လေးကို ကူညီရင်းနဲ့ ကောင်လေးရဲ့ ရည်မှန်းချက်အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပေးဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ ဘဝနဲ့ဆိုင်တဲ့မေးခွန်းများစွာကို အဖြေရှာကြရင်း အိပ်မက်ကိုအကောင်အထည်ဖော်ကြပုံကို တွေ့မြင်ရမှာပါ။ ဒီကားလေးဟာ နပန်းအားကစားအကြောင်းရိုက်ကူးထားပြီး ၊ ယုံကြည်မှုနှင့် ဝိဉာဉ်ရေးရာအကြောင်းအရာများပါသည့် Sport, Faith and Spirituality, Drama အမျိုးအစားကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားးလေးကိုကြည့်ပြီး တစ်ခါတစ်ရံမှာ အကြီးကျယ်ဆုံးသောအလုပ်တွေဟာ အကျိုးအပဲ့တွေကနေတစ်ဆင့် ဖြစ်ပေါ်လာတယ်ဆိုတာကို message တစ်ခုရကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။) File size…(1.9 GB) / (930 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:17:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ZMT

Action • Comedy
6.5 2024 136 mins
Grace by Night
Romeo S3
6.1

Romeo s3 (2025) (ရိုမီယိုစစ်ဆင်ရေး) တောင့်တောင့်ဖြောင့်ဖြောင့်မင်းသား ထာကူရ်အာနု့ပ်နဲ့ မင်းသမီးချောလေးပါလတ်တီဝါရီတို့ရဲ့ အက်ရှင်ကားလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ အိန္ဒိယနိုင်ငံမှာ ထူးခြားတဲ့ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့နေပြီး အိန္ဒိယက တစ်ကမ္ဘာလုံးကို ဒုက္ခပေးတာပါလို့ ကုလအစည်းအဝေးမှာ ခေါင်းစဉ်တပ်ပြီး တရုတ်နဲ့ပါကစ္စတန်ရဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်နေရတဲ့အချိန် ဇာတ်လိုက်ကျော်ကြီး ဆန်ဂါရမ်တစ်ယောက် ဒီဗိုင်းရပ်စ်ပြဿနာရဲ့ ဇစ်မြစ်ကို ကုလသမဂ္ဂမှာ တင်ပြဖို့ဖြစ်လာတော့တာပေါ့။ တကယ်တော့ ဒီပြဿနာ ဒီလောက်မကြီးထွားလာခင်က ဂိုအာမှာ ရဲအရာရှိရှစ်ဗ်ချောင်ဒရီ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဖြစ်ပွားပြီး မူးယစ်ဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတဲ့အတွက် မူးယစ်ဆေးရောင်းတဲ့သူ ဆန်ဂါရမ်တစ်ယောက် အာဂျူအဖြစ် အသွင်ယူပြီး စုံစမ်းပါတော့တယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်အားလုံးရဲ့နောက်ကွယ်မှာရှိနေတဲ့နတ်ဆိုးကို သွားရန်စမိသလို ဖြစ်သွားချိန်မှာတော့… (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

Drama • Romance
6.1 2025
Romeo S3