YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

[CM]Link-Eat.Love.Kill.2022.S01.E02.1080p.WEB-DL.mp4

1.52 GB N/A video/mp4 1149 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Praise This
7.2

Praise This IMDb 5.7 ဒီဇာတ်ကားကတော့ ခရစ်ယာန်ဓမ္မတေးအဖွဲ့တွေအကြားက ပြိုင်ပွဲအကြောင်း ရိုက်ပြထားတာပါ... ဆမ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဆုံးသွားကတည်းက ဖအေဖြစ်သူနဲ့နေရင်း LAမြို့မှာ ငဆိုးငပေလေးအဖြစ် ကြီးပြင်းလာခဲ့သူပါ... ဆမ်တစ်ယောက် ရုံးရောက်ဂတ်ရောက်ဖြစ်တာတဲ့အခါ LAမှာ ဆက်ထားဖို့ မသင့်တော့တာမို့ ဦးလေးလင်မယားရှိရာ အတ္တလန္တာကို ပို့လိုက်ပါတော့တယ်... ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးလေးတို့လင်မယားမှာ ဆမ်ရဲ့ ညီမဝမ်းကွဲတော်စပ်သူ ဂျက်စ်ဆိုတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်... လူဆိုးနဲ့ လူကောင်း အတူယှဉ်တွဲနေထိုင်တဲ့အခါ တံငါနားနီး တံငါဆိုသလို ဆမ်လည်း ပြောင်းလဲလာပါတော့တယ်... ဒီဇာတ်လမ်းဟာ ဆမ်ဆိုတာထက် ဓမ္မတေးအဖွဲ့တွေအကြောင်း ချာ့ချ်တွေအကြောင်း တစ်ကျောင်း တစ်ဖွဲ့ချင်းစီရဲ့ ပုံစံလက္ခဏာ စည်းမျည်းစည်းကမ်းတွေနဲ့ အဆိုအကတွေကြောင့် ခပ်မြူးမြူးလေး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:50:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Crime • Mystery
7.2 2023 111 mins
Praise This
The Red Shoes: Next Step
5.9

ဆမန်သာဟာ ဘဲလေးအကကို ခုံမင်သဘောကျတဲ့ဆယ်ကျော်သက်လေးဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမရဲ့အစ်မဖြစ်သူ အန်နီနဲ့ ဖုန်းပြောနေရင်း အန်နီကို ကားတစ်စီးက ဖြတ်တိုက်သွားလို့ အစ်မဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ သူမရဲ့ အိပ်မက်တွေ စိတ်အားထက်သန်မှုတွေ ကြိုးစားအားထုတ်ချင်စိတ်တွေ အကုန်ပျောက်ကွယ်သွားပြီး အိဗ်ဆိုတဲ့ မိတဆိုးသမီးလေးနဲ့ ပေါင်းပြီးတော့ ကလေက‌ချေနဲ့ မိဘတွေကို အာခံပြီး လောကကြီးကို အရွဲ့တိုက်ပြီး ကျောင်းလစ်လိုက် အတန်းပြေးလိုက် စတိုးဆိုင်တွေကို အလစ်သုတ်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေပါတော့တယ်။ ဆမန်သာရဲ့ အဖြစ်ကို လက်ပိုက်ကြည့်မနေနိုင်တဲ့အမေဖြစ်သူက သူအရင်တက်ခဲ့တဲ့ဘဲလေးသင်တန်းကျောင်းကို သန့်ရှင်းရေးလည်းလုပ်ရင်း ကျန်ရှိတဲ့ ကျောင်းပညာသင်နှစ်ကို ပြီးဆုံးအောင်တက်ဖို့ ပို့လိုက်ပါတော့တယ်။ သူမဟာ သင်တန်းကျောင်းကို ပြန်ရောက်တဲ့အချိန်မှာ အကခေါင်းဆောင်ဖြစ်တဲ့ ဂရေစီက အကလေ့ကျင့်ရင်း ခြေခေါက်သွားလို့ သူမဟာ ခဏတာ အစားထိုးလေ့ကျင့်ပေးဖို့ အကြောင်းဖန်လာတော့ပါတယ်။ လာမယ့်ပြဇာတ်အတွက် အစားထိုးနေရာဝင်ပြီး ကပေးရင်း သူမရဲ့ စိတ်ဒဏ်ရာတွေ အစ်မရဲ့သေဆုံးမှုကြောင့် ကိုယ့်ကိုကိုယ်အပြစ်တင်နေမိတာတွေ ဘဲလေးအကမှာ အစွမ်းကုန် အရည်အချင်းထုတ်မပြနိုင်တာတွေကို ဆမန်သာတစ်ယောက် ဘယ်လိုစိတ်ပြင်ဆင်မလဲ ကုသမလဲဆိုတာကို အေးအေးဆွေးဆွေးလေးကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက ဒရာမာအမျိုးအစားဖြစ်ပြီးတော့ ၂၀၂၃ မှာ ပူပူနွေးနွေးလေး ထွက်ရှိထားတာဖြစ်ပြီး ကြည့်ပျော်တဲ့ဇာတ်ကားလို့ပြောရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားဟာဆိုရင် IMDb မှာ Rating 6.3 တောင်ရရှိထားပြီး Rotten Tomatoes မှာဆိုရင်လည်း Audience Score 80% တောင်ရရှိထားပါတယ်။ File size…(1.4 GB)/(748 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Music, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Thriller • TV Movie
5.9 2023
The Red Shoes: Next Step
[18+] Due West: Our Sex Journey
5.3

(function(f,b,n,j,x,e){})(); ဒီဇာတ်ကားကတော့ ဟောင်ကောင် Erotic movie ထဲမှာ အမှတ်ရလောက်စရာ လိင်ပညာပေးဇာတ်ကားပါပဲ။ တင်းကျပ်တဲ့အိမ်ထောင်စုတစ်ခုက ယောကျာ်းလေးတစ်ယောက်ဟာ အချိန်တန်အရွယ်ရောက်လာချိန်မှာ ကိုယ်ခန္ဓာကတောင်းဆိုတဲ့ သွေးသားဆန္ဒနဲ့ ရှက်ရွံ့မှုတွေကြား ဗျာများပြီး ပေါက်ကရဖြစ်ချင်ရာဖြစ်လာတာကို ဟာသခပ်များများ အဖော်အချွတ် စိတ်ကူးယဉ်ခန်းခပ်များများနဲ့တင်ဆက်ထားပါတယ်။ အချစ်ဦးဆိုတာ တချို့လူတွေအတွက် ပထမဆုံးထိတွေ့မှုအခြေခံတဲ့ဆက်နွယ်မှုဆိုတာမျိုးတွေထိ ပွင့်ပွင့်လင်းလင်းချပြထားပါတယ်။ တချို့အခန်းတွေဆို Erotic ဆန်လွန်းအောင် တော်တော်မိမိုက်နေအောင် ရိုက်ကူးထားပါတယ်။ ဇာတ်ဆောင်ကောင်လေးက သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြတဲ့ တင်ဆက်ထားပုံကြောင့် သူ့ရဲ့စိတ်ကူးစိတ်သန်းနဲ့ ရိုးသားမှု ညစ်ညမ်းမှုတွေအကုန်မြင်နိုင်ပါတယ်။ အင်တာနက်ပေါ်က ရောင်းအကောင်းဆုံးစာအုပ်တစ်အုပ်ကို အခြေခံလို့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။

5.3 2012
[18+] Due West: Our Sex Journey
Strange Days
7.2

Strange Days (1995) ~ IMDb – 7.2/10, RT – 68%, Meta – 66% ~ 1995 တုန်းက Sci-Fi ကားတစ်ခုအ​နေနဲ့ထွက်ရှိထားပြီး နာမည်ကြီးသရုပ်​ဆောင် Ralph Finnes တို့ Angela Basset တို့ပါဝင်သရုပ်​ဆောင်ပါဝင်ထားပြီး Rating ​လေး​လည်း​ကောင်းတဲ့ Strange Days ဆိုတဲ့ကား​လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဇာတ်လမ်းကို​တော့ ရာစုနှစ်တစ်ခုရဲ့​နောက်ဆုံး​နေ့ (December 31, 1999) နဲ့ လူဖြူလူမည်းအဓိကရုဏ်းကို ​ကျောရိုးယူပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူတစ်​ယောက်ရဲ့​ခေါင်း​ပေါ်မှာ ချပ်ပြား​တွေပါတဲ့​ခေါင်းစွပ်ကိုတပ်ဆင်လိုက်တာနဲ့ သူ့ရဲ့ မှတ်ဥာဏ်​တွေကို မှတ်တမ်းတင်အ​​ခွေတစ်ခုအ​​နေနဲ့ သိမ်းဆည်းပြီး အဲဒါကို ပြန်တပ်ကြည့်လိုက်တာနဲ့ အဲဒီသူအတိုင်းခံစား​ရတဲ့ နည်းပညာကို တီထွင်နိုင်ခဲ့​ပေမဲ့ ရုတ်တရက် ရဲဘက်သုံးနည်းပညာကနေ တရားမဝင်နည်းပညာအဖြစ်​ပြောင်းလဲသွားခဲ့ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်​ကောင်ဖြစ်တဲ့ လန်နီက​တော့ ဒီနည်းပညာကိုအသုံးပြုပြီး လူ​တွေရဲ့စိတ်ကို​ကျေနပ်​​အောင်လုပ်​ပေးရင်း တစ်​နေ့မထင်မှတ်ပဲ လူမည်းတစ်​ယောက်ကို လူဖြူ ရဲ​တွေ ပစ်သတ်လိုက်တာကို မထင်မှတ်ပဲ မှတ်တမ်းက​နေ သိလိုက်ရပါတယ်။ တစ်ဖက်မှာလည်း ရည်းစား​ဟောင်း ဖိတ် နဲ့ သူငယ်ချင်းအိုင်းရစ်ကလည်း ဒီကိစ္စနဲ့ ပတ်သက်​နေတာကို သိသွားပြီး ရည်းစား​ဟောင်းအ​ပေါ် စိတ်မပျက်​​သေးတဲ့ လန်နီတစ်​ယောက် ဘယ်လိုလွတ်​မြောက်​အောင်ကယ်တင်ခဲ့လဲ… ဘယ်လို​တွေ​​ဖြေရှင်းခဲ့လဲဆိုတာ​တွေကို ကြည့်ရမယ့် ဒရာမာ အက်ရှင် သိပ္ပံစိတ်ကူးယဥ်ကား​ကောင်း​လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 25Min Genre – Crime, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.2 1995
Strange Days
The Lie
5.8

The Lie (2018) ============ ဒီဇာတ်ကားလေးကတော့ broken family တစ်ခုရဲ့ သက်ရောက်မှု တွေကို ဖော်ကြူးထားပါတယ်။ ဆယ်ကျော်သက်လေး ကေလာဟာ အမေ အဖေ တစ်ကွဲစီနဲ့ ဟိုကူးဒီကူးလုပ်နေရသူလေးပါ။ မိဘတွေ ကိုယ်စီမှာလည်း နောက်လူ အသီးသီးနဲ့ပေါ့။ တစ်ရက် ကျောင်းကပွဲ ကို တက်ရမယ့် အသွားလမ်းမှာ သူငယ်ချင်း ဘရစ်တနီကို တွေ့တာမို့ သူ့အဖေကားနဲ့ တစ်ပါတည်းလိုက်ဖို့ ခေါ်ခဲ့တယ်။ ဘရစ်တနီဆိုတာလည်း အလန်းဇယားလေးတစ်ယောက်၊ ကိစ္စလေး တစ်ခုနဲ့ စကားများရင်း အဖေ့ကွယ်ရာအရောက် သူငယ်ချင်းကိုတွန်း ချလိုက်စဉ်မှာ ပြဿနာတွေက စပါတော့တယ်။ သမီးဖြစ်သူ ငယ်ငယ် ရွယ်ရွယ်ကို ထောင်ထဲအပါမခံနိုင်တဲ့ မိဘတွေရဲ့ ကြိုးပမ်း အားစိုက် လိမ်ညာမှု၊ သူတို့တွေရဲ့ အပူမီးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မယ့် ဒရာမာကောင်းလေး ဖြစ်တာမို့ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thu Thu ဖြစ်ပါတယ်) File Size……….(1.22 GB) / (455 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Thu Thu Encoder……….SWM

TV Movie • Comedy • Romance
5.8 2018 95 mins
The Lie
Perfect Days
7.9

Perfect Days (2023) ~ IMDb – 7.9/10, RT – 93%, Meta – 73% ~ ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက “PERFECT DAYS” ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ နောက်တစ်ကားက Hirokazu Kore-eda ရဲ့ Monster ပေါ့။ Monster ကို အာရှရုပ်ရှင်ပရိသတ်တော်တော်များများကြည့်ပြီးကြသလို တော်တော်လည်းကြိုက်ကြတယ်။ Perfect Days ရဲ့ဇာတ်နဲ့ ပြသခြင်းဟာ အရမ်းရိုးရှင်းလွန်းတော့ Monster ကိုပဲ ဘာလို့ Entry မရွေးလိုက်လဲ ဝိုင်းပြောခဲ့ကြသေးတယ်။ Perfect Days ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ကျွန်တော့်အတွက် ဒီသံသယက ရှင်းသွားတယ်။ Perfect Days ဟာ ရိုးရှင်းလွန်းတာမှန်ပေမဲ့ တစ်ခါတ‌လေကျ ဒီလိုအပိုမပါဘဲ ရိုးရှင်းတာကို ရိုးရှင်းတဲ့အတိုင်းရိုက်ပြနိုင်တာကိုက ပိုအနုပညာမြောက်သလို သတ္တိပိုလိုတယ်လို့ မြင်တာပဲ။ ဒီလိုပြနိုင်လို့ပဲ ပါဖက်ဒေးဟာ ပါဖက်ဖြစ်တဲ့ရုပ်ရှင်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်ကြည့်ခဲ့သမျှထဲ ဂျပန်အနေနဲ့ရော အင်တာအနေနဲ့ရော အကြိုက်ဆုံးရုပ်ရှင်လို့ပြောရမယ်။ လက်ရှိမှာ အော်စကာ Shortlist ၁၅ကားထဲတော့ ဝင်ထားတယ်။ ကျန်တဲ့အပြိုင်ကားတွေကလည်း ကြမ်းသလို ဇာတ်တွေလည်း ဆန်းပြားကြတော့ ပါဖက်ဒေးဟာ ဆန်ခါတင်အနေနဲ့တောင် ဝင်ချင်မှတောင်ဝင်လိမ့်မယ်။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ရုပ်ရှင်တွေနဲ့ပတ်သက်လာရင် အတတ်ပညာကိုပါ ထည့်သွင်းစဉ်းစားမယ့် ဆုပေးပွဲတွေဟာ ဘယ်တုန်းကမှ လူ‌တွေရဲ့ ခံစားချက်တွေနဲ့ မညီဖူးဘူးကိုး။ ဒါပေမဲ့ ပါဖက်ဒေးက ခင်ဗျားကို ခင်ဗျားလိုချင်တဲ့ အရသာကိုတော့ ကျိန်းသေပေးနိုင်လိမ့်မယ်။ Perfect Days ရဲ့ အစက Win Wenders ကို တိုကျိုအိမ်သာပရောဂျက်ကို လေ့လာဖို့ဖိတ်ကြားလိုက်ရာက စတယ်။ တိုကျိုအိမ်သာပရောဂျက်က ကမ္ဘာတစ်ဝန်း Creator ၁၆ယောက်ကို ဖိတ်ခေါ်ပြီး တိုကျိုက နေရာ၁၇နေရာမှာ ခေတ်မီဆန်းသစ်တဲ့ အိမ်သာတွေဆောက်ခဲ့တဲ့ ပရောဂျက်ပေါ့။ တကယ်လည်း အိမ်သာတွေက လန်းတယ်။ ဒီရုပ်ရှင်မှာ အဲဒီအိမ်သာတွေကို မြင်ရလိမ့်မယ်။ ပရိုဂျူဆာက စစချင်း Wenders အနေနဲ့ ရှော့ဖလင်လေးတွေလောက်ရိုက်လောက်မယ်ပဲထင်ခဲ့ပေမဲ့ Wenders က Feature Film အနေနဲ့ပဲ ပြောင်မြောက်စွာ အသက်သွင်းခဲ့တယ်။ ဇာတ်ကြောင်းကတော့ ဆိုခဲ့သလို ရိုးရိုးလေးပဲ။ အဲဒီတိုကျိုအိမ်သာတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ဟိယာရာမဆိုတဲ့ အိမ်သာသန့်ရှင်းရေးသမားတစ်ယောက်ရဲ့ နေ့တွေအကြောင်းပဲ။ မနက်ဆို ဟိယာရာမက သူနေတဲ့အဆောင်ခန်းလို အခန်းလေးကနေထတယ်။ မျက်နှာသစ် အအေးတစ်ဘူးသောက် သူ့ကားပေါ်တက် အိမ်သာသွားဆေးတယ်။ ဆေးပြီးရင် ရေချိုးခန်းသွားရေချိုး။ ညနေကျ သူစားနေကျ မြေအောက်ဘူတာက ဆိုင်လေးမှာသွားစား။ ညဘက်ဆို စာအုပ်တစ်အုပ်ဖတ် အိပ်ရာဝင်တယ်။ သူ့တစ်နေ့တာက ဒါတွေပဲဖြစ်နေတာ။ တချို့နေ့တွေကျရင်တော့ သူထိုင်နေကျ အသေးစားဘားလေးကိုသွားတာတို့၊ သူ့ဖလင်ကင်မရာလေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုသွားထုတ်တာတို့၊ စာအုပ်ဆိုင်သွားပြီး ဈေးပေါပေါစာအုပ်တွေကို ရွေးတာတို့ လုပ်တတ်တယ်။ ဒီလောက်ကိုမှ ကားရဲ့တစ်ဝက်လောက်ကိုက အိမ်သာဆေးရင်းပဲ အချိန်ကုန်သွားတယ်။ ဒါဆိုဘာလို့ကြည့်သင့်တာလဲလို့ မေးလာရင်တော့ သူ့ရှင်သန်မှုနဲ့ သူ့ရှင်သန်ပုံ သူ့ရှင်သန်နည်းကြောင့်ပဲ။ ပြောခဲ့တဲ့ဟာတွေက ဒီကားထဲက သူ့တစ်နေ့တာအရာတွေအကုန်ပဲ။ ဒါပေမဲ့ အဲဒီတစ်နေ့တာအရာတွေကို သူလုပ်တဲ့ပုံက အဓိပ္ပာယ်ရှိနေတယ်။ ရှင်သန်မှုရှိနေတယ်။ ကျေနပ်ခြင်းရှိနေတယ်။ သူအိမ်သာသွားဆေးတဲ့အချိန် အိမ်သာဝင်မယ့်သူတွေက တစ်ခါတစ်ခါ သူဆေးနေရင်းတန်းလန်ကြီး ဝင်ဝင်လာတတ်တယ်။ အဲဒီကျ သူက အပြင်ထွက်စောင့်ပေးရတယ်။ နေရာအနှံ့အပြားရှိနေတဲ့ အိမ်သာပေါင်းစုံကို လိုက်ပတ်ဆေးနေရတဲ့သူအတွက် ဒီလိုပြန်စောင့်နေရတာက တော်တော်တော့အချိန်ပုပ်လိမ့်မယ်။ ဒေါသထွက်ချင်စရာ စိတ်ရှုပ်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဟိယာရာမကတော့ အိမ်သာ အပြင်ထွက်လိုက်တဲ့အခါ လေယိမ်းတိုင်းလှနေတဲ့သစ်ပင်ကြီးကို၊ သစ်ပင်ရဲ့အရိပ်တွေ လူတွေရဲ့အရိပ်တွေ အိမ်သာနံရံပေါ်ထင်ပြီး ပန်းချီတစ်ချပ်လို လှပနေတာကို အရသာခံကြည့်ရင်း အမြဲဆိုသလို သူ့မျက်နှာမှာ ဒီမြင်ကွင်းကို သူမြင်လိုက်ရတဲ့အတွက် အားရကျေနပ်တဲ့အငွေ့အသက်တွေ… ဒီမြင်ကွင်းကို အရသာခံစားနေတဲ့အငွေ့အသက်တွေ ပေါ်နေတယ်။ ဒါတော့ ခိုဂျိရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ချီးကျူးရလိမ့်မယ်။ အိမ်သာဆေးတဖြတ်နားလို့ နေ့ခင်းမုန့်စားတဲ့အခါလည်း ပန်းခြံထဲမုန့်စားနေရင်း သူ့ကိုမိုးထားတဲ့ သစ်ပင်ကြီးရဲ့အကိုင်းအရွက်တွေကို အမြဲအရသာခံကြည့်တတ်သလို သူမျက်စိထဲ လှတဲ့မြင်ကွင်းတွေအားလုံးကို သူ့ရဲ့ ခေတ်တော်တော်ဟောင်းနေတဲ့ ဖလင်ကင်မရာတစ်လုံးနဲ့ရိုက်ထားတတ်တယ်။ သူအားတဲ့နေ့တွေဆို အဲဒီဖလင်တွေကို ဓာတ်ပုံသွားကူးပြီး ပုံတွေကို ဘူးတွေ ဘူးတွေနဲ့ထည့်ပြီး တစ်လကိုတစ်ဘူးနှုန်းနဲ့ဘူးပေါင်းများစွာ သူ့ဗီရိုထဲသိမ်းထားတတ်တယ်။ ကင်မရာအပါအဝင် သူ့မှာ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုမှမရှိဘူး။ အကုန်အန်နာလော့တွေချည်း။ သူအလုပ်သွားတိုင်း သူ့ကားအိုကြီးက ကက်ဆက်ထဲ တိတ်ခွေတွေထည့်ပြီး သီချင်းနားထောင်တတ်တယ်။ ညဘက်ဆိုစာအုပ်တွေဖတ်တယ်။ ဖုန်းတောင် ခလုတ်ဖုန်းပဲ။ ဒါလည်းသုံးလှတယ်မဟုတ်ဘူး။ သူ့အလုပ်ဖြစ်တဲ့ အိမ်သာဆေးတဲ့အလုပ်ကိုလည်း အရမ်းကြီးစေ့စပ်သေချာလွန်းလို့ ဘေးလူတွေကတောင် ပြောယူရတဲ့လူမျိုး။ ပြောရရင် သူက သူ့ဘဝမှာသူလုပ်နေသမျှအားလုံးကို အရသာခံပြီးလုပ်တယ်… အရသာလည်းခံတတ်တယ်။ ဆိုခဲ့သလို အိမ်သာနံရံမှာထင်နေတဲ့အရိပ်တွေကိုတောင် ပန်းချီတစ်ချပ်လိုအရသာခံတတ်တဲ့လူမျိုး။ လမ်းမှာတွေ့တဲ့ အပင်ပေါက်စလေးတွေကိုတောင် ကောက်သိမ်းလာပြီး အိမ်မှာပြန်စိုက်ပြီး လှပစေတဲ့လူမျိုး။ ဒီလိုဆိုလို့ သူ့မှာဝမ်းနည်းခြင်းတွေ မရှိဘူးလားဆိုတော့ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဒီကားမှာ Wim Wenders အဖြူအမဲနဲ့ပြထားတဲ့အရာတွေရှိတယ်။ ဟိယာရာမရဲ့ အိပ်မက်လိုလို သူ့ညဘက်တွေရဲ့လွမ်းဆွေးခြင်း ဝမ်းနည်းခြင်းလိုလို သူ့ရဲ့တမ်းတခြင်းလို သူ့ရဲ့အတိတ်တွေလိုလို မရေရာတဲ့အရာတွေပေါ့။ ဒီအဖြူအမဲအခန်းတွေမှာ အပြက တော်တော်လေးလှသလို ဝမ်းနည်းစရာလွမ်းစရာလည်းကောင်းနေတယ်။ Wenders ဟာ ဟိယာရာမရဲ့ ညဘက်တွေကို အဲဒီလိုအရိပ်တွေနဲ့ပဲ ပုံဖော်ထားခဲ့တယ်။ ညခင်းတွေရဲ့ အထီးကျန်ခြင်းကို နားလည်တဲ့လူတွေအတွက်တော့ ဒီအခန်းတွေဟာ တော်တော်လှတဲ့ အခန်းတွေဖြစ်မှာဖြစ်သလို Wenders ရဲ့ပြသပုံကလည်း သူမတူအောင်ကောင်းတယ်လို့ ခံစားမိလိမ့်မယ်။ အခန်းတိုင်းရဲ့ စီနီမာတိုဂရပ်ဖီတွေလည်း လှလွန်းတယ်။ နောက် OST… Wenders အနေနဲ့ OST တွေကို သွင်းပုံက တော်တော်လေးမိုက်တယ်။ ဒီကားမှာ OST တွေကို နားထောင်ရတာက ဟိယာရာမနဲ့အတူတူပဲ နားထောင်ရမှာ။ နားထောင်ရမယ့်အချိန်ကလည်း များသောအားဖြင့်တော့ သူကားမောင်းတဲ့အချိန် ကားကက်ဆက်ထဲ တိတ်ခွေထည့်ပြီး ဖွင့်ထားတဲ့အချိန်တွေပဲ။ ဇာတ်ဝင်ခန်းတွေမှာ သီချင်းကိုလုံးဝမသုံးသွားဘူး။ တစ်ခါတော့သုံးသလိုလိုဖြစ်သွားပေမဲ့ အဲဒါကလည်း ရှေ့ကဖွင့်ထားတဲ့အချိန်နဲ့ တစ်ဆက်တည်းဖြစ်သွားတဲ့တစ်ခေါက်ပဲ။ ကျန်တာတွေကိုတော့ ဟိယာရာမနားထောင်တဲ့အချိန် သူနဲ့အတူတူ လိုက်နားထောင်ရမှာ။ သီချင်းတွေကတော့ ၁၉၆၀ – ၇၀က သီချင်းတွေချည်းပဲ။ အဓိကကတော့ ဒီကားရဲ့နာမည်တစ်ဖြစ်လဲ Lou Reed ရဲ့ “Perfect Day”ပေါ့။ နောက် Lou Reedရဲ့ “Pale Blue Eyes” တို့၊ Van Morrison ရဲ့ “Brown Eyed Girl”တို့၊ Nina Simone ရဲ့ “Feeling Good” တို့၊ Sachiko Kanenobu ရဲ့ “Aoi Sakana” တို့ပေါ့။ ဟိယာရာမရဲ့ တိတ်ခွေတွေကဖွင့်တဲ့သီချင်းတွေဆိုတော့ သူကြိုက်တဲ့ ၇၀ ၈၀က အင်္ဂလိပ်သီချင်းတွေများတယ်။ ဒီလိုခေတ်ဟောင်း အင်္ဂလိပ်သီချင်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ တော်တော်အရသာရှိတယ်။ Pale Blue Eyes ကတော့ ကျွန်တော့်အတွက် အကြိုက်ဆုံးသီချင်းပဲ။ ဟိယာရာမဟာ တော်တော်စကားနည်းတဲ့လူ။ ဒီကားရဲ့ပထမတစ်ခြမ်းကျော်ကျော်လောက်ကို သူတစ်လုံးမှ မပြောသွားဘူး။ သူများပြောလည်း သူခေါင်းညိတ်ခေါင်းခါလောက်နဲ့ပဲ တုံ့ပြန်တယ်။ ဒါပေမဲ့ ဒီလိုဆိုလို့ သူဟာအေးစက်တဲ့သူတော့မဟုတ်ဘူး။ သူရဲ့လူသားဆန်မှုကို ဒီကားရဲ့နေရာတော်တော်များများမှာ သိသိသာသာကြီးမဟုတ်ပေမဲ့ တော်တော်လေးပြသွားတယ်။ အထင်ရှားဆုံးကတော့ အိမ်သာထောင့်မှာ ဘယ်သူမှန်းမသိတဲ့လူနဲ့သူ့ရဲ့ အဝိုင်းနဲ့ကြက်ခြေခတ်ကစားပွဲပဲ။ အားလုံးသိတဲ့ကစားနည်းပါ။ ဇယားကွက်လို နေရာလွတ်ကိုးကွက်ရှိမယ်။ တစ်ဘက်က အဝိုင်းယူရင် တစ်ဘက်က ကြက်ခြေခတ်ယူရတယ်။ သုံးခုအရင်တန်းတဲ့လူကနိုင်မယ်။ အိမ်သာဆေးရင်း အဲဒီစာရွက်လေးကို အိမ်သာထောင့်မှာတွေ့တော့ သူက မလွှင့်ပစ်ဘူး။ ဘာမဟုတ်တဲ့ကိစ္စလေးပေမဲ့ သူက တစ်ကွက်ထပ်ဖြည့်ပြီး အိမ်သာထောင့်မှာ ပြန်ညှပ်ထားလိုက်တယ်။ တစ်ဘက်လူက ဒီနေ့အိမ်သာတက်ရင်း တစ်ကွက်ဖြည့်ခဲ့၊ သူက နောက်နေ့အိမ်သာဆေးရင်း နောက်တစ်ကွက်ထပ်ဖြည့်။ အဲဒီလိုနဲ့ အနိုင်အရှုံးတော့မရှိပေမဲ့ အကွက်ပြည့်သွားတယ်။ အကွက်ပြည့်သွားတဲ့အချန် တစ်ဘက်လူက “Thank You” ဆိုတဲ့စာလေးရေးရင်းထားခဲ့တယ်။ ဘာမဟုတ်တဲ့ကိစ္စလေးပါပဲ။ သိပ်လှတဲ့အဖြစ်အပျက်လေးဖြစ်သွားတယ်။ ဆိုခဲ့သလို ပထမတစ်ခြမ်းကျော်ကျော်အထိ စကားလုံးဝမပြောခဲ့တဲ့ ဟိယာရာမဟာ သူ့တူမလေး အိမ်က ထွက်ပြေးရင်း သူ့ဆီအလည်ရောက်လာမှပဲ စကားစပြောတယ်။ အဲဒီအချိန်မှာ သူ့အတိတ်ဘဝကို ဒဲ့ကြီးတော့ ပြောမပြပေမဲ့ ပါးပါးလေးလှစ်ပြသွားတယ်။ ဒါပေမဲ့ သူမပြောပြပေမဲ့ တော်တော်လည်းမြင်လိုက်ရသလိုပါပဲ။ Wenders ဟာ အိုဇုရုပ်ရှင်တွေကိုကြိုက်ဖူးတော့ အိုဇုဟန်နွယ်သွားတာလည်းဖြစ်နိုင်တယ်။ သူ့တူမလေးက သူ့ကို သူ့အမေက သူ့ကို သူ့ဦးလေးနဲ့သူ ကမ္ဘာမတူကြောင်းပြောတဲ့အကြောင်းပြောတော့ သူပြန်ပြောတာက “ဒီကမ္ဘာကြီးမှာ မတူညီတဲ့ကမ္ဘာတွေအများကြီးပဲ။ တချို့ကမ္ဘာတွေက ဆက်စပ်နေတယ် တချို့ကမ္ဘာတွေကတော့ မဆက်စပ်ဘူး”တဲ့။ သူ့အတိတ်က နုံချာတဲ့အတိတ်တော့မဟုတ်ခဲ့ဘူး။ ဘာလို့ ဒီလိုအလုပ်ရွေးလိုက်သလဲတော့မသိရပေမဲ့ သူ့ညီမက သူသိပ်ချစ်တဲ့တူမလေးကိုခေါ်ပြီး ထွက်သွားတဲ့အခါ ကျွန်တော်တို့မြင်ရမှာက မျက်ရည်တွေပဲ။ ဒီမျက်ရည်တွေက သူ့အတိတ်ပါပဲ။ နောက်တစ်နေ့ သူ့တူမလေးမပါတော့ပေမဲ့ မနက်ခင်းသူအိမ်သာသွားဆေး ညနေနိစ္စဓူဝလုပ်တဲ့ သူ့တစ်နေ့တာကို ဆက်ဖြတ်သန်းရတာပဲ။ အရင်လို အရသာအပြည့်နဲ့ပဲ။ Wim Wenders ရဲ့ “PERFECT DAYS” ဟာ ဟိယာရာမလို့ခေါ်တဲ့ အိမ်သာသန့်ရှင်းရေးအလုပ်သမားတစ်ယောက်ရဲ့ ကမ္ဘာအကြောင်းပဲ။ နောက် သူနဲ့ဆက်စပ်နေတဲ့ တခြားကမ္ဘာတွေအကြောင်း။ မဆက်စပ်တော့တဲ့ ကမ္ဘာဟောင်းတွေအကြောင်း။ ညညဆို မြင်နေရတတ်တဲ့ မဆက်စပ်တော့တဲ့ ကမ္ဘာတွေရဲ့အရိပ်တွေအကြောင်းပေါ့။ ကမ္ဘာထဲက ဆက်စပ်နေတဲ့ကမ္ဘာတွေ။ ကမ္ဘာထဲက မအပ်ဆက်တော့တဲ့ ကမ္ဘာတွေ။ ကမ္ဘာဟာ လည်နေမြဲပဲ။ ကမ္ဘာဟောင်းရဲ့ အရိပ်တွေ ထင်နေဆဲပဲ။ အရိပ်တွေနဲ့ပဲ ကျွန်တော်တို့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အပ်ဆက်နေတဲ့ကမ္ဘာတွေ မအပ်ဆက်တော့တဲ့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အရိပ်တွေလည်းရှိမယ်။ ရေခဲမြစ်တွေလည်းရှိမယ်။ တံခါးကိုဖွင့်ကြည့်တတ်ရင် နွေဦးတွေကိုလည်း မြင်မယ်။ ရေခဲမြစ်တွေလည်း အရည်ပျော်ဦးမယ်။ အရိပ်တွေနဲ့ အလှတရားတွေနဲ့ လည်နေတဲ့နေ့ရက်တွေ။ နွေဦးပေါက်နေ့ရက်တွေ။ မပြည့်စုံတဲ့ကမ္ဘာကြီးထဲ မပြည့်စုံခြင်းတွေနဲ့ ပြည့်စုံနေခဲ့တဲ့နေ့ရက်တွေ… ရှင်သန်နေတဲ့နေ့ရက်တွေ… နေ့ရက်တွေ… နေ့ရက်တွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 2023
Perfect Days
Unit 262
1.6

FBIနဲ့ Unit 262တို့ရဲ့ စစ်ဆင်ရေး တစ်ခုအကြောင်း တင်ဆက်ပေးချင်ပါတယ်။ Unit 262 ဆိုတာက နိုင်ငံတကာက အလိုရှိနေတဲ့ မူးယစ်ဆေးဝါးဂိုဏ်းချုပ်တွေ၊ လက်နက် မှောင်ခိုမှုတွေနဲ့ လူကုန်ကူးမှုတွေ၊ နျူကလီယားမှောင်ခိုရောင်းဝယ်မှုတွေကို တိုက်ဖျက်နေတဲ့ အစ္စရေး ဖိုက်တာတပ်ဖွဲ့ ဖြစ်ပါတယ်။ ယာကုပ် ဟာဒါ,ဟာ ယာနဗ် ကပ်ဖ်နီနဲ့ အတူတူ​ပေါင်းပြီး အနောက်ဘက်ကမ်းရိုးတန်းမှာ မကောင်းမှု ဒုစရိုက်မှန်သမျှကို ကြိုးကိုင်ခြယ်လှယ်လုပ်ကိုင်နေကြတဲ့ ရာဇဝတ်သား ဂိုဏ်းခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ဟာဒါတို့ တစ်သိုက် ကြိုက်သလို မကောင်းမှုလုပ်နေပေမယ့် အမေရိကန်တွေကတော့ မသိသလို မဆိုင်သလို လျစ်လျူရှု့ထားပါတယ်။ ဒါပေမယ့် နျူကလီးယားရောင်းဝယ်နေတယ်ဆိုတဲ့ သတင်းကြားတော့ အမေရိကန်ကြီးက FBIတွေကို စေလွှတ်လိုက်ပါတော့တယ်။ ရွန်းနီ,ဟာ FBI အေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ သူက Unit 262နဲ့ ပူးပေါင်းပြီး ဟာဒါတို့ကို ဖမ်းစီးဖို့ သူလျှိုအနေနဲ့ ဟာဒါ့ရဲ့အနီးနားမှာ ဝင်လုပ်ရပါတော့တယ်။ ယခုရုပ်ရှင်ဟာ အမေရိကန်နဲ့ အစ္စရေးနိုင်ငံ ၂ခုအကြား ကျဥ်းမြောင်းတဲ့ စစ်ဆင်ရေး တစ်ခုကို သေချာရိုက်ပြထားနိုင်ပြီး ကြည့်ရှုရတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းလှပါတယ်။ Castတွေရဲ့သရုပ်ဆောင်ကလည်း အင်မတန် ကောင်းမွန်လှပြီး ကမ္ဘာကြီးကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ကို ဖြေရှင်းကြပုံတွေကို ရင်ခုန်ဖွယ်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း သာမန်နဲ့ကွဲထွက်နေပြီး ရုပ်ကူးထားတဲ့ပုံစံကလည်း အများနဲ့မတူတဲ့အတွက်ကြောင့် သာမန်သူလျှိုရုပ်ရှင်တွေလိုမဟုတ်ဘဲ ကြည့်ရှု့ရတာ တစ်မျိုးထူးပြီး ကြည့်လို့ကောင်းမှာပါ။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(973 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

1.6 2023
Unit 262
Cinderella
5.4

Sinderella (2006) စင်ဒရဲလားပုံပြင်အဖြေရှာရမယ့် ကိုရီးယားသည်းထိတ်ရင်ဖိုကား လာပါပြီ။ တစ်ဦးတည်းသော သမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ဟျွန်းဆုဟာ ပလက်စတစ်ဆာဂျရီဆရာဝန်ဖြစ်တဲ့ မိခင်လက်အောက်မှာ မင်းသမီးတစ်ပါးလို ကြီးပြင်းလာရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အလှအပကို ဦးစားပေးပြီး ခွဲစိတ်ပြုပြင်နေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာမှ သူကတော့ ပြစ်မျိုးမှဲ့မထင် အလှမျိုးနဲ့ သဘာဝအတိုင်း လှလို့နေတာပါပဲ။ ဒါပေမဲ့ မကြာခင်မှာပဲ သူ့အမေဆီမှာ ခွဲစိတ်မှုခံယူခဲ့တဲ့သူငယ်ချင်းတွေ သံသယဝင်ဖို့ကောင်းတဲ့ အကြောင်းရင်းတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပါတော့တယ်။ တစ်ချိန်တည်းမှာပဲ သူနဲ့မျက်နှာချင်းတူတဲ့ ကလေးမလေးတစ်ယောက်ရှိတဲ့အကြောင်း ရှာတွေ့သွားတဲ့အခါ…။ မိခင်ဖြစ်သူ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်… စင်ဒရဲလားညီအစ်မ ဇာတ်မှာ ဘယ်သူက,မလဲဆိုတာကို အခန်းတိုင်း မျက်တောင်မခတ်ဘဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 1.6GB | 598MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator …..Su Myat Encoder ….. Aaron

5.4 2006
Cinderella
Eye on Juliet
6.4

Eye on Juliet ဇာတ်ကားဟာ 2017 မှာ ထွက်ရှိထားတဲ့ Romance/Drama အမျိုးအစား ဖြစ်ပါတယ်။ IMDb 6.4 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရ အဆင်ပြေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ရီမုထိန်းချုပ်စက်ရုပ်လေးတွေနဲ့ ဆီပိုက်လိုင်း လုံ‌ခြုံရေးပေးရတဲ့ ဂေါ်ဒန်ဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံရာမှာ ဘာတွေဆက်ဖြစ်မလဲ။ အသဲကွဲနေတဲ့ ဂေါ်ဒန်ဟာ အချစ်ကိုအယုံကြည်ရှိဦးမှာလား၊ သူ့ရဲ့နေ့စဉ်ဘဝကိုဘယ်လိုသက်ရောက်လဲ ဆိုတာကို မြင်တွေ့ရမှာပါ။ မိုင်ထောင်ချီဝေးနေလည်း ချစ်ရင်ဘာမဆိုဖြစ်နိုင်မလားဆိုတာကို Channel Myanmar ပရိတ်သတ်ကြီးတို့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာဖြစ်ပါတယ်။ File size… 1.2 GB / 562 MB Quality… BDRip 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by KK

6.4 2017 96 mins
Eye on Juliet
Sana aka Minna no Uta
5.3

Minna No Uta (2023) Imdb -5.3 ကက်ဆက်သံကြားမိသူတိုင်း ဆန်းကြယ်မှုထဲပတ်သက်မိပြီး ပျောက်ဆုံးကုန်ကြတဲ့ ထူးခြားဆန်းကြယ်ကက်ဆက်.. ဇာတ်လမ်းအစကတော့ ရေဒီယိုအသံလွှင့်ရုံကနေ နားဆင်သူတွေနဲ့ လိုက်ဖ်ရှိုးလုပ်နေတုန်း လူတစ်ယောက်က ကက်ဆက်အကြောင်းမေးခဲ့တယ် ကက်ဆက်တိပ်ခွေရောက်လားပေါ့ စတူဒီယိုအဖွဲ့သားတွေက ဒါကိုရိုးရိုးတိပ်ခွေပဲထင်ကြပေမဲ့ ဒီဟာမှာကပ်ပါလာတဲ့ အမှောင်လောကသားကိုတော့ သူတို့မမြင်ခဲ့ကြ ဒီကက်ဆက်တိတ်ခွေနောက်ဆက်တွဲရလဒ်အနေနဲ့ကတော့ လိုက်ဖ်ရှိုးလွှင့်ဖို့ရက်သိပ်မကျန်တော့တဲ့ Generations ဆိုတဲ့အဖွဲ့ထဲက အဆိုတော်ပျောက်ဆုံးသွားတာပါ မပျောက်ဆုံးခင် ဒီအဆိုတော်က သီချင်းညည်းသံတွေကြားခဲ့ရပြီး လေ့ကျင့်ချိန်မှာလည်း သူမဟုတ်သလို သူပဲထူးဆန်းတာတွေတွေ့‌သလိုဖြစ်နေတော့ အဖွဲ့သားတွေစိတ်ပူနေချိန်မှာပဲ ပျောက်ဆုံးသွားခဲ့တာပါ ဒီအမှုကို အစကလိုက်ရင်းကနေ ကက်ဆက်တိပ်ခွေရဲ့အတိတ်အကြောင်းပါ စုံစမ်းမိသွားပါတယ် ဒါကတော့ဘာများဖြစ်မလဲ မမြင်ရတဲ့ပရလောကသားကရော ဘာလိုချင်တာလဲဆိုတာကိုတော့ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် )

5.3 2023
Sana aka Minna no Uta
Longlegs
7.1

အောက်ကားတွေပဲ ရိုက်နေရာကနေ နာမည်ပြန်ပြန်ရလာပြီဖြစ်တဲ့ နစ်ကလက်ကေ့ဂျ်ရဲ့ နောက်ဆုံးထွက် ဟော်ရာရုပ်ရှင်လာပါပြီ။ ဒီရုပ်ရှင်က အင်ဒီ ဟော်ရာရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး အဖြစ် သန်း ၁၀၀ ရပြီး စံချိန်တင်သွားခဲ့တာပါ။ ရုပ်ရှင်ရဲ့ ဘက်ဂျက်က ၁၀ သန်းတောင်မပြည့်ခဲ့ပါဘူး။ A24 ရဲ့ Talk To Me နဲ့ ၄၈ သန်းရခဲ့တဲ့ စံချိန်ကို နှစ်ဆ ချိုးသွားတာပါ။ Neon ကုမ္ပဏီက ဖြန့်ချီပေးခဲ့ပြီး နစ်ရဲ့ Saturn Films production company က ပရိုဂျူဆာအဖြစ် ပါဝင်ခဲ့တာပါ။ ဒါရိုက်တာကတော့ ဟော်ရာဒါရိုက်တာ Osgood Perkins ပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန် ဆိုက်ကို ဟော်ရာ အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း *************** အက်ဖ်ဘီအိုင် အေးဂျင့် လီဟာကာ ကို ကွင်းဆက်လူသတ်သမား တစ်ယောက်ကိုလိုက်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ အဲဒီလူသတ်သမားက နှစ် ၃၀ အတွင်း မိသားစု ၁၀ စုကို သတ်ခဲ့တာပါ။ ဒါပေမဲ့ ပြဿနာက လူသတ်မှုတွေအားလုံးက မိသားစုဝင်အချင်းချင်း သတ်ပစ်ကြပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ အမှုတွေချည်းဖြစ်နေတာပါပဲ။ သူ့လက်ချက်ပါလို့ သိသာစေတဲ့ စာတစ်စောင်ချန်ခဲ့လို့သာ တရားခံရှိတယ်ဆိုတာသိရပြီး တရားခံဟာ အမှုဖြစ်ချိန်တိုင်းမှာ လူကိုယ်တိုင် ရှိမနေခဲ့ပါဘူး။ အဲဒီ ဝှက်စာတွေအရ တရားခံကို ခြေတံရှည်ကြီးလို့ သိရပါတယ်။ လီဟာကာတစ်ယောက် လူသတ်မှုတွေရဲ့ နောက်ကွယ်က ဆက်စပ် ပုံတွေကို အဖြေရှာရင်း နောက်ထပ် လူသတ်မှုတွေ ဖြစ်လာမှာကိုပါ ရိပ်စားမိပြီး တားဆီးဖို့ ကြိုးစားရပါတော့တယ်။ File size…2.09GB / 1.13GB / 533MB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 41m Genre ….. Crime , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Music • Drama
7.1 2024 101 mins
Longlegs
House of Spoils

ဒီဇာတ်ကားကတော့ မကြာသေးခင်ကမှထွက်ရှိထားပြီး IMDbမှာ 4.8/10အထိရရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဒီဇာတ်ကားထဲမှာတော့ ရည်မှန်းချက်ပြည့်ဝပြီး တက်လမ်းတွေကိုအမြဲရှာနေတဲ့စားဖိုမှူးတစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့နာမည်ကြီးစားသောက်ဆိုင်ကထွက်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းစဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ ဘဝဆိုတာအမြဲတမ်းလွယ်ကူနေတာမဟုတ်လေတော့ ပြဿ‌နာပေါင်းစုံနဲ့ ဒုက္ခတွေတွေ့ရပါတော့တယ်။ သူ့ကိုအမြဲသံသယဝင်နေတဲ့ စီးပွားရေးတွဲဖက်၊ ရင်းနှီးမြုပ်နှံသူတွေ‌ကြားထဲမှာ သူ့ကိုယ်သူပြန်အဖတ်ဆယ်ဖို့ကြိုးစားရင်း ဆက်တိုက်ဆိုသလို သူပြောင်းလာတဲ့အိမ်မှာ မကျွတ်သေးတဲ့ဝိဉာဉ်တစ်ကောင်ကပါ အမျိူးမျိုးဒုက္ခပေးလာတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ File size…(2.1 GB)/(875 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

Drama • Romance
0 2024
House of Spoils
Watchmen: Chapter I
7.2

**”Watchmen: Chapter I” (2024)** ဟာ Alan Moore နဲ့ Dave Gibbons တို့ရဲ့ အထင်ကရ ဂရပ်ဖစ်ဝတ္ထုကို ကာတွန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အချိန်ကာလ တလှည့်စီဖြစ်ပျက်နေတဲ့ ၁၉၈၅ ခုနှစ်မှာ လူမှု အသိုင်းအဝိုင်းက သဘောထားမတိုက်ဆိုင်မှုတွေကြောင့် စူပါဟီးရိုးတွေကို တရားမ၀င်သောကမ္ဘာတခုမှာ ဖြန့်ကြက်ထား တာပါ။ ‌ဇာတ်လမ်းရဲ့အဖွင့်မှာတော့ လူရွှင်တော် “The Comedian” လို့ လူသိများတဲ့ အစိုးရကထောက်ပံ့ထားတဲ့ စူပါဟီးရိုးတစ်ဦး သတ်ဖြတ်ခံရမှုနဲ့အတူ စတင်ထားပါတယ်။ Rorschach က ဒီအမှုကိုလိုက်တဲ့အခါမှာ အမှုက ပိုမိုနက်ရှိုင်း လာတာနဲ့အမျှ Nite Owl၊ Silk Spectre၊ Dr. Manhattan နဲ Ozymandias အပါအဝင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ပါ၀င်တဲ့ ရှုပ်ထွေးတဲ့ ပူးပေါင်းကြံစည်မှုတခုကို ဖော်ထုတ်တွေ့ရှိ ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုဟာ သူတို့ရဲ့အသက်ကို ခြိမ်းခြောက်နိုင်ရုံတင်မက သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေမည့် အလားအလာရှိပြီစ ကမ္ဘာကြီးတခုလုံးကို ပြာပုံအတိဖြစ်စေမယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကပဲ ဒီဇာတ်ကားရဲ့အနှစ်သာရကို ဆက်လက်ကြည့်ရှု ခံစားကြည့်ကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ PHONIX ဖြစ်ပါတယ် ) File size…1.55GB / 689MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 23m Genre ….. Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by PHONIX

Mystery • Thriller • Horror
7.2 2024 84 mins
Watchmen: Chapter I
Today Again Un oggi alla volta
6.8

Today Again (2023) IMDb Rating (6.8) အခုခေတ်နည်းပညာတွေကို သဘောမကျတဲ့ အူကြောင်ကြောင် စိုးရိမ်လွယ်တဲ့ 19 နှစ်အရွယ်ကောင်လေး Marco က သူငယ်ချင်းတွေနဲ့ သူ့တစ်ယောက်တည်းကမ္ဘာမှာ အေးဆေးနေတတ်တဲ့သူဖြစ်တယ်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို Aria လို့ခေါ်တဲ့ ပစ္စုပ္ပန်ကိုပဲတွေးပြီး ဘဝကို သွက်သွက်လက်လက်နေထိုင်တတ်တဲ့ ကောင်မလေးနဲ့တွေ့အောင်လုပ်ပေးခဲ့ပြီးနောက်မှာတော့ သူ့ဘဝ အများကြီးပြောင်းလဲလာခဲ့တယ်။ Aria က စာညံ့တဲ့ Marco ကို အထက်တန်းစာ သင်ပေးရင်း သူတို့နှစ်ယောက်အတူတူ အချင်းချင်းရဲ့ကြောက်ရွံမှုတွေကို နှစ်သိမ့်ပေးပြီး သံယောဇဥ်တွယ်လာခဲ့ကြတယ်။ ဒီဇာတ်လမ်းလေးက ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှု၊ ချစ်ခြင်းမေတ္တာနဲ့ “နေ့တစ်နေ့ချင်း ဖြတ်သန်းဖို့” ရဲ့ အရေးပါမှုကို ဖော်ပြထားပြီး ရယ်စရာအလွဲတွေနဲ့ နှလုံးသားနွေးထွေးမှုတွေပါ ရသစုံအောင်ပေးစေမယ့်အီတလီ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:42:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

6.8 2023 101 mins
Today Again Un oggi alla volta