YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) Legend.2015.720p.BluRay.REMUX.AVC-Naung.mp4

1.07 GB N/A video/mp4 857 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Infernal Affairs
7.8

Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း... အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာ အရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်.... အရာရှိချန် ဘာတွေဆက်လုပ်မလဲ... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ...။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့ ZERO ပါ )

Comedy • Drama • Romance
7.8 2002 101 mins
Infernal Affairs
[18+] Pabuya
5

Pepe နဲ့ Jojo တို့ဟာ နယ်မြေတစ်ခုစီကိုအပိုင်စားယူထားတဲ့ ဂန်းစတားတွေပါ။ အခုတလောတော့ Pepe ရဲ့ပိုင်နက်တွေကို တစ်ခုပြီးတစ်ခု Jojo က သိမ်းယူလာပြီးတော့ Pepe ဆီကလူတွေပါ တစ်ဖက်ကိုရောက်ကုန်ပါတယ်။ သူတို့ဂိုဏ်းတွေကြားက ရန်စကိုဖြေရှင်းဖို့ အထက်က သူတို့ကို လက်နက်မပါပဲအနိုင်တိုက်ကြေး၊ နိုင်တဲ့အဖွဲ့က နယ်မြေယူဖို့ ပွဲတည်ပေးလိုက်တဲ့အချိန်မှာတော့ Pepe လက်လွန်ပြီး တစ်ဖက်က လက်ရုံးတစ်ယောက်ကို သတ်မိသွားပါတော့တယ်။ တကယ်တော့ အဲ့ဒီလက်ရုံးဟာ Jojo ရဲ့လက်ရုံးတင်မကပဲ ရဲတပ်ဖွဲ့ကလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်လည်း ဖြစ်နေတဲ့အတွက် Pepe တစ်ယောက်သေပြေးရှင်ပြေး ပြေးရင်း အချစ်ဟောင်းဖြစ်တဲ့ အလှပဂေးလေး Bella နဲ့တစ်ဖန်ပြန်ဆုံဆည်းရချိန်မှာတော့... ဒီဇာတ်ကားမှာတော့ Vivamax ကားတွေမှာတစ်ခါမှမတွေ့ရဖူးတဲ့ မျက်နှာသစ်မင်းသမီးလေးတစ်လက်ဖြစ်တဲ့ Franki Russell ကိုပွဲထုတ်ထားပါတယ်။ ကြွေရုပ်ဖယောင်းရုပ်လေးလို ဖူးမွတ်နေအောင်လှတဲ့အနောက်တိုင်းသူ မျက်နှာပေါက်လေးနဲ့ဆိုတော့အားလုံးအကြိုက်တွေ့ကြမှာပါ။ သူ့ IG လေးပါ အဆစ်ထည့်ပေးလိုက်ပါတယ်။ Instagram Link (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 580MB Quality - 1080p, 720p Format - mp4 Duration - 1H 21Min Genre - Action, Adult, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Mystery • Science Fiction • Thriller
5 2022 81 mins
[18+] Pabuya
Out of Time
6.3

မီယာမီနားက ဘန်ယန်ကီးမြို့မှာ ရှိတဲ့ ရဲဋ္ဌာနအသေးလေးရဲ့ ခေါင်းဆောင်ဖြစ်သူ ဝှစ်လော့ခ် တစ်ယောက်က အိမ်ထောင်ရေးအဆင်‌မပြေမှုကြောင့် အန်မာရိုင်း ဟယ်ရီဆန်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးနဲ့ ကြိတ်ပုန်းခုတ်နေသူပါ အန်မာရိုင်းမှာလည်း ခရစ် ဟယ်ရီဆန်ဆိုတဲ့တရားဝင်ယောက်ျားတစ်ယောက်ရှိပါတယ် ဝှစ်လော့ခ်တို့ ရဲဋ္ဌာနမှာလည်း မူးယစ်ဆေးဝါးအမှုကဖမ်းဆီးရမိတဲ့ ဒေါ်လာငါးသိန်းနီးပါးကိုသိမ်းထားပါတယ် ‌ဝှစ်လော့ခ်တစ်ယောက် တိတ်တိတ်ပုန်းချစ်သူ အန်မာရိုင်းရဲ့ကင်ဆာကို ကုပေးဖို‌ ငွေအလွဲသုံးစားလုပ်ရင်း ဘယ်လိုမထင်မှတ်ထားတဲ့ထောင်ချောက်ထဲ ဘယ်လိုကျသွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဟယ်ရီဆန်တို့ရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဝှစ်လော့ခ်တစ်ယောက် သားကောင်မဖြစ်ရအောင် ဘယ်လိုကြိုးစားရုန်းထွက်သွားမလဲဆိုတာ ရှုစားလိုက်ပါ File size…(2.42GB/(1.09GB)/(531GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Crime   / Drama /  Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin

Crime • Drama • Thriller
6.3 2003 105 mins
Out of Time
Pil’s Adventures
6.2

Pil’s Adventures (2021) တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။ ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့ Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။ သူတို့နောက်ကို မှော်ဆရာက လွှတ်သတ်ခိုင်းထားတဲ့ ကြေးစားလူသတ်သမားတွေရော ယူနီကွန်းကိုမှ ဗလကောင်းကောင်းယူနီကွန်းတွေရော ခွေးပျံကြီးနဲ့ရော ရင်ဆိုင်ကြရမှာပါ။ မက်ဆေ့လိုချင်သူတွေအတွက်လည်း ဖရန့်ရှစ် မေတ္တာ အုပ်ချုပ်ရေး မက်ဆေ့အကုန်ပေးနိုင်သလို ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ စိတ်ကျေနပ်ရုံကြည့်ချင်တဲ့သူတွေအတွက်လည်း ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို့ ကြည့်ထားသင့်တဲ့ ချစ်စရာဟာသကာတွန်းရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 830MB, 604MB Quality – 1080p, 720p, 480p IMDb Rating – 6.2/10 Format – mp4 Duration – 1H 29Min Genre – Animation, Adventure, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Romance • Thriller
6.2 2021
Pil’s Adventures
HiGH&LOW The Movie 3: Final Mission
7.2

High & low the Movie 3 – Final Mission ကတော့ဂျပန်အက်ရှင်ဒရာမာ ရုပ်ရှင်တွဲဖြစ်တဲ့ High and Low series ရဲ့လေးကားမြောက်ပါ။ဂျပန်ယာကူဇာတွေဖြစ်တဲ့ ခူရူးယုဂိုဏ်း(Kuryu Group)နဲ့ SWORD အဖွဲ့တို့ကြားက တိုက်ပွဲကိုရိုက်ထားပြီး ရှေ့ကသုံးကားဖြစ်တဲ့ High & Low the Movie 1,High & Low the Red Rain,High & Low the Movie 2/ End of Sky တို့ရဲ့အဆက်ပါ။ရုပ်ရှင်ဒရာမာရသအပြည့်အဝခံစားချင်ရင်တော့ ကားအစဉ်လိုက်ကြည့်ဖို့ညွှန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Nameless City ဆိုတဲ့အမည်မရှိမြို့မှာအရင်ကဆေးဝါးစက်ရုံတစ်ခုရှိခဲ့ပါတယ်။အဲ့ဆေးဝါးက ဗိုင်းရပ်စ်ကုသတဲ့နေရာမှာထိရောက်မှုရှိခဲ့တဲ့အတွက်အစိုးရကလည်းထောက်ခံမှုပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးကအခြားဘက်မှာဆိုးကျိုးတွေရှိနေပြီး ကုသခဲ့တဲ့လူနာတွေကခြောက်လအတွင်းမှာသေဆုံးခဲ့ပါတယ်။အဲ့အကြောင်းကြောင့်ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရပါတယ်။ထို့အပြင်ကုမ္ပဏီကထွက်တဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေအနီးနာရေကန်ဆီစွန့်ပစ်ခံလိုက်ရပြီး ထိုဒေသမှာနေတဲ့လူတွေ အဆိပ့်သင့်ဓာတ်ပစ္စည်းတွေရဲ့အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။ထိုအကြောင်းတွေသိတော့ အစိုးရကသက်ဆိုင်ရာတွေကိုခေါ်ပြီးမြေဖို့ ဖုံးဖိခဲ့ပါတယ်။ ဆေးကုမ္ပဏီက ကျန်ရှိနေတဲ့သက်သေတွေအစဖျောက်ဖို့ ခူရူးယုဂိုဏ်းကိုငှားခဲ့ပါတယ်။တစ်ဖက်မှာလည်း အစိုးရနဲ့ခူရူးယုပူးပေါင်းကာ မိုင်းတွင်းနဲ့အမည်မရှိမြို့ကိုဖောက်ခွဲဖျက်ဆီးပစ်ပြီး ထိုနေရာမှာသူတို့အကျိုးအမြတ်ရမဲ့ ကာစီနိုတစ်ခုကိုတည်ဆောက်ဖို့လုပ်ပါတော့တယ်။ထိုအခါ အဆိပ်သင့်ဘေးကိုခံရရုံမက အမည်မရှိမြို့သူမြို့သားတွေက နေထိုင်ရာမှအတင်းအကျပ်ဖယ်ခိုင်းခံရပြီး အဆိပ်သင့်ခံထားရတဲ့သားကောင်များကိုပါသုတ်သင်ရှင်းလင်းဖို့လုပ်တာခံရပါတော့တယ်။SWORD အဖွဲ့ဟာမိမိတို့ပိုင်နက် နယ်မြေနဲ့ အမည်မရှိမြို့ကိုကာကွယ်ဖို့ကြိုးစားရင်း ခူရူးယုနဲ့အတိုက်အခံဖြစ်ကာမိမိတို့အသင်းသားများနဲ့မိသားစုဝင်များပါလုပ်ကြံခံရပါတယ်။ထိုသို့မတရားမှုများကိုပြန်လည်တွန်းလှန်ရန် SWORD အဖွဲ့များစည်းလုံးပြီး ခူရူးယုကိုတိုက်ခိုက်ချေမှုန်းဖို့ပြင်ဆင်ပါတော့တယ်။ အင်အားကြီးမားလှတဲ့ ခူရူးယုဂိုဏ်းကိုဘယ်လိုအနိုင်တိုက်ချေမှုန်းသွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီး ဂျပန်အက်ရှင်ကြိုက်သူတို့အတွက် လက်လွတ်မခံသင့်တဲ့ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ File size…1.79GB / 904.6MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Nwe Hnin Thazin

Thriller • Romance
7.2 2017
HiGH&LOW The Movie 3: Final Mission
A Father’s Nightmare
5.5

A Father’s Nightmare (2018) ===================== လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ် သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။ သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင် မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက် လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ် တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများ တယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ် ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့ သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။ သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင် လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ် ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာ ရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ် သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့ စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေး ပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရ တယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစား စရာလေးဖြစ်နေပြီ။ လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာက သူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အ ဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို မြင်နေရတာ အဖေတစ် ယောက်ရဲ့အိပ်မက်ဆိုးပါပဲ။ ဒီလိုနဲ့လီဆာ့အဖေဟာ စပြီးစုံစမ်း တယ်။ ဗန်နက်ဆာ့ကို သူ့သမီးအနားကနေ ဖယ်ထုတ်ဖို့ ကြိုးစား တယ်။ ဒါပေမဲ့ သူသိလိုက်ရတဲ့အရာက နောက်ထပ်အိပ်မက်ဆိုး တစ်ခု ဖြစ်နေပြန်တာပါပဲ။ လီဆာနဲ့သူ့အဖေတို့ ဗန်နက်ဆာ့ရဲ့အကြံ အစည်ကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား။ ဗန်နက်ဆာကရော ဘာလို့သူများဘဝကိုဖျက်ဆီးရတာကို ပျော်မွေ့နေတာလဲ။ ကဲပါ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.66 GB) / (660 MB) / (378 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Ngwe Zin Encoder……….SWM

5.5 2018 90 mins
A Father’s Nightmare
The Blackwell Ghost 7

The Blackwell Ghost 7 (2023) ဒါကတော့ horror series တစ်ခုဖြစ်တဲ့ The Blackwell Ghost series ထဲက IMDb 6.4 ရထားတဲ့ 7ကားမြောက် ဇာတ်လမ်းပဲဖြစ်ပါတယ်။ The Blackwell Ghost ဆိုတာ Turner Clayတစ်ယောက် ဒါရိုက်တာလည်း သူ၊ ဇာတ်လိုက်လည်း သူ၊ ရိုက်ကူးရေးလည်း သူပဲ တာဝန်ယူပြီးတော့ လက်စွမ်းပြထားတဲ့ seriesကောင်းတစ်ခုပေါ့။ paranormalအဖြစ်အပျက်တွေကို တကယ်လား၊ ရုပ်ရှင်လား အထင်မှားအောင်ရိုက်ထားတဲ့ ဇာတ်လမ်းတွေဆိုလည်း မမှားဘူး။ ရှေ့ကကားတွေက ကြောက်စရာကောင်းခဲ့ပေမယ့် ဒီကားမှာတော့ horror ထက် mysteryဘက်ကို ပိုသွားထားတာတွေ့ရတယ်။ ရှေ့ကားတွေနဲ့ ဆက်စပ်နေတဲ့အပိုင်းတွေ ရှိပေမယ့်လည်း main plotက မတူတော့တာမို့ ရှေ့ကားတွေမကြည့်ထားရင်တောင် ဒီကားကိုပဲ ဖောက်ကြည့်လို့ရပါတယ်။ ကောင်မလေးတစ်ယောက် ပျောက်တဲ့အမှုကနေစလိုက်တာ psycho တစ်ကောင်ရဲ့ကစားစရာ ဖြစ်မှန်းမသိဖြစ်သွားတဲ့ Turner Clayတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ၊ Psycho ကောင်ကိုရော ဖမ်းမိမှာလား၊ ကလေးတွေနဲ့ရော အတူတူပြန်နေခွင့်ရမှာလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားလိုက်ပါဦး~ အညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 3GB | 799MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Funzae Encoder ….. Aaron

Drama
0 2023
The Blackwell Ghost 7
Corner Office
6

ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင် တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Office ဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်း လွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကို သုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေ လုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေ အားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။ အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့ တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့ သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီး မတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်း သူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာ သူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကို စွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို Storytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
6 2022 102 mins
Corner Office
Let the Dance Begin
6.9

Let the Dance Begin (2023) ~ IMDb – 6.9/10, Rotten Tomatoes – 100% ~ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်၊ အဲဒါအပြင် ဒရာမာကိုပါ အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ အာဂျင်တီးနားကားကိုသာ ကြည့်လိုက်ပါတော့။ ဒီဇာတ်ကားမှာ အာဂျင်တီးနား နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dario Grandinetti နဲ့ Mercedes Morán ကနေပြီးတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 100% ပါရထားပြီး ဆု နှစ်ဆုလည်း ချိတ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းဟာဆိုရင်တော့ ငယ်သူငယ်ချင်းသုံးယောက် ခြောက်ဆယ်ကျော်သွားတဲ့အချိန်မှာ ပြန်ဆုံတဲ့အပေါ်ကို ဇာတ်အိမ်တည်ထားတာပါ။ တစ်ပါထဲ “Tango” ဆိုတဲ့ အကတစ်မျိုးအကြောင်းပါ ပြောလိုက်ပါမယ်။ Tango ဆိုတာက ၁၈၈၀ ဝန်းကျင်တုန်းကစပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးနှစ်နိုင်ငံကြား ခေတ်စားသွားတဲ့အကတစ်ခုပေါ့။ ဘယ်လောက်ထိခေတ်စားသွားလဲဆိုရင် ၂၀၀၉ မှာ ယူနက်စ်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါ ဝင်သွားတဲ့အထိဖြစ်သွားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတဲ့ သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်က တစ်ချိန်က နာမည်ကြီးခဲ့တဲ့တန်ဂိုအကပညာရှင်ပေါ့။ ကားလို့စ်ဆိုတဲ့ တစ်ချိန်က နာမည်ကြီး အကလုလင်ဟာ သူ့ရဲ့ အကတွဲဖက်ဖြစ်တဲ့ မာဂရက်ဆိုတဲ့သူ ဆုံးသွားတဲ့သတင်းကိုကြားပြီးတော့ ရေမြေခြားထိ သူ့အသုဘကိုသွားတက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မာဂရက်က တကယ်မသေသေးဘဲ သူက ကားလို့စ်ကို လျှို့ဝှက်ချက်တစ်ခုရှိလို့ ပြောပြချင်တဲ့ဇောနဲ့ အကြောင်းဖန်လိုက်တာပါ။ လျှို့ဝှက်ချက်ကတော့ ကားလို့စ်က မာဂရက်နဲ့ လမ်းမခွဲခင်မှာပဲ သူနဲ့ ကလေးရခဲ့တဲ့အကြောင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကလေးကိုမွေးမွေးပြီးချင်းမှာ မာဂရက်က ငွေကြေးမပြေလည်တဲ့အတွက် အခြားသူတစ်ယောက်ကို မွေးစားခိုင်းလိုက်ပါတယ်။ မာဂရက်က ကားလို့စ်နဲ့ ပြန်တွေ့တဲ့အချိန်ကျမှ အဲဒီကလေးကို တွေ့ချင်ပါတယ်ဆိုပြီး အတင်းဇောကြီးနဲ့ လိုက်ပို့ခိုင်းပါတော့တယ်။ ဖြစ်ချင်တော့လည်း သူတို့ရဲ့ ကျန်နေတဲ့ တတိယသူငယ်ချင်းဆိုသူကလည်း Third-wheel ကြီးဖြစ်နေပါသေးတယ်။ ဆိုတော့ ဒီသူငယ်ချင်းတွေသုံးယောက် ဘယ်လိုရှာပုံတော်တွေများထွက်ကြမလဲ… လမ်းမှာဘယ်လိုပြဿနာတွေနဲ့ ပက်ပင်းတိုးကြမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ခွီရင်း၊ လွမ်းဆွေးရင်း၊ မိခင်မေတ္တာကို ခံစားရင်းနဲ့ ဇာတ်ကားရဲ့ရသကို အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Comedy, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.9 2023 99 mins
Let the Dance Begin
Triage

“It is only the dead who have seen the end of the war.” ဆိုသလိုပဲ လူတွေသေဆုံးသွားရင်တောင် စစ်ပွဲတွေကတော့ အမြဲတမ်းရှိနေမှာပါ။ စစ်ပွဲတွင်းကနေပြန်လာတဲ့သူတွေမှာ သာမန်လူတွေနဲ့မတူတဲ့စိတ်ဒဏ်ရာကြီးကြီးမားမားတွေရှိနေတတ်တယ်။ ထိရောက်တဲ့ကုထုံးတွေမှမကူရင် ဘယ်လိုမှနလံမထူနိုင်အောင် အချိန်စက်ဝန်းတစ်ခုတည်းမှာပဲပိတ်မိနေသလို လက်ကျန်ဘဝတစ်ခုလုံး နာကျင်နေရတတ်ပါတယ်။ ခွင့်လွှတ်မှုဆိုတာတခြားသူတွေဆီကရနိုင်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်၌မှာပဲ ကိုယ့်ကိုပြန်ပြီးခွင့်လွှတ်ပေးလို့ရတဲ့အရာမျိုးပါ စိတ်ရဲ့ပြဿနာတော်တော်များများက ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တာကနေစပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲတွင်းမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ဝင်ငွေရှာတဲ့ သဘာဝဓာတ်ပုံဆရာမာ့ခ်က ဒီတစ်ခေါက်မှာသူငယ်ချင်းဒေးဗစ်နဲ့အတူ စစ်ပွဲရှိရာKurdistanကို အလုပ်ခရီးထွက်ဖြစ်ခဲ့တယ်။ သူတို့စခန်းချတဲ့နေရာကတော့ Triageစနစ်ကျင့်သုံးတဲ့ စစ်လူနာကုသဆောင်မှာပေါ့။ တစ်နေ့မှာ မာ့ခ်က အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရတယ်။ သူကြုံခဲ့ရတဲ့အဖြစ်ဆိုးကို သူကိုယ်တိုင်ရော ရေရေရာရာသိမှာလား လက်ခံနိုင်စွမ်းရှိမှာလား စစ်ပွဲတွေနဲ့ထိတွေ့မှုမရှိတဲ့အပြင်ကမိသားစုဝင်တွေကရော မာ့ခ်ကိုကူညီပေးနိုင်မှာလား။ ဒီအဖြေတွေကို Triage 2009 movieမှာ ကြည့်ရှုလို့ရပါပြီ။ သဘာဝရုပ်ရှင်တွေကိုကြိုက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက်တော်တော်ကိုပြီးပြည့်စုံတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ File size…(1.8 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

War • Action • Adventure • Drama • Thriller
0 2009
Triage
Together 99

ဒီဇာတ်ကားလေးမှာတော့ ယိုရန်နှင့် ကလာ့ဆီအပါအဝင် သူတို့သူငယ်ချင်းအုပ်စုဟာ ၁၉၇၅ မှာ “အတူတကွ” ဆိုတဲ့ အနုပညာအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပြီး စိတ်တူကိုယ်တူ ကြိုးစားရုန်းကန်ခဲ့ကြပေမယ့် အရွယ်တစ်ခုရောက်လာတဲ့နောက်ပိုင်းမှာ ကျန်တဲ့အဖွဲ့ဝင်တွေက ကိုယ့်အလုပ်လမ်းကြောင်းနဲ့ကိုယ်ဖြစ်သွားတဲ့အတွက် ခွဲခွာခဲ့ကြရပြီး “အတူတကွ” အဖွဲ့မှာလည်း ယိုရန်နှင့် ကလာ့ဆီ နှစ်ယောက်ပဲ ကျန်ရှိပါတော့တယ်။ ဒီလိုနဲ့ ၁၉၉၉ မှာမှ ယိုရန့်မွေးနေ့ကို အကြောင်းပြုပြီး အချိန်အကြာကြီးကွဲကွာနေခဲ့ကြတဲ့ သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ကြပုံတွေ၊ ငယ်ကျိုးငယ်နာတွေ၊ အမှတ်တရတွေကို တသီတတန်း စကားတွေဖောင်ဖွဲ့ပြောကြရင်းက ပြန်လည် အမှတ်ရလွမ်းဆွတ်ပုံတွေကို ဆွတ်ပျံ့အားကျဖွယ်ရာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ခုနှစ်က မူရင်းဇာတ်ကားကို သရုပ်ဆောင်အသစ်တွေနဲ့ ၂၀၂၃ မှာ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး အမာခံကြည့်ရှုသူပရိတ်သတ်တွေကတော့ မူရင်းဇာတ်ကားကို ပိုသဘောကျကြောင်း အငြင်းပွားကြတာတွေ ရှိခဲ့ပေမယ့် တော်တော်လေး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေသံယောဇဉ်ကို ကောင်းစွာ ဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
Together 99
Father & Son
6.1

Father & Son (2023) =============== အကြောဆွဲပြီး အိပ်ရာပေါ်လဲနေတဲ့ အဖေကိုပြုစုရလို့ 12တန်းကျောင်းသားလေးအီမန်က အမြဲတမ်းကျောင်းမှာနောက်ကျပြီး မြောက်ကြွကြွကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို နေ့တိုင်းခံနေရလေ့ရှိတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အီမန့်အဖေဆုံးသွားပြီး အီမန် အတန်းထဲမှာ သူ့အဖေဆုံးတဲ့စိတ်ကြောင့် စိတ်တိုရာကနေ ဆရာ့ကိုထိုးမိသွားလို့ ကျောင်းနှစ်ပတ် ရပ်နားခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ဝိဉာဥ်က အီမန့်ဆီကိုရောက်လာပြီး သူ့သားကို ကောင်မလေးရဖို့၊ ကျောင်းက အနိုင်ကျင့်သမားတွေကို ပြန်တိုက်ဖို့နဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် နောင်တမရှိအောင်ရှင်သန်ဖို့ ဘယ်လိုတွေလမ်းညွှန်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:18:00 Genre_Drama, Fantasy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2023 76 mins
Father & Son
Richie Rich
5.4

Richie Rich (1994) ဒီ Richie Rich က ကျွန်တော်တို့ ငယ်ဘဝရဲ့ အမှတ်တရဖြစ်တဲ့ Home Alone ထဲက မင်းသား Macaulay Culkin ရဲ့ နောက်ထပ် ကလေးကားတစ်ကားပါပဲ။ ပျော်စရာကောင်းပြီး ရယ်ရတဲ့ ဇာတ်ကားလေးပါ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဦးချမ်းသာနဲ့ ဒေါ်ချမ်းသာတို့က မွေးလာတဲ့ မောင်ချမ်းသာလေးအကြောင်းပေါ့။ သူက ကမ္ဘာပေါ်က စျေးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေ ကစားစရာတွေ ရှိထားပေမဲ့ သူငယ်ချင်းဆိုလို့ သူ့ရဲ့ အိမ်တော်ထိန်းတစ်ယောက်ပဲရှိပါတယ်။ ဆင်းရဲသားကလေးတွေ လမ်ဘေးမှာ ပျော်ပါးကစားနေတာကိုတွေ့ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ သူ့အမေနဲ့ အဖေတို့ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့အချိန် လူဆိုးဝင်လာပြီး သူ့ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ အဲဒီပြဿနာကို သူ့ရဲ့သူငယ်ချင်းအသစ်တွေနဲ့ အတူဖြေရှင်းကြတာကို ကြည့်ရမှာပါ။ ထပ်ပြီး ပြောရရင် ကစ်ဇုန်တို့ ပုတက်တို့ စွယ်စုံတို့က ကျွန်တော်တို့ ငယ်ဘဝကို တော်တော်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ရွှေသွေး၊ တတိုင်းမွှေး၊ မိုးသောက်ပန်းတို့လိုကာတွန်းတွေကတော့ ငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို နေရာယူထားပေမဲ့လည်း သူတို့ကတော့ ဗမာကာတွန်းတွေများခဲ့တယ်။ ဇာတ်လမ်းတွေလည်းပိုကြမ်းသလို ကွာလတီလည်းပိုကောင်းတဲ့ ကစ်ဇုန်တို့ပုတက်တို့ကိုတော့ ပိုသဘောကျခဲ့ကြတာပေါ့။ ဘဲကပ်စေး၊ အချိန်ခရီးသွားစွန့်စားခန်းထွက်တဲ့ကြွက်၊ ဂျက်ဟတ်၊ ရစ်ချီရစ်၊ ငှက်ပျောသီးလူသား၊ စကူဘီဒူး၊ နောက်ဆုံး စပိုက်ဒါမန်းတို့ တင်းတိုက်တန်တို့လို စူပါဟီးရိုးဇာတ်လမ်းတွေအထိ ဒီဂျာနယ်တွေမှာ ကျွန်တော်တို့ အရင်ရင်းနှီးခဲ့တယ်လို့ ပြောရမယ်။ ကွာလတီကောင်းကောင်းနဲ့ နောက်မှထွက်တဲ့ အိန်ဂျယ်ဂျာနယ်တို့ ဘာတို့မှာလည်း ဒီလိုရင်းနှီးရတာတွေ ရှိသေးတယ်။ စွယ်စုံကတော့ ဇာတ်လမ်းအကောင်းဆုံး။ ကစ်ဇုန်နဲ့ပုတက်ကတော့ ကဏ္ဍအစုံဆုံးနဲ့ Panel တွေအလှဆုံး။ အဲဒီ့နောက် ပုတက်က လစဉ်ပြောင်းသွားတော့ တတိုင်းမွှေးဆန်ဆန် တွက်ပီတို့ မောင်မောင်ဇာတို့နဲ့ ပြောင်းထုတ်တဲ့အထိတော့ ကောမစ်ဂျာနယ်ခေတ်က ကောင်းခဲ့ပါသေးတယ်။ အခုတော့ ဘာမှမရှိကြတော့ဘူး။ ဒီ ရစ်ချီရစ် တဖြစ်လဲ မောင်ချမ်းသာ ဇာတ်လမ်းကတော့ ကျွန်တော်တို့ ငယ်ဘဝတွေရဲ့ အမှတ်တရလို့ပဲ ပြောရမှာပါပဲ။ ဒီလိုခေတ်မှာ ဒါတွေပြန်ကြည့်ရတာကလည်း လွမ်းစရာကောင်းနေပြန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 960MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 35Min Genre – Slapstick, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.4 1994
Richie Rich
Odela 2
8.6

Odela 2 (2025) “မိစ္ဆာဝိညာဉ်” အသစ်ထွက်ရှိထားတဲ့ တေလဂူးဟော်ရာဇာတ်လမ်းကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ ဈေးအကြီးဆုံး တောင်ပိုင်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Tamanna Bhatia နဲ့အတူ KGF နဲ့ နာမည်ရလာတဲ့ ဗီလိန်မင်းသား Vasishta Niranjan Simha တို့ ပါဝင်ထားပါတယ် အိုဒယ်လာ အမည်ရ ရွာကလေးမှာ မင်္ဂလာဦးညမတိုင်ခင် သတို့သမီးပျိုတွေကို အဓမ္မကျင့်သတ်ဖြတ်တဲ့ တီရူပါတီဆိုတဲ့ လူယုတ်မာတစ်ယောက်ဟာ သူ့ရဲ့မိန်းမလက်ချက်နဲ့ ခေါင်းပြတ်ခဲ့ရပြီး ရွာသားတွေက စံပြအနေနဲ့ သေလူကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ် အဲဒါကတော့ တီရူပါတီရဲ့ အလောင်းကို မကျွတ်မလွတ်စေဖို့ တစ်ရွာလုံးက အစီအရင်နဲ့မြေမြှုပ်လိုက်တာပါပဲ အယုတ်ညံ့ဆုံးနည်းလမ်းနဲ့ မြေမြှုပ်အပြစ်ပေးခံခဲ့ရတဲ့ တီရူပါတီ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ တစ်ရွာလုံးကို လက်စားချေပါတော့တယ် ဒါကို ရွာသားတွေ ဘယ်လိုအစီအရင်တွေနဲ့ အဖြေရှာကြမလဲ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဟော်ရာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Horror • Thriller
8.6 2025
Odela 2