YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Last.Christmas.2019.2160p.4K.MA.WEB-DL.H.265-Naung.mkv

6.77 GB N/A video/x-matroska 104 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Secret Name
6.2

IMBb Rating - 6.4/10 ဒီကားလေးကို ကြည့်ပြီး ကျွန်တော် တစ်ခု ပြေးမြင်မိတာကတော့ ဝင်ကစွပ်အကောင်လေးတွေအကြောင်းပါ။ ကိုယ်နဲ့မသက်ဆိုင်တဲ့ အခွံလေးထဲ ဝင်ရောက်နေထိုင် ရှင်သန်ကြတယ်မဟုတ်လား...။ ဒီဇာတ်လမ်းလေးကလည်း ၁၉၁၄ ခုနှစ် ပြင်သစ်နိုင်ငံ အခြေပြု ထားတဲ့ ဒရမ်မာကားလေးတစ်ကားပါ။ ဇာတ်ဆောင်ဖြစ်သူ နေလီ ရဲ့ဘဝဟာ အင်မတန်မှ ကြမ်းတန်းလွန်းလှတယ် ဘာတစ်ခုမှ အ ဆင်ပြေတာမရှိသလို စားဖို့သောက်ဖို့ ခိုးဝှက်တာကအစ ပြည့်တန် ဆာအဆုံး လုပ်ခဲ့ပြုခဲ့ရပါတယ်။ ဒီလိုနဲ့ လေလွင့်ပေတေနေတုန်း ကြက်ခြေနီအသင်းနဲ့ ချိတ်ဆက်မိပြီး ဝင်ကူညီရာကနေ စစ်ပွဲရှေ့ မျက်နှာပြင်ထိ ခက်ခက်ခဲခဲ ရောက်ရှိလာပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူဟာ ခရီးသွားမိန်းကလေးတစ်ယောက် ကို ကယ်တင်ပေးပြီး အကျိုးအကြောင်းမေးကြည့်တော့ သူဟာ ဆွစ်ဇာလန်သူတစ်ယောက်ပါ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ ဖခင်ဖြစ် သူရဲ့ မိတ်ဆွေဆီကို လာရောက်ခိုလှုံကြောင်း ပြောပြပါတယ်။ အကြောင်းအရာကတော့ ချမ်းသာတဲ့လူကုံထံ အမျိုးသမီးတစ် ယောက်ရဲ့အိမ်ကို စာဖတ်သူအနေနဲ့ သွားရောက်ရမှာတဲ့ သူ့ကိုလည်း မြင်ဖူးခြင်းမရှိလို့ ထောက်ခံစာနဲ့ အတူလာရပါတယ်ပေါ့။ ဒီလိုနဲ့ ပြောဆိုနေတုန်း အမြှောက်ဆန်မှန်ပြီး ဒီဆွစ်ဇာလန်သူဟာ သေ ဆုံးသွားပါတော့တယ် ဒီအချိန်မှာ သွားစရာလမ်းပျောက်နေတဲ့ နေလီတစ်ယောက် သူနဲ့ ပုံစံသိပ်မကွာတဲ့ ဒီမိန်းကလေးအဖြစ် ဟန်ဆောင်ပြီး ချမ်းသာတဲ့အမျိုးသမီးကြီးရဲ့အိမ်ကို စာဖတ်သူ အနေနဲ့ ဝင်ရောက်လာခဲ့ပါတော့တယ် (သူ့ဘဝက ကြမ်းတမ်း ပေမယ့် စာဖတ်တတ်တဲ့သူတစ်ယောက်ပါ)။ တခြားလူတစ် ယောက်ရဲ့နေရာကိုဝင် ဟန်ဆောင် မုသားတွေပြောရင်း နေထိုင် ရတဲ့ နေလီတစ်ယောက် ဘယ်လိုတွေဖြတ်သန်း ကြုံတွေ့ရမလဲ ဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.7 GB) / (660 MB) / (360 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thura Aung Encoder..........SWM

Animation • Romance • Science Fiction
6.2 2021 112 mins
Secret Name
The Fabelmans
7.8

The Fablemans ကိုအညွှန်းအရှည်ကြီးရေးမယ့်အစား ဒါရိုက်တာ "Steven Spielberg" ရဲ့ ဘဝဖြစ်ရပ်မှန်ပေါ် အခြေခံပြီး Steven Spielberg ကိုယ်တိုင်ရိုက်ကူးထားတဲ့ကားလို့ ပြောလိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေအားလုံးက ဒါကမဖြစ်မနေကြည့်ရမယ့်ကားလို့ သတ်မှတ်ကြမှာသေချာပါတယ်။ West Side Stories, Jaws, ET, Schindler's List, Catch me if You Can စသဖြင့် Steven Spielberg ရဲ့လက်ရာမွန်တွေက ရေးလို့မကုန်နိုင်အောင်များပြီးရုပ်ရှင်ချစ်သူအားလုံးနဲ့ ရင်းနှီးပြီးသားပါ။ ဒီပါရမီရှင်ဒါရိုက်တာကြီးရဲ့ ငယ်ဘဝက ဘယ်လိုရှိခဲ့လဲ။ သူ့ဖန်တီးမှုတွေကဘယ်ကလာပြီး ဘယ်သူတွေလွှမ်းမိုးခဲ့လဲ။ Steven Spielberg က ဒီဇာတ်လမ်းကို ၁၉၉၉ ခုနှစ်ထဲက "I'll be Home" ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး ပရိသတ်တွေကိုသူ့ဘဝနဲ့မိတ်ဆက်ပေးချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဇာတ်လမ်းကိုပြောမယ်ဆိုရင် သူ့ဘဝထဲကအရင်းနှီးသူတွေအချစ်ရဆုံးသူတွေကိုချန်ထားရစ်လို့မရပါဘူး။ အထူးသဖြင့်သူ့အမေနဲ့အဖေပေါ့။ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ဒီဇာတ်လမ်းက သူ့အမေနဲ့အဖေကိုထိခိုက်နာကျင်ရစေနိုင်တာကြောင့် သူက ဒါကို အချိန်အကြာကြီးဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ Steven နေရာကသရုပ်ဆောင်တဲ့ Sammy ဆိုတဲ့ဇာတ်ကောင်လေးက သူ့မိသားစုပြသနာတွေကြားမှာ နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ သူ့ပါရမီကိုလဲဆက်လက်ပျိုးထောင်သွားပုံကိုတွေ့ရမှာပါ။ Steven ကလက်တွေ့ဘဝမှာ Sammy လောက် ရင့်ကျက်ခဲ့ရဲ့လားမသေချာပေမယ့် ဒီရုပ်ရှင်ကတော့ Steven တစ်ယောက် သူ့ဘဝကိုပရိသတ်ကိုချပြတဲ့ရုပ်ရှင်သက်သက်မဟုတ်ဘဲ သူ့ဘဝအဆိုးအကောင်းတွေနဲ့ငြိမ်းချမ်းမှုရယူပြီး သူ့မိဘတွေချစ်ခင်ရသူတွေကို ခွင့်လွှတ်နားလည်ခြင်းတွေ နွေးထွေးကြင်နာမှုတွေနဲ့ ပြန်လှည့်ကြည့်ထားတဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာအောင်မြင်မှုတစ်ခုပါပဲ။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 2.3GB | 1.3GB | 494MB Format… mp4 Duration….2h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Leonard Lin Encoder ..... August

Action • Crime • Mystery • Thriller
7.8 2022 151 mins
The Fabelmans
(18+)Stars at Noon
5.9

~ Rotten Tomatoes - 62%, Metacritic - 65% ~ * 18+ warning !!! * အမေရိကန်တောသူမလေး Taylor Swift ရဲ့လင် London Boy ဇိုးလေး Joe Alwyn ရဲ့ ရိုမန့်ဒရာမာကားသစ်ကလေးပါ။ မင်းသမီးကတော့ Once Upon a Time in Hollywood မှာ ဘရက်ပစ်ကို ပလီရင်း ဘရက်ပစ် လှည့်မပြဘဲ ပရိသတ်ဘက် ကင်မရာဘက်ကို အလှတွေပြသွားတဲ့ အလှလေး Margaret Qualley ပါ။ အဲဒီထဲ ဘာမှမဘာလိုက်ရလို့ အားမလိုအားမရ ဖြစ်နေမယ်ဆိုရင်ဖြင့် ဒီထဲ ၆ခန်းလောက် သေသေချာချာကြီးကို ပါပါတယ်။ သူဟာ မနှစ်က ကြိုက်တဲ့သူတွေလည်း ကြိုက်ခဲ့ကြတဲ့ Maid ဆိုတဲ့ စီးရီးရဲ့ မင်းသမီးလည်း ဟုတ်ပါတယ်။ ဒီလိုတွေပဲပြောနေလို့ ကားမကောင်းဘူးလည်း မထင်ကြပါနဲ့ဦး။ ကိန်းရုပ်ရှင်ပွဲတော်မှာ Grand Prize of the Festival ဆုကိုလည်းရခဲ့သလို Palme d'Or လည်း ဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Claire Denis ကလည်း High Life, Both Sides of the Blade နဲ့ Beau Travail အပါအဝင် ရိတ်တင်မြင့် ကားကောင်းတွေကိုချည်း ရိုက်ခဲ့တဲ့သူပါ။ ဇာတ်လမ်းကတော့ မငြိမ်မသက်ဖြစ်နေတဲ့ အမေရိကအလယ်ပိုင်းနိုင်ငံလေးမှာ သတင်းထောက်လာလုပ်နေတဲ့ အမေရိကန် သတင်းထောက်မလေးနဲ့ ပဟေဠိဆန်တဲ့ ဘာမှန်းမသိရတဲ့ စီးပွားရေးသမား အင်္ဂလန်ကောင်လေးရဲ့ တစ်စစီဖြစ်နေတဲ့နိုင်ငံကြီးကနေ ထွက်ပြေးဖို့ကြိုးစားရင်း ပဟေဠိတွေနဲ့ ရင်ဆိုင်ရင်း ၁၅မိနစ်တစ်ခါအိပ် ချစ်ဇာတ်လမ်းလေးပါပဲ။ တော်တော်လည်းမှန်းရခက်သလို အဆုံးထိလည်း ဆန်းကြယ်သွားစေမယ့် ဇာတ်လမ်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.32GB, 613MB Quality - 1080p, 720p, 480p IMDb Rating - 5.3/10 Format - mp4 Duration - 2H 15Min Genre - Drama, Romance, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Horror • Mystery • Thriller
5.9 2022 138 mins
(18+)Stars at Noon
Baba, Baby O...
8

ဒီတစ်ခါမှာတော့ IMDb 7.6/10 ထိရရှိထားတဲ့ Romance/Comedyဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အချစ်ကိုစိတ်နာခဲ့ပေမယ့် ကလေးချစ်တာကြောင့် မွေးစားသားနှစ်ယောက်နဲ့ပျော်နေတဲ့လူပျိုကြီး မိဂတ်ဒ်တစ်ယောက်ရေစက်အကြောင်းဖန်လာပြီး ဘရစ်ရှတီလေးနဲ့တွေ့ဆုံခဲ့ပါတယ် အချစ်ကိုကြောက်နေပေမယ့်လည်းဘရစ်ရှတီနဲ့ တွေ့တဲ့အချိန်မှာတော့မိဂတ်ဒ်ရဲ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ် ပြဿနာကတော့ ဘရစ်ရှတီမှာ ရှုဗစ်ဒ်လို့ခေါ်တဲ့တွဲနေတဲ့လူတစ်ယောက်ရှိနေတာပါပဲ ဒါ့အပြင်ကို မိဂတ်ဒ်ကလည်းချစ်ရေးဆိုဖို့ကြောက်ရွံ့နေခဲ့ပါတယ် ဒါပေမယ့်အချစ်စစ်မဟုတ်ရင်ကြာလာတာနဲ့အမျှရိုးလာကြတာဆိုတော့ အချစ်စစ်မဟုတ်ဘဲ အရာရာကိုပေါ့ပျက်ပျက်တွေးတဲ့ ရှုဗစ်တစ်ယောက်ကို ဘရစ်ရှတီလည်းစိတ်ကွက်လာပါတော့တယ် ဒါပေမယ့်လည်းသူတို့နှစ်ယောက်ကနိုင်ငံခြားမှာအခြေချဖို့စီစဉ်ပြီးသားဖြစ်နေပြီး သွားလာခွင့်ဗီဇာကျလာခဲ့ချိန်မှာတော့ မိဂတ်ဒ်နဲ့ဘရစ်ရှတီတို့နှစ်ယောက်လမ်းခွဲသွားမှာလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာတော့ဆက်လက်ကြည့်ရှုဖို့ပဲညွှန်းပေးချင်ပါတယ် အသက်အရွယ်ကွာခြားတဲ့ ဦးနဲ့ကလေးအရွယ်ပုံစံဖြစ်နေတာကြောင့်အသဲတစ်ယားယားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင် (အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.6GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni & Jerrica

Drama • Romance
8 2022 145 mins
Baba, Baby O...
Minari
7.4

IMDb Rating. = 7.7/10 Rotten Tomatoes. = 100% Minari ဟာ အတော် ရိုးရှင်းတယ်။ ပြောတတ်သလို အနီးစပ်ဆုံး ဥပမာပေးရရင် ဦးဖိုးကျားရဲ့ စကားပြေတွေလိုပဲ။ အကြောင်းအရာ အရေးအသားရိုးရှင်းတယ်။ ဒါပေမဲ့ ထိတယ်။ အမေရိကန်ရောက် ကိုရီးယားမိသားစုတစ်စုကို အခြေပြုပြီး အမေရိကန်အိပ်မက်မက်ကြသူတွေရဲ့ ဘ၀အကြောင်းကို ပြသွားရုံပဲ။ မိသားစုဆိုတဲ့ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်သွားတယ်။ ဒီလိုပြသွားပုံလေး‌ဟာ အတော်လှတယ် ကြည်နူးစရာနဲ့ လှတာတော့မဟုတ်ဘူး။ ရင်နာနာနဲ့ လှတာ။သိပ်လှတဲ့ အချက်ကလေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ အညွှန်းရဲ့မူလရည်ရွယ်ချက်က ခံစားမှုကိုလမ်းကြောင်းပေးဖို့ဆိုတော့ကာ ဇာတ်အိမ်ရိုးရှင်းတဲ့ ရုပ်ရှင်ကို ကျွန်တော် ဇာတ်လမ်းများများရေးပြဖို့ရာ မသင့်ဘူး။ အနုပညာပစ္စည်းကို ခံစားရတာကြိုက်တဲ့လူတွေမှာ သိပ်ချစ်စရာကောင်းတဲ့ ဗီဇတစ်ခုရှိတယ်။ ကိုယ်ခံစားရနှစ်သက်တာကို တစ်ပါးသူတွေကိုလည်း ခံစားကြည့်စေချင်တဲ့ ဆန္ဒပေါ့။ ကျွန်တော်လည်း ခင်ဗျားကို ဒီရုပ်ရှင်ကို ခံစားကြည့်စေချင်တယ်။ ကျွန်တော့်အမြင်အရတော့ လီချန်းဒုံရုပ်ရှင်တွေရဲ့ ဇာတ်လမ်းတင်ပြပုံနဲ့ ဆင်တယ်။ဒါရိုက်တာရဲ့ ရက်စက်မှု ပါးတယ်။မသိမှုထည့်တာ ပါးတယ်။ သုံးထားတဲ့ စကားလုံးတွေဟာ လက်တွေ့ကျကျနဲ့သိပ်လှတယ်။ ဇာတ်လမ်းက မိသားစုရဲ့ အိမ်နဲ့စိုက်ခင်းရှိခဲ့တဲ့ နေရာဟာ ဒီရုပ်ရှင်က ဇာတ်ညွှန်းသမားနဲ့ဒါရိုက်တာလုပ်ထားတဲ့ Lee Isaac Chungရဲ့ ကြီးပျင်းခဲ့တဲ့နေရာနဲ့ အတူတူပဲ။ သရုပ်မှန်များလို့ပဲထင်တယ် သိပ်လက်တွေ့ကျတယ်။ အော်စကာ Best Picture ပြိုင်ဖို့ရဖို့ တန်မတန်ဆိုတာ ပညာရှင်တွေဆုံးဖြတ်ရမယ့်အလုပ်, ဒါပေမဲ့ မနှစ်က BPရတဲ့ Parasiteထက် ခံစားရပိုစစ်မှန်တယ်ဆိုတာ‌ကတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ ခံစားတင်ဆက်ထားတာပါ။) File size…(1.6 GB) Quality….WEBscr 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung

Comedy • Mystery • Sci-Fi & Fantasy
7.4 2021 115 mins
Minari
Rajamartanda
8.7

Rajamartanda (2023) “ရာဂျာ မန်တရာ” IMDb – 8.2/10 ရာဂျာဆိုတာ ကလေးဘ၀ကတည်းက ဗေဒင်ဆရာတစ်ယောက် အိမ်ရှေ့မှာလာရပ်ပြီး ဒီကလေးက သာမာန်မဟုတ်ဘူး ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် ဘုရင်လိုလူမျိုးဆိုပြီး နိမိတ်ဖတ်ခြင်းခံခဲ့ရသူ။ အရွယ်ရောက်လာတော့လည်း တရားမျှတမှုအတွက်ဆို လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ မင်္ဂလာပွဲမှာတောင် သတို့သမီးကို မြင်းဖြူကြီးစီးလို့ သွားခိုးပြီး ပြဿနာအတက်ခံရဲတဲ့သူ။ ဂီသာကတော့ မဟုတ်မခံသူပေါ့ လူဆိုတာမွေးတည်းကမျိုးရိုးဗီဇနဲ့ပါလာတာမို့ သေတဲ့အထိဖျောက်လို့မရဘူးလို့ ဆရာနဲ့ပြိုင်ငြင်းမိလေတော့ ဆရာဖြစ်သူက တစ်လအတွင်းသက်သေရှာလာပြီးမှ ငါ့အတန်းလာတက်ဆိုပြီးတော့ နှင်ထုတ်လိုက်ပါလေရော။ ဒီလိုနဲ့ ဒီဆတ်ဆတ်ထိမခံ ၂ယောက် ဆုံတွေ့ဖို့ဖြစ်လာတဲ့အခါ… ဒေါသဖြစ်ချိန်မှာ ရာဂျာတစ်ယောက် သူမဟုတ်တဲ့တခြားတစ်‌ယောက်လို သိသိသာသာကြီး ကွဲထွက်နေတဲ့ပုံစံကြောင့် multiple personality disorderရှိတယ်ထင်ပြီး ရာဂျာကိုလေ့လာပြီး ဆရာကိုသက်သေပြချင်တဲ့ဂီသာတစ်‌ယောက် ရာဂျာနဲ့ရင်းနှီးဖို့ကြိုးစားရင်းက ရာဂျာဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ မတရားသဖြင့် အသက်ဆုံးရှုံးလိုက်ရတဲ့ မာသန်ဒါတော်ဝင်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်‌နေတာကို သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama • Comedy • Romance
8.7 2023 135 mins
Rajamartanda
Sleep Call
6.7

ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစား အင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကို ခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။ အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲ မနေနိုင်အောင် မြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲက ရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ…။ အကြွေးတွေပြန်မဆပ်နိုင်တဲ့အဆုံး အွန်လိုင်းချေးငွေရုံးမှာပဲ အလုပ်ဝင်လုပ်ရင်း အကြွေးဆပ်ဖို့ကြံရရှာပါတယ်…။ အွန်လိုင်းချေးငွေဆိုတာ လိမ်လည်ကလိမ်ကကျစ်ကျတာနဲ့ ထူးမခြားနားပေမို့ ဒီနာတစ်ယောက် နေ့စဥ်နေ့တိုင်းအလုပ်လုပ် နေရပေမယ့် ဘဝအဓိပ္ပာယ်ပျောက်၊ ခံစားချက်တွေပျောက်ဆုံး နေခဲ့ရပါတယ်။ သူ့အတွက် စိတ်ဖြေစရာဆိုတာကလည်း ညညဆို မအိပ်ခင်ဖုန်းအတူပြောပေးတဲ့ အွန်လိုင်းချစ်သူလေးသာ ရှိပါတယ်…။ ဒီနာတစ်ယောက် အကြွေးသံသရာထဲရုန်းကန်နေရရင်း အမြတ်ထုတ်လိုသူတွေကြား ဘယ်လိုဆက်လက်ရှင်သန်ရမလဲ… သူ့ရဲ့အွန်လိုင်းချစ်သူလေးကရော ဒီနာ့ဘဝကို ဘယ်လိုကယ်တင်နိုင်မလဲ… စတာတွေကို မထင်ထားလောက်တဲ့ plotအစုံနဲ့မြင်တွေ့ရမှာမို့ အခုပဲ ကြည့်ရှုလိုက်ပါတော့ဗျာ။ File size…1.20GB / 520MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.7 2023
Sleep Call
Visions
5.3

Thriller Mystery ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် 2023 မှာထွက်ရှိခဲ့တဲ့ Visions ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Estelleဟာ နာမည်ကြီးဆရာဝန်တစ်ဦးနဲ့လက်ထပ်ထားပြီး ထူးချွန်တဲ့ ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။ အရာရာပြည့်စုံနေတဲ့ Estelle ဘဝထဲကို အတိတ်မှာဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ Ana ဆိုတဲ့အမျိုးသမီးတစ်ဦးပြန်လည်ဝင်ရောက်လာချိန်မှာ Estelle ဟာ Ana နဲ့ ဖောက်ပြားမိပါတယ်။ Ana ပြန်ရောက်လာတဲ့အချိန်ကစပြီး Estelle ဘဝမှာ ဂြိုလ်ဆိုးဝင်သလို ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။ Estelle ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနောက်ကွယ်မှာတော့…။ Ana အဖြစ် Marta Nieto, Estelle အဖြစ် National Treasure, TROY, Inglourious basterds သရုပ်ဆောင် Diane Kruger ကပါဝင်ထားပါတယ်။ မင်းသမီး ၂ လက်ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်ရှုရမှာမလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း.။ (မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းအချို့ပါဝင်ပါတယ်) File size…(1.8 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre… Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew

5.3 2023
Visions
The Braid
7.2

The Braid (2023) IMDb Rating (7.2) Alejandroရဲ့ Babel (2006 )လိုမျိုး မတူညီတဲ့နိုင်ငံတွေက အဖြစ်အပျက်တွေကို ချိတ်ဆက်ရိုက်ကူးထားတဲ့ သူ့အရသာနဲ့ ခပ်ဆင်ဆင် ကားလေးလို့ပြောရမယ်။ တော်တော်လည်း ကြည့်လို့ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ဖြတ်သန်းရုန်းကန်မှုတွေကိုပဲ အသားပေးပြီး အမျိုးသမီးတွေရဲ့အင်အားကို ပြသပြီး အမျိုးသမီးတွေကို ဂုဏ်ပြုထားတယ်ပြောရမယ်။ ပြင်သစ်ဒါရိုက်တာ Laetitia Colombaniက သူရေးခဲ့တဲ့ နာမည်တူဝတ္တုကိုပဲ ပြန်ရိုက်ကူးထားတာပါ။ ဒီလိုမတူတဲ့နေရာတွေက မတူတဲ့လူတွေရဲ့ အဖြစ်အပျက်တွေကို သူတင်ဆက်တာက တည်းဖြတ်တာကအစ ခြောက်ပြစ်ကင်းနေတယ်လို့တော့ ပြောမရပေမဲ့ ကြည့်လို့ကောင်းတဲ့ အရသာတစ်ခုတော့ ပေးနိုင်တဲ့ ရုပ်ရှင်ပါပဲ။ အိန္ဒိယ, ကနေဒါနဲ့ အီတလီနိုင်ငံသုံးနိုင်ငံက အမျိုးသမီးသုံးယောက်ကို အဓိကထားပြီး သူတို့ရဲ့နေလာရင်းဘဝမှာ ရှိပြီးသား အခက်အခဲတွေ, အသစ်ထပ်ကြုံလာရတဲ့အခက်အခဲတွေ အဲဒီအခက်အခဲတွေကို သူတို့ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ပြထားပေးတယ်။ ဒီမတူတဲ့နိုင်ငံသုံးခုက အနိမ့်ဆုံးကနေ အမြင့်ဆုံး ဘယ်လိုမှ မတူတဲ့ဘဝ၃ခုကို ချိတ်ဆက်ပြသသွားပုံကလည်း ထူးခြားတယ်။ မသေခင်ကြည့်သင့်တဲ့တို့ ဘာတို့စာရင်းမဝင်ပေမဲ့ ရသတစ်ခုလိုချင်ရင် ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.7 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by WiRa Aung

7.2 2023 121 mins
The Braid
Deep Fear
5

Deep Fear (2022) IMDb Rating (5.0) / Rotten Tomatoes (93%) သဲထိပ်ရင်ဖို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတို့အတွက် တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့ ကျောင်းသားသုံးယောက်ဟာ ဘားမှာဆိုရဲ့ ပဲရစ်ရောက်တုန်း ကြုံတောင့်ကြုံခိုက် ပဲရစ်ကိုသွားလည်ဖို့ ရွယ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ လမ်းပြဟာ ပဲရစ်ရဲ့ နာမည်ကြီး မြေအောက်လိုဏ်ဂူဖြစ်တဲ့ “ကာတာကွန်း” ဆိုတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။ နှစ်ရာနဲ့ချီ ကမ္ဘာစစ်သက်တမ်းမှီတဲ့အထိ နာမည်ကြီးနေတဲ့ ပဲရစ်တစ်မြို့လုံးရဲ့ မြေအောက်ကို ဖုံးနေတဲ့ အဲဒီမြေအောက်လိုဏ်ဂူမှာ ဘာတွေရှိနေမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(950 MB) / (630 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:20:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Crime • Action
5 2022
Deep Fear
[18+] My Sister-in-law’s Job
6.1

အခုတစ်ခါမှာတော့ မရီးကိုမှ ချစ်မိသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ My Sister-in-law’s job ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းလေးထဲမှာတော့ .. အမေရိကမှာ နှစ်အတော်ကြာ နေခဲ့တဲ့ ဟျောင်းဆူဆိုတဲ့ ကောင်လေးက ကိုရီးယားကို ရောက်ရောက်ချင်းမှာပဲ သူငယ်ချင်းက ခေါ်လို့ အရက်ဆိုင်ကို ရောက်သွားခဲ့ပါတယ်။ အရက်ဆိုင်မှာ တွေ့ခဲ့တဲ့ အပျော်မယ်လေးကို စိတ်ဝင်စားသွားခဲ့ပါတယ် .. အဲ့ဒီနောက် အစ်ကို့အိမ်မှာပဲ ကပ်နေဖို့ ရောက်သွားရာက အဲ့ဒီအပျော်မယ်လေးဟာ သူ့အစ်ကိုရဲ့မိန်းမဖြစ်နေတာကို သိသွားခဲ့တဲ့အခါ ဟျောင်းဆူအနေနဲ့ သူ့မရီးအပေါ် ရှိနေခဲ့တဲ့ ခံစားချက်တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ … File Size : 2.1GB, 711MB Quality : 1080p,720p Format…mp4 Duration…1 hr. 30 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Romance • Drama • Comedy
6.1 2017 89 mins
[18+] My Sister-in-law’s Job
Cooked Umami

The Bear လိုမျိုး စားဖိုမှူး တွေ မီးဖိုချောင်မှာ ဝရုန်းသုန်းကား ချက်ပြုတ်အော်ဟစ်ပြီး အလုပ်ရှုပ်နေတာကို ကြည့်ရတာ ကြိုက်တဲ့ သူတွေက ဒီတူရကီ ရုပ်ရှင် Umami ကို ကြိုက်ကြမှာပါ။ နာမည်ကြီး အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်က တစ်ညတာ အဖြစ်အပျက်တွေ၊ အကွဲအလွဲတွေ၊ ပြဿနာတွေကို သူတို့ နောက် လိုက်ကြည့်နေရသလို ကြည့်ရှုခံစားရမှာပါ။ Sina Bora က Umami ဆိုတဲ့ စားသောက်ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်သလို့ ခေါင်းဆောင် စားဖိုမှူးလည်း ဖြစ်ပါတယ်။ သူက စားသောက်ဆိုင်ကို သူငယ်ချင်းဖြစ်သူ Cengiz နဲ့ တွဲဖွင့်ထားတာပါ။ ဖြစ်ချင်တော့ အဲ့ဒီညမှာ သူ့အဖေကလည်း နှလုံးရောဂါနဲ့ ဆေးရုံတင်လိုက်ရသလို စားသောက်ဆိုင်ကလည်း ခါတိုင်းထက် လူတွေ ပြည့်နေတဲ့အတွက် လူကိုယ်တိုင် သွားမကြည့်နိုင်ခဲ့ပါဘူး။ အဲ့ဒီညမှာပဲစားသောက်ဆိုင်ကို လာတဲ့ ဧည့်သည်တွေထဲမှာ လက်ထပ်ခွင့် တောင်းတော့မယ့် စုံတွဲ တစ်တွဲရယ်၊ အစားအသောက် ဝေဖန်အကဲဖြတ်သူ နှစ်ယောက်ရယ်၊ အရမ်း ပစိပစပ်များပြီး ဟင်းပွဲတွေကို ပြန်ပြင်ခိုင်းတဲ့ မိသားစုတစ်စုက အဖေဖြစ်သူရယ်၊ နောက်ပြီး အကောင်ကြီးကြီး ဦးလေးရှိတဲ့အတွက် ထင်တိုင်းကြဲနေတဲ့ ခပ်ရိုင်းရိုင်း လူတစ်စုရယ် သူတို့အားလုံးဟာ တစ်ညထဲမှာ Umami စားသောက်ဆိုင်မှာ ဘယ်လိုအဖြစ်အပျက်တွေ ဖန်တီးကြမယ်ဆိုတာ ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ပါဦး။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Drama
0 2024
Cooked Umami
High Rollers
5.5

ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Randall Emmett က ရိုက်ကူးထားပါတယ်။ ၂၀၂၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Cash Out ဇာတ်ကားရဲ့ sequel ဖြစ်ပြီးတော့ မင်းသားကြီး John Travolta က Mason ဇာတ်ကောင် နေရာကနေ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရှေ့ကဇာတ်ကားထဲမှာ ဘဏ်ဓားပြတိုက်မှုကနေ Mason နဲ့ သူ့အဖွဲ့ဟာ ပြန်လွတ်လာပြီးနောက် အငြိမ်းစားယူလိုက်ပါတော့တယ်။ ဒီဇာတ်ကားမှာတော့ Mason ရဲ့ချစ်သူကို သူ့ရန်သူတော်ကြီး Salazar က ပြန်ပေးဆွဲသွားပြီးတော့ မဖြစ်နိုင်တဲ့ ကာစီနိုဓားပြ တိုက်မှုကို အတင်းအကျပ်လုပ်ခိုင်းပါတယ်။ ဒီလိုနဲ့ Mason လည်း အငြိမ်းစားယူထားရာကနေ ဒုစရိုက်လောကထဲ ပြန်ရောက်လာပြီးတော့ သူ့အဖွဲ့နဲ့အတူ ချစ်သူကိုပြန်ကယ်တင်ဖို့ အတွက် ကြိုးစားပုံကို ကြည့်ရှုကြရမှာပါ။ အရှေ့ကဇာတ်ကားတုန်းကသရုပ်ဆောင်တွေဖြစ်တဲ့ Gina Gershon, Lukas Haas, Quavo, Natali Yura, Noel Gugliemi တို့ကပဲ ဒီဇာတ်ကားထဲမှာ ဆက်လက်ပါဝင်ပေးထားကြပါတယ်။ ကြည့်လို့ကောင်းတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တာကြောင့် အက်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ကြည့်ရှုသင့်ပါတယ်။ File size… (1.52 GB) / (863 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama
5.5 2025 101 mins
High Rollers
Wet Monday Lany poniedzialek
5.8

Wet Monday (2024) IMDb Rating (5.4) ဒီ ရုပ်ရှင်ကားက ပိုလန်ရုပ်ရှင်ကား တစ်ကား ဖြစ်ပြီး သူ့ title က Wet Monday လို့ အဓိပ္ပာယ်ရပါတယ်။ Wet Monday ဆိုတာ ပိုလန်နိုင်ငံရဲ့ အီစတာ ပွဲတော်မှာ ကျင်းပတဲ့ရေကစားကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ မြန်မာမှာ သင်္ကြန်ကျင်းပသလို သူတို့ဆီမှာလည်း အရောင်စုံတဲ့ ဝတ်စုံတွေ မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး လူပျို အပျို ကလေးတွေက တစ်ယောက်ကို တစ်ယောက် ရေဘောလုံးတွေနဲ့ ပစ်ကြ ရေပက်ကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ ဒီဇာတ်လမ်းကို Klara နဲ့ Marta တို့ ညီအစ်မ နှစ်ယောက်ရဲ့ ရေချိုးခန်းထဲက scene နဲ့ စထားပါတယ်။ အပြင်မထွက်ခင် အစ်မကြီး ဖြစ်တဲ့ Martaက ညီမ Klara ကို အလှပြင်ပေးနေတာပါ။ သူတို့ ညီအစ်မ နှစ်ယောက်က သူငယ်ချင်းအဖွဲ့နဲ့အတူ လျှောက်သွား လျှောက်ပျော်ပါးပြီး အိမ်ပြန်လာကြပါတယ်။ နောက်တစ်နေ့ မနက်မှာ ဘုရားကျောင်း တူတူသွားကြပြီး ဘုန်းတော်ကြီးရဲ့ ရေဖျန်းပြီး ကောင်းချီးပေးခံရတဲ့ အခါ Klara က ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Klara ကရေနဲ့ ထိမရအောင် ကြောက်လန့်နေခဲ့တာပါ။ ရေနဲ့ ထိတာနဲ့ သူ့အရေပြားတွေက ယားလာပြီး နောက်ဆုံး မေ့လဲသွားတာပါ။ ဒါက သူကြုံခဲ့ရတဲ့ မနှစ်က Wet Monday ပွဲတော်မှာစတင်ခဲ့တဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ဆိုးတစ်ခုကြောင့်ပါပဲ။ သူ့ စိတ်ဒဏ်ရာကို ကုသဖို့ စွမ်းအင်တွေ ကံကြမ္မာ အကြောင်း နားလည်တဲ့ သူငယ်ချင်း ဖြစ်သူ Diana က အကူအညီပေးခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(2.5 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:24:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leonie

Action • Romance • Drama
5.8 2024 84 mins
Wet Monday Lany poniedzialek