YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) If You Were the Last (2023) 1080p.mp4

2.04 GB 1080p video/mp4 124 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Grown-ups
8

Translator- Son Gohan Review- အိမ်ထောင်တစ်ခုတည်ဆောက်တယ်ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး အထူးသဖြင့် ဘဝမှာရပ်တည်ဖို့အခြေတကျမရှိသေးတဲ့အချိန်မျိုးတွေမှာ ချစ်တဲ့စိတ်တစ်မျိုးတည်းကိုကြည့်ပြီး ဆုံးဖြတ်ချက်တွေချမှတ်လိုက်ရင် မထင်မှတ်ထားတဲ့ပြဿနာမျိုးတွေကြုံတွေ့နိုင်မှာပါ Yumi ဆိုတဲ့ Art ကျောင်းသူဟာသူ့ရည်းစား Naoya နဲ့အတူတကွနေထိုင်လျက်ရှိပါတယ် ဒါပေမယ့်တစ်နေ့မှာ Yumi ဟာမထင်မှတ်ဘဲနဲ့ကိုယ်ဝန်ရှိလာခဲ့ပါတယ်. အရင်ကလည်းရည်းစားဟောင်းနဲ့အတူနေခဲ့ဖူးတာကြောင့် ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်မှန်းမသေချာတော့ပါဘူး. ဒီကိစ္စကို Naoya ကိုပြောပြရာမှာ အစပိုင်းတော့အဆင်ပြေသလိုရှိခဲ့ပေမယ့် အနာဂါတ်အတွက်ကိစ္စတွေကိုစဉ်းစားရာ သဘောထားမတိုက်ဆိုင်မှုတွေရှိလာခဲ့ပါတယ်. ဒီလိုနဲ့အနာဂါတ်တွေဟာမသေမချာဖြစ်လာခဲ့ပြီး ရန်ဖြစ်လိုက် ပြတ်သွားလိုက် သူငယ်ချင်းတွေကမြှောက်ပေးလို့ နောက်တစ်ယောက်နဲ့အတူထပ်နေလိုက်နဲ့ဆိုတော့ ကိစ္စတွေကပိုပြီးတော့ဆိုးလာခဲ့ပါတယ်. ဒီဇာတ်ကားမှာတော့ အိမ်ထောင်တွေကြားထဲမှာဘယ်လိုပဋိပက္ခတွေဖြစ်လေ့ရှိလဲဆိုတာ ပြသပေးမှာဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Son Gohan ပါ ) File Size__(1.5GB) / (600MB) Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:48:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Drama
8 2022 108 mins
Grown-ups
Wandering
7

ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Action • Drama
7 2022 150 mins
Wandering
Suzhou River
7.4

Suzhou River (2000) ———————– Directed by Lou Ye အဖြူစွတ်စွတ်တွေ… အလွမ်းပြာပြာတွေ… အမှီသဟဲတွေ… ဒိုက်သရိုက်တွေ… မုသားတွေ… ဝေးလွင့်ကင်းကွာခြင်းတွေ… ဒဏ္ဍာရီတွေ… မြစ်တစ်စင်းဟာ သိမ်ဆည်းထားတယ်။ အသစ်တွေ ဘယ်လိုပဲ ကမ်းကုန်အောင်ခြယ်သပါစေ လမ်းဆုံအောင်ဆယ်မရပါတဲ့ မြစ်တစ်စင်းရဲ့ ရပ်ဝန်းက အဟောင်းတွေ ။ မြစ်တစ်စင်းပေါ် စီးဆင်းနေတဲ့ အတိတ်အက်ကြောင်း နေ့ရက်ဟောင်းတွေကို ဘယ်လိုမှော်ဆေးနဲ့ ဖာထေးမလဲ။ ဒီအိပ်မက်တွေ လွမ်းသူပျိုု့မစပ်ချင်တော့လည်း ဒီမြစ်ကြီးကို မီးတင်ရှို့လို့မှမရနိုင်ခဲ့။ ဆူကျိုးတံတားထက် လက်ပိုက်ရင်းလျှောက်လာတဲ့ သူမရဲ့ ပုံရိပ်တွေ။ ရပ်တန့်ရင်းစောင့်လည်း အဖတ်ဆည်မရတော့ပါတဲ့ ဒဏ္ဍာရီအပျက်တွေ။ ပြောကြတယ် ဒီမြစ်ကြီးထဲမှာ ရေသူမတစ်ကောင်ရှိသတဲ့။ ကျွန်တော်မယုံခဲ့ပါဘူး။ လူတွေပြောနေကျ ယုံတမ်းစကားတွေဟာ ဖြေရှင်းမဆုံးနိုင်အောင် မကုန်မခန်းနိုင်တွေပဲမို့လား။ သူမနဲ့ပထမဆုံးတွေ့တော့ ဘာရယ်ဘာကြောင့်မသိ အဲဒီယုံတမ်းစကားကို ကျွန်တော်ယုံခဲ့ရတယ်။ သူမဟာ ရေသူမလေးတစ်ကောင်ပါပဲ။ သူမဟာ ရေသူမပါလို့ ဘာအတွက်ဘာကြောင့် ကျွန်တော်ယုံစားခဲ့မိလဲတော့ မသေချာပါဘူးပေါ့။ ချစ်ခြင်းဟာ ဒီလိုပဲမို့လား။ အကျိုးလည်းမသိ အကြောင်းလည်းမသိ အဆိုးလည်းမရှိ အပြောင်းလဲမရှိ။ သူ့မျက်ဝန်းတွေ ကောက်ကာငင်ကာကြီး ညှိုးကျသလို သူ့နှုတ်ခမ်းတွေ ကောက်ကာငင်ကာကြီး ပြုံးပြသလို ရေသူမလေးတစ်ကောင်ဟာ ကျွန်တော့်ဘဝထဲ ဗိန်းဗောင်းဆင့် ရောက်ချလာခဲ့တယ်။ ဒီလိုပါပဲ မနက်မိုးလင်းပေါက်လို့ လူပျင်းတစ်ကောင်ကျောခင်းလောက်ပြီဆို အဲဒီရေသူမကလေးဟာ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားတတ်တယ်။ အဲဒီရဲ့နေ့တွေဆို မြစ်ခင်းတံတားလေးတစ်စင်းပေါ် သူလက်ပိုက်လို့လျှောက်မလာခင်အထိ ပြတင်းပေါက်နံပါးကနေ ရပ်စောင့်လို့ ကျွန်တော်မျှော်နေတတ်တယ်။ တစ်ခါတလေကျ အဲဒီရေသူမလေးက ကျွန်တော့်ကို အသစ်မဟုတ်တော့တဲ့ ဆူကျိုးမြစ်ရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြတတ်တယ်။ ဟိုးတမျှော်တခေါ် တံတားပေါ်က ခုန်ချသွားတဲ့ကောင်မလေးတစ်ယောက်ကို ရွာရိုးကိုးပေါက် အရှာမဆုံးခဲ့တဲ့ မာဒါလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ သူပျောက်သွားခဲ့ရင် ကျွန်တော်လည်း သူ့လို ရှာပုံတော်ဖွင့်မလား မေးတော့ ကျွန်တော်လည်း ဘူမသိကိုးမသိ ခေါင်းညိတ်ခဲ့ရတယ်။ အဲဒီနေ့ကစ အိမ်ဝင်းတံခါးအပျက်ကနေ သူကျောခိုင်းလို့ထွက်သွားတိုင်း ဒီနေ့ဟာ သူမကိုမြင်ရတဲ့ နောက်ဆုံးနေ့များဖြစ်နေမလားဆိုတဲ့စိုးစိတ်နဲ့ တိုးတိတ်စိုးထိတ်ခဲ့ရတာပါပဲ။ သာမန်ညနေတစ်ခုရဲ့ သာမန်တိမ်တွေအောက်မှာ သာမန်မဟုတ်တော့တာကတော့ ပိုက်ထားတဲ့လက်ကလေးတွေရဲ့ လမ်းကူးဖို့အပြင်ကို ကျွန်တော် မဖူးမမြင်ရတော့တာပါပဲ။ သာမန်လိုပါပဲ။ ဆူကျိုးမြစ်ကနေ ပင်လယ်ပြင်အထိ ဘောလောမျောရင်း အရှေ့အရပ်ကနေ နေဝန်းထွက်လာလိမ့်မယ်။ မြစ်ရေက ကြည်လင်အေးမြလို့ ငါးတွေ တဖွေးဖွေးလှနေလိမ့်မယ်။ မာဒါက သူ့ကောင်မလေးကို ရှာပုံတော်ဖွင့်သလို သူပုန်းကွယ်ရာအရပ်ကို ကျွန်တော်ရှာမယ်။ ညနေဆို သူလက်ကလေးပိုက်လို့ မြစ်ခင်းတံတားလေးထက်ဆိုက်လာချိန်ကို ကျွန်တော်စောင့်မယ်။ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဆက်လျက်ဖူးပွင့်နေမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီရေသူမလေးကို မရှာဖြစ်ခဲ့ပါဘူး။ ထာဝစဉ်မြဲတဲ့တရားဆို ဒီကမ္ဘာမှာ ဘယ်ရှိလို့တုန်း။ အရက်နောက်တစ်ခွက်သောက်ရင်း မျက်လုံးတွေမှိတ်ရင်း နောက်ထပ် အချစ်တစ်ပွင့် ပွင့်လို့လာမှာကိုပဲ ကျွန်တော် စောင့်စားနေလိုက်တော့တယ်…. ဆူကျိုးမြစ်ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက် မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ် ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ သူဟာ ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကာဝေးရဲ့ လွှမ်းမိုးမှုတစ်ပိုင်းတစ်စရှိနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို့ ဆိုကြသလို ဒီရုပ်ရှင်ကနေလည်း ခပ်ဆင်ဆင်အရသာလေးရပါတယ်။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ Narratorကို လူလည်းမပြထားသလို Creditလည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်။ နောက်နီးစပ်စေတဲ့အချက်ကတော့ အချစ်နဲ့မြစ်ပေါ့။ မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးမရနိုင်ဘူးလို့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့စိတ်တွေကတော့ ဘယ်သောအခါမှ သစ်မလာနိုင်ဘူးမလား။ စိတ်သစ်လူသစ်ဆိုတာ ပုံပြင်ဟောင်းတွေပဲမို့လား။ ဆူကျိုးမြစ်ရုပ်ရှင်ဟာ လူအဟောင်း စိတ်အဟောင်းတွေကို မြစ်အဟောင်းထဲက ရပ်ဝန်းအဟောင်းကိုခေါ်သွားပြီး အဖြစ်ဟောင်းတွေနဲ့ ခင်ဗျားရဲ့မသိစိတ်ထဲက အဟောင်းတွေကို ပြန်တူးဖော်ပေးမယ့်ရုပ်ရှင်ပါပဲ။ အောက်ဖော်ပြပါကတော့ ခင်ဗျားစိတ်ပါရင် တွဲဖက်ခံစားလို့ရမယ့် သီချင်းဟောင်းလေးပေါ့။ ” တစ်ညမက နှစ်ညမက တစ်ညတစ်ည မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့ ငါငြိမ်သက်မြဲပါ ” – ခင်ဝမ်း ( မြစ် ) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(3.5GB) / (1.22GB) Quality__BluRay_1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Western
7.4 2000 83 mins
Suzhou River
Every Day in Kaimukī
5.8

အထီးကျန်မှုဆိုတာ လူတွေကို ရက်စက်စွာ နှိပ်စက်တတ်ပါတယ်။ လူတွေဟာ အထီးကျန်မှုခံစားရတိုင်း အိမ်ဆိုတဲ့အရာကို တောင့်တကြတယ်လေ။ ဇာတိမြိုမှ ကိုယ့်ရဲ့အိမ်လို မဆိုလိုပါဘူး။ ကိုယ်သိပ်ချစ်တဲ့မြိုလေးဟာ ဘယ်သူတွေက ပျက်စီးနေပြီလို ပြောနေပါစေ… ကိုယ်မြတ်နိုးရင်တော့ ကိုယ့်ရဲ့အထီးကျန်မှုတွေကို ဖြေဖျောက်ရာဘုံလေးပဲ မဟုတ်ပါလား…? ဒီဇာတ်ကားလေးကတော့ နာ့ဇ်ဆိုတဲ့‌ ကောင်လေးတစ်ယောက်ဟာ ဟာဝိုင်အီမြိုမှာ ကြီးပြင်းခဲ့ပြီး ဘော်ဒါဘော်ဂျက်တွေနဲ့အတူ ဝါသနာပါရာတွေ လျှောက်လုပ်နေခဲ့ပါတယ်။ လူငယ်ပီပီ စကိတ်စီးကြတယ်။ ညဘက်မှာဆိုလည်း နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ ရေဒီယို ရုပ်သံလိုင်းတစ်ခုကို ထုတ်လွှင့်ပါတယ်။ အဲဒီရေဒီယိုရုပ်သံလိုင်းမှာ အပြင်မှာလည်း တကယ်ရှိပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်ကာလအတွင်းမှာ အဖော်မဲ့နေတဲ့လူတိုင်းအတွက် ရည်ရွယ်ပြီး အခုလိုထုတ်လွှင့်ဖြစ်တာပေါ့။ တစ်ခါတလေ လူငယ်လေးတွေကို ဖိတ်ပြီး အတူတကွ ထုတ်လွှင့်ဖြစ်နေရင်းပေါ့။ အဖော်မဲ့တယ်ဆိုပေမယ့် ကောင်မလေးတော့ ရှိပါတယ်။ သူ့ကောင်မလေးက နယူးယော့ခ်မြိုတော်ကြီးမှာ အလုပ်အသစ်ရတဲ့အတွက် သွားဖိုပြင်ဆင်နေပါတယ်။ သူကလည်း ကိုယ့်ရဲ့မွေးရပ်မြေ ဟာဝါအီကို စွန့်ခွာပြီး “ဆံထုံးနောက် သျှောင်ပါ” ဖို လုပ်ရင်း စိတ်ကူးတွေယဉ်ခဲ့တာပေါ့။ စိတ်တွေလည်း အရမ်းလှုပ်ရှားနေပြီး လိုအပ်တဲ့ ပစ္စည်းတွေလှမ်းပို၊ မလိုတာတွေကို တခြားသူတွေကို ပေးပစ် စတာတွေအကုန်ပြင်ဆင်နေပါတယ်။ သူသိပ်ချစ်ရတဲ့ ကြောင်လေးကိုတောင် လေယာဉ်နဲ့သယ်ဖိုအထိ ပြင်ဆင်နေတာပေါ့။ ဘော်ဒါတွေကိုလည်း ထုံးစံအတိုင်း ပတ်ကြွားတယ်။ ကောင်မလေးနဲ့ တွေ့ရတော့မယ် ဘာညာနဲ့ ခဏခဏ တဖွဖွ ပြောရင်းကနေ ရုတ်တရက်… သူ့ကောင်မလေးက မသွားဖြစ်တော့ဘူးပေါ့ဗျာ။ မိန်းမတွေရဲ့ထုံးစံအတိုင်း ခုတစ်မျိုး တော်ကြာတစ်မျိုးပေါ့။ အဲဒီလိုနဲ့ ကွိင်တက်ရာကနေ သူဆုံးဖြတ်ပြီးသားဖြစ်တာကြောင့် သွားဖိုကိုပဲ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ နာ့ဇ်တစ်ယောက် ဇာတိချက်ကြွေ မွေးရပ်မြေ သိပ်လှတဲ့ ဟာဝါအီကို စွန့်ခွာပြီး ထွက်သွားနိုင်ပါ့မလား…? ဝါသနာပါရာဖြစ်တဲ့ ရေဒီယိုစခန်းလေးကိုရော ပစ်ထားနိုင်ပါ့မလား…? စကိတ်တူတူစီးနေကြ သူငယ်ချင်းတွေကိုရော ထားခဲ့နိုင်ပါ့မလား…? ကောင်မလေးနဲ့ ဘာတွေဆက်ဖြစ်မလဲ…? သူ့ရဲ့အထီးကျန်ခြင်းတွေကို ဇာတိမြေဖြစ်တဲ့ ဟာဝါအီမှာပဲ ဖြေဖျောက်နိုင်မလား…? မီးရောင်တထိန်ထိန်နဲ့ စည်ကားတဲ့ နယူးယော့ခ်ကပဲ ကုစားပေးမနိုင်မလား…? စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(2.73GB) / (1.03GB) /483MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:21:00 Genre…Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kham Mon

5.8 2022
Every Day in Kaimukī
10 Truths About Love
6

ကရီနာဟာ စာပေတိုက်တစ်ခုရဲ့ အချစ်သရုပ်ဖော်ကဏ္ဍအပိုင်းကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ ကလောင်စွမ်းထက်တဲ့ စာရေးဆရာမတစ်ဦးပါ။ နှလုံးသားရေးရာကို အဓိကထားရေးတဲ့စာရေးဆရာမဖြစ်တာကြောင့် သူမဟာ အချစ်ရေးမှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တွမ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ တွဲလာတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။ တနေ့မှာတော့ ကြော်ငြာရီဗျူးတွေရေးတဲ့ လီယမ်ဆိုတဲ့လူဟာ သူတို့ရုံးကို အလုပ်ဝင်လာခဲ့ပါတယ်။ ကရီနာဟာ မြင်မြင်ကတည်းက သူ့ကို ကြည့်မရတဲ့ကြားက အထက်လူကြီးက လီယမ်ကို သူ့ကဏ္ဍမှာ နေရာချပေးလိုက်ပါတော့တယ်။ အလုပ်မှာ စိတ်ညစ်ရတဲ့ကြားက ငါးနှစ်တောင် တွဲလာတဲ့ သူ့ကောင်လေးတွမ်က သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် လမ်းခွဲသွားပါတော့တယ်။ အချစ်ရေးမှာ ယုံကြည်ချက်ရှိလှပါတယ်ဆိုတဲ့ သူမဟာ ကောင်လေးက လမ်းခွဲသွားတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ လီယမ်က သူမကို တွမ်နဲ့ပြန်အဆင်ပြေအောင် ကူညီပေးမယ်ဆိုပြီးတော့ ပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဌာနရဲ့အလုပ်တွေရော တွမ်ကို ပြန်ရဖို့ရော အတူတူကြိုးစားကြရာကနေ ရင်းနှီးလာကြပြီး သံယောဇဉ်တွယ်လာကြပါတော့တယ်။ တွမ်ဘက်က ဖြစ်ပေါ်လာတဲ့ခံစားချက်ကို သေချာသိပေမယ့် ကရီနာခမျာမှာတော့ တွမ်နဲ့ သူနဲ့ကြားမှာ စိတ်တွေရှုပ်ထွေးပြီး ဝေခွဲမရဖြစ်နေပါတော့တယ်။ ဒီတော့ ကရီနာအနေနဲ့ တွမ်နဲ့ပဲ ပြန်ပေါင်းထုပ်သွားမလား လီယမ့်ရဲ့အချစ်တွေကို မြင်နိုင်သွားမလားဆိုတာက ကြည်နူးစွာ စောင်ကိုက်ပြီးကြည့်ရမှာပါ။ Romance Comedy ဖြစ်တဲ့အတွက် အိပ်ရာထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် ဇာတ်လမ်းအမျိုးအစားလေးပါ။ IMDb မှာ Rating 6/10 ရထားပြီးတော့ 2022 မှ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်တဲ့အတွက် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(1.72 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6 2022
10 Truths About Love
Maharaja
8.6

Maharaja (2024) လက်ရှ်မီး ပဟေဠိ Genre – Action, Drama, Thriller IMDB – 8.6/10 အားလုံး စောင့်မျှော်နေကြမယ့် မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ အသစ်စက်စက် လျှို့ဝှက်သည်းဖို အက်ရှင်ကားလေး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေကနေလဲ အမြတ်စွန်း ကောင်းကောင်းပြန်လည်ရရှိထားတဲ့ အက်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ် ဒါရိုက်တာကလည်း ၂၀၁၇ ခုနှစ်ထွက် မှုခင်းကားကောင်း Kurangu Bommai ကို ရိုက်ကူးပေးထားတဲ့ Nithilan Swaminathan ပါ။ မင်းသားကြီးကိုတော့ ဒီထဲမှာ မထုံတတ်တေးပုံစံနဲ့ အသာလေး ကြမ်းပြတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဇာတ်လမ်းလေးကတော့ ဆန်းပါတယ်… ဆန်းဆို “မဟာရာဇာ” ဆိုတာက ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားတဲ့ ဆံသဆရာတစ်ယောက်၊ သမီးဖြစ်သူ ငယ်စဉ်ကတည်းက ဇနီး ဆုံးပါးသွားခဲ့တာကြောင့် အဖေတစ်ခု သမီးတစ်ခုနဲ့ ဘဝကို ရိုးရှင်းစွာ နိစ္စဓူဝ ဖြတ်သန်းနေရသူပေါ့။ သမီးဖြစ်သူ “ဂျိုသီ” က ကျောင်းစာထက် အားကစားဖက်ကို စိတ်အားထက်သန်ပြီး ထူးချွန်သူပါ။ ဒါပေမဲ့ သူတို့အိမ်မှာ သားအဖနှစ်ယောက်တည်းတင် မဟုတ်ပါဘူး “လက်ရှ်မီး” ဆိုတာ ရှိပါတယ်၊ သူတို့အမေလည်းမဟုတ် အဘွားလည်းမဟုတ် အမျိုးလည်းမဟုတ် အူကြောင်ကြောင်နဲ့ သံအမှိုက်ပုံးကြီးတစ်ခုပါ။ ဒါကြီးကို တစ်ပတ်တစ်ခါ ရေမိုးချိုးပေးရသလို အမွှေးနံ့သာတွေ ပတ်ဖြန်းပြီး သားအဖ ၂ ယောက် ဖူးဖူးမှုတ်ထားကြတာပေါ့။ ဒါလည်း အကြောင်းရှိပါတယ် ငယ်စဉ်က အိမ်မတော်မဆ ဖြစ်ပြီး အိမ်ပြိုမလို ဖြစ်တဲ့အချိန် ဒီအမှိုက်ပုံးကြောင့် သမီးဖြစ်သူ အသက်ချမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ နေလာရင်းကနေ တစ်ရက်ကျ ဒီ “လက်ရှ်မီး” ကြီး အခိုးခံလိုက်ရပါတယ်၊ အဲဒီမှာ “မဟာရာဇာ” တစ်ယောက် ရဲတွေကို သွားတိုင်ချက်ဖွင့်တော့ ရဲတွေက လူလား ပစ္စည်းဥစ္စာလားမေးတဲ့အချိန် သူကတော့ “လက်ရှ်မီး” ပျောက်တာဆိုပြီး ရဲတွေကိုရှာပေးဖို့နဲ့ ကုန်ကျသလောက်သူရှင်းပါမယ်ဆိုပြီး ဒူပေပေနဲ့ ရဲစခန်းကနေ အိမ်ကိုမပြန်တော့ပါဘူး…. ဒါပေမယ့် ရဲစခန်းကနေ သူဘာလို့အိမ်မပြန်တာလဲ “လက်ရှ်မီး” ကရော တကယ်ပျောက်သွားတာဟုတ်ရဲ့လား “မဟာရာဇာ” ဆိုတဲ့ ဒူပေပေ သူ့ဘဝကရော ရိုးရှင်းခဲ့ရဲ့လားဆိုတာ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်လို့ဆိုရမယ့် လူကြမ်းမင်းသားစပေါ်ကတည်းကနေ လုံးဝထိုင်ရာမထ စိတ်ဝင်စားဖွယ်ရာ လိုက်ပါကြည့်ရှုရမှာပါ။ ဇာတ်လမ်းကို ဒါရိုက်တာက အတိတ်ကိုပြလိုက် ပစ္စုပ္ပန်ကိုပြလိုက်နဲ့ ကြည့်ရှုသူကိုယ်တိုင်လိုက်ပါစီးမျောဖို့ တင်ဆက်ထားတာမလို့ လုံးဝကျော်ကြည့်လို့မရပါဘူး… လှည့်ကွက်ပေါင်းများစွာကို ဇာတ်ကောင်တွေရဲ့လက်ရှိအခြေအနေနဲ့ ပြရင်းပြရင်း ဖြည်ချသွားတာမလို့ ဇာတ်သိမ်းရောက်မှ ဟာခနဲ ဖြစ်ကျန်တဲ့နေရာရောက်မှ ရှင်းထွက်သွားမှာပါ။ ၂၀၂၄ ရဲ့ အကောင်းဆုံး တမီးလ်ရုပ်ရှင်ကားအဖြစ် သတ်မှတ်ထားကြတာမလို့ အေးအေးဆေးဆေးလိုက်ပါကြည့်ရှုကြပါ။

8.6 2024 141 mins
Maharaja
The Education of Charlie Banks
6.5

Fred Drust ရိုက်ကူးတဲ့ The Education of Charli Banks ကတော့ သူငယ်ချင်းဆက်ဆံရေးနဲ့ အမှားကိုပြန်ပြင်ဖိုကြိုးစားတဲ့အကြောင်းကို အတွေးအခေါ်ပိုင်းဆိုင်ရာ ကြွယ်ဝစွာနဲ့ ရိုက်ကူးထားတဲ့ ကောလိပ်လူငယ်ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ Charli Banks က သူငယ်ငယ်က အရမ်းကြောက်ခဲ့တဲ့ လူကြမ်းသူငယ်ချင်း Mick Leary ကို ပါတီပွဲခေါင်မိုးထပ်မှာ ကောင်လေးနှစ်ယောက်ကို ရန်ဖြစ်ပြီးသေမတက်ရိုက်နှက်မှုနဲ့ ရဲကို ခိုးပြီးတိုင်ကြားခဲ့တယ်။ ဒါပေမဲ့ Charli က Mick သူ့ကိုသစ္စာဖောက်ပြီး တိုင်လိုက်မှန်းသိရင် Mick ရဲ့လက်ချက်ကိုမိမှာကြောက်ပြီး မျက်မြင်သက်သေကို ပြန်ရုတ်သိမ်းခဲ့တာမို Charli ထောင်ကနေ လွတ်လာခဲ့တယ်။ ဒီလိုနဲ့သုံးနှစ်ကြာပြီး Charli နေတဲ့ ကောလိပ်အဆောင်ကို Mick ပြန်ရောက်လာတော့ Charli သူ့ရဲ့ လျှိဝှက်ချက်ကို ဆက်ထိန်းထားနိုင်မလား၊ Mick ကရော အရင်လို မဆိုးသွမ်းတော့ဘဲ လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားမလဲဆိုတဲ့အဆက်ကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2.4GB)/(1.4GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:42:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

Thriller • Science Fiction
6.5 2007
The Education of Charlie Banks
Miss Shampoo
6

အချစ်၊ အက်ရှင်၊ ဟာသ စတဲ့ ရသ ၃ မျိုးလုံး ခံစားရမဲ့ ထိုင်ဝမ် နာမည်ကြီး ဇာတ်ညွှန်းဆရာ ဒါရိုက်တာ Giddens Ko ရဲ့ Miss Shampoo ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အစ်ကိုထိုက်ဟာ ဒုစရိုက်ဂိုဏ်းအချင်းချင်း နယ်မြေလုတိုက်ခိုက်မှုတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ခေါင်းလျှော်မလေး အားဖန်းရဲ့ ဆံပင်ညှပ်ဆိုင်ထဲကို ဝင်ပုန်းခဲ့တဲ့အချိန်မှာ အားဖန်းရဲ့ ဖုံးကွယ်ပေးမှုကြောင့် အသက်ချမ်းသာခွင့်ရခဲ့ပါတယ်။ အားဖန်းက ဆံပင်ညှပ်ဒီဇိုင်နာ ဖြစ်ချင်ခဲ့ပြီး အခွင့်အရေးမရှိတာကို သိသွားတဲ့ အားထိုက်က သူ့လက်အောက်ငယ်သားတွေရဲ့ ဆံပင်တွေကို အားဖန်းဆီ လေ့ကျင့်ခံဖို့ ခိုင်းစေခဲ့ပါတယ်။ အဲဒီနောက် အားဖန်းလည်း လူမိုက်တစ်ဖွဲ့လုံးနဲ့ ခင်မင်သွားခဲ့ပြီး အားထိုက်နဲ့ ရည်းစားတွေ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ နယ်မြေလုချင်တဲ့ ရန်သူအဖွဲ့က အားထိုက်ကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ဆက်ပြီးဒုက္ခပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ ရန်သူတွေ ပြည့်နှက်နေတဲ့ သူတို့လောကကြီးထဲမှာ အချစ်နဲ့ ကလဲ့စားချေဖို့အရေး ရွေးချယ်ရတဲ့အခါမှာ အားထိုက်တစ်ယောက် ဘယ်လိုရွေးချယ်မလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

6 2023
Miss Shampoo
Tiger Cruise
5.8

Maddie Dolan က ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အဖေနဲ့အတူ အချိန်ဖြုန်းဖို့ Tiger Cruise ပေါ်ကို လိုက်ပါရတော့မဲ့ ကလေးမလေးပါ။ အဖေက သင်္ဘောပေါ် လိုက်ခဲ့ဖို့ ခေါ်နေခဲ့ပေမဲ့ နှစ်တိုင်းငြင်းနေခဲ့တဲ့ Maddie တစ်ယောက် သင်္ဘောပေါ်တက်ဖို့ ရုတ်တရက် သဘောတူလိုက်ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ တာဝန်ထမ်းဆောင်နေရတာကြောင့် အိမ်ကို ခဏ ခဏ ပြန်မလာနိုင်တဲ့အဖေကို အိမ်ပြန်လာအောင် ဖျောင်းဖျဖို့ပါ။ Tiger Cruise ဆိုတာကတော့ အမေရိကန်ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ ကလေးတွေ အိမ်ထောင်ဖက်တွေ မဟုတ်တဲ့ တခြားမိသားစုဝင်တွေကို အပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါရင်း တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်တွေ နေ့စဉ်ဘဝတွေကို လေ့လာခွင့်ပေးတဲ့ ခရီးတစ်ခုပါ။ ခရီးစဉ် စတင်လာတာနဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ World Trade Centre တိုက်ခိုက်မှု ဖြစ်လာတဲ့အခါ အပျော်ခရီးကနေ အရေးပေါ် စစ်ရေးအခြေအနေ ဖြစ်လာပါတော့တယ်။ သင်္ဘောပေါ်က အရပ်သား ၈၀၀ ရဲ့ လုံခြုံရေးကို တာဝန်ယူရင်း သူ့အဖေရဲ့ ဂုဏ်သိက္ခာ ပေးဆပ်မှုနဲ့ တာဝန်ထမ်းဆောင်မှုတွေကို နားလည်လာတဲ့ Maddie တစ်ယောက် ဘယ်လိုသဘောထားတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့ အညွှန်းနဲ့ ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်။ File size… 2.4 GB / 952 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Drama / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Juno Saurus

Science Fiction • Drama
5.8 2004 88 mins
Tiger Cruise
Sab Kushal Mangal
4.2

Sab Kushal Mangal (2020)”ရွာလည်ဖူးစာ” ================================== ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ပါပူဟာ ရုပ်သံချန်နယ်တစ်ခုက ကိုယ့်ဒုက္ခကိုယ်ရှာဆိုတဲ့ ပရိုဂရမ်ရဲ့ တင်ဆက်သူတစ်ယောက်ပါ။ သူဟာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အတွင်းရေးတွေကို ဟောဟောဒိုင်းဒိုင်း ဖွင့်ချတတ်သူဖြစ်ပြီး ပရိသတ်အတော်အသင့်ရထားတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကို သူ့ရဲ့ပရိုဂရမ်ကနေ အရှက်ခွဲမိသလိုဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့လာရပုံကို ရိုးမန့်စ်ပြကွက်တချို့နဲ့အတူ ဒီရုပ်ရှင်ထဲမှာ ရယ်ရယ်မောမော မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.2 2020 132 mins
Sab Kushal Mangal
Shinda Shinda No Papa
5.8

Shinda Shinda No Papa (2024) “ဖအေထက် သားတစ်လကြီး” ဂိုပီဆိုတာ ငယ်စဉ်ကတည်းက သူတို့ ပန်ချာပီရိုးရာအတိုင်း လူကြီးတွေက ရိုက်နှက်ဆုံးမတာခံယူပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်။ ဒါပေမဲ့ အသက်ကြီးလာတော့ ကနေဒါမှာ အိမ်ထောင်ကျပြီး သားတစ်ယောက် ထွန်းကားခဲ့တာပေါ့။ အဲဒီမှာ သူ ငယ်ငယ်တုန်းကလိုပဲ ပန်ချာပီရိုးရာ အဆုံးအမတွေနဲ့ သွန်သင်ချင်ပေမဲ့လည်း သူ ရောက်နေတာက ကနေဒါဆိုတော့ မိဘက သားသမီးကို ခက်ခက်ထန်ထန် ကြည့်ရုံနဲ့ ဖအေခမျာ အချုပ်အောင်းရတဲ့ထိ ကလေးတွေကို ဦးစားပေးထားတဲ့ ဥပဒေတွေရှိနေတော့ ဂိုပီတစ်ယောက် သားဖြစ်သူက ဘာတွေပဲလုပ်လုပ် ပြန်မလုပ်နိုင်ပဲ ခြေချုပ်မိနေခဲ့တာပေါ့။ သူကိုယ်တိုင်လည်း အချုပ်ထဲ ခဏခဏဝင်ရပြီး ငွေကုန်ရပေါင်းလည်း မနည်းတော့ဘူး။ ဒီလိုနဲ့ တစ်စထက်တစ်စ ဆိုးသွမ်းလာတဲ့ သားတော်မောင်ကို အိန္ဒိယကို အလည်ပြန်ခေါ်ရင်း ဆုံးမမယ်ဆိုတဲ့ အကြံဆိုးနဲ့ ဂိုပီတို့ မိသားစုတစ်သိုက် အမိမြေ ပြန်လာခဲ့ကြတဲ့အခါမှာ ဘယ်လိုတွေ ကြုံရဆုံရ ဖြစ်ပျက်ကြဦးမယ်ဆိုတာကို ဟာသလေးနှောပြီး သားသမီး ပြုစုပျိုးထောင်နည်းကို ပညာပေးသွားတဲ့ အိန္ဒိယ ပန်ချာပီကားလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Thriller • Crime
5.8 2024 133 mins
Shinda Shinda No Papa
[18+] Kabitan
7.7

Kabitan (2024) IMDb Rating (7.7) Vivamax နယ်ပယ်ချဲ့လိုက်တဲ့ BL,GL ဇာတ်လမ်းတွေထဲက အသစ်ထွက် GL ဇာတ်လမ်းလေးဖြစ်ပါတယ်။ Vivamax ထွက်ဇာတ်လမ်းတွေဖြစ်တဲ့အတွက် မြင်နေကျ နုနုရွရွ လှလှပပလေးတွေမဟုတ်ပဲ အမှောင်ဇာတ်ကြမ်းတွေဖြစ်ကြောင်းသိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Athena Red နဲ့ Alessandra Cruz တို့ကိုကွန်ဒိုမျက်နှာချင်းဆိုင်အိမ်နီးချင်းတွေဖြစ်တဲ့ အဲလစ်စ်နဲ့မီကာအဖြစ်တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒီထက်ပိုတိုက်ဆိုင်တာကတော့ နှစ်ဦးလုံးဟာ အိမ်ထောင်သည်တွေရဲ့အငယ်အနှောင်းဘ၀ကိုမရောက်ချင်ပဲရောက်နေကြတာပါပဲ။ အမြဲတမ်း ကြေကွဲဝမ်းနည်းရိပ်စွန်းနေတဲ့ မီကာကို အဲလစ်စ်က စိတ်ဝင်တစားစပ်စုရင်း အကြောင်းရင်းကိုသိရတဲ့အချိန်မှာတော့ သူတတ်ထားတဲ့ပညာတွေကို အိတ်သွန်ဖာမှောက်သင်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ပညာတွေသင်ရင်းနဲ့ သူတို့နှစ်ယောက်အချင်းချင်းစိတ်ပါလက်ပါ နယ်ကျွံသွားမိချိန်မှာ ဇာတ်လမ်းကိုဘယ်လိုရှေ့ဆက်မလဲဆိုတာ အကြမ်းအရမ်းအကွက်ဆန်းတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(760 MB) / (350 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:03:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

7.7 2024
[18+] Kabitan
Baby’s Day Out
6.1

Baby’s Day Out (1994) IMDb Rating (6.2) ၁၉၉၄ ခုနှစ်ဆိုတာ ရုပ်ရှင်လောကအတွက် တကယ့်ဂန္တဝင်ကားတွေ ထွက်တဲ့နှစ်ပါပဲ..Baby’s Day Out ရုပ်ရှင်ကလဲ ၁၉၉၄ နှစ်ထုတ်ကုန်တခုဖြစ်ပြီး အမြဲတမ်းအမှတ်တရ ပြန်ပြန်ကြည့်နေရတဲ့ရုပ်ရှင်တကားပါပဲ။ ကလေးလေးတယောက်နဲ့ လူဆိုး၃ယောက်သာ အဓိကထားရိုက်ပြထားတဲ့ ဒီဟာသကားလေးက ကြည့်ဖူးသူတိုင်းကို အပန်းဖြေရယ်မောစေခဲ့ရသလို ပြန်ပြန်ကြည့်တိုင်းလဲ ကြည်နူးပျော်ရွှင်ရစမြဲပါပဲ အဓိကဇာတ်ကောင် ကလေးလေး Baby Bink အတွက် အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Adam Robert နှင့် Jacob Joseph Worton တို့နှစ်ယောက်စလုံးနဲ့ ရိုက်ကူးခဲ့တာပါ။ Adam နဲ့ Jacob Worton တို့ညီအစ်ကိုရဲ့ တစ်သက်လုံးမှာ တစ်ကားတည်း သရုပ်ဆောင်ဖူးတဲ့ ရုပ်ရှင်ဖြစ်ပြီး သူတို့ဟာ နောက်ထပ် ဘာကားမှ ထပ်မရိုက်ခဲ့ပါဘူး။ Baby’s Day Out ကို အခုချိန်မှာ ဂန္တဝင်ဟာသကားတစ်ကားလို သတ်မှတ်ထားကြပေမယ့် ထွက်ရှိချိန်တုန်းကတော့ ကလေးကို အန္တရာယ်ကြီးမားတဲ့ နေရာတွေ လျှောက်သွားပုံ ရိုက်ထားတဲ့အတွက် ဝေဖန်ခံရပြီး Box Office မှာ အရှုံးပေါ်ခဲ့တယ်။ Box Office ရုံဝင်ငွေ ထင်သလောက် မရခဲ့တာကြောင့် အစက “Baby’s Trip to China” အမည်နဲ့ နောက်ဆက်တွဲ Sequel ဆက်ရိုက်မယ့် အစီအစဉ် ဖျက်လိုက်ရပါတယ်။ မဟုတ်ရင် အနည်းဆုံး Baby’s Day Out နှစ်ကားကြည့်ရမှာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ဘဝမှာ ကိုယ်ဖြစ်စေချင်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲကြည့်ခဲ့ရပါတယ်…. အဲ့ဒါကတော့ အလိမ်အညာတွေ၊လူဆိုးတွေပြည့်နေတဲ့ လောကကြီးထဲမှာ ဘာမှနားမလည်တဲ့ ရိုးသားဖြူစင်တဲ့ လူငယ်လေးတယောက်က သူလုပ်ချင်ရာကို စွန့်စွန့်စားစားလုပ်ချသွားပြီး နောက်ဆုံးမှာ ရန်သူတွေကိုယ်တိုင်တောင်မှ မမုန်းရက်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲရှိခဲ့ပါတယ်ပေါ့။

6.1 1994 99 mins
Baby’s Day Out
Henry Johnson
5.6

Henry Johnson (2025) Transformers ရုပ်ရှင် ပထမဆုံးသုံးကားက ပင်တိုင်ဇာတ်ကောင် Shia LaBeouf ရဲ့ ရုပ်ရှင်သစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဟင်နရီဂျွန်ဆန်ဆိုတဲ့ ဇာတ်ကောင်၊ သူ့ကုမ္ပဏီပိုင်ရှင်သူဌေး၊ ထောင်ထဲက အခန်းဖော်၊ ထောင်စောင့်။ ဒီလေးယောက်စကားပြောနေရင်းနဲ့ပဲ ဇာတ်လမ်းကို ပုံဖော်သွားခဲ့တာပါ။ ဟင်နရီက ထောင်ထဲကသူငယ်ချင်းဖြစ်သူ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အရေး သူ့သူဌေးဆီကနေ အလုပ်ကမ်းလှမ်းပေးဖို့တောင်းဆိုရာက သူကိုယ်တိုင် ဂျေးအောင်းလိုက်ရတယ်။ ဒီမှာပဲ ထောင်ထဲကအခန်းဖော်ဆီက စနစ်ကြီးနဲ့ မိန်းမတွေဆိုတာ ဘယ်လောက်မယုံကြည်ရကြောင်း ဩဝါဒအကြီးကြီးတွေမှာ မှိုင်းမိပြီး ဦးနှောက်ဆေးခံလိုက်ရတာကနေစလို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (1.2 GB) / (500 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime Drama Duration…. 01:25:39 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo

Adventure • Fantasy • Animation • Science Fiction • Family
5.6 2025 85 mins
Henry Johnson