YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[CM]Hwarang.2016.E05.720p.WEB-DL.mp4

499.59 MB 720p video/mp4 780 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
Green Ghost and the Masters of the Stone
5

ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Action Drama အမျိုးအစား ဖြစ်ပါတယ် "ချာလီ" ဆိုတဲ့ သူက ကားရောင်းဝယ်ရေး စင်တာရဲ့ဥက္ကဌ ဖြစ်ပြီး ဘဝကို သာမန်လေးပဲ ဖြတ်သန်းနေတဲ့ သူတစ်ယောက်ပါ ကမ္ဘာမြေပျက်ဆီးနိုင်လောက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာချိန်မှာတော့ သူ့ရဲ့ မွေးစားမိသားစုက သူ့ကို လာခေါ်ခဲ့တယ် သူ ဘဝတစ်လျှောက်လုံး လျှို့ဝှက်ခံခဲ့ရတဲ့ ကိစ္စလေး တစ်ခုကတော့ သူတို့ မိသားစုက ကမ္ဘာမြေက လူသားမျိုးနွယ်တွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့ဖြစ်နေတယ် ဆိုတာပါပဲ သူ့ရဲ့ မွေးစား မိသားစုနဲ့အတူ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။ Genre.....Action, Adventure, Comedy Quality…. 1080p | 720p | 480p File size…1.2GB | 677MB | 292MB Format… mp4 Duration….1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz Encoder ..... August

Drama
5 2022 81 mins
Green Ghost and the Masters of the Stone
Hustle
7.8

IMDb Rating - 7.3/10 Comedy, Drama, Sport Basketball ကိုအခြေခံထားတဲ့ Netflix ရဲ့ Sport ဇာတ်ကားကောင်းလေး အသစ်ထွက်လာပါတယ်။ နာမည်ကြီး ဟာသ သရုပ်ဆောင် Adam Sandler က ဦးဆောင်ပါ၀င်ထားပြီး IMDB မှာလည်း 7.3 အထိရထားပါတယ်။ ဇာတ်လမ်းအညွှန်းက စတန်လီဟာ NBA လိဂ် ( အမေရိကန် ဘတ်စ်ကတ်ဘော ပရိုလိဂ်) စစ်ဆာ ဘတ်စ်ကတ်ဘော အသင်းရဲ့ ကစားသမားရှာ ကင်းထောက် အဖြစ်လုပ်ခဲ့တာ သူ့တစ်သက်နည်းပါးပါပဲ ။ နောက်ဆုံး အသင်းပိုင်ရှင်အပြောင်းအလဲမှာ သူ့ကို လက်ထောက်နည်းပြအဖြစ် ခန့်ဖို့ အကြောင်းဖန်လာပါတယ် ။ ဒါပေမယ့် ပရိုလိဂ်နဲ့ ကိုက္မယ့် ကစားသမား တစ်ယောက်ရှာခဲ့ဆိုပြီး တာ၀န်ပေးလိုက်ပါတယ်။ သူ့ဘ၀ရဲ့‌ နောက်ဆုံးနဲ့အကောင်းဆုံး ကစားသမားကိုရှာဖို့ စပိန်ကိုထွက်လာခဲ့ပေမယ့်၊ မထင်မှတ်ဘဲ လမ်းဘေး basketball ပွဲကနေ ရွက်ပုန်းသီး ကစားသမားတစ်ယောက်ကိုတွေ့သွားပြီး NBA စင်မြင့်ပေါ် တင်ကာ အောင်မြင်မှုတွေ ဆွတ်ခူးသွားမယ့်ပုံကို ကြည့်ရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Chuck Chuck, Chit Tee တို့ဖြစ်ပါတယ်။) File Size..........(1.97 GB) / (950 MB) / (550 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 57mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Thiha Yan Naing, Chuck Chuck, Chit Tee Encoder..........SWM

Drama
7.8 2022 118 mins
Hustle
Archaeology of Love

Archaeology of Love (2022) ****************************** ယောင်းရှီးနဲ့ အင်းရှစ်ဟာ တွေ့ဆုံပြီး ရှစ်နာရီအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြပါတယ်။ ​အင်းရှစ်က ယောင်းရှီးကို လွတ်လပ်မှုရှိတဲ့လူလို့ တထစ်ချယုံပြီး​ ဘယ်လိုအခြေအနေမျိုးမှာမဆို အတူရှိ​နေပေးဖို့ ကတိတစ်ခု ​တောင်းခံခဲ့တယ်။ အချိန်​တွေကြာလာတာနဲ့အမျှ အင်းရှစ်ရဲ့ ​ယောင်းရှီးနဲ့ပတ်သတ်တဲ့ စွဲလမ်းမှုက ဆိုးဝါးလာခဲ့ပြီး​ သူတို့ရဲ့ ၈နှစ်တာ ရှုပ်​ထွေး​နေတဲ့ ဆက်ဆံ​ရေးကြားမှာ ယောင်းရှီးတစ်ယောက် အင်းရှစ်ကို ​ပေးထားတဲ့ကတိကို တည်ဖို့ကြိုးစားနိုင်မလား…။ ဒါမှမဟုတ် လွတ်​မြောက်အောင်ကြိုးစားပြီး သူ့ရဲ့အချစ်သစ်ကိုပဲ စတင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်…။ File size : 2.65GB/ 980MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 2h 48m Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff

Drama • Thriller
0 2022 168 mins
Archaeology of Love
Delicious
7

ဒီဇာတ်လမ်းကတော့ ဟင်းလျာကောင်းဆိုတာ လူတန်းစား တိုင်းနဲ့ထိုက်တန်တယ်၊ စားဖိုမှူးတိုင်းလည်း ဆန်းသစ်တီထွင် ခွင့်ရှိတယ်ဆိုပြီး စားဖိုဆောင်တော်လှန်ရေးလုပ်ကာ စားသောက် ဆိုင်ထောင်ခဲ့တဲ့ ထမင်းချက်ကြီး မာစီယွန်အဖြစ် ဇာတ်လမ်း တည်ရိုက်ကူးထားတာပါ…။ ဇာတ်လမ်းအကျဥ်းမစမီ ဇာတ်အိမ်တည်ထားပုံကို နည်းနည်းပြောပြပါဦးမယ်..။ ဇာတ်အိမ်ကိုတော့ ပြင်သစ်နိုင်ငံရဲ့ ဘုရင်စနစ်ကိုတော်လှန်တဲ့ တော်လှန်ရေး မစမီ ၁၇၈၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပါတယ်…။ အဲ့ခေတ်အဲ့အခါမှာ ပြင်သစ်နိုင်ငံမှာ လူတန်းစားသုံးမျိုးရှိတယ်ဗျ…။ ပထမတန်းစားက ဘုန်းတော်ကြီးတွေ တစ်နည်းဆို ဘာသာရေးလူတန်းစားပေါ့…။ ဒုတိယက တော်ဝင်မျိုးနွယ်တွေ၊ တတိယကတန်စားက သာမန်လူတွေပါ…။ အဲ့ဒီခေတ်တုန်းက စားသောက်ဆိုင်တွေဆိုတာ မပေါ်ထွန်းသေးဘူး…။ လူတွေကအိမ်မှာပဲစားသောက်တဲ့အလေ့ရှိကြပါတယ်…။ ခရီးသွားရင်း ခဏနားတဲ့ နားခိုရာလေးတွေ၊ တည်းခိုခန်းလေးတွေမှာလည်း ဟင်းလျာကောင်းကောင်း ချက်လေ့မရှိဘူး။ စားစရာဆိုလို့ စွပ်ပြုတ်လောက်သာရှိပြီး အရသာမဲ့တဲ့အပြင်၊ အဆာပြေ ဝမ်းဝရုံကလွဲ ဘာမှရွေးချယ်စရာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်ရဲ့ အယူအဆအရ ဟင်းလျာကောင်းကောင်း ဆိုတာ အရသာခံတတ်သူ တော်ဝင်မျိုးနွယ်နဲ့သာထိုက်တန်တယ်…၊ ထိုက်သင့်မှ စားသုံးခွင့်ရှိတယ်…၊ သာမန်လူတန်းစားတွေအနေနဲ့ ဟင်းလျာကောင်းကောင်းစားစရာမလိုဘူးဆိုတဲ့အယူရှိလို့ပါပဲ…။ ဒါကြောင့် ထမင်းချက်တွေ၊ စားဖိုမှူးတွေဟာ တော်ဝင်မျိုးနွယ်အတွက်သာ ချက်ပြုတ်ရပြီး ဆန်းသစ်တီထွင်ခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ဟင်းပွဲကိုသာ သတ်မှတ်ထားတဲ့ အမယ်တွေနဲ့ချက်ပြုတ်ရပါတယ်… ဟင်းပွဲတွေ၊ဟင်းလျာတွေဆိုတာလည်း တော်ဝင်မျိုးနွယ်ရဲ့ ပျင်းရီငြီးငွေ့ မှုအတွက် အသုံးတော်ခံသက်သက်သာဖြစ်ခဲ့ပါတယ်…။ ဒီလိုဓလေ့တွေရှိတဲ့အပြင် အဲခေတ်ကာလပြင်သစ်ရဲ့ အောက်ခြေ လူတန်းစားက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်းခံရပါသေးတယ်။ ဒီအချက်ကလည်း ပြင်သစ်တော်လှန်ရေးရဲ့အကြောင်းတစ်ချက်ပေါ့…။ ဇာတ်လမ်းအစမှာတော့ မာစီယွန်ဟာ နယ်စားကြီးတစ်ယောက်ရဲ့ စားဖိုမှူးဖြစ်ပြီး ဟင်းလျာကောင်းချက်ပြုတ်ရာမှာ ပါရမီပါသူဖြစ်ပေမယ့် ထိုကာလရဲ့ထုံးတမ်းအရ ဆန်းသစ်တီထွင်ခွင့် မရရှာပါဘူး…။ ဘယ်လောက်ထိဆိုးသလဲဆိုရင် အတတ်စမ်းပြီး အာလူးပိုင်မုန့်လေးပြု လုပ်မိလို့ ရဲတိုက်ကနှင်ထုတ်ခံရပါတယ်။ အဲ့တုန်းက အာလူးလိုမျိုး မြေအောက်ကရတဲ့အစားအစာဟာ ယုတ်ညံ့တယ်…၊ တော်ဝင်မျိုးနွယ်နဲ့မသင့်တော်ဘူးလို့အယူရှိလို့ပါ…၊ သို့ပေမယ့် မာစီယွန်တစ်ယောက် သူ့လုပ်ရပ်ကိုမှားတယ်မထင်ခဲ့ဘဲ သူ့သခင်မြို့စားကြီး အမျက်တော်ပြေပြီး သူ့ကိုပြန်ခေါ်ဖို့သာ ကြိုးစားခဲ့ပါတော့တယ်…။ မာစီယွန်တစ်ယောက်ဘာတွေ ဘယ်လိုကြိုးစားပြီး စားသောက်ဆိုင်ဆိုတာကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာ တစ်ခေတ် တစ်ခါက ပြင်သစ်ပြည်ကို အလည်သွားရင် ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…2.13GB / 859MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Comedy , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7 2021 112 mins
Delicious
Carry on Jatta 3
7.4

Carry on Jatta 3 (2023) IMDb-7.5/10 ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။ သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။ ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့် အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို အဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။ အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါ ဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ ချွေးမအတုရှာကြတဲ့အခါမှာတော့။ သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်)

Thriller • Drama • Horror
7.4 2023
Carry on Jatta 3
The Farm
5.5

ကျေးလက်ဒေသတစ်ခုဘက်ကို ခရီးထွက်ကြမယ်ရင် စိုက်ပျိုးရေးခြံ၊ မွေးမြူရေးခြံတစ်ခုတော့ တွေ့ဖြစ်မှာပါ…။ ဒါက မထူးဆန်းပါဘူး …။ တွေ့တဲ့မွေးမြူရေးခြံဟာ လူသားမွေးမြူရေးခြံဆိုရင်တော့ ထူးဆန်းသွားပါပြီ….။ ဒီဇာတ်လမ်းလေးက အဲ့လိုဇာတ်လမ်းပါ…. သမီးရည်းစားတွေဖြစ်ကြတဲ့ နိုရာနဲ့ အဲလက်ဟာ ကျေးလက်ဒေသတစ်ခုဆီ အပျော်ခရီးထွက်ခဲ့ကြတယ်…. ကားမောင်းရတာလည်းပင်ပန်း ခရီးကလည်းဝေးဆိုတော့ လမ်းဘေးက မိုတယ်လေးတစ်ခုမှာ ဝင်နားခဲ့ကြပါတယ်….။ လူကလည်းခပ်ရှင်းရှင်း အေးအေးဆေးဆေးဆိုတော့ ချက်ချင်းပဲအိပ်‌ပျော်သွားကြတယ်…. နိုးလာတဲ့အခါမှာတော့ ခုနကပြောတဲ့ လူသားမွေးမြူရေးခြံကိုရောက်နေခဲ့ပြီးပဲဖြစ်ပါတယ်…. ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်ကြည့်လိုက်ပါဗျာ….။ File size…1.16GB / 510MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 20m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2018 80 mins
The Farm
Mickey’s Magical Christmas: Snowed in at the House of Mouse
6.6

Mickey’s Magical Christmas: Snowed in at the House of Mouse (2001) ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of Mouse ဆိုတာက မစ်ကီတို့သူငယ်ချင်းတွေဖွင့်ထားတဲ့ Dinner Theatre Club… အဲဒီကို ဒစ္စနေးက ဇာတ်ကောင်တွေအကုန်လာကြတယ်ပေါ့။ အဲဒီဇာတ်ကောင်တွေကိုထည့်တဲ့နေရာမှာ အန်နီမေးရှင်းလုံးဝမရှိသေးတဲ့ ဒစ္စနေးကောမစ်က ဇာတ်ကောင်တွေကိုပါ ထည့်ခဲ့တယ်။ ၅၂ပိုင်းနဲ့ ရုပ်ရှင်၂ကားထွက်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီ၂ကားထဲက တစ်ကားဖြစ်သလို ခရစ္စမတ်ကားလည်းဟုတ်နေတဲ့ကားပေါ့။ ဇာတ်လမ်းစစမှာ မစ်ကီတို့တွေဟာ ခရစ္စမတ်အကြိုနေ့မှာ ဖျော်ဖြေပွဲလုပ်ပြီးတဲ့နောက် ဧည့်သည်တွေကို နှုတ်ဆက်တယ်။ ကံဆိုးချင်တော့ နှင်းတွေပိန်းပိတ်နေအောင် ကျနေလို့ တစ်ယောက်မှ အိမ်ပြန်မရတော့ဘဲ House of Mouse မှာပဲ ခရစ္စမတ်ပါတီကို ကျင်းပရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုခရစ္စမတ်ပါတီကျင်းပတော့ မစ်ကီက အိမ်ရှင်ပီပီ အားလုံးကို ပျော်စေချင်တယ်။ ရှိရှိသမျှ ဒစ္စနေးဗီလိန်တွေအကုန်လုံးတောင် ခရစ္စမတ်ကိုတော့ ချစ်ကြတယ်။ ပျော်ကြရွှင်ကြတယ်ပေါ့။ ဒါပေမဲ့ ခရစ္စမတ်ကို မချစ်နိုင်တဲ့သူက ဒေါ်နယ်လ်။ ဒီတော့ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်တတ်လာအောင် မစ်ကီက မစ်ကီရဲ့ဇာတ်လမ်းတိုလေးတွေရော ဒေါ်နယ်လ်ရဲ့ဇာတ်လမ်းတိုလေးတွေရောပြတယ်။ ထုံးစံအတိုင်း မင်နီ ဂူဖီ ပလူတိုတို့ရော ဟူဝီ ဒူဝီ လူဝီတို့ရော ဘဲကပ်စေးတို့ရော အကုန်ပါတာပေါ့။ တစ်ပုဒ်ပြီး တစ်ပုဒ်ပြပေမဲ့ ဒေါ်နယ်လ်ကတော့ သူ့ဦးလေးဘဲကပ်စေးနဲ့တူအောင်ကို ခေါင်းတွင်တွင်ခါနေတုန်းပဲ။ ဒီတော့ မစ်ကီတို့တွေ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်သွားအောင် ဘာပြရမလဲ ခေါင်းချင်းရိုက်ကြတာပေါ့။ ဒေါ်နယ်လ်ချစ်တတ်သွားအောင် မစ်ကီတို့ ဘယ်လိုဇာတ်လမ်းတွေ ဒေါ်နယ့်လ်ကို ပြကြမလဲ ကြည့်ကြရလိမ့်မယ်။ ဒေါ်နယ့်လ်ကို ပြသွားတဲ့ ခရစ္စမတ်ဇာတ်လမ်းတွေထဲမှာ ဒစ္စနေးရုပ်ရှင်တို ၂ခုပါတယ်။ Pluto’s Christmas Tree (1952) နဲ့ Mickey’s Christmas Carol (1983) တို့ပါပဲ။ Mickey’s Christmas Carol ကတော့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို မှီးထားတယ်။ Academy Award for Best Animated Short Film ဆုပါ ဆန်ခါတင်ဝင်သွားသေးတယ်။ တကယ်လည်း‌ ကောင်းပါတယ်။ သူတို့ပြခဲ့တဲ့ဇာတ်လမ်းတွေထဲ ဒီတစ်ပုဒ်ကတော့ တော်တော်ကောင်းတယ်။ ခရစ္စမတ်ရဲ့ အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ A Christmas Carol ရဲ့ ကျောရိုးအတိုင်း မစ်ကီမောက်စ်တို့နဲ့ ကြည့်ရမှာဆိုတော့ ခရစ္စမတ်မှာ ကြည့်လို့လည်း တော်တော်အရသာရှိလိမ့်မယ်။ မစ်ကီတို့ဆိုခဲ့တဲ့သီချင်းအတိုင်းပေါ့… ခရစ္စမတ်ဆိုတာ ခရစ္စမတ်သစ်ပင်ကြီးဧည့်ခန်းထဲ အလှထည့်ထားတာလည်းမဟုတ်ဘူး။ ခရစ္စမတ်ပွဲကြီးလမ်းကြီးတွေ လုပ်ကြတာမျိုးလည်း မဟုတ်ဘူး။ ခရစ္စမတ်ဆိုတာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ချစ်ခြင်းတွေနဲ့ အတူရှိနေတဲ့ အချိန်ပါပဲ။ ” အားလုံးလည်း ရှိနိုင်ကြပါစေ… မယ်ရီခရစ္စမတ်… “ (ဒီကာတွန်းနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 5Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2001 61 mins
Mickey’s Magical Christmas: Snowed in at the House of Mouse
Nunchucks
5.6

ဒီတစ်ခေါက်မှာတော့ CM က အတိုက်အခိုက်ကြိုက်တဲ့ ဖန်တွေအတွက် နမ်ချပ်ကူ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းက ဇာတ်ညွှန်းရေးရင်း ကိုယ်ပိုင်ဘဝပျောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပေါ့… တုန်းဖန်ကျယ်ဆိုတဲ့လူဟာ ငယ်စဉ်တည်းက လီရှောင်လုံကို သဘောကျခဲ့ပြီးတော့ အနုပညာလောကထဲ ကျင်လည်နေခဲ့သူတစ်ယောက်ပေါ့… ဒါကြောင့်လည်း သူ့သားကိုတောင် လုံရှင်းလို့ နာမည်ပေးခဲ့တာ… ဒီလိုနဲ့ သူက လီရှောင်လုံရဲ့ ဘဝနဲ့ စိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားရင်းနဲ့ နမ်ချပ်ကူ ဇာတ်ညွှန်းကို ရေးရင်း ဇာတ်ညွှန်းရေးရအဆင်မပြေခဲ့တဲ့အတွက် တောထဲထွက်သွားခဲ့တယ်… နောက်ဆုံးမှာ မိန်းမလည်းထွက်ပြေး ကလေးလည်း တောထဲ ပျောက်သွားခဲ့ရတယ်… ဒီလိုနဲ့ ကလေးပျောက်လိုက်ရှာရင်းနဲ့ တောလည်ခဲ့ရတယ်… ကဲ ကလေးကို ပြန်ရှာတွေ့မှာလား… နောက်ပြီး သူ့ဇာတ်ညွှန်းကရော ဘာဖြစ်လာမှာလဲ… ထုံးစံအတိုင်း ဇာတ်လမ်းလေးကတစ်ဆင့် အဖြေရှာကြည့်တာပေါ့…

5.6 2012
Nunchucks
The Prequel of Gold Convoyers 3: Confidence of Banking Stockroom
End Times
5

ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးကရောဂါဆိုးတစ်ခုကြောင့် ပျက်စီးလာနေပြီး အစိုးရတွေကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့ ၏ အခြေအနေကိုရောက်လာခဲ့ပါတယ်။ ရောဂါကြောင့် လူတွေက ဇွန်ဘီးတွေဖြစ်လာပြီးသက်ရှိမှန်သမျှကို လိုက်သတ်ပြီးစားသောက်နေပါတယ်။ ဒီလိုအဖြစ်အပျက်ကြားမှာအသက်ရှင်ကျန်ရစ်နေသေးတဲ့ သူတွေလည်းရှိပါတယ်။ ဖရက်ဒီဟာ အစိုးရဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ဇွန်ဘီးတွေကြားမှာခက်ခဲစွာအသက်ရှင်ရင်း ဘေးကင်းတဲ့နယ်မြေကို ရှာနေပါတယ်။ ကလဲယာဆိုတဲ့ခအမျိုးသမီးဟာခတစ်နေရာကနေကခနိုးထလာပြီး ကမ္ဘာကြီးဘာဖြစ်နေမှန်းတောင်မသိပဲ လျှောက်သွားရင်း လူတစ်စုရဲ့အနိုင်ကျင့်စော်ကားတာကိုခံလိုက်ရပါတယ်။ ရက်အတော်ကြာမစားရမသောက်ရဖြစ်ပြီးအားနည်းနေတဲ့ ကလဲယာကိုဇွန်ဘီးတစ်ကောင်ကစားဖို့လုပ်နေတာကို ဖရက်ဒီက ဝင်ကယ်လိုက်ပြီးနှစ်ယောက်အတူသွားဖို့ ကလဲယာကို ကမ်းလှမ်းခဲ့ပါတယ်။ စိတ်ဒဏ်ရာတစ်ချို့ကြောင့်မယုံကြည်ပေမယ့် ဖရက်ဒီရဲ့ချက်ကျလက်ကျပြောဆိုချက်တွေကြောင့် လက်ခံသွားခဲ့ ပါတယ်။ တွေ့သမျှလိုက်ကိုက် စားသောက်တတ်တဲ့ ဇွန်ဘီးတွေကြားမှာ ဖရက်ဒီတို့နှစ်ယောက် ဘယ်လို အသက်ရှင်အောင်ရုန်းကန်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုပေးပါဦး။ File size…1.63GB / 926MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre ….. Action , Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5 2024
End Times
Invasion U.S.A.
5.4

မင်းသားကြီး Chuck Norris ရဲ့ ပရိတ်သတ်တွေအတွက် သူ့ရဲ့ အက်ရှင် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မတ် ဟန့်တာဆိုတာကတော့ FBI ကနေ အနားယူသွားခဲ့တဲ့ နာမည်ကြီး အေးဂျင့်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ရဲ့ ရန်သူတော်ဟောင်းဖြစ်တဲ့ ‌ရော့စတော့ဗ်က အမေရိကန်နိုင်ငံထဲကို ပြန်ရောက်နေတဲ့အပြင် သူ့ရဲ့လက်အောက်ခံတပ်သားတွေနဲ့ ကျူးကျော်စစ်ပွဲတစ်ခု စတင်ဖို့ ကြံရွယ်နေတာကို သိလိုက်ရတဲ့အခါမှာတော့ ဟန့်တာတစ်ယောက် ရော့စတော့ဗ်ကို အပြီးတိုင် တားဆီးဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ရော့စတော့ဗ်ရဲ့ လှည့်စားတိုက်ခိုက်မှုတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို နှိမ်နင်းမရဖြစ်နေတဲ့ အာဏာပိုင်တွေနဲ့ တိုက်ခိုက်မှုတွေအောက် ဖရိုဖရဲဖြစ်နေတဲ့ ပြည်သူတွေအကြားမှာ ဟန့်တာတစ်ယောက် သူချစ်တဲ့ အမေရိကန်နိုင်ငံ‌တော်ကြီးကို တစ်ကိုယ်တော် ဘယ်လိုမျိုး မီးကုန်ယမ်းကုန် ကြမ်းပြရမ်းပြပြီး ကာကွယ်သွားမလဲဆိုတာကို အက်ရှင်ချစ်ပရိတ်သတ်ကြီးတွေ အဝကြည့်ရှုကြရမှာပဲဖြစ်ပါတယ် File Size : 3.4 GB, 1.6 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

Drama • Thriller • Romance
5.4 1985 107 mins
Invasion U.S.A.
The Dreamers
7.2

The Dreamers (2003) IMDb Rating (7.1) Genre: Erotic/Romantic/Drama The Dreamers ကတော့ အီတလီဒါရိုက်တာ Bernardo Bertolucci ရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ မင်းသမီး‌ချော Eva Green ရဲ့ ငယ်မူငယ်သွေးအလှတွေနဲ့ သူ့ရဲ့ဇာတ်ကောင်ပေါ် နှစ်ဝင်သရုပ်ဆောင်နိုင်စွမ်းကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း နားလည်ရခက်တဲ့ ပန်းချီကားတချပ်လို ပြင်သစ်ဆန်ဆန် လှပပါတယ်။ မင်းသမီး Eva Green အပြင် မင်းသား Louis Garrel နဲ့ Michael Pitt တို့ရဲ့ ဝတ်လစ်စလစ်အခန်းတွေအများကြီးပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ++++++++++++++++++++++++++++++ ဇာတ်လမ်းအညွှန်းကိုတော့ Out of Mind Fb Page က အညွှန်းနဲ့ ညွှန်းခဲ့ချင်ပါတယ်။ Spoiler Alert…. The Dreamers (2003) ဇာတ်လမ်းရဲ့အခင်းအကျင်းက ပဲရစ်မြို့ 1968ခုနှစ်က ကျောင်းသားသပိတ်ဖြစ်နေတဲ့အချိန် ဖြစ်တယ်။ Metthewဆိုတဲ့အမေရိကန်လူငယ်တယောက်က ပဲရစ်မြို့မှာ ပြင်သစ်ဘာသာစကားလေ့လာနေရင်း သူ့ရဲ့အချိန်အများစုကို ရုပ်ရှင် တွေကြည့်ရင်း ကုန်ဆုံးနေတဲ့သူ တယောက်။ တစ်ရက်မှာတော့ သူ့လိုပဲ ရုပ်ရှင်ကို အရမ်းဝါသနာပါတဲ့ Isabelle နဲ့ Theo ဆိုတဲ့ အမြွာမောင်နှမနှစ်ယောက်နဲ့ ခင်လာကြတယ်။ သူတို့ မောင်နှမ နှစ်ယောက်က Matthewကို သူတို့ရဲ့ ကိုယ်ပိုင် ပိတ်လှောင်ထားတဲ့ ကမ္ဘာထဲကိုဆွဲခေါ်လာခဲ့တယ်။ တနည်းအားဖြင့် သူတို့ရဲ့အိမ် တနည်းအားဖြင့် မိမိနဲ့တစ်ခြားကြားက မျဥ်းကြောင်းတွေဝေဝါးနေတဲ့ သူတို့ရဲ့ကမ္ဘာထဲကို Matthew ရောက်ရှိလာတယ်။ သူတို့ရဲ့ အိမ်ထဲကို ရောက်တော့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ရုပ်ရှင်တွေကိုအသုံးပြုပြီး တယောက်ကိုတယောက်ချည်နှောင်ကြမှုတွေ ငြင်းခုံမှုတွေ ကိုသိလာတယ်။ နောက်ရုပ်ရှင်ထဲက အမူအယာတွေကို ပုံတူလိုက်သရုပ်​​ဆောင်ရင်း”ဒီရုပ်ရှင်ဟာဘာရုပ်ရှင်လဲ”ဆိုတဲ့မေးခွန်းတွေမေးပြီး သူတို့ဘလောက်သိလဲ ဘယ်လောက်အဖိုးတန်လဲဆိုတာကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့တိုင်းတာကြတယ်။ သူတို့အတွက်တော့ ရုပ်ရှင်သည်သာဘဝပဲ။ ဒီအိမ်လေးထဲမှာပဲ ရုပ်ရှင်ခန့်မှန်းတဲ့ဂိမ်းတွေဆော့ရင်း ရုပ်ရှင်တွေအကြောင်းငြင်းခုံရင်းနဲ့အပြင်မှာဖြစ်နေတဲ့ အရေးအခင်းတွေကိုမေ့ပျောက်ထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားကြတယ်။ ဒါ‌ပေမယ့် တဖြည်းဖြည်းနဲ့ Matthewသိလာတာက သူတို့နှစ်ယောက်ကမ္ဘာထဲမှာ သူဟာ ဘယ်တော့မှဝင်ခွင့်ရမှာမဟုတ်ဘူးဆိုတာပဲ။ သူဟာ အပြင်လူတယောက်လို့ခံစားရတယ်။ အမြွာမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ စိတ်ကူးယဥ်မှုတွေ ပြည့်ဖို့သက်သက် သူ့ကိုအသုံးချနေသလို ခံစားရတယ်။ Matthewရဲ့ အပြင်လူဖြစ်မှုကနေ သူတို့အမြွာနှစ်ယောက်ရဲ့ ကမ္ဘာကို ကြည့်ရှုနေခြင်းက ကျနော်တို့က Matthewကို ကြားခံအနေနဲ့အသုံးပြုပြီး သူတို့ရဲ့ကမ္ဘာကို ရုပ်ရှင်ကြည့်သူတွေက တဖန် ပြန်ကြည့်နေခြင်းလည်းဖြစ်တယ်။ ဒါနဲ့ပက်သက်ပြီး Matthewက ရုပ်ရှင်နဲ့ပက်သက်ပြီး သူမြင်တဲ့သီအိုရီတခုကို အခန်းတခန်းမှာရှင်းပြတယ်။ သူ့အမြင်အရတော့ ရုပ်ရှင်တိုင်းဟာ သူတပါးရဲ့လိင်ကိစ္စကိုတိတ်တခိုးကြည့်နေရသလိုပဲ ။ “ရုပ်ရှင်ရိုက်ကူးသူတယောက်ဆိုတာ သူများအဝတ်အစားလဲတာကိုချောင်းကြည့်ရတာ၊သူများလိင်ကိစ္စတွေကိုချောင်းကြည့်ရတာကိုသဘောကျတဲ့လူတယောက်လိုပဲ။ ကင်မရာဆိုတာကတော့ မင်းမိဘတွေရဲ့အိပ်ခန်းထဲက ချောင်းကြည့်ပေါက်ပေါ့။ မင်းသူတို့ကိုချောင်းကြည့်တယ်။ မင်းရွံလာတယ်။ မင်းမလုံမလဲဖြစ်လာတယ်။ ဒါပေမယ့် မင်းဆက်ကြည့်နေတာကိုမရပ်နိုင်ဘူး။ ရုပ်ရှင်တွေဟာ ပြစ်မှုတွေဖြစ်ပြီးတော့ဒါရိုက်တာတွေကတော့ ပြစ်မှုကျူးလွန်သူတွေဖြစ်သွားတယ်။” ကျနော်တို့က ရုပ်ရှင်ကြည့်တဲ့အခါမှာ တနည်းအားဖြင့် ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေကို ချောင်းကြည့်ပေါက်ကနေကြည့်ပြီးအာသာဖြေတာပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖိနှိပ်ထားတဲ့ဆန္ဒတွေကို ရုပ်ရှင်ကြည့်ရင်း ဖြေဖျောက်နိုင်လို့ပဲ​​​​ဖြစ်တယ်။ကျနော်တို့ဟာ ရုပ်ရှင်ကြည့်တဲ့အခါ ရုပ်ရှင်ကိုကြည့်နေရုံသက်သက်မဟုတ်ဘဲ ကျနော်တို့ကိုယ်တိုင်တောင်မသိတဲ့ သတိမထားမိတဲ့ ဆန္ဒတွေကို ရုပ်ရှင်ဇာတ်ကောင်တွေနေရာကနေဝင်ရောက်ခံစားရင်းနဲ့ အာသာဖြေတာပဲ ဖြစ်တယ်။ တနည်းအားဖြင့် ဇာတ်ကောင်တွေဟာ ကျနော်တို့ရဲ့ ဆန္ဒတွေကို အစားဖော်ဆောင်ပေးသလိုခံစားရလို့ပဲ ဖြစ်တယ်။ ဒါက ဆန္ဒတွေသက်သက်တင်မဟူတ်ဘူး ကျနော်တို့ရဲ့ အကြပ်အတည်းတွေ တခြားတခြားသော ကိစ္စတွေကိုလည်း ဒီလိုပဲ ကျနော်တို့ရဲ့ ကိစ္စရပ်များကိုမှတ်တမ်းတင်ပေးထားသဖွယ် ရုပ်ရှင်များကို ကြည့်နေရင်းနဲ့ ခံစားနိုင်လို့ပဲ။ ရုပ်ရှင်စခရင်တွေကိုယ်တိုင်ဟာ ကျနော်တို့ကိုယ်တိုင်ရဲ့ အမြင်တွေအစိတ်အပိုင်းတွေကို ရုပ်ရှင်တွေအပေါ်မှာprojectလုပ်နေတဲ့ မှန်တချပ်လို့ပြောလို့ရတယ်။ The Dreamers ဟာလည်း ကျနော်တို့ရဲ့ ဖြစ်တည်မှုအကြပ်အတည်းကို ပြန်လည်ရောင်ပြန်ဟပ်နေတဲ့မှန်တချပ်ပဲ။ အဲဒီရုပ်ရှင်ကာရိုက်တာတွေရဲ့ အပြုအမူ သူတို့ရဲ့အခြေအနေတွေကို ကျနော်တို့ရဲ့အခြေအနေနဲ့ ဘယ်လိုမျိုးဆက်စပ်လို့ရမလဲ။ သူတို့ကို ကြည့်နေရတာက ကျနော်တို့ကိုယ်ကျနော်တို့ ပြန်ကြည့်နေရသလို ခံစားချက်ကိုရတယ်။ ပြင်ပကမ္ဘာကိုကြောက်လို့ ဒီရုပ်ရှင်ထဲမှာ လာဖြေဖျောက်နေပေမယ့် ဒီရုပ်ရှင်ကပဲ ထပ်မံပြီးတော့ ကျနော်တို့ရဲ့ အခြေအနေကို မှန်တချပ်လို မီးမောင်းပြန်ထိုးပြ​နေတယ်။ အ​မြွာနှစ်ယောက်ဟာ အရွယ်ရောက်မှုကိုငြင်းဆန်ပြီး ကလေးဘဝထဲမှာ ပြန်ပုန်းတာပဲဖစ်တယ်။ Matthew ကိုလည်း သူတို့လို ကလေးငယ်အဖြစ်ပြန်ပြောင်းချင်တဲ့အတွက် သူ့ရဲ့ လိင်အင်္ဂါ က အမွှေးတွေကို မောင်နှမနှစ်ယောက်က ရိတ်ဖို့ ကြိုးစားတဲ့အခန်းမှာတွေ့ရမယ်။ အဲဒီအခန်းမှာပဲ Matthew ကစိတ်ပေါက်ပြီး သူတို့နှစ်ယောက်ကို ဒီလိုမျိုးကလေးဘဝထဲမှာပဲပိတ်မိနေလို့မရမှန်း ပြောတယ်။ အမြွာမောင်နှမနှစ်ယောက်က တကယ့်အပြင်ကိုထွက်ပြီး သူတို့ရဲ့စိတ်ကူးယဥ်မှုတွေ အိပ်မက်တွေ လွတ်လပ်မှုတွေပျောကိဆုံးသွားမယ့် အခြေအ​နေကိုအမြဲတမ်းကြောက်နေခဲ့တယ်။ ကျနော်တို့လည်းဒီလိုပဲမဟုတ်ပါလား။လူသားတွေရဲ့ အကြောက်ရွံ့ဆုံးအခြေအနေဟာ တဖြည်းဖြည်း အသက်ကြီးလာပြီးလူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်ဖို့ မိမိ ဆန္ဒတွေကိုချိုးနှိမ်လိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် လူ့အဖွဲ့အစည်းရဲ့ ရုပ်သေးရုပ်တရုပ်အဖြစ် မြင်လိုက်ရတဲ့အခြေအနေပဲ ဖြစ်လိမ့်မယ်။ ဒီလိုမျိုး ကြောက်ရွံ့လာတဲ့အခါ ပြင်ပကမ္ဘာကိုငြင်းဆန်ပြီး ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ပိတ်လှောင်ကြတယ်။ကျနော်တို့က အကန့်အသတ်ဖြစ်မှုတွေကိုကြောက်ရွံ့ကြလို့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ အတွေးနယ်ချဲ့ ကြရင်း ပြင်ပကမ္ဘာကို ငြင်းဆန်ကြတယ်။ ဘဝရဲ့ရှုပ်ထွေးမှုတွေ ရွေးချယ်မှုတွေ တာဝန်တွေကိုမရင်ဆိုင်ရဲလို့ ရှောင်ပုန်းကြတယ်။ အပြင်ဘက်မှာရှိနေတဲ့ မှန်တွေကိုရင်ဆိုင်ပြီး အဲလိုမျိုး မှန်တွေကိုကြည့်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေရမှာပဲ ဖြစ်တယ်။ ဒါမယ့် သူတို့ဟာ အိမ်ထဲမှာပဲနေရင်း သူတို့ရဲ့ပြတင်းပေါက်အပြင်မှာတင်ဖြစ်နေတဲ့အရေးအခင်းတွေကိုမေ့ထားရင်း ကိုယ်ပိုင်ကမ္ဘာတည်ဆောက်နေခဲ့တယ်။ ဇာတ်လမ်းရဲ့အဆုံးမှာ သူတို့အိမ်အပြင်ဘက်ကနေ ကျောက်တုံးတစ်တုံးက သူတို့ရဲ့အခန်းထဲကို ပြတင်းပေါက်ဖြတ်ပြီးဖောက်ခွင်းဝင်လာတယ်။အဲဒီကျမှပဲ သူတို့ရဲ့ ကမ္ဘာငယ်လေးကပျက်ပြယ်သွားပြီး အပြင်ကိုထွက်ကြည့်တော့ ဆန္ဒပြသူတွေနဲ့ပြည့်နေတဲ့ ပဲရစ်ရဲ့လမ်းမကိုတွေ့တယ်။သူတို့တွေအဲ့ဒီလမ်းမပေါ်ကိုရောက်ရှိလာတယ်။ ကျနော်တို့ကရော ကျနော့်တို့ကမ္ဘာငယ်လေးထဲက ပြတင်းမှန်ကိုဘယ်လိုမျိုးခွဲကြမလဲ။ (ရုပ်ရှင်အညွှန်းကို Out of Mind FB Page မှ ကူးယူဖော်ပြပါသည်။)

7.2 2003 115 mins
The Dreamers