YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) House of Wax (2005) 1080p.mp4

2.31 GB N/A video/mp4 1144 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Don Jon
6

IMDb (6.5) / Rotten Tomatoes (80%) မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။ အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ သဘောတရားက "လိင်ကိစ္စဟာ တစ်ယောက်ထဲဆန္ဒပြည့်ဝလို့ ကောင်းတဲ့အရာမဟုတ်ပါဘူး လိင်ဆက်ဆံဖော်နဲ့ အပေးအယူမျှတ ရပါတယ်" ကဲ ဇာတ်ကားအညွှန်းလေးကို ပြောပြရမယ်ဆိုရင် ဇာတ်ကားထဲက ဇာတ်လိုက်ဖြစ်တဲ့ ဂျွန်နီဆိုတဲ့ကောင်လေးဟာ ဆော်ကြည်ဘဲတစ်ပွေပေါ့ဗျာ အပတ်တိုင်း နိုက်ကလပ် သွားတယ် အပတ်တိုင်းလည်း နိုက်ကလပ်ကနေ ဆော်အလန်း တစ်ပွေ ရတယ် အမြဲတမ်းလည်း ကောင်မလေးအလန်းတွေနဲ့ လိင်ဆက်ဆံတယ် ဒါပေမယ့် သူ စိတ်ကျေနပ်မှု အပြည့်အဝမရဘူး သူနဲ့ကြိုက်တဲ့ကောင်မလေးတွေက တင်ပါး၊ရင်သား၊ ရုပ်ရည် ဘာမှ အပြစ်ပြောစရာမရှိဘူး ဒါပေမယ့် သူ့စိတ်ထဲ တစ်ခုခုလိုနေတယ် သူကြည့်နေကြ အပြာကားတွေ လောက်တောင် အဲ့ကောင်မလေးတွေက သူ့ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူး နောက်ဆုံးမှာတော့ sexy တအားကျတဲ့ sex စကေးလည်းကြမ်းတဲ့ (barbara sugarman)Scarlett Johnson နဲ့ ကလပ်မှာတွေ့ပါတော့တယ် ကဲ ဂျွန်နီလေးတစ်ယောက် Scarlett Johnson နဲ့တွေ့မှပဲ သူစွဲလမ်းနေတဲ့ အပြာကားကို စွန့်လွှတ်နိုင်မှာလား....Scarlet Johnson နဲ့ Julianne Moore ကရော ဘယ်လိုတွေ စကေးပြသွားမလဲဆိုတာ....။ File size…(2.1 GB)/ (650 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:30:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mg King

Action • Drama • History • War
6 2013 90 mins
(18+) Don Jon
Mafia Mamma
6.5

" ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းနဲ့ သွေးထွက်သံယိုခန်းတွေပါဝင်ပါတယ် " ခရစ္စတင်ဟာ သာမန်အမေရိကန်အိမ်ထောင်ရှင်မတစ်ယောက်... ပြောရမယ်ဆိုရင် မိခင်တစ်ယောက်အနေနဲ့ကော အိမ်ရဲ့ အဓိကထောက်တိုင်အနေနဲ့ပါ သူ့မှာတာဝန်ဝတ္တရားတွေအပြည့်ပိနေပါတယ်။ သားဖြစ်တဲ့သူက ကောလိပ်တက်... ယောက်ျားကဖောက်ပြန်... အထက်လူကြီးကလည်းတကယ့်လိင်ခွဲခြားဆက်ဆံတဲ့ဘဲကြီး... အဲဒီလိုမွန်းကြပ်ရတဲ့ဘဝထဲပိတ်မိနေတုန်း သူတောင်မသိတဲ့ အီတလီက သူ့အဖိုးဆုံးပါးသွားပါတယ်။ အဲဒီတော့ မွန်းကြပ်တဲ့အမေရိကန်လူနေမှုဘဝကနေရုန်းထွက်ရင်း အပန်းဖြေခရီးလည်းဖြစ်အောင် အသုဘရှုဖို့ အီတလီကို ခရီးနှင်ခဲ့ပါတော့တယ်။ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုပါပဲ။ အမေရိကန်မှာနေရတာပင်ပန်းလို့ အီတလီကိုရောက်ခါမှ သူ့အဖိုးရဲ့ သေတမ်းစာအရ ဟန်ပြဝိုင်လုပ်ငန်းအပြင် နောက်ကွယ်က မာဖီးယားဂိုဏ်းကြီးကိုပါအမွေဆက်ခံခဲ့ရပါတော့တယ်။ လူမပြောနဲ့ ပိုးကောင်တောင်မသတ်ရဲတဲ့ ခရစ္စတင်တစ်ယောက် လူသတ်မှောင်ခိုလုပ်ငန်းတွေကို ဦးစီးရင်း တိုင်တွေဘယ်လိုပတ်မလဲ။ သူ့ကိုလုပ်ကြံဖို့ကြိုးစားတဲ့လူတွေနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာအပြင် တခြားမားဖီးယားမိသားစုတွေရဲ့လေးစားမှုကိုဘယ်လိုရယူနိုင်ခဲ့မလဲတွေ့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အက်ရှင်ဟာသကားဖြစ်ပေမယ့် ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မွန်းကြပ်ပြီး ပျင်းစရာကောင်းနေတဲ့ဘဝကိုပါ စောင်းပါးရိပ်ခြည်သတိပေးထားတဲ့ရုပ်ရှင်တစ်ခုပါ။ ကျွန်တော်တို့တွေရဲ့ ဘဝနေထိုင်မှုဟာ ပျင်းစရာ စားဝတ်နေရေးနဲ့တင် ပြည့်စုံလုံလောက်နေပါရဲ့လား။ ချစ်လို့ အားနာလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေထက် တခြားသူတွေရဲ့ဆန္ဒကို ဦးစားပေးနေခဲ့မိတာက မှန်ကန်တဲ့ရွေးချယ်မှုဟုတ်နေရဲ့လား။ အချဉ်အစပ်လေးမှ စားမြိန်တယ်ဆိုသလိုပါပဲ ဘဝဟာလည်း စွန့်စားခန်းတွေမပြည့်နေရင်တောင် စွန့်စားခန်းတွေပါနေမှ နေရကျိုးနပ်မှာပါ။ ဇာတ်လမ်းဇာတ်ကျောက ကြည့်ပျော်တယ်ဆိုတဲ့အဆင့်မှာရှိသလို ကျွန်တော်တို့ရဲ့ငယ်ဘဝ ချစ်မမကြီး Monica Bellucci လည်းပါတဲ့အပြင် မိန်းကလေးတွေအတွက်လည်း ခပ်လန်းလန်း အီတလီမာဖီးယားဘဲကြီးတွေပါတာကြောင့် အနည်းနဲ့အများ ကြည့်ရကျိုးနပ်မယ့်ရုပ်ရှင်တစ်ကားပါ။ ကြော်ငြာတွေကလူတွေရဲ့ စိတ်မလုံခြုံမှုတွေကို ဘယ်လိုအမြတ်ထုတ်နေသလဲမြင်ရမယ့်အပြင် အီတလီနိုင်ငံရဲ့အလှအပ ‌အငွေ့အသက်တွေကိုတွေ့ရမှာဖြစ်တာကြောင့် ဒီရုပ်ရှင်ကြည့်ပြီးသွားရင်တော့ နုံးချိချိဖြစ်နေတဲ့အချိန် ရေအေးအေးလေးချိုးလိုက်ရသလို လန်းသွားမယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 795MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 41Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
6.5 2023 101 mins
Mafia Mamma
Ghosty
4.5

IMDb. 6.8/10 . Cm ပရိသတ်တွေအတွက် ဘိုင်ရာဗာရုပ်ရှင်ထဲကမင်းသမီး ကာဂျယ်အက်ဂါဝယ်ရဲ့ အသစ်ထွက် တမီလ်စကားပြော comedy, horror ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အာရ်သီဆိုတဲ့ ရဲစုံထောက်မလေးဟာ အင်မတန်မှ တလွဲလုပ်တတ်လွန်းတဲ့သူပါ။ တစ်နေ့မှာတော့ သူ့အဖေရဲမှူး အငြိမ်းစားမယူခင် ခက်ခက်ခဲခဲ ဖမ်းခဲ့ဖူးတဲ့ ဒါ့စ်ဆိုတဲ့ ရာဇဝတ်ကောင်တစ်ယောက်ဟာ ထောင်ဖောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီသတင်း ကြားတဲ့အချိန်ကနေစပြီး အာရ်သီဟာ ဒါးစ်ကို အသည်းအသန် လိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သူဟာ ဒါးစ်နောက်ကိုလိုက်ရင်း တလွဲတချော်တွေဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့အိမ်မှာ အပမှီသလို မသိုးမသန့်ကိစ္စတွေ ကြုံလာရပါတော့တယ်။ ဒီ Ghosty ဆိုတဲ့ သရဲ၊ ဟာသရုပ်ရှင်လေးဟာ ကာဂျယ် ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံးပြန်ထွက်လာတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း ကြည့်လို့အဆင်ပြေတဲ့အပြင် ကာဂျယ်ကလည်း အစွမ်းကုန်လှနေတဲ့အတွက် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin~ BpL~ Yunni~ Cherry~Zwe Yan Naing

Comedy • Romance
4.5 2023 134 mins
Ghosty
Ruby Gillman, Teenage Kraken
6.7

The Croods 2013 ကိုရေးသားခဲ့တဲ့ Kirk DeMicco ဒါရိုက် တာအဖြစ် ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်အသစ်လေး လာ ပါပြီ။ အသံသရုပ်ဆောင်အနေနဲ့ To All the Boys I've Loved Before ရဲ့ မင်းသမီး Lana Condor ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း - လူတွေဟာ ခရက်ကန်ဆိုတဲ့ သတ္တဝါဆိုးကြီးတွေအကြောင်း ကြား ဖူးကြပါတယ်။ လှေတွေ သင်္ဘောတွေကို မြှပ်ပစ်တယ်၊ သင်္ဘောသား တွေကိုသတ်ပစ်တယ် စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ခရက် ကန်မိသားစုတစ်စုဟာ လူယောင်ဆောင်ပြီး သမုဒ္ဒရာကမ်းခြေမြို့လေး မှာ လာအခြေချနေပါတယ်။ ခရက်ကန်အမေ အာဂ်သာမှာ ၁၅ နှစ်အ ရွယ် ရူဘီဂေမန်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူကတော့ ခရက်ကန်ဆို တာ လူတွေမသိအောင်ဖုံးထားရင် လူဝင်ဆန့်ဖို့ ကြိုးစားနေတဲ့ အထက် တန်းကျောင်းသူလေးပါပဲ။ သူ့အမေက သူ့ကို သမုဒ္ဒရာထဲကိုဘယ်တော့မှ မဆင်းဖို့တင်းတင်းကြပ်ကြပ်မှာထားတာပါ။ တစ်နေ့မှာတော့ အမှတ်မထင် သမုဒ္ဒရာထဲကို ဆင်းမိပြီး ဧရာမ ခရက် ကန်ကြီးအဖြစ်ပြောင်းသွားပါတော့တယ်။ အဲဒီကနေ သူ့အမေနဲ့သူ့ရဲ့ အတိတ်အကြောင်းတွေက သိလာပြီး ရေသူမလေးတစ်ယောက်နဲ့လည်း သူငယ်ချင်းဖြစ်လာပါတယ်။ ဒါပေမဲ့ ရေသူမတွေနဲ့ ခရက်ကန်တွေဟာ ကမ္ဘာ့ရန်တွေဖြစ်တာကြောင့် သူငယ်ချင်းနှစ်ယောက် ဒီတိုက်ပွဲကြီးတွေကို ဘယ်လိုတားဖို့ကြိုးစားကြမလဲဆိုတာ.... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.0 GB) / (860 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 31Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......Mr.Anderson Encoder..........SWM

Comedy • Romance
6.7 2023 91 mins
Ruby Gillman, Teenage Kraken
The Worst Person in the World
7.6

မျိုးဥနဲ့ သုက် ပေါင်းစည်း ဖြစ်တည်လာပြီးတဲ့နောက် လောကဟာ လူကိုအသက်သွင်းပေးလိုက်တယ်။ ခန္ဓာဟာ အခွံသက်သက်ပဲမို့လား။ ခံစားချက်တွေ စရှိလာတဲ့အခါ လူအသက်ဝင်လာပြီလို့ပဲ ကျွန်တော် ယူဆလိုက်ပါတယ်။ မသိခြင်းနဲ့ သိချင်စိတ်အကြား နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ လူဟာ "ငါ ဘယ်သူလဲ"ဆိုတဲ့ မေးခွန်းကို အချိန်တွေအကြာကြီး အဖြေရှာရင်း အိုမင်းလာခဲ့ပြီ။ တွေ့ချင်လည်းတွေ့ကြမယ်ပေါ့။ မတွေ့ချင်လည်း မတွေ့ပါဘူး။ ဇာတ်ကောင်ကတော့ ၃၀ကျော်အသက်မှာ သူ့ကိုယ်သူတွေ့သွားခဲ့တယ်။ " အချစ်၏ အစနဲ့အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ " ယုဇနမခင်ပျိုထဲတော့ ဇော်ဇော်အောင်က ဟန်ဆောင်သောအရပ်ဒေသတစ်ခုကို ဖြတ်သန်းသွားရသည်လို့ ဆိုတယ်။ ဇာတ်ကောင်ဟာ ပင်လယ်နဲ့လွင်ပြင်ကြား ဟန်ဆောင်ခြင်းတောင်တန်းကြီးခြားပြီး လွင်ပြင်ကျယ်ဆီ ဆိုက်ရောက်လာခဲ့တယ်။ ပင်လယ်ရေတွေကတော့ တစိမ့်စိမ့်။ အချိန်ကြာလာတာနဲ့အမျှ ပင်လယ်ရေတွေစိမ့်ဝင် စုစည်းများပြားလာချိန်မှာ လွင်ပြင်ဟာ လွင်ပြင်မဟုတ်တော့လေတော့ ဇာတ်ကောင်ဟာ လွင်ပြင်သစ်ဆီ ကူးဖို့ အကြောင်းဖန်လာတယ်။ ကနဦးမှာတော့ သူတုံ့ဆိုင်းမိနေပေမဲ့ အဆုံးမှာတော့ လွင်ပြင်ကျယ်သစ်ဆီ ရောက်သွားခဲ့တာပါပဲ။ အလှပဆုံးဇာတ်ဝင်ခန်းလို့ဆိုရမယ်။ လောကကို မင်းဂရုစိုက်နေတဲ့အခါ လောကကြီးက ဆက်ရွေ့လျားနေပြီး မင်းကတော့ ရပ်တန့်နေရမှာပဲ။ လောကကို မင်းဂရုမစိုက်တော့တဲ့အခါ လောကကြီးက ရပ်တန့်ပြီး မင်းကတော့ ရှေ့ဆက်နေလိမ့်မယ်။ "ငါအမှားများလုပ်သည်။ ထို့ကြောင့် ငါရှင်သန်နေသည် " လား။ " ငါရှင်သန်နေသည်။ ထိုကြောင့် ငါအမှားများလုပ်သည်" လား။ ထားပါဦး။ ဇာတ်ကောင်ဟာ မမှန်ကန်ဘူးလို့ ဆိုလို့ရမှာပါ။ တစ်ပါးသူအတွက်ပေါ့။ သူ့အတွက်တော့ သူမမှားခဲ့ပါဘူး။ မှားခဲ့သည်ရှိစေ သူ့ရဲ့သက်ဝင်ရှင်သန်လာပုံကို မြင်ရတဲ့အချိန်မှာ အပြစ်လို့လည်း မမြင်နိုင်ပါဘူး။ ဇာတ်ကောင်ဟာ အမှားပေါင်းများစွာကြား ရှင်သန်နေတဲ့ လူသားတစ်ယောက်ပါပဲ။ အမှားကို ထပ်မှားပြန်တဲ့အခါ အမှားက အမှန်ဖြစ်ပြန်ဖြစ်သွားလားတော့ မသိနိုင်ဘူးပေါ့။ မှန်ခြင်းမှားခြင်းများကို ဖယ်ထားပါဦး။ ချစ်ခြင်းဟာ ဒီလိုပါပဲ။ ဒီလိုပဲ ကျော့ဆုံးရေ ဒီလိုပဲ။ ကမ္ဘာမှာ မကောင်းဆုံးလူလို့ ကိုယ့်ကိုယ့်ကိုယ် ခံစားနေရတောင်မှပဲ ချစ်ခြင်းကို ငါတို့ မရပ်တန့်နိုင်ခဲ့ကြရပါဘူး။ တိမ်တွေပဲလွင့်လွင့် လေပြေပဲ၀င့်၀င့်၊ အဓိပ္ပာယ်ရှိခြင်း မရှိခြင်းများ၊ ရှည်ကြာခြင်း တို‌တောင်းခြင်းများ၊ ဆင်ခြင်တုံတရား မောဟများ ဘယ်လိုဘယ်ပုံပဲရှိနေပါစေ၊ ချစ်ခြင်းကတော့ တည်နေဦးမယ်။ ဇာတ်ကောင်ရဲ့ လွတ်လပ်မှုကို ဒါရိုက်တာ Joachim Trier ဟာ ကြည့်ရှုသူပါ ပါဝင်စီးမျောနိုင်အောင် ပြသွားခဲ့တယ်။ ဇာတ်ကောင်ကို မုန်းမရခြင်းမှာ ဒါရိုက်တာရဲ့ စွမ်းရည်ကို အထင်းသား မြင်နိုင်တယ်။ မျက်စိပဒေသာဖြစ်တဲ့ စီနီမာတိုဂရပ်ဖီတွေ၊ နား၀င်လွယ်တဲ့သီချင်းချိုချိုတွေ၊ သိစိတ်အလျဉ်စာရေးနည်းဆန်တဲ့ တင်ဆက်ပြသပုံတွေနဲ့ ဒါရိုက်တာဟာ ရုပ်ရှင်ကို အလှပဆုံးအသက်သွင်းထားတာပါ။ မင်းသမီးကလည်း သူ့ရဲ့ လှပလွန်းတဲ့ ဇာတ်ကောင်ကို ပုံဖော်ရာမှာ တာ၀န်ကျေခဲ့ပါတယ်။ ဒါကြောင့်လည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Best Actress ဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါပဲ။ ရုပ်ရှင်ဟာ Joachim Trier ရဲ့ Oslo Trilogy ရဲ့ နောက်ဆုံးဘိတ်ရုပ်ရှင်ပေမဲ့ Wong Kar Wai ရဲ့ Informal Trilogy လိုပဲ တစ်ကားတည်းကြည့်လည်း အဆင်ပြေတဲ့ Trilogy မျိုးပါ။ ပုဂ္ဂလိကအမြင်အရတော့ 2021 နှစ်ထွက်ခဲ့သမျှထဲ Drive My Car ပြီးရင် The Worst Person in the World ကို သဘောအကျမိဆုံးပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.34GB, 740MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 7Min Type - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery • Thriller
7.6 2021 128 mins
The Worst Person in the World
Almost Love
6.4

“တကယ်တော့လောကကြီးမှာ တစ်ယောက်ယောက်ကို သဘောကျရတာလောက် အကျိုးမရှိတဲ့အရာ မရှိပါဘူး။ ထမင်းကျွေးတဲ့အရာလည်း မဟုတ်သလို ပိုက်ဆံရှာပေးတဲ့အရာလည်း မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် တကယ်ချစ်မိသွားတဲ့အချိန်မှာတော့ ပေးဆပ်ခြင်းက ရယူခြင်းထက် ပိုပျော်ဖို့ကောင်းသလို .. ကောင်းကင် နဲ့ ကြယ်၊ ပန်းတွေ နဲ့ သစ်ပင် ဘယ်လောက်လိုက်ဖက်တယ်ဆိုတာကိုလည်း ကောင်းကောင်းသိလာတယ်” တဲ့။ ဇာတ်လမ်းလေးကတော့ အချစ်ကိုတော့ခံစားနေပေမယ့် တကယ့်အချစ်ကဘာမှန်းမသိဘဲ Friend Zone ထဲမှာ အူလည်လည်ဖြစ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဆယ်ကျော်သက်ကျောင်းသားအရွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ တိုက်ကွမ်ဒိုကျောင်းသားတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းတွေမှာ ဝါသနာအရ စတန့်မင်းသားအနေနဲ့ အချိန်ပိုင်းအလုပ်ဝင်လုပ်တတ်ပြီး တစ်ချိန်မှာ “ဂျက်ကီချန်း”ထက် ပိုသာတဲ့ အက်ရှင်မင်းသားကြီးဖြစ်ချင်တဲ့ .. “ဂျီဟွမ်” “ဂျီဟွမ်” နဲ့ ငယ်ငယ်တည်းကခင်လာကြပြီး ရုပ်ရှင်မင်းသမီးကောင်းတစ်လက်ဖြစ်ဖို့ကြိုးစားနေတဲ့ အနုပညာကျောင်းသူ .. “ဒါလယ်” နှစ်ယောက်လုံးမှာ ရည်းစားကိုယ်စီလည်းရှိသလို ကိုယ့်အိပ်မက်တွေအမှန်တကယ်ဖြစ်လာအောင်ကြိုးစားနေရင်း တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့အပြောင်းအလဲကြီးဖြစ်လာပါတော့တယ်။ ဒီအပြောင်းအလဲကြောင့်ပဲ နှစ်ယောက်သားရဲ့အချင်းချင်းအပေါ်မှာထားရှိတဲ့ သူငယ်ချင်းသံယောဇဉ်ကို သံသယဖြစ်လာတဲ့အခါမှာ ..။ တစ်ချိန်က “ဆုန်ဂျူး အိုပါး” ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသား Kwon Sang Woo, ကျီးကျင့် ဆိုပြီး နာမည်ကြီးလာခဲတဲ့ မင်းသမီး Kim Ha Neul နဲ့ မင်းသား Lee Sang Woo တို့က အဓိကပါဝင်ထားပြီး လူငယ်ဆန်ဆန်ကျောင်းသားဇာတ်လမ်းလေးလည်းဖြစ် ရယ်စရာလေးတွေနှောထားပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမယ့်ကားဟောင်းလေးလည်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 480p File size…831MB Format…mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hardsub) Translator ..... lai Laii Encoder ..... August

Drama
6.4 2006 110 mins
Almost Love
Another Earth
6.7

Another Earth (2011) ~ IMDb - 6.9/10, Rotten Tomatoes - 65% ~ အနန္တစကြဝဠာကြီးထဲမှာ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးနဲ့ ပုံစံတူတဲ့ Parallel Universe တစ်ခုရှိနေမယ်လို့ တွေးဖူးလား။ တကယ်လို့များ အဲဒီအပြိုင်ကမ္ဘာတစ်ခုက ကျွန်တော်တို့မျက်စိရှေ့မှာ တကယ်ပေါ်လာခဲ့ရင်ရော ဘာတွေဆက်ဖြစ်ကြမယ်ထင်လဲ... ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်တို့ကမ္ဘာနဲ့ ပုံစံတူတဲ့ Earth တစ်ခုကို တွေ့မိပြီးတော့ အကြီးအကဲတွေဟာ အဲဒီ Earth နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာ အံ့ဩဖို့ကောင်းအောင်ပဲ ကမ္ဘာနှစ်ခုက ဆက်သွယ်နေတဲ့လူချင်းက အစစအရာရာ တူနေတာကို သိလိုက်ရပါတယ်။ Earth II ကို စတွေ့ရတဲ့နေ့မှာ Rhoda ဆိုတဲ့ သိပ္ပံထူးချွန်ကျောင်းသူလေးဟာ ကားအက်ဆီးဒင့်ဖြစ်ပြီးတော့ တဖက်ကားထဲက မိခင်နဲ့ ကလေးဖြစ်သူကို သေစေမိခဲ့တယ်။ ဒီကားတိုက်မှုကြောင့် ထောင်၄နှစ်ကျပြီး ပြန်လွတ်လာတဲ့အချိန်မှာ တဖက်က နစ်နာသူ လင်ယောက်ျား John ကို တောင်းပန်ဖို့ သွားခဲ့ပေမဲ့ တကယ်တမ်းကျ ပြောမထွက်တာကြောင့် အဲဒီယောက်ျားရဲ့အိမ်မှာ သန့်ရှင်းရေးဟန်ဆောင်ပြီး ကူညီလုပ်ကိုင်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ရင်းနှီးသွားကြပြီး ချစ်မိသွားတယ်ဆိုပါတော့... ဖြစ်ချင်တော့ Rhoda ဟာ Earth II ဆီ သွားလေ့လာရမယ့် အာကာသခရီးထဲ ပါဝင်ခွင့်ရသွားတယ်။ ဒီအချိန်မှာ Rhoda က ဘာတွေကြုံရမယ်မှန်းမသိသလို အသက်စွန့်ရမယ့်ခရီးလဲဖြစ်တဲ့ Earth II ကို သွားရမလား... ဒီကမ္ဘာမှာပဲ ဆက်နေရမလား... ဆိုပြီး အကျပ်ရိုက်ရပါတော့တယ်။ ဒါ့အပြင် John ရဲ့ ဇနီးနဲ့ကလေးသေရတာ သူ့ကြောင့်ပါဆိုတဲ့ အမှန်တရားကို ပြောပြဖို့ သူတွေဝေနေတယ်။ ဒီလိုနဲ့ Rhoda ဟာ Earth II နဲ့ ပတ်သက်တဲ့ သီအိုရီတစ်ခုကို သိလိုက်ရပြီးနောက်မှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ဒီနေရာမှာ ဘယ်လို အလှည့်အပြောင်းတွေ ကြုံလာရမလဲ... Rhoda နဲ့ John တို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဇာတ်သိမ်းသွားမလဲ... Earth I နဲ့ Earth II ကြားက အရေးပါတဲ့ Connection တစ်ခုက ဘာဖြစ်မလဲ... ဆိုတာတွေကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါနော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 735MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 32Min Genre - Drama, Romance, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Crime • Drama
6.7 2011 92 mins
Another Earth
Suncoast
6.6

Suncoast (2024) ~ IMDb – 6.6/10, RT – 75%, Meta – 61% ~ ဒီကားလေးကတော့ အခုနှစ်အစပိုင်းမှာ ထွက်ရှိလာတဲ့ ဟာသဒရာမာကားကောင်းလေးပါပဲ။ သရုပ်ဆောင်အနေနဲ့ဆိုရင် True Detective, Now You See Me, Zombieland တို့နဲ့ လူသိများတဲ့ မင်းသားကြီး Woody Harrelson ပါ၀င်ထားပါတယ်။ ဆန်းကို့စ်ဆိုတာ နာတာရှည်လူနာတွေအတွက် ဆေးရုံပါ။ ဒိုးရစ်ရဲ့အစ်ကိုဖြစ်သူက စကားလည်းမပြောနိုင် အသိစိတ်လည်းမရှိတော့ဘဲ သေဖို့အချိန်ကို ထိုင်စောင့်နေရတဲ့သူပါ။ သူ့အမေကလည်း သူ့အစ်ကိုကိုပဲ ဂရုစိုက်လို့ ဒိုးရစ်က သိပ်အချစ်မခံရသလိုခံစားနေရတဲ့အတွက် အစ်ကိုဖြစ်သူကို မုန်းတီးနေတဲ့သူပါ။ ငယ်ငယ်ကတည်းက နာမကျန်းဖြစ်တဲ့အစ်ကိုကိုပြုစုခဲ့ရတဲ့ ဒိုးရစ်တစ်ယောက် သူလိုချင်တာက သာမန်ဆယ်ကျော်သက်ဘ၀လေးပါပဲတဲ့။ သူ့အမေက သူ့အစ်ကိုကိုအဖော်ပြုပြီး ဆန်းကို့စ်ဆေးရုံမှာ သွားအိပ်တဲ့အခါမှာတော့ ဒိုးရစ် သာမန်ဆယ်ကျော်သက်ဘ၀မှာ ပျော်ဖို့ကြိုးစားပါတော့တယ်။ ဒီကားလေးကတော့ ဒိုးရစ်ဖက်က ခံစားချက်တွေ မိခင်ဖြစ်သူရဲ့ခံစားချက်တွေကို အချိုးညီညီပေါင်းစပ်ပြီး ကွဲပြားတဲ့အမြင်နဲ့ မျဉ်းပြိုင်လိုလူနှစ်ယောက် နောက်ဆုံးမှာဘယ်လိုခံစားချက်တွေနဲ့ ထပ်တူညီသွားမလဲဆိုတာကို မျက်ရည်တွေကြားထဲခံစားရမယ့်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 8.2GB, 1.75GB, 845MB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 49Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Comedy • Crime • Drama
6.6 2024 109 mins
Suncoast
Tales of Babylon
5.9

Tales of Babylon (2023) 2023 မှာထွက်ရှိထားပြီး ဆု​တွေအများကြီးရရှိထားတဲ့ Action, Thriller ကား​လေးဖြစ်တဲ့ Tales of Babylon နဲ့မိတ်ဆက်​ပေးပါ​ရ​စေ။ ~ ဇာတ်လမ်းအညွှန်း ~ ကြေးစား​လူသတ်သမားလေး​ယောက် သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ဆက်နွှယ်​နေမှန်းမသိဘဲ မူးယစ်​ဆေး​ငွေ​ကြေးကိစ္စ​တွေနဲ့ ရှုပ်​​ထွေး​နေတဲ့ လန်ဒန်မှာ မစ်ရှင်​ဆောင်ရွက်​နေတာကို ရိုက်ကူးပြသထားတဲ့ အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။ လန်ဒန်ရဲ့မူးယစ်​ဂိုဏ်း​ခေါင်း​ဆောင် ​ဆေးဗားဒရာဂွန်ရဲ့ ​မြေးဖြစ်သူနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​အေးဂျင့် ​အိတ်စ်နဲ့ဝိုင် အဖွဲ့… တစ်ဖက်မှာလည်း အဘိုးဖြစ်သူရဲ့ ခိုင်း​စေမှုနဲ့ ​မြေးနှစ်​ယောက်ကို လိုက်ရှာ​နေတဲ့ ​​ကြေးစားတစ်​ယောက်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ​သေသွားပြီလို့သိထားတဲ့ ဝိုင်ရဲ့ လုပ်​ဖော်ကိုင်ဖက်​ဟောင်း စဗက်လားနားတို့ မစ်ရှင်​တစ်ခုတည်းကို လိုက်​နေမှန်းမသိ လုပ်​ဆောင်​နေရာက​နေမှ သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ပါဝင်​နေတာကို တစ်ဦးချင်းစီဘက်က​နေ ရိုက်ကူးပြထားတဲ့ဇာတ်ကား​လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 925MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 2H 6Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.9 2023
Tales of Babylon
4bia 2 (Phobia 2)
6.7

Phobia 2(2009) Phobia 1 အထိုက်အလျောက်အောင်မြင်မှုတွေ ရပြီးတဲ့နောက်မှာတော့ ပိုမိုဆန်းသစ်တဲ့ ဇာတ်လမ်း 5 ခုနဲ့ ထွက်ရှိလာတဲ့ Phobia 2 ပထမတွဲတုန်းက ဒါရိုက်တာတွေအပြင် နောက်ထပ်မံအားဖြည့်ထားတဲ့ ဒါရိုက်တာတွေနဲ့ ဆန်းသစ်တဲ့ဘယ်လိုဇာတ်လမ်းတွေ ချပြလာမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ သူများကားတွေကို ခဲနဲ့ထုရတာကြိုက်တဲ့ကောင်ဇိုးလေးတစ်ယောက် အဖေ့ကားကိုခဲနဲ့ထုမိလိုက်မိတဲ့ ခေတ်သစ်အဇာတသတ်ရဲ့အဖြစ်ဆိုးကို ရိုက်ကူးထားတဲ့ ရှင်လောင်း Novice ဆယ်ကျော်သက်ပီပီ ဆိုင်ကယ်နဲ့ဒွန့်ရင်းနဲ့ ဆိုင်ကယ်မှောက် ဆေးရုံရောက်ရာက ထူးဆန်းတဲ့လူနဲ့တူတူ ဆေးရုံတက်ဖို့ဖြစ်လာတဲ့ကောင်လေးအကြောင်း ပုံဖော်ထားတဲ့ Ward ထရပ်ကားတားစီးရာက ငွေညှစ်ခံရပြီး ဇွန်ဘီးနဲ့ပါထပ်တိုးတဲ့ခရီးသည်နှစ်ယောက် Backpackers အတိတ်ဆိုးနဲ့ ကားဟောင်းတွေကို အပြုံးချိုချို ‌ဈေးချိုချိုနဲ့ရောင်းနေရင်း မြားဦးက ရောင်းသူဘက်ပြန်လှည့်လာတဲ့ တစ်ပတ်ရစ်ကားလေးရဲ့ပုံပြင် Second Hand Car နောက်ဆုံးအနေနဲ့ကတော့ သရဲကားရိုက်ကွင်းတိုင်းမှာဖြစ်နေကြဖြစ်တဲ့ သရဲကားရိုက်ရင်း သရဲအစစ်ပါလာတဲ့ In The End သရဲကားလည်းကြိုက်တယ် အချိန်အကြာကြီး ဇာတ်လမ်းတစ်ခုတည်းနဲ့မပျင်းချင်ဘူးဆိုရင်တော့ အချိန်တိုတိုနဲ့ ဇာတ်လမ်းစုံစုံ horror vibeခံစားချင်သူတွေအတွက် အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်လို့ ခုပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size… 2.5 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 2h 5m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Char Ou

Adventure • Comedy • Family • Science Fiction
6.7 2009 125 mins
4bia 2 (Phobia 2)
Boat People
7.6

၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေ ဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကို Boat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့ အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann Huiက The Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီး ဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့ အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့ Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်က ဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့ ‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer, Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို 1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။ အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။ တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီး ဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။ သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကို နိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင် ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်း သူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲ သူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်း ဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။

7.6 1982
Boat People
Evil Of The Rat
5.6

သည်းထိတ်ရင်ဖို ရုပ်ရှင်တွေထဲမှာမှ တိရစ္ဆာန်တွေနဲ့ အသည်းယားစရာကောင်းတဲ့ ရုပ်ရှင်ကို ကြိုက်တဲ့သူတွေကတော့ ဒီ Evil The Rat ဆိုတဲ့ ရုပ်ရှင်ကို အကြိုက်တွေမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရှထျန်းနဲ့ လင်ဖုန်းတို့သူငယ်ချင်းအဖွဲ့ဟာ ဆွံ့အမိန်းကလေးတစ်ယောက်ကို ကယ်တင်ဖို့အတွက် ဓာတုစက်ရုံတစ်ခုထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီစက်ရုံထဲမှာ ကြွက်ပေါင်းထောင်သောင်းချီ မွေးထားပြီး ကြွက်ခေါင်းဆောင်တစ်ကောင်က ဦးဆောင်ကြီးစိုး နေတာကို သိခဲ့ရပါတယ်။ ဗီဇပြောင်းကြွက်တွေက လူတွေကို တိုက်ခိုက်လာတဲ့အခါမှာတော့…… လင်ဖုန်းနဲ့ ရှထျန်းတို့ဟာ ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ့ရမလဲ…… ဆွံ့အမိန်းကလေးကိုရော ကယ်တင်နိုင်ကြမလား…… ဗီဇပြောင်းကြွက်တွေကို ဘယ်လိုလူက ဘယ်လိုရည်ရွယ်ချက်နဲ့ မွေးထားရသလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Crime • Drama
5.6 2025
Evil Of The Rat