YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) House, M.d. S04e08 You Don't Want To Know.1080p..mp4

477.27 MB N/A video/mp4 649 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bholaa
5.8

IMDb 7.7 Drishyam ထဲမှာ အပြိုင်ကြဲခဲ့တဲ့ အဂျေးနဲ့ ရဲမေတာဘူး တို့က ဒီကားထဲမှာ အတိုင်အဖောက်ညီညီ ရှယ်ကြမ်းကြဦးမဲ့ ရုံတင်ကားပဲဖြစ်ပါတယ် Box Office အနေနဲ့လည်း 111 ကုဋေကျော်အထိ ပြန်ရှာနိုင်ခဲ့ပါတယ် မင်းသားမင်းသမီးတင် နာမည်ကြီးရုံမက ဇာတ်လမ်းကလည်း ပြီးမှန်းမသိဆွဲဆောင်သွားနိုင်တာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပါပဲ ဇာတ်လမ်းအညွှန်း... ရန်သူတွေက စုန်းမလို့ခေါ်ရ‌လောက်တဲ့အထိ တစ်ခါအာရုံကျပြီးရင် လက်မလွှတ်တတ်တဲ့ ရဲမေဒိုင်ယာနာ (တာဘူး)... သန်းတစ်ထောင်တန်ကြေးရှိတဲ့ ကိုကင်းတွေဖမ်းမိတော့ ပိုင်ရှင်က ကြားဖူးသမျှထဲမှာ အကြီးဆုံးဂိုဏ်းဖြစ်နေခဲ့တယ် အလုပ်လုပ်သမျှ ပိရိလွန်းတာကြောင့် တစ်ခါမှကို ဖမ်းဆီးခြင်းမခံခဲ့ရတဲ့ဂိုဏ်း ဒီဂိုဏ်းက သန်းတစ်ထောင်ကျော် အထိနာသွားတော့ ဒိုင်ယာနာ့ကို ကမ္ဘာမြေအဆုံးထိ လိုက်ရှာပါတော့တယ် ဘိုလာ(အဂျေး)က အမှုတစ်ခုကြောင့် ထောင်၁၀နှစ်ကျခဲ့ရတယ် ထောင်သားအချင်းချင်းတောင် ဘိုလာက ဘယ်သူလဲ ဘယ်ကလာလဲ မသိကြဘူး သိတဲ့လူကလည်း အသက်ရှင်ဖို့လမ်းမရှိတာကိုး ဘိုလာ့ကို သမုဒ္ဒရာနဲ့တင်စားကြတယ် အပြင်ဘက်မှာ ငြိမ်သက်ပြီး အတွင်းမှာတော့ မုန်တိုင်းထန်တဲ့လူတဲ့ ဒီလိုနဲ့သူထောင်ကထွက်တော့ ကိုကင်းပိုင်ရှင်ကို စုံစမ်းနေတဲ့ဒိုင်ယာနာ့နဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ် ဂိုဏ်းဘက်ကလည်း ဒိုင်ယာနာ့ကို အသေရရ အရှင်ရရဖြစ်နေတော့ သူတို့၂ယောက်ပေါင်းပြီး ဘယ်လိုတွေဖြေရှင်းသွားမလဲဆိုတာ Plot Twist ပေါင်းများစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni,BpL,Khin,Sai နဲ့ Thaik San) တို့ပဲဖြစ်ပါတယ် File size…6.59GB / 2.41GB / 1.14GB Quality…4k HEVC / 1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~KhinKhin~Sai~ThaikSan

Drama • Romance
5.8 2023 144 mins
Bholaa
Stranger Than Fiction
7.3

လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်‌နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး အဆုံးသတ်တတ်တဲ့ ကာရန်အိုက်ဖယ်လ်ပါ။ သူ့ဘဝက အလွမ်းဇာတ်ဖြစ်မှာ သေချာသလောက်ပါပဲ။ ဒီတော့ သေရမယ်ဆိုတာ အသေအချာသိနေတဲ့ ဟာရိုးတစ်ယောက် သူ့ဘဝကို အတတ်နိုင်ဆုံး သူ ရှင်သန်ချင်တဲ့အတိုင်း ရှင်သန်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဟာရိုး သေရတော့မှာလား စာရေးဆရာ စိတ်ပြောင်းပြီး ဟာရိုးကို အသက်ရှင်ခွင့်ပေးမလား နောက်ဆုံး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(1.9 GB)/(1 GB)/(540 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Drama, Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phy Myat Thwe

Fantasy • Horror • Thriller
7.3 2006 113 mins
Stranger Than Fiction
Johnny
7.3

ဖြစ်ရပ်မှန်ကိုဇာတ်အိမ်တည်ထားပြီး လူတိုင်းဒုတိယအခွင့်အရေးနဲ့ထိုက်တန်တာမလို့ အားလုံးအပေါ်မေတ္တာတရားထားပေးသင့်ကြောင်းကို ရိုးရိုးရှင်းရှင်းရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်အဖြစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ရာဇဝတ်သားတစ်‌ယောက်ပါဝင်ပါတယ်။ ဒီဘုန်းတော်ကြီးဟာ မိမိယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်တတ်တဲ့သူ၊ လူသားတိုင်းအတွက်အနစ်နာခံ ပေးဆပ်သူပေ့ါ။ တစ်နေ့ကျတော့ ဘုန်းတော်ကြီးဆီကို ရာဇဝတ်သားဟာ သူ့ရဲ့ပြစ်မှုစောင့်ကြည့်ကာလအတွင်း လူထုအကျိုးပြုအလုပ်လုပ်ဖို့ဆိုပြီး အလုပ်လာတောင်းပါတော့တယ်။ ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့ ဒုတိယအခွင့်အရေးကိုအသုံးချပြီး ဘယ်လောက်အထိပြောင်းလဲပစ်နိုင်လဲဆိုတာမြင်တွေ့ရမယ့် Biographyကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. File Size :(1.8GB) and (714MB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Crime • Drama
7.3 2022 120 mins
Johnny
Raees
6.7

IMDb Rating (7.0) မင်းသားကြီးရှရွတ်ခန်းကို  မှောင်ခိုဂိုဏ်းခေါင်းဆောင်အဖြစ် တမူထူးခြားစွာ မြင်ရမှာပါ။ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ဆိုတာ အရက်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီး အရက်ရောင်းဝယ်ရင် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်ထားပါတယ်.... ဒီလိုအခြေအနေတွေကြောင့် အရက်မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ကြီးထွားလာပါတော့တယ်....ဒီလိုဖြစ်လာရတာကလဲ ဂူဂျာရတ်ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ကြောင့်ဖြစ်လာတာ။ အချိန်က ၁၉၈၀ နဲ့ ၁၉၉၀ ကြားကာလ ... ငယ်ငယ်ကတည်းက မှောင်ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်လာပါတယ်...သူများနဲ့မတူ ထူးခြားတာက သူဘယ်လောက်ပဲဆိုးသွမ်းပါစေ ဒေသခံတွေကတော့ သူ့ကို သဘောကျကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူ့မွေးရပ်မြေကို ထောက်ပံ့ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူဆိုးဂိုဏ်းသားတွေကို အမှန်အကန်ဖော်ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။ မှောင်ခိုရာဇာ ရာအီးစ်က ပြည်နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင်ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ဖို့ ဖြစ်လာပါတော့တယ်။ ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့် ရဲအရာရှိရဲ့လက်က ရာအီးစ်လွတ်မြောက်နိုင်ပါ့မလား၊ ဒေသခံတွေ ချစ်ကြတဲ့ ရာအီးစ်ရဲ့ အနာဂတ်က ဘယ်လို ဇာတ်သိမ်းရမှာလဲ၊ မှောင်ခိုလောကထဲက ရာအီးစ်ရဲ့ ငယ်စဉ်ကနေ အရွယ်ရောက်သည်အထိ ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေကို ကိုယ်တိုင်ကြည့်ရှုဖို့ ညွှန်းပေးလိုက်တယ်နော်။ ဒီဇာတ်ကားထဲမှာ အမှန်အကန် အက်ရှင်ဇာတ်ကွက်တွေနဲ့အတူ မင်းသားရှရွတ်ခန်းရဲ့ ဗီလိန်ဇာတ်ရုပ်ကိုပါ တစ်မူထူးပြီး ရှုစားရမှာမို့ ပရိသတ်တွေ သဘောကျမှာ သေချာပါတယ်။ ဒါတင်မက အိန္ဒိယဇာတ်လမ်းတွေရဲ့ ထုံးစံမပျက် သီဆိုကခုန်မှုတွေပါ ကြည့်ရမယ့် ဒီဇာတ်ကားမှာ ရာအီးစ်အဖြစ် ရှရွတ်ခန်း၊ အစီရာအဖြစ် မဟီရာခန်း၊ ရဲအရာရှိဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါအဖြစ် နာဝါဇူဒင်ဆင်ဒီကွီ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားက အပြင်မှာတကယ်ရှိတဲ့  ဂူဂျာရတ်ပြည်နယ်က လူဆိုးခေါင်းဆောင် အက်ဘ်ဒူလ်လာတစ်ဖ်ရဲ့အကြောင်းကို အခြေခံပြီး ဇာတ်အိမ်တည်ထားတယ်လို့ ဆိုကြပေမယ့်လည်း ရုပ်ရှင်ထုတ်လုပ်သူတွေကတော့ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုကိုသာ ပုံဖော်ထားတာလို့ ငြင်းဆိုထားပါတယ်။ (ရုပ်ရှင်အညွှန်းကို 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ကိုတော့ Taylor မှ တင်ဆက်ထားတာပါ။) File size…(2.6 GB)/(1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:23:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Drama • Horror • Thriller
6.7 2017 143 mins
Raees
Apaches
5.4

Apaches (2023) “Apache” ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံး​ယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။ အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ထောင်ထဲကအထွက်မှာ သူ့အစ်ကိုသတ်ခဲ့တဲ့ “အပါချီ”လို့ခေါ်တဲ့ လူမိုက်ဂိုဏ်းကို အမြစ်ဖြုတ်လက်စားချေဖို့ သူတို့နေခဲ့တဲ့မြို့လေးကို ပြန်လာခဲ့ပါတော့တယ်။ အဲလစ်တစ်ယောက် အပါချီဂိုဏ်းကို ဘယ်လိုလက်စားပြန်ချေမလဲ… သူ့ရဲ့ပျောက်သွားတဲ့ညီ ပေါလ်ကရော ဘယ်တွေရောက်နေလဲ… နောက်ဆုံးမှာ ဘယ်လိုရလဒ်တွေထွက်လာမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ အမျိုးသမီးဇာတ်ကောင်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်လို့ သမားရိုးကျ မင်းသမီးမင်းသားဇာတ်ကားတွေလို အီဆိမ့်နေမှာမဟုတ်ပါဘူး။ ဒါ့အပြင် စာရိတ္တပိုင်းဆိုင်ရာသင်ခန်းစာတွေကို များစွာထည့်သွင်းပေးထားတာဖြစ်လို့ ယူရင်ယူတတ်သလို သုတကော ရသပါပေးစွမ်းနိုင်တဲ့ အက်ရှင်၊ ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 751MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 33Min Genre – Action, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.4 2023
Apaches
Awareness

လူတိုင်းသိကြတဲ့ Money Heist ထဲမှာ Berlin အနေနဲ့နာမည်ကြီးခဲ့ပြီး၊ Berlin ဇာတ်ကောင်နဲ့ပဲ spin-off series ထပ််ထွက်ဦးမယ့် စပိန်မင်းသားကြီး Pedro Alonso ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးပါရစေ။ Ian ဆိုတဲ့ကောင်လေးဟာ လူတွေကိုမရှိတဲ့အရာတွေကို မြင်အောင်လုပ်နိုင်တဲ့ ထူးဆန်းတဲ့စိတ်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့စွမ်းအားရှိပါလျက်နဲ့ Ianဟာ သူ့အဖေအုပ်ထိန်းမှုအောက်မှာ သားအဖ ၂ယောက်အတူ မြို့အစွန်အဖျားလေးမှာပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း အသေးစားဓားပြမှုလေးတွေကျူးလွန်ပြီးအသက်မွေးနေရရှာတယ်။ သူ့ကို သူ့အဖေတစ်ယောက် ဘာကြောင့်များ လူ့အဖွဲ့အစည်းရဲ့အဝေးမှာ ဒီလိုစုတ်ချာပြီးအထီးကျန်တဲ့ဘဝမျိုးနဲ့နေခိုင်းသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ဘူး။သူ့အဖေကတော့ သူ့ကိုလာဖမ်းပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတွေလုပ်ချင်နေတဲ့သူတွေရှိတယ်ဆိုတာကိုပဲ အမြဲသတိပေးနေခဲ့တယ်။ မထင်မှတ်တဲ့အမှားတစ်ခုကြောင့် တစ်နေ့မှာ သူ့ အဖေစိုးရိမ်ခဲ့တဲ့အရာတွေတကယ်ဖြစ်လာခဲ့တဲ့အခါမှာတော့ Ian တစ်ယောက် အခက်အခဲများစွာရင်ဆိုင်လာရပါတော့တယ်။ Ianတစ်ယောက် သူကိုယ်တိုင်တောင်နားမလည်တဲ့အရှုပ်တွေရဲ့ အလယ်ဗဟိုချက်ဖြစ်လာရပါတော့တယ်။ ထိုအရှုပ်တွေကြားမှာရော သူလိုက်ရှာနေတဲ့အဖြေတွေကိုရှာတွေ့နိုင်မှာလား။ သူ့ကိုယ်သူနဲ့ပတ်သက်ပြီးရော ဘယ်လိုအမှန်တရားတွေကိုတွေ့ရှိလာရမလဲ။ သူ့ရဲ့စွမ်းအားတွေကရော ဘယ်လိုဖြစ်တည်လာခဲ့သလဲဆိုတဲ့အဖြေများကိုဘယ်လိုရှာဖွေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Mystery, Sci-fi. Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2023 112 mins
Awareness
Wiener-Dog
5.9

Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့ CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေ တစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်က ပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။ Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီး ခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။ နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကို အိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာက နောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံက သူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။ သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကို ပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ ညီဖြစ်သူ Tommy နဲ့ ချစ်သူ April စုံတွဲဆီကို ပေးထားခဲ့ပြန်ပါတယ်။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ရုပ်ရှင်ကျောင်းက ပါမောက္ခ Dave Schmerz ဖြစ်ပါတယ်။ Career ပိုင်းမှာ မအောင်မြင်တဲ့ Dave ဘဝမှာ ခွေးလေးက သူ့ကိုယ်သူ ပြန်လည်သုံးသပ်မိစေဖို့ အထောက်အကူလေးပါ။ ဒီအပိုင်းမှာတော့ ဒါရိုက်တာက ရုပ်ရှင်လောကနဲ့ ပတ်သက်တဲ့ သူ့အမြင်တွေကို သရော်ထားတာလည်း တွေ့ရမှာပါ။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ဘဝနေဝင်ချိန်ကို ရောက်နေတဲ့ နောင်တတွေနဲ့ အဘွားအို NaNa ပါ။ သူကတော့ ခွေးလေးကို Cancer လို့ ခေါ်ပါတယ်။ ဒီအပိုင်းမှာတော့ အဘွားဆီကို လာမတွေ့ဘဲ ငွေလိုမှသာ လာတတ်တဲ့ မြေးဖြစ်သူနဲ့ အဘွား NaNa တို့ရဲ့ ဆက်ဆံရေးကို မြင်တွေ့ရမှာပါ။ ဒီအပိုင်းမှာတော့ သေခြင်းတရား ဘဝရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်စတာတွေနဲ့ ပတ်သက်ပြီး Message ပေးထားပါတယ်။ Wiener Dog က ခွေးချစ်သူတို့ သဘောကျလေ့ရှိကြတဲ့ ခွေးလိမ္မာလေးနဲ့ သခင်တို့ရဲ့ ဇာတ်လမ်းမျိုး မဟုတ်ပေမဲ့ အချိတ်အဆက်မမိတဲ့ အူကြောင်ကြောင် လူလေးယောက်ရဲ့ ဘဝကို ခွေးတစ်ကောင်နဲ့ ချိတ်ဆက်တင်ပြထားပါတယ်။ Dark Comedy အမျိုးအစားဖြစ်ပြီး တွေးစရာ အတွေးစတွေ အများကြီး ကျန်ခဲ့စေမဲ့ ကားကောင်းတစ်ကားဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်) File size… 1 GB / 576 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Juno Saurus

Animation • Action • Comedy • Family
5.9 2016 88 mins
Wiener-Dog
RED 2
6.6

Red 2 (2013) Redဖန်တွေအတွက် Red 2ကို တင်ဆက်ပေးလိုက်ပါပြီ။ Red 2ကိုလည်း Redထဲက chractersတွေ ပြန်လည်ပါဝင်လာပါတယ်။ Die Hard, Glass, Pulp Fiction, 12 Monkeys, The Fifth Element အစရှိတဲ့ ရုပ်ရှင်ကောင်းတွေရဲ့ မင်းသားကြီး Bruce Willisက ဦးဆောင်ထားပြီး Dangerous Liaisons, Places in the Heart, The Killing Fields, Being John Malkovich, In the Line of Fire တို့ရဲ့ မင်းသားကြီး John Malkovichအပြင် The Queen, Prime Suspect (TV Series), Gosford Park, The Madness of King George, The Long Good Fridayတို့ရဲ့ ဝါရင့်မင်းသမီးကြီး Helen Mirrenတို့အပြင်A Bittersweet Life, I Saw the Devil, Masquerade, The Man Standing Next, Mr. Sunshineတို့ထဲက ကိုရီးယားအက်ရှင်မင်းသားကြီး Lee Byung-hunတို့က ပြန်လည်ပါဝင်ထားပါတယ်။ ဒါ့အပြင် Anthony Hopkinsနဲ့ Mary-Louise Parkerတို့လို character အသစ်တွေလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… Red အပြီးမှာ ဖရန့်တစ်ယောက် သူ့ကောင်မလေးနဲ့အတူ အေးအေးဆေးဆေး အနားယူနေပါတော့တယ်။ ထိုအချိန်မှာ သူ့ရဲ့ဘော်ဒါကြီး မယ်ဗင်က သူ့ကို လိုက်သတ်နေတဲ့ လူတစ်စု ရှိတယ်ဆိုပြီး ဖရန့်ကို လာရှာပါတော့တယ်။ အဲဒီလိုပြောပြီးချင်းချင်းမှာ မယ်ဗင်က ကားဗုံးပေါက်ကာလျှောသွားပါလေရော။ (အမှန်က ဟန်ဆောင်သေတာပါ) မာဗင် ဆုံးသွားပြီးတော့ CIAက ဖရန့်နဲ့ မာဗင်က တွဲပြီး ပရောဂျက် နိုက်ရှိတ်မှာ ပါတယ်ဆိုပြီး မသင်္ကာဘူးလို့ဆိုကာ လာဖမ်းပါတော့တယ်။ ပရောဂျက်နိုက်ရှိတ်ကို CIAတွေရော MI6တွေရော ရုရှားတွေပါ ပါလာတဲ့အခါ။ ပရောဂျက်နိုက်ရှိတ်ဆိုတာက ဘာလဲ။ သူနဲ့ မာဗင်၊ ဖရန့်တို့နဲ့က ဘယ်လိုပတ်သက်နေတာလဲ။ CIA, MI6, KGBတို့လက်အောက်ကနေ ဖရန့်နဲ့ မာဗင်တို့ ပြေးလို့လွတ်ပါ့မလားဆိုတာကို အက်ရှင်ကားပီပီ ကြမ်းကြမ်းတမ်းတမ်း ကြည့်ရှုရမှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Minn Khant Kyi Win မှတင်ဆက်ထားပါတယ်။) CM မှာ RED ၂ ကားလုံးတင်ဆက်ထားပါတယ်။

6.6 2013
RED 2
The Merchant of Venice

အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ ‘ဂက်တို’ လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။ နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ ဗင်းနစ်မြို့က ကုန်သည် – The Merchant of the Venice ရုပ်ရှင်က နာမည်ကျော် ဝီလျံရှိတ်ခ်စပီးယားရဲ့ ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၀၄ ခုနှစ်က ရုပ်ရှင်ပါ။ အလယ်ခေတ် ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ကို အခြေတည်ပြီး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းက အန်တိုနီယိုလို့ခေါ်တဲ့ ဗင်းနစ်က နာမည်ကြီး ကုန်သည်တစ်ဦးက သူ့မိတ်ဆွေ ဘာဆန်နီယို အကူအညီတောင်းလို့ ရှိုင်းလော့ခ်လို့ ခေါ်တဲ့ ဂျူးလူမျိုးသူကြွယ်ဆီမှာ ငွေချေးပါတယ်။ ဘာဆန်နီယိုက ပေါ်တီယာလို့ခေါ်တဲ့ မိန်းမလှလေးတစ်ဦးကို တင်တောင်းသွားချင်တာမို့ အဲဒီငွေကို လိုတာပါ။ ဂျူးကြီးကလဲ ငွေကို အတိုးမယူဘဲ ချေးလိုက်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ အဲဒီငွေကို အချိန်မီ မဆပ်နိုင်ခဲ့ရင် အန်တိုနီယို့အသားတစ်ပေါင်ကို လှီးယူမယ်လို့ ကတိကဝတ်တောင်းလိုက်တာပါ။ ဒါပေမဲ့ အန်တိုနီယိုက ပြန်မဆပ်နိုင်ခဲ့ပါဘူး။ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေကို ကာလအဆက်ဆက် ခံလာရတဲ့ ဂျူးကြီးရဲ့ လက်စားချေချင်ဇော အဟုန်တွေက ဘယ်လောက်ပြင်းလဲ၊ ချေးထားတဲ့ ငွေကို အန်တိုနီယို တစ်ယောက် ပြန်မဆပ်နိုင်တော့တဲ့ အခါ ဘာဆက်ဖြစ်မလဲ၊ ဘာဆန်နီယိုနဲ့ ပေါ်တီယာတို့ ကြားက အချစ်ကကြိုးကရော ဘယ်လိုနှစ်ပါးသွားမလဲနဲ့ ဗင်းနစ်မြို့ရဲ့ ဥပဒေက ဂျူးတွေကို ဘယ်လိုဘယ်ပုံနဲ့ ခွဲခြားထားလဲ . . . စတာတွေကို ဥရောပအလယ်ခေတ်ရဲ့ ပြယုဂ်ကို အမိဖမ်းရင်း တစ်စိမ့်စိမ့်နဲ့ အရသာခံကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဂျူးကြီး ရှိုင်းလော့ခ်ကိုတော့ The Godfather ရုပ်ရှင်တွေထဲ မိုက်ကယ်ကော်လီယွန်အဖြစ် မြင်တွေ့နေကျဖြစ်တဲ့ ဂန္ထဝင်မင်းသားကြီး Al Pacino က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အန်တိုနီယိုနေရာမှာတော့ Kingdom of Heaven နဲ့ The Man in the Iron Mask တို့မှာ ပါဝင်ခဲ့တဲ့ Jeremy Irons က အားဖြည့်ပေးထားသလို အချစ်သူရဲကောင်း ဘာဆန်နီယိုဇာတ်ကောင်ကိုတော့ Enemy at the Gate က Joseph Fiennes က ယူထားပါတယ်။ အသက်ရှူမှားအောင်ကို လှပြီး တစ်ကားလုံး မျက်တောင်မခတ်တမ်း ငမ်းရမဲ့ ရှုမငြီး အလှပဂေးလေး ပေါ်တီယာနေရာမှာတော့ X-Men, John Carter နဲ့ Walking Dead တို့မှာ ပါဝင်ဖူးတဲ့ မင်းသမီးချောလေး Lynn Collins ကို တွေ့ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:12:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Thukha Min

Animation • Family • Adventure • Science Fiction
0 2004
The Merchant of Venice
The Enchanting Phantom
5.8

90 Born တော်တော်များများ 1987 ခုနှစ်လောက်ကထွက်တဲ့ A Chinese Ghost Story ဇာတ်ကား‌လေးကိုသိကြမှာပါ ခုဒီဇာတ်ကားလေးကတော့ A Chinese Ghost Story ကို 2020 ခုနှစ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ် စာပေသမားလေးနင့်ချိုင်ချန်ဟာ မင်းနေပြည်တော်သို့ ပြည်နယ်စာမေးပွဲဖြေဖို့ သွားရာလမ်းမှာ ဘုံကျောင်းပျက်မှာတည်းခိုရင်း သောင်းကျန်းလှတဲ့ ကဝေများနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ် သူ့ကိုဖမ်းစားဖို့လာတဲ့ကဝေမလေး နိရှောင်ချန့်ဟာ သူ့ရဲ့ရိုးသားပြီး ကူညီတတ်တဲ့စိတ်ရင်းလေးကြောင့် မသတ်ရက်ပဲ တစ်ယောက်နဲ့တစ်ယောက်စုံမက်မိသွားကြပါတယ် ဒါပေမယ့် ရှောင်ချန့်ရဲ့ဘွားဘွားကဝေအိုမကြီးက သူမကို တောင်မဲကဝေနတ်ဆိုးနဲ့လက်ထပ်ထိမ်းမြားဖို့ စီစဉ်ထားတဲ့အပြင် သန့်စင်တဲ့အဖိုဓာတ်ရှိတဲ့ စာပေသမားလေးကိုလိုချင်လို့ ကဝေမုဆိုးတွေနဲ့ယှဉ်ပြိုင်မှုတွေဖြစ်လာပါတယ် ဇာတ်လမ်းသဘောသဘာဝတူသော်ငြားလည်း ဇာတ်ကားဟောင်းနဲ့မတူဘဲ ပြောင်းလဲသွားတဲ့တစ်ချို့ဇာတ်ဝင်ခန်းတွေကြောင့် သဘောမတွေ့ဖြစ်နိုင်ပေမယ့် ကြည့်မိလို့စိတ်ပျက်စေမယ့်ကားမျိုးတော့မဟုတ်ပါဘူးနော် ပြီးတော့ ချစ်စရာကောင်းတဲ့ မင်းသမီး Eleanor Lee နဲ့ မင်းသား Chen Xingxu တို့အပြင် ဘွားဘွားကဝေအိုမကြီးနေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Yuein Wah (ပိုးမင်းသားကြီး) ကြောင့် ဇာတ်လမ်းကပိုပြီးအသက်ဝင်နေပါတယ်

5.8 2020 96 mins
The Enchanting Phantom
Lost on a Mountain in Maine
6.5

ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မိန်းပြည်နယ် တောင်ပေါ်တစ်နေရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်တစ်ယောက် အကြောင်းဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်…. တကယ့်အဖြစ်အပျက်ကို ဇာတ်လမ်းဖွဲ့ဖော်ပြထားတဲ့ ဇာတ်ကွက်တွေနဲ့ ဖြစ်ရပ်အတွင်း တကယ်ပါဝင်ခဲ့ကြသူတွေရဲ့ ပြောစကားတွေကို ပေါင်းစပ်တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းတစ်ပုဒ်လိုရော မှတ်တမ်းရုပ်ရှင်တစ်ကားလိုပါခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်… ဒုတိယကမ္ဘာစစ် စစ်ကြိုကာလက အဖြစ်အပျက်ဖြစ်တာနဲ့အညီ နိုင်ငံတကာ အရေးတင်းမာပုံနေကို ရေဒီယိုသတင်းကနေတဆင့် အနုပညာမြောက်စွာ တင်ပြထားပြီး ဆိုးရွားလာတော့မယ့်အခြေအနေတွေကို ခံစားမိနေတဲ့ ဖခင်တစ်ယောက်ရဲ့စိုးရိမ်ကြီးမှုတွေနဲ့ ဆယ်ကျော်သက်အရွယ်သား တစ်ယောက်ရဲ့ လတ်ဆတ်တက်ကြွမှုတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုကိုလည်း ပီပီပြင်ပြင်ရိုက်ကူးတင်ပြထားပါတယ် ထို့အပြင် တောင်ပေါ်မှာပျောက်ဆုံးခဲ့ရတဲ့သားဖြစ်သူအတွက် ဖခင် တစ်ယောက်ရဲ့ ပူဆွေးကြီးရတဲ့ခံစားချက် ဖခင်ကို ကလန်ကဆန်လုပ်ခဲ့တဲ့ မိတဲ့သားတစ်ယောက်ရဲ့ စိတ်ခံစားချက် မိခင်တစ်ယောက်ရဲ့ မိမိရင်သွေးတွေ အပေါ်နားလည်နိုင်စွမ်း သွေးချင်းတစ်ယောက်ရဲ့ ၅၂၈ အရင်းခံ အပြစ်မကင်း ခံစားရမှုတို့ကိုလည်း ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြသထားလို့ ဒရမ်မာ ရုပ်ရှင်ကြိုက်နှစ်သူ ပရိသတ်များ သဘောကျနှစ်ခြိုက်မယ့်ရုပ်ရှင်ကားလေး ဖြစ်ပါတယ်… Donn Fendlerဆိုတဲ့ မြီးကောင်ပေါက် ၁၂ နှစ်သားလေးတစ်ယောက်ဟာ အလုပ်ခရီးစဉ်ကနေပြန်လာတဲ့ ဖခင်နဲ့အတူငါးဖမ်းထွက်ဖို့ကို အမျှော်လင့်ကြီး မျှော်လင့်လျက်ရှိပါတယ် ၎င်းရဲ့မျှော်လင့်ချက်တွေဟာ ကြာရှည်မခံ လက်တွေ့ ဖြစ်မလာခဲ့ဘဲ ဖခင်ရဲ့နောက်ခရီးတစ်ခုနဲ့အတူရိုက်ချိုးခံလိုက်ရပြီး Donn Fendler တစ်ယောက် ဖခင် Donald အပေါ်မကျေမနပ်ဖြစ်ရပါတော့တယ် Donald အနေနဲ့လည်း ၎င်းရဲ့ကတိပျက်မှုကို ပြန်လည်ဖာထေးဖို့ တောင်တက် ခရီးစဉ်တစ်ခုအစားထိုးစီစဉ်ခဲ့ပေမဲ့ Donn တစ်ယောက်ကတော့ ကြေလည် ကျေနပ်ခြင်းမရှိခဲ့ပါဘူး သို့ပေမဲ့လည်း တောင်တက်ခရီးစဉ်မှာတော့ Donn တစ်ယောက် လိုက်ပါလာခဲ့ပါတယ် ခရီးစဉ်တစ်နေရာအရောက်မှာ ဖခင် Donald ရဲ့ပြန်ဆင်းကြဖို့ အဆိုပြုချက်ကို ငြင်းဆန်ရင်း Donn တစ်ယောက် ညီဖြစ်သူ Ryan နဲ့ လမ်းပြတစ်ယောက်ကို အဖော်လုပ်ကာ တောင်ထိပ်ရောက်တဲ့ထိ ဖခင်မပါဘဲ တက်ရောက်ခဲ့ပါတယ် တောင်ထိပ်အရောက်မှာတော့ ရာသီဥတုဒဏ်မခံနိုင်တဲ့ ညီဖြစ်သူ Ryan နဲ့ အချင်းများကာ ထွက်ပြေးရင်း Donn တစ်ယောက် မြူဆိုင်းနေတဲ့ တောင်ပေါ်က လိမ့်ကျကာ ပျောက်ဆုံးခဲ့ရပါတော့တယ် Fendler မိသားစုဟာ သားပျောက်ကို ရှာဖွေဖို့ တတ်နိုင်သမျှအကူအညီတွေ များနိုင်သမျှများအောင်တောင်းခံရင်း မိန်းပြည်နယ်ရဲ့ အကြီးဆုံးလူပျောက်ရှာပွဲအဖြစ်မှတ်တမ်းဝင်တဲ့အထိ လူအများအပြားလာရောက် အကူအညီပေးခဲ့ကြပါတယ် သို့သော်လည်း အပူချိန်ရေခဲမှတ်အောက်ရောက်အောင် အေးတတ်ကာ မိုးသီးမိုးပေါက် ကြွေတတ်ပြီး မိုးကြိုးမုန်တိုင်းထန်တတ်တဲ့ Katahdin တောင်ပေါ်မှာ တစ်ပတ်ကျော်ကြာပြီးတိုင် ရှာမတွေ့သေးသည့် Donn တစ်ယောက် အသက်ရှင်နေနိုင်လိမ့်မယ်ဆိုတာကို Fendler မိသားစုကလွဲပြီး ဘယ်သူမှ မယုံကြည်ကြတော့တဲ့နောက်မှာတော့… Fendler မိသားစုတို့ Donn တစ်ယောက်ကို ပြန်တွေ့နိုင်မလား……… ပြန်မတွေ့ခဲ့ရင် ဘယ်လိုတွေဖြစ်သွားကြမလဲ……….. ပြန်တွေ့ခဲ့ရင်ရော ဘယ်လိုဘယ်ပုံပြန်တွေ့ကြမလဲ………… အသက်ရှင်လျက်လား သေလျက်လား စတဲ့ မေးခွန်းတွေကိုတော့ ရုပ်ရှင်ချစ်သူများအနေနဲ့ ဒီကားလေးမှာပဲ ကြည့်ရှုခံစားအဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျာ…………… File size… (1.26GB) / (611MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6.5 2024 115 mins
Lost on a Mountain in Maine
Kayla’s Kin

Kayla’s Kin 2024 ================= နိုင်ဂျီးရီးယား ကနေပြီးတော့ movie တွေထွက်လာတဲ့အထဲမှာ ဇာတ်ညွှန်းလေးတွေကမဆိုးဘူးလို့ပြောလို့ရတယ်။ ပညာပေးကလဲ ဇာတ်လမ်းတိုင်းလိုနည်းနည်းမှာ တစ်နည်းနဲ့မဟုတ်တစ်နည်း ထည့်ပြီးတော့ ပညာပေးတတ်ပါသေးတယ်။ သရုပ်ဆောင်တွေရဲ့အရည်ချင်းလဲ မဆိုးဘူးပြောလို့ရပါတယ်။ သူတို့ဒီလိုမျိုးဆက်ပြီး ကြိုးစားသွားမယ်ဆိုရင်တော့ တစ်နေရာရာတော့ ရောက်လာမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြီးပြောလိုက်ကြပါ‌စို့ … ကေလာဆိုတဲ့မိန်းကလေးတစ်ယောက်က အောင်မြင်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ပါ။ ဒါပေမဲ့ သူရဲ့ငယ်ဘဝကတော့ လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ ဖခင်ကလူမိုက်ခေါင်းဆောင် မိခင်ဖြစ်သူက ဖခင်ရဲ့ရန်ကိုကြောက်တော့ သေချင်ယောင်ဆောင်ပြီးတော့ သမီးလေးကို ဖခင်နဲ့ဝေးရာမှာ တစ်ဦးတည်းပြုစုပျိုးထောင်ခဲ့တာပါ။ ဒီလို ဖခင်မျိုးရှိတာကြောင့် ကေလာက ယောကျာ်းသားတွေဆို မုန်းတီးပြီး‌မြင်သမျှယောကျာ်းတွေကို အယုံကြည်မရှိတော့တာ။ ဒါကိုပြုပြင်ပေးဖို့ကို မိခင်ဖြစ်သူကကော သူငယ်ချင်းကကော ကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကိုသဘောကျတဲ့ကောင်လေးတစ်ယောက် ချစ်ရေးဆိုဖို့ကြိုးစားလာတဲ့အခါမှာတော့ ကေလာ တစ်ယောက်သူ့ဆုံးဖြတ်ချက်နဲ့သူ့ဘဝကို ဘယ်လိုတွေကပြောင်းကပြန်ဆန်စေမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦး

Crime • Action • Mystery • Thriller
0 2024 88 mins
Kayla’s Kin
National Anthem
6.2

National Anthem (2024) IMDb Rating (6.2) / Rotten Tomatoes (91%) ၂၀၂၀မှာ ဓာတ်ပုံဆရာ Luke Gilford ဟာ National Anthemဆိုတဲ့နာမည်နဲ့ အင်တာနေရှင်နယ်ဂေးနွားရိုင်းစီးသမားအစည်းအရုံးက queer တွေရဲ့ ပုံတွေကို ရိုက်ပြီး တင်ဆက်ခဲ့ဖူးတယ်။ တော်တော်အသက်ဝင်တဲ့ဓာတ်ပုံတွေလို့ဆိုကြတယ်။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာ Gilfordဟာ ဒီရုပ်ရှင်ဇာတ်အိမ်တည်တဲ့ ဒေသမှာပဲကြီးပျင်းလာခဲ့ပြီး နွားရိုင်းစီးပွဲတွေကိုလည်း ငယ်ငယ်ကတည်းက သဘောကျခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ Southwest ဒေသနဲ့ အဲဒီအရပ်က မိသားစုထဲက ကောင်လေးတစ်ယောက်နဲ့ နွားရိုင်းစီးသမား queerတွေရဲ့ ဆက်ဆံရေးကို အဓိကအခြေတည်ထားတယ်။ ကောင်လေးက queerဟုတ်မဟုတ်ကတော့ မပြောတတ်ဘူး။ ထူးခြားတာက ဒီရုပ်ရှင်တစ်ကားလုံး အဓိကဇာတ်ဆောင်ကောင်လေးရဲ့မိသားစုကလွဲလို့ ကျန်တာအကုန် queerတွေချည်းသုံးထားတယ်။ queerတွေကို အခြေတည်ပြီးဖြစ်လာတဲ့ဇာတ်ဆိုတော့လည်း queerတွေကို အသားပေးတာတော့မဆန်းပေမဲ့ တင်ဆက်ပုံကတော့ ဆန်းတယ်ပြောရပါမယ်။ အပျင်းပြေကြည့်ဖို့တော့ သိပ်အဆင်မပြေလောက်ပေမဲ့ ခံစားချက်တစ်ခုခုကိုလိုချင်ရင်တော့ ကြည့်လို့အရသာရှိမယ့်ဇာတ်လမ်းပါပဲ ။ Gilford ကတော့ ဒီqueerအသိုင်းအဝိုင်းနဲ့ပတ်သက်ပြီး သူချစ်တဲ့တစ်ချက်က ခင်ဗျားသူတို့ဆီသွားလိုက်တာနဲ့ သူတို့ကလက်ခံပေးတာပဲ။ ဒါကတော်တော်ချစ်စရာကောင်းတဲ့အရာပါပဲ။ အမေရိကကလည်း ဒီလိုပဲဖြစ်နေသင့်တယ်လို့ ပြောခဲ့တယ်။ ဆိုတော့ ဒီရုပ်ရှင်ရဲ့နာမည် နိုင်ငံတော်သီချင်းဆိုတာ ဒီ queer အသိုင်းအဝိုင်းကို ရည်ညွှန်းခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:41:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

6.2 2024 99 mins
National Anthem
Big Stan
6.2

အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမီ အချိန်အတွင်း ကြံမိကြံရာကြံရင်းစတန်တယောက် သူ့ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီဆရာကျေးဇူးနဲ့ပဲ ထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကို ကူညီတိုက်ခိုက်ပေးရင်းဆရာကြီးတပါးဖြစ်လာပါတယ်။ ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်း ထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ အဲတော့စတန်တယောက်ဘယ်လို ရှေ့ဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။ ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Fridays

Science Fiction • Romance • Drama
6.2 2007 109 mins
Big Stan