YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Home Service (2023) 1080p.mp4

2.02 GB N/A video/mp4 1321 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
The Messenger
6.1

၁၉၃၉ ခုနှစ်မှာ နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်စစ် စတင်ပြီး ဒုတိယကမ္ဘာစစ်မီးကိုမွေးခဲ့ပါတယ်။ ဒီဇာတ်ကားက အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်စပြီး ငါးနှစ်တာအကြာ ပိုလန်နိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားတာပါ။ ပိုလန်သားတို့က တန်ပြန်တိုက်ခိုက်ခဲ့ကြပေမယ့် အင်အားကြီးတဲ့ဂျာမန်တွေကိုမယှဥ်နိုင်ခဲ့ပါဘူး။ ပိုလန်အစိုးရဟာလည်း နိုင်ငံတွင်းမှထွက်ပြေးခဲ့ရပြီး လန်ဒန်မှာအခြေစိုက်ကာ နယ်နှင်ခံအစိုးရဖြစ်ခဲ့ရပါတယ်။ နိုင်ငံတွင်းမှာ ပိုလန်စစ်တပ်အချို့ဟာ မြေအောက်အဖွဲ့အစည်းတွေအဖြစ်၊ အိမ်စောင့်စစ်တပ်အဖြစ်နဲ့ တော်လှန်ပုန်ကန်ဖို့ အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ အစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံတွေခြားနေရတော့ အရေးတကြီးဆက်သွယ်ဖို့ဆိုရင် အထောက်တော်တွေလိုလာပါပြီ။ သာမန်ကိစ္စမျိုးဆိုကြေးနန်းနဲ့ဆက်သွယ်ရပေမယ့် အရေးကြီးသတင်းအချက်အလက်တွေပေးပို့ချင်ရင် အထောက်တော်တွေကသာ ဂျာမန်တွေသိမ်းထားတဲ့ နိုင်ငံတွင်းခိုးဝင်ခိုးထွက်နဲ့ ဆက်သွယ်ပေးရပါတယ်။ ပိုလန်ကို ဂျာမဏီတို့စကျူးကျော်ခဲ့စဥ်က ဆိုဗီယက်တွေ ဝင်မစွက်ဖက်စေဖို့ဆိုပြီး ဂျာမဏီနဲ့ ဆိုဗီယက်က ပိုလန်နိုင်ငံကိုခွဲဝေယူကြမယ်ဆိုကာ တိုးတိုးတိတ်တိတ်သဘောတူထားကြပါသေးတယ်။ နောက်တော့ ဆိုဗီယက်တွေလည်း ပိုလန်ကိုကျူးကျော်လာရော ပိုလန်တို့ခမျာ ဘယ်သူ့ကိုအရင်တိုက်လို့တိုက်ရမယ်၊ ဘယ်သူ့ကိုအကူအညီတောင်းရမယ် မသိဖြစ်နေပါပြီ။ ဒီလိုအချိန်မှာ မဟာမိတ်တပ်ပေါင်းစုတွေကလည်း ပိုလန်ကို ကူညီဖို့ထက် အခြားစစ်မျက်နှာပြင်ကိုသာအာရုံများနေပါတယ်။ ဒီလို ကူရာကယ်ရာမဲ့နေတဲ့ ပိုလန်အိမ်စောင့်စစ်တပ်နဲ့ ပိုလန်နယ်နှင်ခံအစိုးရကြား အထောက်တော်တွေ ဘယ်လိုဆက်သွယ်ပေးခဲ့ရလဲ၊ ဒီရှုပ်ထွေးလွန်းတဲ့ နိုင်ငံရေး၊ စစ်ရေးကာလကနေ ပိုလန်တို့ ဘယ်လိုရုန်းထွက် တော်လှန်ခဲ့ကြလဲဆိုတာ မြင်တွေ့ရမယ့် စပိုင်ဆန်ဆန် အက်ရှင်ကားကောင်းတစ်ကားပါ.... File Size :(1.6GB) and (802MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:54:00 Genre : Action , Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy • Drama • Romance
6.1 2019 114 mins
The Messenger
Attack of the Hollywood Clichés!
6.2

လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက "ဒီကောင်မလေးက အနောက်က လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း ချွတ်ပြေးပါလား" တို့၊ "မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း" တို့ "အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ" တို့ဆိုပြီး မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို တစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ် ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ် မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ ပြောတတ်ကြပါတယ်။ ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင် အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့ နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေး ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ "Attack of the Hollywood Clichés!" လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(1.3 GB) / (470 MB) / (271 MB) Quality............WEB-DL 1080p / 720p / 480P Duration.........58Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Comedy Translator.......Fiona Gillen Encoder..........SWM

Horror • Mystery • Thriller
6.2 2021 59 mins
Attack of the Hollywood Clichés!
Pearl
7.3

~ IMDb - 7.5/10, Rotten Tomatoes - 90% ~ Hereditary တို့ Midsommar တို့လို မာစတာပိစ် Horror Thriller ကားတွေအတွက် လမ်းဖောက်ပေးခဲ့တဲ့ ရုပ်ရှင်လို့ ပြောကြတဲ့ The House of the Devil ကို ရိုက်ခဲ့တဲ့ Ti West ဟာ 2022 မှာ A24 နဲ့ပေါင်းပြီး X နဲ့ ပြန် Comeback ခဲ့ပါတယ်။ X ဟာ အတော်အောင်မြင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကိုခံခဲ့ရတဲ့အပြင် စတီဖင်ကင်းရဲ့ ချီးကျူးမှုပါခံခဲ့ရတယ်။ သူ့ Prequel ဖြစ်တဲ့ Pearl ကလည်း မာတင်စကောဆေးစိလို ရုပ်ရှင်လောကရဲ့ ဆရာကြီးက ချီးကျူးတာပါခံခဲ့ရသလို ဝေဖန်ရေးသမားတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်။ ဒါတင်မကသေးပဲ A24 ဖန်တွေကလည်း သူတို့ရဲ့ Favourite Movie list တွေမှာ ထိပ်ဆုံးနေရာပါပေးထားကြတာတွေလည်း မနည်းပါဘူး။ သိပ်မကြာခင် X ရဲ့ နောက်ဆက်တွဲကားဖြစ်တဲ့ Maxxxine လည်း ထွက်ဖို့ရှိပါတယ်။ X Trilogy ဖြစ်လာမှာပါပဲ။ X မှာတော့ Mia Goth ဟာ Pearl နေရာကရော Maxine နေရာကရော ပြောင်မြောက်အောင် သရုပ်ဆောင်ခဲ့ပြီး နောက်ထွက်မယ့်ကားရော ခုကားရောက သူ့ဇာတ်ကောင် ၂ကောင်အကြောင်းကို ပြန်ခွဲထုတ်ထားတဲ့ ရုပ်ရှင်တွေပါပဲ။ အခု Pearl မှာတော့ Mia Goth ဟာ ဇာတ်ညွှန်းပါ ဝင်ရေးထားသလို သူ့လုပ်ကွက်အပြည့်နဲ့ဆိုတော့ သူ့သရုပ်ဆောင်စွမ်းရည်ကိုလည်း အပြည့်အဝပြထားခဲ့ပါတယ်။ ပထမကားကတော့ 1979 မှာ ဇာတ်အိမ်တည်ထားပြီး ဒီကားကိုတော့ 1918 မှာ ဇာတ်အိမ်တည်ထားပါတယ်။ X မှာ တွေ့ခဲ့ကြတဲ့ ပါးလ်နဲ့ ဟောင်းဝက်စ်တို့ရဲ့ ငယ်ဘဝနဲ့ အဲဒီလယ်တောအိမ်ကြီးရဲ့ ဇစ်မြစ်ကို ရိုက်ပြထားတာပါ။ X မှာပြောခဲ့တဲ့ ဟောင်းဝက်စ်က စစ်ပြန်ဖြစ်ကြောင်း ဘာညာကိုရောပေါ့။ ပါးလ်ရဲ့ စိတ်အခြေအနေ ဘာလို့ ဒီလောက်ထိဆိုးသွားလဲဆိုတာကိုရော သေချာပြထားပါတယ်။ သို့ပေမဲ့ သူက X နဲ့တော့ ပုံစံကွဲထွက်နေပြီး Psychological slasher ပုံစံဘက်ကို ပိုတာသွားပြီး ကလပ်စစ်ကားတစ်ကားပုံစံပါ ဆန်နေပါတယ်။ Pearl ဟာ The Wizard of Oz, The Texas Chain Saw Massacre နဲ့ Mary Poppins စတဲ့ ဟောလိဝုဒ်ရွှေခေတ်ကကားတွေကို homage ပေးထားတဲ့ ဇာတ်ဝင်ခန်းတွေကို သုံးထားသလို Horror Slasher ကားပေမဲ့ ဒီအရသာတွေထက် ကလပ်စစ်ရုပ်ရှင်တစ်ကားလို ဟန်ပန်နဲ့ စီနီမာတွေက ပိုဖုံးလွှမ်းသွားပြီး Horror ကား တစ်ကားကြည့်ရတာနဲ့မတူဘဲ ဒါမှ ရုပ်ရှင်ကွလို့ ထအော်လို့ရတဲ့ ရုပ်ရှင်တစ်ကားကို ကြည့်နေရသလိုပါပဲ။ လူတိုင်းတော့ ကြိုက်ပါ့မလား မသိပေမဲ့ တော်တော်တော့ ကြည့်ရအရသာရှိတဲ့ ကားပါပဲ။ X ကိုကြိုက်တဲ့သူတွေဟာ Pearl ကို ပိုကြိုက်နိုင်ခြေများသလို X ကို မကြိုက်ခဲ့တဲ့သူတွေလည်း Pearl ကို ကြိုက်နိုင်ခြေရှိတာမို့ မြည်းတော့ မြည်းစမ်းကြည့်သင့်ပါတယ်။ A24 ကားဖြစ်သလို မာတင်စကောဆေးစိတောင် ချီးကျူးရတဲ့ကားဆိုတော့ ကြည့်ကို ကြည့်သင့်တာပါပဲ။ ဒီနှစ်ကားလုံးရဲ့ ဇာတ်လိုက်ကျော်ကြီးတွေဖြစ်တဲ့ ပါးလ်နဲ့ ဟောင်းဝက်စ်ဟာ Ray and Faye Copeland ဆိုတဲ့ လူသတ်မှုနဲ့သေဒဏ်ပေးခံခဲ့ရတဲ့ ဆိုက်ကို လင်မယားကို အခြေတည်ပုံဖော်ထားတာဖြစ်ပြီး Faye Copeland ဟာ သေဒဏ်ပေးခံရတဲ့ အသက်အကြီးဆုံးအမျိုးသမီးဖြစ်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 864MB, 414MB Quality - 1080p, 720p, 480p IMDb Rating - 7.5/10 Format - mp4 Duration - 1H 43Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Mystery
7.3 2022 102 mins
Pearl
Playground

ဒီကားက စာရေးဆရာ-ဒါရိုက်တာ Laura Wandel ရဲ့ ပွဲဦးထွက်ဇာတ်ကားလေး တစ်ခုဖြစ်ပြီး Best International Film – Academy award အတွက် ရွေးချယ်ခံထားရတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဒီကား‌ထဲမှာ မူလတန်းကျောင်းရဲ့ နေ့စဉ်ကြုံတွေ့ရတာတွေ၊ ကလေးအချင်းချင်း အနိုင်ကျင့်တာ နှိမ်တာတွေကို ကလေးငယ်တစ်ဦးရဲ့ view ကနေ မြင်တွေ့နိုင်ရမှာပါ။ အသက် ၇နှစ်အရွယ် နိုအာ ဆိုတဲ့ကလေးမလေးနဲ့ သူမရဲ့ အစ်ကို ဖြစ်ရပ်ကို ရိုက်ကူးပြထားပါတယ်။ နိုအာက ကျောင်းမှာ အံဝင်အောင် နေဖို့ ကြိုးစားနေရင်း သူမအစ်ကို အနိုင်ကျင့်ခံနေရတာကို တွေ့လိုက်ရတယ်။ သည်းမခံနိုင်တဲ့အဆုံး အစ်ကိုနဲ့ကတိကိုဖျက်ပြီး အဖေနဲ့တိုင်လိုက်တယ်။ ပိုပြီး အနိုင်ကျင့်ခံလာရတယ်။ မောင်နှမနှစ်ဦးကြား အသက်၇နှစ်အရွယ်ကလေးတွေ ပြဿနာကို ဘယ်လိုရင်ဆိုင်ခဲ့ရတယ်၊ လူကြီးတွေရဲ့ ဂရုစိုက်မှုတွေ ဘယ်လို fail ခဲ့တယ်ဆိုတာကို ပြသပေးသွားမှာပါ။ ကလေးတွေမှာလည်း ခံစားချက်တွေ အရှက်အကြောက်တရားတွေ ရှိတာမို့ လူကြီးမိဘတွေအနေနဲ့ အထူးဂရုပြု ကိုင်တွယ်ရမှာဖြစ်ကြောင်း ပြောကြားရင်း ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အဆုံးထိကြည့်လိုက်ကြရအောင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size          :  (744MB) & (370MB) Quality            : 720p WEBRip & 480p Format            : mp4 Duration         : 1hr & 12mins Genre              : Drama Translated by  Kit Encoded by Kinnov

Drama • History
null 2021 72 mins
Playground
Hart’s War
7

Hart’s War(2002) အညွှန်း *********************** မင်းသားကြီး Bruce Willis နဲ့ Collin Ferrellတို့ရဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းက true story လို့မဆိုသာပေမယ့် ‌စာရေးဆရာ John Katzenbach က သူ့အ‌ဖေ Nicholas ရဲ့ စစ်တွင်းအတွေ့အကြုံတွေကို မှီငြမ်းထားတာမလို့ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်လို့ဆိုရမှာဖြစ်ပါတယ်.. အဲဒီခေတ်က အပြင်လောကမှာသာမက တပ်ထဲမှာပါ လူ‌ဖြူလူမည်းဆက်ဆံရေးကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ WWII ကာလ တပ်သားစုဆောင်းရေးမှာ ဥပဒေဒုတိယနှစ်ကျောင်းသား‌လေး သောမတ်စ်ဟာ့တ်လည်း ပါသွားတယ်.. သူက စစ်ပွဲနဲ့ လားလားမှ မသက်ဆိုင်တဲ့သူ လက်ဖ်တင်နင်ဘဝနဲ့ပဲ ကျေနပ်နေတဲ့သူပေါ့… ဒါပေမယ့် သူ့အဖေကလည်း တပ်ထဲမှာ ထူးချွန်တဲ့ အရာရှိကြီးတစ်ဦး.. တစ်နေ့တော့ အူတီးအူလည်နဲ့ အထက်လူကြီးတစ်ယောက်ကို လိုက်ပို့ရင်း ဂျာမန်‌တွေဆီမှာ အဖမ်းခံလိုက်ရတယ် ဟာ့တ်တစ်ယောက် သုံ့ပန်းစခန်းကိုရောက်သွားပြီး Bruce Willis တို့ထံရောက်သွားတယ်.. စစ်သုံ့ပန်းဘဝနဲ့ ဘယ်လိုပြဿနာမျိုးစုံတွေ့ရမလဲဆိုတာကိုတော့… File Size : (2.03GB)(761 MB) and (245MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:05:00 Genre : War , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mayphoo Pone Encoded by Phyo Pyae

Family • Fantasy • Romance
7 2002
Hart’s War
Rajathanthiram: The Piano
9

Rajathanthiram: The Piano (2023) “စန္ဒယားတစ်လုံးရဲ့ လျှို့ဝှက်ချက်” IMDb – 9.5/10 တခါတုန်းက အာရူမူဂမ်ဆိုတဲ့ စန္ဒယားဆရာတစ်ယောက်ကို သူ့ရဲ့စိတ်ထားကောင်းမွန်မှုကြောင့် အင်္ဂလိပ်ကြီးတစ်ယောက်က သစ်သားဘူးလေးတစ်ဘူး လက်ဆောင်ပေးသွားခဲ့တယ်။ အာရူမူဂမ်ဟာ အဲဒီသစ်သားဘူးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အလွန်တရာတန်ဖိုးကြီးမားလှတဲ့ ပန်းရောင်စိန်တုံးကြီးကို တွေ့ရှိခဲ့တယ်။ သူ့သူငယ်ချင်း စန္ဒယားဒီဇိုင်းပညာရှင်နဲ့ပူးပေါင်းပြီး လျှို့ဝှက်ခန်းပါတဲ့ စန္ဒယားတစ်လုံးဖန်တီးကာ အဲဒီစိန်တုံးကြီးကိုဖွက်ထားခဲ့တယ်။ စန္ဒယားက လျှို့ဝှက်ခန်းကိုဖွင့်ဖို့အတွက် ထူးခြားတဲ့တေးသွားတစ်ပုဒ်ဖန်တီးပြီး အပိုင်းလေးပိုင်းခွဲလို့ သူ့သားသမီးလေးယောက်ကို တပိုင်းစီ သင်ကြားပေးခဲ့ပေမယ့် စိန်တုံးရှိတဲ့လျှို့ဝှက်ချက်ကိုတော့ မပြောခဲ့ပါဘူး။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ အာရူမူဂမ်တစ်ယောက် အယ်လ်ဇိုင်းမားရောဂါခံစားလာရပြီး စန္ဒယားထဲက စိန်တုံးကြီးကို သူပါမေ့လျော့သွားခဲ့ပါတော့တယ်။ သူတို့မိသားစုကလည်း ပြဿနာတွေ တစ်ခုပြီးတစ်ခုတက်နေတဲ့ကြားမှာမှ အန္တရာယ်များလှတဲ့ လူတစ်စုက ဒီလျှို့ဝှက်ချက်ကို သိသွားတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Animation • Action • Adventure • Comedy • Family • Science Fiction
9 2023
Rajathanthiram: The Piano
The Christmas Pledge
4.9

The Christmas Pledge (2023) ===================== ခရစ်စမတ်ရာသီရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ နှင်းတွေနဲ့ အတူ လွင့်ပါလာခဲ့ပါပြီ။ ဂျွန်ကတော့ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွာရှင်းခဲ့ကြပြီး ဓနရှင်ဖခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေလာ ခဲ့ရတဲ့ကောင်မလေးပါ။ လေယာဉ်တည်ဆောက်မှုပညာရပ်ကို အရမ်း စိတ်ဝင်စားပြီး ထဲထဲဝင်ဝင်လေ့လာသင်ယူထားတဲ့သူလေးပေါ့။ တစ် ရက်မှာတော့ သူကျောင်းကိုအသွား ပြုတ်ကျလာတဲ့ လေယာဉ်ပုံစံငယ် လေးနဲ့ ဆုံ‌တွေ့ခဲ့တယ်။ အဲဒီလေယာဉ်လေးကို ပစ်လိုက်တဲ့သူကတော့ ဒက်ကလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တဲ့။ စာမေးပွဲမှာ အဆင့်ကောင်းဖို့လောက်ပဲတွေးပြီး လေယာဉ်ကို အဖြစ်သာ တည်ဆောက်ထားတဲ့သူပေါ့။ ဒီလိုနဲ့ပဲ လေယာဉ်တည်ဆောက်ရေးပညာ ဆရာမလေးဂျွန်ဆီကနေ တွေ့တွေ့ချင်း လက်ချာတွေ ပေးခံရတယ်ဆိုပါ တော့။ ဘုနဲ့ဘောက်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ကံကြမ္မာက ဖန်တီး လာလေတော့ ဘွဲ့ယူတာတောင် ဘေးချင်းကပ်ထိုင်ခဲ့ကြရပြီး ရေစက်လေး က အလုပ်ခွင်ထဲထိ ပါလာခဲ့ပြန်ပါတယ်။ ‘ချစ်ခြင်းအစ မုန်းခြင်းက’ဆိုတဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာ လိပ်ပြာလေးတွေ ဘယ်လိုပျံလာကြ မလဲဆိုတာကိုတော့ စောင်လေးခြုံရင်း ကြည့်လိုက်ကြရအောင်ပါပေါ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့ May Thet Kine Soe, June တို့ ဖြစ်ပါတယ်) File Size……….(1.49 GB) / (569 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….May Thet Kine Soe, June Encoder……….SWM

Action • Adventure • Thriller
4.9 2023 95 mins
The Christmas Pledge
This Place
5.2

ယိုစသာ ဆိုတဲ့အင်ဒီးယန်းမျိုးနွယ်ကောင်မလေးဟာ ကျောင်းဆက်တက်ဖို့အကြောင်းပြချက်နဲ့မြို့တော်ကြီးကိုတက်လာခဲ့ပေမယ့် သူ့ရဲ့တကယ့်ရည်မှန်းချက်က မွေးကတည်းကမမြင်ဖူးခဲ့တဲ့ဖခင်ဖြစ်သူကိုရှာဖို့ဖြစ်ပါတယ်။ သူနဲ့သူ့ဖခင်ကိုကိုဝေးကွာစေခဲ့တဲ့ မိခင်ကိုအပြစ်မတင်နိုင်မတင်ရက်ပေမယ့် ခွင့်လွှတ်ဖို့လည်းသူ့အတွက်ခက်နေပါတယ်။ အဲ့ဒီအချိန်မှာ မာလယ်ဆိုတဲ့ သီရိလင်္ကာနိုင်ငံသူ တမီလ်လူမျိုးအမျိုးသမီးလေးနဲ့ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့နောက် နှစ်ဦးသားအပြန်အလှန် ရင်ဖွင့်ဖလှယ်ကြရင်း ဘ၀ရဲ့ပြဿနာတွေ ဒွိဟတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ This Place ဟာ ထူးခြားတဲ့ဇာတ်အလှည့်အပြောင်းမပါ၊ ရိုးရှင်းတဲ့တင်ဆက်ပုံနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းရှုစားရမယ့် coming of age drama ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(584 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Drama • Romance
5.2 2022
This Place
Cleveland Abduction

ဒီဇာတ်ကားကိုတော့ 2002 ခုနှစ်ကနေ 2004 ခုနှစ်အတွင်း ကလိဗ်လန်းမှာ ဖြစ်သွားခဲ့တဲ့ မိန်းကလေးသုံးယောက်ပျောက်ဆုံးမှုအကြောင်းကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဆင်ဂယ်မားသားတစ်ယောက်ဖြစ်သူ မီရှဲ နိုက်ခ်ဟာ ကလေးအုပ်ထိန်းပိုင်ခွင့်အတွက် တရားရုံးကိုသွားတဲ့လမ်းမှာ သူငယ်ချင်းအမ်မလီရဲ့အဖေဖြစ်သူ အေရီရယ် ကက်စထရိုက လမ်းကြုံလိုက်ပို့ပေးမယ်ဆိုပြီး ကလိဗ်လန်းနေအိမ်ဆီကို ပြန်ပေးဆွဲခေါ်သွားတာခံလိုက်ရပါတယ်။ နေအိမ်မြေအောက်အမှောင်ခန်းထဲမှာ သံကြိုးနဲ့ချည်ထားခံရပြီး ရိုက်ခံရလိုက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရလိုက်နဲ့နေရင်း နှစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရှိလာလို့ ပျက်ကျအောင်လည်းအရိုက်ခံခဲ့ရပါသေးတယ်။ ကက်စထရိုဟာ နှစ်နှစ်အတွင်း နောက်ထပ် မိန်းကလေးနှစ်ယောက်ကိုလည်း ပြန်ပေးဆွဲလာခဲ့ပြီး မိသားစုတစ်ခုလိုဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဒီလိုဆိုးရွားလှတဲ့ ငရဲခန်းကိုဖြတ်ကျော်ရင်း နှစ်ပေါင်း ၁၁ နှစ်အကြာမှ ကောင်မလေးသုံးယောက်လုံးပြန်လွတ်လာခဲ့ပုံကို ခံစားကြည့်ရှုလိုက်ကြပါဦး။ ရုပ်ရှင်ထဲမှာ အေရီရယ် ကက်စထရိုအဖြစ် သရုပ်ဆောင်တဲ့ Raymond Cruz ရဲ့ဇာတ်ရုပ်ဟာ အပြင်က အေရီရယ် ကက်စထရိုနဲ့ တူလွန်းတာကြောင့် တကယ်ပြန်ပေးဆွဲခံခဲ့ရတဲ့ မီရှဲ နိုက်ခ်ဆိုရင် Raymond Cruz နဲ့တွေ့ဖို့တောင် တွန့်ဆုတ်ခဲ့ပါသေးတယ်လို့ဆိုပါတယ်။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။ File size…(1.4 GB)/(660 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2015
Cleveland Abduction
How to Make Millions Before Grandma Dies Lahn Mah
8.4

How to Make Millions Before Grandma Dies (2024) Lahn Mah IMDb Rating (8.4) ဒီရုပ်ရှင်ကတော့ ရုံတင်ကတည်းက ငိုရတယ်ဆိုပြီး လူပြောများကြသလို ရုံတင်ဝင်ငွေတွေလဲ သောက်သောက်လဲရရှိခဲ့တဲ့ ထိုင်းရုပ်ရှင်ကားလေးဖြစ်ပါတယ်။ GDH Production က ထုတ်တဲ့ ထိုင်းရုပ်ရှင်ကားတိုင်း Rating မြင့်တဲ့ Quality Product တွေဖြစ်ပြီး တစ်နှစ်မှ ၁ ကား ၂ ကားသာ ထုတ်တတ်လို့ ပရိတ်သတ်တွေအနေနဲ့ နှစ်ပေါက်အောင်စောင့်ရတာလဲ အစဉ်အလာဖြစ်နေပါပြီ။ How to Make Millions Before Grandma Dies (2024) ရုပ်ရှင်ကားဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီး Box Office စုစုပေါင်း $27 million ထိ ရရှိခဲ့တာကြောင့် အားလုံးရဲ့အံ့ဩခြင်းကိုပါ ရယူနိုင်ခဲ့ပါတယ်။ အနုပညာအရလဲ အောင်မြင်မှုကြီးမားခဲ့ပြီး ကြည့်ဖူးတဲ့လူတိုင်းနီးပါးက နှလုံးသားချင်းနီးစပ်တဲ့ရုပ်ရှင်လို့သတ်မှတ်ကြသလို IMDb Rating မှာလဲ လူပေါင်း ၃ထောင်ကျော်မှ Rating (8.4/10) ထိ ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့…. M ဆိုတဲ့ ကောင်လေးဟာ ဂိမ်းပဲစိတ်ဝင်တစားဆော့နေတတ်တဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး လူငယ်ပီပီ ဘာကိုမှအလေးအနက်သိပ်မထားတတ်ဘဲ ပေါ့ပေါ့နေပေါ့ပေါ့စားဘဝကိုဖြတ်သန်းနေသူပါ။ တစ်နေ့တော့ သူ့သူငယ်ချင်းတယောက် အမွေရတာကိုအားကျပြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့ သူ့အဘွားရဲ့နောက်ဆုံးအချိန်တွေကို သွားပြုစုဖို့ကြံစည်ပါတော့တယ်။ ဒါမှ အဘွားဖြစ်သူရဲ့အမွေတွေကို သူရရှိနိုင်မယ်လို့ယူဆခဲ့လို့ပါပဲ။ ဘဝရဲ့နောက်ဆုံးအချိန်တွေကို သိသိကြီးနဲ့ဖြတ်သန်းတော့မယ် အဘွားဖြစ်သူရဲ့ ဆန္ဒတွေကရော ဘာတွေဖြစ်မလဲ…. လူ့လောကကြီးထဲကို ရောက်လာပြီး မိသားစုတစ်ခု အိမ်တစ်အိမ်ကိုတည်ထောင်ခဲ့ပြီး အိုမင်းလာချိန်မှာ လူ့လောကထဲကနေထွက်ခွာရတော့မယ့် လူတစ်ယောက်အတွေးမှာ ဘယ်လိုအရာတွေရှိနေမလဲ…. လူ့လောကထဲကိုခုမှကျင်လည်မယ့် မြေးနဲ့ လူ့လောကကိုနှုတ်ဆက်တော့မယ့် အဘွားတို့ရဲ့ကြားက မေတ္တာတရားတွေ မေ့လျော့နေကြတဲ့ မိသားစုအကြောင်းတွေ …ရင်နာနာနဲ့ရယ်ရမယ့် လူ့လောကအကြောင်းတွေ ဒါတွေဒါတွေနဲ့ ဒီရုပ်ရှင်ကားက ရုပ်ရှင်ဆိုတာထက် မိမိတို့ရဲ့ဘဝကိုပါ ထင်ဟပ်သလိုဖြစ်လာခဲ့တဲ့အခါမှာတော့….။ အားလုံးတစ်ရှူးလေးတွေသုတ်ပြီး ငိုကြရတဲ့ မေတ္တာဖွဲ့ဘဝဇာတ်လမ်းဖြစ်လာပါတော့တယ်။ M အဖြစ် မင်းသားချော Billkin က သရုပ်ဆောင်ထားပြီး သဘာဝကျလွန်းတာကြောင့် အားလုံးရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ရုံတင်တုန်းက မကြည့်လိုက်ရတဲ့ CM ပရိတ်သတ်တွေအတွက် Netflix က ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ Engsub ကနေကြည့်ပြီး ဘာသာပြန်ထားရလို့ ထိုင်းဘာသာစကားအရလိုအပ်ချက်ရှိခဲ့ရင် နားလည်ကြည့်ရှုခံစားပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။

8.4 2024
How to Make Millions Before Grandma Dies Lahn Mah
A Mother’s Story
7.5

A Mother’s Story (2011) IMDb – 7.5 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ မိသားစုအတွက်ဆို အားလုံးကို စွန့်လွှတ်နိုင်တဲ့ ရေမယ်ဒီရိုးစ် ဆန်တိုးစ်ဟာ မိတ်ကပ်ပညာရှင်အနေနဲ့ ဒုက္ခိတယောက်ျားနဲ့ သားသမီးကို ရှာကျွေးနေတဲ့ အိမ်ထောင်ရှင်မတစ်ဦးပါ။ သူမဟာ တာဝန်သိစိတ်အပြည့်နဲ့ မိခင်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်တဲ့သူပေါ့။ တစ်နေ့မှာတော့ သူမဟာ ဖောက်သည်တစ်ဦးရဲ့ အမေရိကားဖျော်ဖြေပွဲခရီးစဉ်အတွက် မိတ်ကပ်ဆရာမအနေနဲ့ ရွေးချယ်ခံလိုက်ရတော့တယ်။ အမေရိကားကို ရောက်နေစဉ်မှာပဲ မယ်ဒီဟာ သူမရဲ့ အတန်းဖော်ဟောင်း ဖြစ်တဲ့ ဟယ်လန်နဲ့ ပြန်ဆုံရာကနေ ဟယ်လန်က မယ်ဒီကို တရားမဝင်လုပ်သားအဖြစ် ကျန်ရှိနေဖို့ တိုက်တွန်းတော့တယ်။ အလုပ်အကိုင်ကောင်းတစ်ခုနဲ့ လစာပိုရမယ်ဆိုတဲ့ ကတိကြောင့် မယ်ဒီဟာ သူ့သမီးလေးရဲ့ ဆေးဖိုးကို ရှာချင်ဇောနဲ့ ဒီအစီအစဉ်ကို သဘောတူလိုက်တော့တယ်။ ဒါပေမဲ့ မူလက စီစဉ်ထားသလိုမဟုတ်ဘဲ ကြုံရာကျပန်းအလုပ်ပေါင်းစုံ လုပ်ရပြီး နောက်ဆုံးမှာ အိမ်ဖော်တစ်ဦး ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ၇ နှစ်အကြာမှာ မယ်ဒီဟာ သူအလုပ်လုပ်နေတဲ့ မိသားစုဆီက ထွက်ပြေးပြီး မိမိရဲ့မိခင်မြေကို ပြန်လာဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဒါပေမဲ့ မယ်ဒီ ထင်ထားသလို မိသားစုရဲ့ နွေးထွေးမှု၊ စိတ်လှုပ်ရှားမှုတွေနဲ့ အကြိုဆိုမခံလိုက်ရတဲ့အချိန်မှာတော့….။ (အညွှန်းကိုတော့ Esthက ရေးသားထားပါတယ်) File Size – 1.83 GB/ 898 MB Quality – WEB-DL 1080p/ 720p Duration – 1:40:48 Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Esth Encoded by – Treasure Htet

7.5 2011 110 mins
A Mother’s Story
One Piece: Clockwork Island Adventure
6.6

One Piece: Clockwork Island Adventure (2001) My Anime List – 7.08/10, IMDB Rating – 6.6/10 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ movie ကောင်းလေးကတော့ One Piece Animation Series ရဲ့ ၂၀၀၁ ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ ၂ ကားမြောက် movie လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဝရမ်းပြေးအဖြစ် ဆုကြေးငွေထုတ်ခံလိုက်ရတဲ့ Luffy တို့အုပ်စုက ကမ်းခြေတစ်ခုမှာ ပျော်ပွဲစားထွက် အနားယူနေရင်း Going Merry ဆိုတဲ့ သူတို့ရဲ့ ပင်လယ်ဓားပြသင်္ဘောကြီး အခိုးခံလိုက်ရပါသတဲ့။ ဘယ်သူခိုးသွားလဲဆိုတာ မသိဘဲ သူခိုးနောက်ကို လိုက်ကြရင်း ပင်လယ်ထဲမှာပဲ BorĹŤdo နဲ့ ‌Akisu ဆိုတဲ့ သူခိုးညီနောင်နဲ့ တွေ့သွားကြပါတယ်။ အဲဒီ သူခိုးညီနောင်နဲ့ တွေ့ပြီး သူတို့သင်္ဘောကို ခိုးသွားတာ နာရီစက်ကျွန်းပေါ်က Trump ပင်လယ်ဓားပြတွေဆိုတာ သိခဲ့ရပြီး BorĹŤdo တို့ ညီအစ်ကိုကလည်း အဲဒီနာရီစက်ကျွန်းပေါ်က စိန်နာရီဆိုတဲ့ ရတနာကို ခိုးချင်နေတာဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင်လယ်ထဲမှာ Trump မောင်နှမတွေရဲ့ ပင်လယ်ဓားပြအုပ်စု‌နဲ့ ထိပ်တိုက်တွေ့ခဲ့ရပြီး Luffy တို့အုပ်စုထဲက Nami San ဆိုတဲ့ အလှလေးကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စိန်နာရီကို ခိုးချင်တဲ့ BorĹŤdo ညီနောင်နဲ့ Nami San နဲ့ သူတို့ရဲ့ သင်္ဘော Going Merry ကို ပြန်လိုချင်တဲ့ Luffy တို့အုပ်စုဟာ နာရီစက်ကျွန်းကို အတူသွားဖို့ ဖြစ်လာကြတဲ့အခါ… ပန်းတိုင်တူနေကြတဲ့ အုပ်စုတွေ နာရီစက်ကျွန်းပေါ်က ထောင်ချောက်တွေအပြည့်ရှိနေတဲ့ Trump ရဲတိုက်ကို ဘယ်လို အရောက်သွားကြမလဲ Nami San နဲ့ Going Merry သင်္ဘောကိုရော Luffy တို့က ပြန်ရနိုင်ပါ့မလား၊ စိန်နာရီကိုရော BorĹŤdo ညီနောင်ကခိုးနိုင်ပါ့မလားဆိုတာ စိတ်ပါဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး သူငယ်ချင်းအုပ်စုတွေကြားက သံယောဇဥ်တွေ၊ ဘယ်လိုတွေ ပူးပေါင်းတိုက်ခိုက်ကြလဲဆိုတာအပြင် One Piece ရဲ့ ထုံးစံအတိုင်း Luffy တို့ သူငယ်ချင်းအုပ်စုရဲ့ စခွီတွေလည်းပါဝင်တော့ တစ်ကားလုံး မပျင်းရဘူးဆိုတာတော့ အ‌သေအချာပါပဲ။ စီးရီးမကြည့်ဖူးတဲ့ လူတွေအတွက်လည်း အဆက်အစပ်မရှိဘူးလို့ မခံစားရလေအောင် တစ်ကားတည်းမှာပဲ အစအဆုံး အကုန်ပြီးစီးတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပြီး စီးရီးကြည့်ပြီးသား သူတွေအနေနဲ့လည်း အသစ်အဆန်းလေးဖြစ်အောင် ဒီ movie လေးကို ကြည့်ရှုဖို့ ဖိတ်ခေါ််အပ်ပါတယ်ရှင်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲဖြစ်ပါတယ်) File size… 1.4 GB / 620 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 55m Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by ttmuswe

Drama • History
6.6 2001 60 mins
One Piece: Clockwork Island Adventure