YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

[CM]Hobo.With.A.Shotgun.2011.BDRip.480.mp4

536.28 MB N/A video/mp4 105 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Thor: Love and Thunder
6.5

ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း နတ်ဘုရားအားလုံးကို တစ်ချီတည်းနဲ့ အပြီးသတ်သတ်နိုင်မယ့်လမ်းကို ကြိုးစားနေခဲ့ပါတယ်။ အဲဒီလမ်းမှာပဲ သောရ်နဲ့ ရင်ဆိုင်တွေ့လာပြီး သောရ်နဲ့အတူ မီအောရ်နာတူကို ကိုင်ဆောင်ထားတဲ့ သောရ်ရဲ့ ရည်းစားဟောင်း ဂျိန်းဖော်စတာ၊ ဖယ်ခရီတို့အတူပါဝင်တိုက်ခိုက်လာကြတဲ့အခါ စကြဝဠာတစ်ခုလုံးက နတ်ဘုရားတွေကို ကယ်တင်ရမယ့် တာဝန်ကြီးစတင်လာပါတော့တယ်။ File size…(4.86GB)(1.9 GB)/(1.2 GB) / 749MB Quality….Web-Dl 4K, 720p / 1080p / 480p Format…mp4 Duration….01:58:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Fantasy • Thriller
6.5 2022 119 mins
Thor: Love and Thunder
What We Forgot to Remember

ဒီတခါတော့ အရှေ့တောင်အာရှဇာတ်ကားလေးဖြစ်တဲ့ ဗီယက်နမ် အချစ်ကားလေး ကိုခံစားကြည့်ကြပါဦး ... ဇာတ်လမ်းအကျဉ်းလေးက... လိုအန်ဆိုတဲ့ ဂျာနယ်လစ်မလေးက အလုပ်ကြိုးစားတဲ့ ထက်ထက်မြက်မြက်ကောင်မလေးပါ တနေ့ သူ့အဖေက စိတ်ကျန်းမာရေးဆေးရုံမှာ တက်နေရင်း ရုတ်တရက် ဆုံးပါးသွားခဲ့ပြီး ဆေးရုံမှာ မသင်္ကာစရာ ကိစ္စတွေရှိနေတာကို သတိထားမိသွားလို့ ပြသနာရင်းမြစ်ကို စုံစမ်းဖို့လုပ်ပါတော့တယ်။ ဒီမှာ လူမိုက်အဖွဲ့တစ်ခုရှိတယ်...ဘင် ဆိုတဲ့ ကောင်လေးက လူမိုက်အဖွဲ့က အောက်ဆုံးအဆင့် တောက်တိုမယ်ရကောင်လေး.... လိုအန်စုံစမ်းနေတဲ့ ပြသနာကို ဆက်မစုံစမ်းအောင် ဖြဲခြောက်ခိုင်းလိုက်တဲ့ဘင်နဲ့ ထက်မြက်တဲ့လိုအန်တို့ ဘယ်လိုတလွဲတွေနဲ့ ဆုံတွေ့ကြမယ်... ဘယ်လို အချစ်ဇာတ်လမ်းတွေ ဖန်းတီးမိကြမလဲဆိုတာ...။ ဗီယက်နမ်ကားလေးဆိုတော့ ယဉ်ကျေးမှုလဲ သိပ်မကွာသလို ဇာတ်လမ်းလေးကလဲ ကြည့်လို့လဲကောင်းတဲ့အတွက် အချစ်ကားလေးတွေ ကြည့်ချင်နေသူတွေအတွက်တော့ အိုကေ စိုပြေပါပဲဗျာ။ File size…(2.5 GB)/(999 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:50:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn

Action • Crime • Thriller
0 2020 110 mins
What We Forgot to Remember
Racer

Racer (2023) IMDb-9.3/10 ဆိုင်ကယ်ချစ်တတ်တဲ့သူတွေနဲ့ ရင်ဘတ်ချင်းနီးမယ့်ဇာတ်လမ်းလေးတပုဒ်။ ကျွန်တော်တို့ငယ်ငယ်က ဆယ်တန်းပြီးရင် ကြိုက်တာလုပ်လို့ရပြီဆိုတဲ့ဂျင်းတွေ ဒီထဲမှာလည်းပါတယ်။ ငယ်ငယ်ကတည်းက မျှော်လင့်ချက်တွေရိုက်ချိုးခံခဲ့ရတဲ့နာကျင်မှုတွေနဲ့ ကလေးတယောက်။ အထက်တန်းကျောင်းသားဘ၀မှာ ဆရာမကဘာဖြစ်ချင်လဲမေးတော့ ဆိုင်ကယ်စီးပြိုင်ချင်တာလို့ ပြောတဲ့ကလေးတယောက်။ MotoGPမှာ ဝင်ပြိုင်ချင်တဲ့အိပ်မက်တွေနဲ့ ကောင်လေးတယောက်။ သူ့စိတ်ကူးနဲ့ အိပ်မက်တွေအကုန်လုံးက ဆိုင်ကယ်ပဲ။ ထမင်းမစား ဟင်းမစားနဲ့ ဆိုင်ကယ်အပေါ်ပဲတန်းတန်းစွဲတဲ့ကောင်လေး။အဖေဖြစ်သူကို တဂျီဂျီပူဆာပေမယ့် အိပ်မက်တွေပေးပြီး ရိုက်ချိုးခံနေရတဲ့ကလေးတယောက်။ အဲဒီကလေး အရွယ်ရောက်လာတဲ့အခါမှာ သူ့စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်နိုင်မလားဆိုတာ။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V~Moon~Aditi~BpL~Cherry~Yunniတို့ပဲဖြစ်ပါတယ်) File size…2.05GB / 900MB Quality…1080p HDRIP / 720p Format…mp4 Duration….1 h 54 min Subtitle….Myanmar Subtitle (Hard  Sub) Encoder….YK Translated by V~Moon~Aditi~BpL~Cherry~Yunni

0 2023
Racer
Eternally Younger Than Those Idiots
7.2

Eternally younger than those idiots (2021) “မင်းရဲ့စိတ်ဝိဉာဉ်နဲ့ ဖြစ်တည်မှုကို ကမောက်ကမဖြစ်အောင်လုပ်တဲ့သူတွေကြောင့် ဘယ်တော့မှ လက်လျှော့အရှုံးမပေးလိုက်ပါနဲ့။ သူတို့က တစ်နေ့ထက်တစ်နေ့ ပိုပြီးအိုမင်းလာ အားနည်းလာနေတာပါ။ မင်းကတော့ ဒီလူ့အန္ဓတွေထက် ထာဝရငယ်ရွယ်နုပျိုပါတယ်။” ဟိုရိဂအိ IMDb rating 7.1/10အထိရရှိထားပြီး dialogueတွေ​က လေးနက်မှုရှိနေတဲ့ ဒီကားလေးထဲမှာဆိုရင် ဟိုရိဂအိလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသူက မကြာခင်ဘွဲ့ရတော့မှာဖြစ်ပြီး လုပ်စရာအလုပ်ကလည်း အသင့်ရှိနေပါပြီ။ ဒါပေမဲ့ နွေဦးရောက်မှ ဘွဲ့ရပြီးအလုပ်စလုပ်ရမှာမို့ ဖြုန်းစရာအချိန်တွေက ပိုနေပါတယ်။ သူလုပ်ရမဲ့အလုပ်က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာမှာဖြစ်ပြီး ဒီအလုပ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်း ပျောက်ဆုံးနေတဲ့ကလေးတစ်ယောက်ကို တစ်နေ့မှာကယ်တင်နိုင်ဖို့ပါပဲ။ အလုပ်ကိုစောင့်ရင်း သူ့ဘွဲ့အတွက် စာတမ်းတစ်စောင်လည်း ​ပြုစုနေပါတယ်။ သူငယ်ချင်းတစ်ယောက်ကိုကူညီရင်းနဲ့ အိနိုဂိဆိုတဲ့ introvertသူငယ်ချင်းတစ်ယောက်လည်း ရလာခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက ငယ်စဉ်ကအနိုင်ကျင့်ခံခဲ့ရတဲ့စိတ်ဒဏ်ရာကိုယ်စီကြောင့် လက်ရှိမှာလည်း ပေါင်းသင်းဆက်ဆံရေးခက်ခဲ့နေခဲ့ကြတာပါ။ ဒါ့ကြောင့် ဟိုရိဂအိက ကလေးစောင့်ရှောက်ရေးအလုပ်နဲ့မသင့်တော်ဘူးလို့ သူ့ကိုယ်သူထင်နေပါတယ်။ အိနိုဂိကတော့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် သေလုမျောပါးခံစားရပြီးမှ​ လွတ်မြောက်ခဲ့ရတဲ့ကောင်မလေးပါ။ သူတို့နှစ်ယောက်ရဲ့ တဖြည်းဖြည်းချင်းတိုးတက်လာတဲ့ ခင်မင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အပြန်အလှန်မှီခိုမှု အကြောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ ဟိုရိဂအိက သူရည်းစားတစ်ခါမှမထားရသေးဘဲ အပျိုဖြစ်နေသေးတာကို မကျေနပ်တဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့အဓိကပြဿနာလို့ထင်နေတဲ့အရာထက် ပိုပြီး အရေးကြီး တဲ့လုပ်စရာတွေလည်းအများကြီးရှိတယ်ဆိုတာကို ဟိုရိဂအိသိလာခဲ့ပါတယ်။ ရုန်းကန်နေရတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ကိုယ့်ထက်ပို ခက်ခဲတဲ့စိတ်ဓာတ်ကျစရာအခြေအနေနဲ့ ရှင်သန်နေရတဲ့သူတွေ ပုံမှန်မဟုတ်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့သူတွေ လည်းရှိနေပါသေးတယ်ဆိုတာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:58:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama • Romance
7.2 2021
Eternally Younger Than Those Idiots
HiGH&LOW The Movie 2: End of Sky
7.1

အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ အဆိုပါ ယူအက်စ်ဘီကိုခူရူးယုဂိုဏ်းဘက်ကပြန်လည်ရယူဖို့ကြိုးစားပုံတွေ၊ တစ်ဖန်ပြန်လည်ခုခံပုံတွေ၊ လမ်းမပေါ်ကဂိုဏ်းတွေမတစ်ထောင်တစ်ကောင်ဖွားတွေ အချင်းချင်း ရိုက်ကြနှက်ကြထိုးကြခွဲကြဆိုးကြ ပုံတွေကို အားပါးတရပဲ အံ့တကြိတ်ကြိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.24GB / 890MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kaung Paing

7.1 2017
HiGH&LOW The Movie 2: End of Sky
Condor’s Nest

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ဗုံးကြဲလေယာဥ်တစ်စီးဟာ ဂျာမနီကရန်သူ့စခန်းကို ဗုံးကြဲဖို့သွားရင်း လမ်းတစ်ဝက်မှာပျက်ကျသွားပါတယ် ပျက်ကျသွားတဲ့နေရာက မစွန့်ခွာနိုင်ခင်မှာ နာဇီတပ်ရင်းတစ်ရင်း သူတို့လေယာဥ်ကို တွေ့သွားပါတယ်။ အင်အားချင်းမမျှတာကြောင့် လေယာဥ်ပေါ်မှာပါလာတဲ့ အမေရိကန်တပ်သားတွေဘက်က လက်နက်ချလိုက်ရပါတယ် နာဇီဘက်က ဗိုလ်မှုးဖြစ်သူက အဲလူတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းသွားရမဲ့အစား နေရာမှာတင် ပစ်သတ်လိုက်ပေမဲ့ သူမသိလိုက်တာတစ်ခုက လေယာဥ်ပျက်ကျပြီးတော့ ရန်သူလာမလာစောင့်ကြည့်နေတဲ့ ကင်းစောင့်တစ်ယောက် ကျန်နေခဲ့တယ်ဆိုတာပါပဲ စစ်ပြီးလို့ ရာစုနှစ်တစ်ခုအကြာမှာတော့ အဲတုန်းက ကင်းစောင့်ရင်း အသက်ဘေးက လွတ်သွားတဲ့ စစ်သားဟောင်း Will ဟာ သူ့အဖွဲ့သားတွေကို သွေးအေးအေးနဲ့သတ်သွားခဲ့တဲ့ နာဇီဗိုလ်မှုးကို လက်စားချေဖို့လုပ်ရင်း သူထင်ထားတာထက်ပိုရှုပ်ထွေးတဲ့လမ်းကို လျှောက်မိနေတဲ့အခါမှာတော့… File size…(1.7 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre…Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

0 2023
Condor’s Nest
The Civil Dead
6.3

The Civil Dead (2023) ================ IMDb Rating – 6.3/10 ဒီကားလေးကတော့ Clay လို့ခေါ်တဲ့ အပျော်တမ်းဓာတ်ပုံစရာ တစ်ယောက်ရဲ့ ကြုံခဲ့တာလေးကိုရိုက်ကူးထားတာပါ။ Clay က များသောအားဖြင့် အိမ်မှာဘဲ ဘီယာလေးသောက်လိုက် Chill လိုက်နဲ့ နေတတ်တဲ့ အိမ်တွင်းပုန်းဖက်တီးလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့မှာချစ်သူကောင်မလေးတော့ရှိပါတယ်။ အိမ်ငှားခပေး ရက်နီးလာပြီဆိုရင် ကောင်မလေးကခိုင်းတော့ Clay တစ်ယောက် ပုံလေးဘာလေးထွက်ရိုက်ရတာပေါ့။ တစ်နေရာကျ သူရိုက်မဲ့ ရိုက်ကွင်းထဲ လူတစ်ယောက်က လာပိတ် ရပ်နေတော့ Clay လည်း ဘာညာသွားပွားရင်းနဲ့ အမှတ်မထင် စကားလက်ဆုံကျပြီး ခင်မင်သွားပါတော့တယ်။ လူတစ်ယောက် ဓာတ်ပုံရိုက်မဲ့ရှေ့ ဖြတ်လျှောက်တာတောင် ခုကာလမှ သိပ်ကြိုက် ကြတာမဟုတ်ဘူးမှတ်လား၊ အခုလိုရိုက်မဲ့ view ထဲ တည့်ကြီးရပ် နေတာကကျ ဘောင်ကျော်သွားပါပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ ရပ်နေ တဲ့သူကလည်း အမြင်ကတ်ပုဒ်မနဲ့ရပ်နေတာမဟုတ်ဘဲ သူ့ကိုမမြင် နိုင်ဘူးထင်လို့ သူ့ဖာသာရပ်နေတာပါ၊ ဘာလို့ဆို သူက သရဲဖြစ်နေ လို့ပါဘဲ။ အဲတော့ သရဲ နဲ့ ဘော်ဒါဖြစ်သွားတဲ့ Clay တစ်ယောက် ဘာတွေဘယ်လိုကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက် ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.3 GB) / (465 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thetti Tun Encoder……….SWM

6.3 2023 104 mins
The Civil Dead
Dragon Gate Posthouse 10: Wolf Warrior
5.8

နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီကားလေးမှာတော့ လုံမိန်ရပ်နားစခန်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဖုန်းစစ်ညန်ရဲ့ဒဏ္ဍာရီ လုံမိန်ရပ်နားစခန်းရဲ့ဒဏ္ဍာရီအကြောင်းပဲဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဖုန်းစစ်ညန်ဟာ ကန္တာရကိုအမြဲငေးမောကြည့်နေတတ်တယ်။ သူကတစ်ယောက်ယောက်ကိုစောင့်နေသလိုပါပဲ။ ဖုန်းစစ်ညန်ဟာ တစ်သက်ဆုံးပေါင်းဖက်သွားမယ်လို့ကတိပေးခဲ့တဲ့ ချစ်ရသူကိုစောင့်နေတာပဲဖြစ်တယ်။ ဒါပေမယ့် ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးရွှီဟာ လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက တိုက်ပွဲမှာကျဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူ့မှာမျှော်လင့်ချက်တွေရှိနေတုန်းပဲ။ တစ်နေ့မှာတော့ ညမှာပဲပေါ်လာတတ်တဲ့ ဝံပုလွေမိစ္ဆာစစ်သည်တွေဆိုပြီး ကောလဟာလရှိတဲ့ ရက်စက်တဲ့စစ်သည်တွေဟာ လုံမိန်ရပ်နားစခန်းကိုရောက်လာခဲ့ပြီး စစ်သူကြီးရွှီဟာမိစ္ဆာစစ်သည်တွေထဲကတစ်ယောက်ဖြစ်နေတယ်။ ဝံပုလွေမိစ္ဆာစစ်သည်တွေက တကယ်ပဲသရဲလား လူလား……. ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးကဘယ်လိုကြောင့်ဒီအဖြစ်မျိုးရောက်သွားရတာလဲ……. စစ်သူကြီးရဲ့လုံမိန်ရဲ့ကံကြမ္မာဟာဘယ်လိုဖြစ်သွားမလဲ……

5.8 2018
Dragon Gate Posthouse 10: Wolf Warrior
Alchemy of the Spirit

2022 တုန်းကထွက်ရှိထားတဲ့ “စိတ်ဝိညာန်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပြောင်းလဲမှု” လို့အမည်ပေးထားတဲ့ Sci-fi ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ထူးထူးခြားခြား ဆုပေါင်း ၂၃ ခုအထိရရှိထားပါတယ်။ အော်လီဗာဘလက်ခ်လို့ အမည်ရတဲ့ ပန်းချီဆရာကြီးဟာ ချစ်မြတ်နိုးရတဲ့ ဇနီးဖြစ်သူအယ်ဗလင်းနဲ့ တစ်သက်လုံးလက်တွဲဖြတ်သန်းလာခဲ့သူတစ်ဦးပါ။ တစ်ရက်မှာတော့ အယ်ဗလင်းဟာ အိပ်စက်နေရင်း သေဆုံးသွားခဲ့ပြီး အော်လီဗာတစ်ယောက် အယ်ဗလင်းရဲ့ဘေးမှာ နိုးထလာခဲ့ပါတယ်။ အော်လီဗာဟာ အစကတော့ ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားဖို့ တွေးမိခဲ့ပေမဲ့ ဒီလိုလုပ်လိုက်ရင် သူနဲ့ သူချစ်ရတဲ့ဇနီးတို့ဟာ ထာ၀ရဝေးကွာသွားရတော့မှာကို သဘောပေါက်သွားပါတယ်။ အော်လီဗာဟာ ဇနီးသည်ရဲ့သေဆုံးမှုကို လက်မခံချင်ဘူး။ ဒီလိုလက်မခံထားမှသာ သူနဲ့ ဇနီးဖြစ်သူဟာ ဘယ်တော့မှမခွဲခွာရမှာ။မှော်ဆန်တဲ့ လက်တွေ့တည်ရှိမှုနဲ့အတူ အော်လီဗာဟာ ယုံကြည်မှုတွေရဲ့ မှားယွင်းနေတဲ့အတွေးကမ္ဘာကြီးထဲကို ရောက်ရှိသွားတယ်။ အိုလီဗာအတွက် အချိန်နဲ့ နေရာတို့ဟာ ရောယှက်သွားခဲ့ပြီး ဘယ်ဟာကအစစ်အမှန်လဲ ဘယ်ဟာက စိတ်ရဲ့လှည့်စားမှုလဲဆိုတာ ကွဲပြားအောင်ခွဲခြားဖို့အတွက် စတင်ခက်ခဲလာခဲ့တယ်။ ဒီလိုနဲ့ အော်လီဗာရဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အတွေးကမ္ဘာကြီးထဲကို အယ်ဗလင်းရောက်လာခဲ့တယ်။ အယ်ဗလင်းနဲ့ အော်လီဗာ စကားပြောကြတယ်၊ အယ်ဗလင်းက အော်လီဗာကိုထွေးပွေ့တယ်။ အော်လီဗာဟာ လက်တွေ့ကမ္ဘာနဲ့ အတွေးကမ္ဘာအကြား သေဆုံးသွားပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဆက်လက်ဆက်သွယ်နေရင်း ဖောက်သည်တစ်ယောက်အပ်ထားတဲ့ အနုပညာဖန်တီးမှုတစ်ခုကို ဆက်လက်ပြုလုပ်နေတယ်။ ဒီရုပ်ရှင်ဟာ သေခြင်းတရားအပေါ် မေးခွန်းထုတ်စေမယ်။ သေဆုံးပြီးသွားတဲ့အခါ နောက်ဘ၀ဆိုတာ ရှိမလား၊ ဘ၀ဆိုတာ သေဆုံးပြီးသွားတာနဲ့ ရပ်တန့်သွားပြီလား၊ စိတ်ကရော ဒါကိုဘယ်လိုလက်ခံလဲဆိုတဲ့ မေးခွန်းထုတ်စရာကိစ္စတွေကို အော်လီဗာနဲ့ အယ်ဗလင်းတို့အကြားက ချစ်ခြင်းသံ‌ယောဇဉ်ကို ထူးခြားတဲ့အရောင်တွေ၊ စကားလုံးလှလှတွေနဲ့ လွမ်းဆွေးဖွယ်ရာသီချင်းသံ‌တွေကို အသုံးပြုပြီး နူးညံ့ ဖြေးညင်းစွာ ပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ပျင်းစရာကောင်းပေမဲ့ တစ်ချိန်တည်းမှာ ကြည့်ရှုသူကို အတွေးကမ္ဘာထဲခေါ်ဆောင်သွားပေးမယ့် ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ… File size…(1 GB)/(436 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Alchemy of the Spirit
Girl With a Gun

Girl with a Gun”သေနတ်နှင့်မိန်းကလေး” တစ်နေ့မှာတော့ တိုမီဆိုတဲ့ကောင်မလေးဆီကို ဖုန်းတစ်လုံးဝင်လာပါတယ်…။ ဖုန်းထဲကပြောစကားကြောင့် တိုမီရဲ့မိခင်ဖြစ်သူဟာ ဖခင်ဖြစ်သူကို သေနတ်နဲ့ပစ်ပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားမှန်းသိလိုက်ရပါတယ်။ မိဘတွေနဲ့လည်းမတွေ့ရတာကြာလေတော့ ဖြစ်စဥ်ကိုမယုံ ကြည်နိုင်လောက်အောင်ဖြစ်နေတဲ့ တိုမီတစ်ယောက် မိဘတွေရှိရာ မွေးရပ်မြေမြိုလေးဆီပြန်ခဲ့ပါတော့တယ်။ သိုပေမယ့် တိုမီရဲ့မြိုလေးဟာ အရင်နဲ့မတူဘဲ ရာဇဝတ်မှုခင်းတွေ ဖြစ်ပျက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့…. တိုမီတစ်ယောက် မိဘတွေရဲ့အမှုကို ဘယ်လိုအဖြေရှာမလဲ၊ ဘယ်လိုလက်စားချေမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်…။ File size…1.34GB / 587MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

0 2023
Girl With a Gun
Freud’s Last Session
6

Freud’s Last Session (2023) ~ IMDb – 6/10, RT – 45%, Meta – 49% ~ စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အ‌ကြောင်းကိုရိုက်ပြထားတာ‌ပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က 12 Angry Men တို့ The Man from Earth တို့လို တစ်ကားလုံး အခန်းတစ်ခန်းတည်း စကားထိုင်ပြောနေရင်းနဲ့ကို ပြီးသွားတဲ့ ရုပ်ရှင်မျိုးပဲ။ ဗုံးကြဲမယ့်ကြေညာချက်ထွက်လာလို့ ဗုံးခိုကျင်းကို သွားရှောင်တာတို့ သူတို့အတိတ်က အဖြစ်တွေကို Flashback ပြန်ပြတာတို့တော့ နည်းနည်းပါတယ်။ အဲဒါကလွဲ တစ်ကားလုံးစကားများရင်းနဲ့ကိုပြီးသွားတော့ ဒီလိုကားမျိုးကို ကြိုက်တဲ့လူတွေအတွက်ပဲ အဆင်ပြေလိမ့်မယ်။ တစ်ခုရှိတာက သူတို့ပြောနေတဲ့ အဓိက Topic က ဘုရားသခင်ကို ဦးတည်နေတာပေမဲ့ တကယ်တမ်း သူတို့ဆွဲထည့်ရတော့ နတ်ဘုရားတွေ ဘာတွေအထိပါပါလာသလို လူးဝစ်က ခရစ်ယာန်ဖြစ်နေလို့သာ ဒီ Topic က ဘုရားသခင်ကို ယုံခြင်းမယုံခြင်းဘက်သွားနေပေမဲ့ စကားလုံးအများစုကတော့ ဘာသာတရားအားလုံးနဲ့ ချိတ်ဆက်လို့ရနေတာများတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့၂နာရီလုံး သူတို့ဒီအကြောင်းပြောနေကြပေမဲ့ တကယ်တမ်း အဖြေမထွက်သွားသလို ဖရွိုက်ကိုယ်တိုင်လည်း သမိုင်းရဲ့အကြီးကျယ်ဆုံး ပဟေဠိကို အဖြေထွက်မယ်ထင်နေခဲ့တဲ့ ငမိုက်သားတွေလို့ သူ့ကိုယ်သူပြန်ပြောသွားခဲ့တယ်။ ဒါပေမဲ့လည်း ဘာသာတရားတွေနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပြောသွားတာတော့ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းနေလောက်မယ်။ ဒါအပြင်တော့ လူးဝစ်ရဲ့ နာနီယာရဲ့ ဖြစ်တည်ခြင်းကို စေ့ဆော်ပေးခဲ့တယ်လို့ ယူဆရတဲ့ ဇာတ်ဝင်ခန်းတွေ၊ သူ့သမီးနဲ့သူနဲ့ကြားက ဆက်ဆံရေး၊ ဖရွိုက်နဲ့ ဂျာမန်အသိုင်းအဝိုင်းရဲ့ဆက်ဆံရေး၊ သူ့သမီးရဲ့ စိတ်ရောဂါ၊ နောက် လူးဝစ်ဘက်ကဆို Lord of the Rings စာရေးဆရာ J. R. R. Tolkien နဲ့ လူးဝစ်တို့ရဲ့ စာပေဆွေးနွေးတဲ့အဖွဲ့ The Inklings အကြောင်းတို့ J. R. R. Tolkien အကြောင်းနည်းနည်းတို့ ထည့်သွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း Tolkien ကို ဉာဏ်ကြီးရှင်ဆိုပြီး ချီးးကျူးသွားခဲ့တယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိကအမြင်အရ သဘောအကျဆုံးအချက်ကတော့ ဆစ်ဂမန်ဖရွိုက်ဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ပညာရှင်ကြီးကို သာမန်လူထက်ပိုတာဆိုလို့ စိတ်ပိုင်းဆိုင်ရာသီအိုရီတွေကိုသိနေပြီး ကောင်းကောင်းပြောတတ်ဆိုတတ်တာကလွဲလို့ သာမန်လူတစ်ယောက်ပဲ ဖြစ်နေတယ်ဆိုတဲ့ ပုံစံနဲ့ပြသွားတာကိုပါပဲ။ ဖရွိုက် ခံတွင်းကင်ဆာကျွမ်းနေတဲ့ နောက်ဆုံးအချိန်မို့ သူ့စိတ်က ပိုပြီးမြင်သာနေတာလားတော့ မပြောတတ်ဘူး။ ဘာပြောပြော ဖရွိုက်ကို ခင်ဗျားတို့ ကျွန်တော်တို့လို ကြောက်တတ် ဒွိဟဖြစ်တတ် အတ္တကြီးတတ်တဲ့ လူတစ်ယောက်အနေနဲ့ပဲပြသွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ အမှားတွေရှိတဲ့ အားနည်းချက်တွေရှိတဲ့ လူထဲကလူလို့ပဲ ပြောသွားခဲ့တာပါပဲ။ ဒီရုပ်ရှင်ကို လက်ရှိဟောလိဝုဒ်ရဲ့ ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ကြသူတွေထဲ သမ္ဘာအရင့်ဆုံး အခုထိလည်း အစွမ်းပြနေတုန်းဖြစ်တဲ့ Anthony Hopkins နဲ့ ဒီမှာတော့ လူသိသိပ်မများပေမဲ့ သရုပ်ဆောင်တော်တော်ကောင်းတဲ့ Matthew Goode က အဓိကသရုပ်ဆောင်ထားတယ်။ မက်သရူးဟာ Leap Year, The Imitation Game, Watchmen တို့လို ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖူးပြီး မနှစ်ကတော့ The Offer ထဲက Bob Evans ဇာတ်ကောင်နဲ့ ကျွန်တော်တို့ သိပ်ကြိုက်ခဲ့ရတဲ့ဘဲပေါ့။ Armand Nicholi ရဲ့ Question of God ကို အခြေတည်ထားတဲ့ ပြဇာတ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဖရွိုက်ကို စိတ်ပညာကို ဘာသာရေးတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့လည်း ဇာတ်ဟာ ဘယ်မှမရောက်သလို တုံးတိကြီးဖြစ်နေတဲ့အပြင် သူပြောခဲ့သလို သူတို့ဆွေးနွေးခန်းကလည်း ဘယ်ကိုမှမရောက်သွားတော့ ရုပ်ရှင်တစ်ကားအနေနဲ့တော့ ဇာတ်အိမ်တော်တော်ချာတယ်ပြောရမှာပါပဲ။ ဒါကြောင့်လည်း ဝေဖန်ရေးသမားတွေတော့ သဘောမကျခဲ့ကြဘူး။ ဘာနေနေ ဒီရုပ်ရှင်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း ဖစ်ရှင်တစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6 2023 109 mins
Freud’s Last Session
Neneh Superstar

ယ‌ခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်အရွယ် Neneh ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကလူမည်းတစ်ယောက်ပါ။ သူမဟာဘဲလေးအကကိုအရမ်းဝါသနာပါပါတယ်။ ဒီတော့သူမကပဲရစ်မြို့ကအော်ပရာဘဲလေးသင်တန်းကျောင်းမှာဝင်ခွင့်သွားလျှောက်တဲ့အခါ ပါရမီပါသူတယောက်ဖြစ်တဲ့အတွက်ဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ လူမည်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျောင်းအုပ်ကြီးကတော့ သူမကိုသဘောမကျပါဘူး။ ကျောင်းအုပ်ကြီးကဘဲလေးအကဟာလူဖြူတွေကတာဆိုတဲ့ရိုးရာကိုထိန်းသိမ်းချင်သူပါ။ဒီတော့ Neneh အနေနဲ့လူဖြူတွေကြားထဲကလူမည်းတစ်ယောက်ဖြစ်နေတော့ ကျောင်းအုပ်ကြီးရဲ့ကြည်ဖြူမှုကိုရဖို့ အခြားသူတွေထက်ပိုကြိုးစားရပါတယ်။ ထို့ပြင် Neneh ကထူးချွန်တဲ့အတွက်ကြောင့်မနာလိုတဲ့ကျောင်းသူအချို့ကလည်းရှိနေပါတယ်။သူတို့က Neneh ကိုပြဿနာရှာကြတဲ့အခါ Neneh အနေနဲ့မိဘခေါ်ပြီးကျောင်းအုပ်ကြီးနဲ့တွေ့ရတာမျိုး‌တွေရှိလာပါတယ်…ထိုအခါ Neneh ရဲ့အခြေအနေဟာပိုပြီးတော့ကျပ်တည်းလာပါတယ်…. ဒီဇာတ်ကားမှာ လူဖြူတွေရဲ့ခွဲခြားမှုကိုခံရတဲ့လူမည်းမိန်းကလေးရဲ့ခံစားချက်တွေ…သူမဘဝအပေါ်မကျေနပ်မှုလေးတွေရိုက်ပြထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ…. File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
Neneh Superstar
Léon: The Professional
8.5

Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, Drama The Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို DEAအရာရှိတွေက တစ်ယောက်မကျန် ရှင်းသွားခဲ့တယ်။ သူတို့မိသားစုထဲက Mathildaဆိုတဲ့ ကလေးမလေးကို Leonက ကယ်ထားခဲ့တယ်။ Mathildaက သူ့တစ်မိသားစုလုံးက သူ့ကို အနိုင်ကျင့်နေတာမို့ သူ့မိသားစုကို သူ့ဘာသာတောင် သတ်ချင်နေတဲ့သူမို့ သူ့မိသားစုသေသွားတာကတော့ Mathildaအတွက် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ လေးနှစ်သား သူ့မောင်လေး သေသွားတာတဲ့အတွက်တော့ သူက အဲဒီယစ်မျိုးအရာရှိဆိုးတွေကို ကလဲ့စားချေချင်ခဲ့တယ်။ဒီလိုနဲ့Mathildaက Leonကို နားပူနားဆာလုပ်ပြီး သူ့ကို လုပ်ကြံသတ်ဖြတ်တတ်အောင် သင်ပေးခိုင်းတယ်။ Leonလည်း မနိုင်တဲ့အဆုံးသင်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့ကြား ဘာမှန်းမသိတဲ့တစ်စုံတရာ ပေါ်ပေါက်လာသလိုကလဲ့စားချေတဲ့ခရီးမှာလည်း ပြဿနာတွေပေါ်လာခဲ့တယ်။ ဒီနေရာမှာ သူတို့ဖောင်းထုခံခဲ့ရတဲ့ အချက်က Leonနဲ့ Mathildaရဲ့ ဝေဝါးနေတဲ့ ဆက်ဆံရေးပဲဖြစ်လိမ့်မယ်။ ဒါကလည်း ဒါရိုက်တာ Luc Bessonရဲ့ မိန်းမ Maiwenn ဖြေရှင်းတဲ့စကားအရတော့ ဒီဇာတ်လမ်းက သူတို့ဆက်ဆံရေးကို မှီးထားတယ်လို့ဆိုခဲ့တယ်။ ဒါရိုက်တာနဲ့ သူ့မိန်းမကလည်း ဒီလိုမျိုးအသက်ကွာခြားမှုကြီးတဲ့ အချစ်မျိုးကို ပိုင်ထားတဲ့လူတွေပဲ။ Bessonအသက်၂၉ Maiwennအသက် ၁၂မှာ သူတို့စုံတွဲဟာ စတွေ့ခဲ့ကြပြီး တရားဝင်စတွဲတာကတော့ Maiwennအသက် ၁၅မှာပါ။ Maiwennအသက် ၃၃မှလက်ထပ်ခဲ့ပြီး Maiwennဟာ ၁၆နှစ်မှာ ကိုယ်ဝန်ရခဲ့တယ်။ဒီရုပ်ရှင်ထဲက Leonနဲ့ Mathildaရဲ့ဆက်ဆံရေးဟာ စွပ်စွဲကြသလို မဟုတ်ဘူးလို့တော့ ပြောရခက်ပါတယ်။ ကိုယ်ပိုင်အမြင်ရလည်း သူတို့ဆက်ဆံရေးဟာ အဲဒီလိုဆက်ဆံရေးမျိုးပါပဲ။ သူတင်ဆက်ပြတဲ့ပုံအရတော့ ဒါကိုအပြစ်လို့ မြင်ဖို့တော့ တော်တော်ခက်လိမ့်မယ်။ အကြောင်းရင်း သိနေသကိုး၊။ ဟိုစာစုတစ်ခုရဲ့ခေါင်းစဉ်လိုပေါ့ “တူညီတဲ့ရှုထောင့်ကနေကြည့်ရင် ဖြစ်ရပ်တိုင်းဟာ မှန်တယ်”တဲ့။ ကျွန်တော်တို့နားလည်နိုင်တာကတော့ လောကကြီးမှာ နားလည်စရာ ဘာမှမရှိတာကို နားလည်ဖို့ပါပဲ။ မူရင်းဗားရှင်းမှာတော့ ၁နာရီ၅၀သာရှိပေမဲ့ အခု EXTENDEDဗားရှင်းမှာတော့ ၂နာရီ ၁၃မိနစ်အထိပါပါတယ်။ Mathildaက Leonကို အတူအိပ်ဖို့ပြောခဲ့ပြီး လီယွန်က ငြင်းလိုက်တာတွေ။ Leonရဲ့ငယ်ဘဝနောက်ကြောင်း။ သူတို့အတူတူ အိပ်ယာထဲရိုးရိုးသားသားအိပ်တာတွေ။ Mathildaက Russian rouletteလုပ်ပြီး ခြိမ်းခြောက်တာတွေအပြင် တခြားအခန်းတွေလည်း ပါပါတယ်။ File size… 3.5 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 13m Genre ….. Action/Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

Drama
8.5 1994 111 mins
Léon: The Professional
B4S – Before Sex
6.7

“Before Sex” ရုပ်ရှင်ကတော့ ဗီယက်နမ်လူငယ်အချစ် ဟာသဇာတ်လမ်းကောင်းတခုဖြစ်ပြီး ငယ်ရွယ်တဲ့ စုံတွဲသုံးတွဲကြားက အချစ်၊ လိင်တပ်မက်မှုနဲ့ ဆက်ဆံရေး တည်ဆောက်မှုတွေရဲ့ ရှုပ်ထွေးနက်နဲမှုအကြောင်းကို စူးစမ်းလေ့လာပြီး ထည့်သွင်းတင်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အချစ်ကံခေတဲ့ လူငယ်လေးတွေရဲ့ ဘဝလမ်းကြောင်းတွေဟာ မျှော်လင့်မထားတဲ့နည်းလမ်းတွေနဲ့ ဆုံစည်းဖို့ဖြစ်လာတဲ့အခါ လူငယ်တွေကြားက ဆက်ဆံရေးမှာ ယုံကြည်မှုတည်ဆောက်မှုတွေ ဘဝရဲ့အားနည်းချက်တွေ၊ ရူးသွပ်မှုတွေနဲ့ မိမိကိုယ်ကိုရှာဖွေ တွေ့ရှိမှုတွေအကြောင်း၊ အချစ်နဲ့ လိင်စိတ်ဆန္ဒတွေစတဲ့ လေးနက်မှုတွေ အကြောင်းကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာကြောင့် မိုးအေးအေးနဲ့ကွေးပြီး အရသာခံကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ File size…1.52GB / 731MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Horror • Drama
6.7 2024 98 mins
B4S – Before Sex
London Confidential

London Confidential (2020) ************************** IMDb rating 7.7 ရရှိထားပြီး Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ COVID-19 ဆိုတဲ့ Virus ဟာ တစ်ကမ္ဘာလုံးကို ပျံနှံပြီး အားလုံးဒုက္ခရောက်နေတယ်… ဒီပြဿနာရင်းမြစ်ဟာ တရုတ်ကြောင့်လို အိန္ဒိယတို့က စွပ်စွဲပါတယ်…ဒီလိုစွပ်စွဲမှုနဲ့ … covid -19 ပြဿနာမပြီးသေးဘူး အိန္ဒိယနဲ့ တရုတ်နယ်စပ်မှာ ဒီထက်ဆိုးတဲ့ ဗိုင်းရပ်စ်တစ်မျိုးက… ထပ်ပျံ့လာတယ်။ စွပ်စွဲမှုတွေငြင်းဆန်မှုတွေနဲ့ (၂)နိုင်ငံစစ်ဖြစ်လာသည့်အထိ တင်းမာတဲ့အခြေအနေတွေဖြစ်လာတယ်။ စစ်ဖြစ်မဲ့အရေးကိုတားဆီးနိုင်ဖို့ အိန္ဒိယက လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့် တစ်ယောက်ဟာ… သတင်းပေးနဲ့ဆက်သွယ်ပြီး လန်ဒန်ရဲ့နိုင်ငံတကာညီလာခံမှာ ထုတ်ဖော်ဖို့ကြိုးစားပါတော့တယ်… သူတို့ကြိုးစားသလိုအောင်မြင်မှာလား…တခြားဘယ်လိုလှည့်ကွက်တွေရှိဦးမလဲ… ဒီပြဿနာဆိုးတွေဖြစ်ဖို့ တကယ်ကြိုးကိုင်နေတဲ့သူတွေက ဘယ်သူလဲ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size : 1.19GB / 480MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:17:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Heather Oo

0 2020 78 mins
London Confidential