YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM-HDR) Transformers.Revenge.of.the.Fallen.2009.4K.2160p.UHD.BluRay.HEVC.10bit.HDR.AC3.5.1-Nyein.mkv

7.38 GB N/A video/x-matroska 2028 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and Plague of Chang'an

ထူးဆန်းထွေလာစုံထောက်ကြီးဒီးရဲ့မှုခင်းဇာတ်လမ်းပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့ ချန်အန်မြို့တော်ကပ်ဘေးအမှုကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ပန်းချီဆရာကြီးရဲ့နှစ်နှစ်ကြာအောင်ကြိုးစားအားထုတ်ထားတဲ့ လက်ရာမြောက်နံရံပန်းချီကားကို ဂုဏ်သရေရှိလူကြီးမင်းတွေလာကြည့်ကြတဲ့အချိန်မှာ ပန်းချီဆရာရဲ့လက်ထောက်လေးဟာ ထူးထူးဆန်းဆန်းသေနေတာကိုတွေ့လိုက်ကြရပါတယ်။ ငရဲဘုံအကြောင်းရေးထားတဲ့ကျမ်းထဲကအတိုင်း လူတွေဟာအဖြစ်ဆိုးနဲ့သေကြတဲ့အခါ ချန်အန်းမြို့တော်ကြီးမှာ ဒါဟာမကောင်းတဲ့သူတွေကိုကောင်းကင်ကြီးက ပြစ်ဒဏ်ခတ်ခြင်းပဲဆိုပြီး ကောလဟာလတွေပြန့်သွားပါတယ်။ စုံထောက်ကြီးဒီးတစ်ယောက် အမှုကိုလိုက်စုံစမ်းရင်းနဲ့ လူသတ်သမားထောင်ချောက်ဆင်တာကိုခံလိုက်ရပြီး တရားခံအဖြစ်နဲ့အဖမ်းခံလိုက်ရပါတယ်။ စုံထောက်ကြီးဒီးတစ်ယောက် အမှုမှန်ပေါ်အောင်ဘယ်လိုများလိုက်ရမလဲ...... ဆန်းကြယ်တဲ့လူသေမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်ကြီးရှိနေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Action • Adventure • Comedy • Drama • Fantasy
0 2021
Detective Dee and Plague of Chang'an
H.P. Lovecraft’s Witch House
4.1

H.P. Lovecraft’s Witch House (2022) H.P. Lovecraft ဟာ အထူးခြားဆုံးဟော်ရာဇာတ်လမ်းတွေ ထူးဆန်းထွေလာတွေကို ကြိုက်တဲ့သူတွေထဲ မသိသူမရှိတဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ H.P. Lovecraft ရဲ့ The Dreams in the Witch House ဆိုတဲ့ ဝတ္ထုတိုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပေါ့။ ရိတ်တင်တော့ မများလှပေမဲ့ ဟော်ရာဖန်တွေ လျှို့ဝှက်ဆန်းကြယ်ဖန်တွေတော့ သဘောကျကြမှာပါ။ ဇာတ်လမ်းက တစ္ဆေ သရဲဇာတ်လမ်းလို့လည်း ဆိုလို့ရသလိုလိုရှိပေမဲ့ အဲဒီထက်အများကြီးဆန်းကြယ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ဆီက အင်းတွေ ဘာတွေလိုပဲ ဂျီဩမေတြီပညာရပ်မှာ စွမ်းအားရှိတယ်လို့ ယုံကြည်ထားတဲ့ အယူအဆကို မီးမောင်းထိုးပြထားတာပါ။ ဂျီဩမေတြီပညာရပ်ကနေ မယုံနိုင်စရာကောင်းတဲ့ သဘာဝလွန်အရာတွေကို ယူဆောင်လာပေးနိုင်တယ်လို့ ဘွဲ့လွန်စာတမ်းပြုစုနေတဲ့ ကျောင်းသူစတစ်ယောက်ဟာ ထူးဆန်းတဲ့အိမ်ကြီးတစ်အိမ်ကို ပြောင်းနေရာက အိမ်ကြီးရဲ့ ဂျီဩမေတြီနည်းကျ ဗိသုကာမှာ စွမ်းအားတွေကိန်းအောင်းနေတဲ့အကြောင်းကို လေ့လာပြီး စာတမ်းပြုစုတဲ့အကြောင်း ရုပ်ရှင်ပေါ့။ ဇာတ်ဟာအလှည့်အပြောင်းတွေများသလို ကိုယ့်မျက်လုံးကိုယ်ခွာထုတ်တဲ့ ဇာတ်ဝင်ခန်းတွေရော Jump scare ဆန်ဆန်တွေရော အကုန်ရောသမမွှေထားပြီး ညဘက်မှာ မီးမှိတ်ပြီး တသိမ့်သိမ့်နဲ့ ကြောက်ဖို့ ကြည့်ရမယ့် ရုပ်ရှင်ကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.22GB, 532MB Quality – 1080p, 720p IMDb Rating – 4.1/10 Format – mp4 Duration – 1H 22Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Comedy • Romance
4.1 2022
H.P. Lovecraft’s Witch House
Practical Magic
6.2

ဆန်ဒရာဘူးလော့နဲ့ နီကိုးကစ်မန်းတို့ လွန်ခဲ့တဲ့ နှစ် ၂၀ က စုန်းမအတူလုပ်ခဲ့တာလေး ကြည့်လိုက်ရအောင်။ အိုဝင်စ် မိသားစုထဲက မိန်းကလေးတွေဟာ မျိုးရိုးစဉ်ဆက် မွေးရာပါ စုန်းအတတ် တတ်နေကြတဲ့ စုန်းမတွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့မျိုးဆက်ထဲက ပထမဆုံး စုန်းမရဲ့ ကျိန်စာကြောင့် သူတို့ကို ချစ်မိတဲ့ ယောက်ျားတိုင်းဟာ အရွယ်မတိုင်ခင် အကြောင်းတစ်ခုခုနဲ့ သေဆုံးသွားတတ်ကြပါတယ်ဗျ။ ဆယ်လီအိုဝင်စ်နဲ့ ဂျီလီယန်အိုဝင်စ်တို့ဟာ စရိုက်ချင်း လုံးဝမတူကြတဲ့ ညီအစ်မနှစ်ယောက်ပဲဖြစ်ကြပါတယ်။ သူတို့ဟာ အကြောင်းတစ်ခုကြောင့် လူတစ်ယောက်ကို သဝာ်မိခဲ့ကြပြီး ဖုံးကွယ်ဖို့ကြိုးစားရာကနေ တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်ဗျ။ ဒီရုပ်ရှင်ထဲမှာဆိုရင် အိုဝင်စ်ညီအစ်မတွေအဖြစ် မင်းသမီးကြီး Sandra Bullock နဲ့ မင်းသမီးကြီး Nicole kidman တို့က အတွဲညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဒီ Practical Magic ဆိုတဲ့ရုပ်ရှင်ဟာ fairy tale ဆန်ပြီး Romance နဲ့ Fantasy ရောထားတဲ့အပြင် ဆန်ဒရာဘူးလော့ခ်နဲ့ နစ်ကိုးလ်ကစ်ဒ်မန်းတို့လို ဂန္တဝင်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အတွက် အချိန်ပေးရကျိုးနပ်ပြီး စိတ်အပန်းပြေစေမယ့် ရုပ်ရှင်လှလှလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဗျ…။ File size…(2.09GB) / (1.06GB) / (527MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre… Comedy / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

Crime • Drama • Thriller
6.2 1998 104 mins
Practical Magic
Dead Man’s Shoes
7.6

Dead Man’s Shoes (2004) ================== Crime / Drama/ Thriller Old but Gold ဖြစ်တဲ့ British ကားကောင်းလေးတွေကို ရှာဖွေ ကြည့်ရှုတတ်သူတွေအတွက် အလွန်သင့်တော်တဲ့ ရုပ်ရှင်ကားလေး တစ်ကားကို ညွှန်းပေးရမယ်ဆိုရင် ဒီရုပ်ရှင်ကားလေးဟာ ရှေ့ဆုံးကနေ နေရာယူထားလောက်မှာလည်းဖြစ်ပါတယ်။ ဟိုးအရင်ကကားတွေကို အမူပိုတယ်လို့ ထင်တတ်တဲ့သူတွေတောင် ကြည့်ရအဆင်ပြေမယ့်ကားလေးတစ်ကားလည်းဖြစ်တဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ Drama/ Thriller အမျိုးအစားဖြစ်ပြီး Google Users ပေါင်း ၉၁% လောက် ကြိုက်နှစ်သက်ထားတဲ့ ကားကောင်း လေးပဲဖြစ်ပါတယ်။ နာမည်ကျော်ကြားပြီး ကောင်းမွန်လှတဲ့အင်္ဂလန်စီးရီးတွေဖြစ်တဲ့ This is England(2010/2011/2015), The Virtues နဲ့ A Room For Romeo Brass(1999) တို့ကို ရိုက်ကူးခဲ့တဲ့ အင်္ဂလန်ဒါရိုက်တာ Shane Meadows ရဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ အင်္ဂလန်ကား ကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ကားဟာ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တာနဲ့အညီ ၉၀ ခုနှစ်အငွေ့အသက်တွေ ရနေမှာ အန်တိုနီနဲ့ ရစ်ချက်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ တည်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် မလွတ်တမ်းအားပေးကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size……….(2.63 GB) / (1.05 GB) / (569 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Horror Translator…….San Thu Aung Encoder……….SWM

Comedy • Romance
7.6 2004
Dead Man’s Shoes
Love in Taipei
5.7

Love in Taipei (2023) Young Adult စာအုပ်တွေ၊ Young Adult ရုပ်ရှင်တွေကို ခံစားရတာ ပေါ့ပေါ့ပါးပါး ကြည်နူးစရာလေးတွေများပါတယ်။ (များသောအားဖြင့်ပေါ့လေ) အခုလည်း Abigail Wen ရဲ့ Young Adult ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Love Boat, Tapei ကို ပုံဖော်ထားတဲ့ Love in Taipei ဆိုတဲ့ Romance Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ ဩဂုတ်လမှ ထွက်ရှိထားတဲ့ ဇာတ်ကားလေးက ဝတ္ထုနဲ့ နည်းနည်းတော့ ကွဲပြားသွားတာတွေရှိပေမယ့် ပေါ့ပေါ့ပါးပါး ကြည့်လို့ အဆင်ပြေတဲ့ ကားပါပဲ။ အမေရိကန်ကို ရွေ့ပြောင်းအခြေချနေထိုင်တဲ့ ထိုင်ဝမ်မိသားစုတစ်ခုမှာ တစ်သက်လုံး မိဘအလိုကျ စာတွေပဲလုပ်လာခဲ့တဲ့ အဲဗားဟာ နွေကျောင်းပိတ်ရက်မှာတောင် သူ့မိဘတွေ စီစဉ်တဲ့အတိုင်း အမေရိကန်ကနေ ထိုင်ဝမ်ကို လေ့လာရေးခရီးထွက်လာရပါတယ်။ သူထင်တာထားက စည်းကမ်းတွေ တင်းကျပ်ပြီး ပျင်းစရာကောင်းတဲ့ ကျောင်းတစ်ခုကို သွားရမယ်ပေါ့လေ။ ဒါပေမယ့် သူထင်ထားသလို မဟုတ်ဘဲ အဲဒီကျောင်းမှာ သူကြုံတွေ့ရတာတွေ၊ သူလေးစားအားကျတဲ့ သူ့အဒေါ်နဲ့ ပြန်တွေ့ရတာတွေနဲ့အတူ ရွေးချယ်စရာတွေ ကြုံလာရပါတော့တယ်။ ဘဝမှာ ရွေးချယ်ခွင့်မရှိတဲ့ တစ်ချို့သောကိစ္စတွေကလွဲလို့ လူတိုင်းလူတိုင်းဟာ ရွေးချယ်စရာတွေနဲ့ နိစ္စဓူဝ ဖြတ်သန်းနေရတာပါပဲ။ ဒီဇာတ်လမ်းကတော့ အဓိကဇာတ်ဆောင် အဲဗားပေါ်မှာ ဗဟိုပြုထားပြီး သူ့ဘဝအတွက် ရွေးစရာလမ်းနှစ်ခုကို ဘယ်လိုရွေးမလဲဆိုတာကြည့်ရမှာပါ။ အချစ်ရေးမှာလည်း ရွေးစရာနှစ်ခု၊ ဘဝလမ်းကြောင်းမှာလည်း ရွေးစရာနှစ်ခုပေါ့လေ။ သူ ဘယ်လို ရွေးချယ်မလဲ ဆိုတာတော့ သူနဲ့အတူ ခံစားကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Masuji Ono ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.3GB | 697MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Masuji Ono Encoder ….. Aaron

5.7 2023
Love in Taipei
Have You Ever Seen Fireflies?
6.2

IMDb 6.2/10 ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ရေးသားခဲ့တဲ့ ပြဇာတ်ကို ပြန်လည်ဖန်တီး ရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ကလည်း စတင်ဖျော်ဖြေခဲ့တဲ့ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ကနေ ၁၉၉၉ ခုနှစ်မေလအထိ လေးလအတွင်း ၉၇ ကြိမ်တိတိ ပြန်လည်ဖျော်ဖြေခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ် ။ “ ဒီနိုင်ငံမှာက ထက်မြက်တဲ့သူတွေ အပြစ်ပေးခံရတတ်တယ်တဲ့ “ ဂူဆယ်ရန်ရဲ့ အဖေက ဆယ်ကျော်သက်အရွယ် ဂူဆယ်ရန်လေးကို ပြောခဲ့တဲ့စကားပါ ။ ပိုးစုန်းကြူးလေးတွေအကြောင်း စိတ်ဝင်စားတဲ့ ဂူဆယ်ရန်က ခြောက်လအရွယ်မှာ စကားစပြောတတ် ၊ နှစ်နှစ်အရွယ်မှာ စာဖတ်တတ်ပြီး အသက်ကြီးလာတော့လည်း ဘယ်လိုဂဏန်းလေးလုံးပါတဲ့ ကိန်းမျိုးကိုမဆို စိတ်နဲ့မြှောက်နိုင်တဲ့အထိ ဉာဏ်ထက်တဲ့ မိန်းကလေးတစ်ယောက်ပါ ။ ၁၉၇၀ ပြည့်နှစ်ကျော် တူရကီနိုင်ငံရဲ့ အစိုးရအပြောင်းအလဲနဲ့ နိုင်ငံရေးပဋိပက္ခတွေကြားမှာ ဂူဆယ်ရန်တစ်ယောက် ဘယ်လိုဆက်ရှင်သန်မလဲ ။ ကမောက်ကမဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာ အချစ် ၊ အလွမ်း ရသမျိုးစုံကို သာလွန်ဉာဏ်ရည်မျိုးရှိတဲ့ ဂူဆယ်ရန်ရဲ့ ရှုထောင့်ကနေ ရင့်နင်ဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ File size…1.76GB / 848MB Quality…NF WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Thriller • Action
6.2 2021
Have You Ever Seen Fireflies?
Tumko Na Bhool Paayenge
5.7

ဗီး ဆိုတဲ့ လူငယ်လေးဟာ တောရွာလေးမှာ‌ ရွာသူကြီးတွေဖြစ်တဲ့ မိဘတွေနဲ့ အတူနေထိုင်ပါတယ်။ မိဘတွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရပြီး ချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေး မူစကန် လည်းရှိပါတယ်။ ပူပန်မှုကင်းတဲ့ ဗီးရဲ့ ဘဝမှာ တစ်ခါတရံ ပေါ်ပေါ်လာတတ်တဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေတော့ရှိလို့နေပါတယ်။ ပုံရိပ်တွေမြင်နေရတာမျိုး ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးတွေပါ။ ပြီးတော့ သူ့ငယ်ဘဝနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရပါဘူး။ ဘာကြောင့်ဖြစ်ရတာလဲလို့ မိသားစုအတွင်းကလူတွေကို မေးပေမဲ့ ဘယ်သူမှ တိကျတဲ့အဖြေမပေးဘဲ ဇာတ်လမ်းတစ်မျိုးစီပဲ ပြောပြနေကြတာပါ။ အဲဒီလိုနဲ့ ဗီး နဲ့ မူစကန်တို့ စေ့စပ်ကြတဲ့နေ့မှာပဲ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေရောက်လာပြီး ဗီး ကို ရန်ပြုကြပါတော့တယ်။ ဘာကိုမှ နားမလည်နိုင်ဖြစ်နေတဲ့ ဗီးကို မိဘတွေက ဖုံးကွယ်ထားတဲ့အကြောင်းအရာတွေ ထုတ်ပြောလိုက်တဲ့အချိန်မှာတော့ သူ့ဘဝနောက်ကြောင်းတွေကို စုံစမ်းဖို့ မွမ်ဘိုင်းမြို့ကို သွားဖို့ဖြစ်လာပါတော့တယ်။ ဗီး ရဲ့ ဘဝ အမှန်ကဘာလဲ။ သူ့ကိုရန်ပြုကြတဲ့သူတွေကိုရော ဘယ်သူကလွှတ်လိုက်တာလဲ။ ရွာငယ်လေးဆီကိုရော ဘယ်ပုံဘယ်နည်းရောက်လာတာလဲ ဆိုတာတွေကို 2002 မှာထွက်ရှိခဲ့ပြီး မင်းသားကြီး Salman Khan နဲ့ Sushmita Sen တို့ပါဝင်ထားတဲ့ ဇာတ်ကားလေးထဲမှာ ဆက်လက်ပြီးကြည့်ရှု့ခံစားနိုင်ပါတယ်။ International မှာ အရမ်းကြီး Hit ဖြစ်ခဲ့တဲ့ ဇာတ်ကားမဟုတ်ပေမဲ့ Bollywood နဲ့ Salman Khan ပရိသတ်တွေအတွက်တော့ 2000 ပြည့်နှစ်များအလွန်က Bollywood ဇာတ်ကားတွေရဲ့ ရိုက်ကူးတင်ဆက်ပုံ အက အလှတွေကို အလွမ်းပြေမယ့် ဇာတ်ကားလေးပါလို့ ညွန်းချင်ပါတယ်။ File size… 2.5 GB / 1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 2h 40m Genre ….. Action/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

5.7 2002 160 mins
Tumko Na Bhool Paayenge
Passion
6.8

Passion ( 2008 ) Direceted By Ryusuke Hamaguchi “ရုပ်ရှင်တွေအားလုံးဟာ တစ်ချိန်တည်းမှာ ဖစ်ရှင်လည်းဆန် ဒိုကူမန်ထရီလည်းဖြစ်နေကြတယ်။ ဒိုကူမန်ထရီသန့်သန့်ဆိုတာလည်း မရှိသလို ဖစ်ရှင်သန့်သန့်ဆိုတာလည်း မရှိဘူး”လို့ ရူဆုခဲဟမဂုချိက ပြောဖူးတယ်။ Passion ( 2008 )ဟာလည်း ကျွန်တော်တို့ဘဝထဲရှိနေတဲ့ ဖစ်ရှင်တစ်ခုလို့ပြောရမလားပဲ။ သူ့ကိုယ်ပိုင်ပွဲဦးထွက်ရုပ်ရှင်လို့ပြောလည်းရတယ်။ ဒီမတိုင်ခင် ၂၀၀၇က ထွက်ခဲ့တဲ့ သူ့ပွဲဦးထွက်အစစ် Solarisက သူ့ဆရာ ခိရိုရှိကူရိုဆာဝါရဲ့ စီမံပေးမှုနဲ့ တာကော့စကီးရဲ့ ဆိုလာရစ်ကို ပြန်ရိုက်ထားတာဆိုတော့ ဒါကို ကျွန်တော်တော့ ထည့်မတွက်ချင်ဘူး။ သေချာတာတော့ ဟမဂုချိဟာ ပွဲဦးထွက်မှာတင် တော်တော်ကြမ်းခဲ့ပါတယ်။ Passion ( 2008 )ဟာလည်း သူ့ထုံးစံအတိုင်းပဲ လူ့အတွင်းစိတ်ရဲ့ မရေရာခြင်း ဝေဝါးခြင်းတွေကို မြင်သာထင်သာရှိအောင် ပြထားတဲ့ ရုပ်ရှင်ပါပဲ။ သူ့ဇာတ်က ရှင်းရှင်းလေး‌တော့ ရှင်းရှင်းလေး။ သူငယ်ချင်းတစ်အုပ်ရှိတယ်။ ကောင်လေးသုံးယောက်ပေါ့။ ကောင်မလေး၂ယောက်လည်းပါမယ်လို့ ယူဆရတယ်။ အဲဒီအုပ်ထဲက ကောင်လေးနဲ့ကောင်မလေးတစ်တွဲက အတူတူနေနေတဲ့အတွဲတွေ။ နောက်သူငယ်ချင်းကောင်လေးက အိမ်ထောင်ရှိတယ်။ ကလေးလည်းမွေးတော့မယ်။ နောက်သူငယ်ချင်းကောင်လေးကတော့ လူလွတ်။ လူလွတ်ကောင်လေးက ခုနအတွဲထဲက ကောင်မလေးကို တစ်ဖက်သတ်ချစ်နေတာ တော်တော်ကြာပြီ။ ရုပ်ရှင်ဟာ သူတို့သူငယ်ချင်းတစ်အုပ် ဆုံဖြစ်ကြတာနဲ့စတယ်။ ညနက်လာတော့ မိန်းကလေးတွေကို ပြန်ပို့လိုက်ပြီး ယောက်ျားလေးတွေချည်းနေခဲ့ကြတယ်။ တစ်ကောင်က သူတို့သူငယ်ချင်းထဲက မလာဖြစ်တဲ့ ကောင်မလေးတစ်ယောက်အိမ်ကို သွားကြမယ်ပြောတယ်။ အဲဒီကောင်မလေးကလည်း လူလွတ်ပဲ။ အဲဒီလူလွတ်ကောင်မလေးနဲ့ ခုနလူလွတ်ကောင်လေးက အိပ်ဖူးတယ်။ လူလွတ်ကောင်လေးကတော့ သူ့ကို မချစ်ဘူး။ မချစ်ဘဲ အိပ်တယ်ပေါ့။ ဒီတော့ သူတို့ သူ့အိမ်ကိုသွားကြတယ်။ သူတို့သုံးယောက်အိမ်ကိုရောက်တော့ လူလွတ်ကောင်မလေးအကြောင်းသိရတာက ကောင်မလေးက သူ့အဒေါ်အိမ်မှာနေနေတာ။ သူ့အဒေါ်က နာမည်ကြီးစာရေးဆရာမ ဒါပေမဲ့ ဒီအိမ်ကို သူ့ကြောင်လေးအတွက် ဆက်ထားထားတာ။ သူကကြောင်လေးကိုကြည့်ပေးရင်း အလကားနေနေတာ။ သူတို့သွားတဲ့နေ့မတိုင်ခင်တုန်းက ကြောင်လေးက သေသွားတယ်။ အဲဒီအကြောင်းပြောရင်း ကြောင်လေးအတွက် အရက်သောက်နေတုန်း သူ့အဒေါ်စာရေးဆရာမက သူ့ကြောင်လေးအတွက် ရတက်မအေးလို့ ရောက်ချလာတယ်။ ဒီမှာ အိမ်ထောင်သည်ကောင်နဲ့ သူ့အဒေါ်နဲ့ ဇာတ်လမ်းဖြစ်ကြတယ်။ နောက်ပိုင်းလည်း အတွဲရှိတဲ့ကောင်လေးနဲ့ အဲဒီအိမ်က ကောင်မလေးနဲ့ဖြစ်ကြတယ်။ ဒီတစ်ကားလုံး ဒီလိုဖြစ်နေတာတွေချည်းပြသွားတယ်။ နောက်ဆုံး လူလွတ်ကောင်မလေးရယ်။ ရည်းစားရှိတဲ့ကောင်လေးရယ်။ အိမ်ထောင်ရှိတဲ့ကောင်လေးရယ်။ သုံးယောက်သား တစ်ခုမှမလိမ်ဘဲ အမှန်တွေချည်း တစ်နာရီပြောကြမယ်ဆိုပြီး ဂိမ်းဆော့ကြတယ်။ ဒီတစ်ကားလုံးရဲ့ အဓိကနေရာလို့ပြောလည်းရတယ်။ အဲဒီကစားပွဲကို စတဲ့ ရည်းစားရှိတဲ့ကောင်လေးကတော့ သူဘယ်လိုလူလဲ သူ့ကိုယ်သူမသိနေလို့ ။ သူဘယ်လိုလူလဲ အဖြေရှာဖို့ ဒီကစားနည်းကို ကစားတာလို့ပြောတယ်။ တကယ်လည်းဟုတ်တယ်။ သူတို့အားလုံးမှာ တူညီနေတဲ့အချက်က သူတို့ဘာဖြစ်ချင်လည်း သူတို့မသိနေကြဘူး။ ဒါကြောင့်မို့ သူတို့ဘာဖြစ်ချင်လဲ သူတို့တောင်မသိတာမို့ သူတို့လုပ်သမျှကလည်း အရမ်းရှုပ်ထွေးလွန်းနေခဲ့တယ်။ သူတို့ကိုယ်သူတို့တောင် လုံးစေ့ပတ်စေ့နားလည်နေမှာမဟုတ်ဘူး။ ဒီပြဿနာမျိုးကို ဒီလိုပွိုင့်ကပြတဲ့ ရုပ်ရှင်ကို ကျွန်တော်မမြင်ဖူးဘူးလို့ပဲ ပြောရမယ်။ ကိုယ်တိုင်လည်း ဒီလိုကိစ္စမျိုး ကြုံဖူးတော့ သူပြောသွားသမျှ ပြသွားသမျှဟာ ဟုတ်တော့ဟုတ်နေတာကိုလည်း ခံစားမိနေတယ်။ ဒါပေမဲ့ ဟမဂုချိရုပ်ရှင်အများစုလိုပဲ သူတို့အတွက် အဖြေမရှိပါဘူး။ သူတို့ဘယ်သူတွေလဲ သူတို့သေချာမသိသွားကြသလို ကျွန်တော်တို့ မြင်ရတာလည်း တော်တော်ဝေဝါးတယ်။ ဒါလည်းလက်တွေ့တောာ့ကျပါတယ်။ ဒီဇာတ်ကောင်သုံးကောင်ပြင်ပက နောက်ထပ် အဓိကဇာတ်ကောင်၂ကောင်ဖြစ်တဲ့ လူလွတ်ကောင်လေးနဲ့ ခုနအတူတူနေနေတဲ့အတွဲက ကောင်မလေး နှစ်ယောက်ကလည်းတူတယ်။ သူတို့က ခုနပုစ္စာရဲ့ အဖြေလို့တော့ ပြောချင်လည်း ပြောလို့ရပေမဲ့ ကျွန်တော်တော့မထင်ဘူး။ သူတို့၂ယောက်ကိုက ခုနတစ်အုပ်နဲ့မတူတဲ့ တခြားလူတစ်အုပ်အဖြစ် မြင်နေရတယ်။ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိနေတဲ့လူတွေပေါ့။ သေချာသိတယ်လို့တော့ မသုံးနှုန်းချင်ဘူး။ လူလွတ်ကောင်လေးက ဟိုအတွဲက ကောင်မလေးကိုချစ်သလို အဲဒီအတွဲက ကောင်မလေးကလည်း သူ့ကောင်လေး ဖောက်ပြန်နေတာကို သိသိရက်နဲ့တောင် ခွင့်လွှတ်ပေးနိုင်တဲ့အထိ ချစ်တယ်။ ဒီတော့ သူတို့ကတော့ လုံးဝရိုးရှင်းတယ်။ သူတို့ချစ်ရမယ့်သူကိုပဲ ဘာာဖြစ်ဖြစ် ချစ်နေကြတဲ့သူတွေပဲ။ ဒီရုပ်ရှင်ဟာ ဘာရုပ်ရှင်လဲဆို ဒီလူအုပ်စု၂မျိုုးလို့ပြောရမလား လူ့စိတ်အခြေအနေ၂မျိုးလို့ပြောရမလား ခံစားချက်၂မျိုးလို့တော့ပြောရမလားမသိတဲ့ အဲဒီ၂မျိုးကို တစ်ပေါင်းတည်း Presentationလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီလောက်ဇာတ်ရှုပ်နေတာက ဖစ်ရှင်ဖြစ်ပြီး သူတို့စိတ်အခြေအနေတွေက လက်တွေ့ကျနေတယ်။ ဟမဂုချိပြောသလို ရုပ်ရှင်ဟာ ဖစ်ရှင်ရော ဒိုကူရော ပေါင်းစပ်ထားတဲ့အရာဆိုသလိုပေါ့။ ဘဝမှာ အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ဘာသာတောင် နားမလည်နိုင်တဲ့ အခြေအနေမျိုး ကြုံခဲ့ဖူးရင် ကြုံနေရရင် ကြည့်ကြည့်ပေါ့။ နောင်တတရားနဲ့ တစ်လမ်းတည်းမသွားမိသရွေ့တော့ အားလုံးမမှားကြဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.5GB | 594MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Horror
6.8 2008
Passion
The Devil’s Wedding Night
5.3

The Devil’s Wedding Night (1973) Genre – Horror ကမ္ဘာမြေပေါ် ဥက္ကာခဲကြွေကျတုန်းက အဲဒီဒြပ်ထုနဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်းလက်စွပ်ဆိုတာက အစွမ်းထက်ပြီး လူသားမျိုးနွယ်ကိုပါ လွှမ်းမိုးနိုင်တယ်တဲ့။ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာရှီလာဟာ ဒီလက်စွပ်အကြောင်းကို စုံစမ်းနေရင်း တည်နေရာကို သိသွားခဲ့ပါတယ် အဲဒါကတော့ နာမည်ကျော် ထရန်ဆယ်ဗေးနီးယားက ဒရက်ကူလာရဲတိုက်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့လာချင်ဇောအားကြီးနဲ့ ဒေါက်တာရှီလာတစ်ယောက် လာဒရက်ကူရွာလေးကို ခရီးထွက်လာပါတော့တယ်။ တည်းခိုခန်းမှာ ခဏနားတော့လည်း ဒေသခံတွေက မနက်ဖြန်လပြည့်နေ့ဟာ နှစ် ၅၀ မှ တစ်ကြိမ်ဖြစ်တဲ့ အပျိုစင်လပြည့်ည ဖြစ်ပြီး ဒရက်ကူလာရဲတိုက်ကိုသွားတဲ့ ရွာထဲက အပျိုစင်တွေဆိုရင် အသွားပဲရှိပြီး အပြန်မရှိတဲ့ ဒဏ္ဍာရီကို ကြားဖူးကြလို့ မသွားဖို့ တိုက်တွန်းပေမဲ့လည်း သုတေသီပီပီ စူးစမ်းလိုစိတ်များကြီး ဒရက်ကူလာရဲတိုက်ကြီးကို ရောက်သွားတဲ့အခါမှာတော့……။ ရှေးဟောင်းကားလည်းဖြစ် ဥရောပကားလည်းဖြစ် သရဲကားလည်းဖြစ်ပြန်တော့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းတဲ့အခန်းတွေ ပါဝင်တာကြောင့် သတိတစ်ချပ် ပြုစေလိုပါတယ်ဗျာ။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

Drama • History
5.3 1973 83 mins
The Devil’s Wedding Night
Nalla Nilavulla Rathri
5.2

Nalla Nilavulla Rathri (2023)”မာယာဝဲဂယက်” ===================================== နာမည်ကြီး မာလျာလမ် ဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်ထားကြတဲ့ သည်းထိတ်ရင်ဖို တောင်ပိုင်းရုပ်ရှင်ကောင်းတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ကောလိပ်ကျောင်းသားဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေ။ သူတို့တွေဟာ လူလတ်ပိုင်းအရွယ်ရောက်တဲ့အထိ အဆက်အသွယ်ပြတ်မသွားကြဘဲ အော်ဂဲနစ်ခြံတစ်ခုစိုက်ရင်း စီးပွားရေးအတူလုပ်ခဲ့ကြပါတယ်။ စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် စီးပွားရေးသဘောအရ သူတို့ချင်း ကတောက်ကဆဖြစ်တာမျိုးလေးတွေလည်း ရှိဖူးကြတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့တွေဟာ ကွဲကွာသွားတဲ့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ပြန်ဆုံခဲ့ကြပါတယ်။ ပြန်ဆုံကြတဲ့ သူတို့သူငယ်ချင်း ခြောက်ယောက်ဟာ ရှီမိုဂါလို့ခေါ်တဲ့ တောင်ပေါ်ဒေသတစ်ခုကို အပန်းဖြေခရီးသွားကြရင်း အဲဒီခရီးမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။ အဲဒီအဖြစ်ဆိုးထဲမှာ သူတို့တွေရဲ့ မျက်နှာဖုံးကွာကျပြီး ပုံစံအစစ်အမှန်တွေပေါ်ကာ တစ်ယောက်အကြောင်းတစ်ယောက် သိလာရင်း အဲဒီအဖြစ်ဆိုးထဲကနေလွတ်မြောက်ဖို့ ရုန်းကန်ကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Drama • Romance
5.2 2023 126 mins
Nalla Nilavulla Rathri
The End of Endless Love
6.1

၂၀၂၀ ခုနှစ် ရုပ်ရှင်ရုံမှာ လာကြည့်သူတိုင်း မျက်ရည်ကျခဲ့ရတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက သဘာဝလွန် တခြားကမ္ဘာက လာတဲ့ ရှင်းထန်ဆိုတဲ့ကောင်လေးက မိခင်ကမ္ဘာကို ပြန်ဖို့ ကြိုးစားတဲ့ ရက် ၁၀၀ အတွင်းအဖြစ်ပျက်လေးကို ရိုက်ကူးထားတာပါ။ အရင်ဆုံး တခြားကမ္ဘာက လာတဲ့ သူတို့က လူသားတွေနဲ့မတူဘဲ လူသားတွေရဲ့ ပျော်ရွှင်မှု တစ်နည်းအားဖြင့်ပြောရင် သူ့အသံနဲ့ ဖန်တီးထားတဲ့ လူသားတွေရဲ့ပျော်ရွှင်မှုကိုစားသောက်ရင်း ရှင်သန်နေရတာပေါ့။ ဒီလို သဘာဝလွန် တခြားကမ္ဘာကလာတဲ့သူ့မှာလည်း အားနည်းချက်ရှိပါတယ်။ လူတစ်ယောက်ကို သူ့စွမ်းအားသုံးပြီး ပျော်ရွှင်အောင် ၃ ကြိမ်လုပ်လိုက်မိရင် အဲ့လူနဲ့ ချိတ်ဆက်သွားတာပါပဲ။ ချိတ်ဆက်သွားတယ်ဆိုတာ ဒီလူသားသေတဲ့အချိန်မှာ သူပါ လိုက်သေရတာမျိုးပါ။ ဒါကြောင့် အတတ်နိုင်ဆုံး ဘယ်သူနဲ့မှ မချိတ်ဆက်မိအောင် ကြိုးစားနေတဲ့ ရှင်းထန်တစ်ယောက်က ရှောင်လွှဲမရတဲ့ ကံတရားကြောင့် ကျီဇယ်ဆိုတဲ့ ဟန်ဆောင်အပြုံးအပြည့်နဲ့ ကောင်မလေးနဲ့ ချိတ်ဆက်မိသွားခဲ့တယ်။ မိခင်ကမ္ဘာကို အဆုံးသတ်မှာပြန်နိုင်မှာလား။ ကျီဇယ်ရဲ့ ဟန်ဆောင်အပြုံးတွေကို အသက်သွင်းနိုင်မှာလား။ ဘယ်လို အပြောင်းအလဲဖြစ်မယ်ဆိုတာ စောင့်ကြည့်လိုက်ကြပါ။

Action • Adventure • Thriller
6.1 2020
The End of Endless Love
The New King of Comedy
6.3

ဒီဇာတ်ကားလေးကတော့ မင်းသားကြီး စတီဗင်ချောင်က ထုတ်လုပ်သူနဲ့ ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး IMDb 6.3 ရထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးမှာ..သရုပ်ဆောင်အရမ်းဝါသနာပါပြီး အောင်မြင်တဲ့မင်းသမီးလေးဖြစ်ချင်တဲ့ကောင်မလေး ရှုမုံ့တစ်ယောက်ဟာ နှစ်တွေအကြာကြီးတိုင်အောင် ကြုံရာသရုပ်ဆောင်အဖြစ်လုပ်ခဲ့ရတာတောင် အောင်မြင်ဖို့ထားပါဦး..ငြင်းပယ်ခြင်းနဲ့အထင်သေးခြင်းတွေကိုသူ့မှာဆက်တိုက်ခံစားခဲ့ရတယ်..ဒ ါပေမယ့်သူမက ဘယ်တော့မှလက်လျော့ဖို့မကြိုးစားပဲ အမြဲတစေ တက်ကြွနေခဲ့တယ်..ဒီလိုနဲ့တရက်မှာရူမုံ့ဟာနာမည်ကျမင်းသား Marco နဲ့ရိုက်ကွင်းတခုမှာတွေ့ဆုံခဲ့ရာကနေ သူတို့၂ဦးရဲ့ကံကြမ္မာဘယ်လိုပြောင်းလဲသွားမလဲ..အနုပညာလမ်းကြောင်းရဲ့ ခက်ခဲပုံတွေ..လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလို အနှစ်အရသာရှိရှိနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်…မင်းသားကြီးစတီဗင်ချောင်ရဲ့ လက်ရာဆိုတဲ့အတိုင်း..ရသမြောက်တယ်လို့ခံစားမိပါတယ် Comedy လေးတွေလည်းပါတော့ ပိုပြီးပေါ့ပေါ့ပါးပါးလည်းဖြစ်ပါတယ်

6.3 2019
The New King of Comedy
Love The Stars
5.7

CM ရဲ့ ဇာတ်ကားတွေကို အားပေးနေတဲ့ ချစ်ပရိတ်သတ်တို့ရေ… အခန်းတစ်ခန်းထဲမှာ မတူညီတဲ့အချိန်နှစ်ခုက လာတဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်တယ်နော်… ဘတ်ဂျက်ကားလေးဆိုပေမယ့် ရူပါတွေက နွံထဲက ပတ္တမြားခဲလေးမို့အရှုံးမရှိသလို… ဇာတ်လမ်းလေးကလည်း မဆိုးလှဘူး ဘာဖြစ်မလဲ တွေးတွေးရင်း ဇာတ်သိမ်းသွားတာတောင်မသိလိုက်ဘူးဖြစ်မယ်… ဇာတ်လမ်းလေးကတော့ အင်္ဂလန်မှာ ကျောင်း၅ နှစ်တက်ပြီး ပြန်လာတဲ့ ရှန်ကျန့်ဆိုတဲ့ ကောင်လေးဟာ… အမေတစ်ခု သားတစ်ခုမို့ သူ့အပေါ် အမှီခိုလွန်တဲ့ အမေကို ဆန့်ကျင်ဖို့ တစ်ယောက်တည်း အခန်းငှားခဲ့ရာက စတာပါပဲ… တစ်မနက်ခင်းလုံး အကောင်း အကျိုးဆောင်နဲ့ အိမ်အတူတူကြည့်ပြီး စိတ်တိုင်းကျလို့တောင် စာချုပ်ချုပ်ပြီးပြီ…. ပြောင်းပြီးလာလည်းလာရော ည ၉ နာရီရောက်မှ ထူးထူးခြားခြား သူပြင်ဆင်ထားတဲ့ အခန်းအပြင်အဆင်တွေအားလုံးပြောင်းသွားတဲ့အပြင် သူ့အခန်းထဲမှာ ပိုင်မုန့်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ ပေါ်လာတယ်… နောက်တော့ အဲ့ပိုင်မုန့်ဆိုတဲ့အမျိုးသမီးက ဒီအခန်းရဲ့ပိုင်ရှင်တဲ့… သာမန်အနေအထားဆို အခန်းလိမ်ခံရပြီး စာချုပ်မှားချုပ်မိတာပေါ့… ဒါပေမယ့် ထူးခြားတာက သူက ဩဂုတ်လ ၁ ရက်နေ့မှာရှိနေပြီး သူ့ကိုရန်လုပ်နေတဲ့ အမျိုးသမီးက ဇွန်လ ၁ ရက်နေ့မှာ ရှိနေတာပါပဲ… ဘာလို့ သူတို့ကြားမှာ ဒီလို ကိစ္စပေါ်လာတာလဲ… ဘာလို့ အချိန်နှစ်ခု တိုက်ခန်းတစ်ခန်းဖြစ်နေတာလဲ… ပိုင်မုန့်နဲ့ ရှန့်ကျန့်ကြားမှာ ဘာပတ်သက်မှုရှိနေလို့လဲ… ဇာတ်လမ်းလေးထဲ အဖြေရှာလိုက်ကြတော့နော်

5.7 2024
Love The Stars
Wild at Heart
7.2

Wild at Heart (1990) IMDb Rating (7.2) / Rotten Tomatoes (66%) မင်းသားကြီး နစ်ခ်ကိတ်ခ်ျလို့ပြောလိုက်ရင် မသိတဲ့ဘယ်သူမှမရှိပါဘူး။ ဒီ Wild at Heart ဇာတ်ကားကတော့ နာမည်ကျော်မင်းသားကြီး Nicolas Cage ရဲ့ ငယ်စဉ်ဘဝက ပွဲဦးထွက်ဇာတ်ကားတွေထဲ Old But Gold ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ——————— ဆေလာဆိုတဲ့သူဟာ မကြာသေးခင်ကမှ ထောင်ထဲကနေ ခံဝန်နဲ့ထွက်လာသူပါ။ ထောင်ထဲမရောက်ခင်က လူမိုက်တွေနဲ့ပေါင်းပြီး မျိုးစုံပေတေခဲ့ပေမယ့် ချစ်ရတဲ့ကောင်မလေးတစ်ယောက်ကြောင့် ပြောင်းလဲကာ ထောင်ထဲဝင်ပြီး ပြစ်ဒဏ်တွေကိုခံယူခဲ့ပါတယ်။ ထောင်ထဲနေ ပြန်ထွက်လာတဲ့အခါမှာလည်း ကောင်မလေးနဲ့အတူတူ သမ္မာသမတ်ကျကျနေဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ကောင်မလေးရဲ့ စိတ္တဇဖြစ်နေတဲ့အမေဟာ ကောင်မလေး ဆေလာနဲ့အခြေကျသွားမှာကို စိုးရိမ်သွားတဲ့အခါမှတော့ နည်းလမ်းမျိုးစုံနဲ့ ဆေလာတို့အတွက်ကို ဒုက္ခပေးဖို့ကြိုးစားပါတော့တယ်။ (18+ အခန်း တချို့ နဲ့ ဝတ်လစ်စလစ်အခန်း တချို့ပါဝင်သောကြောင့်မိသားစုနဲ့ အတူတူကြည့်ရန်မသင့်တော်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(2.9 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Romance,Thriller Duration….02:05:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

Comedy • Horror
7.2 1990 125 mins
Wild at Heart