YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

[CM]Green.Mother's.2022.Club.S01E02.1080p.WEB-DL.mp4

1.03 GB N/A video/mp4 180 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
East of Eden
7.6

~ IMDb - 7.8/10, Rotten Tomatoes - 86% ~ ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။ သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ ဒုတိယအနေနဲ့ ပြောချင်တာက ဇာတ်ကားရဲ့နာမည်ပါ။ အေဒင်အရှေ့ပိုင်းတဲ့။ ကိန်း ဆိုတဲ့ ပထမဆုံးလူသားမကောင်းဆိုးဝါး ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေါ့။ လောကမှာ သေခြင်းတရားဝင်ရောက်ကာစ၊ အာဒမ် (အဒမ်) နဲ့ ဧဝ (အိဗ်) တို့ရဲ့ သားဦးတွေဖြစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်၊ အေဘယ် နဲ့ ကိန်း။ လူစီဖာရဲ့ ဖျားယောင်းသိမ်းသွင်းမှုကိုလက်ခံပြီး အစ်ကိုအပေါ်သစ္စာဖောက်လို့ ပထမဆုံးသတ်ဖြတ်ခြင်းကို သွေးအေးအေးဆောင်ရွက်ခဲ့သူ ညီတော်မောင် ကိန်း။ ပထမဆုံးသတ်ဖြတ်မှုကလည်း အစ်ကိုဖြစ်သူကို။ မကောင်းဆိုးဝါးလောကကို ပထမဆုံး ခြေလှမ်းခဲ့တဲ့ လူသားတစ်ယောက်‌ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း အစ်ကိုဖြစ်သူ အာရွန် ကို မကျေနပ်စိတ်တစ်ခုတည်းနဲ့ သေလုမျောပါးစိတ်ဒဏ်ရာတစ်ခုကိုပေးခဲ့တဲ့ မကောင်းဆိုးဝါး ညီဖြစ်သူ ကယ်လက်ဘ် ရဲ့ ညစ်ကန်ကန် ဂျစ်တစ်တစ်စရိုက်ကို ကြည့်ရှုရဖို့ရှိပါတယ်။ တချို့သောလူကြီးမင်းတွေအတွက် ငယ်ဘဝကို ပြန်ကြည့်နေရသလို ခံစားရချင်လည်း ခံစားရမှာပေါ့လေ။ အရာရာကို မကောင်းမြင်စိတ်နဲ့ဖြတ်သန်း၊ ကိုယ်လိုချင်တာပဲသိတဲ့ ဆယ်ကျော်သက် လူဆိုးသွမ်းလေးပါ။ ဖခင်နဲ့ ကြီးပြင်းလာ၊ မိခင်သေပြီဆိုတဲ့ အလိမ်အညာတစ်ခုကို အရွယ်ရောက်မှ အမှတ်မထင်သိလိုက်ရပြီး မိခင်ကို သွားတွေ့ဖို့ကြိုးစားတဲ့ပုံကလည်း ထောင်ထဲထည့်ချင်စရာပေါ့။ အဖေ ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေကို ဉာဏ်ကိုလွှာသုံးပြီး ပြန်ရှာပေးခဲ့ပေမဲ့ ဖခင်ရဲ့ သူတော်စင်စရိုက်နဲ့ သားသမီးနှလုံးသားကို ဝင်မကြည့်တတ်ပုံတွေကြောင့် အကြီးအကျယ်ကြေကွဲရတဲ့ နှလုံးလှလူမိုက်လေး။ Deep Drama တစ်ခုနဲ့ အပြစ်မကင်းသော ၁၅၀၀ ချစ်ခြင်းတစ်ခုကို ဂျိမ်းစ် ဒင်း ရဲ့ ရှားရှားပါးပါးဇာတ်ကားတစ်ကားနဲ့ ခံစားချင်ရင်တော့ CM လက်ရာနဲ့ တင်ဆက်ပေးလိုက်တဲ့ East of Eden ကို မဖြစ်မနေရွေးရမှာပါပဲလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 940MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 58Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Crime • Drama
7.6 1955 115 mins
East of Eden
Kieu
3

ရှေးခေတ်နောက်ခံနဲ့ လွမ်းမောဖွယ် ဗီယက်နမ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗီယက်နမ်ရဲ့ဂန္ထ၀င်ကဗျာ ဆရာကြီး Nguyen Du ရဲ့ကဗျာရှည်၊ ဗီယက်နမ်စာပေမှာ နာမည် အကြီးဆုံးဂန္ထ၀င်ကဗျာကြီးလို့ ဆိုရမယ့် "Tale of Kieu" ကို အခြေ ခံပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဖေနဲ့အစ်ကို မှားယွင်းအကျဉ်းချခံရတာကြောင့် အားကိုရာမဲ့သွား တဲ့ မိန်းမလှလေး ကီးယူး။ သူစိမ်းနဲ့လက်ထပ်ပေးစားမှာကို မတတ် သာဘဲ လက်ခံလိုက်ရပေမဲ့ တကယ်တမ်းတော့ ပြည့်တန်ဆာအိမ်ကို ရောင်းစားခံလိုက်ရတာပါ။ ဒီလိုနဲ့ ကီးယူးတစ်ယောက် သူ့ဘ၀ မပျက် စီးအောင် ရုန်းကန်ရင်း ပိုးထည်ကုန်သည်ကိုလူချော သုဆင်းနဲ့ တွေ့ဆုံ မိပါတယ်။ မြင်မြင်ချင်းချစ်ခဲ့မိတဲ့ သူတို့နှစ်ဦးဟာ အများနဲ့ဝေးရာကို ‌ ထွက်ပြေးပြီး ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုသလိုပဲ ကံတရားက ကီးယူးကို မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းက သုဆင်းဟာ မလွတ်လပ်သူတစ် ယောက်ဖြစ်နေတာပါပဲ။ တစ်နေ့မှာ သုဆင်းတစ်ယောက် ခရီးခဏထွက် သွားခိုက် ကီးယူးဆီ ကံကြမ္မာဆိုး၀င်လာတဲ့အခါ... ကီးယူးရဲ့ဘ၀က ဘယ်အထိကံဆိုးမှောင်ကျဦးမှာလဲ၊ ကံကြမ္မာက ဘယ်လို ကျီစားဦးမလဲ၊ သုဆင်းကရော အချစ်နဲ့ ကတိသစ္စာကြားမှာ ဘယ်လိုစခန်း သွားမလဲ၊ သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်က ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.76 GB) / (695 MB) / (455 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 12Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......C'mon Encoder..........SWM

Adventure • Family • Fantasy
3 2021 72 mins
Kieu
My 11th Mother
7.1

မိသားစုစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေလာရတဲ့သူတွေအတွက်တော့ မိဘကောင်းရှိတာ အဆန်းမဟုတ်ပေမယ့် ကံအကြောင်းမလှလို့ အမေဆုံးပြီး ကိုယ့်ကိုမချစ်တဲ့ အဖေနဲ့ ကြုံတွေ့ရတဲ့ကလေးအတွက်တော့ ဒါဟာ အင်မတန်ပြီးပြည့်စုံတဲ့ အိပ်မက်လေးတစ်ခု ဖြစ်နေတာပေါ့ ဒီကားလေးမှာတော့ မိန်းမပျက်တွေကို ရောင်းစားတဲ့ဖခင်လက်ထဲမှာ ကြီးပြင်းလာရတဲ့ ဂျယ်ဆူလေးက မိခင်မေတ္တာဆာလောင်နေတဲ့ ကလေးတစ်ယောက်ပေါ့၊ ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ် ဟင်းချက်စားသောက်ရင်း နေလာခဲ့ရတယ်၊ အရင်က အဖေဖြစ်သူခေါ်လာတဲ့ မိန်းမတွေကို လွယ်လွယ်နဲ့အမေလို့ နှုတ်ကခေါ်ခဲ့ပေမယ့် တစ်နေ့မှာတော့ ကိုယ့်အပေါ် တကယ်ဂရုစိုက်တဲ့ အမျိုးသမီးတစ်ဦးနဲ့ သံယောဇဥ်တွယ်ခဲ့ကြတယ်၊ မိခင်းရင်းသဖွယ် မေတ္တာတွေပေးလို့ ဂျယ်ဆူပျော်ရွှင်နေရင်းက ကံကြမ္မာက ရက်စက်လွန်းပါတယ်၊ အဲ့အမျိုးသမီးမှာ ကင်ဆာရောဂါဝေဒနာ ပြင်းထန်လာတဲ့အခါမှာတော့... အနှေးနဲ့အမြန် သေရမှာကို ကြိုသိလို့ ဂျယ်ဆူကို တတ်နိုင်သလောက် သင်ပြပေးရင်း နောက်ဆုံးမှာ ဘုရားက သူတို့သားအမိ ၂ယောက်ကို အတူတူနေခွင့်ပေးမလား၊ ဂျယ်ဆူတစ်ယောက်တည်း ဘဝကို အထီးကျန်ကျန် ဆက်လက်ဖြတ်သန်းရမလားဆိုတာကို ခုပဲ ကြည့်လို့ရပြီနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | 717MB | 323MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jinzel Encoder ..... August

Drama • Thriller
7.1 2007 104 mins
My 11th Mother
Kutch Express

IMDb-6.7/10 ငယ်ငယ်ကသွားကြီးလေး ကြီးမှခန့်ချောလေးဖြစ်လာတဲ့ Darsheel Safary ၊ အပြင်မှာခပ်လန်းလန်းနေတတ်ပြီး ရိုးအတဲ့ဇာတ်ကောင်နေရာနဲ့ Manasi Parekh ၊ ဆံဖြူသည်ထိ မပင်မပန်း ကျရာဇာတ်ကောင်မျိုးစုံလုပ်နိုင်နေသေးတဲ့ မင်းသမီးကြီးRatna Pathak Shah အရွယ်သုံးပါးစုံစုံလင်လင် ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ‌ကိုယ့်မွေးနေ့မှာတောင် ကျန်တစ်အိမ်သားလုံးရဲ့အကြိုက်တွေကိုရွေးပြီး စုံနေအောင်ချက်ပေးတတ်တဲ့ မွန်ဂီဟာ သူ့ကိုယ်သူအိမ်ထောင်ရေးကံ မိသားစုကံကောင်းလွန်းသူပါဆိုပြီး ပျော်နေသူပေါ့ သူက မိသားစုအရေးနဲ့ မီးဖိုချောင်ထဲမှာပဲဘဝကိုမြှုပ်ထားပေမဲ့ ဘာမှမသိမတတ် နုံနုံအအတော့မဟုတ်ပါဘူး သူ့ခင်ပွန်း ဒါမက်ရှ်ကတော့ ခပ်ရိုးရိုးပုံတုံးတုံးနေတဲ့အိမ်ရှင်မကို အထင်မကြီးလူရာမသွင်းပါဘူး မွေးနေ့ကိုတောင် ဘေးလူပြောမှသိ ဟတ်ပီးဘတ်ဒေးပြောပေးဖို့တောင် နှုတ်ဆွံ့နေသတဲ့ ဒီလိုအိမ်ထောင်ရေးမှာဖြစ်လာမဲ့အဖုအထစ်ကတော့ ဖောက်ပြန်မှုကလွဲတခြားမရှိ.... ဒါမက်ရှ် ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ဖောက်ပြန်နေမှန်းသိလိုက်ရချိန် ဒီလူကိုပဲတစ်မျက်နှာတစ်ကမ္ဘာလုပ်ထားတဲ့ မွန်ဂီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ... အိမ်ထောင်ဆိုတာ မကုန်မခမ်းနိုင်အမျိုးစုံသုခဒုက္ခပေါင်းစုံရာကမ္ဘာပဲလေ ဒီတော့ဒီကားမှာရော ဒီလိုပဲဖန်တရာထေဇာတ်လမ်းပုံစံဖြစ်နေပါ့မလား ဘယ်လိုမတူညီတဲ့ရှုထောင့်တွေပါမလဲ... (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Aditi ~ YH ~ V တို့ပဲဖြစ်ပါတယ်) File size… Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Aditi ~ YH ~ V

Comedy • Drama
0 2023 134 mins
Kutch Express
Outside the Wire
6.4

ဒီနေ့အတွက် Netflix ကထွက်ရှိလာတဲ့ အလန်းစား Action, Fantasy ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ Anthony Mackie ပါဝင်ထားပြီး . Damson Idris နဲ့အတူ ဒိတ်ဒိတ်ကြဲအပြိုင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ . ဒီကားအတွက်လည်း ဘတ်ဂျက်ကို အတော် အကုန်ကျခံရိုက်ကူးထားတယ်လည်းသိရပါတယ်။ 2021 ရဲ့ အစဟာ မူဗီချစ်ပရိသတ်တွေအတွက်တော့ အတော်လေးကျေနပ်စရာကောင်းလောက်မယ့်ကား ကောင်းလေးတစ်ချို့ထွက်ရှိလာတာကိုလည်းတွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဟာ့ပ်ဆိုတဲ့ drone pilot တပ်သားတစ်ယောက်ဟာ drone ပစ်ခေတ်မောင်းနှင်ရာမှာအတော်လေးကျွမ်းကျင်ပြီး ပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Mission တစ်ခုမှာ သူ့ရဲ့ စိတ်လောပြီး တဇွတ်ထိုးနိုင်တဲ့စိတ်ကြောင့် အမှားတစ်ခုကျူးလွန်မိပြီး . မိမိတပ်ဘက်ကစစ်သားတစ်ချို့ရဲ့ အသက်ပါ ပေးဆပ်လိုက် ရတာကြောင့် ဒဏ်ပေးခံရတဲ့အနေနဲ့ စစ်ဇုံတစ်ခုကိုအပို့ခံရပါတော့တယ်။ အဲ့ဒီ စစ်စခန်းရောက်မှ လီယိုနဲ့တွေ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ Mission ကို ရပ်တန့်ရင်ဆိုင်ရမှာကို ပစ်ကွင်းပစ်ကွက် အတိုက်အခိုက်တွေနဲ့ ရိုက်ပြသွားတာကို ကြည့်ရှုရမှာပါ။ Anthony ဖန်တွေကတော့ အကြိုက်ဖြစ်ဦးမှာမလွဲပါဘူး။ (ဒီဇာတ်ကားရဲ့ အညွှန်းကို Yoon Sandi Aungကရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Jerrica, MTA တို့က ဘာသာပြန်ပေးထားပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 54min Subtitle – Myanmar Hardsub Format – Mp4 Genre :  Action, Adventure, Fantasy Source : 1080p.WebRip Translator –  MTA, Jerrica, Yoon Sandi Aung Encoder – SWM

Drama • Sci-Fi & Fantasy
6.4 2021 116 mins
Outside the Wire
Padmini
8

Padmini(2023) ‌ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်း ကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်း နူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အ‌ရောက်လာရှာပါတော့တယ်။ ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။ လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲ အချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့ အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်း ညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, Yunniတို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ File size…1.7GB / 768MB Quality…1080p  WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ YH~ V~ Cherry~ BpL~ Yunni

Animation • Sci-Fi & Fantasy
8 2023 120 mins
Padmini
She’s The One
6.3

She is the one (2013) IMdb Rating (6.3) ဖိလစ်ပိုင် romance ကားကောင်းလေးတွေကို မျှော်ကြတဲ့သူတွေအတွက် တစ်ဖက်သတ်အချစ် နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား မင်းသမီးတွေကလည်း မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့ဖြစ်ပြီး မင်းသမီးကတော့ Bea Alonzo ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. “ကတ်”လို့ခေါ်တဲ့ကောင်မလေးက သူငယ်စဉ်တည်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း “ဝါကီ”ကို သဘောကျနေခဲ့တာ ကြာပါပြီ။ သူတို့ကြားမှာ စိတ် စနိုးစနောင့်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ “ကတ်”က ဝါကီကို move onလုပ်ခဲ့ပြီးပါပြီ။ “ဝါကီ”က အစီအစဉ်တင်ဆက်သူ ဖြစ်ပြီးတော့ ကောင်မလေးတွေကို ထည်လဲတွဲတဲ့ playboyအကြီးစားပါ။ အသက်၃၀လောက်ထိ အတည်တကျရည်းစားမရှိဘဲ ရည်းစားအရေအတွက်က အသက်ထက်များပါတယ်။ဒါပေမဲ့ “ကတ်”အပေါ်တော့ မှီခိုတတ်ပြီး သူ့ရဲ့ ကိစ္စအတော်များများကို ကတ်က နောက်ကလိုက်ရှင်းပေးရလေ့ရှိပါတယ်။ တစ်နေ့မှာတော့ “ကတ်”က မိုးရွာထဲမှာ ကားပျက်သွားလို့ပြင်နေတုန်း “ဒေးဗစ်”ဆိုတဲ့ကောင်လေးက ကူညီဖို့ရောက်လာခဲ့ပါတယ်။ ကတ်က အကူအညီကိုငြင်းလိုက်ပေမဲ့ မိုးရေထဲမှာ ကိုယ်တိုင်ကားပြင်နေတဲ့ မမ”ကတ်”ကို သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့် လိုင်းပေါ်မှာ “ကတ်”ကိုရိုက်ထားတဲ့ videoကိုတင်လိုက်တာ ပေါက်သွားပြီး ကြည့်ရှုသူ သန်းချီသွားပါတယ်။ ဝါကီတို့အစီအစဉ်ကလည်း “ဒေးဗစ်”ကို ခေါ်ရိုက်ပြီး ကတ်နဲ့ပေးတွေ့နိုင်ဖို့အတွက် “ဝါကီ”ကိုစီစဉ်ခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်က ကတ်ကိုချစ်မိသွားပြီး ကြိုးစားလိုက်နေတဲ့အချိန်မှာ ဝါကီကိုယ်တိုင်က သူ့ရဲ့ ခံစားချက်အစစ်တွေထွက်လာတဲ့အခါ….။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Ingyin San မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/58 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(2.6 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Ingyin San

Drama • History • Thriller • War
6.3 2013 110 mins
She’s The One
So Different
4.8

So Different (2009) =============== ဒီ‌တစ်ခေါက်မှာတော့ ဆွီဒင် အချစ်ကားလေးတစ်ကား မိတ်ဆက် ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ နှစ်ယောက်တစ်ဘ၀၊ တစ်အိုး တစ်အိမ် ထူထောင်ပြီးရင်တောင် စိတ်သဘောထားချင်းမတူညီရင်၊ တစ်ယောက်ကိုတစ်ယောက်မချစ်ရင် အဆင်မပြေနိုင်တဲ့အကြောင်း ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လော့တ်တာ နဲ့ စန်နာ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ သိပ်ကိုထူးချွန်တဲ့သူတွေ ဖြစ်ကြပါ တယ်။ လော့တ်တာဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းကြာ ပေမယ့် စရိုက်ချင်းမတူတဲ့အခါမှာ အဆင်မပြေဖြစ်ပြီး ကွာရှင်းထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်‌နေ့မှာ အောင်မြင်တဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌ ရာထူးကို ရရှိပြီးတဲ့နောက် ကျန်ခဲ့တဲ့သမီးနှစ်ယောက်နဲ့ ပါတီအရေးကြားမှာ မထိန်းချုပ်နိုင်ဖြစ်လာပါတော့တယ်။ စန်နာဟာဆိုရင်လည်း ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ ညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး သူ့အချစ်ရေးကို လေးလေးနက် နက် မစဉ်းစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီညီအစ်မနှစ်ယောက် သူတို့ရဲ့အလုပ်နဲ့ အချစ်ရေးကြားမှာ ဘယ်လိုတွေအဆင်ပြေအောင် ကိုင် တွယ်သွားကြမလဲ၊ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်ကျော် ကြမလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Jaka ဖြစ်ပါတယ်) File Size……….(2.17 GB) / (927 MB) / (554 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Jaka Encoder……….SWM

4.8 2009
So Different
A Bronx Tale

နာမည်ကျော်မင်းသားကြီးတွေဖြစ်ကြတဲ့ Robert De Niro, Chazz Palminteri, Joe Pesci တို့အပြိုင်အဆိုင် ပါ၀င်ထားကြတဲ့ဇာတ်ကားလေးပါ။ Bronx မှာနေတဲ့ Calogero ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ရပ်ကွက်ထဲက ဘ၀ကို ဇာတ်တည်ထားတာပါ။ Calogero ရဲ့အဖေက ရိုးရိုးသားသား ဘက်စကားမောင်းပြီး အသက်မွေး၀မ်းကြောင်းပြုနေပေမယ့် Calogero ကတော့ ရပ်ကွက်ထဲက ဂိုဏ်းခေါင်းဆောင် Sunny ကိုလေးစားအားကျနေမိပါတယ်။ Calogero လည်းအဖေဖြစ်သူရဲ့ ဖြောင့်မတ်ကြိုးစားဖို့ ဆုံးမစကားတွေနဲ့ Sunny ရဲ့ငွေကြေး အာဏာရမယ့်မက်လုံးတွေကြား လွန်ဆွဲရင်း ကြီးပြင်းလာပုံကို ကြည့်ရှုရမှာပါ။ ရင်ထဲထိပြီး သင်ခန်းစာတွေရမယ့် ဇာတ်ကားကောင်းလေးပါ။ File size…(2 GB)/(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

0 1993
A Bronx Tale
Alex/October
7.2

Alex/October (2022) ~ IMDb rating – 7.2/10 ~ ဒီဇာတ်လမ်းဟာ ကြေကွဲနေတဲ့ လူကြီးတစ်ယောက်နဲ့ လောကကြီးကို ငြီးငွေ့စိတ်ကုန်နေတဲ့ ကောင်မလေးတစ်ယောက်ကြားက ဇာတ်လမ်း။ အဲလက်စ်ဆိုတာကတော့ အသက် ၄၀ ကျော်အရွယ် အရက်ဖြတ်ထားရသူ တစ်ဦး။ ငြီးငွေ့ဖွယ်အလုပ်တစ်ခု၊ ဖြေမဆည်နိုင်စရာအတိတ်တစ်ခု၊ ကွာရှင်းထားတဲ့ အိမ်ထောင်တစ်ခု… အဲ့ဒါတွေအားလုံးထက်ပိုပြီး ခုထိ မအောင်မြင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းတစ်ခုနဲ့ ဘဝရဲ့ အဆုံးစွန်ကိုရောက်နေတဲ့ သက်လတ်ပိုင်းအကျပ်အတည်းထဲက လူ။ အောက်တိုဘာကတော့ ၂၀ ကျော်ကျော် အနုပညာကျောင်း နှစ်ဝက်နဲ့ နားထားတဲ့သူ။ အပေါင်းအသင်းတွေနဲ့ ဆိုးသွမ်းလိုက်၊ ကလပ်လေးတက်လိုက်၊ အလုပ်လေးထွက်လိုက်နဲ့ ဒါပေမဲ့ ဘဝမှာ နေထိုင်ရမယ့်အကြောင်းအရင်း တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးရင်း အနာဂတ်ကို ရှာမတွေ့သူလေး။ အဲလက်စ်က တစ်ရက်မှာ သူ့ကို သတ်ပေးဖို့ လူငှားတဲ့ ပို့စ်တစ်ခု လိုင်းပေါ်တင်ခဲ့ပြီး အောက်တိုဘာလေးက စူးစမ်းလိုစိတ်နဲ့ အလုပ်လက်ခံခဲ့တဲ့အခါမှာတော့ သူတို့ ကိုယ်ပိုင်ဘဝတွေမှာ အံဝင်ခွင်ကျမှုကို ရှာမတွေ့နိုင်ကြတဲ့ စိတ်ပျက်အားလျော့နေတဲ့ လူ၂ဦးကြား ခံစားမှုတွေထိခတ်မိရင်း မီးပွင့်လေးတွေ ထွက်လာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 780MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.2 2022 84 mins
Alex/October
Paan Singh Tomar
8.2

Paan Singh Tomar (2012) ============== IMDb Rating (8.2/10) / Rotten Tomatoes (89%) ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီး မင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားက အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။ ၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ် လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။ စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။ သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။ သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ… နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် သူယုံကြည်ထားတဲ့ ဥပဒေဆိုတာက သူ့ကိုအကူအညီပေးမလာတဲ့အခါမှာတော့… စစ်ပြန်ကြီးဟာ လက်နက်ဆွဲကိုင်ပြီး အမှန်တရားအတွက် တိုက်ခိုက်ပါတော့တယ်။ “ကျွန်တော့်မှာ အပြေးပြိုင်ပွဲနဲ့ပတ်သက်လို့ စည်းကမ်းတခုရှိတယ်၊ ဘာလဲဆိုတော့ပြိုင်ပွဲစပြီဆိုတာနဲ့ နိုင်တာရှုံးတာ အဓိက မကျတော့ဘူး၊ ပန်းတိုင်ကိုရောက်ဖို့ အဓိကပဲ။အဲဒီလိုပဲ အခုတိုက်မယ့်တိုက်ပွဲကိုလဲ နိုင်တာရှုံးတာထက် ပြီးဆုံးအောင်တိုက်ခိုက်သွားမယ်”ဆိုတဲ့ နိုင်ငံ့ဂုဏ်ဆောင် စစ်သားအားကစားသမားတယောက်ဖြစ်ခဲ့ပေမယ့် ထိုက်တန်တဲ့ဘဝကိုမရခဲ့တဲ့ ပန်းဆင်းဂ်ရဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ “ဒီရုပ်ရှင်က သမိုင်းမှာအသိအမှတ်ပြုမခံရဘဲ ကိုယ့်ကိုယ်ကိုယ်စတေးသွားတဲ့ အိန္ဒိယအားကစားသမားများကို ရည်ညွှန်းပါတယ်” လို့ အဆုံးသတ်မှာ ဒါရိုက်တာက ဂုဏ်ပြုထားပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို V နဲ့ Thaik San တို့မှ တင်ဆက်ထားပါတယ်။)

8.2 2012
Paan Singh Tomar
Dominion: Prequel to The Exorcist
5.2

Exorcist : The beginning ရဲ့ prequel ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Beginning မှာတော့ မိစ္ဆာကို ကောင်းမှုကုသိုလ်က အနိုင်ယူအောင်ပွဲခံတာကို ရိုက်ကူးပုံဖော်ထားပြီး ဒီ prequelမှာတော့ မိစ္ဆာရဲ့ လှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ၊ ဆင်းရဲခြင်းအကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Dune, Andor, Chernobyl, Good Will Hunting, Pirates of the Caribbean 1နဲ့ 2, Thor, အစရှိသဖြင့် ပြောလို့တောင် မကုန်နိုင်တဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာရဲ့ သရုပ်ဆောင် မင်းသားကြီး Stellan Skarsgårdနဲ့ Rush Hour , Bat woman, Mad man , Damnation အစရှိတဲ့ ရုပ်ရှင်ကားကောင်းတွေပါ သရုပ်ဆောင်ဖူးတဲ့ မင်းသားGabriel Mannတို့က ဒီရုပ်ရှင်ကို ဦးဆောင်ပုံဖော်ထားတဲ့ Warner Bros. Picturesရဲ့လက်ရာစစ်စစ်ဖြစ်ပါတယ်။ ဖာသာ မယ်ရင်းက ဒုတိယကမ္ဘာစစ်မှာ နာဇီတွေရဲ့ရက်စက်မှုကြောင့် ဘုရားပေါ် သက်ဝင်ယုံကြည်မှုကို စွန့်လွှတ်ပြီး ရှေ့ဟောင်းသုတေသနပညာရှင်အဖြစ် လူဝတ်လဲသွားခဲ့ပါတယ်။ စစ်ပွဲပြီးကာလမှာ မယ်ရင်းတစ်ယောက် Turkana ခရိုင်၊ Rudolf ရေကန်ရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ ဘုရားကျောင်း တစ်ကျောင်းကို ရှာဖွေစူးစမ်းဖို့အတွက် ဘုန်းတော်ကြီး အသိုင်းဝိုင်းဘက်က မယ်ရင်းကို ကူညီဖို့နဲ့ သာသနာပြုဖို့အတွက် ဖာသာ ဖရန်စစ်ကို အကူညီအနေနဲ့ မယ်ရင်းနဲ့အတူတူ ထည့်ပေးလိုက်ပါတယ်။ မယ်ရင်း တူးဖော်တွေ့ရှိတဲ့ ဘုရားကျောင်းက ဘုရားကို ရည်စူးပြီးဆောက်လုပ်ထားတဲ့ ဘုရားကျောင်း ဟုတ်မနေတဲ့အခါမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်လာပါတယ်။ နွားတွေကို ဝင်တိုက်ခိုက်တဲ့ ခွေးအ,တွေကို နွားတွေက သတ်ပြီး၊ ခွေးအ,တွေရဲ့ အသားကို နွားတွေက စားသုံးကြတာမျိုး။ လူတွေ၊ နွားတွေ တိရစ္ဆာန်တွေ အကြောင်းမရှိ သေဆုံးလာကြတာမျိုး အစရှိသဖြင့်ပေါ့။ ဒါပေမယ့် အခြေနေတွေက ဒီထက်ဆိုးလာတဲ့အခါ ….. အခြေနေတွေကို ထိန်းချုပ်လို့ မရလာတော့တဲ့အခါမှာ ….. မကောင်းမှုတွေကို ဖြစ်အောင်လုပ်နေတာက ဘယ်သူလဲ ….. မကောင်းမှုတွေကြောင့် ခွန်အားတွေ တိုးပွားလာတာ ဘယ်သူလဲ …. အဲဒီမကောင်းဆိုးဝါးကို ဖာသာ ဖရန်စစ်နဲ့ ဖာသာ မယ်ရင်းတို့ တန်ခိုးရှင်ဘက်ကနေ ဘယ်လိုတိုက်ခိုက်သွားမလဲ ….. မကောင်းတဲ့မိစ္ဆာဘက်က နိုင်သွားမလား ….. ကောင်းတဲ့ ကုသိုလ်ဘက်က နိုင်သွားမလား ….. Plot နိုင်နိုင်နင်းနင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း ကြည့်ရတာကို ကြိုက်တဲ့လူတွေအတွက် ဒီကားက A+ ပါပဲ။ အဆိုပါရုပ်ရှင်က ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေ အတူတကွ ပုံဖော်ထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size… 1.87 GB / 1.32 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Minn Khant Kyi Win

5.2 2005
Dominion: Prequel to The Exorcist
Worlds Apart
7.4

Genre – Drama, Romance IMDB – 7.4/10 တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကို ခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့ အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို ၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာ တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီး အများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်း မဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲက အများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။ တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။ အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့ တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊ စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့ မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက် ဥရောပသမဂ္ဂရဲ့ ဂရိနိုင်ငံအပေါ် စီးပွားရေးမူဝါဒတွေဟာလည်း နိုင်ငံကို ပိုလို့ ကျဉ်းထဲကျပ်ထဲရောက်စေပါတယ်။ ဒီလိုအခြေအနေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသေအလဲမုန်းတဲ့ ဖက်ဆစ်ဝါဒီဖခင်တစ်ဦးရယ် .. အကျပ်အတည်းတွေကြောင့် မိသားစုမှာလည်း မပျော်ရွှင်နိုင်တော့တဲ့ အိမ်ထောင်ရှင်မတစ်ဦးရယ်… နိုင်ငံရဲ့ လူမှုစီးပွားချွတ်ခြုံကျမှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးရယ်…. … သူ့ကို ကယ်တင်ခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ပန်းချီကျောင်းသားကောင်လေးကိုမှ ချစ်မိသွားတဲ့ နိုငံရေးမေဂျာလေ့လာနေတဲ့ ကျောင်းသူလေးတစ်ဦးရယ်.. မတူညီတဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ ရုန်းကန်မှုတွေကို ရုပ်ရှင်တစ်ကားထဲမှာတွေ့မြင်ရမှာပါ။ ဒီလိုတွေပြောနေလို့ ဒီကားက ခပ်လေးလေးနိုင်ငံရေးကားကြီးမဟုတ်ပါဘူး။ အရွယ်အပိုင်းအခြားမရွေးတဲ့ အချစ်ကို လက်တွေ့ကျကျချဉ်းကပ်ပြီး ရှေးခေတ်ဂရိဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်လို့ ပြသသွားပါတယ်။ ဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လေ့လာဖို့အခွင့်အရေးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရသွားနိုင်ပါတယ်။ ဒီ Worlds Apart ရုပ်ရှင်ဟာ ဂရိနိုင်ငံမှာ ၂၀၁၅ ခုနှစ်တုန်းက ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါသလို ၂၀၁၅-၂၀၁၆ ရာသီအတွက် ဂရိရဲ့ နံပါတ် ၁ ရုပ်ရှင်အဖြစ် တည်ရှိခဲ့ပါသေးတယ်။ မျိုးဆက် ၃ခု အသီးသီးဆီက ဂရိလူမျိုးတစ်ယောက်ဆီနဲ့ နိုင်ငံခြားသားတစ်ယောက်ဆီကြားက မတူညီတဲ့ မေတ္တာတွေဟာ ဇုနတ်ဘုရားက ပေးသနားတဲ့ ‘’ဒုတိယ အခွင့်အရေး’’ရဖို့ ထိုက်တန်သလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော့်။ အညွှန်းရေးသူကတော့ Z ဖြစ်ပါတယ်။ File size… 1.6 GB / 751 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Z

Drama • Romance
7.4 2015
Worlds Apart
Hard Miles
6.4

၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Hard Miles ရုပ်ရှင်ဟာ စိတ်ဓာတ်ခွန်အားပေး အားကစားဒရမ်မာဖြစ်ပါတယ်။ ကော်လိုရာဒိုက ပြန်လည်ပြုပြင်ရေးလူငယ်သင်တန်းကျောင်းရဲ့ စက်ဘီးအဖွဲ့တစ်ဖွဲ့ဟာ ဂရန်းကန်ညွန်အထိ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ခရီးတစ်ခုကို နည်းပြဂရက်ဂ်တောင်းဆန့်ရဲ့ဦးဆောင်မှုနဲ့ ရောက်အောင်သွားနိုင်ခဲ့ပုံကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် လူငယ်တွေရဲ့အားမာန်၊ စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ဒိုင်ယာလော့တွေ၊ လူဆိုးလေးတွေကို လမ်းမှန်ပြပေးခဲ့တဲ့နည်းပြရဲ့သင်ပြပုံတွေကြောင့် ဝေဖန်သူတွေဆီက Review ကောင်းတွေအများကြီးရထားတာဖြစ်ပါတယ်။ ဂရန်းကန်ညွန်ကိုစက်ဘီးနင်းသွားရမယ့် ၇၆၂ မိုင်ခရီးဟာ ဆယ်ကျော်သက်လူငယ်လေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခု ဖြစ်သလို ဂရက်ဂ်ရဲ့အဆုံးစွန်အထိတွန်းအားပေးမှုတွေက လူငယ်လေးတွေကို ဘဝမှာဘာအခက်အခဲကိုမှမကြောက်ရွံ့ တော့အောင် သင်ကြားပေးနိုင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File size… 1.72GB / 809MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 48m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.4 2023
Hard Miles
Mission to Mars
5.7

Mission to Mars (2000) IMDb Rating (5.7) / Rotten Tomatoes (24%) “Mission to Mars” က ၂၀၀၀ ခုနှစ်က ထွက်ရှိတဲ့ သိပ္ပံအခြေပြု ရုပ်ရှင်ဖြစ်ပြီး Brian De Palma က ရိုက်ကူးထားပါတယ်။ Gary Sinise, Tim Robbins, Don Cheadle နဲ့ Connie Nielsen တို့လို ကျော်ကြားတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး အာကာသ၊ မစ်ရှင်နဲ့ လူသားတို့ရဲ့ အစပြုရာကို စိတ်ဝင်စားဖွယ် ပြသထားပါတယ်။ ဇာတ်လမ်းက မားစ်ဂြိုဟ်ကို သွားတဲ့ မစ်ရှင်တစ်ခု မအောင်မြင်ဘဲ အာကာသယာဉ်မှ အဖွဲ့ဝင်တစ်ဦး အန္တရာယ်တွင်းမှာကျန်ရစ်သွားတဲ့အခါ အဖွဲ့တစ်ဖွဲ့ ပြန်လည်ကယ်ဆယ်ဖို့ သွားရင်း စိန်ခေါ်မှုတွေ၊ ထူးဆန်းတဲ့ လျှို့ဝှက်မှုတွေ၊ နောက်ဆုံးမှာ လူသားရဲ့ အစပြုရာကို သုတေသနလုပ်ကြပါတယ်။ ရုပ်ရှင်ရဲ့ အဓိကဆွဲဆောင်မှုကတော့ အာကာသရဲ့ ကျယ်ဝန်းမှုနဲ့ မားစ်ဂြိုဟ်ရဲ့ ထူးခြားမှုကို ထိထိမိမိ ဖော်ပြနိုင်တဲ့ အရာပါပဲ။ ၂၀၀၀ ခုနှစ်မှာ လုပ်ထားတဲ့ Visual Effects တွေက အံ့အားသင့်စရာကောင်းပါတယ်။ သရုပ်ဆောင်တွေထဲမှာ Gary Sinise က ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုကို ထင်ဟပ်စွာ ဖော်ပြနိုင်ပါတယ်။ သို့သော်လည်း ဇာတ်လမ်းအချို့မှာ ဖြည်းဖြည်းလေးစီးဆင်းတာကြောင့်မလို့ စိတ်ဝင်စားမှုနည်းသလို သိပ္ပံအမှန်တရားနဲ့ မကိုက်ညီတဲ့ အချက်လေးတွေပါ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရဲ့ စိတ်ကူးယဉ်တာရဲ့ အတွင်းပိုင်းနဲ့ လူသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ရှာဖွေဖော်ပြထားတာတော့ ကောင်းပါတယ်။ “Mission to Mars” ကသိပ္ပံအခြေပြု ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Adventure,Science Fiction,Thriller Duration….01:54:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Banyar Aung

5.7 2000 114 mins
Mission to Mars