YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Good.Deal.2022.480p.mp4

364.05 MB N/A video/mp4 104 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Miss Sloane
7.5

Miss Sloane (2016) အယ်လီဇဘတ် ဆလွန်းဟာ အောင်မြင်တဲ့မဲဆွယ်သူတစ်ယောက်ဖြစ်ပြီးတော့ သူရဲ့အလုပ်ပေါ်အရမ်းရူးသွပ်တဲ့သူဖြစ်ပါတယ်။ စိတ်ဓါတ်မာကြောပြီး ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို ဘယ်သူ့ကိုမှမငဲ့ညှာတတ်တာကြောင့် နိုင်ငံရေးနယ်ပယ်မှာ သူ့ကိုမုန်းတီးနေသူတွေလည်းအများကြီးပါပဲ။ အမေရိကမှာ သေနတ်ပစ်ခတ်မှုတွေအမြဲဖြစ်ပျက်နေပြီး နစ်နာသူအများစုက ဆယ်ကျော်သက်လူငယ်တွေ၊ ကလေးသူငယ်တွေပါပဲ။ ဒါကိုရပ်တန့်ဖို့အတွက်ဆိုရင် အမေရိကမှာ သေနတ်တွေကို အလွယ်တကူဝယ်ယူနိုင်တာကို ထိန်းချုပ်ဖို့လိုအပ်တယ်လို့ လူအများစုကထင်မြင်ကြပါတယ်။ အဲဒါကြောင့် သေနတ်ရောင်းတဲ့အခါ ဝယ်သူရဲ့ နောက်ခံအချက်အလက်ကိုစီစစ်ပြီး မှတ်တမ်းတင်ထားဖို့ ဥပဒေတစ်ခု လွှတ်တော်ကိုတင်သွင်းခဲ့ပါတယ်။ ဆလွန်းဟာ အဲဒီဥပဒေအတွက်မဲဆွယ်သူအဖြစ်တာဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေကိုဆန့်ကျင်တဲ့သူတွေက ဆလွန်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပါသုံးပြီး ဆလွန်းကိုတိုက်ခိုက်လာကြပါတော့တယ်။ ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ ဆလွန်းက ဒီပြဿနာတွေကို ဘယ်လိုလှည့်ကွက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကြည့်ရှုရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။) File Size          : 1.8GB, 675MB, 382MB Quality            :1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 2hr 12mins Genre              : Drama Translated by Yee Wai Encoded by Kinnov

Action & Adventure • Animation • Sci-Fi & Fantasy
7.5 2016 133 mins
Miss Sloane
Hocus Pocus 2
7.4

Hocus Pocus ဆိုတာ 1993 တုန်းက အောင်မြင်ခဲ့တဲ့ မှော်၊ မိသားစု၊ ဟာသ စုန်းမဇာတ်လမ်းလေးပါ။ အခုကတော့ အဆက်အနေနဲ့ ဒစ္စနေးက ပြန်လည်တင်ဆက်လိုက်ပါပြီ။ ၁၉၉၃ တုန်းကရုပ်ရှင်ကိုလည်း ချန်နယ်မြန်မာမှာပဲ ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်း မီးတောက်နက် ဖယောင်းတိုင်ဟာ ပြန်လည် ထွန်းလင်းလာပြန်ပါပြီ ပရိသတ်ကြီးရေ ၀င်နီ၊ ဆာရာနဲ့ မယ်ရီ ညီအစ်မ 3 ယောက်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကတော့ ဒါ ဘာကို ဆိုလိုတာလဲ သိလောက်ကြမယ် ထင်ပါတယ်..... ဒီစုန်းမ သုံးဖော်ဟာ မီးတောက်နက်ဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဆယ်ကျော်သက်လေးတွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ဟောလိုး၀င်တစ်ညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် သူတို့တွေ ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီး မွှေသွားခဲ့ပါတယ်။ အခု ၂၁ ရာစုမှာလည်း admirer တစ်ယောက်ကြောင့် လိုချင်တာရဖို့ဆို ဉာဏ်နီဉာဏ်နက်များပြီး ရအောင်ယူတတ်တဲ့ စုန်းမသုံးဖော်ဟာ ဆေလင်ကို လက်စားချေဖို့ ပြန်ပေါ်လာခဲ့ပါပြီ။ သူတို့ ဘယ်လိုမွှေပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဟောလိုး၀င်း vibe လေးနဲ့အတူ ကြည့်ရှုပေးကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP,Thiha,Yoon Hocus Pocus 1 Download Link

Drama • Romance
7.4 2022 107 mins
Hocus Pocus 2
Morbius
6.1

မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။ မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး ဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲ သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုး ဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကို ပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL  SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson

Action • Mystery • Thriller
6.1 2022 105 mins
Morbius
Nine 1/2 Weeks
6.1

Nine Half Weeks ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစု‌ေတွနဲ့ အတူကြည့်ဖို့ မသင့်တဲ့ လူကြီးတွေကို လူကြီးပညာသင်တဲ့ ဇာတ်ကားကောင်း‌လေးပဲဖြစ်ပါတယ်။ 1986 ခုနှစ်လောက်က Cinematography နဲ့ ခန္ဓာကိုယ်ရဲ့ အနုပညာကောက်ကြောင်းတွေကို ဘယ်လိုရိုက်ပြထားလဲဆိုတာကို ကြည့်ရှုလေ့လာရင်း ပညာတွေအများကြီးတိုးပွားစေမယ့် ဇာတ်ကားလေးပါ။ လိင်ကိစ္စဆိုတာ ကြာလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှု‌တွေ လျော့ကျသွားတတ်ပါတယ်.. ဒါပေမယ့် ဘယ်လိုနည်းမျိုးတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ပြန်ပြီးရှာဖွေပြီး သာယာမှုကိုပြန်ရှာဖွေမလဲ။ ကိုယ့်ရဲ့ ပါတနာကို လွှမ်းမိုးတဲ့နေရာမှာလဲ အတိုင်းအတာဆိုတာ ဘယ်လောက်ရှိလဲ။ သာယာမှုတွေ အလွန်မှာရော ဘယ်လိုဆိုးကျိုးတွေ စောင့်ကြိုနေလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါ။ File size…3.2GB / 1.2GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….1h 57mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thu Ra Hein

Action • Crime • Drama • Thriller
6.1 1986 117 mins
Nine 1/2 Weeks
Love 101

ဂင်မ်ချီမြေက “ဦး” တွေကိုပဲငမ်းနေကြတဲ့ ယူတို့တွေ သင်္ဘောသီးထောင်းမြေက “ဦး” ကိုရော ပြောင်းမငမ်းချင်ကြဘူးလား ? လက်ရှိမှာ တပ်ကြပ်ရာထူးနဲ့တာဝန်ထမ်းဆောင်နေပြီး မနက်မိုးလင်းတာနဲ့အလုပ်ခွင်ဝင် ညနေအိမ်ပြန်ရောက်ရင် အနားယူ .. အိပ် .. နေ့စဥ်နေ့တိုင်း ဘဝကို ဒီလိုပျင်းစရာကောင်းအောင်ဖြတ်သန်းနေရတဲ့ “ဒန်း” ဘဝထဲကို တစ်နေ့မှာတော့မြားနတ်မောင်ကြီးရဲ့ကူညီစောင်မမှုနဲ့ အထက်တန်းကျောင်းသူအရွယ် “ဖတ်” ရောက်လာခဲ့တယ်။ မြင်မြင်ချင်းအချစ်လို့ပဲပြောရမလား အသက် ၃၀ ကျော်ကွာပြီး အဖေ့ထက်တောင်အသက်ကြီးတဲ့ “ဒန်း” ကို တခြားသူတွေက “ခွေးချီးရုပ်, ဂြိုဟ်သားရုပ်, ဖားကိုပြုတ်ထားတဲ့ရုပ်” အမျိုးမျိုးဝေဖန်ကြပေမယ့် “ဖတ်” မျက်လုံးထဲမှာတော့ “ဦး” က ရိုးရိုးလေးနဲ့ခန့်နေခဲ့တာပေါ့:) ဒီလိုနဲ့နှစ်ယောက်သား fall in love သွားကြပြီး နှစ်ယောက်ကြားအသက်ကွာဟမှုက များလွန်းတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ အတားအဆီးတွေအများကြီးနဲ့ “ဦး နဲ့ သမီး” ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲ .. “ဦး” အဖြစ် ထိုင်းဟာသကားပေါင်းများစွာရဲ့အဓိကဇာတ်လိုက်ကျော် “Phetthai Vongkumlao” နဲ့ “ဖတ်” အဖြစ် မင်းသမီးချောလေး “Daraphak Thawinun” က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 674MB | 332MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder .....August

Drama • Horror • TV Movie • Thriller
0 2022 90 mins
Love 101
Promises
6.5

အချစ်ဦး....အချစ်ဆုံး....ဖူးစာ ဒီသုံးမျိုးလုံးကို ချစ်​သောသူ တစ်ဦးတည်းနဲ့ ​သေတပန်သက်တဆုံး ကြုံဆုံခွင့်ရခဲ့တဲ့သူက ​ကောင်းကင်​ပေါ်က အပ်တစ်​စင်းနဲ့ ​မြေ​ပေါ်က အပ်တစ်စင်းထိသလို သိပ်ကို ကံ​​ကောင်းလွန်းသူ ဖြစ်မှာပဲ...သိပ်ကို အားကျမိတာပဲ.... အလက်ဇန်းဒါးဆိုတဲ့ ကိုယ်က​တော့ အချစ်​ပေါသူလို့ပဲ ဆိုရမလား၊ ​နဖူးမှာ ဖူးစာ​ရေးထိုးမထားဘဲ ချစ်​​သောသူနဲ့ ကွဲ​စေသတည်းလို့များ မှတ်​ကျောက်တင်ထား​​လေသလား၊ ဒီ၃မျိုးလုံးနဲ့ ဆုံဖူးခဲ့ပြီး ဒီ၃မျိုး ​ကြောင့် အကြိမ်ကြိမ်ပြိုလဲခဲ့ရသူ​ပေါ့.... - လူမှန်​ပေမယ့် အချိန်မတန်ခဲ့သူ... - လူ​ရော၊အချိန်​ပါ မှန်ပေမယ့် ကျူးပစ်က မျက်နှာသာမ​ပေးခဲ့သူ... - အချိန်တန်ပေမယ့် လူမှန်မဟုတ်ခဲ့သူ... အချစ်နတ်ဘုရားက ကိုယ့်ကိုကလူကျီစယ်ရတာ သ​ဘော​တွေ့ပြီး မ​နော​ခွေ့​နေပုံပါပဲ၊ လိုတာမရ၊ရတာမလိုတဲ့ဘဝကို လူမစွမ်းနတ်,မ ဆိုသလို တစ်ခါ​လောက် အလိုလိုက်​ပေးရင် အမိုက်​စော်ကားမယ့် လူဖြစ်​နေလို့လား.... အချိန်တန်ခဲ့​ပေမယ့် ကိုယ့်ဘက်ကပျက်ကွက်လို့ ​တောင်းပန်ခဲ့တယ်၊ အချိန်တန်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သူ့အမှားမှ မဟုတ်ဘူးလို့ မင်းက ပြန်ဆိုတယ်...လွဲရက်​လေခြင်း ကံကြမ္မာရယ်၊ ဒီဘဝကို အသစ်တစ်ဖန် ပြန်စခွင့်ရရင် မင်းနဲ့ပဲ စ၊လယ်၊ဆုံး ဆုံစည်း ပါရ​စေလို့ ရှိကြီးခိုး ဆု​တောင်းမိပါရဲ့... ခု​တော့ ​နောက်ကျသွားခဲ့ပြီ "ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်​ပေါင်းဘယ်​​လောက်ကြာတတ်လဲ" ​အောင်ချိမ့် အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…1.72GB | 717MB | 289MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Drama • Horror • Mystery • Thriller
6.5 2022 98 mins
Promises
The Vast of Night
6.6

ဒီဇာတ်ကားလေးကတော့ Drama/ Mystery/ Sci-fi  အမျိုးအစားပဲဖြစ်ပါတယ်... ထူးခြားတာကတော့ ၁၉၅၀ ခုနှစ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါပဲ... ဇာတ်လမ်းအကျဉ်းလေးကတော့... ဖေးခရွတ်ကာက ၁၆ နှစ်အရွယ် နယူးမက်ဆီကိုက ကောင်မလေးပါ... သူ့အိပ်မက်ကတော့ တစ်နေ့ကျရင် ကုမ္ပဏီကြီးတစ်ခုမှာ ဖုန်းအော် ပရေတာအဖြစ်အလုပ်ဝင်ဖို့ပါပဲ... လောလောဆယ်တော့ အထက်တန်းကျောင်းတက်ပြီး မြို့ပိုင်ရေဒီယိုချန်နယ်လေးရဲ့ အော်ပရေတာလုပ်နေပါတယ်... အဲဗားရက်ကတော့ အဲဒီရေဒီယိုချန်နယ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ... ဖေးသိချင်တာမှန်သမျှ မေးလို့ရတဲ့သူပေ့ါ.... တစ်ညတော့ သူတို့ရေဒီယိုအသံလွှင့်နေတုန်း ထူးဆန်းတဲ့ ကြိမ်နှုန်းမြင့် Frequency တွေကို ဖမ်းမိလိုက်ပါတယ်... အဲဒီအသံတွေကို ဘယ်သူတွေက ထုတ်လွှင့်နေတာလဲဆိုတာကို စုံစမ်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ IMDb Rating 6.7/10 ထိရရှိထားတဲ့ ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)

6.6 2019 91 mins
The Vast of Night
Yoga Class
5

Yoga Class (2009) ============= Horror ကြိုက်သူတွေအတွက် Yoga ဆိုတဲ့ Korea Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရုံတင်ပြသခဲ့တုန်းကလည်း လူကြည့်အများဆုံး ဇာတ်ကား ၁၀ ကားစာရင်းမှာ ၂ပတ်ကြာ နေရာယူနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း ဟျိုဂျောင်းဟာ ဟုမ်းရှော့ပင်း show တစ်ခုရဲ့ တင်ဆက်သူတစ်ယောက်ဖြစ် ပါတယ်။ တစ်ရက် ဟျိုဂျောင်းရဲ့နေရာကို အသက်ငယ်ငယ်ချောချောကောင် မလေးတစ်ယောက်က လုယူသွားခဲ့တာပေါ့။ ဟျိုဂျောင်းလည်း သူ့ကိုယ်သူ ယုံကြည်မှုမရှိဖြစ်သွားပြီး သူမသူငယ်ချင်းလမ်းညွှန်ပေးတဲ့ ယောဂသင်တန်း ကျောင်းကို သွားခဲ့တယ်။ သင်တန်းကျောင်းမှာ ၇ ရက်တာ အပြင်းအထန်လေ့ကျင့်မှုအတွက် စာရင်းသွင်း ခဲ့ပါတယ်။ ဟျိုဂျောင်းနဲ့ အတူ နောက်ထပ် မိန်းကလေး ၄ ယောက်လည်း ဒီလေ့ ကျင့်မှုမှာပါဝင်ခဲ့ပြီး၊ ဒီ ၅ ယောက်ထဲက အဆုံးအထိ အောင်မြင်အောင်လုပ်နိုင်တဲ့ တစ်ယောက်ကသာ ကွန်ဒါလီနီလို့ခေါ်တဲ့ ထာဝရလှပမှုရဲ့ လျှို့ဝှက်ချက်ကို သိရှိရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကွန်ဒါလီနီရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူသိသွားမှာလဲ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ Yoga Class (2009) မှာ ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားတင်ဆက်ပေးသူကတော့ Hay Thar ဖြစ်ပါတယ်။) File Size……….(1.25 GB) / (509 MB) Quality…………WebRip 1080p / 720p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror, Mystery Translator…….Hay Thar Encoder……….SWM

Action
5 2009
Yoga Class
After the Storm
5.4

After the Storm (2019) ဒီရုပ်ရှင်လေးထဲမှာတော့ သူတစ်ပါးကိုကူညီတတ်တဲ့ ကျောင်းဆရာမလေးနဲ့ တစ်နယ်တည်းသားချင်း နယ်ခံလက်သမားလေးတို့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကျေးလက်ရဲ့ အငွေ့အသက်၊ သာယာလှပမှုတို့ကိုပါ ပူးတွဲခံစားရမှာပဲဖြစ်ပါတယ်။ တစ်နေ့မှာ ကျေးလက်ဒေသလေးတစ်ခုဟာ သူတို့ရဲ့သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်လာခဲ့တဲ့ လေမုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး များပြားလှစွာသော အပျက်အစီးတွေကြားရောက်ခဲ့ရပါတယ်။ သေသူ‌ကသေ၊ ထိခိုက်ဒဏ်ရာရသူကရ၊ အိမ်ပြိုသူကပြိုနဲ့ အတော်လေးကိုကမောက်ကမဖြစ်နေတဲ့ အချိန်ကာလတစ်ခုဖြစ်နေခဲ့တယ်။ မုန်တိုင်းရဲ့ဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့သူတွေထဲမှာ လော်ရန်ဆိုတဲ့ကျောင်းဆရာမလေးတစ်ယောက်လည်း အပါအဝင်ဖြစ်တယ်။ လော်ရန်ဟာ ချောင်လည်တဲ့စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဒန်နဲ့စေ့စပ်ထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။ မုန်တိုင်းကျတဲ့အချိန်မှာ ဒန်ဟာ ဩစတေးလျကို အလုပ်ကိစ္စနဲ့ရောက်နေပြီး လော်ရန်ကတော့ ကိုယ့်အိမ်ကိုယ့်ရာရဲ့ တင်းကုပ်ထဲမှာရှိနေခဲ့တယ်။ မနက်မိုးလင်းထွက်အကြည့်မှာတော့ သူ‌တို့မိသားစုလက်ဆင့်ကမ်းခဲ့ကြတဲ့ သူ့ရဲ့အိမ်လေးဟာ ရာသီဥတုရဲ့ဆိုးရွားတဲ့ရိုက်ချက်မှာ အထိနာခဲ့တာကို တွေ့လိုက်ရပါတော့တယ်။ လော်ရန်ဟာ စိတ်ဓာတ်မကျပဲ နွေရာသီအားလပ်ချိန်လည်းဖြစ်တာကြောင့် သူ့အိမ်ကို သူကိုယ်တိုင်ပြန်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အဝေးရောက်သူတို့သားလောင်းရဲ့ သူ့နည်းသူ့ဟန်နဲ့ သူကောင်းမယ်ထင်သလို လော်ရန့်ကို ကူညီပေးလိုက်တာဟာ သူတို့ကြားကအချင်းချင်းနားလည်မှုနဲ့ ဆက်ဆံရေးအခြေအနေကို အလင်းပွင့်စေခဲ့တယ်။ တစ်ဖက်မှာတော့ လော်ရန်နဲ့ အတိတ်မှာဇယားလေးတွေရှိခဲ့ကြဖူးတဲ့ တစ်နယ်တည်းသား မောင်ကော်လင်းဟာ စိတ်ပါလက်ပါ ထဲထဲဝင်ဝင် ရပ်ကွက်‌ဒေသပြန်လည်ထူထောင်ရေး၊ ရှာဖွေကယ်ဆယ်ရှင်းလင်းရေးတို့မှာ အားတက်သရော ပါဝင်လှုပ်ရှားနေခဲ့တာဖြစ်တယ်။ လော်ရန် သူ့မိသားစုအိမ်ကိုပြန်ဆောက်တဲ့ကိစ္စမှာလည်း လော်ရန့်စိတ်သဘောကို သူနားလည်ပြီး သူကိုယ်တိုင် လူအင်အားဖြည့်ပေးမယ်လို့ စပြီး အကြိမ်ကြိ‌မ်ကမ်းလှမ်းခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ပြန်လည်ရင်းနှီးလာကြပြီး အရင်ကကျန်သေးတဲ့မီးပွားစလေးတွေ တောက်လောင်လာခဲ့တယ်။ ဆိုတော့ လော်ရန်တစ်‌ယောက် နောက်ဆုံးမှာ ဘယ်သူ့ကိုရွေးမှာလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကတော့ အားလုံးအတူ လိုက်ပါကြည့်ရှုလိုက်ကြရအောင်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 722MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 31Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

5.4 2019
After the Storm
Gringa
5.9

Gringa ဆိုတဲ့အဓိပ္ပာယ်က စပိန် ဒါမှမဟုတ် လက်တင်အမေရိကမှာနေထိုင်တဲ့ နိုင်ငံခြားသူအမျိုးသမီး အထူးသဖြင့် အင်္ဂလိပ်အမျိုးသမီးလို့အဓိပ္ပာယ်ရပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ မာ့ခ်ျဘစ်ခ်ဖို့်ဒ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ အထက်တန်းကျောင်းတက်နေပါတယ်။ မာ့ခ်ျက အနည်းငယ်၀တယ်၊ နှေးတယ်၊ ဉာဏ်သိပ်မပြေးဘူး၊ ငြိမ်တယ် အဲဒါကြောင့် မာ့ခ်ျဟာ ကျောင်းမှာလည်းမ၀င်ဆံ့သလိုဖြစ်နေပြီး ‌ဆယ်ကျော်သက်ကျောင်းသားဘ၀ကို ဖြတ်သန်းဖို့ရာအခက်တွေ့နေပါတယ်။ တစ်ချိန်တည်းမှာပဲ မာ့ခ်ျရဲ့အမေဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ မာ့ခ်ျဟာ ၁၆ နှစ်လောက်ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့အဖေကိုရှာဖို့အတွက် အမေရိကန်-မက္ကဆီကိုနယ်စပ်ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုကျေးလက်က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာ သူမရဲ့အဖေကိုတွေ့ရှိသွားခဲ့ပါတယ်။ မာ့ခ်ျရဲ့အဖေဟာ ရွာရဲ့အမျိုးသမီးဘောလုံးအသင်းကိုနည်းပြလုပ်ပေးရင်း ရပ်ရွာအကျိုးသယ်ပိုးပြီး ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၆ နှစ်တာကွဲကွာနေတဲ့ အဖေနဲ့သမီးနှစ်ယောက် ပြန်ဆုံသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ဘ၀တွေ တစ်ဆစ်ချိုးပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတော့တယ်။ အမျိုးအစားကို Comedy/Sport လို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်တော်ကတော့ ဟာသနဲ့ အားကစားကို အချိုးညီညီရောစပ်ထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို စိတ်အပန်းဖြေနေတဲ့သူတွေ၊ ပင်လယ် နဲ့ ကျေးလက်အလှတွေကိုခံစားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး အဖေနဲ့သမီးအကြားက နွေးထွေးတဲ့ချစ်ခြင်းအပြင် ပင်လယ်ကမ်း‌ခြေရွာလေးထဲက ချစ်စရာဇာတ်ကောင်တွေနဲ့ မက္က‌ဆီကန်ရိုးရာယဉ်ကျေးမှုတွေကိုလည်း တစေ့တစောင်းမြင်တွေ့ရမှာဖြစ်တာကြောင့် မြည်းစမ်းကြည့်ရှုဖို့ရာ မမှားတဲ့ရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

5.9 2023 103 mins
Gringa
The Gatekeeper
5.5

The gatekeeper(2024)ကားလေးကတော့ ဖိလစ်ပိုင် ဟော်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Trauma တွေနဲ့ကောင်မလေးတစ်ယောက်ဟာ တစ်ယောက်တည်းရှင်သန်လာပြီး ရှေးဟောင်းပစ္စည်းတွေကို လေ့လာစုဆောင်းရသည်ကို ဝါသနာပါသည့်အလျှောက် ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုဖွင့်ထားပါတယ်။ တစ်နေ့ မြိုနယ်လေးတစ်ခုမှာ ဘုန်းတော်ကြီးတစ်ဦးဆုံးပါးသွားပြီး နောက် သူရဲ့ကျန်ရှိတဲ့ပစ္စည်းတွေကိုဝယ်ယူဖိုသွားပါတယ်။ သူဝယ်ယူခဲ့တဲ့ ဘုန်းတော်ကြီးရဲ့ ဗီဒို ဟာ ဘယ်လိုဆန်းကြယ်မှုတွေနဲ့ ပြည့်နက်နေမလဲ နောက်ကွယ်မှာ ဘယ်လို လျှိဝှက်ချက်တွေရှိနေလဲ ဆိုတာတွေကို သူနဲ့ သူ့သူငယ်ချင်းနှစ်ယောက်တို အဖြေရှာကြရင်း ဘယ်လိုစိတ်လှုပ်ရှားဖွယ် တွေနဲ့ ရင်ဆိုင်ရမလဲကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ ဂျူးလူမျိုး Hebrew ဘာသားစကားတွေ သမိုင်းအကြောင်းတွေ နတ်ဆိုးအကြောင်းတွေစိတ်ဝင်စားသူများအတွက်ဒီဇာတ်ကားလေးက အထူးဆွဲဆောင်နိုင်တယ်လို အာမခံပါတယ်။ File size…1.12GB / 514MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.5 2024
The Gatekeeper
Wong Fei Hung: The Iron-Blooded Thirteen Aunts
5.8

တရုတ်ကွန်ဖူးသိုင်းကားတွေမှာ အမျိုးသားဇာတ်ဆောင်တွေကို အဓိကထားပြီး ရိုက်တတ်ကြပေမဲ့ ဒီရုပ်ရှင်လေးကတော့ ထူးထူးခြားခြား အမျိုးသမီးဇာတ်ဆောင် အသားပေးရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ ဗြိတိန်လူမျိုးတွေက ကွမ်ကျိုးက မိန်းမပျိုလေးအများအပြားကို လှည့်ဖြားပြီး နိုင်ငံခြားကို ရောင်းစားနေကြောင်း သတင်းသိရပါတယ်။ အဲဒီ မိန်းမပျိုလေးတွေထဲမှာ ချင်မင်းဆက်ရဲ့ မင်းသမီးတစ်ပါးလည်း ပါသေးတယ်တဲ့။ တော်ဝင်မျိုးနွယ်ကို ဓားစာခံအဖြစ် ထိန်းချုပ်ထားနိုင်တဲ့အခါ ဗြိတိန်လူမျိုးတွေက ပိုရက်စက်ကြပြီး ချင်မင်းဆက်ကလည်း သူတို့ကို မထိရဲအောင် ဖြစ်နေပါတယ်။ ပေါင်ကျီးလင်သူရဲကောင်း ဟွမ်ဖေးဟုန်ဟာ သူ့ဇနီးလောင်း သိုက်ရှောက်ကျွင်းနဲ့ တပည့်လျန်ခွမ်းတို့နဲ့အတူ ချင်မင်းဆက် ယဉ်ကျေးမှုရေးရာဌာန အမတ်ကြီးလင်ရဲ့ အမိန့်အရ ကျိုလုံဆိပ်ကမ်းမှာ နိုင်ငံခြားကို ရောင်းစားခံရမဲ့ မိန်းမပျိုတွေကို သွားကယ်ခဲ့ပါတယ်။ ဒါပေမဲ့ မိန်းမပျိုလေးတွေက သူတို့ ထင်ထားသလို အကယ်ခံရဖို့ စောင့်နေတာ မဟုတ်ဘဲ နိုင်ငံခြားကို ထွက်ရဖို့ မျှော်လင့်နေကြတာကို တွေ့ခဲ့ရပါတယ်။ ဟွမ်ဖေးဟုန်ဟာ သိုက်ရှောက်ကျွင်းကို ကာကွယ်ဖို့အတွက်နဲ့ တိုက်ခိုက်ခံလိုက်ရပြီး သေလားရှင်လားမသိ ဖြစ်နေပါတယ်။ သိုက်ရှောက်ကျွင်းဟာ အမှန်တရားကို စုံစမ်းစစ်ဆေးဖို့အတွက် ဗြိတိန်သံတမန် လိုင်စစ်ထ်က ဖွင့်လှစ်ထားတဲ့ စိန့်အန်းနာ့ကျောင်းကို လျှို့ဝှက်ဝင်​ရောက်ခဲ့ပါတယ်။ စိန့်အန်းနာ့ကျောင်းထဲမှာ ဘယ်လို လျှို့ဝှက်ချက်ကြီးတွေ ရှိနေမလဲ…… ကျောင်းသူလေးတွေက ဘာဖြစ်လို့ နိုင်ငံခြားကို လိုလိုလားလားထွက်ချင်ကြရတာလဲ…… သိုက်ရှောက်ကျွင်းတစ်ယောက် ဘယ်လို အန္တရာယ်မျိုးတွေ ကြုံတွေ့ရမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Wong Fei Hung: The Iron-Blooded Thirteen Aunts
Django Unchained
8.4

Django Unchained (2012) IMDb Rating (8.5) / Rotten Tomatoes (87%) ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။ Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ၃ ယောက်ဆိုတာက လွဲလို့ ဘာမှ မသိဘူး။ အဲဒါကြောင့် အဲဒီညီအစ်ကို ၃ ယောက်ဆီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တစ်ယောက်ကို လိုက်ရှာနေတယ်။ ဖြစ်ချင်တော့ တစ်ည လမ်းခရီးမှာ အဲဒီကျွန်တစ်ယောက်ကို တွေ့သွားခဲ့တယ်။ ဒါပေမယ့် အဲဒီဂျာမန်သွားဆရာဝန်ရဲ့ ပြောပုံဆိုပုံကြောင့် လူဖြူကျွန်ပိုင်ရှင်တွေက မရောင်းဘဲနဲ့ ငြင်းလိုက်တယ်။ ဒါပေမယ့်လည်း ဂျာမန်သွားဆရာဝန်ဟာ bounty hunter လေ။ သူ့ကို အဲဒီလို အချိုးမျိုး လာလုပ်လို့မရဘူးဆိုတာ လက်တွေ့ပြလိုက်တယ်။ ဒီလိုနဲ့ သူလိုချင်တဲ့ ကျွန်တစ်ယောက် ခေါ်လာနိုင်ခဲ့တော့တယ်။ အဲဒီလူမည်းနာမည်က Django ။ D silent ဂျန်ဂို တဲ့။ ဒီနေရာမှာ bounty hunter ဂျာမန်သွားဆရာဝန်ရဲ့ ကာရိုက်တာကို နည်းနည်းပြောချင်တယ်။ လူမည်းကျွန်စနစ်ခေတ်ကြီးထဲမှာ သူခေါ်လာတဲ့ လူမည်းကို လူလိုသဘောထားပြီး တန်းတူဆက်ဆံတာဆိုလို့ သူ တစ်ယောက်တည်း ရှိတယ်။ အဲဒါအပြင်သူက သူ့ကျွန်ကို အပြည့်အ၀ ကာကွယ်ပေးသေးတာ။ အဲဒီလိုသဘောထားလို့လည်း ရောက်တဲ့နေရာတိုင်းမှာ သူ့တို့နှစ်ယောက်ကို လူဖြူတွေရော လူမည်းတွေပါ အထူးအဆန်းလို ကြည့်ကြတယ်။ အဲဒီ bounty hunter က ဂျန်ဂို ကိုပြောတယ်။ ဂျန်ဂိုအနေနဲ့ ညီအစ်ကို ၃ ယောက်ကို ရှာတွေ့ပြီး သတ်ပေးနိုင်ရင် သူ့ကို ကျွန်ဘဝကနေ လွတ်လပ်ခွင့်ပေးပါမယ်တဲ့။ ဆိုတော့ သူတို့နှစ်ယောက် ညီအစ်ကို ၃ ယောက် ရှာပုံတော် ဖွင့်ကြတော့တယ်။ ဒီကားထဲမှာ Quentin Tarantino ရဲ့ ကာရိုက်တာတွေ အထိုင်ချတာကို တော်တော်သဘောကျတယ်။ ဂျာမန် bounty hunter အဖြစ် Christoph Waltz ကို လုပ်ခိုင်းပြီး သူ့ရဲ့ အဖော်ကျွန်နေရာမှာတော့ Jamie Foxx ကို လုပ်ခိုင်းတယ်။ လူဖြူသူဌေးအဖြစ် Leonardo ၊ လူဖြူသူဌေးရဲ့ သစ္စာတော်ခံလူယုံအဖြစ် Samuel Jackson က သရုပ်ဆောင်ရတယ်။ ဒီနေရာမှာ Leo Vs Christoph ထက် Samuel Jackson Vs Jamie Foxx နှစ်ယောက်ရဲ့ အားပြိုင်သရုပ်ဆောင်မှုကို ပိုပြီးတွေ့ရမယ်။ မထုံတတ်သေးနဲ့ ရန်သူကို သွေးအေးအေးနဲ့ လှည့်စားတတ်တဲ့ Christoph ရဲ့ ကာရိုက်တာကြောင့်လည်း ဒီကားက ပိုပြီးဆွဲဆောင်မှု ရှိနေတာပါ။ (Christoph Waltz ဟာ ဒီဇာတ်ကားနဲ့ ဒုတိယအကြိမ် အော်စကာဆုရခဲ့ပါတယ်။ ) နောက်ပြီး ဒီရုပ်ရှင်ထဲမှာ Spaghetti Western ရုပ်ရှင်တွေရဲ့ လွမ်းမိုးမှုတွေ ပါဝင်နေတာတွေ့ရတယ်။ အထူးသဖြင့် သေနတ်ထပစ်ကြတဲ့အခန်းတွေ။ သေနတ်ပစ်ကြတဲ့ပုံစံတွေ။ Django Unchained နဲ့ The Hatefull Eight ဟာ ခေတ်တစ်ခေတ်ကို အကြောင်းပြုပြီး ရိုက်ထားတာဆိုပေမယ့် Bounty Hunter Character ကို ယူသုံးထားတာက လွဲလို့ တစ်ခြားဇာတ်အိမ် ဆက်စပ်မှု သိပ်မရှိပါဘူး။ လုပ်မယ့်လုပ်စေချင်ရင် Django Unchated ( 2012 ) ထဲက bounty hunter ဖြစ်သွားတဲ့ လူမည်း Jamix Foxx ကာရိုက်တာဟာ sequel အနေနဲ့ The Hatefull Eight ( 2015 ) မှာ Major Warren အနေနဲ့ Bounty Hunter လာဖြစ်တယ်ဆိုတာမျိုးပဲ ဖြစ်လုပ်လို့ရမယ်ထင်တယ်။ (ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Science Fiction • Adventure
8.4 2012 165 mins
Django Unchained