YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Godland (2022) 720p.mp4

1.86 GB N/A video/mp4 401 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blue Gate Crossing
7

IMDb Rating - 7.4/10 ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေး တစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်း သဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထား ပါတယ်။ ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီး ဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါ တယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင် စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်း တွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့် မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။ သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ် ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြား ဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်း ချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်က မုန့်ခယ်ရုံဖြစ်သွားတဲ့အခါ.... ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊ မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့် လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.5 GB) / (622 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Jo Jo Va Encoder..........SWM

Horror
7 2002 85 mins
Blue Gate Crossing
Drive My Car
7.4

IMDb - 8/10 , Rotten Tomatoes -100% Directed By Ryusuke Hamaguchi ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဂျပန်စာရေးဆရာ Haruki Murakami ရဲ့၀တ္တုတွေကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာ သိပ်များများစားစား မရှိပါဘူး။ အဲဒီထဲကမှ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာဆိုလို့ ကိုရီးယားက ဘိုးတော်ကြီး လီချန်းဒုံရဲ့ Burning ပဲရှိခဲ့တယ်ပြောရင် မမှားပါဘူး။ အခု Drive My Car ကတော့ ရုပ်ရှင်ပွဲတော်တွေမှာ ရေပန်းစားနေသလို Critic Rating တွေအရလည်း လောလောဆယ်မှာ Burning ထက်မြင့်နေပါတယ်။ ဒီ၂ကားလုံးဟာ ဟရုခိ မုရခမိရဲ့၀တ္တုရှည်တွေကိုမဟုတ်ဘဲ ၀တ္တုတိုတွေကို ရိုက်ထားတာပါ။ အခုရုပ်ရှင်ကတော့ Men Without Women ဆိုတဲ့ ၀တ္တုတိုစာအုပ်ထဲက နာမည်တူ Drive My Car ဆိုတဲ့ ၀တ္တုတိုကိုပဲ ပြန်ရိုက်ထားတာပါ။ Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲ ဟမဂုချိဟာ 2021 တစ်နှစ်တည်းမှာ လက်ရာကောင်း နှစ်ခုထုတ်ခဲ့ပြီး နှစ်ခုလုံးလည်း ပြောင်မြောက်အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ ပထမတစ်ကားကတော့ Wheel Of Fortune and fantasyပါ။ အဲဒီကားလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။ ဘာလင်မှာ ဆုရခဲ့သလို ဝေဖန်ရေးသမားတွေလည်း ကြိုက်ခဲ့ကြတယ်။ Drive My Carကတော့ ရုပ်ရှင်ပွဲတော် အတော်များများမှာ ဆုပေါင်းများစွာ ဆွတ်ခူးနေတဲ့ရုပ်ရှင်ပါပဲ။ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုအတွက် ဆန်ခါတင်၀င်ခဲ့ပြီး ကိန်းကနေပဲ ဇာတ်ညွှန်းဆုရခဲ့ပါတယ်။ တ‌လောကတင် New York Film Critics Circle Award for Best Film ဆုလည်း ရထားသေးပါတယ်။ အဲဒီပွဲရဲ့ အမြင့်ဆုံးဆုပါပဲ။ လာမယ့်နှစ်အော်စကာရဲ့ International Feature Filmဆုအတွက်လည်း ဂျပန်အတွက်ကိုယ်စားပြုဆန်ခါတင်အရွေးခံထားရတဲ့ ရုပ်ရှင်ပါ။ သူ့အရင် မုရခမိရဲ့ ၀တ္တုတိုပဲရိုက်ခဲ့တဲ့ နာမည်ကျော် Burning ရဲ့ အောင်မြင်မှုကို လက်ရှိမှာ ကျော်နေပေမဲ့ ဘယ်ကားပိုကောင်းလဲ ဆိုရင်တော့ဖြေရခက်ပါလိမ့်မယ်။ Burningဟာ ၀တ္တုရဲ့အငွေ့ကိုပဲ ယူရိုက်ထားတယ်ပြောရမှာပေမယ့် Drive My Carကတော့ ဂျပန်ဝတ္တုကို ဂျပန်ကပဲ ပြန်ရိုက်လို့လားတော့မသိပါဘူး။ မူရင်းအရသာကို မပယ်ထားသလို ကျောရိုးအခန်းအတော်များများလည်း မူရင်းဝတ္တုအတိုင်းပါပဲ။တကယ်လို့သာ ကြည့်မယ်ဆုံးဖြတ်ထားရင် အောက်ကစာတွေ ဆက်မဖတ်ပါနဲ့တော့ ဘာမှကြိုမသိဘဲကြည့်ရင် ပိုအရသာရှိမှာပါ။ Drive My Carမှာ အဓိကဇာတ်‌ကောင်လို့ ပြောလို့ရတဲ့ ဇာတ်ကောင်သုံးယောက် ပါပါတယ်။ ခဖုခုလို့ခေါ်တဲ့ ပြဇာတ်ဒါရိုက်တာရယ်၊ တခဆုခိလို့ခေါ်တဲ့ သရုပ်ဆောင်ရယ်၊ မိစခိလို့ခေါ်တဲ့ ဒရိုင်ဗာမလေးရယ်ပါ။ ခဖုခုက ပြဇာတ်ဒါရိုက်တာနဲ့ သရုပ်ဆောင်ပါ။ သူအဓိကသရုပ်ဆောင်တဲ့ပြဇာတ်က ချက်ကော့ရဲ့ နာမည်ကျော် အန်ကယ်ဗန်ညာပြဇာတ်။ ခဖုခုနဲ့ သူ့မိန်းမ အိုတိုက သူတို့သမီးလေးကို ဆုံးရှုံးထားရတာ နှစ်၃၀နီးပါးရှိနေပေမဲ့ အနာမကျက်ခဲ့ကြဘူး။ သူတို့သမီးသေဆုံးခြင်းအတွက် တစ်ယောက်အတွက်တစ်ယောက် ဖြေသိမ့်စရာအဖြစ် ရှိနေပေးကြတဲ့သူတွေပါပဲ။ သို့ပေမဲ့ အိုတိုက ဖောက်ပြန်နေခဲ့တယ်။ ခဖုခုက သူ့မိန်းမဖောက်ပြန်နေတာကို ရိပ်မိပါတယ်။ တစ်ခါဆို ပက်ပင်းပါမိတယ်။ သို့ပေမဲ့ သူ့သမီးလေး မရှိတော့ကတည်းက သူ့မှာ သူ့မိန်းမပဲရှိတော့ သူ့မိန်းမကို သူအရမ်းချစ်သလို သံယောဇဉ်လည်းကြီးတော့ သူသိနေတာကို ထုတ်ပြောလိုက်ရင် သူ့မိန်းမနဲ့သူ အခြေအနေတွေ တင်းမာကုန်မှာကို ကြောက်တော့ မသိချင်ယောင်ဆောင်ထားခဲ့တယ်။ သူ့မိန်းမက သူ့ကို ထုတ်ပြောမယ်လို့ ယူဆရတဲ့နေ့မှာ တစ်နေကုန် ရောက်တတ်ရာရာ မောင်းပြီး အိမ်ကို ညနက်မှပြန်လာခဲ့တယ်။ ကံဆိုးချင်တော့ သူပြန်လာတဲ့အချိန် အိုတိုက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားခဲ့ပြီ။ သူသာရှိနေရင် ဒီလိုဖြစ်ချင်မှဖြစ်မယ်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ သူနေနေခဲ့ရသလို သူ့မိန်းမက ဖောက်ပြန်တဲ့သူဆိုတဲ့ အတွေးကြီးကလည်း သူ့စိတ်ထဲစွဲနေခဲ့တယ်။ နောက် တခဆုခိ။ တခဆုခိနဲ့ ခဖုခုမိန်းမအိုတိုက အလုပ်အတူတူလုပ်နေတဲ့သူတွေ။ ဇာတ်ညွှန်းရေး ဆရာမနဲ့ သရုပ်ဆောင်ပေါ့။ ခဖုခုက တခဆုခိကို သူ့မိန်းမနဲ့ ဖောက်ပြန်နေတယ်လို့ ထင်နေတယ်။ သို့ပေမဲ့ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေတော့မရှိဘူး။ တခဆုခိကလည်း မိန်းမပွေတဲ့သူ သူ့မိန်းမကလည်း ယောကျာ်းတကာနဲ့ အိပ်နေတယ်လို့ သူထင်နေတာဆိုတော့ သူ့သံသယက ပိုခိုင်မာလာခဲ့တယ်။ နောက် တခဆုခိစကားအရလည်း ခဖုခုဟာ သံသယဝင်စရာကောင်းတာတွေ အများကြီးကို ထပ်တွေ့ခဲ့တယ်။ အိုတိုသေပြီးတဲ့နောက် တခဆုခိက ခဖုခုလုပ်တဲ့ ပြဇာတ်တစ်ခုမှာ ဝင်သရုပ်ဆောင်ဖို့ အရွေးခံတယ်။ တခဆုခိ အစမ်းသရုပ်ဆောင်ပြတာက တော်တော်ညံ့ပါတယ်။ သို့ပေမဲ့ ခဖုခုက သူ့ကိုရွေးပြီး အဓိကဇာတ်ကောင် အန်ကယ်ဗန်ညာနေရာက ထည့်လိုက်တယ်။ ရုပ်ရှင်မှာတော့ အကြောင်းရင်းသေချာမပြသွားဘဲ အန်ကယ်ဗန်ညာဇာတ်ကောင်ရဲ့ ချက်ကော့ရဲ့ အနုပညာမှော်ဝင်စီးနိုင်စွမ်း အကြောင်းကိုပဲ ပြောပြသွားတာပါ။ ပြောရရင် ချက်ကော့ရဲ့ စာဟာ လူတစ်ယောက်ရဲ့ အတွင်းထဲက မူလပုံစံအစစ်အမှန်ကို ဖော်ထုတ်ပေးနိုင်စွမ်းရှိတယ်လို့ ပြောသွားရုံပါပဲ။ ဒီဇာတ်ကောင်ရဲ့မှော်၀င်မှုကိုအသုံးချပြီး တခဆုခိရဲ့ ပုံစံအစစ်အမှန် ပေါ်လာအောင်လုပ်ပြီး သူ့မိန်းမနဲ့ ဖောက်ပြန်လို့ လက်စားချေချင်တဲ့ သဘောတော့သန်းတယ်။ မူရင်းဝတ္တုမှာတော့ သူတို့၂ယောက်ရဲ့ဆက်ဆံရေးမှာ ခဖုခရဲ့ လက်စားစေချင်စိတ် နည်းနည်းနှောနေတာကို သိသိသာသာပြသွားပေမဲ့ ရူဆုခဲကတော့ သူတို့စိတ်ကိုပိုအသိရခက်အောင် ပြသွားတယ်။ ဥပမာ ပြောရရင်..... တစ်ခါတလေ ခင်ဗျားမသိတသိ လူတစ်ယောက်က ခင်ဗျားနဲ့တွေ့ရင် ခင်ခင်မင်မင်ပဲ နှုတ်ဆက်လိမ့်မယ်။ ခင်ဗျားလည်း ခင်ခင်မင်မင်ပဲ ပြန်နှုတ်ဆက်မိလိမ့်မယ်။ တစ်ခါတလေ အဲဒီလူကပဲ ခင်ဗျားကို ဘာရယ်မဟုတ်ဘဲ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ကြည့်မရဖြစ်ဖူးလိမ့်မယ်။သို့ပေမဲ့ ခင်ဗျားနဲ့ ဆုံဖြစ်လို့ မျက်နှာကြောတည့်တဲ့အခါ ခင်ခင်မင်မင် ထပ်နှုတ်ဆက်ရင်လည်း နှုတ်ဆက်လိမ့်မယ်။ တစ်ခါတလေ ခင်ဗျားကိုယ်တိုင်လည်း အဲဒီလိုလုပ်ကောင်းလုပ်မိလိမ့်မယ်။ မေးစရာရှိတာက ဘယ်ပုံက ခင်ဗျားရဲ့ စိတ်ခံစားချက်အမှန်လဲ။ ဒီလိုအခြေအနေမျိုးကို အားလုံးနီးပါး ပြုလုပ်သူအဖြစ်ရော ခံရသူရောအဖြစ်ရောရောက်ဖူးကြလောက်မှာပဲ။ တကယ်လို့ ရောက်ဖူးတယ်ဆိုရင် ခင်ဗျားပြန်တွေးကြည့်လိုက်။ အဲဒီအခြေအနေ၂ခုလုံးရဲ့ စိတ်ခံစားချက်က အစစ်အမှန်မဟုတ်ဘူးလို့ ခင်ဗျားသေချာလား။ သေချာတွေးကြည့်ရင် ကိုယ် သေသေချာချာ မုန်းတဲ့လူနဲ့ချစ်တဲ့သူ အပေါ်ကလွဲ များသောအားဖြင့်တော့ ခုနအပြုအမူနှစ်ခုလုံးဟာ စိတ်ခံစားချက် အစစ်အမှန်ပဲ။ လူတစ်ယောက်အပေါ် ခင်ဗျားရဲ့ စိတ်ခံစားချက်ဟာ အနည်းနဲ့အများတော့ တစ်ရက်နှစ်ရက်အတွင်းမှာကို မျိုးစုံပြောင်းလဲနိုင်တယ်။ တစ်ဖက်သူက ခင်ဗျားအပေါ်လည်း ထိုနည်း၎င်းပါပဲ။ ဒီတော့ အဲဒီစိတ်ခံစားချက် ၂ခုထဲကတစ်ခုကို အမှန်လို့သတ်မှတ်ဖို့ ဒါမှမဟုတ် ပုံစံအစစ်အမှန်ကို ရှာဖို့ဆိုတာက အဖြေရှာလို့ မရသလောက်ပါပဲ။ ဒီရုပ်ရှင်မှာ တခြားအကြောင်းအရာတွေ အများကြီးကိုလည်း အချိန်တိုလေးနဲ့ မလိုက်အောင် ပိုင်ပိုင်နိုင်နိုင် ပုံဖော်နိုင်ခဲ့ပေမဲ့ ပုံစံအစစ်အမှန်ကဘာလဲဆိုတဲ့ ဒွိဟက အဓိကအကြောင်းအရာလို့ ဆိုလို့ရနိုင်ပါတယ်။ ခဖုခုနဲ့ တခဆုခိရဲ့ ဆက်ဆံရေးကိုလည်း ဒါရိုက်တာက အဲဒီအချက်ကိုသုံးပြီး ဖော်ပြသွားတယ်။ ခဖုခုဟာ တခဆုခိအပေါ် လက်စားချေချင်စိတ်ရှိနေတာလည်း အမှန်ပဲ။ သို့ပေမဲ့ တခဆုခိနဲ့ စကားတွေပြောနေ အရက်အတူသောက်နေတဲ့ စိတ်ရင်းကလည်းအမှန်ပဲ။ လူတွေရဲ့ ဒီအခြေအနေကို ဒါရိုက်တာရူဆုခဲဟာ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်တွေ အားလုံးမှာ သုံးသွားခဲ့တယ်။ ဒရိုင်ဗာမလေး မိစခိပြောပြတဲ့ သူ့အမေအကြောင်းမှာလည်း ဒါရိုက်တာက သူ့အမေကိုရော မိစခိကိုရော အလားတူအတိုင်း ပုံဖော်ထားသလို သူ့မိန်းမအပေါ်ရှိနေတဲ့ ခဖုခုရဲ့စိတ်ကိုလည်း အလားတူအတိုင်း ပုံဖော်ထားခဲ့တယ်။ ဒါရိုက်တာရူဆုခဲက‌တော့ " ကိုယ်သေချာသိထားတယ် ထင်ရတဲ့သူတွေ ကိုယ်ချစ်တဲ့သူတွေရဲ့ ပုံစံတကယ့်အစစ်အမှန်ကိုတောင် မသိရနိုင်ဘူး" လို့ ဒိုင်ယာလော့ထဲ ထည့်သွားပေမဲ့ အဲဒီပုံစံအစစ်အမှန်ဆိုတာကို ရှာတွေ့လား ရှာမတွေ့မလားကကြည့်တဲ့သူအပေါ် ပိုမူတည်မယ်ထင်ပါတယ်။ မူရင်းဝတ္တုမှာလည်း အလားတူအချက်ကို ခံစားခဲ့ရသလို ရုပ်ရှင်က မူရင်းဝတ္တုမှာ ခံစားလို့ရတဲ့ ဒီအချက်ကို ပုံဖော်နိုင်ပါ့မလားလို့ မကြည့်ခင်က သံသယရှိခဲ့ပေမဲ့ ရူဆုခဲဟာ သူ့ရှေ့တစ်ကားကလို ဒိုင်ယာလော့ပိုင်ပိုင်နိုင်နိုင်နဲ့ အလုပ်လုပ်တဲ့သူ ပီသစွာပဲ ဒိုင်ယာလော့ အလန်းတွေသုံးပြီး ကောင်းကောင်းကြီး ပုံဖော်သွားပါတယ်။ နောက်အဓိကဇာတ်ကောင်လို့ဆိုလို့ရတဲ့ ဒရိုင်ဗာမလေး မိစခိအခန်းက တော်တော်လေးကို နည်းပါတယ်။ သို့ပေမဲ့ သူ့ဇာတ်ကောင်က ဒီရုပ်ရှင်မှာ အဖမ်းစားနိုင်ဆုံး ဇာတ်ကောင်ပါပဲ။ Days Of Being Wild ထဲက လတ်စလီချောင်လိုပေါ့။ ကွဲပြားတာကတော့ ရှင်သန်ချင်စိတ်နဲ့ မရှင်သန်ချင်စိတ်ပါပဲ။သူတို့ကာရိုက်တာ၂ခုလုံးက လေလွင့်လူဆန်ပေမဲ့ မိစခိဇာတ်ကောင်ဟာ ရှင်သန်ချင်စိတ်အပြည့်နဲ့ဇာတ်ကောင်အနေနဲ့ ဆွဲဆောင်မှုရှိနေတာပါ။ နောက် ဇာတ်လမ်းထဲမှာ အိုတိုပြောသွားတဲ့ ဇာတ်လမ်းထဲက ဇာတ်လမ်းလေးကလည်း အတော်လေး စိတ်ဝင်စားစရာကောင်းသလို အိုတိုကိုယ်တိုင်ပဲ ဖြစ်နေမလား မသိနိုင်တဲ့ အဲဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင် ကောင်မလေး ကာရိုက်တာကလည်းပဟေဠိဆန်ဆန်နဲ့ကို ဆွဲဆောင်မှုရှိနေပါတယ်။ ဇာတ်ကောင်ပေါင်းများစွာ ပါ၀င်ပေမဲ့ အဓိကဇာတ်ကောင်လို့ ပြောလို့ရတဲ့ ၃ယောက်ရောတခြားဇာတ်ကောင်တွေရော စိတ်၀င်စားစရာမကောင်းတဲ့ ဇာတ်ကောင် တစ်ယောက်မှ ရှိမနေတာတော့ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်လို့ပြောရပါမယ်။ Drive My Carဟာ ၃နာရီဆိုတဲ့ အချိန်နဲ့တောင် မမျှတဲ့ အကြောင်းအရာတွေအများကြီးကို ပရိသတ်ကို ဆင့်ပွားပေးသွားပါတယ်။ သဘောကျစရာကောင်းတာက မူရင်းစကား‌ပြောခန်းတွေမှာ အတော်လှတဲ့ဒိုင်တွေပါပေမယ့် မသုံးသွားပါဘူး။ ဟဲမင်းဝေးဆန်ဆန် ဝေဒနာတွေပြည့်နှက်နေလည်း ဘဝကိုတော့ အရှုံးမပေးသင့်တဲ့အကြောင်း သူ့ဒိုင်တွေကို သုံးပြီးတစ်မျိုး ပြဇာတ်နဲ့ချိတ်ဆက်ပြီးတစ်ဖုံ ပုံဖော်သွားခဲ့တယ်။ သေချာတာကတော့ သူလည်း လီချန်းဒုံလိုမျိုးပါပဲ။ ဇာတ်ညွှန်း ကိုယ်တိုင်ရေးနိုင်စွမ်း အပြည့်ရှိသားနဲ့ သူတို့ကြိုက်လို့ကို မုရခမိ၀တ္တုကို ရိုက်သွားကြတဲ့သူတွေပါပဲ။ Drive My Carဟာ ဒီနှစ်ရဲ့အကောင်းဆုံး Art Film ဖြစ်လာမှာ‌ သေချာသလောက်ပါပဲ။ ဒီနှစ်ရဲ့ အကောင်းဆုံး Poetic Cinema ကိုပြဆိုရင်တော့ Drive My Car ကိုပြမိမှာပါပဲ။ အော်စကာဆုပေးပွဲမှာလဲ Best International Feature Film ဆု ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ WiRa Aung မှရေးသားပေးထားပါတယ်.... File size…(2 GB)/(1 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:58:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung & Phoo Phoo Linn

Drama • Family
7.4 2021 179 mins
Drive My Car
Home Service
5.8

Home Service (2023) ဟက်ပီးဆိုတဲ့ကောင်မလေးက နေ့ခင်းပိုင်းမှာ သူနာပြုကျောင်းတက်ပြီး ညဘက်မှာတော့ ပညာသင်စရိတ်အတွက် အနှိပ်ပညာရှင်အဖြစ် ဝင်ငွေရှာပါတယ်။ အနှိပ်ဆိုပေမဲ့ ဖောက်သည်ရဲ့တောင်းဆိုချက်အတိုင်း လိုအပ်ရင် Happy Ending အထိ သွားတဲ့ဝန်ဆောင်မှုပုံစံပါ။ တစ်နေ့တော့ ကားတံခါးမှာ ပုဝါချိတ်ထားတဲ့အချက်ပြနည်းနဲ့ လူခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ ချိတ်ဆက်မိရင်း သူ့အတွက် ဝင်ငွေပိုရနိုင်စရာနည်းလမ်းကို ရှာတွေ့သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးနဲ့ သူ့လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ ဓာတ်ပုံဆရာတို့ဟာ ကျောင်းသူလေးတွေကို ညစ်ညမ်းတဲ့ပုံစံအမျိုးမျိုးနဲ့ ကိုယ်ဟန်ပြခိုင်းပြီး ငွေဖြုန်းနိုင်တဲ့ဖောက်သည်တွေဆီကိုပြန်ရောင်းစားနေကြတာပါ။ ဟက်ပီးတစ်ယောက် သူတို့နဲ့ချိတ်ဆက်မိပြီးမကြာခင်မှာပဲ ရဲတစ်ယောက်က သူတို့အုပ်စုကိုခြေရာခံမိသွားပြီး ဇာတ်လမ်းတွေပိုရှုပ်ဖို့ဖြစ်လာပါတော့မယ်။ ဒါပေမဲ့လည်း အဲဒီရဲကိုယ်တိုင်ကပါ သူတို့ရဲ့ဗီဒီယိုဖိုင် ဓာတ်ပုံတွေနဲ့ ပြသခြိမ်းခြောက်ပြီး အကျပ်ကိုင်အနိုင်ကျင့်လာချိန်မှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 54Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action & Adventure • Animation • Drama • Sci-Fi & Fantasy
5.8 2023 112 mins
Home Service
Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi
6.6

Doraemon the Movie 2017 : Great Adventure in the Antarctic kochi kochi ငယ်စဉ်ကလေးဘဝတည်းက အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုရေမွန်ဇာတ်ကားပေါင်းများစွာထဲက စွန့်စားခန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ ဒိုရေမွန်နဲ့ နိုဘီတဟာ ဂျပန်နိုင်ငံနွေရာသီရဲ့ ပူပြင်းလွန်းတဲ့ရာသီဥတုကိုမခံနိုင်တော့တာကြောင့် တောင်ပစိဖိတ်သမုဒ္ဒရာရဲ့ ဧရာမရေခဲတောင်ဆီကို လာခဲ့ကြပါတယ်။ ဒီကနေ ရွှေကွင်းကလေးတစ်ကွင်းကိုရှာတွေ့ သွားပြီး သူ့ပိုင်ရှင်ကို လိုက်ရှာရာကနေ ပျောက်ဆုံးနေတဲ့ အတ္တလန်တစ်မြို့တော်နဲ့ဆက်စပ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ မှော်အိတ်လေးထဲကနေ လိုတာမှန်သမျှထုတ်လို့ရတဲ့ ဒိုရေမွန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု၊ ပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာဖွေရင်း ဘယ်လိုအန္တရာယ်မျိုးစုံကိုဖြတ်ကျော်ရမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမယ့် ကာတွန်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထွက်သမျှဇာတ်ကားတိုင်းမှာ ပရိတ်သတ်တွေကိုစိတ်မပျက်စေခဲ့တဲ့ ဒိုရေမွန်၊ ဒီတစ်ခေါက်မှာလည်း ချစ်စရာAnimation များနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားပေးကြပါဦး

Action • Thriller
6.6 2017
Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi
Adiyae!
6.4

Adiyae (2023) IMDb-6.6/10 ဒီတစ်ခါမှာတော့ ထူးချွန်ဆုတွေရဖူးပြီး Nominations များစွာဝင်ခဲ့ကြဖူးတဲ့ လူငယ်နှစ်‌‌ယောက် ဒါရိုက်တာ Vignesh Karthick နဲ့ တေးရေးJustin Prabhakaran တို့ လက်စွမ်းပြထားကြတဲ့ကားပါ တစ်ကမ္ဘာထဲအတူရှိနေတာတောင် သူမနဲ့မဆုံစည်းနိုင်‌သေးတဲ့လူတွေ နည်းနာနိဿယယူနိုင်ဖို့အတွက် IMDb 6.6 ရထားတဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ သာမန်အချစ်ကားတွေလို ချစ်ကြိုက်ညားကွဲလောက်မဟုတ်ဘဲ parallel universe နဲ့ time travel သဘောတရားလေးတွေ ခပ်ပါးပါးထည့်ထားတာဆိုတော့ တမူထူးခြားတဲ့ရသမျိုးရစေမှာပါ။ ဇာတ်လမ်းအကျဉ်း ဆီသာဇ်ဟီနီဆိုတဲ့မိန်းကလေးကို ကျောင်းသားဘဝထဲက တိတ်တခိုးcrushခဲ့ရတဲ့ ဂျီဗာဆိုတဲ့ ကောင်လေးတစ်ယောက် နှစ်တွေကြာလို့ ဆီသာဇ်ဟီနီက နာမည်ကျော်အဆိုတော်ဘဝကို ရောက်ခဲ့ချိန်မှာတော့ တိတ်တခိုးချစ်ရသူဘဝကနေ အဆင့်တက်ဖို့ ပိုပြီးအလှမ်းဝေးခဲ့ရပါပြီ။ ဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် တခြားကမ္ဘာကိုကူးသွားတဲ့အခါ… ကမ္ဘာကူးသွားပေမဲ့ ခွက်ရှ်လေးနဲ့ညားတဲ့အပြင် အောင်မြင်တဲ့ဂီတဒါရိုက်တာတစ်ယောက်ဘဝကိုပါ ပိုင်ဆိုင်ထားတဲ့ အာဂျွန်ဆိုတဲ့ဘဝမှာ ယစ်မူးနေတဲ့ဂျီဗာတစ်ယောက် အချိန်စေ့လို့ ဒီဘက်ကမ္ဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ သာယာတဲ့အိပ်မက်ကနေ မနိုးထချင်ဘဲ လန့်နိုးလိုက်ရတဲ့အပြင် ဒီဘက်ကမ္ဘာမှာလည်း အဖြစ်ဆိုးကြီးက စောင့်ကြိုနေပါသတဲ့။ ခွက်ရှ်နဲ့ညားရတဲ့အရသာကို ဂျီဗာတစ်ယောက်သိပြီးပြီဖြစ်လို့ ဆီသာဇ်ဟီနီကိုပိုင်ဆိုင်ရရေးအတွက် ကမ္ဘာတွေခြား အချိန်တွေခြားနေတဲ့ကြားကနေ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားနည်းယူလိုက်ကြပါစို့လား။ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Alex ~ BpL ~ Zwe ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်

6.4 2023
Adiyae!
Riam Fighting Angel
54

Riam Fighting Angel (2023) တောသူမလေးအီလျမ်းက ဦးစားပေးမခံရတာကြောင့် အစ်မဖြစ်သူရမ်ကို မနာလိုအူတိုနေတဲ့ကလေးမလေးပါ သူ့အမေက အစ်မရမ်လောက် သူ့ကိုမချစ်ဘူးဆိုပြီး အားငယ်နေတတ်တဲ့သူလေးပေါ့ တစ်နေ့ကျ အပျိုစင်ရှာပုံတော်ထွက်နေတဲ့သွားနီဓားပြတစ်အုပ် အီလျမ်းကိုလာဖမ်းကြပါတယ် အမေနဲ့အစ်မဖြစ်သူ လျမ်းကိုကာကွယ်ပြီး အဖမ်းခံလိုက်တာကို မြင်ရတော့ အီလျမ်းက သူချစ်တဲ့မိသားစုကို သွားကယ်ဖို့ စွန့်စားခန်းထွက်ရပါတော့တယ် အီလျမ်းက သူ့အပေါင်းအဖော်လေးဦးနဲ့အတူ တောကျိုးတောင်ကြားကို အန္တရာယ်မျိုးစုံကြုံပြီး ဖြတ်သန်းလာခဲ့ပြီးနောက် ဓားပြလက်ထဲကနေ သူ့မိသားစုကို ဘယ်လိုနည်းနဲ့ ကယ်ထုတ်ပြီး ဓားပြဗိုလ်ကို ဘယ်လိုအပြတ်ရှင်းခဲ့ကြမလဲဆိုတာတော့ ဒီရုပ်ရှင်ထဲမှာ ဟာသအလွဲများစွာနဲ့ အီလျမ်းတို့အုပ်စုကို မငြီးငွေ့ဘဲ ကြည့်ရှုရမှာဖြစ်ပါတယ် အညွန်းနဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Comedy Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lei Wutyi Tun Encoder ….. Aaron

54 2020 108 mins
Riam Fighting Angel
The Heartbreak Agency
5.3

ခဏခဏအသည်းကွဲနေတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေ အတွက် ကုစားပေးနိုင်မဲ့နေရာကိုသိပါသလား။အဲ့ဒီနေရာကတော့ အရက်ဆိုင်တို့ ဘာတို့ မဟုတ်ဘဲနဲ့အခုတင်ဆက်ပေးမဲ့ The Heartbreak Agency လို့ခေါ်တဲ့ဇာတ်ကားထဲက အေဂျင်စီမှာပဲဖြစ်ပါတယ်။IMDb Rating 5.3 ရရှိထားပြီး အရမ်းကြီးလည်းမဆိုးသလို ကြည့်ပျော်ရှုပျော်ရှိတဲ့ အခြေအနေမှာရှိတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အစပိုင်းမှာ ကားလ်ဆိုတဲ့စာရေးဆရာတစ်ယောက်က ဆော်နဲ့ ရုတ်တရက်ကြီးကောက်ကာငင်ကာပြတ်သွားတာကို တွေ့ရမှာဖြစ်ပြီး အဲ့ဒီကိစ္စကိုမကျေနပ်လို့ လိုက်စုံစမ်းတဲ့အခါ မှာတော့ အသည်းကွဲတဲ့လူတွေ အတွက်ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတစ်ခုကို ထောင်ထားတဲ့မာရီယာလို့ ခေါ်တဲ့ မိန်းမ တစ်ယောက်ရဲ့ အကြံပေးမှုကျေးဇူးကြောင့်ဆိုတာကို သိလိုက်ရ ပါတော့တယ်။ဒီလိုနဲ့ သူလည်းစာရေးဆရာ ပီပီမာရီယာ့အပေါ် မကျေနပ်ချက်တွေကို ခပ်ရိုင်းရိုင်းဆောင်းပါးတစ်ပုဒ်ရေးပြီး ဘာမပြောညာမပြောကောက်တင်လိုက်တဲ့အခါမှာတော့ အလုပ် ပြုတ်သွားပါတော့တယ်။ကျဆင်းသွားတဲ့သူ့ဘ၀ကြီးကို ပြန်အဖတ်ဆည်ဖို့ အလုပ်ပြန်ရအောင်ကြိုးစားခဲ့ပေမဲ့ မရနိုင်တာကြောင့် အရင်ကုမ္ပဏီမှာပဲ ပြန်သွား တောင်းပန်တဲ့အခါမှာ အလုပ်ပြန်ပေးမယ်လို့ ကမ်းလှမ်း ခံခဲ့ရပါတော့တယ်။ဒါပေမယ့် အဲ့လိုအလုပ်ပြန်ရဖို့သူလုပ်ရမှာ တစ်ခုရှိပြီး အဲ့ဒါကတော့မာရီယာထောင်ထားတဲ့ အဲ့ဒီအသည်းကွဲ အေဂျင်စီမှာ ကုထုံးသွားခံယူရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်ပြန်ရချင် ဇောနဲ့သူအမြင်ကပ်နေတဲ့ အဲ့ဒီအေဂျင်စီမှာကုထုံးသွားခံယူပြီး နောက်ပိုင်း မာရီယာနဲ့ သူ့ကြားမှာဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုကြည့်ရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.45GB / 675MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.3 2024
The Heartbreak Agency
Tales from Earthsea
6.3

Earthsea ဆိုတဲ့ ကမ္ဘာကြီးမှာ လောကကြီးရဲ့ ဟန်ချက်ညီမှုတွေ ပျက်စီးပြီး ကပ်ဆိုးတွေအမျိုးမျိုး ဖြစ်ပေါ်လာခဲ့တယ်။ ဒီဖြစ်ရပ်တွေရဲ့ အကြောင်းအရင်းကို စုံစမ်းဖို့ အကြီးမြတ်ဆုံးမှော်ဆရာတစ်ဦးဟာ သူ့ရဲ့ရှည်လျားလှတဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်မှာ Arren ဆိုတဲ့ ပြည်ပြေးမင်းသားတစ်ပါးနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး အတူတကွခရီးဆက်ခဲ့တယ်။ လမ်းခရီးတစ်လျှောက် လောကကြီးရဲ့ ဟန်ချက်ညီမှုကို ပျက်စီးစေမယ့် ထာဝရရှင်သန်မှုကို ရှာဖွေနေတဲ့ မှော်ဆရာတစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့ဒီမှော်ဆရာကို သူတို့တွေ ရင်ဆိုင်နိုင်ပါ့မလား၊ လောကကြီးရဲ့ ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ File size… 1.5 GB / 679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza

Adventure • Drama • Family
6.3 2006
Tales from Earthsea
A View To Kill For

မိသားစုနဲ့ပိုက်ဆံကြားလွန်ဆွဲတဲ့ဖြစ်ရပ်ဆိုး အမွေအတွက်နဲ့တလွဲတွေဖြစ်ကုန်တဲ့ ဖြစ်ရပ်မျိုးတွေဖြစ်နေတာမြင်ဖူးကြမယ်ထင်ပါတယ်။ A View to Kill For ရုပ်ရှင်ဟာဒီသဘောကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့ပိုက်ဆံ ချစ်ခြင်းနဲ့ငွေကြေးကြားက သဘောကိုရိုက်ပြသွားတာဖြစ်ပါတယ်။ မော်လီနဲ့သူ့မိသားစုဟာငွေရေးကြေးရေးမပြည့်သုံပဲ အခက်အခဲတွေရင်ဆိုင်​နေရပါတယ်။ ဒါပေမယ့်ကံတရားဆိုတာတစ်ဆစ်ချိုးတတ်ပြီး ကောင်းတဲ့ဘက်ကိုဦးတည်သွားတတ်ပါတယ်။ မော်လီတို့မိသားစုမှာလည်းအဲလိုပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မော်လီပေါ့လေ။ သူ(မ)ရဲ့မမြင်တောင်မမြင်ဖူးတဲ့ဖခင်ဟာ ငွေကြေးများစွာနဲ့အိမ်ကြီးကိုပါ အမွေပေးခဲ့ပါတယ်။ တစ်ခါမှတောင်မမြင်ဖူးတဲ့ဖခင်ဆီကအမွေရခဲ့တာက တကယ်ကိုကံကောင်းခြင်းပါပဲ။ ဒါမှမဟုတ်ကံကောင်းတာရောဟုတ်ရဲ့လား… ဘလန်ကာဘေး ဆိုတဲ့အိမ်ကြီးရှိရာကိုတစ်မိသားစုလုံးပြောင်းရွှေ့သွားခဲဲ့ကြပါတယ်။ ခက်တာက သူတို့ကိုကြိုဆိုတဲ့လူသိပ်မရှိဘဲ ဘလန်ကာဘေးဟာလူရွတ် လူချမ်းသာ လူ့ကန့်လန့်တွေနေတဲ့ မြို့ဖြစ်နေပါတယ်။ ဘယ်လိုများဆက်ဖြစ်မှာလဲ။ ရုတ်တရတ်ရလာတဲ့အမွေအပေါ်ကိုလူတိုင်းကကြည်ဖြူနေမှာလား။ မကြိုဆိုတဲ့ပတ်ဝန်းကျင်မှာ မော်လီတစ်​ယောက်ဘယ်လိုခရီးဆက်မှာလဲ။ မထင်မှတ်ထားတဲ့ အချိုးအကွေ့လည်းပါတာကြောင့် အဆုံးထိကြည့်ဖို့အကြံပေးပါရစေ။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

Horror
0 2023
A View To Kill For
All That Heaven Allows
7.6

All That Heaven Allows (1955) IMDb: 7.6/10 Genre: Drama / Romance အရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။ ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး “နှစ်ယောက်တည်းနေချင်တယ်” ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။ ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာ သူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။ သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာ နေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာ လိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကို ဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့် လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ထုံးတမ်းအစဉ်အလာတွေအကြောင်းကိုလည်း သေချာတွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Douglas Sirkက ရိုက်ကူးထားပြီး မင်းသမီး Jane Wymanနဲ့ မင်းသား Rock Hudsonတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဝင်းဦးကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ဘယ်လောက်လက်ရာမြောက်လဲဆိုတာတော့ ပြောဖို့လိုမယ်မထင်ပါဘူးဗျ။ အရမ်းကောင်းတဲ့ classic romanceရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ File size… 2.7 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Spencer Potato

7.6 1955
All That Heaven Allows
Blade: Trinity Blade 3
5.8

Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။

5.8 2004
Blade: Trinity Blade 3
Banel & Adama aka Banel e Adama
6.3

ဒီကားလေးကတော့ အာဖရိကမှာရိုက်ထားပေမယ့် အာဖရိက အချစ်ကားလို့လည်း အသေအချာ ပြောလို့မရ။ ရိုးရာယဥ်‌ကျေးမှုကို အသားပေးထားတာလဲ မဟုတ်ပြန်။ ထူးထူးခြားခြား ဒီကြားထဲက ရိုးရာယဥ်‌ကျေးမှု နဲ့ လူငယ်နှစ်‌ေယာက်ရဲ့ ချစ်ခြင်းကြားက ပဋိပက္ခကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ပြပေးထားတာမျိုးပါ။ လက်တွေ့ ဘ၀မှာလည်း အခုအချိန်ထိ ဖြစ်လေ့ဖြစ်ထရှိတဲ့ လွဲမှားတဲ့ ရိုးရာယဉ်ကျေးမှု အချို့ကြောင့် ပတ်၀န်းကျင်၊ မိသားစုနဲ့ ချစ်ရတဲ့ သူတွေ ဒုက္ခကြုံကြရပါတယ်။ ဒီကားထဲကအလွန်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ ဘက်နဲ နဲ့ အက်ဒမာလည်း ဒီလို ရိုးရာယဉ်ကျေးမှု ကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။ ရိုးရာကို တွန်းလှန်နိုင်မလား။ သူတိူ့ချစ်ခြင်းပဲ ပြိူကွဲသွားမလားဆိုတာကို စိတ်၀င်တစားကြည့်ရင်း တွေးစရာ ဆွေးစရာလေးတွေ ပေးသွားမယ့် ကား‌‌ကောင်းလေး တစ်ကားဖြစ်တာကြောင့် အခုပဲ ကြည့်ရှုလိုက်ကြရအောင်

Drama • Romance
6.3 2023 87 mins
Banel & Adama aka Banel e Adama
Diary of an Alcoholic
6.4

IMDB Rating 6.4/10 ဒီဇာတ်ကားလေးမှာတော့ အရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့တဲ့ ဇနီးတစ်ဦး၊ မိခင်တစ်ဦးဟာ သူ့ဘဝသူ ဘယ်လိုပြန်ကယ်ပြီးတော့ အောင်မြင်တန်ဖိုးရှိတဲ့ သူတစ်ဦးဖြစ်လာအောင် ပြောင်းလဲ သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဘဝမှာ လူတိုင်းအမှားနဲ့ မကင်းပါဘူး။ ဒါပေမယ့် ဘဝပျက်စီးရမယ့် အမှားမျိုးဆိုရင်တော့ လမ်းမှန်ပေါ် ရောက်အောင် သတ္တိရှိရှိရင်ဆိုင်ကျော်ဖြတ် သွားဖို့အတွက် ဒီဇာတ်လမ်းထဲက အရက်ကျေးကျွန်ဖြစ်ဖူးတဲ့ မီရှာ ဆိုတဲ့အမျိုးသမီးကို အတုယူပြီး ချစ်ရတဲ့သူတွေအတွက် ပြောင်းလဲပေးဖို့ ခွန်အားဖြစ်စေနိုင်မှာပါ။ File size… (1.78GB) / (779MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Horror • Comedy
6.4 2024 92 mins
Diary of an Alcoholic
Kudumba Sthreeyum Kunjadum

Kudumba Sthreeyum Kunjadum (2024) “လက်ပူးလက်ကြပ်” စိတ်ညစ်စရာတွေ ခဏတာမေ့ထားပြီး အားရပါးရရယ်မောပစ်ချင်သူတွေအတွက် မလေယာလမ်စကားပြော ဟာသ-မှုခင်း-ဒရာမာရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မြို့တစ်မြို့ကို တာ၀န်ပြောင်းရွှေ့လာတဲ့ရဲတစ်ယောက်ဟာ ရောက်ပြီးသိပ်မကြာခင်မှာပဲ ခိုးမှုတွေနဲ့ ကြုံခဲ့ရပြီး သူခိုးဂိုဏ်းကိုလိုက်စုံစမ်းပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူရဲ့အိမ်ထောင်ရေးဟာလည်း အရှုပ်အရှင်းတွေ ဖြစ်လို့နေပါတယ်။ သူပြန်လာတဲ့အချိန်မှာ မိန်းမဖြစ်သူဟာ အရင်လိုမဟုတ်တော့ဘဲ ပြောင်းလဲသွားတာကို သတိထားမိခဲ့ပါတယ်။ ဖြစ်ချင်တော့ တစ်ရက်မှာ သူ့မိန်းမနဲ့တိတ်တိတ်ပုန်းရည်းစားက သူ့ကိုလာသတ်တယ်လို့ အိပ်မက်မက်ရာကစလို့ သူ့သံယတွေပိုကြီးထွားလာပြီး မိန်းမဖြစ်သူကို လက်ပူးလက်ကြပ်ဖမ်းဖို့ စောင့်ကြည့်နေတယ်။ အဲဒီလိုနဲ့ သူခိုးဂိုဏ်းမှာဘယ်သူတွေပါမလဲ၊ အိမ်ထောင်ရေးအရှုပ်အရှင်းကိစ္စကရော ဘယ်လိုဆက်ဖြစ်မလဲ၊ ဘယ်သူတွေက ဘယ်လိုဆက်စပ်နေဦးမလဲဆိုတာကို ရယ်စရာ ဗရုတ်သုတ်ခဇာတ်၀င်ခန်းတွေနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Action • Science Fiction • Thriller
0 2024 150 mins
Kudumba Sthreeyum Kunjadum
We Were Soldiers
7.2

We Were Soldiers (2002) IMDb Rating (7.2)/ Ritten Tomatoes (63%) အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ အစုပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ လာဒရောင်ဒေသ ဖြစ်နေတာပါ.. အင်အားချင်းမမျှသလို အဘက်ဘက်က ပိတ်ဆို့ခံရပြီး ညှပ်တိုက်ခံနေရတဲ့ ဗိုလ်မှူးကြီးဟယ်မိုးနဲ့ တပ်ဖွဲ့အနေနဲ့ ဒီလိုအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ကြိုးစားသွားမလဲ၊ အဲဒီတိုက်ပွဲက ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JimX မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Thriller
7.2 2002 138 mins
We Were Soldiers