YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Ghosts of Mars (2001) 1080p.mp4

2.04 GB N/A video/mp4 541 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Five Devils
7

Blue Is the Warmest Colour ထဲက မင်းသမီး Adèle Exarchopoulos က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗစ်ကီလို့ခေါ်တဲ့ ၈နှစ်သမီးလေးဟာ ရေကူးနည်းပြမေမေ မီးသတ်သမားဖေဖေတို့နဲ့ အတူတူနေထိုင်ပါတယ်။ အမေဖြစ်သူနဲ့ကြားက ဆက်ဆံရေးကလည်း ကောင်းမွန်လွန်းပြီး ဗစ်ကီလေးဟာလည်း အမေမှ အမေ ဆိုပြီးဖြစ်နေသူလေးပေါ့။ ဒါပေမဲ့ သူ့အမေမသိတာ ၂ချက်ရှိပါတယ်။ တစ်ခုကတော့ ဗစ်ကီလေးဟာ ကျောင်းမှာ အလှောင်ခံလေးဖြစ်တယ်ဆိုတာနဲ့ နောက်တစ်ခုကတော့ ထူးခြားတဲ့ စွမ်းအင်တစ်ခု ပိုင်ဆိုင်နေတယ်ဆိုတာပါပဲ။ အဲဒီစွမ်းအင်ကတော့ အနံ့တွေကို ခွဲခြမ်းစိတ်ဖြာစုဆောင်းနိုင်ပြီး သူကြိုက်ရာအနံ့တစ်ခုကိုရွေးချယ်လို့ ကာလကို ပြန်လည်ပုံဖော်နိုင်တာပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရနံ့ထဲမှာ အမှတ်တရတွေရှိတတ်ပြီး ဗစ်ကီလေးက ပြန်ထုတ်ကြည့်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ယူဆလို့ရမယ်ထင်ပါတယ်။ ဒီလို စွမ်းအားပိုင်ရှင် ဗစ်ကီလေးနဲ့ သူ့ရဲ့ ချစ်လှစွာသော မေမေတို့ကြားကို သူ့ဖေဖေရဲ့ ညီမ (ဗစ်ကီအနေနဲ့ဆို ရှိလို့ရှိမှန်းမသိဖူးတဲ့ အဒေါ်တစ်ယောက်) ရောက်လာပါတယ်။ ဒီမှာပဲ လွမ်းဆွတ်ဖွယ်ကောင်းသလောက် ပြန်လည်မတူးဖော်သင့်တဲ့ သူ့မေမေရဲ့ အမှောင်ခြမ်း အတိတ်ရဲ့ အမှတ်တရတွေကို ဗစ်ကီလေးတစ်ယောက် ရနံ့တွေမှတဆင့် ဖမ်းယူလှမ်းဆုတ်မိတဲ့အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7 2022 96 mins
The Five Devils
[18+]Rang Rasiya
6.2

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။ မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။ သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ရာဂျာရဗီဗာမာ့နေရာမှာ သရုပ်ဆောင်ပေးထားလို့ ဆက်လက်ရှုစားကြည့်ကြပါဦးလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။ File size…2.3GB / 1.1GB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Drama • Romance
6.2 2008 132 mins
[18+]Rang Rasiya
Unplugging
5.1

ဒီနေ့ခေတ်မှာ electronic devices တွေကတော့ ဘယ်သူနဲ့မှမကင်းတဲ့အရာပါပဲ။ အားလုံးထဲမှာမှ phone နဲ့ laptop ကတော့ အဆိုးဆုံးပေါ့။ ကျောင်းသားအရွယ်လူငယ်တွေကလည်း ဒီ phone တွေ laptop တွေကနေပညာရှာရတယ်။ အလုပ်လုပ်နေတဲ့ လူရွယ်တွေ လူကြီးတွေလည်း အလားတူ ဖုန်းနဲ့လူ ကွာတယ်ရယ်မရှိကြပါဘူး။ တစ်နေ့တစ်နေ့ ဒီပစ္စည်းတွေ social media ပေါ်က အကြောင်းအရာတွေနဲ့ပဲအချိန်ကုန်နေပြီး ကိုယ့်မိသားစု၊ ကိုယ့်အနီးနားက အရင်းနှီးဆုံးသူတွေကို အချိန်ပေးဖို့မေ့နေမိတယ်လို့ရော ထင်မိကြဖူးလား .. နေ့စဉ်ဘဝနဲ့ဝေးရာကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူသွားပြီး သူတို့ကိုအချိန်ပေးမယ်လို့ရော တွေးမိကြဖူးလား ..? အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတစ်ခုမှာ ဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ Jeanine က အလုပ်လောဘကြီးပြီး နေ့နေ့ညညအလုပ်မှအလုပ်ဖြစ်နေတဲ့သူပါ။ ကိစ္စတချို့ကြောင့် သူ့အရင်အလုပ်ကိုနားထားရတဲ့ ခင်ပွန်းဖြစ်သူ Dan က ဝါသနာပါရာ ဆော့စ်အစပ်လည်းလုပ်ရောင်းရင်း အိမ်မှုကိစ္စလည်းလုပ်ရင်း သမီးဖြစ်သူ Lizzy ကိုလည်းထိန်းကျောင်းရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Dan ရဲ့ဆော့စ်အစပ်တွေကို လိုက်ပို့ပေးနေကျ Juan ဆုံးသွားရာကနေ Dan တစ်ယောက် တစ်ခုခုကိုတွေးမိသွားပါတော့တယ်။ အဲဒါကတော့ မိုးလင်းကမိုးချုပ် ဖုန်းနဲ့လူမခွာဘဲ အလုပ်ထဲမှာပဲနစ်မြောနေတဲ့သူ့မိန်းမကို ဖုန်း၊ အင်တာနက် တစ်ခုမှသုံးမရတဲ့နေရာကိုခေါ်သွားပြီး နှစ်ယောက်တည်း အနားယူချင်တာပါ။ အကြောင်းတိုက်ဆိုင်စွာနဲ့ပဲ Jeanine ကို သူ့အလုပ်က ခွင့် ၂ပတ်မယူမနေရယူရမယ်ဆိုပြီး ခွင့်ပေးလိုက်ရာကနေ လင်မယားနှစ်ယောက် မြို့ပြနဲ့ဝေးတဲ့နေရာတစ်ခုကို ခရီးထွက်ဖြစ်ခဲ့ကြပါတော့တယ်။ အချစ်ငှက်လေးနှစ်ကောင်ပျော်ရမယ်အထင်နဲ့ ခရီးထွက်လာပြီးမှ ဘယ်လိုအလွဲတွေနဲ့ကြုံရမှာလဲ .. ဘာမဆို ဆိုးဆိုးဆတ်ဆတ်လုပ်တတ်တဲ့ Jeanine နဲ့ တွေဝေတတ်တဲ့ Dan ခရီးမှာရော အတွဲညီညီနဲ့အဆင်ပြေပါ့မလား .. စတာတွေကို ဝါးလုံးကွဲရယ်ရမှာမျိုးမဟုတ်ဘဲ လင်မယားနှစ်ယောက်တည်းတိုင်ပတ်ပြီးလွဲမယ့်အလွဲတွေကို ခွီနေရမယ့် comedy ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….1080p | 720p | 480p File size…1.3GB | 653MB | 285MB Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

Drama • Horror • Mystery
5.1 2022 94 mins
Unplugging
Sun Moon
7.4

Sun Moon (2023) သတို့သား မရှိခဲ့တဲ့ Kelsey ရဲ့ မင်္ဂလာပွဲ ... ဘာလို့လဲဆိုတော့ ဘုရားသခင်က ပြောလို့ လက်ထပ်လို့မရဘူး ဆိုတဲ့ဆင်ခြေနဲ့ သူချစ်ရတဲ့သူရဲ့ပစ်ပယ်ခြင်းကိုခံလိုက်ရတဲ့ Kelsey တစ်ယောက်အတွက် ဘုရားသခင်က သူမကိုကျ ဘာလို့ မပြောတာလဲဆိုတဲ့ လူတွေရဲ့မေးခွန်းကို ဖြေပေးစရာစကား သူ့မှာ ရှိမနေခဲ့ပါဘူး။ ဘုရားကျောင်း နဲ့ လူတွေကို ရင်ဆိုင်​တွေ့ဖို့ ကြောက်နေတဲ့ Kelsey က မင်္ဂလာပွဲကပစ္စည်း​တွေယူဖို့ မတတ်နိုင်ဘဲဘုရားကျောင်းကိုသွားရပြန်တယ် ။ အဲ့ဒီမှာ အခါအခွင့်သင့်စွာနဲ့ ထိုင်ဝမ်မှာ အင်္ဂလိပ်စာသင်ပေးဖို့ အလုပ်ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ဘဝရဲ့ ရှုံးနိမ့်မှုတွေနဲ့ လှောင်ပြောင်ခံရခြင်းတွေဆီကထွက်ပြေးဖို့ ထိုင်ဝမ် ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ Kelsey တစ်ယောက် သူ့ရဲ့ဒဏ်ရာတွေကို ထိုင်ဝမ်မှာကုစားနိုင်ပါ့မလားဆိုတာ ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Phyu Phyu Thant ပဲ ဖြစ်ပါတယ်။

Drama • Mystery
7.4 2023 93 mins
Sun Moon
Frost/Nixon
7.3

၁၉၇၂ မှာ​ အမေရိကန်​ပြည်ထောင်​စုနဲ့​ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခု​ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စ​ကိုနောက်ကွယ်ကနေ ကြိုး​ကိုင်​ခဲ့တဲ့​ အမေရိကန်​သမ္မတ​ Richard Nixon ဟာ​ မကြာခင်​မှာပဲ​ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်​ဖြူ​တော်​က​ ထွက်​ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှ​ရုပ်သံ​တင်ဆက်​သူတစ်ဦးဖြစ်တဲ့ David Frost က​ TV ကနေကြည့်ရင်း နစ်​ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက​ ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို​ အခြေတည်ထားတာဖြစ်ပြီး Political​ Drama အမျိုး​အစားဖြစ်ပါတယ်။ Frost က​ ဖျော်​ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့​လာပြီး​ ပိုပြီးလေးနက်တဲ့ နိုင်ငံ​ရေးအင်တာဗျူးတွေ​ကို​ တင်ဆက်​ချင်လို့​ ဒီကိစ္စ​ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း​ သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံ​ရေး​ဂုဏ်​သိက္ခာ​ကို​ ဒီအင်​တာဗျူးက​နေ​တဆင့်​ လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို​ နိုင်ငံ​ရေးအကင်းမပါးတဲ့​ ရုပ်​သံ​တင်​ဆက်ဖျော်ဖြေသူတစ်ယောက်နဲ့ အင်တာဗျူး​ပြီး​ Nixon က​ သူ့ကိုယ်ကျိုးအတွက်အမြတ်ထုတ်ချင်သလို Frost ဘက်ကလည်း​ ဝါးတားဂိတ်​အပါအဝင်​ Nixon ကျူး​လွန်ခဲ့တဲ့​အခြားကိစ္စတွေကို ဒီအင်တာဗျူးမှာဝန်ခံခိုင်းပြီး ပြည်​သူလူထုကို တောင်းပန်စေချင်တာဖြစ်ပါတယ်။ ရည်ရွယ်​ချက်ချင်းမတူတဲ့ သူတို့​နှစ်ယောက်​ အင်​တာဗျူးမှာ​ထိပ်တိုက်တွေ့ချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက်​ အသာစီးရဖို့၊ အနိုင်​ပိုင်းဖို့ကြိုးစားကြရင်း အားပြိုင်ကြတာကို ဒီရုပ်ရှင်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီ​ဇာတ်ကားက​ Tony ဆုရရှိခဲ့တဲ့ Frost/Nixon ပြဇာတ်ကို​ ရုပ်​ရှင်အဖြစ်အသက်သွင်းထားတာဖြစ်ပြီး အောင်​မြင်​တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Michael Sheen နဲ့​ Frank Lagella တို့က​ Frost နဲ့​ Nixon အဖြစ်​သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကား​ဆု၊ ဒါရိုက်တာ​ဆုနဲ့ သရုပ်ဆောင်​ဆုအပါအဝင် အော်​စကာ​ဆုငါးဆုအထိ​ ဆန်ခါတင်ရွေးချယ်ခံခဲ့ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်​မှန်​နိုင်​ငံရေး​ဇာတ်​လမ်း​ဆိုပေမဲ့​ ဒရာမာအငွေ့အသက်တွေ​ ထည့်သွင်းထားတဲ့အတွက် ငြီးငွေ့​စရာ​မဆန်ဘဲ ပရိတ်သတ်​ရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့ရုပ်ရှင်မျိုးလည်းဖြစ်သလို Nixon နဲ့​ Frost အကြား​အား​ပြိုင်​မှုကို​ လက်​ဝှေ့ပွဲတစ်ပွဲယှဥ်ပြိုင်နေရတဲ့ tension​ မျိုး​ ထည့်သွင်းတင်ဆက်ထားပါတယ်။ သမိုင်း​ထဲက​ ပုဂ္ဂိုလ်​နှစ်ဦးရဲ့ character​ ကို​ ကောင်းမွန်​စွာဖော်ကျူးထားနိုင်တဲ့အတွက်​ ရုပ်​ရှင်ဝေဖန်သူတွေ ချီးကျူး​ခြင်းကိုခံခဲ့ရပါတယ်။ Nixon နေရာမှာ​ သရုပ်ဆောင်​တဲ့​ Lagella ဟာ အော်စကာ Best Actor​ ဆုအတွက် nominee ဝင်ခဲ့ပါတယ်။ နိုင်​ငံ​ရေး​ဒရာမာ​ရုပ်ရှင်​မျိုး​ နှစ်သက်သူတွေအတွက်​ မဖြစ်​မနေကြည့်သင့်တဲ့​ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဝါးတားဂိတ်​လို​ အထင်​ကရဖြစ်ရပ်အကြောင်းကို​လည်း​ အဓိက​ Element အနေနဲ့ထည့်သွင်းထားတဲ့အတွက် သမိုင်း​စိတ်​ဝင်စား​သူတွေလည်း​ ကြည့်ရှုသင့်ပါတယ်။ File size…(2.9 GB)/(980 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Drama, History, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Drama • Sci-Fi & Fantasy
7.3 2008 122 mins
Frost/Nixon
Winter in Tokyo
7

Winter in Tokyo ( 2016 ) IMDb 7/10 ============================== ဒီတခါတော့စီအမ် ပရိတ်သတ်တွေအတွက် 2016တုန်း ထွက်ရှိထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ် Winter in Tokyoဆိုတဲ့အတိုင်း ဇာတ်အိမ်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အခြေပြုပါတယ် တိုကျိုမြို့ရဲ့ဆောင်းရာသီတစ်ခုမှာ ကဲကိုဆိုတဲ့ကောင်မလေးရဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းကို ကာဇူတိုဆိုတဲ့ ကောင်လေး ရောက်လာခဲ့ပါတယ် ကာဇူတိုက ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီးတော့ ကဲကိုကတော့ စာကြည့်တိုက်မှာ အလုပ်လုပ်ပါတယ် ကာဇူတိုဟာ သူ့ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ကံမကောင်းခဲ့တာကြောင့် နယူးယောခ့်ကနေ တိုကျိုကိုပြန်လာခဲ့တာပါ အဲ့ဒီမှာကဲကိုနဲ့ဆုံပြီး ချစ်မိနေခဲ့ပါတယ် ကဲကိုကလည်း ချစ်မိနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖွင့်မပြောကြပါဘူး သူငယ်ချင်းလိုပဲနေရင်း တစ်ယောက်ကြောင်းတစ်ယောက်အကုန်သိနေပြီး ကြည်နူးစရာအချိန်‌‌တွေပေါ့ တစ်နေ့မှာတော့ ကဲကိုက သူငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ကောင်လေးကို အမှတ်မထင်ပြန်တွေ့ခဲ့တယ် အဲ့ဒီ့မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒီဇာတ်ကားက ကြည့်ရတာ အရမ်းကို ကြည်နူးစရာကောင်းသလို ပေါ့ပေါ့ပါးပါးနဲ့ ဒရာမာ ရိုမန့်ကားလေးလည်း ဖြစ်ပါတယ် ကြည့်လို့လည်း တော်တော် ကြည်နူးစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်လို့ ညွုန်းပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Shan ပဲ ဖြစ်ပါတယ်။ Genre….. Romance Quality…. 1080p | 720p | 480p File size… 1.2GB | 606MB | 273MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Shan Encoder ….. August

Drama • History
7 2016 98 mins
Winter in Tokyo
In the Land of Blood and Honey

ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး) File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2011
In the Land of Blood and Honey
Three Kings
7.1

Three Kings (1999) ~ IMDb – 7.1/10, Rotten Tomatoes – 94% ~ ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့‌ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းကတော့… Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။ George Clooney က အနားယူမယ့်ဗိုလ်မှူး၊ Mark Wahlberg က အိမ်မှာမွေးစကလေးရှိလို့ စီးပွားရေးအရ ခိုင်ချင်တဲ့ဆာဂျင်၊ Ice Cube က ရဲဘော်တွေကို စိတ်မချလို့လိုက်မယ့်လူ၊ Spike Jonze ကတော့ Mark Wahlberg လိုဖြစ်ချင်တဲ့ အူကြောင်ကြောင်ဘဲလေး။ ဒါရိုက်တာ David O. Russell လက်ရာဆိုတဲ့အတိုင်း ဇာတ်ကောင်တွေကို ပြီးပြည့်စုံနေအောင်မလုပ်ထားဘူး။ စစ်ကားဆိုပေမဲ့ အထက်အမိန့်ပဲနာခံပြီး အမြဲ ကိုယ်ကျိုးစွန့်တဲ့သူရဲကောင်းတွေအဖြစ် ဇာတ်ကောင်တွေကိုပုံမဖော်ထားဘူး။ လိုချင်တောင့်တမှုကိုယ်စီနဲ့ “ငါသာဆိုလည်း ဒီလိုနေမှာ” လို့ ထင်ဟပ်‌မိစေမယ့် ဆက်စပ်နိုင်မှုမျိုးကိုပါ ခံစားရစေပါတယ်။ ဒီလိုနဲ့ စစ်ပြီး‌တော့ သူတို့တွေ အီရတ်သုံ့ပန်းတွေကိုခေါ်နေတုန်း သုံ့ပန်းတစ်ယောက်ရဲ့ အမေပေးတဲ့ပေါင်မုန့်တစ်စုံ ကြားမှာ ညှပ်ထားတဲ့ မြေပုံတစ်ခုတွေ့တယ်။ အဲဒီအချိန် ဗိုလ်မှူး George Clooney ကလည်း ကတုတ်ကျင်းတစ်ခုမှာ ဆက်ဒန်ခိုးထားတဲ့ ‌ကူဝိတ်ရွှေတွေ မြုပ်ထားတယ်ဆိုတဲ့သတင်းတစ်ခုရထားတယ်ပေါ့။ အဲဒါနဲ့ သူတို့လေးယောက် လက်ဝါးချင်းရိုက်ပြီး မြေပုံကိစ္စကို အထက်လူကြီးဆီအသိ‌မပေးဘဲ ‌သွားရှာမယ်။ ရှာလို့တွေ့ရင် ခွဲယူပြီး ထိုင်စားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း အခြေအနေတွေက သူတို့ထင်သလို ပန်းခင်းသောလမ်းတော့ ဟုတ်မနေခဲ့ပါဘူး။ ကူဝိတ်ကိစ္စကို ဖြေရှင်းပြီးပေမဲ့ အီရတ်နိုင်ငံထဲမှာ ဆက်ဒန်ကို ဖြုတ်ချမယ့် သူပုန်တပ်တွေရှိနေပါတယ်။ ဆက်ဒန်တပ်တွေရဲ့ ပြည်သူတွေအပေါ်ဆက်ဆံပုံကိုမြင်တဲ့အချိန်မှာ သူတို့ ၄ ယောက်သား အကြပ်ရိုက်ပါပြီ။ အထက်ကပြောသလို မသိချင်ယောင်ဆောင်မလား။ ဝင်ကူညီမလားပေါ့။ လူသားချင်းစာနာမှုနဲ့ ကိုယ့်ရည်ရွယ်ချက်အကြား ပွတ်တိုက်မှုတွေဖြစ်လာတဲ့အခါ သူတို့ဘာကိုရွေးချယ်ကြမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သတိထားမိတဲ့ ထူးခြားချက်တစ်ခုက ဒိုင်ယာလော့ခ်တွေကို ရှေ့လူစကားပြန်ထပ်ပြောတာပါပဲ။ ဥပမာ – မင်းဒါကိုစားမလို့လားဆိုရင် အေး ငါဒါကိုစားမလို့ ဆိုပြီး ပြန်ကောက်ပြောတာမျိုး။ ဘာကြောင့်လဲတော့မသိပေမဲ့ အဲဒီဟာကပါ ဟာသတစ်ခုလိုဖြစ်သွားတယ်။ ဘယ်လိုမှန်းမသိတဲ့ ရသလေးတစ်ခုပေါ့။ ဆုတွေကလည်း အတော်ကိုရထားတဲ့အပြင် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေနဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာကြီးတို့ရိုက်ထားတဲ့ ဟောင်းပေမဲ့ကောင်း ရုပ်ရှင်လေးဖြစ်တာကြောင့် မထိုင်စတမ်းကြည့်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 54Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 1999
Three Kings
Grindhouse
7.5

ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့ ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated R မို့လို့ အသက်မပြည့်သေးသူတွေ ၊ မိသားစုနဲ့ကြည့်မယ့်သူတွေ ၊ ရွံ့စရာအခန်းတချို့လည်းပါတာမို့ ကြည့်လေ့မရှိတဲ့သူတွေကိုတော့ ကြံဖန်ချင့်ချိန်ပြီး ကြည့်ဖို့ အကြံပြုပါတယ်) File size…(3.1 GB)/(3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….03:11:00 Genre…Action, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

7.5 2007
Grindhouse
Dicks: The Musical
5.5

Dicks: The Musical ( 2023 ) A24ကားအသစ်ဆိုတဲ့အတိုင်း A24မှာ အတွေ့ရများတဲ့အတိုင်း ဆန်းဆန်းပြားပြားဇာတ်လမ်းကို ထူးထူးခြားခြားတင်ဆက်ထားတဲ့ ဇာတ်လမ်းပါပဲ။ A24 အနေနဲ့ Comedy အမျိုးအစား သီးသန့်ရုပ်ရှင်မရှိခဲ့သေးသလို Musicalရုပ်ရှင်လည်းမရှိခဲ့သေးပါဘူး။ ဒစ်ကတော့ ဒီသမိုင်းကို ချိုးဖောက်လိုက်ပါတယ်။ A24ရဲ့ ပထမဆုံး မြူဇစ်ကယ်ရုပ်ရှင်ပါပဲ။ မြူဇစ်ကယ်ဆိုပေမဲ့ ပျင်းစရာကောင်းမယ်တော့ မထင်ပါနဲ့။ ပြောခဲ့သလို ဒါက A24က ထုတ်တာပါ။ သမားရိုးကျဖြစ်နေတဲ့အလုပ်မျိုး ဒီကောင်တွေ ဘာမှမလုပ်ပါဘူး။ ဇမ္မူမှာတစ်လူ ငါသာအတော်ဆုံးဆိုတဲ့‌ ကောင်၂ကောင်ရှိတယ်။ သူတို့ဘဝနဲ့သူတို့နေနေကြတယ်။ သူတို့ချင်းတစ်ခါမှလည်းမတွေ့ဖူးကြဘူး။ ရုပ်ချင်းလည်း တစ်စက်မှမတူကြဘူး။ ဒါပေမဲ့ သူတို့က ချွတ်စွပ်တူတဲ့ အမွှာတွေ။ ဘာလို့လဲ မမေးနဲ့ ရုပ်ချင်းမတူပေမဲ့ သူတို့၂ယောက်ကို ချွတ်စွပ်တူတယ်ဆို တူလိုက်လို့ ဒီထဲက ဘုရားသခင်က ထအော်ထားတယ်။ တူတယ်ဆို တူလိုက်။ ဘလင်းဘလင်းတွေအပြည့်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ ဂေးရုပ်ထွက်နေတဲ့ ဘုရားသခင်ရဲ့အစီအစဉ်တိုင်း တစ်နေ့အလုပ်မှာ သူတို့ချင်းတွေ့ပြီး စကားပြောရင်း သီချင်းတွေဆိုရင်းမှပဲ သူတို့က ကွဲကွာနေတာ နှစ်ပေါင်းများစွာကြာနေတဲ့အမွှာတွေဆိုတာ သူတို့သိလိုက်ရတယ်။ ငယ်ငယ်ကတည်းက အဖော်ကို ငံ့လင့်နေတဲ့ ဘယ်နားမှမတူပေမဲ့ ဘုရားသခင်က တူတယ်လို့ပြောထားတဲ့ အမွှာ၂ကောင်ဟာ သူတို့မိဘတွေကို ပြန်ပေါင်းထုပ်အောင်လုပ်ပေးပြီး မိသားစုတစ်ခုတည်ထောင်ဖို့ ကြံကြတယ်။ အဖေနဲ့ပဲ နေခဲ့ရတဲ့ကောင်က အမေ့ဆီ နောက်တစ်ကောင်အယောင်ဆောင်ပြီးနားသွားချ , အမေနဲ့ပဲနေခဲ့ရတဲ့ကောင်က အဖေ့ဆီ နောက်တစ်ကောင်အယောင်ဆောင်ပြီးသွားနားသွားချဖို့ ကြံကြတယ်။ ဘာမှတော့ တူမနေပါဘူး။ ဒါပေမဲ့ ဆံပင်တုစွပ်လိုက်ရုံနဲ့ သူတို့အဖေအမေတွေက မမှတ်မိပါဘူး။ အဲဒီလိုနဲ့ သူတို့မိဘတွေကို ပြန်ပေါင်းထုပ်ဖို့လုပ်ရင်း သူတို့သိလိုက်ရတာက သူတို့အဖေက ဂေးနေပြီး သူတို့အမေက ဗဂျိုင်နာကြီးပါ ပြုတ်ထွက်နေတာ သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ဇွဲမလျှော့တမ်း ကြိုးစားကြည့်တဲ့ ညီအစ်ကို၂ကောင် သူတို့အဖေနဲ့အမေကို ပြန်ပေါင်းအောင်လုပ်ပေးနိုင်မလား ဆက်ကြည့်ရမယ့်ဇာတ်ပေါ့။ ရိုက်တဲ့ဒါရိုက်တာကလည်း Boratတို့ The Dictatorတို့ရဲ့ ဒါရိုက်တာ Larry Charlesပါ။ အဲဒီကားတွေ ဘယ်လောက်ရယ်ရလဲ အားလုံးအသိပါပဲ။ ဇာတ်ကတော့ ၄ခန်းလောက်ပဲပါသလားမှတ်ရအောင် နှစ်ဖြတ် သုံးဖြတ် လေးဖြတ်ဆိုတာနဲ့ ပြီးသွားတဲ့ ဇာတ်ပါပဲ။ ဇာတ်အိမ်ကတော့ အရမ်းမြန်ပေမဲ့ ဟာသကားက ရယ်ရရင် သူ့တာဝန်ကျေပြီဆိုတော့ ကြည့်လို့ကောင်းတဲ့ဟာသကားလို့ပဲ ပြောရမယ်။ ကြည့်လို့ တော်တော်လည်း ရိုင်းပါတယ်။ မျက်လုံးပေါက်နေတဲ့ အကျိအချွဲတွေနဲ့ ဗဂျိုင်နာကြီး လိပ်ပြာလို ပျံသွားတဲ့ ဇာတ်ဝင်ခန်းကိုတော့ သေချာကြည့်မိတဲ့လူတွေ တော်တော်နဲ့ မေ့နိုင်မယ်မထင်ဘူး။ ဇာတ်ကသာတိုပေမဲ့ ငစားလုပ်ထားတာကတော့ နည်းပေါင်းစုံပါတယ်။ ဘုရားသခင်ကလည်း တော်တော်စားစားပါပဲ။ လခွမ်းဆိုပြီး ထိုင်ထိုင်ရယ်ချင်တဲ့လူတွေအတွက် အံကိုက်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Musical Quality…. 1080p | 720p File size… 1.6GB | 790MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

5.5 2023
Dicks: The Musical
Scrambled

ဒီဇာတ်ကားမှာဆိုရင် အမျိုးသမီးတစ်‌ယောက်ရဲ့ ဖြစ်တည်မှု၊ အမျိုးသမီးတစ်ယောက်ရဲ့ mid-life crisis တွေကို ရိုက်ပြထားတာတွေရပါမယ်။ ထူးခြားတာကတော့ ဇာတ်ညွှန်းရော၊ ဒါရိုက်တာရော၊ သရုပ်ဆောင်ရော Leah McKendrick ကိုယ်တိုင်ပါပဲ။ နယ်လီ ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူ ရှောန်နဲ့ပြတ်သွားပြီးတဲ့နောက်မှာ single တစ်ယောက်အနေနဲ့ သူ့ဘဝကြီးကို အပျော်ပွဲတွေတက်၊ ယောက်ျားတွေနဲ့ ဒိတ်လုပ်ရင်းအချိန်‌တွေကုန်ခဲ့ပါတယ်။ တစ်နေ့ကျတော့ သူ့သူငယ်ချင်း‌တွေအားလုံး သူ့အိမ်ထောင်၊ သူ့ဘဝနဲ့သူ ‌တည်တည်ငြိမ်ငြိမ်ဖြတ်သန်းတော့မယ့်အချိန်မှာ… သူ့မိသားစုကပေးလာတဲ့ဖိအားတွေနဲ့ အသက်လတ်အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်တည်မှုဆိုင်ရာပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက comedy, drama အမျိူအစားဖြစ်ပြီး အမျိုးသမီးတစ်ယောက်မှာကြုံတွေ့ရတဲ့၊ အမျိုးသားတွေနဲ့မတူတဲ့ အချိန်ယန္တရားရဲ့ခြိမ်းခြောက်မှုတစ်ခုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(767 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca

Documentary
0 2024
Scrambled
The Pumpkin Man

ငယ်ငယ်တုန်းက အပျော်အပျက်သဘောနဲ့ သရဲခေါ်တမ်း ကစားဖူးပါသလား ? The Pumpkin 2023 ရုပ်ရှင်မှာတော့ အဲဒီလိုမျိုး လက်တည့်စမ်းချင်တဲ့ ကလေးတစ်သိုက်ရဲ့ အဖြစ် အပျက်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ ခရုမ်းဝဲလ်လို့ ခေါ်တဲ့ မြို့ကလေးမှာ ဖရုံသီးလူသားဆိုတာ ဟောလိုးဝင်းအချိန်ရောက်တိုင်း နာမည်ကြီးလာနေကျ ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သလို မြို့ရဲ့ အတိတ်ဆိုးတစ်ခု လို့လည်း ပြောလို့ရပါတယ် ။ သည်းထိပ်ရင်ဖိုတွေကို စိတ်ဝင်စားတဲ့ ကတ်သရင်းလို့ ခေါ်တဲ့ ကလေးမလေးဟာ သူငယ်ချင်းဖြစ်သူ ဂျန်းနီနဲ့အတူ သရဲအိမ်ဝင်ရင်း ဖရုံသီး လူသားနဲ့ ဆက်စပ်နေတဲ့ စာရွက်ပိုင်းလေးတစ်ခုကို ရှာတွေ့ခဲ့ပါတယ် ။ ကလေးပီပီ စပ်စုချင်စိတ်တွေက ဒီမှာတင် ရပ်တန့်မသွားခဲ့ဘဲ နောက်ဆုံးမှာ ကတ်သရင်း ၊ ဂျန်းနီတို့ အပြင် နောက်ထပ် သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ မိုက်ကယ်နဲ့ တီနာကိုပါ အဖော်ညှိပြီး ဖရုံသီးလူသားကို ဆင့်ခေါ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ အပျော်သဘောနဲ့ စမ်းကြည့်တဲ့ သူတို့လုပ်ရပ်ကြောင့် တကယ်ပဲ ဖရုံသီးလူသားက ရောက်လာမှာလား ? မကြာခင်မှာပဲ တီနာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားရပါတော့တယ် ။ တီနာကို တကယ်ပဲ ဖရုံသီးလူသားက ခေါ်သွားတာလား ။ ကျန်တဲ့ သူငယ်ချင်း တွေကရော ဖရုံသီးလူသားနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟောလိုးဝင်းအငွေ့အသက်တွေ လွှမ်းနေတဲ့ The Pumpkin Man ရုပ်ရှင်မှာ အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်နော် ။ File size…1.22GB / 555MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 31m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

0 2023 91 mins
The Pumpkin Man
[18+] Maps to the Stars
6.2

ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။ LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ တချို့ အခန်းတွေက ၁၈ ယောက်ပေါင်းကြည့်ရတဲ့ အခန်းတချို့နဲ့ အင်းစက်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပါဝင်လို့ မိသားစုနဲ့ အတူကြည့်ရှုဖို့ မသင့်တော်ပါဘူး ဇာတ်လမ်းအကျဉ်း LA ကို ဖလော်ရီဒါကနေပြောင်းလာတဲ့ Agatha ,(Mia Wasikowska) ဇိမ်ခံကား မောင်းရင်း အချိန်ပိုင်းသရုပ်ဆောင်လုပ်နေတဲ့ Jarome (Robert Pattinson) တက်သစ်စကြယ်ပွင့် သရုပ်ဆောင်ဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ Benji နဲ့ သူ့ရဲ့ မိဘတွေ (John Cusack , Olivia Williams) အမေဖြစ်သူ သရုပ်ဆောင်မင်းသမီးကြီးကြောင့် ရခဲ့တဲ့စိတ်ဒဏ်ရာတွေကို ကုစားရင်း မိခင်ဖြစ်သူရိုက်ခဲ့တဲ့ ရုပ်ရှင်ကို ပြန်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ Havana Segrant ( Julianne Moore) စတဲ့ ဇာတ်ကောင်တွေက တစ်နည်းနည်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်နွယ်နေကြပြီးတော့ ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦးခင်ဗျာ….. File size…(1.4 GB)/(690 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:51:00 Genre… Comedy, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6.2 2014
[18+] Maps to the Stars
Deadly Doll
5.8

ဒါကတော့ ဟောင်ကောင်ဟော်ရာအမျိုးအစား မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လင်မယား၂ယောက်မှာ အသက်(၇)နှစ် အရွယ်သားလေးတစ်ယောက်ရှိပြီးတော့ သာမန်ဘဝလေးမှာနေထိုင်နေကြပါတယ်။ အွန်လိုင်းပေါ်ကအရာတွေကိုပဲယုံကြည်စွဲလမ်းနေတဲ့အမေဖြစ်တဲ့သူနဲ့ အမြဲအလုပ်ရှုပ်နေတဲ့အဖေဖြစ်သူကြားမှာ သားလေးဟာကံဆိုးစွာပဲ သေဆုံးသွားခဲ့ပါတယ်။ မိဘတွေဟာရုတ်တရက်ဖြစ်သွားတဲ့အတွက် ဘယ်လိုမှဖြည်မဆယ်နိုင်ဖြစ်နေကြပါတယ်။ အမေဖြစ်တဲ့သူဟာ ဘယ်လိုမှလက်မခံနိုင်တဲ့အဆုံး အွန်လိုင်းပေါ်မှာတွေ့တဲ့ အဝတ်ရုပ်ရောင်းတဲ့အဖွားအိုနဲ့သွားတွေ့ပြီး အဝတ်ရုပ်လေးကိုသားအမှတ်နဲ့အိမ်ပြန်ယူလာခဲ့ပါတယ်. အဲဒီနေ့စကပြီးတော့ သူတို့ရဲ့ဘဝလေးကလုံးဝပြောင်းလဲသွားပါတယ်။ သူတို့စိတ်အထင်မှာမိသားစုလေးကအေးချမ်းနေသလိုနဲ့ အများအမြင်မှာတော့ သက်မဲ့အဝတ်ရုပ်လေးကို စကားတွေပြောပြီး လူလိုဆက်ဆံနေတာပဲဖြစ်နေတယ်။ အရုပ်လေးရပြီးပျော်နေတဲ့မိန်းမရဲ့အပျော်တွေကိုလဲမဖျက်ရက် လူတွေရဲ့ထူးဆန်းတဲ့အကြည့်တွေအပြောအဆိုတွေကိုလဲ ကြုံလာရတဲ့အခါ ဒီမိသားစုလေးဟာဘယ်လိုရှေ့ဆက်သွားမလဲ……

5.8 2025
Deadly Doll