YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM)Furious Seven (2015) EXTENDED [720p x265 10bit FS88 Joy] [UTR].mkv

1.46 GB 720p video/x-matroska 2099 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Theerkadarishi
7

Theerkadarishi (2023) IMDb 9.4/10 CM မှာတင်ဆက်ပေးထားတဲ့ 2018ကတည်းကထွက်ခဲ့ပြီး ongoing series ဖြစ်တဲ့ 9-1-1(2018) ဇာတ်လမ်းတွဲလိုမျိုးကို မတူညီတဲ့ Vibe နဲ့ ကြည့်ရမဲ့ ရုပ်ရှင်ကားပါ။ ဇာတ်လမ်းအကျဉ်း အရေးပေါ်အတွက် ဖုန်းခေါ်ဆိုမှုလက်ခံတဲ့ဆီကို ဖုန်းတစ်ကောလ်ဝင်လာပါတယ်။ တစ်နေရာမှာ အမျိုးသမီးတစ်ဦး အန္တရာယ်ကြုံရတော့မယ် သူ့ကို အမြန်ကယ်တင်ပါ ဆိုပြီး။ ဆက်တဲ့သူက သူဘယ်သူလဲ ဘယ်ကလဲ ပြောမသွားပါဘူး။ နောက်ရက်လဲရောက်ရော သူပြောတဲ့အတိုင်းပဲ အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရပါတယ်။ အဲလိုပဲ ဆက်တိုက်ဆက်တိုက် သူဖုန်းဆက်ပြီး ဖြစ်မယ်ပြောတဲ့ လူသတ်မှု မတော်တဆမှုတွေက တကယ်ပဲ ဖြစ်လာတဲ့အခါမှာတော့...။ သူပြောလို့ပဲ အဲဒီကိစ္စတွေက ဖြစ်ရတာလား။ သူကပဲအဲဒီကိစ္စတွေကို ရှေ့ဖြစ်ကြိုဟောကိန်းထုတ်နိုင်တာလား။ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ အဲဒီကိစ္စတွေကို ကျူးလွန်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~BpL~Moon~Yunniနဲ့ တက်သစ်စဘာသာပြန်Thaik Sanတို့ပဲဖြစ်ပါတယ်) File size…2.81GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~BpL~Moon~Yunni

Comedy • Drama
7 2023 120 mins
Theerkadarishi
The Business of Christmas 2

The Business of Christmas 2 (2021) ========================= Genre - Drama, Family IMDb Rating - 8.2/10 Spoiler Alert ---------------- ပထမကား မကြည့်ရသေးသူများအတွက် အခု review ကို မဖတ်ပါနဲ့ဦး ခင်ဗျာ။ ---------------- ပထမကားတုန်းက ပြဿနာတွေ ဖြေရှင်းခဲ့တဲ့ ဖရန်ကလင်း မိသားစုတွေ ပြန်လာပါပြီ။ ဒီဒုတိယကားမှာတော့ ဖခင်ဖြစ်တဲ့ အော်စကာကတော့ သွေးတိုးနဲ့ ဆုံးပါးသွားပါပြီ။ မိခင် မယ်ရီ အန်ကလည်း မွေးရပ်မြေကို ပြန်လာပြီး အိမ်ကြီးထဲမှာ တစ် ယောက်တည်းနေနေပါတယ်။ သားသမီးတွေအနေနဲ့ မိုက်ကယ်ကဝတ္ထုရေးဖို့ ကြိုးစားနေပြီး ဖခင်သေဆုံးမှုကို ထောက်လှမ်းနေခဲ့ပါတယ်၊ နိုအာကတော့ စင်ဒီနဲ့ အလုပ်တွဲလုပ်ရင်း မင်္ဂလာဆောင်ဖို့ အဆင်မပြေ ဖြစ် နေခဲ့တာပါ၊ ဒန်နီကလည်း ယောက်ျားဖြစ်သူလည်း အဆင်မပြေ ဖြစ်ပြီး သားလေးကို ထိန်းကျောင်းနေရသူ မိခင်တစ်ယောက် ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဖရန်ကလင်းမောင်နှမတတွေ ကိုယ်စီပြဿနာ တွေနဲ့ တစ်ဦးတည်းနေတဲ့ မိခင်ကြီးဆီကို သွားရောက်ဖို့ ဖြစ်လာ ပါတော့တယ်။ နောက်ထပ် ဖြေရှင်းဖို့ ပြဿနာအသစ်တွေနဲ့အတူ ပေါ့။ ဒီကားမှာတော့ မိခင် မယ်ရီအန်နဲ့ ငယ်ချစ်ဦး ကျောင်းအုပ်ဆ ရာကြီးနိုက်ပါဝင်လာသလို၊ ဒန်နီရဲ့ ကပွဲသွားဖော် ပက်ထရစ်ရယ်၊ မိုက်ကယ်နဲ့ ဒန်နီကြားက ပြဿနာတွေ၊ နိုအာတို့အတွဲကြားက ပြ ဿနာအသစ်တွေလည်း ပါဝင်လာပါတယ်။ ထုံးစံအတိုင်း ဖရန်က လင်းမိသားစုနဲ့ ခရစ္စမတ် တွေ့ကြပြန်ပြီပေါ့ဗျာ.....။ Part One >>> ဒီလင့်မှာကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.4 GB) / (490 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family Translator.......Thura Aung Encoder..........SWM

Romance • Thriller
0 2021
The Business of Christmas 2
(18+)Future Century Amazons
6

Future Century Amazonies 2017 ဒီတစ်ခါ DS fan ညိုကီတို့အတွက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုတော့ စိတ်ခိုင်မှကြည့်ကြဖို့ အကြံပေးချင်ပါတယ်... စိတ်မခိုင်လဲ ကြည့်လို့တော့တန်ပါတယ်.... ဝမ်းဒါးဝူးမန်းထဲက အမေဇွန်ကျွန်းလေးပေါ်မှာ ငါများရောက်သွားရက်တော့ မချောဆယ်ယောက်ကိုယ်တစ်ယောက်ဖြစ်ရချည်သေးဆိုပြီး စိတ်ကူးယဉ်ဖူးတဲ့ ညိုကီတွေအတွက် အနာဂတ်က အမေဇွန်စီးတီးလို့ခေါ်တဲ့ မိန်းမတွေချည်းရှိတဲ့ မြို့လေးကို အခြေပြုတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပါ ဖန်ပြွန်သန္ဓေသားနဲ့ပဲကလေးမွေးကြပြီး ယောကျာ်းတွေဆီက သုတ်ပိုးကို အရှင်လတ်လတ်ပဲယူကြပါတယ် စိတ်ဆန္ဒပြေပျောက်ဖို့ကိုတော့ မိန်းမအချင်းချင်းပဲ တယောထိုးကြပါတယ်တဲ့ ဇာတ်လမ်းလေးက ဆန်းသလို ပြောတဲ့ဒိုင်ယာ‌လော့ခ်တွေကလည်း လုံးဝအလန်းပါ သွေးထွက်သံယိုတွေ ညစ်ညမ်းအခန်းတွေသာမပါရင် ဖိုမတန်းတူညီမျှရေးဇာတ်ကားဆိုပြီး လူတကာလိုက်ပြလို့ကိုရအောင် ရှယ်ကောင်းပါတယ် အဲ့တော့ မိန်းမတွေချည်းရှိတဲ့ကမ္ဘာတွေကို လေ့လာချင်တဲ့ ညိုကီတွေအတွက် မူးရင် ဒိုင်ကြောင်တွေလွှတ်ဖို့ ကိုးကားစရာစကားတွေပါ ပါတာမို့ လက်မလွှတ်ကြဖို့တော့ အကြံပေးလိုက်ပါတယ် File size…400MB Quality…HD DVD RIP Format…mp4 Duration….1h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Drama
6 2017 76 mins
(18+)Future Century Amazons
The Addams Family
7

~ IMDb - 6.9/10, Rotten Tomatoes - 67% ~ Addams Family ဟာ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ Fictional Family တစ်ခုဖြစ်ပြီး The New Yorker မဂ္ဂဇင်းမှာ 1938 ကတည်းက စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ နှစ်၁၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေပါပဲ။ Tom & Jerry ထက်‌တောင် နှစ်နှစ်စောပေါ်ခဲ့တဲ့ ဇာတ်ကောင်တွေ‌ပေါ့။ 1964 မှာ The Addams Family ဆိုပြီး TV series အနေနဲ့ စအသက်သွင်းခဲ့ပြီး Addams Family franchise ကြီးစတင်ခဲ့ပါတယ်။ ခုထိဆို တီဗီစီးရီး ၇ခု ထွက်ပြီးပါပြီ။ 1991-1999အတွင်းမှာတော့ ရုပ်ရှင်သုံးကားထွက်ရှိခဲ့ပြီး 2019 နဲ့ 2021 မှာတော့ အန်နီမေးရှင်း၂ကားထပ်ထွက်ခဲ့ပါတယ်။ 2022 မှာတော့ တင်ဘာတန်ရဲ့လက်ရာနဲ့ Wednesday ထွက်လာခဲ့ပါတယ်။ Addams တွေဟာ ၂၀ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ပြီး ၁၉၆၄ဇာတ်လမ်းတွဲမှာမှ ဇာတ်ကောင်နာမည်တွေ စပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွေဟာ Pop Culture တစ်ခုဖြစ်လာခဲ့ပြီး Video game တွေ Academic Book တွေအထိထွက်ခဲ့သလို အမေရိကန် Comics, Cinema နဲ့ Television တွေအပေါ် လွှမ်းမိုးမှုကြီးခဲ့ပြီး Goth Subculture နဲ့ Fashion တွေကိုလည်း မြစ်ဖျားခံစေခဲ့ပါတယ်။ တင်ဘာတန်ရဲ့ Gothic ဟန်ဟာလည်း Addams တွေနဲ့ မကင်းလောက်ပါဘူး။ အခုမှာတော့ ပထမဆုံးထွက်ခဲ့တဲ့ Addams Family ရုပ်ရှင်နှစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Classic လို့ ပြောလည်းမမှားတဲ့ကားတွေပေါ့။ ဟန်ဆောင်မှုကင်းစွာ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း ခြေထိုးခံတတ်ကြပြီး လူ့ဘောင်ကျင့်ဝတ်တွေနဲ့ လုံးလုံးလျားလျားလွဲနေတဲ့ သူတို့ရဲ့စံတွေကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်မှု၊ မြင်မှန်းတန်းမိသူတွေဆီက နားလည်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ခံရပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေဆီကနေတော့ လေးစားချစ်ခင်မှုကို ရရှိထားကြတဲ့ မိသားစုတစ်သိုက်ဖြစ်တဲ့ Addams Family အကြောင်းကို အားလုံးသိပြီးသားဆိုတော့ အထွေအထူးတော့ ပြောစရာမလိုပါဘူး။ တင်ဘာတန်ကြီးဖန်တွေရော Addams Family ဖန်တွေရော ကြည့်သင့်တဲ့ကားလို့ပဲ ပြောစရာရှိပါတယ်။ Dark Comedy Film တွေရဲ့ ထုံးစံအတိုင်း ဒီသောက်တလွဲလောကကြီးကို ဟားတိုက်ပစ်ချင်ရင်လည်း ကြည့်သင့်တဲ့ကားတွေပါပဲ။ ----------------------------------ဇာတ်လမ်းအကျဉ်း---------------------------------- သာမန်အချိန်တွေမှာ သူတို့နည်းသူတို့ဟန်နဲ့ စိတ်ချမ်းသာမှုအပြည့် ရှိနေတတ်ကြတဲ့ အက်ဒမ်စ်တို့အတွက် တစ်နှစ်တာမှာ တစ်ခုသောအချိန်ကတော့ စိတ်မချမ်းမြေ့စရာ ဖြစ်လေ့ရှိတယ်။ အဲဒါကတော့ အိမ်ကထွက်သွားပြီးတဲ့နောက် အသက်ဆုံးသွားပြီလို့ အားလုံးယူဆထားကြတဲ့ မိသားစုဦးစီးဂိုမက်ဇ်ရဲ့အစ်ကို ဖက်စတာအက်ဒမ်စ်ကို ဝိညာဉ်ပြန်ခေါ်ဖို့ ကြိုးစားကြတဲ့ညပဲ။ ဒါပေမဲ့ ဖက်စတာပျောက်သွားပြီးတဲ့နောက် ၂၄ နှစ်တိုင်အောင် ကြိုးစားလာခဲ့ပေမဲ့ ဘာမှမထူးခြားခဲ့တဲ့ ဒီဝိညာဉ်ခေါ်ပွဲတွေဟာ ၂၅ နှစ်မြောက်တဲ့ညမှာတော့ တစ္ဆေအနေနဲ့မဟုတ်ဘဲ အကောင်အထည်လိုက် ပြန်ပေါက်ချလာတဲ့ ဖက်စတာကြောင့်မို့ အံ့သြဝမ်းသာစရာ ဖြစ်သွားရတယ်။ ဒါပေမဲ့လည်း မသင်္ကာစရာတွေ ဆက်တိုက်ဖြစ်လာတဲ့နောက်မှာ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပြီးနောက် ပြန်ပေါ်လာတဲ့ သူ့အစ်ကိုဆိုသူဟာ တကယ်ပဲ ဖက်စတာဟုတ်ရဲ့လားလို့ ဂိုမက်ဇ်တစ်ယောက် သံသယဝင်လာချိန်မှာ ဖက်စတာအဖြစ်နဲ့ ဟန်ဆောင်ပြီးတော့ အက်ဒမ်စ်မိသားစုကို လှည့်ဖျားဖို့ကြံနေတဲ့ ဂေါ်ဒွန်ဟာလည်း သူ့ရဲ့တကယ့်မိသားစုက ဘယ်သူဆိုတာ တဖြည်းဖြည်းနဲ့ ဝေခွဲမရဖြစ်လာတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 560MB Quality - Extended 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 39Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Constanza Encoded by Y

Thriller
7 1991 102 mins
The Addams Family
Nini Thowok
6

CM ပရိတ်သတ်ကြီးအတွက် 2018 က ထွက်ခဲ့တဲ့ အင်ဒိုနီးရှား သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ "Nini Thowok" ဇာတ်ကားဟာ အနောက်ဂျာဗားရှိတဲ့ "ဆိုလို"ဆိုတဲ့ မြို့လေးမှာ အဖွားရဲ့အမွေဖြစ်တဲ့ မီခါဂျီဝူ ဟိုတယ်ကို မရောင်းခိုင်းဘဲ အတင်းအကျပ် ဖွင့်ဖို့စေခိုင်းခံရတဲ့ ညီမနာရာ (Nicole Rossi) နဲ့ သူမရဲ့အစ်မ နာဒင်း (Natasha Wilona) တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ Nini Thowok ဆိုတာ လူသားကဲ့သို့ လှုပ်ရှားနိုင်တဲ့ အရုပ်လို့ အဓိပ္ပါယ်ရပြီး ဝိညာဉ်တွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ အသုံးပြုတဲ့ အရုပ်လို့လည်း လူသိများကြပါတယ် ။ အဖွားဖြစ်သူ သေဆုံးပြီးတဲ့နောက် ညီအစ်မနှစ်ဦးဟာ အမွေရခဲ့တဲ့ ဟိုတယ်က သော့ခတ်ထားတဲ့ တားမြစ်အခန်းအတွင်းကို ဝင်ရောက်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်မှုကို ရှာတွေ့ရာမှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။ နာရာနဲ့ နာဒင်းတို့ ညီမနှစ်ယောက် ဟိုတယ်အတွင်းက လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာဖြစ်လို့ ထူးဆန်းစိတ်လှုပ်ရှားစရာတွေကိုမှ သဘောကျနှစ်ခြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ NanThin ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….1080p | 720p| 480p File size…1.1GB| 549MB | 215MB Format…mp4 Duration….1h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... NanThin Encoder .....August

Comedy • Romance • TV Movie
6 2018 87 mins
Nini Thowok
Satyaprem Ki Katha
6

Satyaprem Ki Katha (2023) IMDb-7/10 Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။ တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။ သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni

Comedy • Music • Romance
6 2023 146 mins
Satyaprem Ki Katha
Sicario: Day of the Soldado
6.9

Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကို ကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်း ရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာ လုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာက ပထမကားက Denis Villeneuve မဟုတ်တော့ပဲ Stefano Sollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။ သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေ Josh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊ Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက် မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေ ဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့ လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်း အာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာ လုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။ အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး အကြမ်းဖက် တိုက်ခိုက် တာတွေ ပြုလုပ်လာပါတော့တယ်။ ဒီတိုက်ခိုက်ရေးသမားတွေကို အမေရိကန်ထဲ မှောင်ခိုသွင်းပေးတာက မက်ဆီကန်မူးယစ်ဂိုဏ်းတွေ ဖြစ်နေတော့ အစိုးရအနေနဲ့ လက်မည်းကြီးလုပ်ပြီး နောက်ကွယ်ကနေ ဖြေရှင်းချင်တော့ကျ မက်ကို လှမ်းခေါ်ရပါတော့တယ်။ ဒီမှာ အမေရိကန် အနေနဲ့ ဒီဂိုဏ်းတွေကို အကြမ်းဖက်စာရင်းသွင်းပြီး ချေမှုန်းချင် တော့ကျ သူများနိုင်ငံထဲ ဖြစ်တဲ့အတွက် သူ့ခြံထဲက ကြက်အချင်းချင်း ပြန်ခွပ်ခိုင်းတဲ့အကွက် ဂိုဏ်းချင်းရန်တိုက်ပေးပြီး စစ်ဖြစ်အောင် ဖန်တီးပေးဖို့ မက်တို့ တာဝန်ကျလာပါတော့တယ်။ ဒီမှာတင် မက်ကလည်း သူ့လူဟောင်း အာလေဟန်ဒရိုကို ပြန်ခေါ် တပ်ဖွဲ့တစ်ခု ဖန်တီးပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဖြစ်သူကို ပြိုင်ဖက်ဂိုဏ်းက ပြန်ပေးဆွဲသယောင်နဲ့ အယောင်ဆောင်လုပ်ပြီး စစ်ပွဲ ဖန်တီးဖို့ ကြိုးစားချိန်မှာတော့ အောင်မြင်သွားမလား ဘာတွေဆက်ဖြစ်မလဲ စသဖြင့် သည်းထိတ်ရင်ဖိုစွာနဲ့ Sicario ထုံးစံအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သွေးအေးအေးနဲ့ စည်းလွတ်ဝါးလွတ် ကြမ်းတတ်တဲ့ မက်တစ်ယောက်နဲ့ လုပ်ရည်ကိုင်ရည်အလန်းစားနဲ့ သောက်ရမ်းကြမ်းတဲ့ Sicario ကြီး အာလေဟန်ဒရိုတို့ကို ပြန်ခံစားရမှာပဲ ဖြစ်ပါတယ်။ File size…5.60 GB / 1.95 GB / 747 MB Quality… Blu-Ray 4K HEVC /  1080p / 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.9 2018 122 mins
Sicario: Day of the Soldado
Overlord
6.7

ဇွန်လ ၁၁ ရက် ဒုတိယကမ္ဘာစစ်အတွင်းမှာ စေလွှတ်ခြင်းခံရတဲ့ အမေရိကန်စစ်သားတပ်စုတစ်စုရင်ဆိုင်တွေ့ရတဲ့ ကြောက်စရာ အဖြစ်ဆိုးကြီးအကြောင်းရိုက်ပြထားတဲ့ ၂၀၁၈ ထွက်ရုံတင်ကားသစ် တစ်ကားဖြစ်ပါတယ်... Rating 6.6 ရရှိထားတဲ့ဒီကားဟာ Action , Adventure , Horror ပုံစံဖြစ်ပါတယ်... ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ဂျာမနီအင်ပါယာကိုဖျက်စီးဖို့အတွက် ပြင်သစ်နဲ့ဗြိတိသျှတို့ပူးပေါင်းခဲ့ပါတယ် ဂျာမန်တို့ခြေကုန်ယူထားတဲ့ ကမ်းခြေဆီကို ရှေ့ပြေးစစ်ဆင်ရေးလုပ်ဖို့ မဟာမိတ်တပ်တစ်ခုစေလွှတ်ခဲ့ပြီး သူတို့အနေနဲ့ ခက်ခက်ခဲခဲ ထိုးဖောက်ဝင်ရောက်ခဲ့ပင်မယ့်လည်း မိမိတို့ကြုံရတဲ့အရာမှာ ဂျာမန်စစ်သားတွေသာမဟုတ်မှန်းသိခဲ့လိုက်ရတဲ့အခါ မထင်မှတ်ပဲစခန်းတွင်းဝင်မိပြီး ဂျာမန်တို့စမ်းသပ်နေတဲ့အရာတွေကို တွေ့လိုက်ရတဲ့အခါ.. ဘာတွေဖြစ်ကုန်မလဲ သူတို့ရဲ့တာဝန်ကိုကျေပြွန်နိုင်ပါ့မလား လူသားမဟုတ်တဲ့အရာတွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File Size : (2 GB) and (1 GB) Quality : Blu-Ray 1080p 5.1 CH and Blu-Ray 720p Running Time :1hr 50min Format : mkv and mp4 Genre : Action , Adventure , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Kyi Thar Oo Encoded by May Pyae Sone Oo

Drama • Mystery • Sci-Fi & Fantasy
6.7 2018 110 mins
Overlord
10 Tricks (2022) 18+
6.2

ကဲ ပရိသတ်ကြီးရေ ဒီတစ်ခါတော့ လှည့်ကွက်ကြီး ၁၀ခုအကြောင်းကို တင်ဆက်ပေးလိုက်ပါပြီ ရုပ်ရှင်လေးကတော့ အဖြူ အမဲ ကားလေးပါပဲ လှည့်ကွက်ကြီး ၁၀ခုဆိုလို့ ပိုက်ဆံလိမ်တာတို့ ဘာတို့တွေအထိ မတွေးလိုက်ကြပါနဲ့ အနီးအနားက ကိစ္စလေးတွေကိုပဲ တွေးလိုက်ကြပါ ယောကျာ်းထုကြီးအတွက် ကတော့ ကြည့်လို့လည်းကောင်းသလို ပညာတွေလည်းတစ်လှေကြီးရနိုင်မဲ့ ကားလေးပါပဲ အဲ အိမ်ထောင်ရှင် မမများအတွက်တော့ ကိုယ့် ယောကျာ်းထက်ခြေလှမ်း တစ်လှမ်းသာနေချင်ရင် ဒီကားလေးကိုကြည့်ပြီးသာ ပညာယူထားရမှာပါ ဟုတ်ကဲ့ ဒီရုပ်ရှင်ရဲ့ အဓိက လှည့်ကွက်ကြီး ၁၀ခုကတော့ ပြည့်တန်ဆာအိမ်မှာ ယောကျာ်းတွေလုပ်လေ့ လုပ်ထရှိတဲ့ အကြောင်းတွေပါပဲ အဲဒါအပြင် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးတဲ့ အကြောင်းလေးတွေရယ် အမ်းနိုင်သမျှအမ်းလွန်းတဲ့ မမကြီးတွေရဲ့ နှင်းဆီခိုင်လေးတွေအကြောင်းရယ်ကို သဘာဝကျကျ အဖြစ်ကိုအဖြစ်အတိုင်း ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ် (ဘာသာပြန်နေရင်းတောင် ငယ်ငယ်က သူငယ်ချင်းကိုသတိရမိသွားတဲ့အထိပါပဲ)အဲဒီတော့ ဇာတ်လမ်းရယ်ဆိုတာတော့ သေချာမရှိဘဲ ဖြစ်တတ်တဲ့သဘောတရားတွေကို ရိုက်ပြထားတာမို့လို့ တစ်ကားတည်းနဲ့ ဇာတ်လမ်းပေါင်း များစွားကို အဝကြီးကြည့်ရှုရမှာပါ ဒါပေမဲ့ ဒီကားလေးကိုကြည့်ရင် ရနိုင်မဲ့ အကျိုးကျေးဇူးလေးတွေကတော့ အဲဒီလိုနေရာကိုသွားရင် ဘာတွေကို ရှောင်ရမလဲ ဆောင်ရမလဲ ကိုယ်ကတော့ ကြွေသွားအောင်လုပ်လိုက်တာပဲ သူတို့အမြင်မှာတော့ဘယ်လိုဖြစ်သွားမလဲ ကောင်းမလေးတွေရဲ့ စိတ်ထားကို အပြည့်အဝမဟုတ်ဘူးဆိုပေမဲ့ ဘယ်လိုလေးနားလည်ထားအောင်လုပ်မလဲ အိမ်ထောင်သည် ယောကျာ်းတွေထဲမှာမှ အပျော်ရှာပြီးသွားတတ်တဲ့သူရှိသလို မိန်းမကရောဂါခံစားနေရလို့ ဘာမှမလုပ်ပေးနိုင်တာတောင် စည်းစောင့်တဲ့သူတွေဆိုတာ တကယ်ပဲရှိတာလား ပိုက်ဆံကျိကျိတက်ချမ်းသာပေမဲ့လည်း မိန်းမကအငြိမ်နေနိုင်ပါ့မလား ဆိုတာတွေကို အများကြီးကြည့်ရှုရမှာပါ လှည့်ကွက်တွေကိုတော့ မျက်လှည့်အကွက်လေးတွေနဲ့ နှိုင်းယှဉ်ပြထားပြီး မျက်လှည့်ဆရာတစ်ယောက်ရဲ့ ခံစားချက်လေးပါ ပေါ်လွင့်အောင်ရိုက်ပြထားလို့ ကြည့်ကိုကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲဗျာ မှတ်ချက် လူ ၁၈ယောက်တော့ စုကြည့်မှရမှာပါ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး ပြီးတော့ အဲဒီထဲကမင်းသမီးလေး က သေးသေးလေးနဲ့ချစ်ဖို့ကောင်းတယ်ဆိုပြီး စိတ်ကူးမိရင်လည်း Google လေးတော့ ခေါက်ကြည့်လိုက်ပါဦးနော် ဂျင်းဆိုတာက စားတတ်ရင် ကားမူးသက်သာပါစေပါတယ် File size…(2.1 GB)/(1.14GB)/(621 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy
6.2 1900 88 mins
10 Tricks (2022) 18+
Goldstone
6.6

ဒီဇာတ်ကားက Crime/Thriller အမျိုးအစား ဖြစ်ပြီးတော့ ကိုယ့်ရဲ့မွေးရပ်မြေမှာ အကျင့်ပျက်ခြစားမှုကြီးတစ်ခုကို ဖော်ထုတ်ခဲ့တဲ့ စုံထောက် ဂျေးစွမ်းန်ကို အာဏာပိုင်တွေက Goldstone ဆိုတဲ့ မြို့လေးတစ်မြို့ဆီပို့ပြီး ပျောက်ဆုံးနေတဲ့ အာရှသားတိုးရစ်တစ်ယောက်ကို ရှာဖွေဖို့ စေလွှတ်လိုက်ပါတယ်။ အဲဒီမှာမှ အကျင့်ပျက်ခြစားနေတဲ့ Goldstone မြို့တော်ဝန်တို့ လူတစ်စုနဲ့ လိုက်လျောညီထွေနေနေရတဲ့ နယ်ခံရဲ ဂျော့ရှ် ဝါးတားနဲ့ သွားတွေ့ပါတယ်။ အကျင့်ပျက်ခြစားနေတဲ့လူတွေကြား ကိုယ့်ရဲ့နဂိုကောင်းတဲ့စိတ်ရင်းအခံကို ချိုးနှိမ်ပြီး အလိုက်သင့် မျောပါနေရတဲ့ ဂျော့ရှ်တစ်ယောက်… မှန်ရင်ပြီးရော စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ စုံထောက် ဂျေးစွမ်းန်နဲ့ ထိပ်တိုက်တွေ့အပြီးမှာ ဘာတွေဘယ်လို ပြောင်းလဲသွားမလဲ… ကိုယ်စီက သက်ဆိုင်ရာတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်မလား၊ တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက် ဘယ်ဘက်ကို ရွေးချယ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်… File size…1.65GB / 743 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6.6 2016
Goldstone
Lost Love
6.8

Lost Love ( 2022 )===============ဟောင်ကောင်ရုပ်ရှင်Lost Loveဟာ ကလေးမွေးပြီး ရောဂါနဲ့ကလေးကို ဆုံးရှုံးသွားတဲ့ လင်မယားနှစ်ယောက်နဲ့ အစပြုထားတယ်။ သူတို့လင်မယားဟာ လင်က ကျောင်းကားမောင်း မယားက စပယ်ယာလုပ်နဲ့ အသက်မွေးကြပေမဲ့ သူတို့လုပ်တဲ့ ကျောင်းကားလိုင်းက ဖျက်သိမ်းဖို့ အချိန်တန်လာခဲ့တယ်။ လင်ကတော့ ကားလိုင်းပြောင်းလုပ်လိုက်ပေမဲ့ မယားကတော့ အလုပ်မရှိတော့ဘူး။ သူတို့ကလေးဆုံးရှုံးခဲ့တာကို မေ့ဖျောက်ထားဖို့ အလုပ်တွေပဲဖိလုပ်နေတဲ့ သူ့မိန်းမဟာ အလုပ်အသစ်တစ်ခု စပ်လိုက်တယ်။ အဲဒီအလုပ်ကတော့ မွေးစားခံရမယ့်ကလေးတွေကို မွေးစားမယ့်လူဆီ မရောက်ခင် ခဏလောက် အထိန်းမွေးစားပေးရတဲ့အလုပ်ပါပဲ။ ကလေးတစ်ယောက်ကို အထိန်းမွေးစားတယ်ဆိုတာ ထမင်းကျွေး ကျောင်းကြို ကျောင်းပို့နဲ့ ပြီးသွားမယ်လို့ သူထင်ခဲ့ပေမဲ့ ကလေးရဲ့စိတ်ကိုပါ နားလည်ပေးနိုင်ဖို့လိုတဲ့ အလုပ်ဆိုတာကို သူတဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့တယ်။ ဒီလိုနဲ့ သူကိုယ်တိုင်လည်း ကလေးတွေကို ချစ်စိတ်တွယ်လာပြီး ဆုံးရှုံးသွားတဲ့ သူ့သားလေးအစား ဒီကလေးတွေကို ပိုချစ်လာခဲ့တယ်။ ဒီအလုပ်ဟာ သူ့အတွက် အလုပ်သက်သက်မဟုတ်တော့ဘဲ သူချစ်တဲ့အရာဖြစ်လာတယ်။ ဒီလိုနဲ့ ကလေးတွေကလည်း သူ့ကလေးတွေလိုဖြစ်လာခဲ့တယ်။ ဒါပေမဲ့လည်း အချိန်တန်လို့ မွေးစားမယ့်သူပေါ်လာတဲ့အခါ သူလက်လွှတ်ရမှာပါပဲ။ ကလေးတွေနဲ့ ကလေးတွေကို ဂရုစိုက်တဲ့ အမျိုးသမီးတစ်ယောက်ကြားက ဇာတ်မှာ ဘာတွေဆက်ဖြစ်လာမလဲ LOST LOVE မှာ ကျွန်တော်တို့ ကြည့်ရပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1GB)/(570MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Thriller • Drama • Action
6.8 2023
Lost Love
Red Dust

အချစ်နဲ့ဆို လူတွေဟာ မျက်ကန်းလိုပါပဲတဲ့။ ဒီတစ်ခါမှာတော့ အချစ်နဲ့တွေ့လို့ အချစ်နွံနစ်ခဲ့ရတဲ့ ရှောင်ဟွားဆိုတဲ့ကောင်မလေးရဲ့အကြောင်း ဇာတ်လမ်းကို တင်ဆက်ပေးချင်ပါတယ်။ ၁၉၄၀ ခုနှစ်ဝန်းကျင်၊ တရုတ်ပြည်ကို ဂျပန်တွေ အုပ်စိုးခဲ့စဉ်ကာလမှာ ရှန်ရှောင်ဟွားဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ စာရေးဆရာမအလုပ်နဲ့ ဆောင်းပါးရေးပြီး အသက်မွေးနေခဲ့ပါတယ်။ သူရေးတဲ့ဝတ္ထုဆောင်းပါးရဲ့ အဓိကအခြေခံအုတ်မြစ်ကတော့ သူ့ဘဝဇာတ်ကြောင်းပါပဲ။ သူ့ဆောင်းပါးကို ကြိုက်နှစ်သက်သွားတဲ့သူကတော့ ချန်နန်ဆိုင်လိုခေါ်တဲ့ ဂျပန်အလိုတော်ရိ အမျိုးသားတစ်ဦးပါ။ ဆောင်းပါးကို ကြိုက်ရာကနေ လူကိုပါသဘောကျသွားခဲ့ပေမဲ့ ဂျပန်ဘက်တော်သားဖြစ်တဲ့သူ့ကို လိုက်လံသတ်ဖြတ်ဖိုကြံနေတဲ့ အမျိုးသားရေးဝါဒီတွေကလည်း ရှိနေပြန်ပါတယ်။ နိပွန်တွေလက်အောက်မှာသာ လုပ်နေတာ၊ တရုတ်တွေကို တစ်ခါမှမသတ်ဖူးပါဘူးဆိုတဲ့ ချန်နန်ဆိုင်နဲ့ တိုင်းပြည်သစ္စာဖောက်လို့လူတိုင်းက သတ်မှတ်ထားတဲ့သူကိုမှ ချစ်ကျွမ်းဝင်သွားခဲ့သူ စာရေးဆရာမလေးတို့ နှစ်ယောက် တရုတ်ပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းထဲမှာ အသက်နဲ့ပါရင်းပြီး အချစ်တွေခိုင်မြဲအောင် ဘယ်လိုလုပ်ကြမလဲ? IMDb 6.9/10 RT 44% ရထားတဲ့ ဒီဇာတ်ကားလေးထဲမှာ သူတိုနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ရှုစားကြည့်ကြရအောင်ပါ။ File size…(1.65 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Xing Egg

Horror • Thriller
0 1990
Red Dust
The Station Agent
7.6

The Station Agent (2003) ***************************** အရစ္စတိုတယ်ရဲ့ အဆိုအမိန့်တစ်ခုမှာ လူဟာ ပေါင်းသင်း ဆက်ဆံရေး သတ္တဝါပါတဲ့။ လူတိုင်းဟာ မတူညီတဲ့တိုက်ပွဲတွေကို ကိုယ့်ပုံစံနဲ့ကိုယ်ဆင်နွှဲနေကြရလို့ ပင်ပန်းအားငယ်လာချိန်မှာ စကားတွေကို ဝေဖန်မှုမရှိ နားထောင်ပေးမဲ့သူတစ်ယောက်၊ ပြင်ဆင်မရတဲ့ ကိုယ့်ဖြစ်တည်မှုကို ‌ ဝေဖန်ပိုင်းဆစ်မှုမရှိ ပကတိအတိုင်း လက်ခံမဲ့သူတစ်ယောက်၊ ကိုယ့်စိတ်ရဲ့ နာကျင်ခံစားရမှု အတိုင်းအတာကို တန်ဖိုးလျှော့ချမှုမရှိဘဲ နားလည်ပေးမဲ့သူတစ်ယောက်တော့ ဘဝမှာလိုကြစမြဲတဲ့လေ။ လူအဖွဲ့အစည်းနဲ့ ဝေးဝေးနေချင်ကြသူတိုင်းမှာ ကိုယ့်စိတ်ကို နားလည်ပေးမဲ့သူတစ်ယောက်ကို တောင်းတနေတဲ့ မသိစိတ်လည်း ကိန်းအောင်းနေတတ်လေ့ရှိစမြဲပဲမလား။ ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ပြဿနာကိုယ်စီနဲ့ လူ ၃ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲတွေ အထီးကျန်ဆန်မှုတွေနဲ့ နားလည်မှုရှိတဲ့ ပေါင်းသင်းဆက်ဆံရေးရဲ့ အရေးပါမှုတွေကို ဖော်ထုတ်တင်ဆက်ထားပြီး သိမ်သိမ်မွေ့မွေ့ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်သူ ဖင်းဘားဟာ မိတ်ဆွေဟင်နရီနဲ့အတူ နေထိုင်သူတစ်ဦးဖြစ်ပြီး ဟင်နရီကွယ်လွန်တဲ့ အခါမှာတော့ နယူးဂျာစီပြည်နယ်အတွင်းက မီးရထားစက်ပြင်ရုံဟောင်းရှိရာ မြေဧကဝက်ကို အမွေရရှိခဲ့ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်နေသူအဖို့ သာမန်လူတို့ရဲ့ လှောင်ပြောင်သော၊ နှိမ့်ချသော၊ စက်ဆုပ်သော၊ သနားသော၊ ကရုဏာသက်သော စသည့် အမျိုးစုံသော စကားများ အကြည့်များကို ငြီးငွေ့နေပြီး၊ သာမန်လူတစ်ယောက်အဖြစ်သာ မြင်လိုခွင့်ကို အရေးမစိုက်ပေးသော လူအများနဲ့ ဝေးဝေးနေရန် အတွက်၊ မိတ်ဆွေထံမှ အမွေရသော ရထားစက်ပြင်ရုံဟောင်းဆီသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ရထားစက်ပြင်ဟောင်းအနီး ဟော့ဒေါ့ရောင်းချသူ ဂျိုးဟာတော့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ကျန်းမာရေးချို့တဲ့သူ ဖခင်နှင့်အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရာရာကို စိတ်ကုန်ခမ်းနေသယောင် မျက်နှာထားနဲ့ အိုလစ်ဗီယာဟာ ဂျိုးရဲ့ ဖောက်သည်ဖြစ်နေပါတယ်။ တစ်ရက် ဖင်းဘားတစ်ယောက် လမ်းလျှောက်လာစဉ် လမ်းဘေးတစ်နေရာမှာ အိုလစ်ဗီယာ ကားနဲ့တိုက်မိမလိုဖြစ်ကာ ၎င်းတို့ ၃ ယောက် အချင်းချင်းသိကြဖို့ ဖြစ်လာပြီး မတူညီတဲ့ အခက်အခဲကိုယ်စီနဲ့ အထီးကျန်နေသူ သူစိမ်းပြင်ပြင် ၃ ယောက်တို့ ပတ်သက်ဆက်နွယ်ဖို့ ဖြစ်လာခဲ့ကြပါတော့တယ်။ ဒီကားဟာ အနုပညာလောကမှာ အော်စကာဆုအပါအဝင် ထူးချွန်ဆုများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Tom McCarthy ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ BAFTA အကောင်းဆုံးဇာတ်ညွှန်းဆုရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာများအကြား အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ကာ Tom McCarthy ရဲ့ အနုပညာအရည်အသွေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကားဆိုရင်လည်း မှားမှာမဟုတ်ပါဘူး။ စိတ်နှလုံးထိခိုက်ဖွယ်ရာ ဘဝများကို ပြုံးချင့်စဖွယ် အနုပညာမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်လို့ ရုပ်ရှင်ချစ်မြတ်နိုးသူ ပရိသတ်များ လက်လွှတ်မခံသင့်တဲ့ ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Ye Thiha Htetက ရေးသားထားပါတယ်) File Size – 2.77 GB/ 834 MB Quality – WEB-DL 1080p/ 720p Duration – 1h 29m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Ye Thiha Htet Encoded by – Treasure Htet

Comedy • Drama • Family • Romance
7.6 2003 88 mins
The Station Agent