YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Fugueuse.S01E05.1080p.NF.WEB-DL.DDP5.1.H.265-Naung.mkv

1.32 GB 1080p video/x-matroska 47 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Romantic Adventures
2

အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။ တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲ သူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့ တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။ သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူး ယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။ လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကို ပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီး အပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။ သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့...... သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား...... ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Drama • History • Romance
2 2023 89 mins
Romantic Adventures
My Sassy Girl
6.7

My Sassy Girl (2023) အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ "မိထူးဆန်း" လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ "မ"ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ဆစ်စီဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ဂီအန့်ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။ IMDb 7.1/10 ဆိုတော့လည်း မူရင်းကိုရီးယားကားကို ရင်ပေါင်တန်းနိုင်တယ်လို့ ပြောရလောက်တဲ့ remake ပါ။ ဘယ်အချိန်ကြည့်ကြည့် ဘယ်တော့မှရိုးမသွားတဲ့ My Sassy Girl。。。 အင်ဒို version မှာရော ဂီအန်တစ်ယောက် အချစ်ဦးကြောင့် ဘယ်လိုမျိုး မရိုးမရွတွေ ခံစားပြီး မေ့မရဖြစ်နေရဦးမလဲဆိုတာတော့。。。အားလုံးပဲ ဂီအန်နဲ့အတူ လိုက်လံခံစားကြည့်ကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 873MB | 428MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Comedy • Family • TV Movie
6.7 2022 117 mins
My Sassy Girl
[REC]⁴ Apocalypse
5.6

လူကြိုက်များတဲ့ REC ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးစတုတ္ထမြောက်ကားပဲ ဖြစ်ပါတယ်။ အရှေ့က သုံးကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့ အရှေ့သုံးကားကိုအရင်ဆုံးကြည့်ပြီးမှ ဒီဇာတ်ကားကိုကြည့်ဖို့ အကြံပေးပါရစေ။ REC 4 ကိုတော့ ဒါရိုက်တာ Jaume Balaguero ကရိုက်ကူးထားပြီး ရှေ့ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီး အန်ဟယ်လာဗီဒယ်အဖြစ် မင်းသမီး Manuela Velasco ကအဓိကသရုပ်ဆောင်အနေနဲ့ ပြန်လည်ပါဝင်လာပြီး Pavo Manzanedo, Hector Colome, Ismael Fritschi နဲ့ Crispulo Cabezas တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rec 3 အဆုံးမှာ အန်ဟယ်လာဗီဒယ်ကို ကယ်တင်ခဲ့ပြီးနောက်မှာ စစ်ဆေးမှုတွေအကြိမ်ကြိမ်အခါခါလုပ်ပြီး ရောဂါဖြစ်ပွားတဲ့နေရာကိုဝင်ရောက်ခဲ့သူများကို သင်္ဘောတစ်စီးဖြင့် ပင်လယ်ထဲစေလွှတ်ခါ ဗိုင်းရပ်စ်ကိုအနိုင်ယူနိုင်မယ့် ဖြေဆေးကိုဖော်စပ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြေဆေးကမအောင်မြင်တဲ့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကိုရှာဖွေတဲ့အခါမှာ ကင်မရာထဲက အန်ဟယ်လာရဲ့မှတ်တမ်းတွေကို တွေ့ရှိသွားတဲ့အခါမှာတော့... အန်ဟယ်လာအနေနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေခဲ့တာလဲ သူ့ကတကယ်ပဲ ကူးစက်ခံထားရတာလား ဖြေဆေးကိုရော တကယ်ပဲဖော်စပ်နိုင်သွားမလား သူတို့စီးနေတဲ့ သင်္ဘောကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို သွေးသံတရဲရဲနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုအခန်းများ အများအပြားပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါခင်ဗျာ... File Size : (1.6GB) and (744MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:35:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Comedy • Romance • TV Movie
5.6 2014 95 mins
[REC]⁴ Apocalypse
Blank
4

Boston Science Fiction Film Festival မှာ Best Director, Best Production Design, Best Actor ဆုတွေရထားတဲ့ Sci-Fi ရုပ်ရှင်ပါ ။ Sci-Fi တွေချည်းပြတဲ့ပွဲမှာ ဆုရထားတဲ့ Sci-Fi ကားဆိုတော့ စဉ်းသာစားကြည့်‌ပေါ့။ IMDb ကလည်း 7.5/10 ဆိုတော့ စောက်ချဉ်တော့မဟုတ်ဘူး။ နာမည်ကြီးစာရေးဆရာမတစ်ယောက် စာရေးမထွက်လို့ ဆိတ်ငြိမ်ရိပ်သာလို့ခေါ်တဲ့ အေအိုင်အကူအညီနဲ့ ဧကစာရီနေပြီး စာရေးဖို့လုပ်တယ်။ အေအိုင်က ၂မျိုး၊ တစ်ခုက ရိုဘော့ သူ့ကိုဝေယျာဝစ္စလုပ်ပေးမယ့် လက်ထောက်၊ နောက်တစ်ယောက်ကတော့ အကြံပေး လမ်းညွှန်ပေးတဲ့ အရိပ်လိုဟာ...။ သူစာရေးလို့ပြီးမှ သူအဲဒီကထွက်လို့ရမယ်ပေါ့။ ကံဆိုးချင်တော့ ဗိုင်းရပ်စ်ဝင်သွားပြီး စစ္စတန်တစ်ခုလုံး ဇောက်ထိုးတွေဖြစ် ရိုဘော့အေအိုင်နဲ့ သူနဲ့ပြဿနာတွေတက်လာတဲ့အခါမှာ သည်းထိတ်ရင်ဖို Thriller ကား တစ်ကားအဖြစ် အသက်ဝင်လာတယ်။ မထင်ထားတဲ့ Plot Twist အကြမ်းစားကြီးကိုလည်း တွေ့ကြရမယ့်၊ အသည်းတအေးအေးနဲ့ ကြည့်ရမယ့် ဆုရ Sci-Fi Thriller ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 35Min Genre - Drama, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Crime • Thriller
4 2022 95 mins
Blank
Slumber Party Massacre
5.6

(1982)ကထွက်ရှိခဲ့တဲ့ အထက်တန်းကျောင်းသူလေးတွေအပန်းဖြေခရီးထွက်ရင်း လွန်ပူတစ်လက်နဲ့လူလိုက်သတ်တဲ့ လူသတ်သမားနဲ့ကြုံခဲ့ရတဲ့ The Slumber Party Massacreကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ပူလူသတ်သမားရဲ့လက်ချက်ကနေ တစ်ဦးတည်း သောအသက်ရှင်ကျန်ခဲ့တဲ့သူဖြစ်တဲ့မိခင်အတွက် သမီးဖြစ်သူဒန်နာက ဒီလိုအတိတ်ဆိုးက မိခင်ကိုလွတ်အောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိခင်ကြုံတွေ့ခဲ့ရတဲ့နေရာကို သူငယ်ချင်းတစ်သိုက်နဲ့ခရီးထွက်တာပါပဲ။ သူတို့တွေကအစီအစဉ်ဆွဲပြီးလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေနဲ့ကြုံခဲ့ပြီးတော့ အသက်ဘေးတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဒီလိုအသက်ဘေးတွေကနေ ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကိုကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.52 GB) / (674 MB) / (439 MB) Quality – BluRay 1080p / 720p/480p Duration - 1h 26mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Chit Tee Encoder – SWM

Action • Adventure • Fantasy
5.6 2021 86 mins
Slumber Party Massacre
Needle in a Timestack
5.5

အနာဂတ်ကာလမှာ အချိန်ခရီးသွားခြင်းကိုအောင်မြင်ခဲ့ကြပါတယ်။ ပိုက်ဆံရှိတဲ့ သူဌေးတွေကတော့ ပိုက်ဆံအများကြီးပုံပေးရင်း အတိတ်ကိုပြန်သွားပြီး သမိုင်းဝင်ဖြစ်ရပ်တွေကိုကြည့်ကြတာ၊ အတိတ်ကို မတော်တဆ (သို့) တမင်ပြောင်းလဲတာမျိုးတွေ လုပ်ပစ်ကြလေ့ရှိပါတယ်။ သူတို့ပြောင်းလဲလိုက်တာတိုင်းက အနာဂတ်အချိန်ကို အချိန်ကူးပြောင်းမှုဆိုတွေလှိုင်းတွေနဲ့ရိုက်ခတ် လေ့ရှိပြီး တချို့လူတွေ၊ ဖြစ်ရပ်တွေက ပြောင်းလဲသွားတတ်ကြပါတယ်။ နစ်ခ်နဲ့ ဂျန်နင်ကတော့ ပျော်ရွှင်စွနေထိုင်နေကြတဲ့အတွဲလေးဖြစ်ပြီး လတ်တလောလေးမှာတင် အချိန်ကူးပြောင်းမှုလှိုင်းသုံးခုလောက် ရိုက်ခတ်တာခံထားရတာပါ။ ဒီလိုနဲ့ နစ်ခ်ကလည်း ဂျန်နင်ရဲ့ ခင်ပွန်းဟောင်း သူဌေး တွမ်မီက အချိန်ခရီးသွားပြီး သူတို့ရဲ့ ဖြစ်တည်မှုကိုဖျောက်ဖျက်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ သံသယဝင်လာခဲ့ပါတော့တယ်။ တနေ့မှာတော့ နစ်ခ်နဲ့ဂျန်နင်တို့ ခရီးသွားဖို့လုပ်နေကြတုန်းမှာပဲ အချိန်ကူးပြောင်းမှုလှိုင်းရိုက်ခတ်တာကိုခံလိုက်ရပြီ ဂျန်နင်က တွမ်မီဆီကိုပြန်ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နစ်ခ်လည်း အနာဂတ်ကာလအချိန်မှာပဲ ပိတ်မိနေမလား၊ သူ့မိန်းမဂျန်နင်ကို ပြန်ရအောင်ကြိုးစားမလား၊ သူ့မိန်းမနဲ့အတူ ပြန်ရှိနေနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Drama • Thriller
5.5 2021 111 mins
Needle in a Timestack
Bridget Jones’s Baby
6.5

Bridget Jones’s Baby (2016) ~ IMDb – 6.5/10, RT – 78%, Meta – 59% ~ ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။ 2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။ အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ဒိတ်လွန်နေတော့ ဘရစ်ဂျစ်မှာ ကိုယ်၀န်ရှိလာပါတော့တယ်။ ကိုယ်၀န်က ဘယ်သူ့ဟာလဲဆိုတာ မသိတဲ့အခြေအနေမှာ တစ်ညအတူအိပ်ခဲ့တဲ့သူကလည်း မီလီယံနာသူဌေးတစ်ယောက်ဖြစ်နေပါတယ်။ ကိုယ်၀န်ကိစ္စကို နှစ်ယောက်လုံးသိသွားတဲ့အခါမှာ နှစ်ယောက်လုံးက ဘရစ်ဂျစ်နဲ့ကလေးကို အပြိုင်အဆိုင်ဂရုစိုက်ပါတော့တယ်။ ဒါပေမဲ့လည်း မာ့ခ်ကတော့ အလုပ်များတာနဲ့ ဘရစ်ဂျစ်လိုတဲ့အချိန်မှာ မလာနိုင်တာမျိုးဖြစ်ပြီး ကတောက်ကဆဖြစ်တာမျိုးရှိပါတယ်။ နောက်ဆုံး DNA စစ်ပြီးတဲ့အခါမှာ ကလေးရဲ့ဖခင်အစစ်က ဘယ်သူဖြစ်မလဲ၊ ဘရစ်ဂျစ်ကရော ဘယ်သူ့ကိုရွေးချယ်မှာလဲ၊ ဘရစ်ဂျစ် အမှန်တကယ်ချစ်တဲ့သူက ကလေးဖခင်ဖြစ်ပြီး ပျော်ရွှင်စွာအဆုံးသတ်မှာလားဆိုတာ ဟာသလေးတွေပါရောပြီး စိတ်၀င်စားဖွယ်ကြည့်ရမှာပါ။ နာမည်ကျော်အဆိုတော် Ed Sheeran ကလည်း Guest အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 48Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.5 2016 123 mins
Bridget Jones’s Baby
Gilda
7.6

Gilda (1946) ~ IMDb – 7.6/10, Rotten Tomatoes – 90% ~ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။ အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။ Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ဝဲခနဲခါလိုက်တဲ့အချိန်ကတော့ ကျုပ်အကြိုက်ဆုံး အခန်းပဲဗျို့ တဲ့။ ဒီတော့ အခု အဲဒီ Gilda ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မှော်ဆရာမလေး၊ ရှေးခေတ်ရဲ့ အတောက်ပဆုံးကြယ်တစ်ပွင့် Rita Hayworth ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားပါ။ အမေရိကန်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားရမယ့် အမွေအနှစ်ဇာတ်လမ်းစာရင်းမှာ တင်သွင်းသတ်မှတ်ခံထားရတဲ့ ဇာတ်လမ်းပေါ့။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအသားပေးရိုက်ကွက်တွေနဲ့ပေါ့ဗျာ။ နှမြောစရာကောင်းတာက ဇာတ်ဝင်တေးတွေကို စာတန်းထိုးမထားတာပဲ။ ဒါပေမဲ့ “Put the Blame on Me” နဲ့ “Let Be the Night Forever” ဆိုပြီး ရှာနားထောင်ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကျဉ်းကတော့ လောင်းကစားနဲ့ ဘဝကိုဖျံကျလာတဲ့ ကောင်ကလေး ဂျွန်နီ ဖဲရာ ကို လုပ်ငန်းရှင်ကြီးတစ်ယောက်က သဘောကျလို့ လူယုံတော်အဖြစ် ခန့်လိုက်သတဲ့။ လုပ်ငန်းရှင်ကြီး မတ်ဆွန် က နှယ်နှယ်ရရတော့ မဟုတ်ဘူး။ လောင်းကစားက တရားမဝင်တဲ့ အာဂျင်တီးနားနိုင်ငံမှာ လောင်းကစားရုံဖွင့်နေတဲ့ဘဲကြီး။ လောင်းကစားရုံက ဟန်ပြပဲရှိပါတယ်လေ။ တကယ်က အဖြိုက်နက်သတ္တုတူးဖော်ရေးနဲ့ တီထွင်မှု မူပိုင်ခွင့်တွေနဲ့ စစ်ကြီးပြီးကာစ ကမ္ဘာကို စီးပွားရေးနဲ့ အုပ်စိုးဖို့ ပြင်နေသူကြီးပေါ့။ ဂျွန်နီက သူ့ရဲ့ အာစရိကို မျိုးစုံကာကွယ်ပေး၊ လုပ်ငန်းတွေ ဦးစီးပေးလို့ အာမခံသေတ္တာနံပါတ်တောင် ပြောပြခြင်းခံရသူပါ။ ဒါပေမဲ့ မတ်ဆွန် တစ်ယောက် မိန်းမယူပြီး ပြန်လာချိန်မှာတော့ အရာအားလုံးက ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ချစ်သူဟောင်းကို ဆရာကတော်အဖြစ် ရင်ဆိုင်ရမယ့် ဂျွန်နီ တစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ… အရှုပ်တော်ပုံကြီးထဲမှာ အရူးလင်တော်မိတဲ့ ဂီဒါ လေးကရော ဘာဆက်လုပ်မလဲ… Rating သိပ်ကောင်းတဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ ဇာတ်ကွက်တွေ၊ သရုပ်ဆောင်တွေက ပိရိလွန်းပါတယ်။ သီချင်းတွေ၊ ကတဲ့ဝတ်စုံတွေကလည်း တစ်ခေတ်တစ်ယောက် ပညာရှင်တွေ အစွမ်းကုန်ကြဲထားတာမလို့ ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားဟောင်းလေးဖြစ်ပါကြောင်း…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 887MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 50Min Genre – Drama, Film-Noir, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.6 1946 110 mins
Gilda
Befikre
4.1

Befikre (2016) =================== “ပါရီမြိုကို သက်သေတည်” CM ပရိသတ်ကြီးအတွက် ချိုမြိန်ပြီး ချစ်ဖိုကောင်းတဲ့ ၂၀၁၆ က ဟင်ဒီရိုမန့်ဇာတ်လမ်းအဟောင်းလေး တင်ဆက်ပေးလိုက်ပါတယ် သရုပ်တောင် အချောအလှတွေတင်မက အရောင်အသွေးစုံလင်တဲ့ ပဲရစ်မြိုကြီးကို နောက်ခံထားပြီး ရိုက်ထားတာဆိုတော့ ရိုမန့်တစ်မဆန်မှာတော့ မပူနဲ့ ကမ္ဘာ့ပေါ်မှာ ရိုမန့်တစ်အဆန်ဆုံး မြိုလေးအဖြစ် ပဲရစ်မြိုလေးကို သတ်မှတ်ထားကြတာ အားလုံးသိမှာပါ ရမ္မက်ပြင်းတဲ့ french kiss ဆိုတဲ့ သမုတ်ချက်တွေလည်း ရှိတဲ့အပြင် သော့ခလောက်တွေ တံတားဘောင်မှာ အစုလိုက်အပြုံလိုက် ခတ်ပြီး ချစ်သက်သေတည်တယ်ဆိုတာတွေလည်း ကြားဖူးမှာပါ ဇာတ်လမ်းလေးကတော့ အတော်လေးရိုးရှင်းပါတယ် အိန္ဒိယဖွား ရယ်ရယ်မောမော နေတတ်တဲ့ ဟာသပညာရှင် ဒါရမ်နဲ့ အိန္ဒိယသွေး/ပြင်သစ်သူ ဖြစ်တဲ့ တိုးဂိုက် ရှာယာတို ရိုမန့်မြိုတော် ပဲရစ်မှာ ဆုံကြတယ်ပေါ့ ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ တောသားမြိုတက် ဒါရမ်တို အဝေမတည့်တာတွေ ခဏခဏ ဖြစ်ကြပေမယ့် ရန်ဖြစ်လိုက် ပြန်အဆင်ပြေသွားလိုက်ပါပဲ ဒီတစ်ခေါက်မှာတော့ တစ်ကိုယ်တည်းနေဖို ကိုယ်စီကိုယ်ငှ ဆုံးဖြတ်ကြပေမယ့် ပဲရစ်မြိုက အမှတ်တရတွေက မနေသာလို ပြန်ဆုံကြပြီး လမ်းခွဲခြင်းသော့ခလောက်ကို နှစ်ဦးသဘောတူ တိုင်တည်ကာ “သူငယ်ချင်းတွေလို” နေဖို ဆုံးဖြတ်လိုက်ပေမယ့်… တကယ်တမ်း တစ်ချိန်က ကြည်နူးခြင်း အမှတ်တရများစွာကို သူငယ်ချင်းဆိုတဲ့ စည်းဘောင်က ထိန်းနိုင်ပါ့မလား ဆိုတာကတော့… ဒီ ရိုမန့် ကမ်မဒီ အဟောင်းလေးမှာပဲ ပရိသတ်ကြီးက ကြည့်ရှုခံစားပေးပါဦးနော် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

4.1 2016
Befikre
Special Double
5.7

ရုပ်ရှင်ကြည့်တဲ့လူတိုင်း ရိုက်ကွင်းမှာ အစားထိုးသရုပ်ဆောင်ဆိုတာ ရှိတတ်မှန်း သိပေမဲ့ သူတို့တွေ ဘယ်လို အလုပ်လုပ်ရသလဲကိုတော့ သေချာမသိကြဘူးထင်ပါတယ်။ Special Double ဆိုတဲ့ ရုပ်ရှင်လေးကတော့ အဲလို အစားထိုးသရုပ်ဆောင်တွေရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဟန်ကျားကျယ်ဟာ သိုင်းအစားထိုးသရုပ်ဆောင်ဖြစ်ပြီး ဂျက်ကီချန်းတို့ ဂျက်လီတို့လို အောင်မြင်တဲ့ အက်ရှင်သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်လောကမှာတော့ သိုင်းအစားထိုးအလုပ်က အန္တရာယ်များပြီး ဝင်ငွေနည်းတဲ့အတွက် သူ့ဘဝ စားဝတ်နေရေးအတွက်တောင် အခက်အခဲရှိနေပါတယ်။ ရည်းစားဖြစ်သူ ယွီရှင်းက လိုက်ဖ်လွင့်တဲ့အလုပ်က ငွေပိုရတဲ့အတွက် ရှန်ဟိုင်းကို ထွက်သွားတဲ့အခါ၊ သူငယ်ချင်းကျိုးမြောင်က မတော်တဆထိခိုက်မိပြီး ခြေထောက်ကျိုးသွားလို့ ဇာတိကို ပြန်သွားရတဲ့အခါ၊ အနားက အလုပ်တူတူလုပ်တဲ့လူတွေ အကြောင်းအမျိုးမျိုးကြောင့် ဒီလုပ်ငန်းကို စွန့်ခွာသွားကြတဲ့အခါ ဟန်ကျားကျယ် တစ်ယောက် လမ်းပျောက်သွားခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ အရက်ဆိုင်မှာ အရက်သောက်နေတုန်း မိန်းကလေးတစ်ယောက်ကို တိုက်ခိုက်ခံရမဲ့အန္တရာယ်က ကယ်ပေးခဲ့လိုက်ပါတယ်။ ဒါပေမဲ့ သူကယ်ပေးတဲ့လူက မူးယစ်ဂိုဏ်းခေါင်းဆောင်ရဲ့သမီး အိုးယင်ယင်ဖြစ်နေပါတယ်။ ငွေလိုနေတဲ့ ဟန်ကျားကျယ်ဟာလည်း ငွေအလွယ်ရမဲ့ မူးယစ်ရောင်းချရေး လုပ်ငန်းထဲ ပါဝင်လာခဲ့ပါတယ်။ အိပ်မက်အပြည့်နဲ့ လူငယ်တစ်ယောက်က မူးယစ်ဂိုဏ်းထဲ ရောက်သွားပြီလား…… အိပ်မက်ကို ဆက်တောင့်ခံပြီး ကြိုးစားနိုင်မလား…… ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။

Crime • Horror • Thriller
5.7 2024
Special Double
The Man Rebounds
5.8

လိမ်လည်မှုတစ်ခုကြောင့် ဟော့ပေါ့ဆိုင်သူဌေးကြီး ဘဝကနေ ဒေဝါလီခံလိုက်ရပြီး ထောင်ကျသွားသူ ဝေ့တုန်းဟာ ၃ နှစ်ကြာတဲ့အချိန်မှာ ထောင်ထဲက ထွက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အမြတ်ကြီးကို မက်ပြီး ရှယ်ယာဈေးကွက်ထဲ ဝင်မိပြီး ကိုယ်တိုင်က ဒုက္ခရောက်ရတဲ့အပြင် မိသားစုတစ်ခုလုံး ဒုက္ခရောက်ခဲ့တဲ့ ဝေ့တုန်းမှာ ကလဲ့စားချေစရာ ရန်သူကြီးတစ်ယောက် ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ဝေ့တုန်းရဲ့ ဇနီးဖြစ်သူကို မူးယစ်ဆေးတွေ ထိုးသွင်းခဲ့ပြီး သတ်ခဲ့တဲ့ ယူနန်က မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး ရှန်းရှစ်ပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ယူနန်က မူးယစ်တိုက်ဖျက်မှု စီမံကိန်းကြောင့် ရှန်းရှစ်မှာလည်း ပုန်းခိုနေရသူဖြစ်ပါတယ်။ တစ်နေ့မှာ ရှန်းရှစ်ရဲ့ လက်အောက်ငယ်သား ၂ ယောက်က မူးယစ်ပို့တဲ့ လမ်းပေါ်မှာ ကုန်တင်ကားဆရာတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ပြီး အချင်းချင်း စိတ်မထိန်းနိုင်ဘဲ လူသတ်မှုအထိ ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ ကုန်တင်ကားဆရာက မူးယစ်ဆေးနဲ့ ငွေတွေကို ယူသွားခဲ့တဲ့အတွက် ရှန်းရှစ်တို့အဖွဲ့ ဒေါသူပုန်ထပြီး အဲဒီလူကို တွေ့အောင်လိုက်ရှာပါတော့တယ်။ ဝေ့တုန်းတစ်ယောက် ရှန်းရှစ်တို့ အဖွဲ့နဲ့ ဘယ်လိုပတ်သက်မိမလဲ…… မူးယစ်ဆေးဝါးတွေကိုရော ရှာတွေ့ကြမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Romance • Science Fiction
5.8 2024
The Man Rebounds
78 Days 78 dana
7.4

78 Days (2024) IMDb Rating (7.4) ၁၉၉၉ ကိုဆိုဗိုစစ်ပွဲတွေဖြစ်နေတဲ့ ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ ဆာဘီးယားရုပ်ရှင်ပါ။ ဒီဒေသကစစ်ပွဲတွေ အငြင်းပွားမှုတွေဟာ နှစ်တွေတော်တော်ကြာခဲ့သလို ပြီးလည်းမပြီးသေးပါဘူး။ သူ့ဇာတ်အိမ်တည်ထားတဲ့ကာလကတော့ နာမည်အကျော်ခဲ့ဆုံး အရှိန်အကောင်းဆုံးကာလပေါ့။ ရုပ်ရှင်ကတော့ ဒီစစ်ကို နောက်မှာသဲ့သဲ့လေးထားပြီး coming of age ဆန်ဆန် ညီအစ်မသုံးယောက်ရဲ့ ဒီကာလတွင်း အခြေအနေကို ရိုက်ပြထားတာပါ။ ဒိုကူမန်ထရီလို့တောင် ထင်ရအောင်ကို ရိုက်ပြထားတယ်။ စစ်ကြီးက တစ်ဖက်မှာဖြစ်နေတဲ့အချိန် စစ်ကြီးထဲကလူတွေ ဘယ်လိုရှင်သန်ကြလဲဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လို့ပဲ ပြောချင်ပါတယ်၊။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.6 GB) / (2.4 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Family • Comedy • Adventure
7.4 2024 82 mins
78 Days 78 dana
Resident Evil: Degeneration
6.4

Resident Evil: Degeneration (2008) IMDb Rating (6.4) / Rotten Tomatoes (67%) ဒီဇာတ်ကားကတော့ နာမည်ကျော် Resident Evil gamefranchiseကြီးရဲ့ ပထမဆုံး animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Gameရဲ့ အဓိကဇာတ်ကောင်တွေပဲ ဖြစ်တဲ့Leonနဲ့Claireတို့ ပါဝင်ထားပြီး အမိုက်စားအက်ရှင်တွေနဲ့အကြမ်းစားဇွန်ဘီတွေကို မိတ်ဆက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းက Umbrella လုပ်ငန်းစုရဲ့ ဗိုင်းရပ်ပိုး‌ကြောင့် တစ်မြို့လုံး ဇွန်ဘီတွေဖြစ်ကုန်တဲ့ ရက်ကွန်းမြို့တော်ကိုအစိုးရက အဏုမြူဗုံးကြဲပြီး မကြာခင်ကာလကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်ကပ်‌ဘေး ဖြစ်ပြီးနောက်ဝေလ်ဖာမာဆိုတဲ့ ကုမ္ပဏီက လူတွေနဲ့ သုတေသနလုပ်ပြီးဗိုင်းရပ်ဖြေဆေး ဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့သုတေသနနဲ့ဆိုင်တဲ့ အချက်အလက်တွေကို မြင်သာမှုရှိရှိထုတ်ပြန်တာ မရှိဘဲ ရလဒ်ဆိုးတွေ ထွက်နေတယ်ဆိုတဲ့ ကောလာဟလကြောင့် အပြင်းအထန်ဆန္ဒပြခံ‌နေရတာပဲဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကပဲ ဟားဗတ်ဗေးလ်မှာ သုတေသနစင်တာတစ်ခု ဖွင့်ဖို့ပြင်ဆင်နေတာကြောင့် ဆန္ဒပြမှုတွေ အရှိန်တက်လာသလို ဝေလ်ဖာမာကို အဓိကထောက်ပံ့နေသူဆီးနိတ်အမတ်ကလည်း အဲဒီမြို့ကို ရောက်လာတဲ့အချိန်မထင်မှတ်ထားတဲ့ ဇွန်ဘီတိုက်ခိုက်မှုကြီး ကြုံလိုက်ရပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ရကာ ယူအက်စ်ရဲအထူးအေးဂျင့် လီယွန်က ဒီကိစ္စကိုဖြေရှင်းဖို့ စေလွှတ်ခံလိုက်ရပါတယ်။ လီယွန်အနေနဲ့ ဇွန်ဘီတွေကိုတိုက်ခိုက်ဖြေရှင်းရင်း ဇွန်ဘီကပ်ဘေးနောက်ကွယ်က လက်မဲကြီးနဲ့အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။) File size…(1.9 GB) / (950 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Animation,Horror,Science Fiction Duration….01:36:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by JimX

Comedy
6.4 2008 97 mins
Resident Evil: Degeneration