YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Feast.of.The.Gods.2022.E15.720p.WEB-DL.mp4

482.73 MB N/A video/mp4 223 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Are We There Yet?
5.6

ကလေးတွေဆိုတာက မရှိမကောင်းရှိမကောင်းလေးတွေ။ ရှိနေပြန်ရင်လည်း သူတို့အတွက်အမြဲစိုးရိမ်ပူပန်နေရ တတ်သလို မရှိပြန်ရင်လည်းဘ၀ကြီးကအထီးကျန်နေပြန်ရော။ နစ်ခ်ပါဆန် ဆိုတာ ဘောစိ မိန်းမတွေထည်လဲတွဲ ဘ၀ကြီးကိုအပူအပင်မရှိဖြတ်သန်းနေတဲ့လူ။ တခုပဲရှိတာက သူက ကလေးတွေဆိုရင်ကြည့်လို့ကိုမရဘူး။ စိတ်တိုရအောင်အမြဲလုပ်တဲ့ဂြိုဟ်ကောင်လေးတွေလို့ပဲ မြင်တာ။ ဒီလိုလူက ကလေးနှစ်ယောက်အမေ ဖြစ်သလောက်အရမ်းလန်းတဲ့ဆူဇန်ဆိုတဲ့အမျိုးသမီး ကိုမှသွားကြိုက်မိတယ်။ နစ်ခ်ရဲ့စရိုက်ကိုမကြိုက်တဲ့‌ ဆူဇန်ကငြင်းလိုက်ပြီး သူငယ်ချင်းအနေနဲ့ပဲလက်ခံခဲ့တယ်။ တစ်နေ့မှာ ဆူဇန်ရဲ့ကလေးတွေကို နှစ်သစ်ကူးမှာ ကနေဒါကိုခေါ်လာပေးဖို့အကြောင်းဖန်လာခဲ့တာဟာ နစ်ခ်အတွက်တော့အမှတ်ယူ တဆင့်တက်ဖို့အခွင့်အရေးပဲ။ ခက်တာက ဒီကလေးနှစ်ကောင် ကယ်ဗင်နဲ့လင်ဆီက တကယ့်ပြသာနာအိုးလေးတွေ။ နစ်ခ်ကို သည်ယုန်မြင်လို့သည်ချုံထွင်နေတာသိတဲ့သူတို့က ဘယ်လိုမျိုးပညာတွေ၀ိုင်းပြကြမလဲ။ နစ်ခ်တယောက်ကရော ကနေဒါကိုရှောရှောရှုရှုရောက်နိုင်ပါ့မလား သူ့အတွက်ရောအဖြေကဘာဖြစ်မလဲဆိုတာကိုဒီမိသားစု ခရစ်စ္စမတ်ဟာသကားလေးမှာရှုစားပေးကြပါဦး...... File size…2.21GB / 985MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 35m Genre ..... Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Comedy • Romance • TV Movie
5.6 2005 95 mins
Are We There Yet?
Election 2
7.3

~ IMDb - 7.3/10, RT - 96%, Meta - 83% ~ Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာ ဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို Godfather တစ်ယောက်ရှိသင့်တဲ့ အတွေးအခေါ်တို့ စိတ်အခံတို့ကိုလည်း သေချာပုံဖော်သွားပါတယ်။ ပြောရရင် Wong Kar Wai ရဲ့ The Grandmaster ဂန်းဗားရှင်းလို့တောင် ဆိုလို့ရပါတယ်။ Election နဲ့ Triad Election တို့ဟာ အာရှရဲ့ Godfather လို့ ချီးကျူးခံရတဲ့အထိ ကောင်းတဲ့ ဂန်းရုပ်ရှင်တွေဖြစ်ပြီး Godfather Part 3 အတွက် ကော်ပိုလာက 16နှစ်အချိန်ယူခဲ့သလို Johnnie Toလည်း Election 3 အတွက် အချိန်ယူလာခဲ့တာ ၂၀၀၆ ကတည်းကနေ ခုထိပါပဲ။ ခုတောင် 16နှစ် ရှိနေပါပြီ။ လက်ရှိ Actor တွေအပြင် Andy Lau ပါ ပါလာမယ်လို့ ဆိုကြပါတယ်။ မကြာခင်နှစ်တွေမှာ Johnnie To ရဲ့ ဇာတ်ညွန်းရှိပြီးသား Election 3 ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျဆင်းလာတဲ့ အရည်အသွေးအရ သိပ်တော့မမျှော်လင့်ရဲပေမဲ့ ဘာရိုက်ရိုက် မာစတာပိစ်ဖြစ်နေတဲ့ Johnnie To ကတော့ သူ့မာစတာပိစ်နှစ်ကားရဲ့ Trilogy အပိတ်အတွက် အကောင်းဆုံးမဟုတ်တောင် မညံ့တဲ့ရုပ်ရှင်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ လက်ရှိနှစ်ကားကတော့ နိုင်ငံတကာ ဂန်းရုပ်ရှင်ပဲကြိုက်ကြိုက် အာရှကားပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ မာစတာပိစ်နှစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 575MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min IMDb rating - 7.3/10 Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

War
7.3 2006 92 mins
Election 2
Ali and Nino
6.8

ဒီဇာတ်ကားဟာ 1918 ခုနှစ်က မူဆလင်ကောင်လေးနဲ့ ခရစ်ယာန်ကောင်မလေးတို့နှစ်ယောက်ရဲ့ အချစ်ကိုပုံဖော်ထားတာပါ။ မူရင်းဝတ္ထုကလည်း အတော်အသင့်နာမည်ရှိပါတယ်။ ရေနံတွင်းတွေပေါများလှတဲ့ အဇာဘိုင်ဂျန်ကို ရုရှားတွေသိမ်းထားပြီး ပထမကမ္ဘာစစ်ဖြစ်နေချိန်ပေါ့။ အဇာဘိုင်ဂျန်ဟာ ပါရှား၊ ဂျော်ဂျီယာနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဥရောပတိုက်နဲ့ အာရှတိုက်အကြားကနိုင်ငံဖြစ်တဲ့ အတွက် အချက်အချာကျလှပါတယ်။ ရုရှားကိုလိုနီနိုင်ငံဖြစ်တဲ့အတွက် နိုင်ငံအတွင်းမှာ ရုရှားမိတ်ဖက်စီးပွားရေးသမားတွေလည်း ခြေရှုပ်လှပါတယ်။ အဇာဘိုင်ဂျန်မင်းသား အလီနဲ့ ဂျော်ဂျီယာမင်းသမီး နီနိုတို့ဟာ လူမျိုးမတူ၊ ဘာသာကွဲပြားတဲ့ကြားက ချစ်ခဲ့ကြပါတယ်။ အဇာဘိုင်ဂျန်ဘုရင်က သူတို့အချစ်ရေးကို သဘောတူပေမဲ့ ‌နီနို့အဖေဂျော်ဂျီယာမင်းသားကတော့ ရှုပ်ထွေးလှတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အချိန်ဆွဲလျက်ရှိပါတယ်။ ဒါ့အပြင် နီနိုကို မော်စကိုစီးပွားရေးသမားတစ်ယောက်ကလည်း အပိုင်ကြံဖို့ကြိုးစားနေပါတယ်။ ရှုပ်ထွေးလှတဲ့နိုင်ငံရေးတွေကြားမှာ အလီနဲ့နီနိုတို့ ဘယ်လိုဆုံဆည်းကြမလဲဆိုတာကို ကမ္ဘာစစ်နောက်ခံထားပြီး ကြည့်ရှုရမှာဖြစ်တဲ့အတွက် သမိုင်းစိတ်ဝင်စားသူ အချစ်ဇာတ်လမ်းကောင်း ကြိုက်သူတို့အတွက် လက်မလွှတ်သင်တဲ့ဇာတ်ကားတစ်ကားပါ။ File size…1.37GB / 578MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Romance , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TayTo

Action • Adventure • Thriller
6.8 2016 100 mins
Ali and Nino
Bank of Seoul

Bank of Seoul (2019) တစ်နေ့ တစ်နေ့ အလုပ်ပဲလုပ်နေရင်းကနေ စိတ်ဖိစီးမှုတွေရပြီး မိသားစုအတွက် အလုပ်လုပ်နေတာပေမဲ့ မိသားစုကိုတောင် အချိန်မပေးနိုင်၊ ကောင်းကောင်းတောင် မအိပ်နိုင်ဖြစ်ရတဲ့ အလုပ်သမားတွေရဲ့ ဘဝကို ထင်ဟပ်စေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းတိုလေးမှာတော့ အလုပ်တွေဖိလုပ်ရင်း အိပ်ချိန်မရှိတဲ့အခါ အိပ်ချိန်ချေးပေးတဲ့ဘဏ်ကို ရောက်ရောက်သွားပြီး နောက်ဆုံး အိပ်ချိန်အကြွေးကို ပြန်မဆပ်နိုင်တဲ့အခါ သေဆုံးသွားမဲ့ အလုပ်သမားတွေအကြောင်းကို ရိုက်ကူထားပါတယ်။ အလုပ်ဘယ်လောက်များများ အိပ်ချိန်ကိုတော့ ကောင်းကောင်းအိပ်ပေးဖို့ အသိဝင်စေတဲ့ ပညာပေးဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အလုပ်ရှိလို့မဟုတ်ဘဲ ညလုံးပေါက် လိုင်းသုံးနေရင်းနဲ့လည်း အိပ်ချိန်ချေးပေးတဲ့ဘဏ်ကို ရောက်သွားပြီး အိပ်ချိန်အကြွေး ပြန်မဆပ်နိုင်ဘဲ ဂိန်သွားနိုင်ကြောင်းလည်း အသိတရားရကြပါစေ။ Genre….. Drama, Thriller Quality…. 1080p | 720p File size…346MB | 112MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

0 2019
Bank of Seoul
The Woman in the Storm
6.2

မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။ အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ…… ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ…… လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

6.2 2023
The Woman in the Storm
It Follows
6.8

It Follows (2014) Horror, Mystery . — Storyline — It Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကား‌တွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။ . Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ အရမ်းနှေးလို့ ရှောင်ပြေးလို့တော့လွယ်ပေမဲ့ ဘယ်နေရာသွားသွား ရောက်အောင်လိုက်ပါတယ်။ မိရင် အသတ်ခံရမှာဖြစ်ပြီးတော့ အသတ်ခံခဲ့ရင် အရင် ဟိုကောင်လေးဆီလိုက်မှာပါ။ အဲဒီအတွက် ဒီဟာကိုရှောင်ပြေးနိုင်ဖို့ဆိုရင် ကောင်မလေးဟာ တစ်ခြားတစ်ယောက်နဲ့ အိပ်ပြီး အဲဒီတစ်ယောက်ကို ဒီ curse လွှဲပေးလိုက်ဖို့ပါ။ ပြီးရင် အဲကောင်ကလည်း တစ်ခြားတစ်ယောက်နဲ့ ဆက်လုပ် ဆက်လုပ်နဲ့ မပြီးတော့မဲ့ပုံပါပဲ။ ဒါကိုကောင်မလေး လွတ်အောင် ရုန်းရတဲ့ ဇာတ်လမ်းပါ။ . — Review — Story က ကြည့်လိုက်ရင် တော်တော်အူကြောင်ကြောင်နိုင်ပါတယ်။ Sex အသားပေးကားလို့ထင်ရတယ်။ ဒါပေမဲ့မဟုတ်ပါဘူး။ အဲကိစ္စတွေက ပါတယ်ဆိုရုံလောက် သဘောလောက်ပဲပါပါတယ်။ ဇာတ်လမ်းက သေချာစဉ်းစားကြည့်ရင် တော်တော်ကြမ်းပါတယ်။ ကိုယ့်နောက်ကို လူတစ်ယောက်က ကိုယ့်ကိုမမိမချင်း လိုက်နေတယ်။ ဘယ်သူနဲ့တူမှန်းလည်း မသိဘူး။ ဘယ်အချိန်ရောက်လာမယ်မှန်းလဲမသိဘူး။ ဥပမာ ကိုယ်တစ်ယောက်ယောက်နဲ့စကားပြောနေတုန်း နောက်ကရောက်လာရင်ဘယ်လိုလုပ်မလဲ။ သူများတွေလဲမြင်ရတာမဟုတ်။ ညအိပ်နေတုန်း ရောက်လာရင်ရော။ ကိုယ်နောက်တစ်ယောက်နဲ့အိပ်လိုက်လို့လည်း ဒီကိစ္စက အေးသွားတာမဟုတ်ပါဘူး။ တကယ်လို့ အဲလူကိုမိသွားရင် ကိုယ့်ဆီပြန်လာနိုင်တယ်။ တွေးစရာတွေ တော်တော်များပါတယ်။ . ဒီကားက တစ်ကားလုံးမှ ဒေါ်လာ (၂)သန်း budget နဲ့ရိုက်ထားတဲ့ကားပါ။ ရိုက်သွားတာ တော်တော်မိုက်ပါတယ်။ ဇာတ်လမ်းအရ သရဲ/အကောင်က မှောင်မှ လိုက်သတ်တဲ့ တခြားကားထဲက သရဲမဟုတ်လို့ ညဘက်ကြီး မီးရုတ်တရက် ပြတ်သွားတာမျိုးမရှိဘူး။ ချောင်းကြည့်ပြီး ကြောက်အောင် ခြောက်နေတာမျိုးလည်း မပါဘူး။ Follow လုပ်ပြီး မိရင်သတ်တယ်ဆိုလို့ နေ့ခင်းကြောင်တောင်ကြီး လူတစ်ယောက် ဖြေးဖြေး ပုံမှန်နဲ့ လမ်းတည့်တည့်ကြီးလျှောက်လာတာတွေ့ရရင်ကို ကြည့်တဲ့ကောင်က ကြက်သီးထနေပြီ။ တီးလုံးကလည်း instrumental လိုမျိုးမဟုတ်ဘဲ Ex Machina ထဲကလိုမျိုး Electro လိုမျိုးတွေ သွားထားတယ်။ တော်တော်လည်း ကျောချမ်းဖို့ကောင်းတယ် တီးထားတာ။ . It Follows က low budget film တစ်ကားပါ။ နာမည်ကြီး ဒါရိုက်တာ မင်းသားမင်းသမီးတွေမဟုတ်ဘဲ ရိုက်ထားတယ်ဆိုပေမဲ့ တော်တော်ကြီးကို ကောင်းတဲ့ကားပါ။ နာမည်လည်းမကြားဘူး၊ cove ကြည့်တော့လည်း ဘာလိုလို ညာလိုလိုထင်ရတယ်။ International rating တွေကြည့်လိုက်တော့မှ တော်တော်ကြမ်းမှန်းသိရတယ်။ Horror ကားကောင်းကောင်း ကြိုက်တဲ့လူတွေ ကြည့်သင့်တယ်။ ကြည့်ပြီးတဲ့ပိတ်သတ်တွေရှိရင်လဲ ဒီဇာတ်ကားလေးအပေါ် အမြင်လေးတွေမန့်သွားကြပါဦး။ ? . — Info — Director : David Robert Mitchell Starring : Maika Monroe , Keir Gilchrist , Daniel Zovatto , Jake Weary , Olivia Luccardi , Lili Sepe Production company : Northern Lights Films , Animal Kingdom , Two Flints Running time : 100 minutes Box office : $20.6 million . — Ratings — Datshin: 4/5 IMDB: 6.9/10 Rotten Tomatoes: 96% Admin KPK (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။)

Drama • History
6.8 2014 101 mins
It Follows
The Hunger Games: Mockingjay – Part 1
6.6

The Hunger Games: Mockingjay – Part 1 (2014) IMDb Rating (6.6) / Rotten Tomatoes (70%) ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။ The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။

Romance • Crime • Thriller
6.6 2014 123 mins
The Hunger Games: Mockingjay – Part 1
Jackpot

Jackpot 2013 “လောင်းကြေး” အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာ အပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလို ကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်း ဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။ အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်)

Comedy • Romance
0 2013 132 mins
Jackpot
The Bravest Escort Group
8

မန်ချူးခေတ်ဦးပိုင်းကာလမှာ စစ်မက်တွေဟာအဆက်မပြတ်ဖြစ်နေပြီးတော့ ပြည်သူတွေဒုက္ခရောက်ရတဲ့အချိန်ပဲဖြစ်တယ်။ အဲဒီရှုပ်ထွေးတဲ့ခေတ်ပျက်အချိန်ကာလမှာ ကတိသစ္စာတည်တဲ့ ချင်းဖျင်ဆိုတဲ့ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိပါတယ်။ ကျိုးဘုရင် ဝူစန်းကွေ့နတ်ရွာစံသွားပြီးနောက်မှာ သူ့ရဲ့မျိုးဆက်နဲ့ရတနာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ချုံအန်းကိုဘေးဘေးကင်းပို့ပေးနိုင်ဖို့ လိုအပ်လာတဲ့အချိန်မှာ ချင်းဖျင်ပို့ဆောင်ရေးလုပ်ငန်းကိုရွေးချယ်လိုက်တဲ့အတွက် ပို့ဆောင်ရေးခရီးစတင်လိုက်ပါတယ်။ သိုင်းလောကမှာ သူတို့ဆီမှာရတနာသိုက်မြေပုံရှိတယ်လို့ သတင်းပြန့်နေတဲ့အတွက် လမ်းမှာအန္တရာယ်တွေတစ်လှိုင်းပြီး တစ်လှိုင်းရောက်လာတဲ့အခါ သူတို့ဟာ ဒီခရီးကိုပြီးဆုံးတဲ့အထိပို့ဆောင်နိုင်ပါ့မလား…… အဖွဲ့သားတွေရဲ့အသက်အန္တရာယ်ကြောင့် ဒီအလုပ်ကိုစွန့်လွှတ်လိုက်ဖို့အတွက်ကလဲ ဒါကစစ်မက်တွေအဆုံးသတ်သွားဖို့အတွက် အရေးကြီးနေတော့ ဘယ်လိုရွေးချယ်ရပါ့မလဲ……

8 2018
The Bravest Escort Group
Maximum Overdrive
5.4

Maximum Overdrive (1982) Genre – Action, Comedy, Horror IT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ် အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့ စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင် သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် (သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင် Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC က တီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ၈ ရက်လောက် ကပ်မိသွားတာဖြစ်လို့ ကမ္ဘာပေါ်က လျှပ်စစ်ပိုင်းဆိုင်ရာ မော်တာပါ စက်ပစ္စည်းမှန်သမျှဟာ သူ့ဘာသာ အသက်တွေဝင်လာပြီး လူသားတွေကို သတ်ဖြတ်တာမျိုး ဖြစ်သွားတာပါ။ ဒီလို စက်ယန္တရားရန်စွယ်တွေကနေ ဒစ်ဆီဘွိုင်းဆိုတဲ့ ဆီဆိုင် စားသောက်ဆိုင်လေးတစ်ဆိုင်ထဲမှာ ရဲရင့်ဖြတ်လတ်တဲ့ ဝိတ်တာလေးရယ် လမ်းကြုံလေလွင့်လာတဲ့ ကောင်မလေးတစ်ယောက်ရယ် ကြင်စဦး ဇနီးမောင်နှံတို့ရယ် အဖေဖြစ်သူကို လိုက်ရှာနေတဲ့ ကလေးတစ်ယောက်ရယ်နဲ့ ဆိုင်ထဲက တခြားလူတွေရယ် အကုန်စုပေါင်းပြီး ဘယ်လိုတွေ ကာကွယ်တိုက်ခိုက် စွန့်စားကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 3.6 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Action/Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

5.4 1986 97 mins
Maximum Overdrive
Memphis Belle
6.9

အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ် Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့ သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre… Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

6.9 1990
Memphis Belle
The Edge of Love
6.1

Peaky Blinders မင်းသားကြီး Cillian Murphy နဲ့ Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင် ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDb Rating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့ အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာ နဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက် ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ် ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင် မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက် ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လို စလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာ ယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာ ငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူ ကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။ သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့ အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့် ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။ နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကို လိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်က မလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေး အယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။ အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ဝီလီယမ်ဆိုတဲ့ တပ်ကြပ်ကြီးပဲဖြစ်ပါတယ်။ဗယ်ရာ့စိတ်ထဲမှာ ဒေလန်တစ်ယောက်တည်း ရှိပေမဲ့နောက်ဆုံးမှာတော့ ဝီလီယမ်ရဲ့အချစ်တွေကိုမတားဆီးနိုင်တော့ပဲ ချစ်ကျွမ်းဝင်သွားကြတဲ့အခါမှာ သူတို့ ၄ ယောက်သားရဲ့ကြားထဲမှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ဒရာမာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…2.15GB / 1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Drama , Romance , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Romance • Family
6.1 2008 110 mins
The Edge of Love
Fighting For The Motherland
5.8

အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အမိမြေအတွက် ကိုယ်ကျိုးစွန့် အသက်ကိုရင်းပြီး ကျူးကျော်သူတွေကို လက်နက်ချအရှုံးမပေးဘဲ အဆုံးထိတိုက်ခိုက်ခဲ့ကြတဲ့ မျိုးချစ်သူရဲကောင်းတွေ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကြောင်းအရာလေးကတော့…. ၁၁၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ဦးတည်ရိုက်ကူးထားတာပါ ၁၁၆၂ခုမှာ တကျင်လူမျိုးတွေ တစုန့်ပြည်ကို ကျူးကျော်ဝင်ရောက်လာပြီး နယ်မြေတွေသိမ်းကာ ရက်စက်တဲ့ဥပဒေတွေချမှတ်ခဲ့ပါတယ် အဲ့ဒီအချိန်မှာ နေထိုင်သူတို့ မနေသာဘဲ နေရာကွက်ကြား ပုန်ကန်မှုတွေပေါ်ပေါက်လာပါတော့တယ် တကျင်စစ်တပ်သိမ်းယူသွားတဲ့နယ်မြေတွေထဲမှာ ရှင်းချီကျီဆိုတဲ့ မျိုးချစ်စိတ်အပြည့်ရှိတဲ့ လူငယ်တစ်ယောက်ရဲ့ စီဖုန်းကျာရွာလေးလည်း ပါသွားခဲ့ပါတယ် ရှင်းချီကျီက ပညာတတ် စစ်ရေးစစ်ရာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် သူဟာ အများသူငါလို တစ်နယ်ထဲ မပုန်ကန်ဘဲ ပုန်ကန်သူအားလုံးစုပေါင်းကာ တကျင်လူမျိုးတွေကို တစုန့်ပြည်ကနေ အပြီးတိုင်မောင်းထုတ်ဖို့ ကြိုးပမ်းပါတော့တယ် ဒီဇာတ်ကားလေးမှာဆိုရင် တစုန့်ပြည်မှာ ပြည်သူတွေ ကောင်းမွန်တဲ့ဘဝလေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရဖို့ ရှင်းချီကျီနဲ့ သူ့ရဲ့နောက်လိုက်ညီအစ်ကိုတို့ အသက်ကိုစွန့် ဘဝတွေကိုစွန့်ကာ မျိုးချစ်စိတ် ရဲစိတ်ရဲမာန်အပြည့်နဲ့ တော်လှန်ကြပုံကို မှင်သက်ရှုမောဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါနော်

Comedy • Horror • Thriller
5.8 2021 110 mins
Fighting For The Motherland
Human Animals
5.6

တစ်ခါတုန်းက တိရစ္ဆာန်ရုံတစ်ခုမှာ “ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး တိရစ္ဆာန်” ဟု ပြသထားတဲ့နေရာမှာ မှန်တစ်ချပ် ချိတ်ဆွဲထားရှိခဲ့ဖူးပါတယ်။ ဆင့်ကဲပြောင်းလဲလာမှုကနေတစ်ဆင့် ဖြစ်တည်လာတဲ့ လူသားတွေဟာ ကမ္ဘာပေါ်မှာ အသိဉာဏ်အရှိဆုံး သတ္တဝါဖြစ်သလိုပဲ အရက်စက်ဆုံး၊ အကောက်ကျစ်ဆုံး သတ္တဝါအဖြစ်နဲ့ ကမ္ဘာကြီးကို အန္တရာယ်အပေးနိုင်ဆုံး သတ္တဝါလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်စုမှာ ယောက်ျားသားတွေဖြစ်တဲ့ ရွိုင်းနဲ့ချာဗာတို့က ပုလဲနံပသင့်ပေမယ့် ရွိုင်းရဲ့ဇနီး ဖာဘီရိုလာ နဲ့ ချာဗာရဲ့ဇနီး အန်နာဟီးတို့ကတော့ သူတို့ကြားထဲက ကွဲပြားမှုကို သတိထားမိနေကြပါတယ်။ ခွေးကြောက်တတ်တဲ့ ရွိုင်းတို့ရဲ့သမီးလေး တယ်ရစ်ဆာ နဲ့ ခွေးချစ်သူဇနီးမောင်နှံဖြစ်တဲ့ ချာဗာနဲ့အန်နာဟီးရဲ့ သားလိုချစ်ရတဲ့ ခွေး. ဂျက်ဂါတို့ကြောင့် မိသားစုနှစ်စုကြားက အတားအဆီး တစ်ခုသဖွယ် ဖြစ်နေပါတယ်။ တစ်ရက်မှာတော့ ချာဗာတို့က ရွိုင်းတို့မိသားစုကို ထမင်းစားဖိတ်ခဲ့ပြီးတော့ ခွေးကြောက်တတ်တဲ့ တယ်ရစ်ဆာအတွက်လည်း သူတို့ခွေးကို ပိတ်လှောင်ထားပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ထမင်းစားဝိုင်းမှာပဲ ချာဗာနဲ့အန်နာဟီးတို့ဟာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်ခဲ့ဖူးကြောင်း စကားစပ်မိရင်းနဲ့ ရွိုင်းတို့ကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပိတ်ထားခဲ့တဲ့ ဂျက်ဂါက လွတ်လာခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားခဲ့ပါတယ်။ တယ်ရစ်ဆာရဲ့ ခွေးကြောက်တတ်တဲ့အကျင့်ကို ဖျောက်နိုင်ဖို့ ဂျက်ဂါ့ကို ပွတ်သပ်ခိုင်းခဲ့ပေမယ့် ဂျက်ဂါကလည်း တယ်ရစ်ဆာ့အပေါ်မှာ ရန်လိုနေခဲ့ပါတယ်။ တစ်ခုခုကို ကြောက်ရွံနေရင် အဲဒီအရာက မလွဲမသွေဖြစ်လာတတ်တဲ့ နိယာမအတိုင်းပဲ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်ခုကြားထဲမှာ အရုပ်ဆိုးတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာခဲ့ပါတယ်။ ရွိုင်းတို့ခြံဝင်းထဲကို ကျူးကျော်နေတတ်တဲ့ ဂျက်ဂါဟာ တယ်ရစ်ဆာရဲ့ အရုပ်ကို ဖျက်ဆီးနေတာ တွေ့တာကြောင့် တယ်ရစ်ဆာက ရန်မူခဲ့ပါတယ်။ ဂျက်ဂါကလည်း စိတ်ရိုင်းဝင်ပြီး တယ်ရစ်ဆာရဲ့ လက်မောင်းကို ကိုက်ဆွဲခဲ့ပါတယ်။ အပြင်းအထန်ဒဏ်ရာရသွားတဲ့ တယ်ရစ်ဆာကို ဆေးရုံကို ပို့အပြီးမှာ ချာဗာတို့ဇနီးမောင်နှံက ခွေးရုပ်ကလေးလက်ဆောင်ပေးဖို့ ကြိုးစားခဲ့တာကြောင့် ရွိုင်းနဲ့ချာဗာတို့ မိသားစုနှစ်စုကြားမှာ ပိုပြီး တင်းမာလာခဲ့ပါတယ်။ မီးစလေးကနေ တငွေ့ငွေ့လောင်ကျွမ်းပြီး မီးတောက်ကြီးဖြစ်လာခဲ့သလို ကိစ္စတွေက ထင်ထားတာထက် ပိုပြီး ပြင်းထန်လာခဲ့ပြီးတော့ ရွိုင်းရဲ့ဆိုင်ရာပိုင်ရာတွေကို တိုင်ကြားခဲ့မှုကြောင့် ဂျက်ဂါကို တိရစ္ဆာန်ထိန်းချုပ်ရေးကနေ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဂျက်ဂါမရှိတော့တဲ့နောက်ပိုင်း မိသားစုနှစ်ခုဆက်ဆံရေးက နောက်ပြန်လှည့်လို့မရတဲ့ အခြေအနေရောက်သွားခဲ့ပြီး ရွိုင်းတို့မိသားစုအတွက် ခြောက်ခြားထိတ်လန့်ဖွယ်ကိစ္စတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ နောက်ပိုင်းမှာ ချာဗာနဲ့အန်နာဟီးတို့ရဲ့ နောက်ကြောင်းကို စုံစမ်းမိပြီး နာမည်တုနဲ့နေထိုင်နေသူတွေဖြစ်ကြောင်း သိရှိသွားချိန်မှာတော့ ရွိုင်း၊ ဖာဘီရိုလာနဲ့ သမီးဖြစ်သူ တယ်ရစ်ဆာတို့အတွက် အရမ်းနောက်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ အန္တရာယ်အများဆုံး၊ အကောက်ကျစ်တတ်ဆုံး လူသားသတ္တဝါတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတော့တယ်…။ File size… 1.3 GB / 511 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Drama / Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Drama • Romance
5.6 2020 89 mins
Human Animals