YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Feast.of.The.Gods.2022.E02.720p.WEB-DL.mp4

643.77 MB N/A video/mp4 328 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alexander
5.9

Alexander (2004) ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။ Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။ သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ထုဆစ်ခဲ့သူပါပဲ။ သူ့ရဲ့ စစ်ရေးလှုံ့ဆော်မှုတွေ၊ နည်းဗျူဟာကောင်းမွန်မှုတွေ၊ ယဉ်ကျေးမှုလွှမ်းနိုင်မှုတွေနဲ့ ကမ္ဘာကို ပုံဖော်ခဲ့သူတစ်ယောက်ပါ။ အလက်ဇန်းဒါးရဲ့ဖခင် ဖိလစ် က သိုးကျောင်းလူမျိုးစုတွေကို စုစည်းပြီး ဂရိလူမျိုးစုတွေကို အောင်နိုင်သိမ်းသွင်းခဲ့သူပါ။ အလက်ဇန်းဒါးအတွက် အစကောင်းတစ်ခုပါပဲ။ ဖိလစ် ရဲ့အိပ်မက်ကတော့ ဥရောပကနေ အာရှအထိခြေဆန့်လို့ ပါရှန်းအင်ပါယာကို အောင်နိုင်ချင်တာပါပဲ။ အလက်ဇန်းဒါးက သူ့ဖခင်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရုံမက ဘယ်သူမှလိုက်မမီနိုင်တော့တဲ့ ဂုဏ်ရည်ထွန်းပြောင်မှုကိုပါ တည်ဆောက်နိုင်သွားခဲ့ပါတယ်။ အလက်ဇန်းဒါးက မင်းသားတစ်ပါးအဖြစ်မွေးလာ၊ အချိန်တန်ဘုရင်ဖြစ်၊ တပ်ကိုဦးဆောင်၊ နယ်မြေတွေကို သိမ်းသွားခဲ့တာမဟုတ်ပါဘူး။ သူ့ဘဝက စကတည်းက ယဉ်သလိုကိုလို့ ပြောရမှာပဲ။ မိခင်က ဘာဘာရီယန် လို့ခေါ်တဲ့ လူရိုင်းမျိုးနွယ်ဝင်တစ်ယောက်ပါ။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် မျိုးမစစ်သားတစ်ယောက်အနေနဲ့ အလက်ဇန်းဒါးဟာ ထီးနန်းရဲ့ ဆက်ခံသူမဟုတ်ပါဘူး။ ဖခင်က ဂရိသူကိုယူ၊ သားကလေးမွေးလိုက်တဲ့အချိန် အလက်ဇန်းဒါးဟာ ရှင်ဘုရင်ရဲ့ အစ်ကိုတော်အဖြစ် ဇာတ်သိမ်းရဖို့ပဲရှိပါတော့တယ်။ ဒုတိယသားတော် လသားအရွယ်မှာပဲ ဘုရင်ကြီး ဖိလစ် လုပ်ကြံခံလိုက်ရခြင်းက အလက်ဇန်းဒါးကို နေ့မကူးဘဲ ဘုရင်ဖြစ်သွားစေခဲ့ပါတယ်။ အဲဒီနောက် အလက်ဇန်းဒါးဟာ ပါရှန်းပြည်ကိုခြေဆန့်လို့ ပါရှန်းဘုရင် ဒရိုင်းရပ်စ် ကိုဖယ်ရှားပြီး ဘေဘီလုံကို သိမ်းပိုက်ခဲ့တယ်။ အလက်ဇန်းဒါးအတွက် အင်ပါယာကိုထူထောင်တဲ့လမ်းကြောင်းတလျောက်မှာ အရေးအပါဆုံးကတော့ အရည်အချင်းပြည့်ဝလှတဲ့ စစ်ဗိုလ်ချုပ်တွေရယ်၊ သူ့ကို အူလှိုက်သည်းလှိုက်ချစ်တဲ့ စစ်တပ်ကြီးရယ်တို့ပါပဲ။ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ ဟက်ဖိုက်စတီရန်၊ ပထောလမီ၊ ကတ်ဆန်းဒါ၊ နီရားကတ်စ်၊ ကရားတို့စ် တို့ရဲ့ ပြောင်မြောက်တဲ့စစ်ရေးစွမ်းရည်တွေက အလက်ဇန်းဒါးအတွက် ကျားကို တောင်ပံတပ်ပေးလိုက်သလိုပါပဲ။ အီဂျစ် နဲ့ ပါရှန်းကို အောင်နိုင်ပြီးနောက်မှာ အိန္ဒိယအထိ လက်တံမီခဲ့ပြီး သမိုင်းတလျောက် အကြွယ်ဝဆုံး အင်ပါယာကြီးဖြစ်ခဲ့တာပါ။ အလက်ဇန်းဒါးက မျိုးသမီးတွေကို သဘောမကျပါဘူး။ သူ့အမေရဲ့ လောဘနဲ့ ရက်စက်မှုတွေကို ငယ်ရွယ်စဉ်အသည်းနုနုနဲ့ မြင်ခဲ့ရတာတွေကြောင့်ပေါ့။ ဒီတော့ သူ့မှာ ကောင်လေးချစ်သူ နှစ်ဦးရှိပါတယ်။ ငယ်ပေါင်းသူငယ်ချင်း ဟက်ဖိုင်စတီရန် နဲ့ ပါရှန်းက သုံ့ပန်းကောင်ကလေး ဘာဂိုအက်စ် တို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရော့ဇာနာ ဆိုနဲ့ ဘာဘာရီယန်နွယ်ဝင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ နောက်ထပ် မိဖုရားနှစ်ယောက်လည်း တင်မြှောက်ခဲ့ပါသေးတယ်။ အလက်ဇန်းဒါးက ပါရှန်းယဉ်ကျေးမှုကို တော်တော်လေး အားကျလေးစားသူဖြစ်တာနဲ့အညီ သူတို့ရဲ့ မက်ဆာဒိုးနီးယန်းယဉ်ကျေးမှုနဲ့ ရောယှက်စေခဲ့ပါတယ်။ ပါရှန်းကရတဲ့ တော်ဝင်မျိုးနွယ်ဝင် စစ်သုံ့ပန်းတွေကို တော်ဝင်မိသားစုသဖွယ်ပဲ ဆက်ဆံခဲ့သူတစ်ယောက်ပါ။ သူဟာ မက်ဆာဒိုးနီးယားရဲ့ ချစ်ခင်မှုသာမက၊ ပါရှန်းနဲ့ အိန္ဒိယတို့ရဲ့အချစ်ကိုပါ အထိုက်အလျောက် ရခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူမသေခင်အထိ သူ့ရဲ့အင်ပါယာကြီးက ညီညွတ်စုစည်းနေခဲ့တာပေါ့။ ပါရှန်းကိုသိမ်းခဲ့တဲ့ ဂယ်ဂွယ်မယ်လာတိုက်ပွဲ၊ အိန္ဒိယဆင်တပ်နဲ့ ဆင်နွှဲခဲ့တဲ့ တောတွင်းတိုက်ပွဲတွေဟာ အလက်ဇန်းဒါး ဘာကောင်ဆိုတာကို မှတ်ကျောက်တင်ခဲ့တာတွေပေါ့။ အိန္ဒိယကအပြန် ဘေဘီလုံကိုပြန်ရောက်အပြီး မကြာခင်မှာပဲ အလက်ဇန်းဒါးသေဆုံးခဲ့ပါတယ်။ ဒီအကြောင်းတွေက ဇာတ်ကားထဲမှာ စုံစုံလင်လင် ပါမှာဖြစ်လို့ ဆက်မပြောတော့ပါဘူး။ ဇာတ်ကားအကြောင်းပဲ ဆက်ပြောကြတာပေါ့။ ကြီးမြတ်တဲ့ အလက်ဇန်းဒါးရဲ့ ဘဝဇာတ်ကြောင်းကြီးကို ရုပ်ရှင်တစ်ခုတည်းနဲ့ ပုံဖော်ခဲ့တဲ့အခါမှာ လူအများစုရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ရုပ်ရှင်ပြသချိန်က သုံးနာရီကျော်ရှိပြီး ဗိုလ်ချုပ် ပထောလမီ ကို သမိုင်းပညာရှင်အဖြစ် နာမည်ပြောင်အပေးခံရတဲ့အထိကို သူ့ရဲ့ဇာတ်ကြောင်းပြ နောက်ခံစကားပြောက နေရာတကာပါနေတာပါပဲ။ ဇာတ်ကားကြည့်တဲ့သူတွေအနေနဲ့ အနှောင့်အယှက်ကြီးစွာ ခံစားခဲ့ရသတဲ့။ အကယ်ဒမီများရှင် မင်းသားကြီး Colin Farrell ရယ်၊ ကျွန်တော်တို့ရဲ့ Angelina Jolie ရယ်၊ ကျွန်တော်သိပ်ကြိုက်ရတဲ့ အဘိုကြီးမင်းသား Anthony Hopkins ရယ်၊ စသဖြင့် Cast ကတော့ ဖျားသွားလောက်စရာပါပဲ။ ဒါပေမဲ့ Box Office မှာတော့ စရိတ်ကာမိရုံပဲပြန်ရခဲ့တာပါ။ Rating ကလည်း ထိုးဆင်းသွားပြီး Rotten Tomatoes မှာလည်း စုတ်ပြတ်သွားတာပဲ။ ပိုဆိုးတာက အဆိုးဆုံးရုပ်ရှင်ဆု၊ အဆိုးဆုံးသရုပ်ဆောင်ဆု၊ အဆိုးဆုံးဂီတဆု ဘာညာ ဆိုးဆိုးဝါးဝါးဇာတ်ကားတွေကို ပြောင်လှေင်ပြီးပေးတဲ့ ဆုတွေစာရင်းမှာ အနုပညာရှင် အတတ်ပညာရှင်ဆုတွေ တန်းစီပြီး စာရင်းဝင်ကုန်တာပါ။ အဆိုးဆုံးဆုတွေ မရခဲ့ပေမယ့် အဆိုးဆုံးအမျိုးသမီးစကားပြောဟန်ဆုတော့ ရသွားသေးတယ်။ Angelina Jolie နဲ့ Rosario Dawson တို့ရဲ့ မက်ဆာဒိုးနီးယန်းလေသံနဲ့ ဘာဘာရီယန်လေသံ လုပ်ပြောတာတွေ မပီမပြင်ဖြစ်ရတယ်ပေါ့လေ။ ဒါပေမဲ့ ဒီဇာတ်ကား ကျဆုံးရခြင်းက အနုပညာနဲ့ အတတ်ပညာတို့နဲ့ မဆိုင်ဘူးလို့ ကျွန်တော်ယူဆတယ်။ သမိုင်းရဲ့ အကြီးမြတ်ဆုံး ဧကရာဇ်တစ်ပါးကြီးကို လူတွေက နတ်ဘုရားဆန်ဆန် ယူဆ အထင်ကြီးထားချိန်မှာ ရုပ်ရှင်က သဘာဝဆန်လွန်းသွားလို့ လူတွေ စိတ်ပျက်သွားပုံရပါတယ်။ ရင်ထဲမှာ ပုံဖော်ထားတဲ့သူရဲကောင်းကြီးကို လိင်တူချစ်သူ၊ မာန်တက်နေတဲ့ အရက်သမားတစ်ယောက်အနေနဲ့ မြင်လိုက်ရချိန်မှာ လက်မခံနိုင်ဖြစ်ကြတယ်ထင်ပါရဲ့။ အလက်ဇန်းဒါးသာ တကယ်မရှိခဲ့ဘဲ ဒီဇာတ်ကားက စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုကို ပုံဖော်ထားတယ်ဆိုရင် ဒီဇာတ်ကားအောင်မြင်မှုက မိုးထိုးသွားမှာပါပဲ။ ဒါ့အပြင် ဒီဇာတ်ကားက တိုက်ပွဲမြင်ကွင်းတွေမှာ ချီးကျူးမှုတွေရရှိထားတဲ့ စစ်ပွဲဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကတော့ သေချာပေါက်ပါပဲ။ ( ဘာသာပြန်းပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ် ) File Size__(4GB) / (2.2GB) Quality__BluRay_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__03:27:00 Type__Action, Adventure, Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Action • Thriller
5.9 2004 175 mins
Alexander
Tonight You're Sleeping with Me
6.3

ပိုလန်နိုင်ငံရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်ကားလေးပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မမနဲ့မောင်လေးဟာ တွေ့ခဲ့ကြတယ်၊ သိပ်ချစ်ခဲ့ကြတယ် စိတ်ကူးတွေယဉ်ခဲ့ကြတယ် ဒါပေမဲ့ မပေါင်းဖက် ခဲ့ရပါဘူး။ ဒီလိုနဲ့ ခုလက်ရှိမှာတော့ မမက သမီးလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် ဖြစ်နေပါပြီ။ ဖြစ်ချင်တော့ မောင်လေးက တခြားနိုင်ငံက ပြန်လာပြီး အလုပ်ဝင် လျှောက်တာ မမရဲ့ဌာနကို ကွက်တိ ဖြစ်နေပါတော့တယ်။ မမက လည်း အိမ်ထောင်ရေးမှာက ကတောက်ကဆတွေနဲ့ သာယာတာ မဟုတ် ယောက်ျားဖြစ်သူနဲ့ လိုချင်တာမရ ဆန္ဒမပြည့်ဝနေခဲ့သူ။ မောင်လေးကလည်း ဘယ်နှနှစ်ကြာကြာ မမမှ မမဆိုတဲ့ ကောင်ဇိုး လေးပေါ့။ အဲဒါနဲ့ တစ်နေ့ကျတော့ မမရဲ့ယောက်ျားဖြစ်သူဟာ မမကိုလည်း မတိုင်ပင်ပဲ အပန်းဖြေခရီးဆိုပြီး အိုင်းစ်လန်းကို တစ်လ သွားသာယာပါတော့တယ်။ ဘာပြောကောင်းမလဲ ပေါက်ကွဲချင်ပေမယ့်မီးစနက်တံကောင်းကောင်း မရှိလို့ ထိန်းထားရတဲ့ မမတစ်ယောက်မောင်လေးရဲ့လောင်ကျွမ်းမီး တောက်ကြားမှာ ထိန်းမရ သိမ်းမရ ပေါက်ကွဲကုန်ကြပါတော့တယ်။ အဲဒါကြောင့် မမနဲ့မောင်လေး ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ဆန္ဒကို သိက္ခာနဲ့ပဲ ထိန်းကြမလား၊ စိတ်လွတ်လက်လွတ် သားပစ်မယား ပစ် ပျော်ပါးကြမလား၊ ပျော်ရွှင်ရမလား ဒူးနဲ့မျက်ရည်သုတ်ကြရမလား ဆိုတာတော့ ဆက်လက်ရှုစားပေးကြပါလို့....။ အိပ်ရာပေါ်က အခန်းတချို့နဲ့ ရွှေရင်နှစ်မွှာတွေပါ ပြသထားတာမို့ မိသားစု နဲ့အတူကြည့်ရှုရန် မသင့်ပါကြောင်း သတိပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.56 GB) / (572 MB) / (320 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1H 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Thura Aung Encoder..........SWM

Comedy
6.3 2023 93 mins
Tonight You're Sleeping with Me
(18+)Manji
4.2

လောကကြီးက အရမ်းဆန်းကြယ်တယ် အထူးသဖြင့်အချစ်ဆိုတဲ့အရာက ပိုပြီးဆန်းကျယ်တယ် အချစ်ဆိုတဲ့ အရာက ရသတမျိုးလို့လဲဆိုနိုင်သလို ခံစားချက်တစ်ခုလို့လဲဆိုနိုင်မယ်ထင်တယ် အိမ်ထောင်ရေးကိုအခြေခံထားပြီး အချစ်ကို တမျိုးလေးပုံဖေါ်ထားတဲ့ ဒီကားလေးကြည့်သင့်တယ် မင်းသမီးနှစ်ယောက်ပါတာ ရသတမျိုးစီပဲ တယောက်က ငယ်ငယ်ချောချော ပါးပါးလျာလျာလေး အိမ်ထောင်သည် မမကြီးက အပြည့်တလိုင်း အိမ်ထောင်သည်မမကြီးက သူ့ယောင်္ကျားမသိအောင်ဖေါက်ပြန်တယ် သူဖေါက်ပြန်တာက ဆန်းကြယ်တယ် ကောင်မလေးတယောက်နဲ့ဖောက်ပြန်တယ်.... ဇာတ်ကွက်တွေလှပသေသပ်ပြီး အဖေါ်ချွတ်ခန်းတွေဖောသီတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.6GB / 783MB Quality…1080p Bluray / 720p Format…mp4 Duration….1h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Action • Adventure • Science Fiction
4.2 1983 95 mins
(18+)Manji
Plan 75
7

ဂျပန်နိင်ငံဆိုတာ သက်ကြီးရွယ်အိုတွေများကြသလို အသက်လည်းရှည်ကြတာအာလုံးသိကြတယ်။ ဂျပန်အစိုးရဟာ သက်ကြီးရွယ်အိုတွေ "အစီအစဉ် ၇၅ "ဆိုတဲ့ အသက် ၇၅ နှစ်နဲ့အထက် အဖိုးအဖွားတွေအတွက်ထောက်ပံပေးဖို့ဥပဒေပြဌာန်းလိုက်ပါတယ်။ ၇၈ နှစ်ရှိပြီဖြစ်တဲ့ မိချီခကုတနိဆိုတဲ့အဖွားက ဟိုတယ်တစ်ခုမှာသန့်ရှင်းရေး ဝင်လုပ်ပါတယ်။နောက်တော့ အသက်အရွယ်ကြီးပြီဖြစ်လို့အနားပေးလိုက်ပါတယ်။ အစကတော့ အစီအစဉ် ၇၅ ကိုလျှောက်လွှာမတင်ဘဲ အလုပ်လုပ်ပြီးဆက်နေမယ်လို့ ဆုံးဖြတ်ထားပေမယ့် အသက်ကြီးလွန်တာကြောင့်ဘယ်နေရာမှအလုပ်မခန့်တာကြောင့် အစီအစဉ် ၇၅ လျှောက်လွှာတင်ခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့... File Size :(1.9 GB) and (633 MB) Quality :WEB-DL.1080P, 720p Format…mp4 Duration…01:45:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Comedy • Drama • Family
7 2022 113 mins
Plan 75
Last Christmas
7.2

ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(2 GB) and (1 GB) Quality…Blu-Ray 1080p & 720p (HEVC Encode) Format…mkv Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Drama • Romance
7.2 2019 102 mins
Last Christmas
Pain and Glory
7.4

ဒါကတော့ အောင်မြင်မှုတစ်ပုံကြီးရရှိထားတဲ့ စပိန်Dramaကားကောင်းတစ်ကားပါ။ ဒါရိုက်တာ Pedro Almodóvar ရိုက်ကူးထားပြီး IMDb rating 7.7နဲ့ ခရမ်းချဉ်သီးမှာ 97%ရရှိထားပါတယ်။ စပိန်နိုင်ငံတွင်းဆုပေးပွဲတွေသာမကပဲ Oscarတို့ Cannes film festivalတို့ Golden globesတို့မှာလည်း စကာတင်စာရင်းတွေဝင်ပြီး စုစုပေါင်းစကာတင်134ခုနဲ့ ဆု25ခုရထားပါတယ်။ Lead actorကလည်း Cannes film festivalမှာ Best Actorအပါအဝင် ဆု၅ဆုရထားပြီး Oscar စကာတင်စာရင်းထဲလည်းဝင်နေပါတယ်။ ဇာတ်လမ်းကတော့ တစ်ချိန်ကအောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်လမ်းရေးဆရာ၊ဒါရိုက်တာဆာဗာဒါမယ်လိုရဲ့ လက်ရှိအခြေအနေနဲ့ အတိတ်ကအခြေအနေအနေတွေကို ပြသထားတဲ့ Flashbacksပါ။ ဆာဗာဒါဟာ အနုပညာကိုရူးသွပ်နေဆဲဖြစ်ပေမယ့် သူ့မှာဖြစ်နေတဲ့ရောဂါတွေ စိတ်ပိုင်းဆိုင်ရာခံစားနေရမှုတွေကြောင့် ရုပ်ရှင်မရိုက်နိုင်တော့ပါဘူး။ ဒါပေမယ့် သူ့ရဲ့နေ့စဉ်ဘဝမှာ သူငယ်ရွယ်စဉ်ကလုပ်ဆောင်ခဲ့တဲ့အရာတွေ သူ့ရွေးချယ်မှုတွေဟာ လက်ရှိသူနဲ့သူအနုပညာတွေဖြစ်လာစေတဲ့အကြောင်းကို တွေးတောနေတာတွေကိုရိုက်ကူးပြသထားတာပါ။ 113မိနစ်လောက်အချိန်ပေးကြည့်ရှုလိုက်ရင် နောင်တရမယ့်ကားမဟုတ်ပါဘူး။ အကြမ်းအရမ်းဇာတ်ကားတွေကိုကြိုက်တဲ့သူတွေအတွက်တော့ နည်းနည်းမြောတဲ့ကားဖြစ်မယ်ဆိုပေမယ့် ဒရမ်မာကားကောင်းတွေကြည့်ချင်တဲ့သူ‌တွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ File Size : ( 1 GB , 386 MB ) Quality : WEB-DL 720p Running Time : 1 hr 53 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.4 2019 114 mins
Pain and Glory
Tomb Making Notes
5.7

ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာ စွန့်စားခန်းတွေကြိုက်တဲ့သူတွေအတွက် သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တရုတ်ပြည်အနှံ့ ရှင်ဘုရင်တွေ တော်ဝင်မျိုးနွယ်တွေရဲ့ သင်္ချိုင်းတွေအများကြီးရှိတဲ့အတွက် အဲဒီသင်္ချိုင်းဆောက်ပုံဆောက်နည်းတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်ဟာ သင်္ချိုင်းဖောက်ထွင်းသမားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်။ သင်္ချိုင်းဖောက်ထွင်သမားတွေဟာ ဒီမှတ်စုစာအုပ်ကိုရဖို့ အလုအယက်ဖြစ်နေကြချိန်မှာ သင်္ချိုင်းဆောက်တဲ့နေရာကိုတာဝန်ယူတဲ့ ဖုန်းရွှေဆရာလေးကတော့ ဝင်မပါချင်ခဲ့ပါဘူး။ ကံမကောင်းခြင်းတော့ သင်္ချိုင်းဖောက်ထွင်းသမားတွေက အကြပ်ကိုင်ပြီးခေါ်သွားတာကိုခံရပါတယ်။ ဒီလိုနဲ့ တတ်သိပညာမနေသာပဲ မှတ်စုစာအုပ်ရှိရာ သင်္ချိုင်းထဲကိုဆင်းသွားကြပါတယ်။ မြေအောက်သင်္ချိုင်းထဲမှာ ရှေးခေတ်သင်္ချိုင်းတွေရဲ့ ထုံးစံအတိုင်း ဘယ်လိုထူးဆန်းတဲ့အရာတွေကိုထည့်သွင်းသဂြိုလ်ထားမလဲ…… ဘယ်လိုအန္တရာယ်တွေကသူတို့ကိုစောင့်ကြိုနေမလဲ……

Comedy • Drama
5.7 2023
Tomb Making Notes
Alien Xmas
6.2

Alien Xmas (2020) =============== IMDb Rating – 6.2/10 Christmas လည်းနီးလာပြီဆိုတော့ CM ပရိတ်သတ်ကြီးတို့အတွက် IMDb rating 6.2/10နဲ့ ခရမ်းချဉ်သီးအလုံး၁၀၀ရရှိထားတဲ့ Christmas Animation ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါမယ်။ ဇာတ် လမ်းအစအမှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးက ပုံပြင်ပြောပြနေတာနဲ့ အစပြုထားပါတယ်။ ဟိုးရှေးရှေးတုန်းက ခလက်စ်ဆိုတဲ့ ဂြိုဟ်သားမျိုးနွယ်စုတစ်ခုရှိတယ်။ အစကတော့ ခလက်စ်တွေဟာ အရောင်အသွေးစုံကြတယ်။ ဒါပေမဲ့ သူတို့ရဲ့အမိဂြိုဟ်ပေါ်က သယံဇာတတွေကို လောဘတကြီးသုံးဖြုန်းရင်း ကြာတော့ ဂြိုဟ်ကြီးလည်းပြောင်၊ သူတို့ရဲ့အရောင်တွေလည်း မှောင် ကုန်ကြတယ်။ အဲလိုနဲ့ ခလက်စ်တွေဟာ တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ်ကူးပြီး ပစ္စည်းတွေခိုးဝှက်အလစ်သုတ်ကြတော့တယ်။ တစ်ရက်ကျ ကမ္ဘာဂြိုဟ် ကို မျက်စိကျသွားတော့ ကမ္ဘာ့မြေဆွဲအားကိုဖျက်ဆီးပြီး အာကာသထဲ လွင့်လာတဲ့ ပစ္စည်းတွေကို လုယက်ဖို့စီစဉ်ကြပါလေရော။ အဲ့အတွက် မြေဆွဲအားဖျက်ဆီးမဲ့ ဂျိုင်ရိုထရွန်ဆိုတဲ့ စက်ကြီးကို မြောက် ဝင်ရိုးစွန်းမှာ သွားဆောက်ဖို့ ဂြိုဟ်သားတွေက အရွယ်အသေးဆုံးလေး ဖြစ်တဲ့ အိက်စ်ကို တာဝန်ပေးလိုက်တယ်။ အိက်စ်က အသေးဆုံးသာဖြစ် တာ အခိုးဆုံးပဲ။ သိပ်တော်တဲ့သူခိုးပိစိလေး မြောက်ဝင်ရိုးစွန်းကိုရောက် လာပြီး ဆန်တာတို့ရဲ့ခရစ္စမတ်မြို့တော်ကို ဘယ်လိုဝင်မွှေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(750 MB) / (300 MB) Quality…………WEB-DL 1080p / 720p Duration………40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure Translator…….Ngwe Zin Encoder……….SWM

6.2 2020
Alien Xmas
Alone With Her Dreams
7.3

IMDb 7.3 အထိရရှိထားတဲ့ အီတလီ Coming of age/Drama အမျိုးအစားရုပ်ရှင်လေး။ ဒီရုပ်ရှင်ထဲမှာ ပျော်စရာတော့ များများစားစားမပါဘူး။ စ လယ် ဆုံး ကို ရင်ထဲမွန်းကြပ် ဆို့နင့်စရာတွေနဲ့ အပြည့်ဖြည့်ပြီး ဒရာမာပီသအောင် လှလှပပကို ပုံဖော်ထားတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်လိုက်က လူစီယာလို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မ‌‌လေး။ အချိန်ကာလအားဖြင့် ၁၉၆၀ ခုနစ်‌ ကျော်။ လူစီယာတို့မိသားစုဟာ ပင်လယ်ပြင်ပတ်လည်ဝိုင်းနေတဲ့ အီတလီကျွန်းရွာလေးတစ်ခုပေါ်မှာ နေထိုင်ကြတယ်။ ရွာငယ်လေးမှာက စီးပွားရေး မကောင်းတာကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပြင်သစ်မှာ ပြောင်းရွှေ့‌ အခြေချနေထိုင်ပြီး အလုပ်သွားလုပ်ကြတဲ့သူတွေများတယ်။ ဒီလူတွေထဲမှာ လူစီယာရဲ့ အဖေနဲ့အမေဖြစ်သူကလည်း အပါအ၀င်ဖြစ်လာခဲ့တယ်။ ကံဆိုးရှာတဲ့လူစီယာကတော့ ရွာမှာပဲ အဖွားဖြစ်သူနဲ့ ကျန်ရစ်ခဲ့တော့တယ်။ လူစီယာရဲ့အဖွားဖြစ်သူဟာ သိပ်ကိုရှေးရိုးစွဲပြီး တင်းကြပ်တဲ့အမျိုးသမီးကြီး။ အဖွားဖြစ်သူဟာ ရွာထဲမှာ အကြီးအကဲတစ်ယောက်လို ကြောက်ရွံ့လေးစားခြင်းကို ခံရတဲ့သူ။ ချစ်ခြင်းမေတ္တာကို သိပ်မဖော်ပြတတ်ဘူး။ လူစီယာဟာ အဖွားဖြစ်သူရဲ့“ဒီဟာမလုပ်နဲ့၊ ဟိုနားမသွားနဲ့၊ ဟိုလူနဲ့မပေါင်းနဲ့” စတဲ့ အမိန့်စကားတွေကို မြေ၀ယ်မကျ နားထောင်ရတယ်။ ရပ်ဝေးမြေခြားကို ထွက်ခွာသွားတဲ့ မိဘနှစ်ပါးရဲ့ ချန်ရစ်မှုကိုခံခဲ့ရရှာသူ လူစီယာရဲ့ မျက်စိထဲမှာတော့ အဖွားဖြစ်သူဟာ သူ့ကိုဘယ်တော့မှ ကြင်ကြင်နာနာမဆက်ဆံတဲ့ မိန်းမကြမ်းကြီးတစ်ဦးထက် မပိုခဲ့ဘူး။ လူစီယာဟာ အမြဲခက်ထန်ကြမ်းတမ်းနေတဲ့ အဖွားဖြစ်သူကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါ လူစီယာတစ်‌ယောက် သူမသိသေးတဲ့ အခြားတစ်ဖက်ခြမ်းက အမှန်တရားတွေကို ဖြည်းဖြည်းချင်းသိလာရတဲ့အခါမှာတော့ ဒီအမှန်တရားတွေကိုလက်ခံပြီး ရှေ့ဆက်ဖို့ရာ အင်အားတို့ကို မွေးရပြန်ရှာတော့တယ်။ ဒီရုပ်ရှင်က ဟော်လီးဝုဒ်ရုပ်ရှင်တွေထဲကလို ကြည့်ရှုသူကို စကားပြောခန်းတွေ တပုံတပင်နဲ့ချဉ်းကပ်မယ့်အစား မျက်နှာပေါ်ကခံစားချက်တွေ၊ ပင်လယ်ထဲကရွာငယ်လေးရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ၊ အဆုံးမရှိတဲ့ အပြာရောင်ပင်လယ်ကြီးနဲ့ ငြီးငွေ့ဖွယ်ရာ ကောင်းကင်ပြာကြီးတွေနဲ့ ကြည့်ရှုသူရဲ့ခံစားချက်တွေကို လှုပ်ကိုင်လိမ့်မယ်။ ရွာငယ်‌‌လေးထဲက လူစီယာတို့ရဲ့ ဆွေ‌မျိုးတွေ၊ အထူးသဖြင့်အမျိုးသမီးဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေနဲ့လည်း ဆက်စပ်ထားတယ်။ အဆုံးသတ်ရမယ်ဆိုရင် ဒီဇာတ်ကားဟာ စိတ်ညစ်ညူးစရာကောင်းပေမဲ့ တစ်ဖက်မှာလည်း တော်တော်လေး လှပနေပြန်တယ်။ ဒါရိုက်တာက လေးနက်တဲ့ ဒိုင်ယာလော့တွေ၊ အဝါ လိမ္မော် စတဲ့ အပူဖက်သန်းတဲ့ အရောင်တွေများတဲ့ စီနီမက်တစ်ရိုက်ချက်တွေ၊ စိတ်ထိခိုက်စရာ နောက်ခံတေးတွေနဲ့အတူ ကြည့်ရှုသူရဲ့ရင်ထဲကိုထိအောင် လှလှပပ သေသေသပ်သပ်ဖန်တီးထားတဲ့ ဒရာမာရုပ်ရှင်စစ်စစ်ဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုကြည့်ဖို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… (Nudity အနည်းငယ်ပါရှိတာကို သတိပြုပေးပါ) File size…(780 Mb) Quality….Webrip 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Steven

7.3 2019 95 mins
Alone With Her Dreams
The Santa Clause 2

ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါ အဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ် ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ “ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်”ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ် စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Drama, Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2002
The Santa Clause 2
Along Came Polly
6.3

ဒီဇာတ်လမ်းကတော့ Boomers ခေတ်က နာမည်ကြီးသရုပဆောင်တွေဖြစ်တဲ့ Ben Stiller, Jennifer Aniston, Debra Messing နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသမင်းသားကြီး Philip Hoffman တိုက ပါဝင်သရုပဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးမင်းသား Kevin Hart တိုရဲ့ ရုပ်ရှင်လောကကို စတင်ဝင်ရောက်တဲ့ နောက်ခံသမားဘဝကိုလည်း ဒီဇာတ်လမ်းထဲမှာလည်း စတင်တွ့ရမှာဖြစ်ပါတယ်။ ဘန်လိုခေါ်တဲ့ Risk Analyst တစ်ယောက်ဟာ သမားရိုးကျအမျိုးသားတစ်ဦးလိုပဲ အသက်အရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုပြီး အခြေချနေထိုင်ချင်သူတစ်ယောက်ပါ။ သူ့ရဲ့တောင်းဆုအတိုင်း မင်္ဂလာဆောင်နိုင်ခဲ့ပေမယ့်လည်း ဟန်းနီမွန်း သူ့အမျိုးသမီးက နောက်အမျိုးသားတစယောက်ဖောက်ပြန်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘန်ရဲ့အိမ်ထောင်ရေးဘဝဟာ ထင်ထားသလိုဖြစ်မလာခဲ့ပဲ သူ့ရဲ့တစ်ကိုယတော်ဘဝကိုရှေ့ဆက်နိုင်အောင် ဘယ်လိုလုပ်လဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(2.3GB)/(1GB) Quality_Blu-Ray HEVC 1080p / 720p Format_mp4 Duration_01:30:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

Comedy • Adventure • Drama
6.3 2004
Along Came Polly
Camp Crasher
5.5

ပတ်ထရီစီယာဆိုတဲ့ အမျိုးသမီးဟာ ဖခင်ဖြင်သူ သေဆုံးပြီး ခင်ပွန်းနဲ့လည်း ကွာရှင်းပြီးတဲ့အခါ မိမိဘဝထဲ ရာမီရိုဆိုတဲ့ သားလေးတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ အလုပ်နဲ့ သားက လွဲလို့ ဘာမှမသိတဲ့ ပတ်ထရီဟာ သားလေးကို တုန်အောင်ချစ်တဲ့အလျောက် မျက်စိအောက်ကအပျောက်မခံဘဲ သေးသေးလေးကအစ စွက်ဖက်တတ်တဲ့ အမေမျိုးပါ။ ဒီလိုတွေကြောင့် ကျောင်းမှာ မားမားဘွိုင်းလို့ အစခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေး ရာမီကတော့ အမေ့ကို နည်းနည်းမှ ကြည့်မရပါဘူး။ ပုန်ကန်တဲ့အရွယ်လေး ရောက်လာတာကြောင့် ရာမီဟာ တစ်အိုးတစ်အိမ်ထူထောင်နေပြီဖြစ်တဲ့ ဖခင်ဆီ သွားနေဖို့ ကြံစည်တော့တယ်။ ရာမီရဲ့အကြံကို တိတ်တခိုးသိသွားတဲ့ ပတ်ထရီဟာ ဘဝကြီးတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး သားလေးကို ဆုံးရှုံးရမှာ အရမ်းကြောက်သွားခဲ့တယ်။ ဒါကြောင့် သူမဟာ အမိုက်စားမေမေဖြစ်တယ်ဆိုတာ ရာမီကို ပြသဖို့အတွက် ရာမီရဲ့ ကျောင်းလေ့လာရေးခရီးမှာ ဒရိုင်ဘာအနေနဲ့ လိုက်လာပါတော့တယ်။ မိဘမေတ္တာကို ဖော်ကျူးတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တဲ့အလျောက် ကြည်နူးစရာ၊ စိတ်ဆိုးစရာ၊ ရယ်စရာတွေကို အလှည့်ကျ ရှူစားရမှာ ဖြစ်ပြီး ပိတ်ရက်မှာ ပေါ့ပေါ့ပါးပါးကြည့်နိုင်မဲ့ ဇာတ်ကားကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.93GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

Drama • Mystery • Thriller
5.5 2024 95 mins
Camp Crasher
The Accidental Detective 2: In Action
6.5

The Accidental Detective 2: In Action (2018) IMDb Rating (6.5) ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ရဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကား The Accidental Detective(2015) ရဲ့အဆက် နံပါတ် ၂ ကား လာပါပြီ။ Sherlock Holmes ကိုအားကျပြီး စုံထောက်ဖြစ်ချင်နေတဲ့ ဂန်ဒေးမန်ဆိုတဲ့Comicbook အရောင်းဆိုင်ရှင်ဟာ ဆိုင်ကို ရောင်းပြီး ရဲအုပ်ဟောင်း နိုတေးဆူနဲ့ အတူစုံထောက်အေဂျင်စီတစ်ခု ဖွင့်ခဲ့ပါတယ်။ စိတ်ကူးနဲ့လက်တွေ့က ကွာခြားလွန်းလေတော့အမှုအပ်မဲ့လူမရှိပဲ အိမ်က မိန်းမတွေရဲ့ အငြိုအငြင်ခံနေရတဲ့ သူရဲကောင်းကြီးတွေပေါ့။ ရထားတိုက်သေပြီး ရဲတွေက မတော်တဆမှုလို့အမှုပိတ်လိုက်တဲ့ အမှုကို ပြန်လိုက်စေချင်သူကျန်ရစ်သူ အမျိုးသမီးတစ်ယောက်ရဲ့ အမှုကိုလက်ခံလိုက်မိရာက.. အမှုကြီးတစ်ခုနဲ့ ပက်သက်မိပါတော့တယ်။ Running Man ထဲက သစ်ကုလားအုတ် လီဂွမ်ဆူရဲ့ မျက်ခွက်ပြောင် ပုံစံတွေလည်းမြင်ရဦးမှာပါ။ တနေ့တာအမောတွေကို စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ကားလို့ Recommend ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ ရှေ့ကဇာတ်ကားကိုတော့ ဒီမှာ https://www.channelmyanmar.to/?s=accidental+detective ကြည့်ပါ။

Family • Comedy • Adventure • Romance
6.5 2018 116 mins
The Accidental Detective 2: In Action
You Are Deep In My Heart
6.3

လူတိုင်းမှာ ငယ်ချစ်ဦးဆိုတာတော့ရှိကြပါတယ် ငယ်ချစ်နှစ်တစ်ရာမမေ့သာဆိုတဲ့အတိုင်း တခြားရည်းစားတွေကိုသာ မေ့ရင်မေ့သွားမယ် ငယ်ချစ်ဦးကိုတော့ မမေ့နိုင်ကြပါဘူး ငယ်ချစ်ဦးနဲ့ ပေါင်းဖက်ရတဲ့သူပဲဖြစ်ဖြစ် ကွဲကွာသွားသူပဲဖြစ်ဖြစ် ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားလေးကို ကြည့်ရင်း ငယ်ချစ်ဦးကို ပြန်တမ်းတကာ ကြည်နူးလို့ရပါပြီနော် ဇာတ်ကြောင်းလေးကတော့….ယုရှန်းဟာ အိမ်မက်တွေအပြည့်ရှိတဲ့ သူဌေးသမီးလေးဆိုပေမဲ့ သူ့အိမ်မက်တွေကို ဖခင်က အပြင်းအထန် ကန့်ကွက်တာကြောင့် အိမ်ပေါ်ကဆင်းလာပြီး သူ့ရဲ့ မင်းသမီးဖြစ်လာဖို့ အိမ်မက်တွေကို ပုံဖော်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ကျင်ယန်ကတော့ DEမိတ်ကပ်ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ယုရှန်းနဲ့ ကျောင်းတုန်းက ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြတာပါ သူတို့ အချစ်ဦးနှစ်ယောက်ဟာ အရင်က မပေါင်းဖက်ခဲ့ရဘဲ အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာသွားခဲ့ကြရပါတယ် အခုလက်ရှိမှာတော့ ယုရှန်းကို ကျင်ယန်က DEမှာ တတ်သစ်စကြော်ငြာမင်းသမီးအဖြစ်ငှားလိုက်ပါတယ် သူတို့ငယ်ချစ်ဦးနှစ်ယောက် ပြန်လည်တွေ့ဆုံကြပြီး သူတို့တွေ ဘယ်လို ပြဿနာတွေကြောင့်ကွဲသွားကြတာလဲ အခုလက်ရှိအခြေအနေမှာရော ပြန်လည်ပေါင်းထုပ်နိုင်ဦးမှာလား ဆိုတာကို ဆက်လက်ကြည့်ကြရင်း တချိန်က အချစ်ဦးကို တကျော့ပြန် တမ်းတလိုက်ကြရအောင်…

Action • Thriller • Crime
6.3 2018
You Are Deep In My Heart