YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

[CM]Feast.of.The.Gods.2022.E01.1080p.WEB-DL.mp4

1.75 GB N/A video/mp4 185 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
We Are What We Are
5.7

ဒီတစ်ခေါက်မှာတော့ အမေရိကန် horror/thriller ဇာတ်ကားလေးတစ်ကား မိတ်ဆက်ပေးချင်ပါတယ်။ နည်းနည်းအော်ဂလီဆန်စရာလည်းကောင်းတာကြောင့် အသည်းနုတဲ့သူတွေကြည့်ရင် နည်းနည်းသတိထားဖို့လိုပါလိမ့်မယ်။ ပါကာမျိုးနွယ်မိသားစုဟာ ရှေးခေတ်ရိုးရာအလ့အထကို လက်ခံကျင့်သုံးနေကြတဲ့ မိသားစုတစ်စုဖြစ်ပြီး သူတို့အဲလို ဆိုတာကို တစ်မြို့လုံးကလည်း ဘယ်သူမှမသိကြပါဘူး။ မစ္စတာပါကာရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အိုင်းရစ် နဲ့ ရို့စ် တို့ဟာ ရုပ်ရောစိတ်ထားပါ လှပတဲ့သူတွေဖြစ်တာကြောင့် မြင်သမျှ လူတိုင်းကလည်း ချစ်ခင်ကြပါတယ်။ ဒါပေမယ့် နောက်ကွယ် မှာတော့ အင်မ‌တန်ကြောက်စရာကောင်းတဲ့ ဓလေ့တစ်ခု သူတို့ဆီမှာရှိနေခဲ့ပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့ အမေ ဆုံးပါးသွားတဲ့နောက် မိသားစုရိုးရာကို ဆက်ဆံထိန်းသိမ်းဖို့က သမီးကြီးဖြစ်တဲ့ အိုင်းရစ်ပေါ် ကျရောက်လာခဲ့ပါတယ်။ စိတ်နှလုံးဖြူစင်သူတွေအတွက် ဒီကြောက်စရာဓလေ့ကြီး တစ်ခုကိုလက်ခံဖို့ ခက်ခဲလွန်း‌တာကြောင့် အိမ်ကနေ ရုန်းထွက်ဖို့ကြိုးစားကြမှာဖြစ်ပြီး သူတို့တွေအောင်မြင် သွားကြမလား၊ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ရှေးခေတ် ရိုးရာဓလေ့က ဘာများဖြစ်မလဲဆိုတာ စိတ်၀င်စားဖို့ ကောင်းလွန်းတာမို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့  Jaka ပဲ ဖြစ်ပါတယ် ) File size…1.54GB / 504MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Horror  , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy • Romance
5.7 2013 105 mins
We Are What We Are
There's Something Wrong with the Children
5.8

အနောက်တိုင်းမှာဆိုရင် ဆိတ်ငြိမ်တဲ့ဒေသတွေဆီကို ပိတ်ရက်တွေမှာ အနားယူအပန်းဖြေခရီးထွက်လေ့ရှိကြတယ်။ တစ်နည်းအားဖြင့် မြို့ပြနဲ့ဝေးတဲ့ဒေသတွေမှာ တောတောင်သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုဖြေဖျောက်တဲ့သဘောမျိုးပေါ့..။ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း သူငယ်ချင်းမိသားစုနှစ်စုက မြို့ပြနဲ့ဝေးတဲ့ အပန်းဖြေစခန်း သစ်သားအိမ်ငယ်တွေမှာ ပိတ်ရက်အတွင်း သွားရောက်နေထိုင်ကြတယ်။ နီးစပ်ရာတောအုပ်တွင်းကို ခြေလျင်ခရီးသွားရင်း သူတို့တွေဆီ ကပ်ဆိုးကြီးတစ်ခုကပ်ပါလာတော့တယ်။ horrorကားအမျိုးအစားထဲမှာမှ သရဲ/စိတ္တဇလူသတ်ထဲကမဟုတ်ပဲ နတ်ဆိုးကပ်တဲ့ဇာတ်လမ်းမျိုးပါ။ ကလေးနှစ်ယောက်ဆီကို နတ်ဆိုးအရင်ကပ်ပြီး သူတို့တွေကပဲ သူ့တို့ရဲ့မိဘတွေဖြစ်တဲ့ အယ်လီနဲ့ သောမတ်စ်ရယ်၊ သူငယ်ချင်းလင်မယား မာဂရက်နဲ့ ဘန်ရယ်ကို အရင်ပတ်ရှုပ်မှာပါ။ ကလေးတွေနဲ့ပက်သက်ပြီး တစ်ခုခုလွဲမှားနေရာကနေ မိသားစုနှစ်စုလုံးအတွက် ကပ်ဆိုးတစ်ခုကျသလို horror sceneတွေ စပြီးတော့ပေါ်လာမှာပါ။ ​ဇာတ်ကားနာမည်အတိုင်းပါပဲ။ File size…(1.92GB)  / (952MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Thriller
5.8 2023 92 mins
There's Something Wrong with the Children
The Princess
6.9

The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်း လှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ‌ချော‌လေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်... အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ် ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့ မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။ File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt

Drama • War
6.9 2022 94 mins
The Princess
Maoshan Heavenly Master
3

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Maoshan Heavenly Master ဆိုတဲ့ မကောင်းဆိုးဝါးဖမ်းတဲ့ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ကျန်းကျောက်လင်ဆိုတဲ့ ပယောဂဆရာက ချီလျန်ဆိုတဲ့ မကောင်းဆိုးဝါးကို ဖမ်းပြီး ခွင်းလွန်တောင်မှာ ပြစ်ဒဏ်ပေးဖို့ ခေါ်လာခဲ့ရာမှာ မထင်မှတ်ဘဲ လှည့်စားခံလိုက်ရပြီးချီလျန်ဟာ လွတ်မြောက်သွားခဲ့ပါတယ် တာဝန်မကျေပွန်ခဲ့တဲ့ ကျန်းကျောက်လင်ကို သူ့ဆရာက ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သူ့အနားကနေ ထွက်သွားခိုင်းလိုက်ပါတယ် ကျန်းကျောက်လင်က အဲ့အချိန်ကစလို့ ချီလျန်ကိုသတ်ပစ်ဖို့ ရေဆုံးမြေဆုံးလိုက်ရှာရင်း တခြားမကောင်းဆိုးဝါးတွေဖြစ်တဲ့ ဟေးဝူချန်နဲ့ ပိုင်ဝူချန်တို့ကို ဖမ်းဆီးရင်း နံပါတ်တစ်ဓါးသမား လျောက်ဖုန်းရီနဲ့ဆုံခဲ့ပါတယ် ရွမ်ထျန်းမြွေကြီးအဖြစ်ပြောင်းလဲဖို့ ယန်ဓာတ်ပြည့်ဝတဲ့သူတွေကို လိုအပ်နေတဲ့ ချီလျန်အတွက်တော့ လျောက်ဖုန်းရီဟာ သားကောင်တစ်ယောက်ဖြစ်လာခဲ့ရာမှာ ကျန်း‌ကျောက်လင်က ကူညီပေးခဲ့ရာကနေ နောက်ဆုံးမှာ ချီလျန်ကို ပူးပေါင်းနှိမ်နင်းပြီး လောကကြီးကို အေးချမ်းသာယာအောင် ဘယ်လိုလုပ်ဆောင်သွားမှာလဲဆိုတာကို‌တော့ CM ကနေတင်ဆက်ပေးထားတဲ့ Maoshan Heavenly Master ဆိုတဲ့ ရုပ်ရှင်မှာ ကြည့်ရှုလို့ရပါပြီနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Horror , Drama Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon , Ann Chi , Kyawt Encoded by LK

Animation • Family
3 2022 70 mins
Maoshan Heavenly Master
I Met a Girl
6.4

ကိုယ့်စိတ်ကိုယ်တောင် အနိုင်နိုင် ထိန်းနေရတဲ့ကြားထဲကနေ မိုင်ပေါင်း ၂၄၀၀ ကျော် ခရီးကြမ်း ဖြတ်သန်းပြီး ချစ်တဲ့လူကို သွားတွေ့မယ့် ဂေါက်သီးလေးတစ်ယောက်အကြောင်းပေါ့။ ဟုတ်ပါတယ် မင်းသားက ဂေါက်သီးလေးပါ စိတ်ကစဉ့်ကလျား ရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရပြီး သူ့ ခေါင်းထဲမှာ လူ ၂ ယောက် လာလာ စကားပြောနေကြပါတယ် တစ်ယောက်က မစ္စတာရော့ကတ်ဖြစ်ပြီး သဘောကောင်းတဲ့ စူပါဟီးရိုးကြီးပါ လမ်းကောင်းကိုသာ ညွန်ပေးပါတယ် နောက်တစ်ယောက်ကတော့ မစ္စနီဒယ်ဆိုတဲ့ ကြောက်စရာဘွားတော်ကြီးပါ သူကတော့ ဆန့်ကျင်ဖက်ဖြစ်ပြီး မကောင်းတာတွေပြော စိတ်ဓာတ်ကျ အောင်လုပ်ပြီး သေဖို့အထိပါ တိုက်တွန်းတတ်သူပါ။ ဒါပေမဲ့ ရောဂါအခြေအနေက အရမ်းမဆိုးတဲ့အတွက် ဆေးလေးပဲ သောက်ရင် နေလို့ရတယ်ပေါ့လေ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်တယ်ပေါ့။ အဲဒီလိုပြောလို့လည်း မရပြန်တာက အစ်ကို့ မင်္ဂလာဆောင်မှာ အချစ်တွေပေးချင်တယ်ဆိုပြီး ပုလင်းကွဲနဲ့ ရင်ဘတ်ကို ထိုးပစ်တာတို့ အလုပ်လုပ်နေတဲ့ အိမ်မွေးတိရစ္တာန်ဆိုင်က ငှက်လေးကို နှိပ်စက်နေ ကြပါတယ်ဆိုပြီး လွှတ်ပေးပစ်တာတို့တွေလည်း ရှိတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ အဆုံးစီရင်ဖို့ထိ တွေးမိသွားပြီး သေကြောင်းကြံ လိုက်တဲ့အခါမှာတော့ ထူးခြားစွာနဲ့ လူစီ ဆိုတဲ့ မိန်းကလေးတစ်ယောက် ပေါ်လာပြီး သူ့ကို ကယ်တင်ပေးသွားပါတယ်။ သူ့ဘဝကို ပြောင်းလဲ ပေးသွားတယ် သူနဲ့ ရှိနေရတာကို ပျော်ရွှင်လာတယ် နောက်ဆုံး သူ ချစ်မိသွားတယ် ဒါတောင် တစ်ရက် တစ်ညပဲ တူတူ ရှိလိုက်ကြတာနော် ဒါပေမဲ့ မနက်နိုးလာတော့ကြ ကောင်မလေးဟာ မရှိတော့ပဲ ပျောက်ဆုံး သွားတော့ လိုက်ရှာဖို့ ကြုံဆုံလာပါတော့တယ်… စိတ်ကျန်းမာရေး မကောင်းတဲ့လူ ဖြစ်နေတဲ့အတွက် ဒီကောင်မလေးဟာ တကယ်ရော ရှိရဲ့လား စိတ်ကနေ ထင်နေတာလားဆိုတာတော့ ဆက်လက်ပြီး ခံစားကြည့်လိုက်ကြပါ။ မင်းသားနေရာက Pirate of the Carribean ရေသူမကားတို့ Gods of Egypt တို့မှာ ပါဝင်ထားပြီး Titan စီးရီးမှာ Nightwing နေရာက သရုပ်ဆောင်ထားတဲ့ သြစတြီးယားမင်းသားချော Brenton Thwaites ဖြစ်ပြီး မင်းသမီးကတော့ မကြာခင်ထွက်ထားတဲ့ Evil Dead နောက်ဆုံး ကားထဲမှာ သရဲမကြီး ညီမနေရာက သရုပ်ဆောင်ထားတဲ့ Lily Sullivan ဖြစ်ပါတယ်။ ဇာတ်ရုပ်က အနုပညာ ဂီတသမားဆိုတော့ ဇာတ်ကားထဲမှာ ပါဝင်တဲ့ သီချင်းလေးတွေကလည်း တော်တော်ကောင်းတာကို တွေ့ရမှာပါ။ ဘယ်လောက်ပဲ စိတ်ကျန်းမာရေး မပြည့်စေကာမူ အချစ်ဆိုတာ လူမရွေးပါဘူးဆိုတာလေးကို မီးမောင်းထိုးပြသွားတဲ့ အချစ်နဲ့ ဒရမ်မာကားလေး ဖြစ်ပါတယ်။ မင်းသားရဲ့ အစ်ကိုကြီး သံယောဇဉ် မေတ္တာတရားကိုလည်း ဖော်ပြထားတာ တော်တော်ကောင်းပါတယ်။

Drama • Romance • TV Movie • Thriller
6.4 2020 108 mins
I Met a Girl
I See You
7

2019 ထွက် Thriller ဇာတ်ကားဖြစ်ပြီး Gore တွေ သွေးသံတရဲရဲတွေမပါဝင်ပေမယ့် R rated ဖြစ်ပါတယ်.. အိမ်ထောင်ရေးဖောက်ပြန်ထားမိတဲ့ အမေဖြစ်သူဂျက်ကီကို သားဖြစ်သူကော်နာက အရမ်းစိတ်နာနေတာကနေ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်... ရဲအရာရှိခင်ပွန်းဖြစ်သူနဲ့လည်း အိမ်ထောင်ရေးလည်းအဆင်မပြေတော့ပဲ မိသားစုတစ်စုလုံး စိတ်ဆင်းရဲနေကြရပါတယ်... အဲ့အချိန်မှာပဲ သူတို့မြို့နယ်မှာ ဆယ်နှစ်ဝန်းကျင်ကလေးတွေဆက်တိုင်ပျောက်နေပါတယ်... အဲ့ဒါနဲ့ အဲ့အမှုကို ခင်ပွန်းဖြစ်သူက ဦးဆောင်စုံစမ်းရမယ့်တာဝန်ကျလာပါတော့တယ်... အဲ့အချိန်ကစလို့ သူတို့အိမ်မှာ ထူးဆန်းတာတွေဆက်တိုက်ကြုံလာရပါတော့တယ်... ကလေးပြန်ပေးဆွဲသမားက ဘယ်သူဖြစ်မလဲ သမားရိုးကျအမှုမှဟုတ်ရဲ့လားဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ... IMDB 6.5/10 ရရှိထားပါတယ် (ရှပ်ရှင်အညွှန်း နဲ့ ဘာသာပြန်သူကတော့ May Myat Thu ပါ) File Size : (800 MB) and (400 MB) Quality : AMZN WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre : Crime, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEB-DL.DDP5.1.H.264-NTG Translated by May Myat Thu Encoded by Thanhtike Zaw

Drama • Romance
7 2019 98 mins
I See You
Vikram Vedha
7.4

ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ ဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာ အမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူး ဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာ ကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့ ဒေါင်းရကျိုးနပ်စေရမည်ဗျာ့ ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ ဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ် ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး လူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာ မိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ငါလူဆိုးပါဆိုတာ နဖူးမှာစာရေးထားသလို ဖြစ်နေအောင် လုပ်ထားမယ်လို့ မျှော်လင့်ထားတာ အိန္ဒိယ ဒါရိုက်တာတွေညံ့ချက် လူမိုက်ရဲ့ ငယ်ဘဝတွေ ညီအစ်ကို သံယောဇဉ်တွေနဲ့ လူမိုက်မှာလည်း ဘဝရှိကြောင်းကို အချိန်ကုန်ခံတင်ဆက်ပေးထားသေးတယ် ? နောက်ဆုံး အကြိုက်တွေ့မိတဲ့ စကားလုံးလေးတစ်ခုလည်း ပြောသွားသေးတယ်ဗျ " ဘဝဆိုတာ ငရဲထဲက ဟာသ တစ်ခု မဟုတ်လား " ဇာတ်လမ်းလေး နည်းနည်း ညွှန်းရအောင် Vikram - ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို့ အခွှင့်ရေးရရက်တောင် Encoder ဆိုပြီး အသေတွယ်တဲ့ရဲ ငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက် ရဲဆိုတာ လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ် လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်က Vedha - လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစား ကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစား တခြား မှောင်ခိုကောင်တွေက ကလေးတွေကို အသုံးချပြီး ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာကို မကြိုက်ဘူး အမြဲတန်း ပြသနာတတ်ရတဲ့ လက်မရွံလူစား (စကားလုံးနဲ့ မပြောဘူး လုပ်ရပ်နဲ့ပြသွားတယ် ? ) အဲ့ဒီလို ဗီဒဟ် ဘယ်ရဲမှ သူ့ကို ဖမ်းဖို့မပြောနဲ့ အနံ့တောင် ခံလို့ မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ် ဘာကြောင့်ပါလဲ့ Vikram နောက်ဆုံး စီနင်းမှုမှာ ပစ်သတ်လိုက်တဲ့ အထဲမှာ သူ့ညီပါသွားလို့ပဲ ဒုစရိုက်မှုတွေနဲ့ ဝေးဝေးမှာနေတဲ့ Vedha ရဲ့ညီ ဘာကြောင့် လူမိုက်တွေကြားထဲ အသတ်ခံလိုက်ရတာလဲ ဘာကြောင့် သူရှိတဲ့နေရာကို ရဲတွေသိသွားတာလဲ့ Vikram နဲ့ Vedha တို့ ထိပ်တိုက်တွေ့မှုက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ " ကျူးလွန်တဲ့သူကို အပစ်ပေးမလား့ စေခိုင်းတဲ့သူကို အပစ်ပေးမလား " #ဇာတ်ဝင်တေး အကြွကြီးကလည်း အားရစရာပါပဲ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File Size : (0.99 GB) and (455 MB) Quality : 720p Webdl Running Time : 2hr 20min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encode by Thanhtike Zaw

Comedy • Drama
7.4 2017 147 mins
Vikram Vedha
This Hits Home
7.4

This Hits Home (2023) ================= ပထမဆုံးအနေနဲ့ ဒီကားက ရုပ်ရှင်မဟုတ်ပါဘူး အသိပညာပေးမှတ်တမ်း ရုပ်ရှင်ပါ။ တိတိကျကျပြောရရင် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို ဆေးပညာရှုထောင့်အရရော ခံရသူတွေရဲ့ရှု‌ထောင့်ကနေပါ သေ‌သေချာ လေးရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ့်မိသားစုထဲမှာမကြုံတွေ့ဖူးရင်တောင်မှ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရ ကြားနေရတတ်ပါတယ်။ ဥပမာပေးရရင် တောထပျံ့နှံ့နေတဲ့ ကူးစက်ရောဂါတစ်ခုလိုပါပဲ။ ဒါပေမဲ့ လူတိုင်းမသိကြတာက အဲလိုနှိပ်စက်ခံရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရပါ နောက်ဆက်တွဲပြဿနာတွေ ရောဂါတွေဖြစ်လာ တတ်တယ်ဆိုတာပါပဲ။ ဒါကို ကျွမ်းကျင်သူတွေက ဘယ်လိုသုံးသပ်ပြမလဲ ဖြေရှင်းကြမလဲဆိုတာတွေကို ဗဟုသု‌တအနေနဲ့ကြည့်ရှုရမဲ့ မှတ်တမ်းရုပ် ရှင်တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1 GB) / (371 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Khant Sett Naing Encoder……….SWM

7.4 2023
This Hits Home
The Last Video Store
7.7

The Last Video Store (2023) ===================== အင်တာနက်ခေတ်တစ်ခေတ်ကို ရောက်လာတဲ့အခါမှာ ဇာတ်ကားသစ်ထွက်ရင် အခွေဆိုင်ကို ပြေးပြီး အလုအယက်ပြေးငှားနေဖို့မလိုတော့ဘဲ ဒေါင်းလုဒ်လေး လုပ်ရုံနဲ့တင် ဇာတ်ကားတိုင်းကို ကြည့်ရှူလို့ရလာကြတယ်။ ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲမှာ အခွေငှားဆိုင်တွေ ကွယ်ပျောက်သွားကြတယ်ပေါ့။ အခု ဇာတ် လမ်းလေးကလည်း “နောက်ဆုံးအခွေဆိုင်တဲ့” ၊ ပြည်နယ်တစ်ခုလုံး သုံးဆိုင်လောက် ပဲရှိတော့မလားပဲ၊ ဆိုင်ပိုင်ရှင်ကလည်း ရုပ်ရှင်ဇာတ်ကားတွေကို ချစ်မြတ်နိုးပြီး လက်တွေ့ဘဝနဲ့ရုပ်ရှင်က တစ်ထပ်တည်းဖြစ်တယ်လို့ ခံယူထားတဲ့သူပါ။ သူ့ဆိုင်မှာလည်း ဝယ်သူနည်းပါးတဲ့အပြင် ဝန်ထမ်းကလည်း တစ်ယောက်ပဲရှိတယ် ဆိုင်ကိုဓါးပြလာတိုက်ရင်တောင် ပေးစရာပိုက်ဆံမရှိလို့ အလုပ်သစ်ရှာဖို့ ဓါးပြကြီး ကပါဆုံးမသွားခဲ့တယ်။ နောက်ရက်တွေမှာ ဆိုင်ရှင်ကြီးက ပေါက်ကွဲပြီး CCTV တွေ တပ်ချလိုက်ရော…တစ်ရက်မှာ အတွဲတစ်တွဲရောက်ချလာပြီး ဝန်ထမ်းကောင်လေးက အဲဒီအတွဲက ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားတယ်၊ အဲဒီနောက် အဲဒီ ကောင်မလေးက ဆိုင်မှာအလုပ်လုပ်ဖို့ လာလျှောက်တဲ့အခါ ဘယ်လိုတွေနှစ်ပါးကမလဲ ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.55 GB) / (656 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator……ZWT Encoder……….SWM

Comedy • Romance
7.7 2023 95 mins
The Last Video Store
What Happens Later
5

What Happens Later (2023) Meg Ryan ဆိုတဲ့ မင်းသမီးကြီးကို အားလုံးလည်း သိကြမှာပါ။ When Harry Met Sally, Sleepless in Seattle, You’ve Got Mail နဲ့ City of Angels တို့လို ဂန္ထဝင်ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ခဲ့တဲ့ ရိုမန့်ကွင်း မင်းသမီးကြီးပါပဲ။ Top Gun မှာလည်း သူ့ရဲ့ထုံးစံ ကပိုကရိုအလှနဲ့ ပုရိသတွေကို ဖမ်းစားခဲ့ဖူးတယ်ပြောရင် မမှားပါဘူး။ သူ့သမိုင်းကို ပြန်လှန်ကြည့်လိုက်ရင် ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အဲဒီကားတွေအကုန်ကလည်း ဂန္ထဝင်တန်းဝင်ကားတွေဖြစ်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်ရုပ်ရှင် ထွက်ရှိလာပါပြီ။ သူကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး မင်းသမီးလုပ်ထားတဲ့ ရုပ်ရှင်ကားပေါ့။ သူ့ဝသီအတိုင်း သူပိုင်နိုင်တဲ့ ရိုမန့်ကားပဲဆိုတော့ သူ့ပရိသတ်တွေအတွက်တော့ နောင်တမရစေမယ့်ကားဆိုတာ ဗေဒင်သွားတွက်စရာမလိုပါဘူး။ မင်းသားကတော့ The X-Files စီးရီးရဲ့ မင်းသားကြီး David Duchovny ပါ။ ဇာတ်လမ်းကတော့ အနှစ် 20 ကျော်ကြာမှ ပြည်တွင်းလေဆိပ်မှာ မထင်မှတ်ဘဲ ပြန်ဆုံတဲ့ ချစ်သူဟောင်းနှစ်ယောက်ရဲ့ အတိတ်တုန်းက ပဟေဠိကို ပြန်လည်ဖြေရှင်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ လူကြီးတွေရဲ့ Generation Gap ကြောင့် ယနေ့ခေတ်မှာ အခက်တွေ့နေရတာကိုပါ မြင်ရမှာပါ။ ဆယ်ကျော်သက်အရွယ်မှာ ချစ်မိခဲ့ပြီး ဘ၀ထူထောင်ဖို့ရာ အသင့်မဖြစ်သေးဘဲ နားလည်မှုလွဲပြီး ကွဲကွာသွားကြတဲ့ ဘေလ်နဲ့ဝီလာတို့ စုံတွဲ… ဘေလ်က ရိုးရှင်းတဲ့ မိသားစုတည်ဆောက်ချင်ပြီး ဝီလာက‌တော့ အရာရာကို မှော်ဆန်ဆန်တွေးတတ်ပြီး မိခင်ဖြစ်ဖို့ အသင့်မဖြစ်သေးဘူး ထင်တဲ့သူ… အက်ကြောင်းတွေထပ်လာတဲ့ သူတို့ပတ်သက်မှုက ဝီလာ့ဗိုက်ထဲက သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ပြတ်တောက်သွားပါတယ်။ တကယ်က ဘေလ်က ဝီလာကို တစ်ခွန်းမှ မပြောဘဲထားပြီးထွက်သွားခဲ့တာပါ။ နှင်းမုန်တိုင်းကြောင့် သွားစရာရှိတဲ့ခရီးစဉ်ကြန့်ကြာနေပြီး သူတို့နှစ်ယောက် လေဆိပ်မှာ သောင်တင်နေတဲ့အခါ ဒီအဖြစ်က သူတို့ရဲ့ အတိတ်က မကျေလည်မှု အထင်အမြင်လွဲမှားမှုတွေကို ပြန်ဖြေရှင်းဖို့ အခွင့်အရေးလားဆိုတာ လိုက်ပါစီးမျောခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 875MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 43Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 104 mins
What Happens Later
Dune: Part Two
8.8

Dune: Part Two (2024) ထွက်ရှိလာပါပြီ… အညွှန်းကိုတော့ part 1က ဟာကိုပဲ စပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်… သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံး ဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက် မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့ အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲ အုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုး အတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲ မှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာ ဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်… အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲ…… Dune: Part Two (2024) ********************** ဇာတ်လမ်းအကျဉ်း Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီး အိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိ ဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရ အေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီး ပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့ မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့ အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမ ရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲ ပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေ ဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်း အစပျိုးသွားပါပြီ။ ကြည့်လိုက်ကြပါဦး….. File size… (7.3 GB)/ (1.77 GB) / (928MB) Quality…WEB-DL 4K HEVC/1080p / 720p Format…mp4 Duration….2h 46m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr. Andreson

Drama
8.8 2024
Dune: Part Two
State of Impurity Estado impuro
6.6

State of Impurity (2022) Estado impuro ဒီတစ်ခါမှာတော့ hispanic အရှုပ်တော်ပုံဇာတ်လမ်း‌လေးနဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်က အာဂျင်တီးနား Indie ရုပ်ရှင်အမျိုးအစားလေးဖြစ်ပြီး အဖော်အချွတ်တွေပါဝင်တာကြောင့် မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ဇာတ်လမ်းကတော့ မိတ်ဆွေသူငယ်ချင်း စုံတွဲသုံးတွဲ မိတ်ဆုံစားတဲ့ပွဲကနေ တော်ကီတွေပစ်ကြရင်း ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဒီစုံတွဲထဲက တစ်တွဲဟာ တခြားသူတွေနဲ့ ခံယူချက်မတူဘဲ တစ်လင်တစ်မယားစနစ်အကြောင်းနဲ့ ပတ်သက်ပြီး စကားစစ်ထိုးရာကနေ နောက်ထပ် ဘယ်လိုမျိုး အခြေ‌အတင်‌တွေ ဖြစ်လာဦးမလဲဆိုတာကို Indie ဖလင်တို့ထုံးစံအတိုင်း အတွေးများများ တော်ကီများများနဲ့တင်ဆက်ထားပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)

Horror • Drama • Fantasy
6.6 2022
State of Impurity Estado impuro
Trick
5.4

Trick (2016) ဇာတ်ကားနာမည်အတိုင်း လှည့်ကွက်တွေအပြည့်နဲ့ Trick ဇာတ်လမ်းဟာ ကိုရီးယားနိုင်ငံရဲ့ မီဒီယာနယ်ပယ်က အကျင့်ပျက်ချစားမှုတွေအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက‌တော့ သတင်းတင်ဆက်မှု နယ်ပယ်မှာ အောင်မြင်တဲ့ PD တစ်ဦးဖြစ်လာခဲ့တဲ့ အီဆော့ဂျင်ဟာ စားသောက်ကုန်လုပ်ငန်းတစ်ခုရဲ့သတင်းကို လူထုဆီ မှားယွင်းတင်ဆက်ခဲ့ပြီး လူ‌သေမှုပါ ဖြစ်စေခဲ့တဲ့အတွက် PD အလုပ်ကနေ နုတ်ထွက်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ရုပ်သံလိုင်းတစ်ခုရဲ့သူဌေးဟာ အဆုတ်ကင်ဆာဖြစ်နေတဲ့အမျိုးသားနဲ့ ဇနီးဖြစ်သူတို့ရဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ အီဆော့ဂျင်ကို ကမ်းလှမ်းလာခဲ့တဲ့အခါမှာတော့…။ အီဆော့ဂျင်အနေနဲ့ မှတ်တမ်းရုပ်ရှင်ကို အောင်မြင်အောင်လုပ်ပြီး သူ့ရဲ့နာမည်ပျက်ကို ချေဖျက်နိုင်သွားမလား ဒါမှမဟုတ် ဘယ်လိုမထင်မှတ်ထားတာတွေများ ဖြစ်လာမလဲ ဆိုတာကတော့ အညွှန်းနဲ့တင် ဖော်ပြဖို့ မလုံလောက်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး‌နော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Hmwe ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 720p WEB-DL File size… 666MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Aaron

Drama
5.4 2016
Trick
Run!
3.8

Run! (2024) ဒါရိုက်တာ Bill Brenenstuhl နှင့် Paul Stenerson တို့ thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေးလံခေါင်သီတဲ့ သဲကန္တာရမြို့လေးမှာ သူတို့ရဲ့ ကတိသစ္စာတွေပြုရင်းကနေ စိတ်ရူးပေါက်နေတဲ့သူတစ်ယောက်ရဲ့ဂိမ်းလေးထဲကိုရောက်သွားရာကနေ ဇာတ်လမ်းလေးကိုစထားပါတယ် ။ ရုပ်ရှင်သည် သည်းထိတ်ရင်ဖိုစရာ အခြေအနေမှာ ချစ်ခြင်း၊ ဒဏ်ပေးခြင်း၊ရှင်သန်ခြင်း အကြောင်းအရာတွေကိုစူးစမ်းတယ်ပေါ့။ ဒီဇာတ်ကားမှာ Alena von Stroheim၊ Jeremy Miller၊ Kevin Muster နဲ့ Jackie Green တို့ ပါဝင်ပါတယ်။ review ပေးတဲ့သူတော်တော်များများကတော့မကောင်းဘူးပြောကြတာများပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားများကို‌နှစ်သက်ရင်တော့ Run! ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.5 GB) / (1.4 GB) Quality….WEBB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:26:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Thriller • Drama
3.8 2024 86 mins
Run!
New World
7.5

New World (2013) ******************* IMDb….7.5 ပိတ်ရက်မှာ ကြည့်ဖို့အတွက် Lee Jung-Jae ,Choi Min-Sik ,Hwang Jung-Min, Park Sung-Woong , Song Ji-Hyo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – အမျိုးသားရဲတပ်ဖွဲ့မှ ဌာနမှူးဖြစ်သူ ဂန်ဟျောင်းချော (Choi Min-Sik) က အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Goldmoon ကို လျှို့ဝှက်စုံစမ်းဖို့အတွက် ရဲဝန်ထမ်းသစ်လေးဖြစ်တဲ့ အီဂျာဆောင်း (Lee Jung-Jae) ကို Goldmoon လုပ်ငန်းစုထဲ သူလျှိုအဖြစ် သွင်းခဲ့ပါတယ်။ Goldmoon ဥက္ကဌကိုသာ ဖမ်းထည့်နိုင်ခဲ့မယ်ဆိုရင် ဂျာ‌ဆောင်းကို ပြည်ပမှာ တာဝန်သွားရောက်‌ ထမ်းဆောင်ဖို့ စေလွှတ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပေါ့။ ၈ နှစ်အကြာမှာတော့ ဂျာဆောင်းက Goldmoon လုပ်ငန်းစုရဲ့ နံပါတ် ၂ အာဏာရှိသူ ဂျောင်ချောင်း (Hwang Jung-Min) ရဲ့ ညာလက်ရုံးဖြစ်လို့နေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ Goldmoon ရဲ့ အကြီးဆုံးအာဏာရှိသူ ဥက္ကဌ ဆော့ချူဒုံကလည်း ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံးပါးသွားတာဖြစ်လို့ Goldmoon လုပ်ငန်းစုတွင်းက ဂျောင်ချောင်းနဲ့ သူ့ရဲ့ပြိုင်ဘက် အီဂျွန်ဂူ (Park Sung-Woong) တို့ကြားဆက်ခံသူနေရာအတွက် အပြိုင်အဆိုင်ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း အီဂျာဆောင်းက Goldmoon ဥက္ကဌ ဆုံးပါးသွားပြီဖြစ်လို့ သူလျှိုအဖြစ်ကနေ ရပ်လိုက်ဖို့ ဆန္ဒရှိလာပါတယ်။ ဒါပေမဲ့ ဌာနမှူးဂန်က Goldmoon ဥက္ကဌ‌နေရာ ဆက်ခံသူကို ရွေးချယ်မှုမှာ ဝင်ရောက်စွက်ဖက်မဲ့ “ကမ္ဘာသစ်” စစ်ဆင်ရေးအတွက် ဂျာဆောင်းကို လိုအပ်သေးတာဖြစ်လို့ လက်မခံခဲ့ပါဘူး။ ဂျာဆောင်းတစ်ယောက် စစ်ဆင်ရေးအောင်မြင်ဖို့ တစ်ခုပဲ ခေါင်းထဲရှိတဲ့ ဌာနမှူးဂန်နဲ့ အစ်ကိုရင်းတစ်ယောက်နဲ့ မခြားတဲ့ ဂျောင်ချောင်းတို့ကြား ဘက်ရွေးချယ်ရခက်လာတဲ့အခါမှာတော့… ဂျာဆောင်းက သူလျှိုဆိုတဲ့ သရုပ်မှန်ကို အဆုံးအထိ ပိပိရိရိ ဖုံးကွယ်ထားနိုင်ပြီး စစ်ဆင်ရေး အောင်မြင်သွားမလား။ Goldmoon လုပ်ငန်းစု ဥက္ကဌနေရာကိုရော ဘယ်သူရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်…) File Size : 1.79GB/ 890MB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

Thriller • Drama • Crime
7.5 2013 134 mins
New World