YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Fantasy.Island.2020.Unrated.720p.AMZN.WEB-DL.mp4

899.67 MB N/A video/mp4 494 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lady Chatterley's Lover
6.7

(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) 1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်သဘောကျတဲ့ မြင်ကွင်းတစ်ခုဆိုရင် အပြာရောင်ကောင်း‌ကင်တစ်ဝက်၊ အစိမ်းရောင်မြက်ခင်းပြင်တစ်ဝက်နဲ့ အလယ်ဗဟိုမှာ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရိုင်းဆန်စွာနဲ့ လှုပ်ရှားနေတဲ့ ကင်မရာရိုက်ချက်ပါပဲ။ ဇာတ်လမ်းအကျဉ်းလေး ပြောရရင်တော့ ... လက်ထပ်ပြီးမကြာခင်မှာပဲ ပထမကမ္ဘာစစ်ကြောင့် Connie ရဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ခါးအောက်ပိုင်း သေသွားပါတယ်။ စစ်ကြီးပြီးလို့ ခင်ပွန်းသည်ရဲ့ Wragby အမွေခံအိမ်ကြီးဆီ ပြန်လာနေကာ ကျောက်မီးသွေးမိုင်းတွင်းတွေကို ဦးစီးလုပ်ကိုင်ရပါတယ်။ ခင်ပွန်းဟာ အောက်ပိုင်းသေနေတဲ့အတွက် လိင်မှုကိစ္စလည်း လုပ်နိုင်စွမ်းမရှိတဲ့အပြင် သူ့အပေါ်ကို ချစ်သူဇနီးမယားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ နာ့စ်တစ်ယောက် အိမ်အကူတစ်ယောက်အဖြစ် မှီခိုလာပါတော့တယ်။ ရုတ်တရက် မြို့ကြီးပြကြီးကနေ ကျေးလက်ဒေသကို ပြောင်လာမှုကြောင့် အသားမကျမှု၊ ခင်ပွန်းရဲ့ တဖြည်းဖြည်းအေးစက်လာမှု၊ ကာမ လိုအင် မပြည့်ဝမှု စတာတွေကြောင့် Wragby ခန်းမဆောင်ဟာ သူ့အတွက် မည်းမှောင်တိတ်ဆိတ်တဲ့ နေရာအဖြစ်မြင်လာပါတော့တယ်။ ဒီအရာတွေဟာ သူတို့အိမ်တော်က မွေးမြူရေးအလုပ်သမား Oliverနဲ့ တွေ့တဲ့အခါ အသစ်တဖန်ပြန်အသက်ဝင်လာပါတယ်။ ဝိဉာဉ်မဲ့နေတဲ့ Connieအတွက် Oliverဟာ ပြန်လည်အသက်ဆက်စရာ ကြိုးတစ်‌ချောင်း ဖြစ်လာတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 3.1GB, 1.1GB, 507MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 6mins Genre              : Drama, Romance Translated by Jane  Encoded by Kinnov

6.7 2022 126 mins
Lady Chatterley's Lover
Z-O-M-B-I-E-S 3
7.5

Disney plus က ထပ်မံတင်ဆက်လိုက်တဲ့ Fantasy, Teen, Romance, Musical ကားလေးပါ။ အရှေ့မှာလည်း Zombies နဲ့ Zombies-2 ဆိုပြီး နှစ်ကား ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ဝံပုလွေတွေနဲ့ လူတွေအကုန် အတူနေကြတဲ့ မြို့လေးအကြောင်းကို အခြေခံထားတာပါ။ ဇက်က high school တက်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး ချစ်သူနဲ့အတူ တက္ကသိုလ်တက်ရဖို့ ကြိုးစားနေတာပါ။ တက္ကသိုလ်ဝင်ရဖို့ သူ့ကိုအရွေးခံရမဲ့နေ့မှာပဲ ဂြိုလ်သားတွေက အုန်းဒိုင်းဆို ရောက်ချလာပါတယ်။ ဇက်ရဲ့ ချစ်သူကလည်း cheerleader ဖြစ်တော့ cheerleading ပြိုင်ပွဲနဲ့ အလုပ်တွေ ရှုပ်နေပါတယ် တစ်ဖက်မှာလည်း ဂြိုလ်သားတွေက မြေပုံတစ်ခုကို အပူတပြင်း ရှာဖွေနေတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ? ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 2.3GB, 1GB & 528MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 28mins Genre : Family, Musical, Romance Translated by Marie Encoded by Kinnov

Crime • Mystery • Thriller
7.5 2022 88 mins
Z-O-M-B-I-E-S 3
X
6.8

~ IMDb Rating - 7.2/10, Rotten Tomatoes - 96% ~ Horror Thriller တွေမှာ Robert Eggers တို့ Peele တို့ Ari Aster တို့နဲ့တွဲပြီး မာစတာပိစ်တွေ မနည်းဖန်တီးခဲ့တဲ့ A24 က ဒီနှစ်ရဲ့အကောင်းဆုံး Horror ကားလို့ ပြောနေကြတဲ့ X ကို Ti West နဲ့တွဲပြီး ဖန်တီးလိုက်ပါတယ်။ X ဟာ A24 Fan တွေကြားမှာရော Horror ကား ဖန်တွေကြားမှာပါ ဒီနှစ်ရဲ့ အကောင်းဆုံး Horror ကားအဖြစ် နာမည်ကျော်နေပါတယ်။ Personal Rating 10 out of 10 ပေးနေကြတာတွေလည်း မနည်းပါဘူး။ သူ့စာအုပ် The Shining ကို ရုပ်ရှင်အနုပညာရဲ့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ စတန်လေကူးဘရစ်ရိုက်တာကိုပါ ဖောင်းထုခဲ့တဲ့ စတီဖင်ကင်းတောင် X ကို မာစတာပိစ်ရုပ်ရှင်ဆိုပြီး ထောပနာပြုထားပါတယ်။ Horror Thriller မာစတာပိစ်တွေ မွေးထုတ်နေကျ ကင်းကြီးတောင် မာစတာပိစ်လို့ ချီးကျူးခံထားရတဲ့ကားဆိုတော့ Horror ကားတွေထဲက ရှားရှားပါးပါး ရွှေကားတစ်ကားပါပဲ။ စီနီမာတိုကလည်း Texas Chainsaw Massacre 1974 အငွေ့အသက်အပြည့်နဲ့ဆိုတော့ ရှေးကမာစတာပိစ်တွေကို Nostalgia ဖြစ်စေမယ့် ကားကောင်းဆိုလည်းမမှားပါဘူး။ Female Characterတွေကို Ti West ရိုက်ပြထားတဲ့ ပုံစံကလည်း ဆွဲဆောင်မှုအပြည့်နဲ့ လက်ဖျားခါလောက်စရာပါပဲ။ လက်ရှိအောင်မြင်မှုအပြည့်ရ ရေပန်းစားနေတဲ့ X ဟာ Pearl ဆိုပြီး Prequel တစ်ကားလည်း ထွက်ဦးမှာပါ။ ဒီနှစ်ထဲထွက်သမျှကားတွေထဲမှာ Rating လည်းကောင်းပြီး တကယ်လည်းမိုက်တဲ့ကားအနည်းစုထဲကတစ်ကားပါပဲ။ အထူးသဖြင့် ထိတ်လန့်သည်းဖို Thriller ကားကောင်းတွေငတ်နေတဲ့ပရိသတ်အတွက်တော့ အိုအေစစ်လို့ပဲဆိုရမှာပါ။ ဇာတ်အိမ်ကိုတော့ 1970 ခုနှစ် အမေရိကန်နိုင်ငံရဲ့ ရှေးရိုးစွဲနဲ့ခေတ်သစ်အတွေးအခေါ်တော်လှန်ရေးတွေစတင်နေတဲ့ကာလတစ်ခုကိုအခြေတည်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ သရုပ်ဆောင်ကောင်းတွေ ကင်မရာသမားကောင်းတွေရှိပေမယ့် နာမည်သိပ်မရသေးတဲ့ အပြာကားထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ဒီတစ်ခါတော့ပေါက်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ဖန်တီးပြီး ရိုက်ကူးရေးစဖို့ ကျေးလက်ဒေသတစ်ခုကအိမ်တစ်အိမ်ကိုငှားရမ်းလိုက်ပါတယ်။ အစပိုင်းမှာတော့အစစအရာရာ အဆင်ပြေချောမွေ့နေပေမယ့် ဒီလိုရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူသူကင်းမဲ့နေတဲ့ကျေးလက်ကအိမ်ကြီးတစ်လုံးကိုရောက်နေတဲ့လူတစ်စုက အေးအေးချမ်းချမ်းနဲ့လုပ်စရာရှိတာလုပ်ပြီး ပြန်သွားတယ်ဆိုတာမျိုးမဟုတ်မှာတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အဓိကဇာတ်ကောင်တွေကိုက အပြာကားရိုက်ကူးရေးအဖွဲ့ဆိုတော့ အရှင်းကြီးဖော်ချွတ်တာမျိုးတွေနဲ့ 18+ ဇာတ်ဝင်ခန်းတွေဖောဖောသီသီပါဝင်တဲ့အပြင် သွေးထွက်သံယိုအခန်းတွေကလည်းသာမန်ထက်ကြမ်းတဲ့အတွက် အသည်းငယ်တဲ့သူတွေ၊ မိသားစုနဲ့ကြည့်ရှုမယ့်သူတွေအတွက်မသင့်တော်ပါဘူး။ ခင်ဗျားဟာ Horror ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ်၊ A24 ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ် X ဟာ မကြည့်လို့ မဖြစ်တဲ့ကားပါပဲ။ လူတိုင်းက မာစတာပိစ်ပါလို့ ချီးကျူးကြတဲ့ ဟော်ရာကားဆိုတာ ရှားပါတယ်။ စတီဖင်ကင်းပါ ချီးကျူးခံရတဲ့ ဟော်ရာကားဆို ပိုရှားသပေါ့။ သေချာတာတော့ X ကိုမကြည့်ရင် ခင်ဗျား သေချာတာတော့ Horror ဖန်ရော A24 ဖန်ရော ဖြစ်ရကျိုးမနပ်သေးပါဘူး။ (ဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo နဲ့ Min Khant Bo တို့မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 610MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo & Min Khant Bo Encoded by Y

Horror
6.8 2022 106 mins
X
April Snow
6.1

~ IMDb Rating - 6.7/10 ~ ၁ အစတုန်းကတော့အဲ့ဒီလူက ကျွန်မအတွက် အသင့်လျော်ဆုံးသူလို့ ထင်ခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးတာပေါ့... သူ့အတွက်ပဲ တစ်သက်လုံး ဝေယျာဝစ္စလုပ်ပေးခဲ့တဲ့ ကျွန်မပုံစံက ငြီးငွေ့စရာကောင်းနေခဲ့တာလား... အဲဒီလူကြောင့်ပဲ ရှင်နဲ့ကျွန်မနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ ကျွန်မ ဟိုးအစကတည်းက ရှင်နဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ.... နွေမှာ နှင်းမကျသလို ရှင်နဲ့ကျွန်မလည်း ပေါင်းစပ်လို့ရနိုင်ပါ့မလား.... ၂ ချစ်ခြင်းဆိုတာ အခြေ‌အနေအချိန်အခါပဲတဲ့။ အချစ်စစ်ကို စောတွေ့လို့လည်းမကောင်း နောက်ကျမှ တွေ့‌လို့လည်းမကောင်းဘူးလို့တော့ ကိုယ်ကြားဖူးတာပဲ။ နွေဦးကိုချစ်တဲ့မင်းရယ် ဆောင်းကိုချစ်တဲ့ကိုယ်ရယ် မတူညီမှုများစွာနဲ့ အချင်းချင်းချစ်မိကြတဲ့အထိ ချစ်ခြင်းဟာ ဆန်းကြယ်တယ်မို့လား။ တစ်ခုသောကံကြောင့် တို့ဝေးခဲ့ကြရင် တစ်ခုသောကံကြောင့် ကိုယ်တို့ပြန်ဆုံမယ်လို့ ကိုယ်ယုံတယ်။ အဲဒီအချိန်မှာ မင်းအတွက်နောက်မကျသလို ကိုယ့်အတွက်မစောနေခဲ့ရင် ကံမဆုံခဲ့တဲ့အချစ်တွေ ကံဆုံရဦးမှာပေါ့။ ‌ဆောင်းထက်နွေဦးကို ပိုချစ်ပေမဲ့ နှင်းစက်တွေကို သဘောကျတယ်လို့ မင်းပြောဖူးတယ်နော်။ တစ်နေ့နေ့မှာတော့ မင်းရဲ့နွေဦးမှာ ကိုယ့်ရဲ့နှင်းစက်တွေကြွေကျ နွေဦးနှင်းတွေ လှပနေမှာပေါ့။ ခုတော့ "ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား"...။ ၃ April Snow ကို ဒါရိုက်တာ Hur Jin-ho ကိုယ်တိုင် ရေးသားရိုက်ကူးထားတာဖြစ်ပြီး သူဟာ Christmas in August တို့ One Fine Spring Day တို့ The Last Princess တို့လို နာမည်ကျော်ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့သူပါ။ အနားယူသွားတာ ကြာပြီဖြစ်တဲ့ ဟေမန်ဆောင်းရဲ့ချစ်ပုံပြင်နဲ့ ဒီမှာလူသိများခဲ့တဲ့ တစ်ခေတ်တစ်ခါက Top Star Bae Yong-joon နဲ့ လက်ရှိ 39 နဲ့ နာမည်ကြီးနေတဲ့ The Classic လို ဂန္တ၀င်ကိုရီးယားအချစ်ကားကိုရိုက်ခဲ့တဲ့ The Pirates အပြင် တခြားဇာတ်ကားကောင်းများစွာရိုက်ခဲ့တဲ့ Son Ye-jinတို့က သရုပ်ဆောင်ထားပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို Phoo Lin မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.6GB, 680MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 45Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Phoo Lin Encoded by Y

Crime • Drama • Thriller
6.1 2005 105 mins
April Snow
A Twelve-Year Night
7.4

ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ရှင်သန်လာတဲ့ လူတွေမှာ ဘာတွေတွေးခေါ်နိုင်မလဲခင်ဗျား စဉ်းစားကြည့်။ လူတစ်ယောက်မှာ လွတ်လပ်စွာရှင်သန်ခွင့်ဟာအရမ်းအရေးကြီးတယ်၊ ကိုယ်နေထိုင်တဲ့ လူ့အသိုက်အဝန်းအဖွဲ့အစည်းကိုယ်၌က လွတ်လပ်မှ ကိုယ့်အတွေးအခေါ်တွေဟာ လွတ်လပ်မယ်။ ဒီလိုပဲ အညမည သဘောအနေနဲ့ ကိုယ့်အတွေးအခေါ်တွေ လွတ်လပ်မှ ကိုယ့်အသိုက်အဝန်းလွတ်လပ်မယ်။ လွတ်လပ်မှုဟာ လုံခြုံမှုကိုဦးတည်တယ်၊ လုံခြုံမှုကနေမှ သန့်ရှင်းတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုနိုင်ငံတစ်ခုကို ဖော်ဆော်နိုင်မယ်။ ဒီလိုသဘောတရားတွေဟာ ဒီမိုကရေစီနိုင်ငံသားတွေရဲ့စိတ်ထဲမှာစိမ့်ဝင်ထားပြီးသား။ ဥရုဂွေးနိုင်ငံဟာ ဆယ်စုနှစ်များစွာ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နေရာကနေ အာဏာရှင် လက်အောက်ကို ကျရောက်သွားတယ်။ ဒီလိုအာဏာသိမ်းမှုမျိုးကို လက်မခံနိုင်တဲ့ လူတွေဝိုင်းဝန်းတော်လှန်ကြပြီး တူပါမာရိုတော်လှန်ရေးဆီကိုဦးတည်သွားတော့တယ်။ သို့ပေမဲ့ စိတ်မကောင်းစွာပဲ ရှုံးနိမ့်ခဲ့ရပြီး ကျန်ရစ်သူတွေကတော့ထောင်ကျခဲ့ပါတယ်၊ ဒီတော်လှန်ရေးကြီးကနေပြီး တစ်ချိန်မှာ ဥရုဂွေးနိုင်ငံရဲ့သမ္မတဖြစ်လာမယ့်သူ၊ အထက်လွှတ်တော်အမတ်ဖြစ်လာမယ့်သူတွေဟာ ထောင်ထဲမှာ ၁၂ နှစ်ကြာ တိုက်နန်းစံရတဲ့ အိမ်ရှေ့မင်းသားရာထူး ရခဲ့ကြပါတယ်။ ဒီ ၁၂ ကြာကာလဖြတ်သန်းရပုံကို ကိုယ်ခံစားနေရသလို ခံစားရတဲ့အထိရိုက်ပြနိုင်တဲ့ကားပါပဲ။ " မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောခွင့်မရှိသလို ဘယ်သူနဲ့မှလည်း စကားမပြောရဘူး "တဲ့။ စိတ်သတ်ကွင်းဆိုတာ အဲဒီလိုနေရာမျိူးပါပဲ၊ စိတ်နဲ့ခန္ဓာ မအပ်စပ်တော့အထိ နှိပ်စက်ခဲ့ကြပြီး ဒီ တူပါမာရိုအကျဉ်းသား‌တွေရဲ့အပေါ့အလေးကိစ္စဟာလည်း မြောက်ကိုရီးယား နျူထိန်းချုပ်ရေးကိစ္စထက် ပိုအရေးကြီးခဲ့ကြပါတယ်။ စိတ်သတ်ကွင်းမှာ သားရဲတွင်းက လွတ်လာတဲ့ သူတစ်ဦးကလည်း ၂၀၁၀ ကနေ ၂၀၁၅ အထိ ဥရုဂွေးနိုင်ငံကြီးကို ဦးဆောင်ပြသွားခဲ့ပါတယ်။ ဆိုတော့ ဒီစာကို ဂျိုဆေးမူဂီကာရဲ့အမေပြောထားတဲ့စကားလေးနဲ့အဆုံးသတ်ပါရစေ။ " တိုက်ခိုက်နေတာကို ရပ်လိုက်တဲ့သူက ရှုံးနိမ့်သွားတာပဲ... " (ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်) Size - 1.97GB, 790MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 2Min Genre - Adventure, Biography, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Murphy Encoded by Y

7.4 2018 122 mins
A Twelve-Year Night
Drug Hunter
10

CM ကနေ အက်ရှင်ကားလေးဖြစ်တဲ့ Drug Hunters ဆိုတဲ့ မူးယစ်ဆေး‌မှောင်ခိုသမားတွေကို ရှင်းလင်းတဲ့ ရုပ်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Main cast အနေနဲ့ကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့ခေါင်းဆောင် ယွီဖန်အဖြစ် Gao Jian ကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ဇာတ်ညွှန်းလေးကိုပြောပြရမယ်ဆိုရင် အရှေ့တောင်အာရှမှာ မူးယစ်ဆေးအရောင်းအဝယ်တွေ အတော်ပေါများနေပြီး ဟိုင်ယာ့မြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ခေါင်းဆာင် ယွီဖန်က သူ့အဖွဲ့သားတွေနဲ့အတူ တိုင်းတစ်ပါးကနေ မှောင်ခိုတင်သွင်းနေတဲ့ မူးယစ်ကုန်သွယ်လမ်းကြောင်းတစ်ခုကို ခြေရာခံမိပြီး ပြည်တွင်းမှာ မှောင်ခိုဖြန့်ချီနေတဲ့ လီယုံကို သတိထားမိသွားရာက‌နေ သူ့နောက်ကွယ်က အဝယ်တော်ကို အမိဖမ်းပြီး မူးယစ်ကုန်သွယ်လမ်းကြောင်းကို အမြစ်ပြတ်ရှင်းထုတ်ဖို့ စစ်ဆင်ရေးစတင်ခဲ့ပါတော့တယ် စစ်ဆင်ရေးပိုမိုအရှိန်ပြင်းလာတာနဲ့အမျှ ပေးဆပ်မှုတွေကလည်းပိုလို့ပြင်းထန်လာပါတယ် မကောင်းမှုပြုတဲ့သူ မှန်သမျှဟာ နောက်ဆုံးမှာတော့ ကိုယ်ပြုခဲ့တဲ့ အကျိုးသက်ရောက်မှုကို ခံစားရစမြဲပါ ‌အဲ့တော့ နောက်ဆုံးမှာ ဘယ်သူတွေက ဘယ်လိုစတေးပြီး တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာကို အကောင်ထည်ဖော်သွားမလဲဆိုတာကိုတော့ အခုတင်ဆက်ပေးမယ့် Drug Hunters ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime , Drama Runtime : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Moon , Kyawt , Moon Encoded by LK

Drama • Western
10 2022 83 mins
Drug Hunter
Enemies Closer
5.2

မင်းသားကြီး Van Damme ကိုယ်တိုင်ဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Enemies Closer ဆိုတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ။ ဟင်နရီကအမေရိကန်နဲ့ကနေဒါနယ်နမိတ်ကတောအုပ်အတွင်းမှာ အလုပ်လုပ်နေတဲ့သူပါ။တစ်နေ့မှာတော့ သူ့ရဲ့အတိတ်ကပြဿနာတစ်ခုကြောင့်သူ့ကို သတ်ဖို့ကြိုးစားတဲ့ ကလေး ဆိုသူရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးရဲ့ဟင်နရီကိုလုပ်ကြံသတ်ဖြတ်မှုကမအောင်မြင်ခဲ့ပဲ မူးယစ်ဆေးရောင်းဝယ်ရေးအဖွဲ့တစ်ခုက သူတို့ရှိနေတဲ့တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။ ဟင်နရီတို့နှစ်ယောက်ရန်သူအဖြစ်ကနေပူးပေါင်းသွားကြပြီး မူးယစ်ရာဇာတွေကိုဘယ်လိုအနိုင်ယူတိုက်ခိုက်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။

Adventure • Animation • Comedy • Family • Fantasy
5.2 2013 85 mins
Enemies Closer
The Seven Deadly Sins: Grudge of Edinburgh Part 1
5.5

The Seven Deadly Sins: Grudge of Edinburgh Part 1 (2022) ========================================= ဟုတ်ပါတယ်။ Seven Deadly Sins fanတွေကြားမှာ အရမ်းပွဲထသွားခဲ့တဲ့ 2022တုန်းက Movie ပါ။ ဒါရိုက်တာနဲ့ စတူဒီယိုအပြောင်းအလဲကြောင့် fan တွေကြားမှာ Game Trailer လားလို့တောင် မေးယူရတဲ့အထိ Animation style ကြီးတစ်ခုလုံး ဝက်ဝက်ကွဲဖုန်ထသွားတဲ့ကားပါ။ Seven Deadly Sins က plot ပိုင်းကြောင့် Manga မှာအတန်အသင့်အောင်မြင်ပြီး ဖန်အသင့်အ တင့်လည်းရှိတဲ့ Anime series တစ်ခုပါ။ Grudge of Edinburghရဲ့ Animation style က 2D Japan Anime ကြည့်နေကျလူတွေရဲ့ မျက်စိထဲမှာတော့ နည်း နည်းတစ်မျိုးဖြစ်နေမယ်ဆိုပေမဲ့ အရင် 2Dလို့ စိတ်ထဲမထားဘဲ တခြားအသစ် တစ်ခုအနေနဲ့ မြင်ကြည့်ရင် အဆင်ပြေမယ်ထင်ပါတယ်။ SDSကို မကြည့်ဖူး သူတွေအနေနဲ့လည်း ဒီမူဗီကို ကြည့်လို့ရပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ Timeline ကတော့ ဒုစရိုက်(၇)ပါးရဲ့ခေါင်းဆောင် နဂါးဒေါသဒုစရိုက် Meliodasနဲ့ နတ်ဘုရားမမျိုးနွယ် တတိယမြောက် မင်းသမီး Elizabeth တို့ရဲ့သား Tristan Liones ခေတ်ပါ။ တစ်နေ့တော့ ဘုရင်မ Elizabeth ကျိန်စာအတိုက်ခံပြီး အဲ့ကျိန် စာကို ပယ်ဖျက်ဖို့ Tristanက အာရုံခံမိတဲ့အတိုင်း အရှေ့ဘက်ယွန်းယွန်းကို ခရီး ထွက်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ လိုက်ဖမ်းခံရလို့ ထွက်ပြေးနေတဲ့ ဘီလူးတွေ၊ နတ် သူငယ်တွေနဲ့တွေ့ပြီး ကယ်ပေးလိုက်ရာကနေ သူတို့ရဲ့ဦးတည်ရာကလည်း အရှေ့ ဘက်ဖြစ်နေလေတော့ အတူတူခရီးထွက်လာလိုက်ကြပါတယ်။ Part(1), Part (2) နှစ်ကားထွက်ထားပြီး နှစ်ကားလုံးတင်ဆက်ပေးသွားပါမယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.1 GB) / (587 MB) Quality…………WEB-DL 1080p / 720p Duration………52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator……Ngwe Zin Encoder……….Zin Phyo Aung

5.5 2022
The Seven Deadly Sins: Grudge of Edinburgh Part 1
Candy Cane Lane

Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ – ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ကျင်းပဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ပဲ ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သူတွေထဲက အနိုင်ရရှိသူကတော့ ဒေါ်လာ ၁သိန်း ရရှိမှာဖြစ်ပါတယ်။ အဲဒီလိုနဲ့ ခရစ်လည်း ဒေါ်လာ ၁သိန်း ရရှိရေးအတွက် ကြိုးပမ်းပါတော့တယ်။ ဒါပေမယ့် အနိုင်ရရှိဖို့လုပ်ရာကနေ မကောင်းတဲ့ နတ်သူငယ် တစ်ယောက်နဲ့ အပေးယူ လုပ်မိပါတော့တယ်။ ထိုအပေးယူကို မလုပ်နိုင်ခဲ့ရင် ခရစ်တစ်ယောက် ကျိန်စာမိပြီး Legoအရုပ်လေးတွေလို အရုပ်အဖြစ်နဲ့ပဲ တစ်သက်လုံး နေသွားရတော့မှာပါ။ ခရစ်တစ်ယောက် အရုပ်အဖြစ် အပြောင်းမခံရအောင် နတ်သူငယ် ပက်ပါ ​ခိုင်းသလို လက်စွပ်တွေကို ရှာရပါတော့တယ်။ ခရစ်တစ်ယောက် အပေးယူအတိုင်း လက်စွပ်တွေကို ရှာနိုင်သွားမလား …. ဒါမှမဟုတ် Legoအရုပ်အဖြစ်ပဲ ပြောင်းသွားမလား ….. ခရစ္စမတ်ရဲ့ အမှန်တကယ် အနှစ်သာရကိုရော ရှာဖွေတွေ့ရှိသွားမလားဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ရှု့လို့ကောင်းပြီး ခရစ္စမတ်ကာလနဲ့လည်း ကိုက်ညီတဲ့အတွက်ကြောင့် မိသားစုနဲ့ပဲအဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် ချစ်ရသူလေးနဲ့ပဲအဖြစ်ဖြစ် ကြည့်ရှု့ဖို့ သင့်တော်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.1 GB) Quality…. 720p Format…mp4 Duration….02:00:00 Genre…Comedy, Fantasy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Drama
0 2023
Candy Cane Lane
Finestkind
5.7

Finestkind (2023) ============= Crime, Drama, Thriller Wednesday မင်းသမီး Jenna Ortega အပြင်… နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ben Foster, Tommy lee Jones တို့ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ အမေရိကန်ရဲ့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ပြီး အကိုဖြစ်သူ တွမ်အယ်ဒရစ်နဲ့ ပင်လယ်ပြင်ကိုစွန့်စားပြီး ငါး ဖမ်းဖို့ထွက်လာခဲ့တဲ့ ချာလီဆိုတဲ့ကောင်လေး တစ်ယောက်ရှိ ပါတယ်။ သာမန်ဘွဲ့ရ ရုံးတစ်ရုံးမှာအလုပ်ဝင်လုပ်ရမယ့် ဘဝ ကိုစွန့်ပစ်ပြီး အစ်ကိုဖြစ်သူလို ငါးဖမ်းသင်္ဘောကြီးတွေနဲ့အတူ စွန့်စားဖို့အတွက် နယူးစတက်ဖို့ဒ်ဆိုတဲ့ တံငါမြို့လေးကိုရောက် လာခဲ့ပါတယ်။ အဲ့ဒီမှာ မေဘယ်ဆိုတဲ့ မိန်းမလှလေးနဲ့တွေ့ပြီး သူ့ရဲ့ဘဝလမ်း ကြောင်းက ပိုသေချာသွားခဲ့ပါတယ်။ မေဘယ်နဲ့ပြန်တွေ့ခွင့်ရဖို့ အစ်ကိုဖြစ်သူနဲ့အတူ အမေရိကန်ရေပိုင်နက်မှာ ကမာကောင်တွေ ဖမ်းဖို့ အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟာ အမေရိ ကန်ရေပိုင်နက်ကိုကျော်ပြီး တစ်ဖက် ကနေဒါနိုင်ငံရဲ့ ရေပိုင်နယ် ထဲကိုရောက်သွားတဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ထင်ထား သလောက် မရိုးရှင်းတော့ပါဘူး။ သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ ညီအစ်ကို (၂) ယောက်ငါးဖမ်းသင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, Leonard Lin တို့ဖြစ်ပါတယ်) File Size……….(2 GB) / (843 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 06Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Thriller Translator…….Thiha Yan Naing, Leonard Lin Encoder……….SWM

Horror • Comedy
5.7 2023 126 mins
Finestkind
The Number 23

ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ အမျိုးသမီးကို လက်ထပ်ထားပြီး ရော်ဘင်လို့ ခေါ်တဲ့ သားလေးတစ်ယောက်ကို ဖွားမြင်ထားပြီး မိသားစု ဘဝလေးကို တည်ထောင်ထားပါတယ်။ သူက ပုံမှန်လူတွေလိုပဲ အလုပ်လုပ်မယ် မိန်းမကို ချစ်မယ် သားလေးကို ပျိုးထောင်မယ်၊ ဒီလိုလေးတွေ လုပ်ရင်းနဲ့ပဲ ဘဝကို နေထိုင်လာသူပါ။ ဒါပေမယ့် သူ့ရဲ့ တခုသော မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် “နံပါတ် ၂၃”ဆိုတဲ့ စာအုပ်ကို ရလိုက်တဲ့အချိန်က စပြီး အရာအားလုံးပြောင်းလဲသွားပါတော့တယ်။ စိတ်ကူးယဥ်ရေးထားတဲ့ စာအုပ်က သူ့ရဲ့ဘဝနဲ့ ထပ်တူကျနေတဲ့အခါ၊ စာအုပ်ထဲက အကြောင်းရာတွေ အပြင်မှာပါ တအားမှန်လာတဲ့အခါ၊ နံပါတ် ၂၃ကို တဖြည်းဖြည်း စွဲလန်းလာတဲ့အခါ … စွဲလန်းမှုကနေ လူသတ်မှုတွေထိပါ ဆက်နွယ်လာတဲ့အခါ …. ဒီ”နံပါတ်၂၃”စာအုပ်ကို ရေးခဲ့တာ ဘယ်သူလဲ … ဒီစာအုပ်ထဲက အကြောင်းရာတွေက ဘာလို့ ဝေါတာရဲ့ဘဝနဲ့ တထပ်တည်းနီးပါးထပ်တူကျနေတာလဲ … လူသတ်မှုကရော တကယ်ပဲဖြစ်ခဲ့တာလား …. တကယ်ဆိုရင် ဘယ်သူသတ်ခဲ့တာလဲ … လူသတ်သမားက သူ လူသတ်ခဲ့ကြောင်း စာအုပ်ရေးပြီး ဝန်ခံထားတာလား … ဒါဆိုရင် စာရေးဆရာက ဘယ်သူလဲ … ဒါမှမဟုတ် နံပါတ် ၂၃ကို စွဲလန်းလာရာကနေ စိတ်ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား …. ဇာတ်လမ်းကို ကြည့်နေရင်းနဲ့ လူက ဇာတ်ရှိန်နဲ့အတူ မျောပြီးတော့ကို ပါသွားမှာပါ။ ဒီရုပ်ရှင်က Leonardo DiCaprioeရဲ့ Shutter Islandနဲ့တောင် ဆင်တယ်လို့တောင် ခံစားမိပါတယ်။ မတူတာကတော့ တိကျရှင်းလင်းတဲ့ အဖြေတစ်ခုကိုလည်း ပေးသွားတာမို့လို့ ရုပ်ရှင်တစ်ခုရဲ့အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားရစေမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.9 GB)/(804 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2007
The Number 23
Million Dollar Arm
7

ဒီကားလေးကတော့ 2014 ကထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် ကို အခြေခံရိုက်ကူးထားတဲ့ sports dramaကားလေးဖြစ်ပါတယ်။ Life of Paiဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Indiaမင်းသား Suraj Sharma နဲ့ Slumdog millionaire မှာ ပါတဲ့ Madhur Mittal တို့လည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တကယ်ကို ကြည့်လို့ကောင်းတဲ့ကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အားကစားagentတွေ ဖြစ်ကျတဲ့ J.B Bernstein နဲ့ သူ့ရဲ့ Partner Ash Vasudevan တို့က Los Angeles က သူတို့ company မှာ အခက်တွေ့နေကျတဲ့ သူတွေဖြစ်ပါတယ် JB ကလည်းအားကစားသမားအသစ်တွေမွေးမထုတ်ပေးနိုင်တာကြာပါပြီ အဲဒါနဲ့ သူကဘယ်သူမှ မထိရသေးတဲ့ဈေးကွက်ဖြစ်တဲ့ India မှာ baseball ကစားသမားအသစ်တွေကို ရှာဖို့ အတွက် million dollar arm ပြိုင်ပွဲကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုနဲ့ သူလိုချင်တဲ့အားကစားသမားကောင်:တွေကိုရှာတွေ့နိုင်ပါ့မလား သူတို့ နဲ့ရော အဆင်ပြေကြမလား ဆိုတာကို ကြည့်ရှုရမဲ့ motivational ကားလေးဖြစ်ပါတယ် File size…(2 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:04:00 Genre… Biography, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

7 2014 124 mins
Million Dollar Arm
Once Upon a Time in China III
7.3

ဒီဇာတ်လမ်းအဆက်လေးမှာတော့ ဝမ်ဖေးဟုန်ဟာ ဒေါ်လေးရီနဲ့အတူ အဖေဖြစ်သူရဲ့ ဆေးဝါးလုပ်ငန်းကိုလည်း ကြည့်ရင်း အဖေနဲ့လည်း တွေ့ချင်တဲ့အတွက် ကန်တုံကို ပြန်ခဲ့ပါတယ်။ သူပြန်ရောက်တဲ့အခါမှာတော့ ရုရှားတွေက တရုတ်ပြည်ကို ရောက်ရှိနေပြီး ဘုရင်မကြီးက တရုတ်ပြည်ဟာ တိုင်းတပါသားတွေကို မလိုအပ်ကြောင်းနှင့် စစ်အင်အားကို တစ်ဖက်လှည်နဲ့ ပြသချင်တဲ့အတွက် ခြင်္သေ့ဘုရင်ပြိုင်ပွဲကို ကျင်းပဖို့ စေခိုင်းထားပါတယ်။ ရုရှားသံတမန်တွေကလည်း အကြံအစည်နဲ့လာတာဖြစ်ပြီး တစ်ဖက်မှာလည်း တိုင်ပေဆီလုပ်ငန်းပိုင်ရှင်တဖြစ်လည်း တိုင်ပေဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကျူထန်ပါးက တခြားအဖွဲ့အစည်းတွေ ခြင်္သေ့ဘုရင် ပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်အောင် အစွမ်းကုန်ဖျက်လိုဖျက်ဆီး လုပ်နေပါတော့တယ်။ ဒီတော့ ရုရှားနှင့် တိုင်ပေဂိုဏ်းကြားထဲမှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ၊ ရုရှားတွေရဲ့ အကြံအစည်ကရော ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို ဝမ်ဖေးဟုန်တစ်ယောက် မိသားစု တပည့်တပန်းတွေနဲ့အတူ ရှာဖွေ ဖော်ထုတ် တားဆီးသွားမှာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.2 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.3 1993 112 mins
Once Upon a Time in China III
Clickbait: Unfollowed
5.2

ဆိုရှယ်ပလက်ဖောင်းတစ်ခုရဲ့ တီထွင်သူတစ်ဦးက နယ်ပယ်အသီးသီးမှာ followers 250k စီရှိတဲ့ Influencers ငါးယောက်ကို အိမ်ကြီးတစ်ခုထဲမှာ ဂိမ်းလာကစားဖို့ ဖိတ်ကြားလိုက်ပါတယ်။ သူချပေးတဲ့ ခေါင်းစဉ်နဲ့အညီ contents တွေကို မြန်မြန်ဆန်ဆန် ဗီဒီယိုရိုက်တင်ကာ ပြိုင်ဆိုင်ရတာဖြစ်ပြီး အိမ်ကြီးထဲကနေ အနိုင်ရသူတစ်ဦးတည်းကသာ ထွက်သွားနိုင်မှာဖြစ်ပါတယ်။ လာရောက်ပြိုင်ဆိုင်တဲ့ Influencers ငါးယောက်ထဲက ဘယ်သူက အနိုင်ရပြီး ဘယ်သူတွေကတော့ ကြောက်မက်ဖွယ် ပြစ်ဒဏ်တွေကို ခံရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5.2 2024 90 mins
Clickbait: Unfollowed
Blue Sky
6.4

“သမီးတို့မေမေက ရေလိုပဲကွယ့် ရေမှာ H2O ဆိုတဲ့ တူညီတဲ့မူရင်းတန်ဖိုးရှိပေမယ့် သူဟာ တစ်ခါတစ်ရံမှာ အရည်အဖြစ်ရှိနေတတ်ပြီး တစ်ခါတစ်ရံ ရေခဲ ဒါမှမဟုတ် ရေငွေ့အဖြစ်ရှိနေတတ်တယ်။ ဖေဖေကတော့ အချိန်တစ်ခုကြာကတည်းက သမီးတို့မေမေရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းကိုပဲ ကြည့်ပြီးချစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။” အချစ်ကြီးတဲ့ စစ်သားကြီး ဟန့်ခ်မာရှယ်တစ်ယောက် ဒီလိုပြောခဲ့ပါတယ်။ ဒါပေမယ့် ကာလီမာရှယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့“အဖေကြီးရယ် မှားမိသွားတာပါ” တဲ့ မူရင်းဝတ္ထုရေးဆရာမ Rama Laurie Stagner ရဲ့ မိဘများကို အခြေခံထားတဲ့ ဒီဇာတ်လမ်းဟာ ၁၉၆၂ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး စစ်အေးခေတ်အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးတင်းမာမှုတွေကို ပါးပါးလေးပုတ်ပြထားတဲ့ ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်မှာ ရိုက်ကူးခဲ့ပေမယ့် ထုတ်လုပ်ရေးကုမ္ပဏီက ဒေဝါလီခံသွားခဲ့ရတာကြောင့် ၄နှစ်အကြာမှ ဖြန့်ချီနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Tony Richardson အတွက်လည်း Blue Skyဟာ သူ့ရဲ့နောက်ဆုံးလက်ရာဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာကြောင့် ရုပ်ရှင်ဖြန့်ချီပြသချိန်မှာ သူမရှိနေခဲ့တော့ပါဘူး။ ဒါအပြင် ဝင်ငွေနည်းခဲ့လို့ ကုန်ကျစရိတ်ကိုတောင် ပြန်မကာမိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ များစွာရှိခဲ့ပေမယ့် အမျိုးသမီးဇာတ်ဆောင် Jessica Lange တစ်ယောက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆု နဲ့ ရွှေကမ္ဘာလုံးဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ရုပ်ရှင်ဟာလည်း IMDb 6.4 နဲ့ Rotten Tomatos 80%ရရှိထားပြီး ထွက်ရှိလာချိန်မှာ ကောင်းမွန်တဲ့မှတ်ချက်တွေကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ CM ပရိသတ်ကြီးလည်း Blue Skyနဲ့အတူ စီးမြောရင်း မိသားစုဘဝနဲ့ ချစ်ခြင်းတရားကို ဝေဖန်သုံးသပ်ကြည့်ပါဦးလို့… File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:41:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar

6.4 1994 101 mins
Blue Sky