YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Early Bird - Erkenci Kus (2018) Episode-12(1080p).mp4

1.02 GB 1080p video/mp4 403 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Over the Sky
6.8

ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2020ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Yoshinobu Senaရဲ့ လက်ရာလေးပါပဲ။ (၃)ပွင့်ဆိုင်အချစ်ဇာတ်လမ်းဆိုတာမျိုး တော်တော်များများကြုံဖူး ကြားဖူးကြမှာပါ။ ဒီanime လေးမှာတော့ မီအို အာရာတာနဲ့ မာဒိုကာတို့ သူငယ်ချင်း(၃)ဦးမှာ အာရာတာကို ၂ယောက်လုံးက ကြိတ်ကြွေနေကြပါ တယ်။ မင်းသမီး မီအိုကတော့ go with the flow type မို့ အရာရာကို လွယ်လွယ်နဲ့ အရှုံးပေးတတ်တယ်။ မီအိုနဲ့ အာရာတာကတော့ ငယ်သူငယ်ချင်းတွေမို့ ပိုရင်းနှီးကြတယ်။ ဒါကို မခံစားနိုင်တဲ့ မာဒိုကာက တစ်နေ့မှာ မီအိုကို သူအာရာတာကို စိတ်ဝင်စား နေကြောင်း ဖွင့်ဟလာတဲ့အခါ မီအိုက အားပေးအားမြှောက်လုပ်လိုက်ပါ သေးတယ်။ တစ်နေ့ မီအိုနဲ့ အာရာတာတို့ လျှောက်လည်ရင်း စကားများ ကြတယ် စကားလွန်မိတယ်။ ဒါကိုပြန်တောင်းပန်ဖို့ မီအိုခမျာ အပြေးသွားတဲ့ လမ်းမှာတင် accident တစ်ခုကို ကြုံလိုက်ရပြီး ဝိဉာဉ်လွင့်သွားပါတော့တယ်။ သူ့ခံစားချက်အစစ်အမှန်တွေကို မပြောလိုက်ရတာမို့ မီအိုကတော့ ဘဝမကူးဘဲ ကြားကမ္ဘာမှာတင် လူ့လောကကို ပြန်သွားနိုင်ဖို့ အစွမ်းကုန် ကြိုးစားရပါတော့တယ်။ အဆုံးမှာ သူလူ့လောကကို ပြန်သွားနိုင်ပါ့မလား အာရာတာဘက်ကရော ဘယ်လို သဘောထားလဲ ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို ငြိမ့်ငြိမ့်လေး ကြည့်ရှု ရမယ့် anime ကားကောင်းလေးတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size..........(1.0 GB) / (518 MB) / (337 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Drama, Fantasy Translator.......Mugiwara Ya Encoder..........SWM

Drama
6.8 2020 95 mins
Over the Sky
The Devil Wears Prada
7.4

The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။ လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ဖက်ရှင်အယ်ဒီတာ့စိတ်ကြိုက်ဆိုတော့လည်း အဝတ်အစားအပိုင်း အပြင်အဆင်ကအစ ခန္ဓာကိုယ်အချိုးအစားပါ ဖက်ရှင်ကျအောင်နေပေးရရင်းက ကိုယ်ပိုင်ဘဝလေးကိုပါထိခိုက်လာရော။ အလုပ်ကိုအရမ်းကြိုးစားရင် ကိုယ့်ဘဝမှာအချိန်ပေးရမှာတွေကို ပေးသင့်သူတွေကို လျစ်လျူရှုမိတာ ဓမ္မတာပဲလေ၊။ ဒီတော့ အန်ဒီတစ်ယောက် အယ်ဒီတာက ခဏခဏကြပ်တဲ့အလုပ်မှာပဲ ဆက်လုပ်မလား ဘာတွေရွေးချယ်ရင်း ဘယ်လိုခရီးဆက်မယ်ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ပျော်ပျော်လေးကြည့်ရှုနိုင်ပါပြီ။ (နာမည်ကြီး Fashion brandတွေ၊ Designer နာမည်တွေ၊ Studioနာမည်တွေအများကြီးပါတာမို့ မြန်မာလိုနာမည်ပြန်မရေးဘဲထားခဲ့တာ မျက်စိရှုပ်မသွားပါနဲ့ဦးဗျ)

Action • Adventure • Science Fiction
7.4 2006 109 mins
The Devil Wears Prada
All the World Is Sleeping
5.3

All the World Is Sleeping (2023) ======================= သာမန်လူတွေလို မြေပြင်မှာ ရပ်နေတာမဟုတ်ဘဲ ဟိုးက မှောင်မဲ နေတဲ့ တွင်းနက်ကြီးထဲ ကျနေတဲ့သူတွေရှိတယ်။ တကယ်ကျမကျ မသေချာရင်တောင် အဲ့လိုကျနေတယ်လို့ ခံစားရတဲ့သူတွေပေါ့လေ။ ကျတဲ့ပုံစံအမျိုးမျိုး၊ ကျတဲ့တွင်းအမျိုးမျိုးလည်းရှိသေးတယ်။ ဒီဇာတ် ကားထဲမှာတော့ မူးယစ်ဆေးဝါးတွင်းကြီးထဲကို ကျနေတဲ့ မြေအောက် ကမ္ဘာကလူတွေကို တွေ့ရမှာပါ။ မလွှဲမရှောင်သာလို့ပဲဖြစ်ဖြစ်၊ မသိလိုက်ခင်မှာပဲဖြစ်ဖြစ်၊ စိတ်ထွက် ပေါက်အနေနဲ့ဖြစ်ဖြစ်၊ ကြိုက်လို့ပဲဖြစ်ဖြစ်၊ မှားယွင်းတဲ့ဖြေရှင်းနည်း တစ်ခုအနေနဲ့ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ်၊ ကြီးပြင်းလာရတဲ့ပတ် ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် အမျိုးမျိုးသောမြစ်ဖျားခံရာ အကြောင်းအ ရင်းတွေဆီကနေ မှားယွင်းနဲ့နည်းလမ်းတွေနဲ့ သုံးစွဲမိပြီး ထိုတွင်းနက် ကြီးထဲကို ကျသွားရသူတွေ။ ပြန်တက်နိုင်ကြပါလေမလား။ ဘယ်သူ့အမှားလို့ အပြစ်တင်ရပါ့လေမလဲ။ မွေးဖွားလာခဲ့ရတဲ့ ပတ် ဝန်းကျင်ကို လက်ညှိုးထိုးမလား။ ကံကိုပဲပုံချမလား။ တစ်ပါးသူအမှား ကြောင့်ဖြစ်နိုင်မလား။ ကိုယ့်ကိုယ်၌မှာသာ ဖြစ်နေတဲ့အရာမို့လို့ ကိုယ် ကိုယ်တိုင်ပဲ ကြိုးစားရုန်းထွက်မှဖြစ်တော့မှာပါ။ ဒီဇာတ်ကားထဲမှာတော့ သမီးကိုချစ်တဲ့စိတ်ကြောင့် မူးယစ်ဆေးနွံထဲကနေ မရ,ရအောင် ရုန်း ထွက်ပြခဲ့တဲ့ သန်မာတဲ့ မိခင်ငယ်တစ်ယောက်ကို မြင်တွေ့ရပါလိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.62 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Comedy • Drama
5.3 2023
All the World Is Sleeping
League of Gods: Zhou Destruction I
6

ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။ လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။

Action • Adventure • Comedy • Drama • Fantasy • Animation
6 2023
League of Gods: Zhou Destruction I
A Safari Romance
6.6

ဒီဇာတ်ကားကတော့ Family movieမျိုးပါပဲ 2023ထွက်ကားဆိုပေမဲ့ ဇာတ်အိမ်နဲ့ ဒိုင်ယာလော့ခ်တွေက သိပ်ပြီးဆန်းတာမပါတော့ ကားဟောင်းတစ်ကားကိုပြန်ကြည့်ရသလိုမျိုးပဲ ဇာတ်လမ်းက ရိုးရှင်းပါတယ်။အပန်းဖြေကွင်းဒီဇိုင်နာ တင်မ်နဲ့ သုတေသနပညာရှင်လည်းဖြစ် တောထိန်းတစ်ဦးလည်းဖြစ်တဲ့ မက်ဂန်တို့ ဆာဖာရီဥယျာဥ်ထဲဆုံကြရင်း ရင်းနှီးသွားကြတယ်။ ဒီလိုနဲ့ ဆာဖာရီဥယျာဥ်ဆီကို တင်မ်ရဲ့ရည်းစားဟောင်းအေမီထပ်ရောက်လာတယ် ။ တင်မ်ရော ဆမ်ရောက ကိုယ့်အလုပ်ကိုယ်မြတ်နိုးတဲ့သူတွေ၊ အေမီက exဆိုတော့ဇာတ်ညွှန်းအရ ဗီလိန်နေရာမှာပဲပေါ့။ ဇာတ်ညွှန်းအစအဆုံးက သမားရိုးကျဇာတ်လမ်းမျိုးပါပဲ။ဆာဖာရီရဲ့ရိုးရာဓလေ့တွေတော့ ပါသင့်သလောက်ပါတယ် Actingအဆင်ပြေတယ်။ တစ်ကားလုံးနီးပါး settingကို ဆာဖာရီကိုအခြေခံထားပေမဲ့ တိရစ္ဆာန်အခန်းတွေအရမ်းမများဘူး အဝေးရိုက်ချက်တွေလောက်ပဲပါတယ်။ ဇာတ်လမ်းက Comedyမပါဘူး။ Romance/ Friendship/Drama သီးသန့်ပဲ။ ဇာတ်ကားကိုကြည့်သင့်တဲ့အချက်ကတော့ lightဖြစ်တဲ့ကားမျိုးကို ပိတ်ရက်မှာ အေးအေးချမ်းချမ်းကြည့်ချင်တဲ့ရက်မျိုးတွေဆို သင့်တော်ပါတယ်။File size…(1.85 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

6.6 2023 84 mins
A Safari Romance
To The North
6.4

To the North (2022) ~ IMDb rating – 6.4/10 ~ 1996 တုန်းက ထိုင်၀မ်နဲ့ ဖိလစ်ပိုင်သင်္ဘောသားတွေကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားပြီး ကြင်နာမှု ကိုယ်ကျင့်တရား အကြပ်အတည်းနဲ့ ဘုရားသခင်အပေါ် ကိုးကွယ်ယုံကြည်မှုတွေကို မြင်သာအောင် ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ရိုမေးနီးယန်းလူမျိုး ကောင်လေး၂ယောက်က မိသားစုအတွက် အလုပ်လုပ်ဖို့ နယူးယောက်ကို သွားဖို့ရာ ကုန်တင်သင်္ဘောတစ်စီးထဲ ခိုးလိုက်လာပါတယ်။ ဒီသင်္ဘောပေါ်မှာ ထိုင်၀မ်အရာရှိတွေနဲ့ ဖိလစ်ပိုင်လူမျိုးသင်္ဘောသားတွေပါလာပြီး ကနေဒါကို ထွက်ခွာလာတာပါ။ ဒူမီထရူနဲ့သူ့သူငယ်ချင်း ခိုးလိုက်လာပြီး သူ့သူငယ်ချင်းအရင်ထွက်လာတဲ့အချိန် ထိုင်၀မ်တွေက မိသွားပြီး ရေထဲပစ်ချလိုက်ပါတယ်။ ဘာသာရေးယုံကြည်သူ ဖိလစ်ပိုင်လူမျိုး ဘိုဆွန်က ကျန်ခဲ့တဲ့ ဒူမီထရူကို ဘုရားသခင်အလိုတော်အရ မသိအောင် ဖွက်ပေးထားပြီး အစာရေစာကျွေးခဲ့ပါတယ်။ ဘိုဆွန့်သူငယ်ချင်းတွေ သိသွားပြီး တားဖို့ကြိုးစားပေမဲ့ ဘိုဆွန်က ဘုရားသခင်ရဲ့ ဒေသနာတော်တွေအ‌ပေါ် သက်ဝင်ယုံကြည်စိတ်နဲ့ ကယ်ပေးဖို့လုပ်ခဲ့ပါတယ်။ ထိုင်၀မ်တွေ သိသွားပြီး အဖွဲ့သားအားလုံးအတွက် သူစိမ်းရဲ့အသက်နဲ့ လဲလှယ်ဖို့လုပ်တဲ့အခါ… ဘိုဆွန်ရဲ့ ယုံကြည်ကိုးကွယ်မှုအတိုင်း ဘုရားသခင်က ကြည့်ရှုစောင်မ,မလား၊ အန္တရာယ်တောထဲပဲ ရောက်မလားဆိုတာကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 860MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 3Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.4 2022
To The North
Hands of Hell

ဒီ “Hands of Hell” ဆိုတဲ့ ဇာတ်ကားကတော့ အမေရိကန်နိုင်ငံရဲ့ Texas မြို့အရှေ့ဘက်မှာ ဇာတ်လမ်းတည်ထားပါတယ်။ စိတ်ကျန်းမာရေးဆေးရုံကနေ စိတ္တဇလူသတ်သမားနှစ်ဦးလွတ်လာတဲ့အခါ Texas မြို့ လူသူနဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုမှာ အပန်းဖြေခရီး ထွက်လာကြတဲ့ လူငယ်တစ်စုနဲ့ ထိုလူသတ်သမားနှစ်ဦး တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီလူငယ်တစ်စုက ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ လူသတ်သမားနှစ်ဦးကဘဲ အနိုင်ရသွားမလား။ ဒီလူငယ်တစ်စုပဲ လွတ်မြောက်သွားမလား စိတ်လှုပ်ရှားစရာ ကြည့်ရမယ့်ဇာတ်ကားမျိုးဘဲဖြစ်ပါတယ်။ Horror film ပုံစံမျိုးဖြစ်တဲ့အတွက် Weekend လိုမျိုးမှာ ကြည့်ဖို့သင့်တော်တဲ့ movie တစ်ခုပဲဖြစ်ပါတယ်။ File size…(1.3 GB)/(530 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Phoo

0 2023
Hands of Hell
Boat People
7.6

၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေ ဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကို Boat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့ အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann Huiက The Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီး ဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့ အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့ Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်က ဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့ ‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer, Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို 1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။ အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။ တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီး ဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။ သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကို နိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင် ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်း သူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲ သူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်း ဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။

7.6 1982
Boat People
The Last Metro
7.3

ကမ္ဘာ့ရုပ်ရှင်လောကအပေါ် သက်ရောက်မှုကြီးမားခဲ့တဲ့ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေထဲကတစ်ယောက်ဖြစ်ခဲ့တဲ့ François Truffaut ရဲ့ နောက်ဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ တိတိကျကျဆို သူ့နောက် Truffautရိုက်ခဲ့တာက Confidentially Yours ပဲရှိပါတော့တယ်။ ဒါပေမဲ့ ဒီကားကတော့ César Award ၁၂ဆုဆန်ခါတင်ဝင်ခဲ့ပြီး ၁၀ဆုရခဲ့တယ်။ ဒီရုပ်ရှင်ဖြစ်တည်လာပုံကလည်း သူ့အဘိုးနဲ့ ဦးလေးက ပြင်သစ်တော်လှန်ရေးတပ်မှာ ပါခဲ့တာကြောင့် ဂျာမန်တွေ ပြင်သစ်ကို သိမ်းပိုက်ထားတဲ့ကာလကို ရိုက်ပြချင်တာကနေစပါတယ်။ ၁၉၄၂မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်တွင်းကာလကို ဇာတ်အိမ်တည် ဇာတ်ရဲ့ဒဏ်တွေကိုခံရတာကို ပြထားပေမဲ့ တိုက်ပွဲတွေကိုတော့ တော်တော်ဝေးဝေးပဲထားထားတယ်။ ဒီရုပ်ရှင်တစ်ကားလုံးနီးပါးက ပြဇာတ်ရုံတစ်ခုထဲပဲ ပြီးသွားပြီး စစ်တွင်းကာလမှာ ဂျူးလူမျိုးတွေကြုံခဲ့ရတဲ့ ဒုက္ခတွေကိုလည်း ပြထားတယ်။ အဓိကဇာတ်ကောင်၃ယောက်ထဲက တစ်ယေံာက်ဖြစ်တဲ့ ပြဇာတ်ဒါရိုက်တာက ဂျူးလူမျိုးဖြစ်နေတော့ စစ်ကာလမှာ ဂျူးလူမျိုးပြဇာတ်ဒါရိုက်တာတစ်ယောက်ဟာ ဒီစစ်ကြီးရဲ့ ဒုက္ခကို အလူးအလဲခံရပုံကို မြင်ရလိမ့်မယ်။ စစ်က တော်လှတဲ့ ပြဇာတ်အနုပညာသမားတွေဘဝကို ငရဲလုံးလုံးဖြစ်အောင် လုပ်ပြသွားတာဆိုတော့ Farewell My Concubineကိုတောင် ပြေးမြင်ချင်စရာကောင်းတယ်။ ဇာတ်ကြောင်းရော ဇာတ်အိမ် အကျယ်အနက်ရောက ဒီလောက်မှာပဲ တည်ထားတယ်။ အံ့ဩဖို့ကောင်းတာက Truffautရဲ့ ထူးခြားတဲ့ တင်ဆက်မှုပါပဲ။ Truffaut အဓိကရိုက်ချင်ခဲ့တာက အဲဒီခေတ်ကိုပါ။ ဒါပေမဲ့ ဇာတ်ဟာ ဆိုခဲ့သလို ပြဇာတ်ရုံတစ်ခုထဲက အကြောင်းအရာတွေချည်းပဲ။ ပြောရရင် ပြင်ပအကြောင်းအရာဆိုတာကလည်း ပြဇာတ်လည်ပတ်ဖို့ တိုက်ရိုက်လိုအပ်တဲ့ အကြောင်းအရာတွေသက်သက်ပဲ။ အဲဒီပြဇာတ်ရုံကြီးနဲ့မဆိုင်တာ ဘာမှမပါဘူး။ ဒီလိုဇာတ်ကို Truffautက သူပြချင်တဲ့ ခေတ်ကိုလည်းပေါ်အောင် တင်ဆက်သမျှကလည်း ဒီပြဇာတ်ကနေ ချော်ထွက်မသွားအောင် တင်ဆက်ထားတယ်။ ခေတ်တစ်ခေတ်ကိုရိုက်ပြဖို့ ဒါမျိုးဇာတ်ကိုရွေးတယ်ဆိုတာ တော်တော်ယုံကြည်ချက်ရှိတဲ့ ရွေးချယ်မှုလို့ပြောရမယ်။ ပြဇာတ်ရုံကိုပဲ တင်ဆက်တယ်ဆိုပေမဲ့ သူကပြဇာတ်ရုံနဲ့ ပတ်သက်တဲ့ ထောင့်တိုင်းကို စေ့အောင်တော့ ပုံဖော်သွားတယ်။ ဒီပြဇာတ်ရုံရဲ့ စီမံခွဲခန့်မှု ငွေရေးကြေးရေး, သရုပ်ဆောင်မင်းသားသမီးရှာဖွေပုံ, မင်းသားမင်းသမီးတွေရဲ့အခြေအနေ, ပိုင်ရှင်ရဲ့အခက်အခဲ, ပရိသတ်လက်ခံအောင်ကြိုးစားရပုံ, ဝေဖန်ရေးသမားတွေရဲ့ ရိုက်ခတ်မှုနဲ့ အန္တရာယ်, ပြဇာတ်နဲ့နိုင်ငံရေး အဆက်အနွယ် နောက်ဆုံးပြာတာတစ်ယောက်လုပ်ရတဲ့အလုပ်တွေအထိကို စုံစေ့အောင် ထည့်သွင်းထားတယ်။ ဒါပေမဲ့ ဒီအရာတွေအားလုံးကို သူပြချင်တဲ့ ခေတ်ကို ပေါ်လွင်အောင် ပြထားသေးတယ်။ ပြဇာတ်ကပြတာနဲ့ ဇာတ်တိုက်တာကိုလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းထားတယ်။ ဇာတ်က ဒီလောက်ပဲဆိုပေမဲ့ ဒီလောက်လောက်ဇာတ်အတွင်းမှာ သူပုံဖော်ထားတဲ့ ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးတွေ ဒွိဟတွေ အခြေအနေတွေကလည်း ဒီဇာတ်ကို ထူးထူးခြားခြားဇာတ်ဖြစ်စေခဲ့တယ်။ သူ့တင်ဆက်ပုံမှာလည်း ဒီလောက်လောက်ဇာတ်ကိုမှ အများကြီးထူးခြားသွားအောင် လုပ်ခဲ့တဲ့ ဟန်တွေလည်းရှိသေးတယ်။ ကြည့်ဖြစ်ရင် သတိထားမိကြမှာပါ။ ကျွန်တော်တော့ ရုပ်ရှင် နာမည်ပေးထားပုံအထိကိုက အထင်ကြီးစရာကောင်းတယ်လို့မြင်တယ်။ အဲဒီကာလ ပြင်သစ်မှာ ၁၁နာရီဆို ညမထွက်ရအမိန့်အရ ဘယ်သူမှ အပြင်မှာရှိနေလို့မရတော့ဘူး။ ဒီတော့ နောက်ဆုံးရထားတော့ ဘယ်သူမှ လွတ်လို့မရဘူး။ ပြဇာတ်သမားတွေဟာ ညဘက်အလုပ်လုပ်ရတဲ့သူတွေဖြစ်သလို ပြဇာတ်ကြည့်ပရိသတ်တွေဟာလည်း ညဘက်နဲ့ဆက်စပ်နေသူတွေပါပဲ။ ဒီအခြေအနေဟာ ခေတ်နဲ့လည်း ဆက်စပ်နေတယ်။ Truffautဟာ နာမည်အထိကို သူပြချင်တာနဲ့ ဘာမှမဆိုင်သလိုထင်ရပေမဲ့ ပညာသားပါပါနဲ့ သူပြချင်တာကို သေချာပြသွားနိုင်တဲ့ အထာကျတဲ့ ဒါရိုက်တာပါပဲ။ ပြင်သစ်နယူးဝေ့ရဲ့ ပဲ့ကိုင်ရှင်သိပ်ပီသတဲ့ ဒါရိုက်တာပါပဲ။ File Size : 1.5 GB, 824 MB Quality : Blu-Ray 1080p / 720p Running Time : 2hr 22min Format : Mp4 Genre : Drama, Romance, War Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.3 1980 131 mins
The Last Metro
The Price Of Happiness Cai Gia Cua Hanh Phuc
6.7

The Price Of Happiness (2024) IMDb Rating (6.7) 2024 ရဲ့ နှစ်ကုန်ပိုင်းမှာ အသစ်ထွက်ရှိထားတဲ့ ဗီယက်နမ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လူကုထံအသိုင်းအဝိုင်းကြား လူကုထံမိသားစုကြားထဲက အရှုပ်အရှင်းတွေကို ထုံးစံအတိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတစ်စုကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ မိသားစုဝင်တွေထဲမှာဆိုရင် မိဘနှစ်ဦးဖြစ်သူ လင်မယား၊ သားဖြစ်သူတစ်ယောက်၊ သမီးဖြစ်သူတစ်ယောက်နဲ့ မိခင်ဖြစ်သူရဲ့ အဖေ အဘိုးတစ်ယောက်ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဖခင်ဖြစ်သူ ဒင်ခုံးသွာဟာ ယောက္ခထီးရဲ့ ဗိုမျိုးဆက်ပိုင် လုပ်ငန်းစုကြီးကိုအမွေခံဖို့ အလားအလာရှိနေတဲ့သူတစ်ယောက်ပါ။ နောက်ကွယ်က ဇနီးဖြစ်သူကလည်း သူအသက်ငယ်စဉ်က ချွတ်ခြုံခဲ့တဲ့အမျိုးသားကို ဒီကနေ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့သူပါ။ သားဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ပညာတတ်ပြီး အပျော်အပါးခုံမင်သူပါ။ သမီးဖြစ်သူကတော့ အိမ်ရဲ့အဝေးမှာ ပညာတော်သင်ဖို့အတွက်ထွက်သွားတာ ၆ နှစ်တောင်ရှိပါပြီ။ လူထုအမြင်အပေါ်ယံမှတော့ အားလုံးပြီးပြည့်စုံ​နေပေမယ့်လည်း လေထဲကအိမ်၊ ဖန်နဲ့ဆောက်ထားတဲ့အိမ် ဆိုသလိုပဲ နောက်ကွယ်မှာ ရိုက်ခတ်မှုအကြီးစားတွေပြည့်နှက်နေခဲ့ပါတယ်။ တစ်ချိန်က ပြီးပြည့်စုံတဲ့အိမ်အထောင်အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူမှာ သစ္စာတရားပျက်ပြားမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကပိုဆိုးလာပြီး ဆုံးလုနီးနီးဖြစ်သွား၊ သားဖြစ်သူမှာလည်း ဒီကနေ့ခေတ်မှု woke mindset လို့ခေါ်တဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇကိုဆန့်ကျင်တဲ့ identity crisis ဖြစ်ပြီး လိင်တူအမျိုးသားသူငယ်ချင်းကိုချစ်နေ၊ သမီးဖြစ်သူကလည်း တကယ်တမ်တော့ ဖခင်ရဲ့ ရမ္မက်မြူထူမှုတွေကို နာကျည်းပြီး အိမ်ကနေဝေးနိုင်သထက်ဝေးအောင်ထွက်ပြေးသွားတာကို သိလိုက်ရတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:55:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Drama
6.7 2024
The Price Of Happiness Cai Gia Cua Hanh Phuc
Boxed In 2
6.1

Boxed In 2 (2024) IMDb Rating (6.1) ရီအာဆိုတဲ့ လက်ဝှေ့သမားမလေးတစ်ယောက်ရှိတယ်။ သူက ရှုံးပွဲမရှိ ဆက်တိုက်နိုင်တဲ့ လက်ဝှေ့သမအဖြစ် ကျော်ကြားတယ်။ တစ်နေ့ သူ့ထရိန်နာဟောင်းရဲ့ ကားဝပ်ရှော့ကို သူသွားလည်တော့ သူ့ထရိန်နာဟောင်းမရှိတော့ဘဲ တခြားကောင်လေးတစ်ယောက်က ဝပ်ရှော့ကို ဦးစီးနေတာ တွေ့လိုက်ရတယ်။ သူ့ထရိန်နာဟောင်းအကြောင်းမေးပြီး ထွက်လာခဲ့တယ်။ စားသောက်ဆိုင်ကိုရောက်တော့ ခုနကောင်လေးနဲ့ ထပ်တွေ့တော့ သူတို့စကားတွေပြောရင်း ငြိသွားကြတယ်။ ဒီလိုနဲ့ ကောင်လေးက ကောင်မလေးအဖေက ငယ်ငယ်လေးကတည်းက သေသွားပြီး အဘိုးက လွန်ခဲ့တဲ့၃နှစ်က အသတ်ခံလိုက်ရတာကို သိလိုက်ရတယ်။ ကောင်လေးကလည်း ညညဆို အဖြစ်တစ်ခုခုကို ပြန်မြင်ပြီး အိပ်မပျော်နေတဲ့လူလည်း ဟုတ်နေတယ်။ ဒီလိုနဲ့ သူတို့အဖြစ်၂ခု ဘယ်လိုဆက်စပ်နေလဲ သူတို့သိသွားကြတာကနေ သူတို့ဆက်ဆံ‌ရေး ထိခိုက်လာပုံကိုပြထားတဲ့ ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size… (730 MB) / (420 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:21:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

TV Movie • Romance
6.1 2024 81 mins
Boxed In 2
Rekhachithram
7.4

Rekhachithram (2025) အတိတ်ရဲ့ပဲ့တင်သံ မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီနေ့ရဲ့သတင်းဌာနတိုင်းမှာ Facebook live တစ်ခုက နေရာတိုင်းမှာ ကြားနေရပါတယ်။ လူတစ်ယောက်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူကျူးလွန်ခဲ့တဲ့အမှုကို ဝန်ခံပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းပါ။ ၁၈ တောင်မပြည့်သေးတဲ့ကလေးမလေးကို ဖျာလိပ်နဲ့ပတ်လို့ မြေမြှုပ်ခဲ့တဲ့နေရာမှာပဲ သူ့ဘဝကို အဆုံးသတ်သွားပါတယ်။ သူက သူနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုပါ ဖော်ထုတ်သွားလေရဲ့။ ဒီလိုနဲ့ရဲတွေက သူဖော်ထုတ်သွားတဲ့သူတွေကို လိုက်လံစုံစမ်းရင်း အလောင်း‌မြှုပ်ခဲ့တဲ့နေရာကိုတူးဖော်ရာမှာ‌တော့ အရိုးစုနဲ့အတူ ခြေချင်းဝတ်လေးတစ်ခုကို တွေ့ပါတော့တယ်။ Live မှာပြောခဲ့တဲ့နာမည် ရှိသူတိုင်းကို နေရာအနှံ့လိုက်လံမေးမြန်းရင်း တူးဖော်ရတဲ့အရိုးနဲ့အတူ ခြေချင်းဝတ်ပိုင်ရှင်ကိုပါလိုက်ရှာရာမှ ဖခင်တစ်ဦးက သူ့သမီးခြေချင်းဝတ်ပါလို့ ပြောလာတဲ့အချိန်မှာတော့…….. သူတို့ကျူးလွန်ခဲ့တာ ဘာပြစ်မှုပါလဲ၊ ကောင်မလေးကရော ဘာဖြစ်ခဲ့တာလဲ၊ အတူကျူးလွန်ခဲ့တဲ့သူတွေက ဘယ်လိုဆက်စပ်လို့ ဘယ်သူတွေလဲဆိုတာ ရုပ်ရှင်လေးကိုကြည့်ရှုရင်း အဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

7.4 2025 139 mins
Rekhachithram
Very Bad Things

Very bad things ကတော့ ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ thriller, comedy ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကိုင်းလ်ဖစ်ရှာက မကြာခင်မှာမင်္ဂလာဆောင်တော့မယ့်သတို့သားလောင်းတစ်ယောက်ဖြစ်ပြီး bachelor party ကျင်းပဖို့ Las Vegas ကို သူငယ်ချင်းငါးယောက်နှင့်အတူခရီးထွက်လာခဲ့ကြပါတယ်။ ယောက်ျားလေးတွေပဲအုပ်စုဖွဲ့ပြီး အပီအပြင်ကဲကြရင်း အပျော်ကနေအပျက်ဖြစ်သွားစေတဲ့ မတော်တဆလူသတ်မှူတစ်ခုကိုကျူးလွန်လိုက်မိပြီးနောက် ကိုင်းလ်နဲ့သူ့သူငယ်ချင်းတွေ ဒီအရာကိုဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး မင်္ဂလာပွဲကိုဖြစ်မြောက်အောင်စီစဉ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။ File size…(1.8 GB)/(951 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

0 1998
Very Bad Things
Out of Place
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ဝမ်းကျိုးရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဝမ်းကျိုးဖုန်းဖူမှာနေထိုင်တဲ့ အမျိုးသမီး သုံးယောက်ရဲ့ ဘဝသုံးမျိုးကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဓာတ်ပုံဆရာဝမ့်ယဲ့ဟာ ပြင်သစ်ကနေ ဇာတိကို ပြန်လာခဲ့ပါတယ်။ အတိတ်က ချစ်သူ အားရှန်နဲ့ သူငယ်ချင်းအားပေတို့ လက်ထပ်လိုက်ကြပြီး ပျော်ရွှင်စရာမိသားစုကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ဝမ့်ယဲ့ ပြန်လာတဲ့အတွက် သူတို့ သုံးယောက်ကြား ပတ်သက်မှုက ထူးခြားမှုတွေ ရှိလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝမ့်ယဲ့ဟာ ပြင်သစ်မှာ အိပ်မက်နောက်လိုက်ချင်တဲ့ ရှောင်ဟူဆိုတဲ့ မိန်းကလေးနဲ့ ခင်မင်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လင်းပိုင်ကျွန်းလို့ခေါ်တဲ့ ကျွန်းကလေးပေါ်မှာ ဘဝအသစ်ကို ပြန်စဖို့ ဆုံးဖြတ်ချက် ချနိုင်သွားခဲ့ပါတယ်။ အမျိုးသမီး သုံးယောက်ရဲ့ ဘဝရွေးချယ်မှု အပြောင်းအလဲ အတွေ့အကြုံတွေကို ခံစားရမဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

Horror • Thriller • Drama
5.8 2025
Out of Place