YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Doll House (2022) 720p.mp4

913.24 MB N/A video/mp4 721 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Transformers: Rise of the Beasts
7.3

7 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။ မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ် စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ် ကောင်ပါပဲ။ အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီ မယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူ ဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန် ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင် တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင် မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို တားဆီးရပါ တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size.......... Quality............WEB-DL 1080p / 720p Duration.........2Hr 07Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Mr.Anderson Encoder..........Aaron, SWM

Drama • Mystery • Thriller
7.3 2023 127 mins
Transformers: Rise of the Beasts
I'm No Longer Here
7.8

~ IMDb - 7.3/10, Rotten Tomatoes - 98% ~ မကြာခဏ မြင်ဖူးမှာပါ... အမေရိကန်ကားတွေကြည့်တဲ့အခါမှာ ဝါကျင့်ကျင့်အရောင်နဲ့ ကိုယ်စားပြု ဖော်ပြလေ့ရှိတဲ့ ဒုစရိုက်နိုင်ငံ၊ မှောင်ခိုနိုင်ငံ၊ အဆိုးတကာ့အဆိုးတို့ရဲ့  မက္ကဆီကို။ " ကျွန်တော်တို့... မက္ကဆီကန်လူမျိုးတွေအနေနဲ့ ရှင်သန်နေထိုင်ရတဲ့အထဲမှာ ကြေကွဲဖွယ်ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးသုံးစွဲသူလည်းဖြစ် လက်နက်တင်ပို့သူလည်းဖြစ်တဲ့ နိုင်ငံကြီးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါပဲ " တဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ကတော့ မက္ကစီကိုရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းလေးကို မပြောခင် Cumbia လို့ခေါ်တဲ့ အကပုံစံတစ်မျိုးအကြောင်းကို အရင်ပြောပြရမယ်ထင်တယ်။ တကယ်တမ်းတော့ အဲဒီအကအမျိုးအစားဟာ ကိုလံဘီယာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော်အက (National Dance) ပေါ့။ ဒါပေမဲ့ တခြား လက်တင်အမေရိကနိုင်ငံတွေမှာပါ ခေတ်စားပြီး အခု ဇာတ်လမ်းတည်ရာ မွန်တာရေးမြို့ မြောက်ပိုင်းမှာဆိုလည်း အရမ်းခေတ်စားတဲ့အရာပေါ့။ အဲဒီအကကို ကဖို့ သီချင်းအမျိုးအစားကလည်း သက်သက်ရှိပြီး ဒါကိုပဲ နှစ်ခြိုက်မြတ်နိုးတဲ့ လူတစ်စုဟာလည်း သက်သက်ရှိကြတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့ပေါ်က တာကို (Terkos) လို့ခေါ်တဲ့ လမ်းပေါ် လူငယ်ဂိုဏ်လေးတစ်ခုရှိတယ်ပေါ့။ သူတို့ရဲ့ အဓိက ဇာတ်လိုက်ကတော့ အပေါ်က အကနဲ့ဂီတပါပဲ။ ကမ်ဘီယာ (Cumbia) သာ အက၊ ကမ်ဘီယာသာ ဂီတ၊ ကမ်ဘီယာသာ ဘဝလို့ ယူဆတဲ့ လူငယ်တစ်စုပေါ့။ သူတို့ရဲ့ နေ့ရက်တွေကို အကပွဲတွေ သွားရင်း၊ ပါတီတွေတက်ရင်း ကုန်ဆုံးရင်း သူတို့ယူဆထားတဲ့ ကမ်ဘီယာစတိုင် အဝတ်အစား၊ ဆံပင်ပုံံ စတာတွေကို အချင်းချင်း ကြွားလုံးထုတ် ဂုဏ်ယူရင်း ပျော်ရွှင်ကြတဲ့ သူတွေပေါ့။ တစ်ရက်မှာတော့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ မတော်တဆ သွားငြိမိရာကနေ ၁၇နှစ်အရွယ် ဂိုဏ်းခေါင်းဆောင် အူလိစေးစ်ဟာ သူ့မိသားစုရော သူကိုယ်တိုင်ရော အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိလာတဲ့အတွက် အမေရိကကို ထွက်ပြေးခဲ့ရပါတယ်။ အသားကျဖို့ ကြိုးစားပေမယ့် သူ့ဂိုဏ်းကော သူ့မြတ်နိုးရာ ကမ်ဘီယာယဉ်ကျေးမှုရောနဲ့ အဝေး အမေရိကမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရင်း အိမ်ပြန်နိုင်ဖို့ကိုပဲ တမ်းတရင်းနေရှာသတဲ့။ အမေရိကန်တွေထင်နေသလိုမျိုး အားလုံးက အမေရိကန်အိပ်မက် (American Dream) ရှိကြတာမှမဟုတ်ဘဲ။ ဂိုဏ်းခေါင်းဆောင်လေးရဲ့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အမေရိကန်နေ့စွဲများပေါ့။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာလည်း ဒီကားအတွက် သရုပ်ဆောင်ရွေးတုန်းက ဗီဒီယိုလေးတွေကို Credit Scenes အဖြစ် ထည့်သွင်းပေးထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 895MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 52Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Music
7.8 2019 112 mins
I'm No Longer Here
Suspect X
7.4

Suspect X (2008) ~ IMDb – 7.4/10, MyDramaList – 8/10 ~ “ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ” ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က သူကြိတ်ခရက်ရှ်နေတဲ့ ယာဆုကိုရဲ့ဆိုင်ကနေ နေ့လယ်စာထမင်းဘူးဝယ်ချိန်ပါ။ အဲဒါကြောင့် ယာဆုကိုတို့သားအမိကြောင့် ဖြစ်သွားတဲ့ လူသတ်မှုကို ရဲတွေစုံစမ်းစစ်ဆေးလို့မရနိုင်အောင် လက်စဖျောက်ကူညီပေးဖို့ ဆုံးဖြတ်လိုက်ခြင်းပါ။ ဒါပေမဲ့ ထူးခြားဆန်းကြယ်မှုခင်းပေါင်းများစွာကို သိပ္ပံနည်းကျကျ ဖြေရှင်းပြနိုင်လို့ ဂယ်လီလီယို (Galileo) လို့အခေါ်ခံရတဲ့ ရူပဗေဒပညာရှင် ပါမောက္ခ ယူကာဝါမာနာဘူ (Yukawa Manabu) တစ်ယောက် အဲဒီလူသတ်မှုကို စိတ်ဝင်စားလာပါတယ်။ ဒီလိုနဲ့ တစ်ဖက်က သင်္ချာပညာရှင်၊ တစ်ဖက်က ရူပဗေဒပညာရှင် တစ်နည်းပြောရင် ဉာဏ်ကြီးရှင်နှစ်ယောက် ဘယ်လိုတွေ ပညာပြိုင်ကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။ ၂၀၀၈ ခုနှစ်မှာထွက်ခဲ့တဲ့ Suspect X ဟာ ဂျပန်စာရေးဆရာ Keigo Higashino (1958 ~ ) ရဲ့ Detective Galileo series ထဲက တတိယမြောက်စာအုပ် The Devotion of Suspect X (2005) ကိုအခြေခံရိုက်ကူးထားတာပါ။ ပထမဆုံး ၂ အုပ်က Detective Galileo ဝတ္ထုတိုပေါင်းချုပ်တွေဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ Galileo နာမည်နဲ့စီးရီးထုတ်ထားသလို ၂၀၁၃ ခုနှစ်မှာလည်း Galileo 2 ဆိုပြီး ဆက်ထုတ်ထားပါတယ်။ The Devotion of Suspect X ကို ကိုရီးယားဗားရှင်း Perfect Number (2012) နဲ့ တရုတ်ဗားရှင်း The Devotion of Suspect X (2017) အဖြစ် ရိုက်ကူးထားတဲ့အပြင် India ရုပ်ရှင်ဖြစ်တဲ့ Drishyam (2013) ရဲ့ Remake ဖြစ်တဲ့ Drishyam (2015) လည်း ပြဿနာတက်မှာစိုးပြီး The Devotion of Suspect X ကို မူပိုင်ခွင့်ဝယ်ပြီး မှီငြမ်းထားတယ်လို့ဆိုပေမဲ့ Drishyam (2015) က Drishyam (2013) အတိုင်းပါပဲလို့သိရပါတယ်။ ဂျပန်ဗားရှင်းကလွဲပြီး ကျန်ဗားရှင်းတွေ တစ်ကားနဲ့တစ်ကားမှာ ပါဝင်ကြတဲ့ ဇာတ်ကောင်တွေရဲ့အကျင့်စရိုက်တွေ၊ ဇာတ်လမ်းအသွားအလာတွေမတူတဲ့အပြင် ဇာတ်သိမ်းပါမတူဘူးလို့ထင်မိပါတယ်။ ဂျပန်ဗားရှင်းတောင် မူရင်းစာအုပ်ထဲကအတိုင်း လုံးဝထပ်တူမဟုတ်ဘဲ ပြုတ်သင့်တာပြုတ်၊ ထည့်သင့်တာထည့် ရှေ့နောက်အပြောင်းအလဲလုပ်ပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထားပါတယ်။ ဇာတ်ကောင်တွေကို ပုံဖော်တဲ့နေရာမှာ စာအုပ်ကအားသာနေပြီး ထိုဇာတ်ကောင်တွေကို ပိတ်ကားပေါ်တင်ပေးလိုက်တဲ့ သရုပ်ဆောင်တွေလည်း အိုဗာတင်းမဆန်ဘဲ စာအုပ်ထဲကအတိုင်း ပေါ်လွင်အောင် သရုပ်ဆောင်ပြထားပါတယ်။ {The Devotion of Suspect X ကို ဆရာဖြိုးကျော်က “ကိုယ်ကိုစတေး၍” ဆိုပြီး “ဖြိုးကျော်” Facebook Page မှာအခန်းဆက်တင်ထားတဲ့အပြင် ကံ့ကော်ဝတ်ရည်စာပေမှလည်း ဘာသာပြန်စာအုပ်အဖြစ်ထုတ်ဝေထားပါတယ်} စုံထောက်နဲ့လူဆိုး ပညာပြိုင်ကြတာမဟုတ်ဘဲ သင်္ချာပညာရှင်နဲ့ ရူပဗေဒပညာရှင် ပညာချင်းပြိုင်ကြတာကိုမှ ရူပဗေဒအဆိုတွေ၊ သင်္ချာပုံသေနည်းတွေ၊ သီအိုရီ‌တွေကိုလည်း တစ်ပိုင်းတစ်စ ထည့်သွင်းပြထားတဲ့ Suspect X ဟာ ထွက်ရှိတာ နှစ်ကာလကြာမြင့်ပြီဖြစ်‌ပေမဲ့ သုံးထားတဲ့လှည့်ကွက်တွေနဲ့ အပြောစကားတွေက သစ်လွင်နေဆဲပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 2H 8Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

7.4 2008 128 mins
Suspect X
A Bridesmaid in Love
5.5

A Bridesmaid in Love (2023) ===================== အချစ်ဇာတ်ကားတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် ရိုမန်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကတ်သရင်းဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်တွေမှာ သတို့သမီးအရံ‌အနေနဲ့ ကူညီပေးတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ သူမသူငယ်ချင်းမက်ဇင်းရဲ့ မင်္ဂလာပွဲအတွက် ကူညီပေးရင်း လွန်ခဲ့တဲ့ဆယ်ခုနစ်ကခင်ခဲ့တဲ့မက်ဇင်းရဲ့အကို မက်ထ်နဲ့ပြန်ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေပြောင်းလဲ လာမလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရူခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်) File Size……….(1.53 GB) / (624 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator……Nang Aye Myat Phoo Encoder……….SWM

5.5 2023 85 mins
A Bridesmaid in Love
Sly
7.1

Sly (2023) ~ IMDb – 7.1/10, Rotten Tomatoes – 77% ~ စတားလုံး ကို ဘယ်သူလဲလို့ အထူးတလှယ် မိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး။ Rocky Franchise, Rambo Franchise တွေနဲ့ အက်ရှင်ရုပ်ရှင်လောကမှာ ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အသက်ကြီးမှ The Expendables နဲ့ပါ အက်ရှင်ကားတွေဆက်ရိုက်ခဲ့တယ်။ ဒီ Documentary ဟာ စတားလုံးရဲ့ ခက်ထန်တဲ့ ငယ်ဘဝကနေ ဟောလိဝုဒ်ရဲ့တောင်ထိပ်တွေအထိ ဘယ်လို ခြေအားပြင်းပြင်း ဆောင့်တက်ခဲ့သလဲဆိုတာကို ခြေရာကောက်ရင်း သူထမ်းပိုးထားရတဲ့ နောင်တတွေကို ဖြုတ်ချခဲ့ဖို့ ကြိုးပမ်းပုံတွေအကြောင်းပါ။ Arnold Schwarzenegger နဲ့ Quentin Tarantino တို့လည်း ပါဝင်ထားပါတယ်။ ” ငါ့မှာ နောင်တတွေရှိလား… အေးပေါ့ နောင်တတွေအများကြီးရှိတာပေါ့ “ ရုပ်ရှင်ကို ဒီလိုစတယ်။ သူ့လို ‌ထိတ်ထိတ်ကြဲစတားတစ်ယောက်အ‌တွက် နောင်တဟာ ဘာတွေလဲ။ အမြဲတမ်း မျက်နှာမာမာနဲ့ စက်သေနတ်ကြီးကိုင်ပြီး ကြမ်းရမ်းပြခဲ့တဲ့သူတစ်ယောက်က အသက်ကြီးတဲ့အချိန်မှာ သူ့နောင်တတွေကို ပြောပြတာမြင်ရတော့ စိတ်ထဲတစ်မျိုးလေး ခံစားရမှာပါ။ ဂရုဏာလား… မေတ္တာလား… စရိုက်ကြမ်းတဲ့နယ်မှာမွေးတယ်၊ စရိုက်ကြမ်းတဲ့အဖေ့ဆီမှာ ကြီးပြင်းခဲ့ရတယ်။ ငယ်ငယ်ကတည်းက မျက်စိမှေးမှေး၊ ပါးတခြမ်းစောင်းနေတဲ့သူ့အတွက် သရုပ်ဆောင်အလုပ်ဆိုတာ အိပ်မက်ထဲမှာတောင် ‌ယောင်ပြီးမက်မယ့်ကိစ္စမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ စတားလုံးက စိတ်ကူးယဉ်သမား… စိတ်ကူးယဉ်သမားဆိုတာထက် ရည်မှန်းချက်ကြီးတဲ့လူဆိုရင် ပိုမှန်လိမ့်မယ်။ သူ ဒီလိုရည်မှန်းချက် တပွေ့တပိုက်နဲ့ ဟောလိဝုဒ်တောနက်ကြီးထဲကိုခြေချခဲ့တယ်။ ခြင်္သေ့ပေါက်ကလေးအနေနဲ့ပေါ့။ စတားလုံးအတွက် ဇာတ်ကောင်နေရာဆိုတာမရှိဘူး။ ဘယ်ဇာတ်ကောင်နဲ့မှအံဝင်မယ်ဆိုတာမျိုး မရှိဘူး။ ဒါရိုက်တာတိုင်း ထုတ်လုပ်သူတိုင်း ဒီလိုပြောခဲ့ကြတယ်။ ဒီတော့ သူဘာလုပ်ခဲ့လဲ။ သူ့အတွက်ဇာတ်ကောင်မရှိရင် သူ့‌ဇာတ်ကောင်သူ ဖန်တီးမယ်။ ဒီလိုနဲ့ Rocky မွေးဖွားခဲ့တယ်။ Rambo မွေးဖွားခဲ့တယ်။ Rocky ရုပ်ရှင်တစ်ကားချင်းစီက သူ့ဘဝဖြတ်သန်းမှုကို ဘယ်လိုဘယ်ပုံ ထင်ဟပ်နေကြောင်း ဒီရုပ်ရှင်ထဲမှာတွေ့ရမယ်။ Rocky ရဲ့ မဆုတ်မနစ်ကြိုးစားပုံတွေ၊ မိသားစုကို ဂုဏ်ယူစေချင်ပုံတွေ၊ အချစ်ကိုတန်ဖိုးထားပုံတွေ၊ ဘဝသစ်ပြန်စပုံတွေ ဒီလိုတွေ။ Rambo ကတော့ သူ့ရဲ့ အရိုင်းဆန်တဲ့ဘက်ခြမ်းပေါ့။ သူ့ဘဝမှာ အဲဒီဇာတ်ကောင် ၂ နေရာကို သရုပ်ဆောင်ခဲ့ရတာနဲ့တင် အသက်ရှင်ရကျိုးနပ်ပြီတဲ့လေ။ ဒါပေမဲ့ စတားလုံးဘဝမှာ မပေါက်တဲ့ရုပ်ရှင်တွေ၊ မအောင်မြင်တဲ့ဆက်ဆံရေးတွေ တပုံတပင်ရှိခဲ့တယ်။ ဒါတွေကို သူ့ရဲ့ ရုပ်ရှင်တွေထဲမှာ ထည့်ရေးခဲ့တယ်။ ထည့်ပြောခဲ့တယ်။ ထည့်သရုပ်ဆောင်ခဲ့တယ်။ သူ့အတွက် ရုပ်ရှင်ရိုက်တယ်ဆိုတာ လက်တွေ့ဘဝမှာ မဖြစ်လာနိုင်တဲ့ကိစ္စတွေကို ရုပ်ရှင်ထဲဖြစ်ခွင့်ပေးလိုက်တာပဲ။ ဒီ ဒိုကူကိုကြည့်ရင်း စတားလုံးရဲ့ အရင်ကားဟောင်းတွေကိုပါ နောက်တကြိမ်ထပ်ကြည့်ချင်စိတ်ဖြစ်လာခဲ့ရင်၊ ဖြစ်လည်းဖြစ်လာနိုင်တာကြောင့် Channel Myanmar မှာ Rocky Franchise၊ Rambo Franchise အပြင် တခြား စတားလုံးရုပ်ရှင် အများစုရှိပါတယ်။ အဲဒီရုပ်ရှင်တွေထဲက စကားတစ်ကြောင်းချင်းစီကို စတားလုံးဘဝနဲ့ ယှဉ်ပြီး ပြန်ခံစားကြည့်နိုင်ပါတယ်။ သူရိုက်ခဲ့တဲ့ရုပ်ရှင်တွေက ကျွန်တော်တို့ယူဆထားတဲ့ သာမန်အက်ရှင်ရုပ်ရှင်တွေဆိုတာထက်အများကြီးပိုကြောင်း ဒီ Documentary မှာမှ သိခွင့်ရတယ်။ ရုပ်ရှင်တွေကိုလုပ်ရင်း သူ့ရင်ထဲက ဘာနဲ့ဖြည့်ဖြည့် ပြည့်မှာမဟုတ်တဲ့ ဟာကွက်တစ်ခုကိုဖြည့်ဖို့ကြိုးစားခဲ့တယ်။ ဒီလိုမင်းသားကြီးဟာ ဝမ်းနည်းစရာဇာတ်သိမ်းတွေကိုမကြိုက်ပါဘူးတဲ့။ ဘာကြောင့်မကြိုက်သလဲ ဆိုတဲ့အကြောင်းပြချက်က သူ့မှာ အခိုင်အမာရှိနေနှင့်ပြီးသားပါ။ ဒီအကြောင်းတွေနဲ့ စတားလုံးဆိုတဲ့ပြယုဂ်တစ်ခု ဘယ်လိုထုဆစ်ခဲ့သလဲဆိုတာကို ဒီ Documentary နဲ့ ခံစားလိုက်ကြတာပေါ့။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 945MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 35Min Genre – Biography, Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 2023
Sly
Ned Kelly
6.4

ဗြိတိန်အင်ပါယာရဲ့အင်အားကြီးမားစပြုချိန် ၁၈ရာစုခန့်လောက်မှာ ဘုရင်မဗစ်တိုးရီးယားက ဂရိတ်ဗြိတိန်အပြင် အိုင်ယာလန်ကိုလည်း အုပ်စိုးခဲ့ရပါတယ်…အဲဒီအချိန်က အင်္ဂလိပ်ရဲတွေ အာဏာအင်အားလွှမ်းမိုးမှုကြီးနေတဲ့အချိန်ဖြစ်တော့ လူမျိုးရေးခွဲခြားတဲ့ရဲတစ်ချို့က အိုင်ယာလန်လူမျိုးတွေကို မြင်မြင်သမျှမဲပြီး အနိုင်ကျင့်တတ်ကြတယ်။ ဒီလိုနဲ့ အိုင်ယာလန်သား နဒ်ကယ်လီက မိမိနဲ့ မိမိရဲ့ကယ်လီမိသားစုအပေါ် အကျင့်ပျက်ရဲဖစ်ပတ်ထရစ်ရဲ့ အကြိမ်ကြိမ်ဖိနှိပ်မှုကြောင့် ဝရမ်းပြေးတစ်ယောက်ဖြစ်လာရင်း လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်ချင်စိတ်ကြောင့် ဂိုဏ်းဖွဲ့ပြီး ပုန်ကန်လှုပ်ရှားမှုတစ်ခု အစပြုဖို့ဖြစ်လာခဲ့တယ်။ အသက်အရွယ်ငယ်လွန်းပေမဲ့ မဟုတ်မခံလိုစိတ်ပြင်းထန်တဲ့ နဒ်က သူငယ်ချင်းဖြစ်သူဂျိုးဘန်ရ်၊ ညီဖြစ်သူ ဒန်ကယ်လီ၊ ဒန်ရဲ့သူငယ်ချင်းစတိဖ်ဟာ့တို့နဲ့ စုစုပေါင်း အိုင်ယာလန်သားလူငယ်၄ဦးပူးပေါင်းပြီး ပုန်ကန်မှုကို စတင်တော့တယ်။ နဒ်ကယ်လီတို့ ဆန့်ကျင်ပုန်ကန်ခဲ့တာက ဗြိတိန်နေမဝင်အင်ပါယာအစပျိုးခါနီးခေတ်ရဲ့ဘုရင်မဗစ်တိုးရီးယားရဲ့အာဏာစက်ကိုပါ…။ လူအင်အားလက်နက်အင်အားမမျှတဲ့ပုန်ကန်ပွဲမှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ နဒ်ကယ်လီက ထယ်ထိုးတဲ့သတ္တပြားတွေကိုသံချပ်ကာအဖြစ်ကိုယ်လုံးပြည့်ပြုပြင်ဝတ်ဆင်ပြီး အင်္ဂလိပ်ရဲတွေကိုပြန်လည်တိုက်ပွဲဝင်ခဲ့တာကြောင့် Ned Kelly Suit of Armourဆိုပြီး ဗစ်တိုးရီးယားခေတ်သမိုင်းဝင်ရတနာတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ သမိုင်းဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး နဒ်ကယ်လီအဖြစ် သြစတေးလျသရုပ်ဆောင်Heath Ledger, သူငယ်ချင်းဂျိုးဘန်ရ်အဖြစ် Pirates of the Caribbeanရုပ်ရှင်ထဲက ဝေလ်တန်နာနဲ့ ရဲမှူးဟဲရ်အဖြစ်ကပ္ပတိန်ဘာဘိုဆာတို့ နှစ်ဦးလုံးပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်နော်..။ File size…(1.7 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

Action • Thriller • Science Fiction
6.4 2003 110 mins
Ned Kelly
Heaven’s Seven
6.1

Heaven’s Seven (2002) ဗီယက်နမ်စစ်ပွဲအပြီး သွေးသောက်ညီအစ်ကိုဖြစ်တဲ့ထိုင်းစစ်သား၇ဦးအဖွဲက သူတိုနေရပ်ကိုပြန်သွားခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ အမေရိကန်လူမျိုးတွေက ဓာတုအဆိပ်တမျိုး လာသိုလှောင်တာကို ရဲအုပ်အွန်အတ်က သက်သေရှာဖိုတာဝန်ကျနေခဲ့ပါတယ် စစ်သားဟောင်း၇ဦးတိုအဖွဲကို သူဌေးတစ်ဦးက အမေရိကန်လူမျိုးတွေဆီက ရွှေခိုးဖို ငှါးရမ်းခဲ့တယ် တစ်ဖက်ကလည်း ရဲအုပ်အွန်အတ်ကို ဒီဓာတုအဆိပ်ကားခိုးဖိုကူညီခဲ့တာကြောင့် သူဌေးကြီးအပါအဝင် ပြည်သူအများ ဓားစာခံအဖြစ် ဖမ်းစီးခြင်းခံခဲ့ရရာကနေ ဒီအဖွဲက ဗျာများစရာ ဓာတုကားနဲ့ပြည်သူ့အသက်ကြားမှာ ဘယ်လိုတွေရွေးချယ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် အညွှန်း န့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size… 5GB } 2GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator …..Lei Wutyi Tun Encoder ….. Aaron

Family • Adventure • Science Fiction • Drama
6.1 2002 106 mins
Heaven’s Seven
Parallel

ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့ ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်…။ ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ…။ သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။ တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကို လမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ် တိုက်ခိုက်ပါတယ်။ ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်း အိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာ သူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်…။ မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့် ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ ဗီနက်ဆာတစ်‌ယောက်က ဘယ်နေရာကိုရောက်သွားတာလဲ ဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.42GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller
0 2024
Parallel
Parallax

ဇာတ်ကားတွေကို တွေးပြီးမှကြည့်ချင်တဲ့ လူတွေရှိလား။ ဇာတ်လမ်းကိုကြည့်ပြီးသွားလို့ တစ်စိမ့်စိမ့်တွေးပြီးကျန်ခဲ့ချင်တာပါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်သင့်တဲ့စာရင်းထဲ ထည့်လိုက်သင့်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဇာတ်လမ်းကို ဘာသာပြန်ပြီးသွားတဲ့ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ကျန်ခဲ့နေတုန်းပါပဲ။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေးနည်းနည်းပြောရအောင်။ နေအိုမီနဲ့ လူးကပ်စ် ဖရိုင်းတို့က စေ့စပ်ပြီးအတူနေနေကြတဲ့ကာပယ်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းအစမှာကတည်းက စိတ်မကောင်းစွာနဲ့နေအိုမီက စိတ္တဇလိုလို စိတ်ကျရောဂါလိုလိုခံစားနေရပါတယ်။ လူးကပ်စ်ကလည်း စိတ်ကုဆရာဝန်တစ်ယောက်နဲ့ ဘာလုပ်ရမလဲ တိတ်တဆိတ်တိုင်ပင်နေတာပေါ့။ ဘယ်ကနေဘယ်လို ဖြစ်သွားမှန်း သူလည်းမသိပါဘူး။ နေအိုမီဖြစ်တဲ့ပုံကလည်း ထူးဆန်းပါတယ် သူက သူ့ကိုယ်သူဘယ်သူမှန်းမသိတော့ပါဘူး။ သူ့ကိုယ်သူ သူမသိတဲ့ တခြားကမ္ဘာတစ်ခုခုမှာ နေထိုင်နေရသလိုခံစားနေရတာပါ။ နောက်ထပ်ရှိတာက သူမက်တဲ့အိပ်မက်ပါ။ အမြဲရေနစ်နေပြီး ရေပေါ်ကိုသူလုံးဝတက်မလာနိုင်သလို ဘယ်မှာရေနစ်နေမှန်းလဲ သူမသိပါဘူး။ ဆိုတော့ မသိခြင်းပေါင်းများစွာပေါ့။ ဒါပေမဲ့ ဆေးစစ်ကြည့်တော့လည်း နေအိုမီ့ဦးနှောက်မှာ ဘာမှထူးဆန်းတာ ရှာမတွေ့ပါဘူးတဲ့။ ဆိုတော့ နေအိုမီကဟန်ဆောင်နေတာလားမေးစရာရှိပါတယ်။ ဒါမှမဟုတ် သူကမရူးဘဲ ဘေးက လူတွေရဲ့ပယောဂတစ်ခုခုကြောင့်လား။ ဆိုတော့ ဇာတ်ကားလေးကတော့ ပဟေဠိတွေ သို့လော သို့လောတွေနဲ့ပေါ့ဗျာ။ တူတူခံစား ငေးမောတွေးတောကြည့်ချင်ရင်တော့ ဇာတ်ကားလေးကို အခုပဲဒေါင်းလုပ်ဒ်ဆွဲပြီးကြည့်လိုက်ဖို့ အကြံပေးပါရစေ။ File size…(2.6 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wunna Ag

0 2023
Parallax
Churchill
6

D-Day ဆိုတဲ့စကားလုံးကိုဂျာမနီ အမေရိကန်စစ်ကားတွေ ကြည့်ဖူးတဲ့လူတွေဆိုရင်တော့မြင်ဖူးသလိုလိုရှိနေကြမှာပါ။ အဲ့ဒီ D-Day ဆိုတာကဒုတိယကမ္ဘာစစ် ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တုန်းက ပြင်သစ်ကိုကျူးကျော်လာတဲ့ ဂျာမနီတွေကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကြည်း ရေ‌ လေစစ်ကြောင်းသုံးခုနဲ့ အကြီးအကျယ် ချီတက်နှိမ်နင်းခဲ့ကြတဲ့နေ့ပဲဖြစ်ပါတယ်။ အဲ့ဒီ စစ်ဆင်ရေးက ကြီးလွန်းလို့ သမိုင်းမှာတောင် ဒုတိယ အကြီးဆုံး ပင်လယ်ချီတက်မှုကြီးလို့တောင် သတ်မှတ်ခံထား ရပါတယ်။ ကျူးကျော်လာတဲ့ ဂျာမနီတွေကိုအောင်မြင်စွာ တိုက်ထုတ် နိုင်ခဲ့ပေမဲ့ ပြန်လည်ပေးဆပ်ရတာတွေကလည်းကြီးမားပါတယ်။ စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီမှာတင်စစ်သားပေါင်း ၉၀၀၀ ကျော် ထိခိုက်ဒဏ်ရာရ အသေအပျောက်တွေရှိခဲ့ကြပါတယ်။ အဲ့ဒီကာလမှာ အဲ့ဒီလို ဆုံးရှုံးမှုတွေကိုလုံး၀မဖြစ်စေချင်တဲ့ သူတစ်ယောက်ရှိပါတယ်။အဲ့ဒီလူကတော့ ဝင်စတန်ချာ့ချေးလ် ဆိုတဲ့ ယူကေဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်။ သူကပထမကမ္ဘာစစ်မှာတုန်းက ဒီလိုမျိုးကြီးမားတဲ့ချီတက်မှုမျိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပြီး ဆုံးရှုံးမှုတွေကိုမျက်မြင်တွေ့ခဲ့ ရတဲ့အတွက် နိုင်ငံရဲ့လူငယ်ပေါင်းနှစ်သိန်းခွဲလောက်နဲ့ ချီတက်မဲ့ စစ်ဆင်ရေးကြီးကိုအပြင်းအထန်ကန့်ကွက်ပြီး ဖျက်သိမ်းဖို့ကြိုးစား နေခဲ့သူပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့အသက်တွေနဲ့ ယှဉ်လာရင် ဒီစစ်ဆင်ရေးကိုသွားရမဲ့ လူငယ်တွေကိုတော့ စတေးကိုစတေးရမှာ ဖြစ်တဲ့အပြင် သမ္မတကိုယ်တိုင်ကပါ သူ့ဖက်မှာရှိမနေတဲ့အတွက် တားဖို့မဖြစ်နိုင်ခဲ့ပါဘူး။ အခုတင်ဆက်ပေးမဲ့ Churchill ဆိုတဲ့ရုပ်ရှင်ထဲမှာ အထက်ပါ ပြောခဲ့တဲ့အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ဝင်စတန်ချာ့ချေးလ်ရဲ့နေရာကနေ ကွက်ကွက် ကွင်းကွင်းရိုက်ကူးပြသထားတဲ့အတွက် စစ်ပွဲသမိုင်းကြောင်းတွေကို စိတ်ဝင်စား သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size… 1.39GB / 626MB Quality… Blu- Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Science Fiction
6 2017
Churchill
Dead Line
6

Dead Line 2023 (မရဏစည်း) IMDb-8.2/10 အချိန်အတော်ကြာမှ ဘောစိမမဂျူလီနဲ့ သူ့ရဲ့ချစ်သူရောဘတ်တို့ နှစ်ယောက်တည်းအတူချစ်ခရီးထွက်လာကြတာပေါ့။ သူတို့ အဝေးပြေးလမ်းမမှာ ကားမောင်းလာရင်းနဲ့ ထူးထူးဆန်းဆန်း ကောင်မလေးငယ်ငယ်ချောချောတစ်ယောက် အဝေးပြေးလမ်းမှာ လမ်းလျှောက်နေတာတွေ့ပါသတဲ့။ ဒီအချိန်မှာတော့ ဟီးရိုးဝင်လုပ်ချင်တဲ့ ရောဘတ်က ကောင်မလေးကို တင်ခေါ်သွားဖို့ပြောပေမဲ့ သံသယများတဲ့ဂျူလီရဲ့ငြင်းဆန်မှုကြောင့် မတင်ခေါ်ဖြစ်လိုက်ပါဘူး။ ဒီလိုနဲ့ အပန်းဖြေအိမ်မှာနေဖို့ စားသောက်စရာတွေဝယ်ခြမ်းပြီးပြန်အထွက်မှာ လမ်းလျှောက်နေတဲ့ကောင်မလေးကို ထူးထူးဆန်းဆန်း ထပ်တွေ့ပြန်တော့ ဒီတစ်ကြိမ်မှာ ရောဘတ်ရဲ့တိုက်တွန်းမှုနဲ့ ဂျူလီတစ်ယောက် သံသယမေးခွန်းတွေနဲ့အတူ မိုနီကို ကားပေါ်တင်ခေါ်လာတာက သူတို့နှစ်ယောက်ရဲ့ ကံဆိုးမိုးမှောင်ကျဖို့ လမ်းစဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)

Horror • Fantasy • Mystery
6 2023
Dead Line
The Mask of Zorro
6.8

The Mask of Zorro (1998) IMDb Rating (6.8) / Rotten Tomatoes (84 %) ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တကယ်ကြည့်သင့်တဲ့ကားမျိုးဖြစ်ပါတယ်။ စပိန်မင်းသား Antonio Banderas ရဲ့ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Catherine Zeta‑Jones ရဲ့အလှအပကိုလည်း ခံစားနိုင်မှာပါ။ Sir ဘွဲ့ရ မင်းသားကြီး Anthony Hopkins နဲ့ Stuart Wilson တို့က ဇာတ်ကိုဆွဲခေါ်နိုင်တာကြောင့် ဇာတ်လမ်းဆုံးတဲ့အထိ မထတမ်းကြည့်စေချင်မယ့် ကားမျိုးပါ။ Steven Spielberg က ထုတ်လုပ်သူအဖြစ် တာဝန်ယူခဲ့တာကြောင့် မကောင်းမှာမပူရပါဘူး။ ဇာတ်လမ်းကတော့…. ၁၈၂၁ ခုနှစ်မှာ အခုအမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ဟာ စပိန်လက်အောက်ခံပြည်နယ်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကို မက္ကဆီကိုနဲ့စပိန်တို့က တလှည့်စီအုပ်စိုးနေကြတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ ကာလီဖိုးနီးယားကို စပိန်တွေလက်ထဲက မက္ကဆီကိုဗိုလ်ချုပ်ကြီး ဆန်တာအန်နာက ပြန်သိမ်းတော့မှာကြောင့် စပိန်မြို့တော်ဝန် ဒွန် ရာဖေယဲလ် မွန်တယ်ရို ထွက်ပြေးတော့မယ့်အခန်းနဲ့စပါတယ်။ အဲဒီ ဒေသကို စပိန်တွေအုပ်စိုးခဲ့စဉ်တစ်လျှောက် ပြည်သူတွေကိုနိုင်ထက်စီးနင်းလုပ်ခဲ့တာကြောင့် ဇောရိုးဆိုတဲ့မျက်နှာဖုံးရှင်လူစွမ်းကောင်းက စပိန်အစိုးရကို တော်လှန်ပြီး ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ပါတယ်။ ဒါကြောင့် ဒွန် ရာဖေယဲလ်ဟာ ထွက်ပြေးခါနီးဆဲဆဲမှာ ဇောရိုးကို သုတ်သင်နိုင်ဖို့ အစီအစဉ် တစ်ခုဆွဲခဲ့ပါတယ်။ ဒါပေမယ့် မင်းသားတို့ ညီအကိုက ကူညီပေးခဲ့လို့ အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။ ဒွန် ရာဖေယဲလ်ဟာ ဇောရိုးဘယ်သူလည်းလို့ ရိပ်မိသွားလို့ သွာဖမ်းတဲ့အခါ ဇောရိုးတစ်ဖြစ်လည်း စပိန်လူကြီးလူကောင်းဖြစ်တဲ့ ဒွန် ဒီယေဂိုဟာ ချစ်လှစွာသော ဇနီးသည်ကိုဆုံးရှုံးရတဲ့အပြင် သမီးလေးကိုလည်း ရန်သူရဲ့ခေါ်ဆောင်သွားခြင်းခံရပါတယ်။ သူကိုယ်တိုင်လည်း ထောင်ထဲမှာ အနှစ် ၂၀ လောက် အကျဉ်းချခံတဲ့ ဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒါက ပထမပိုင်းဇာတ်လမ်းပါ။ ဒုတိယပိုင်းဇာတ်လမ်းကတော့ အဲဒီအဖြစ်အပျက်တွေ ဖြစ်ပြီး နောက်နှစ်ပေါင်း ၂၀ လောက်အကြာမှာ ကာလီဖိုးနီးယားကို စပိန်တို့ ပြန်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ မြို့တော်ဝန်အဖြစ် ဒွန် ရာဖေယဲလ်ပြန်ရောက်လာပြီး ပြည်သူတွေကို မညှာမတာနှိပ်စက်ကာ ရွှေထုတ်ယူရာမှာ အသုံးချ ခဲ့ပါတယ်။ အကျဉ်းကျနေခဲ့တဲ့ ဒွန် ဒီယေဂိုလည်း လွတ်မြောက်အောင် ထွက်ပြေးလာခဲ့ပြီး သူ့ကိုကူညီခဲ့ဖူးတဲ့ ညီအကိုနှစ်ယောက်တည်းက ညီဖြစ်တဲ့ မင်းသားနဲ့တွေ့ပြီး ဇောရိုးဘဝကို လက်ဆင့်ကမ်းပေးခဲ့ကာ ပြည်သူတွေကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Nyi Nyi Kyaw Myint မှ တင်ဆက်ထားပါတယ်။)

6.8 1998 136 mins
The Mask of Zorro
The Last Exorcism
5.7

2010 ခုနစ်မှာ ထွက်ရှိခဲ့တဲ့ “The Last Exorcism”ဆိုတဲ့ မှတ်တမ်းရုပ်ရှင်လေးတစ်ခုကတော့ စုစုပေါင်း ဆု7ဆုရရှိခဲ့ပြီး 10ဆုစာရင်းဝင်ခဲ့ပါတယ်။ အောင်မြင်မှုအများကြီးရရှိခဲ့တဲ့ ကားတစ်ကားဖြစ်လို့ Budget အနည်းငယ်သာ ထုတ်သုံးထားပေမယ့် အဆပေါင်းများစွာ မြတ်ခဲ့ပါတယ်။ အဓိကဇာတ်ဆောင် “ရဗရန် ကော်တန် မားကပ်စ်”ဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ဖာသာတစ်ဦးရဲ့ ဘာသာရေးအပေါ်မင်္သကာသံသယဝင်မိတဲ့ စိတ်ကူးပေါ်မှာ အခြေခံမှီငြမ်းထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ “မားကပ်စ်”ဟာ နှစ်ပေါင်းများစွာ လူတွေကို နတ်ဆိုးဖယ်ရှားတဲ့ အတတ်ပညာနဲ့လှည့်စားခဲ့ပေမယ့် သူ့အတွက်နောက်ဆုံးလို့သတ်မှတ်ထားတဲ့ နတ်ဆိုးနှင်မှုမှာတော့ “မားကပ်စ်” တစ်ယောက် တစ်ခါမှမကြုံဖူးတဲ့ဖြစ်ရပ်မျိုး ကြုံတွေ့လာပါတော့တယ်။ လူတွေရဲ့ကြောက်ရွံ့မှုတွေကို ခုတုံးလုပ်ပြီး အလွဲသုံးစားလုပ်တဲ့ ဘာသာရေးလှည့်စားမှုတွေကို ဝေဖန်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားသလို သရဲကားထပ် ပိုကြောက်ဖို့ကောင်းတဲ့ found footage မျိုးဖြစ်တဲ့အတွက် ယခုချိန်ထိ ကြောက်စရာအကောင်းဆုံး horror ရုပ်ရှင်တစ်ခုအဖြစ် သုံးသပ်သူတွေရှိနေတုန်းပါပဲ။ အဓိကဇာတ်ဆောင်မင်းသမီး အပူးခံရတဲ့အခန်းမှာဆိုရင်လည်း CGI လုံးဝမသုံးထားဘဲ သူမကိုယ်တိုင် ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်သွားတာကို တွေ့ရမှာပါ။ ပုံမှန်သရဲနှင်ကားတွေနဲ့မတူတဲ့ ရူထောင့်ကနေရိုက်ကူးထားတာဖြစ်တဲ့အပြင် အလှည့်အပြောင်းတွေအများကြီးပါဝင်တဲ့ အဆုံးသတ်က ကြည့်ရူသူတွေကို တွေးပြီးရင်းတွေးနေစေမှာမို့ ဘဝမှာ တစ်ခါလောက်တော့ ကြည့်ဖူးသင့်တဲ့ကားထဲမှာ ပါတယ်လို့ပြောချင်ပါတယ်။ Review တွေထဲမှာ အကြံပေးထားတာကတော့ အဆုံးထိကြည့်ပြီး အစကနေနောက်တစ်ခေါက်ပြန်ကြည့်မယ်ဆိုရင် ဒါရိုက်တာအသေးစိတ်ထည့်သွင်းထားတဲ့ သဲလွန်စတွေ ရှေ့ပြေးနိမိတ်တွေအားလုံးကို ကွက်ကွက်ကင်းကင်းနားလည်သွားမှာပါတဲ့။ File size… 1.9 GB / 900 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by KST

Action • Adventure • Science Fiction
5.7 2010 87 mins
The Last Exorcism
Jarnail: The Warrior

Khilre Hoye Warke Kudrat (2025)”နွံ” =============================== အသစ်ထွက်ထားတဲ့ ပန်ချာပီစကားပြော လူငယ်ဒရာမာ အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ပန်ဂျပ်ပြည်နယ်ထဲမှာ မူးယစ်ဆေးကိစ္စတွေဟာ ထိန်းမရသိမ်းမရဖြစ်နေပါတယ်။ ရွေးကောက်ပွဲတွေမှာလည်း မဲဆွယ်အဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေကို ရအောင်ထိန်းချုပ်မယ်ဆိုတဲ့ကတိနဲ့ မဲဆွယ်ကြပါတယ်။ တစ်နေ့မှာတော့ လက်ရှိအာဏာရပါတီရဲ့ ဝန်ကြီး မဲဆွယ်နေတုန်းမှာ ကာရန်ဆိုတဲ့ ပန်းချီဆရာတစ်ယောက်က မူးယစ်ဆေးဝါးတွေကို နောက်ကွယ်ကဖြန့်နေတာ အစိုးရကိုယ်တိုင်ဖြစ်တယ်လို့ အများရှေ့မှာစွပ်စွဲလိုက်တဲ့အတွက် ပါတီကလူတွေက ရန်ရှာလာတာကြောင့် တခြားနေရာမှာ သွားရှောင်ရဖို့ဖြစ်လာပါတယ်။ အဲဒီလိုရှောင်ရင်းတိမ်းရင်း ကူဒရတ်ဆိုတဲ့ ဆေးစွဲနေတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်လုံးရဲ့ဘဝ ပြောင်းလဲဖို့ဖြစ်လာပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

0 2025 86 mins
Jarnail: The Warrior