YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Daaka (2019) 720p.mp4

1.08 GB N/A video/mp4 2230 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alive Drift
8

ဂျပန်ကားကြိုက်တဲ့ ညိုကီတို့ ညောင်နီတို့ရှိကြလားဗျို့ အချင်းချင်းလက်တို့ မန်းရှင်းခေါ်ပြီး ဒီကားလေးသာပြလိုက်ပါတော့... အရမ်းမိုက်တဲ့ကားပြိုင်ပွဲလေးကိုရိုက်ထားတဲ့ကားလေးပါ။ တစ်ခြားပြိုင်ကားတွေနဲ့မတူတာက Drift ဆွဲတာကိုပြိုင်တဲ့ကားလေးပါ။ ဘာသာပြန်သူကလည်း အရမ်းကြီးမသိပေမယ့် ဘာသာပြန်တာ ခဏရပ်ပြီး ပြိုင်ပွဲကိုအားပေးလိုက်ရတဲ့အထိ ဆွဲဆောင်မှုရှိတဲ့ကားလေးပါ။ အားကစားကားတွေဆို လေ့ကျင့်မယ်၊ ရှံးမယ်၊ ရှုံးခါနီးမှနိုင်သွားမယ် အဲ့ဒီလိုပုံစံခွက်ထဲကနေ မတူအောင်ရိုက်ပြထားပါတယ်။ Drift ဆွဲပြိုင်မယ့်သူက E-sport မှာချန်ပီယံရထားတဲ့ ပြိုင်ကားမောင်းသူ ကိုအိချိ ပဲ ဖြစ်ပါတယ်။ ဂိမ်းသမားတစ်ယောက်က လက်တွေ့မှာတကယ့်ပြိုင်ကားကို မောင်းရမယ်ဆိုတော့ ခေါင်းတွေလည်းမူး၊ အန်လည်းအန်ပြီး တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂိမ်းဆိုသည်မှာလည်း လက်တွေ့နဲ့တူအောင်ဖန်တီးထားတာမို့ ဂိမ်းဆရာကြီးဖြစ်တဲ့ ကိုအိချိ က လက်တွေ့နဲ့ ဂိမ်း ဘယ်လိုရောစပ်သွားမလဲဆိုတာကို ဂျပန်အဆင်လေးလည်းငမ်းရင်း အားရပါးရကြည့်ဖို့ ဒေါင်းလိုက်ပါတော့နော်... အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre..... Sport Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 54oMB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August

Action • Science Fiction • Thriller
8 2022 121 mins
Alive Drift
Comrades, Almost a Love Story
8.1

Comrades, Almost A Love Story (1996) ~ IMDb – 8.1/10, Rotten Tomatoes – 89% ~ Directed By Bunny Chan အချစ်ဇာတ်လမ်းတွေဟာ သိပ်ခမ်းနားပါတယ်။ အထူးသဖြင့် ဘာမှခမ်းနားမနေတဲ့ အချစ်ဇာတ်လမ်းတွပေါ့။ Comrades ဟာ ဘာမှ မထူးဆန်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အလှပဆုံးသီချင်းတွေ၊ အလှပဆုံးစီနီမာတိုဂရပ်ဖီတွေ သုံးပြီး အလိုက်ဖက်ဆုံး ဇာတ်ကောင်တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ၉၀ပြည့်နှစ် အလယ်ပိုင်းတွေမှာ ပြည်မကလူတွေဟာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတဲ့ ဟောင်ကောင်ကို အိပ်မက်တွေအလီလီနဲ့ ပြောင်းလာခဲ့ကြတယ်။ အဲဒီပြောင်းလာခဲ့တဲ့ထဲ နှစ်ယောက်က လီယွန်လိုင်နဲ့ မက်ဂီချောင်တို့ရဲ့ ဇာတ်ကောင်၂ကောင်လည်းပါတယ်။ လီယွန်လိုင်ရဲ့ ဇာတ်ကောင်ကတော့ သူ့ရည်းစားကို ဟောင်ကောင်ခေါ်ပြီး လက်ထပ်ဖို့ လုံလောက်အောင် ငွေရှာချင်ရုံပါပဲ။ မက်ဂီချောင်ရဲ့ ဇာတ်ကောင်ကတော့ အိပ်မက်တွေ ဟိုးအမြင့်ကြီးနဲ့။ သူတို့ဇာတ်ကောင်၂ကောင်ဟာ အဲဒီခေတ်က ပြည်မကနေ ဟောင်ကောင်ကို ပြောင်းလာခဲ့တဲ့ သူတွေရဲ့ အခြေအနေကို ကောင်းကောင်းကြီး ပုံဖော်ထားခဲ့သလို ပြည်မကလူတွေ တောသားမြို့တက်အထင်ခံရမှာစိုးတဲ့ သဘာ၀ကိုလည်း ပုံဖော်ထားခဲ့တယ်။ အဲဒီလိုပုံဖော်ထားတဲ့အထဲ ရယ်ရခက်ငိုရခက် တစ်ချက်ကိုပြောရရင် ပြည်မကလူတွေဟာ Teresa Tang ဆိုတဲ့ အဆိုတော်ကို တော်တော်သဘောကျကြတယ်။ မက်ဂီချောင်ဟာ ပြည်မမှာ Teresa Tang အခွေတွေ ရောင်းတုန်းက အရမ်းရောင်းကောင်းခဲ့တော့ ဟောင်ကောင်ပွဲဈေးမှာရောင်းဖို့ ရှိသမျှပိုက်ဆံတွေကို Teresa အခွေတွေ၀ယ်ပြီး ရင်းခဲ့တယ်။ ကံဆိုးချင်တော့ ဟောင်ကောင်မှာ Teresa သီချင်းနားထောင်ရင် ပြည်မသားဆိုတာ လိုက်ပြောလိုက်သလိုဖြစ်နေတော့ ကြိုက်ကြပေမဲ့ ဘယ်သူ့မှ မ၀ယ်ကြပါဘူး။ ဒီလိုနဲ့ မက်ဂီချောင် အရင်းပြုတ်သွားတယ်။ ဒီလိုဆိုလို့ Teresa ကို ခပ်ညံ့ညံ့အဆို‌တော် မထင်လိုက်ပါနဲ့။ Teresa ဟာ တရုတ်ပြည်ရဲ့ ဂန္တ၀င်အဆိုတော်လို့ ပြောလို့ရပြီး တရုတ်တွေရှိတဲ့ နေရာတိုင်းမှာ Teresa သီချင်းသံကြားရတယ်ဆိုပါတယ်။ ဒီရုပ်ရှင်မှာ Teresa သီချင်းတွေ နေရာမလပ် လွှမ်းခြုံထားသလို ဒီရုပ်ရှင်မှာ Teresa ဟာ အရေးကြီးတဲ့ ဓာတ်ကူပစ္စည်းလည်း ဟုတ်ပါတယ်။ Comrades ရုပ်ရှင်ရဲ့ တရုတ်နာမည်က Tian Mi Mi ဆိုတဲ့ Teresa သီချင်းနာမည်ကို ယူထားတာဖြစ်သလို ဒီရုပ်ရှင်အနှံ့မှာ Tian Mi Mi သီချင်းကို ကြားရမှာပါ။ တော်တော်ကောင်းတဲ့ သီချင်းပါပဲ၊ YouTubeမှာ အလွယ်တွေ့နိုင်ပါတယ်။ တရုတ်ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးစာရင်း၀င်တဲ့ လီယွန်လိုင်ဟာ ဝေါင်ကာဝေးရဲ့ Fallen Angels မှာ ခပ်မိုက်မိုက် ကြေးစားလူသတ်သမား ဇာတ်ကောင်နေရာနဲ့ ပီပြင်ခဲ့သလို ဒီထဲလည်း ပြည်မကနေ ဟောင်ကောင်တက်လာတဲ့ အူတူတူ အတတ ဇာတ်ကောင်နဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းပါပဲ။ ဒီရုပ်ရှင်ထဲက သူ့ဇာတ်ကောင်ဟာ သူ့ဘ၀ကို ထင်ဟပ်နေတယ်လို့လည်းဆိုပါတယ်။ သူ့ရုပ်ရှင်ဆိုလို့ နှစ်ကားတည်း ကြည့်ဖူးပေမဲ့ လီယွန်လိုင်ဟာ ဒီတစ်ကားနဲ့တင် တော်တော်သရုပ်ဆောင် ကောင်းတဲ့သူဆိုတာ မြင်သာပါတယ်။ ကျွန်တော်တို့ရဲ့ မက်ဂီကတော့ ဒီထဲပိန်ချုံးကျနေပြီး အရင်လောက် မလှဘူးထင်ရပေမဲ့ တစ်နေ့လေးနာရီလောက်ပဲ အိပ်ပြီး အလုပ်ကြိုးစားနေတဲ့ ကောင်မလေးဇာတ်ရုပ်မှာ ဒီပုံစံက အံ၀င်ခွင်ကျပါပဲ။ ဒီလိုကမောက်ကမခေတ်ကြီးမှာ ဒီရုပ်ရှင်နဲ့ ရင်ဘတ်ချင်းနီးတဲ့သူတွေ များလောက်မှာပါပဲ။ အိပ်မက်တွေရှိတယ်။ ကြိုးစားကြည့်ကြတယ်။ လဲကျကြတယ်။ အချစ်တွေရှိတယ်။ ဘ၀တွေက အဆင်ပြေမနေခဲ့ဘူး။ အချိန်မှား နေရာမှား ရောက်လာရသလို လမ်းလွဲခဲ့ကြတယ်။ Comrades ဟာ ဒီအကြောင်းတွေကို ရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်းဖြစ်လုနီးနီး ဘ၀နှစ်ခုအကြောင်းဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ကျွန်တော့်အနေနဲ့တော့ ထိုင်၀မ်နဲ့ ပြည်မက မာစတာပိစ်တွေထဲ သူတို့ခေတ် သူတို့အခြေအနေကို ထင်ဟပ်တဲ့ ရုပ်ရှင်ကောင်းတွေ တွေ့ရပေမဲ့ ဟောင်ကောင်မှာ ဒီလိုမျိုးရုပ်ရှင်တွေကို မကြည့်ဖူးခဲ့ပါဘူး။ ဥပမာဆို – A Brighter Summer Day မှာ ပြည်မကနေ ထိုင်၀မ်ခွဲထွက်ပြီး နောက်ပိုင်း အခြေအနေတွေကို ပြထားတဲ့ ပုံစံမျိုးပေါ့။ Comrades ကတော့ အချစ်ဇာတ်လမ်းလည်းဖြစ်သလို အဲဒီလိုဇာတ်လမ်းတွေရဲ့ အရသာကိုလည်း ပေးနိုင်ခဲ့တဲ့ ဟောင်ကောင်ရဲ့ အရာရာလှပနေတဲ့ မာစတာပိစ်တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုရေးတဲ့ Ivy Ho ဟာ ဇာတ်ညွှန်းဆုများစွာရခဲ့သလို ရုပ်ရှင်ကလည်း တခြားဆုများစွာလည်း ရထားတယ်။ ထူးတာကတော့ ဒီရုပ်ရှင်မှာ ဝေါင်ကာဝေးရဲ့ ပင်တိုင် စီနီမာတိုဂရပ်ဖာ ခရစ္စတိုဖာဒွိုင်းက အင်္ဂလိပ်စာသင်တဲ့ဆရာ အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။။ လူပြောတော်တော်များပေမဲ့ ဒီလောက်ကောင်းတဲ့ ရုပ်ရှင်ကို အရင်က မကြည့်ဖြစ်ခဲ့ပါဘူး။ သို့ပေမဲ့ နောင်တတော့မရပါဘူး။ ဒီလိုအခြေအနေတွေမှာ ကြည့်မှ ပိုနီးစပ်သွားမယ့်ရုပ်ရှင်လို့ ယူဆလို့ပါပဲ။ ဗိန်းဗောင်းဆင့်ရောက်လာတဲ့ ကမောက်ကမခေတ်မှာ အခြေအနေအချိန်အခါတွေ မလွယ်တဲ့ဘ၀တွေကြောင့်နဲ့ လမ်းလွဲခဲ့ရတဲ့ ချစ်ခြင်းတွေ နည်းမှာမဟုတ်ပါဘူး။ Comrades ဟာ အဲဒီအချစ်တွေကို ထင်ဟပ်မိလောက်မယ့် ရုပ်ရှင်ပါ။ ပုဂ္ဂလိက အမြင်အရတော့ အကြိုက်ဆုံးရုပ်ရှင် ဆယ်ဂဏန်းထဲ စာရင်းသစ်၀င်သွားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.2GB, 1.23GB Quality – Blu-ray 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 58Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
8.1 1996 118 mins
Comrades, Almost a Love Story
The Beach of the Drowned
6.1

The Beach of the Drowned (2015) ======================== IMDb Rating – 6.1/10 မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ် လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်း ပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသား တစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံ တွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်း ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘော သားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ် ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာ သာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာ ရပါတယ်။ သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက် ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံ ဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့် မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်) File Size……….(1.7 GB) / (727 MB) / (423 MB) Quality…………WEB-Rip 1080p / 720p / 480p Duration………1Hr 36Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Mystery Translator…….Jaka Encoder……….SWM

6.1 2015 105 mins
The Beach of the Drowned
The Doorman (O Porteiro)
6.3

ဗော့ဒီစနေ ဆိုတာက နယ်မြို့လေးကနေ ရီယို ဒီ ဂျနေးရိုးမြို့ကိုတက်လာပြီး ကွန်ဒိုတစ်ခုမှာ ဧည့်ကြိုလုပ်ရင်း မိသားစုဘဝလေးတစ်ခုကို ထူထောင်နေခဲ့တဲ့လူပါ။ ဘရာဇီးသားဗော့ဒီစနေ ကြောက်ရတဲ့အရာကတော့ ပဲခူးသားတွေနဲ့အတူတူပါပဲ၊ မိန်းမပါ။ ဗော့ဒီစနေရဲ့ မိန်းမဖြစ်သူ လော်ရီဇီကတော့ ဗော့ဒီစနေကို နိုင်လွန်းသူဖြစ်ပြီး တစ်နေ့တစ်နေ့ ဆူဆူညံညံဖြစ်နေတဲ့ မိသားစုလေးတစ်ခုပါပဲ။ ဒီလိုရိုးသားပြီး သဘောကောင်းတဲ့ လူရိုးကြီးဖြစ်တဲ့အပြင် ကွန်ဒိုမှာနေတဲ့လူတွေ အကူအညီတောင်းသမျှကိုလည်း မညည်းမညူနဲ့လုပ်ပေးတတ်တာမလို့ ကွန်ဒိုက လူတိုင်းကလည်း ဗော့ဒီစနေဆိုရင် သဘောကျကြပါတယ်။ သူ့ကိုအပြစ်မြင်နေသူကတော့ ကွန်ဒိုမန်နေဂျာအသစ် အက်စတိုဖိုပါ။ ဗော့ဒီစနေက ဧည့်ကြိုဆိုပေမဲ့လည်း တာဝန်ချိန်ဆိုရင် ဝင်ပေါက်နေရာမှာရှိမနေဘဲ ကွန်ဒိုမှာနေတဲ့သူတွေကို ပတ်ကူညီနေတာကြောင့် နောက်ဆို ဝင်ပေါက်မှာရှိမနေရင် အလုပ်ဖြုတ်မယ်ဆိုပြီးတော့ပါ သတိပေးထားခဲ့ပါတယ်။ ကွန်ဒိုအစည်းအဝေးလုပ်မဲ့နေ့မှာ ဗော့ဒီစနေတစ်ယောက် သူ့ရဲ့ပုံမှန်အလုပ်တာဝန်တွေလုပ်နေရင်း ကွန်ဒိုတစ်ခုလုံးကို အနုကြမ်းစီးဓားပြတိုက်ခံရလိုက်ရပါတယ်။ ဗော့ဒီစနေကိုလည်း အတွင်းလူ ကြံရာပါအဖြစ် မန်နေဂျာက တိုင်ချက်ဖွင့်လိုက်တာကြောင့် ဗော့ဒီစနေတစ်ယောက် ရဲစခန်းရောက်သွားခဲ့ပါပြီ။ ဒီလိုနဲ့ ဓားပြမှုကြံရာပါအဖြစ်ကနေ ဗော့ဒီစနေတစ်ယောက် အပြစ်မရှိကြောင်းသက်သေပြပြီး ပြန်လွတ်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ ဘရာဇီး ဟာသရုပ်ရှင်ကားဖြစ်တဲ့အပြင် ဟာသတွေကိုလည်း ရုပ်တည်ကြီးတွေနဲ့ဖောက်နေကြတာမလို့ အူနှိပ်နေအောင် ရယ်နေရမှာသေချာပါတယ်။ File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.3 2023 83 mins
The Doorman (O Porteiro)
Nightmare Man

အယ်လင်ဟာ သူနဲ့ခင်ပွန်းဖြစ်သူ ဝီလီယမ်တို့ကြား သားသမီးမထွန်းကားတဲ့ ပြဿနာကိုဖြေရှင်းရာမှာ အထောက်အကူရစေဖို့အတွက် ရောမကနေ အာဖရိကဖြစ် မျက်နှာဖုံးတစ်ခု မှာယူခဲ့ပါတယ်။ ဖြစ်ချင်တော့ မှာလိုက်တဲ့ မျက်နှာဖုံးမဟုတ်ဘဲ မိစ္ဆာရုပ်မျက်နှာဖုံးကြီးဖြစ်နေရာက အယ်လင့်ကိုဝင်ပူးပြီး အိပ်မက်ဆိုးများနဲ့ ခြောက်လှန့်ပါတော့တယ်။ နေ့စဉ်အမျှ ထင်ယောင်ထင်မှားဖြစ်တဲ့ အာရုံတွေကြောင့် အယ်လင့်ခင်ပွန်းဝီလီယမ်ဟာ စိတ်ကျန်းမာရေးဆရာဝန်များနဲ့ အယ်လင့်ကိုပြသခဲ့ပြီး စိတ်ကစဉ့်ကလျားဝေဒနာခံစားနေရကြောင်း ရောဂါအမည် တပ်ခဲ့ပါတယ်။ နေ့စဉ်ဆေးပုံမှန်သောက်နေရတဲ့ အယ်လင်ဟာ ရောဂါသက်သာ လာသလိုရှိပေမယ့် အလျှင်းမပျောက်သေးတာကြောင့် စိတ်ကျန်းမာရေးဆေးရုံ တင်ကုသဖို့ ဝီလီယမ်နဲ့ အယ်လင်တို့ ဇနီးမောင်နှံနှစ်ဦးတည်း တောလမ်းခရီး ထွက်လာခဲ့ကြပါတယ်။ လူသူဝေးတဲ့နေရာရောက်မှ ဆီကုန်လို့ကားထိုးရပ်သွားပြီး ဝီလီယံက ဆီသွား ရှာတာကြောင့် တောနက်ကြီးအလယ်မှာအယ်လင်ဟာ ကားထဲမှာမျက်နှာဖုံးနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်ကစပြီး လျှို့ဝှက်သည်းဖိုအဖြစ်အပျက်များ ဆက်တိုက် ကြုံတွေ့ရပါတော့တယ်။ အယ်လင့်ရဲ့အိပ်ဆက်ဆိုးတွေထဲက မိစ္ဆာကောင်ဟာ မျက်နှာဖုံးကြောင့်ဖြစ်မလား.. အယ်လင်ဟာတကယ်ပဲ စိတ်ကစဉ့်ကလျားဝေဒနာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား.. စိတ်ကစဉ့်ကလျားဝေဒနာသည်နှင့် ကြာရှည်ပေါင်းသင်းလာရတဲ့ ဝီလီယံဟာ အယ်လင့်ဝေဒနာကို ပျောက်ကင်းအောင်လုပ်နိုင်ပါ့မလား…ဆိုတာ Nightmare Man ဇာတ်ကားမှာရှုစားကြရမှာဖြစ်ပါတယ်။ Horror Thriller အမျိုးအစားဖြစ်ပြီး R အဆင့်သတ်မှတ်ချက်အရ သွေးထွက်သံယိုနှင့် ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် ကလေးသူငယ်များနှင့် မိသားစုအလိုက်ကြည့်ရှုရန် မသင့်ကြောင်းတင်ပြလိုက်ရပါတယ်။ File size…1.62GB / 688MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

0 2006
Nightmare Man
Still Alice
7.5

အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး Alec Baldwin သမီးငယ်အဖြစ် မင်းသမီးချော Kristen Stewart နဲ့ သမီးကြီးအဖြစ်ကိုတော့ Superman Returns မှာ လူးဝစ်လိန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kate Bosworth တို့ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်း အမျိုးအစားလေးကတော့ Drama/ Melodrama အမျိုးအစားဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo Kay Zaw ဖြစ်ပါတယ်။ File size…(1.5 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo Kay Zaw

Drama • Horror
7.5 2014 100 mins
Still Alice
Kali: Avenging Angel
5.8

ဒီတစ်ခေါက်မှာတော့မင်းသမီး‌တစ်ယောက်တည်း ရှယ်ကြမ်းပြမဲ့ ပြင်သစ် အက်ရှင်ဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လီဆာဟာ မကြာသေးခင်ကမှ သားဖြစ်သူကိုဆုံးရှုံးထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေရတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးပါ။ သူ့ခင်ပွန်းဖြစ်သူ အဲရစ်ဟာလည်း သူ့လို အေးဂျင့်တစ်ဦးဖြစ်တာမို့ နိုင်ငံရပ်ခြားမှာ စစ်ဆင်ရေးတွေသွားရောက်ဆောင်ရွက်နေရသူပါ။ တစ်နေ့မှာ လီဆာရဲ့ ခင်ပွန်းဖြစ်သူ အဲရစ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့ရဲ့ ပြင်သစ်သံရုံးရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာခံလိုက်ရပါတယ်။ သားဖြစ်သူကိုဆုံးရှုံးထားရပြီး တစ်ဦးတည်းသောကျန်တဲ့ ‌ ခင်ပွန်းကလည်း အသတ်ခံလိုက်ရတော့ လီဆာလည်း အရူးမီးဝိုင်း သလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ သူ့ခင်ပွန်းအတွက်လက်စားချေဖို့ ဘရာဇီးကိုလိုက်သွားပြီး တစ်စတစ်စစုံစမ်းရင်းကနေမှ မထင် မှတ်ထားဘဲ လူပေါင်းများစွာကို အသက်အန္တရာယ်ပေးနေတဲ့ နောက်ကွယ်ကအမှုကြီးတစ်ခုကို သိရှိသွားရပါတော့တယ်။ လီဆာတစ်ယောက်တည်း တစ်ဆင့်ပြီးတစ်ဆင့်‌‌ ဖော်ထုတ်ရင်းနဲ့ နောက်ကွယ်ကကြိုးကိုင်ထားတဲ့ လက်မည်းကြီးကို လက်စားချေဖို့ ကြိုးပမ်းပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီတော့ အဲရစ်ကဘာကြောင့်သေသွားရတာလဲ၊ အံ့ဩလောက်စရာ အမှုကြီးကရော ဘာများဖြစ်မလဲ၊ ‌ဒီကိစ္စကိုဘယ်သူက ကြိုးကိုင် ထားပြီး ဘယ်သူတွေပါဝင်ပတ်သက်နေမလဲဆိုတာကို ဇာတ်လမ်း ထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.44GB) / ( 835MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Drama
5.8 2024
Kali: Avenging Angel
Hot Frosty
5.8

Christmasမှာ ကြည့်ဖို့ Christmasကားလေးတွေရှာနေရင်တော့ 2024မှာထွက်ထားတဲ့ rating5.8ရှိတဲ့ Hot Frosty ဆိုတဲ့ ကားလေးရှိနေတယ်နော်။ ဒီကားလေးကတော့ Hope Spring မြို့လေးမှာမှော်ဆန်ဆန်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတဲ့ကားလည်းဖြစ်ပါတယ်။ Kathy ဆိုတဲ့မိန်းကလေးတစ်ယောက်ကသူရဲ့ယောကျာ်းဆုံးပါး သွားပြီးကတည်းက ကိုယ့်ဟာကိုယ်တောင်ဂရုမစိုက်နိုင်တော့ဘဲ အလုပ်တွေသာဖိလုပ်နေခဲ့ပါတယ်။ တစ်ခုသောညမှာတော့ သူမက ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ နှင်းလူသားရုပ်တစ်ရုပ်ကို သူမရဲ့လည်စည်းအနီလေးစည်းပေးပြီးအိမ်ပြန်သွားခဲ့ပါတယ်။ အဲ့ညအချိန်မှာပဲ နှင်းလူသားရုပ်ဟာ မှော်ဆန်ဆန်နဲ့ အသက်ဝင် ရှင်သန်လာခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာ နှင်းလူသားနဲ့ Kathyတို့တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ…. ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ…. နှင်းလူသားကလဲအရည်ပျော်သွားမှာလား…. Hot Spring မြို့ရဲ့ရိုးသားနွေးထွေးမှုတွေရယ် ရဲအရာရှိHunterရဲ့မြို့ကို ကြိုးစားပြီးကာကွယ်ပေးချင်တဲ့စိတ်ထားတွေရယ် အချစ်နဲ့မထိတွေ့ ရတာကြာပြီဖြစ်တဲ့Kathyတို့ရဲ့အကြောင်းတွေကို စောင်ထဲကွေးပြီး ကြည့်လိုကောင်းမဲ့ကားဖြစ်တဲ့အပြင် မိသားစုနဲ့ပါကြည့်လို့ရမယ့် ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.48GB) / (801MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.8 2024 90 mins
Hot Frosty
Despatch
6.1

Despatch (2024) “လျှို့ဝှက်ချက်များ တူးဖော်ခြင်း” သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ မှုခင်းဆိုပေမဲ့ မြင်နေကျ ရဲဇာတ်လမ်း‌တွေထက် မှုခင်းသတင်းထောက်တစ်ယောက်ရဲ့စွန့်စားခန်းကို စာနယ်ဇင်းသမားအမြင်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အခုလို ပြောင်းလဲလာတဲ့ဒီဂျစ်တယ်ခေတ်ကြီးမှာ အပြောင်းအလဲကြီးတစ်ခုကို မလွဲမသွေခံခဲ့ကြရတာကတော့ စာနယ်ဇင်းသမားတွေပါပဲ။ Print media ခေတ်ကနေ digital media ခေတ်မှာ အသားကျအောင် ကြိုးစားနေရသူတွေထဲမှာ နှစ်‌ဆွေး မှုခင်းသတင်းသမားကြီး ဂျွိုင်းလည်း ပါ၀င်ပါတယ်။ သူတို့သတင်းစာတိုက်မှာ အပြောင်းအလဲတွေဖြစ်နေခိုက်မှာပဲ အုပ်စုဖွဲ့ပစ်ခတ်မှုသတင်းတစ်ခု ပေါ်လာပါတယ်။ အဲ‌ဒါကလည်း သူတို့မြို့က အကြီးစားငွေကြေးမှောင်ခိုသမားတွေနဲ့ ပတ်သက်နေပြီး အန္တရာယ်ကြီးတဲ့ အမှုမျိုးပါ။ အဲဒီအခါမှာ ဂျွိုင်းတစ်ယောက် အပြောင်းအလဲနဲ့စိန်ခေါ်မှုတွေကြား၊ စနစ်ဟောင်းနဲ့စနစ်သစ် လွန်ဆွဲပွဲကြားမှာ ကိုယ်တိုင်စွန့်စားပြီး သတင်းလိုက်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဂျွိုင်းတစ်ယောက် သတင်းကြီးကြီးရဖို့ ဘယ်လိုစွန့်စားရင်ဆိုင်မလဲ၊ အလုပ်နဲ့ လူမှုရေးပြဿနာတွေကြား ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

6.1 2024 151 mins
Despatch
The Unofficial Science of Die Hard
5.9

The Unofficial Science of Die Hard (2024) TV programmme Die Hard ဇာတ်ကားတွေက ကျွန်တော်တို့ အတော်များများရဲ့ ရင်ထဲက လက်ခံထားတဲ့ အက်ရှင် ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။ ၁၉၈၈ မှာထွက်ရှိခဲ့ပေမဲ့လည်း ဒီနေ့ထက်ထိ ပြန်ကြည့်လို့ကောင်းနေဆဲပါပဲ။ အကြမ်းစား အလန်းစား ချခန်းတွေ ဖောက်ခွဲတဲ့ ပြကွက်တွေနဲ့အတူ စိန်ခေါ်မှုများတာကတော့ စတန့်လုပ်တာပါပဲ။ Die Hard လိုအက်ရှင်ကားမှာလည်းပဲ လှပတဲ့ စတန့်ပြကွက်များစွာပါပါတယ်။ ဆိုတော့ ဒီတီဗီရှိုးက အဲဒီစတန့်ပြကွက်တွေဟာ အပြင်မှာတကယ်လုပ်လို့ရမလား လုပ်ရင်ရော ဘယ်လောက်အောင်မြင်နိုင်ခြေရှိမလဲဆိုတာ ခရစ်စ်နဲ့ပေါလ်တို့က အတူလေ့လာထားကြတာပါ။ ခေါင်မိုးပေါ်က ခုန်ချပြီး မှန်ကိုသေနတ်နဲ့ပစ်ခွဲပြီး ပြတင်းပေါက်ကို ပြန်ဝင်တဲ့အခန်းတွေ မှန်ကွဲစတွေပေါ် ဖိနပ်မပါဘဲ လမ်းလျှောက်တာတွေ အစရှိသဖြင့်ပေါ့။ ဒီရှိုးလေးထဲမှာ အစရှိတာတွေကို ခေတ်မီ သိပ္ပံရှုထောင့်ကနေ သေချာစမ်းစစ်လေ့လာပြီး လက်တွေ့တွေလုပ်ပြခဲ့တာကြောင့် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတအနည်းငယ် ရရှိစေမှာပါ။ Die Hardဇာတ်လမ်းတွေကို အရူးအမူးကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ သူတို့အက်ရှင်တွေ စတန့်ခန်းတွေကို ဘယ်လို လုပ်ဆောင် ရိုက်ကူးခဲ့လဲဆိုတာ ဗဟုသုတအနေနဲ့ ကြည့်ရှုနိုင်မယ့် တီဗီပရိုဂရမ် ရှိုးလေးတစ်ခုဖြစ်ပါတယ်။

Drama • Thriller
5.9 2024
The Unofficial Science of Die Hard
Eephus
6.9

ဇာတ်လမ်းလေးကတော့ ဘေ့စ်ဘောဘိုးတော်ကြီးတွေရဲ့ နောက်ဆုံးဘေ့စ်ဘောပွဲစဥ်ကို ရိုက်ကူးထားတဲ့ Comedy Dramaကားလေးပါ… ဘာလို နောက်ဆုံးပွဲစဥ်လိုပြောရသလဲဆိုရင် သူတိုရဲ့ ဘေ့စ်ဘောကွင်းဟောင်းလေးကို ဖျက်သိမ်းပြီး ကျောင်း အသစ်ဆောက်ဖိုအတွက်စီမံချက်ကျလာလိုပါပဲ… ငယ်ဘဝအမှတ်တရတွေရှိတဲ့ ဒီဘေစ့်ဘောကွင်းလေးကို မဖျက်သိမ်းခင်ရှေ့တစ်ရက်မှာပဲ ဘိုး‌တော်ကြီးတွေက နောက်ဆုံးတစ်ပွဲကစားဖို စီစဥ်ကြပါတယ် အသက်တွေသာ ကြီးလာတယ် ငယ်ရွယ်စဥ်ကအတိုင်း ငယ်မူပြန်ပြီး ဘေ့စ်ဘောကစားချင်တဲ့သူတိုတစ်တွေ ဒီနောက်ဆုံး ပွဲစဥ်လေးကို ဘယ်လိုခက်ခက်ခဲခဲ ကစားကြမလဲ….. ပွဲအဆုံးထိကစားနိုင်အောင်ဘယ်လိုကြိုးစားကြမလဲ ဆိုတာကို ကြည့်ရင်း အားကစားစိတ်ဓာတ်နဲ့ငယ်ဘဝ သံယောဇဥ်ကို ခံစားရမယ့်ကားလေးပါ..။ ခရမ်းချဥ်သီးပုတ် ၁၀၀ အပြည့်ရထားတဲ့ ကားတစ်ကားမို စိတ်ပြေလက်ပျောက်ကြည့်လိုကောင်းမယ့်ကားလေးပါပဲ….. File size… (1.24 GB) / (611 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre …..Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Crime
6.9 2025 98 mins
Eephus
Pantaskah Aku Berhijab
8

Pantaskah Aku Berhijab (2024) IMDb Rating (8.0) “Hijab ကိုဝတ်ဖို့တန်ရဲ့လား”ဆိုတဲ့ ဒီအင်ဒိုနီးရှားကားလေးက မိန်းကလေးတစ်ယောက်ရဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ Hijab ဆိုတာ Islam အမျိုးသမီးတွေဝတ်တဲ့ ခေါင်းခြုံတစ်ခုဖြစ်ပြီး ယဥ်ကျေးမှုအရရော ဘာသာတရားကိုင်းရှိုင်းမှုအရပါ အမျိုးသမီးတွေဝတ်ကြတဲ့ အရာပါ။ ဇာတ်ကားထဲမှာ ဆိုဖီ လို့ခေါ်တဲ့ သာမန် မိန်းကလေးတစ်ယောက်ရဲ့ စိန်ခေါ်မှုတွေကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်း ——————– ဆိုဖီက ဖခင်မရှိတဲ့ မိသားစုမှာကြီးပြင်းလာရပြီး မောင်နှမသားချင်းလည်း များတာကြောင့် ငွေကြေးအခက်အခဲအချို့လဲ ရှိနေခဲ့ပါတယ်။ သူမက တက်သစ်စ သရုပ်ဆောင်ဖြစ်ပြီး ကြော်ငြာစရိုက်တော့မယ် ဆိုပေမဲ့ ရိုက်မည့်နေ့မှာ မလာနိုင်တာကြောင့် ဒါရိုက်တာ ဒေါပွပြီး ခေါ်မရိုက်တော့တဲ့အခါ မိသားစုအခက်အခဲတွေကြားက ရည်းစားဖြစ်သူကပါ ကိုယ်ဝန်ရတော့ အဆက်အသွယ်ဖျက်လိုက်တာကြောင့် စိတ်ညစ်နေခဲ့ပါတယ်။ ဆိုဖီမှာ အက်ဆာလို့ခေါ်တဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ အက်ဆာက ဆိုဖီကို အမြဲကူညီပေးတတ်ပြီး တစ်ဖက်သက်ကြိုက်နေတယ်ဆိုလဲ မမှားပါဘူး။ ဒီတော့ ဗိုက်တစ်လုံးနဲ့ ဆိုဖီ တစ်ယောက်ကို အက်ဆာ ဘယ်လိုစောင့်ရှောက်မလဲဆိုတာနဲ့ လောကဒဏ်ခံနေရတဲ့ ဆိုဖီရဲ့ စိတ်အခြေအနေကကော ဘယ်လိုရှိမလဲဆိုတာ…… (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ဖြစ်ပါတယ်။) File size…(2 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:54:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by KarmT

Thriller • Horror
8 2024 114 mins
Pantaskah Aku Berhijab
Undead

Undead 2025 တောနက်ထဲကအန္တရာယ် ဒီတစ်ခါမှာတော့ မလေယာလမ်ရုပ်ရှင်လောကရဲ့ ရှားပါးဇွန်ဘီးဇာတ်ကားလေးနဲ့ ပရိသတ်တို့ကို မိတ်ဆက်ပေးချင်ပါတယ်။ Undead ဆိုတာမြင်ထဲက ဇွန်ဘီးတို့ဖုတ်ကောင်တို့ပဲ‌ဆိုတာ ရုပ်ရှင်ဂုရုများက တန်းသိမှာပေမဲ့ ဒီဇာတ်ကားလေးမှာ ဇွန်ဘီးအပြင် တခြားမြှုပ်ကွက်လေးတွေလည်းပါဦးမှာပါ။ ဇာတ်လမ်းလေးရဲ့အစမှာတော့ လီယာတို့ သူငယ်ချင်းတစ်သိုက်လည်း ကျွန်တော်တို့သူငယ်ချင်းတွေလိုပဲ ခရီးစုထွက်ဖို့ ပြင်ဆင်ကြပြန်ပါတယ်။ သူငယ်ချင်းတွေ ခရီးစုထွက်တာဖြစ်မြောက်ဖို့ဆိုတာ ကျားမြီးပြေးဆွဲတာထက် ပိုခက်ခဲတဲ့အရာဆိုတာ စီစဉ်ဖူးသူတိုင်း သိထားကြမှာပါ။ လီယာတို့လည်း အတူတူပါပဲ။ ရှေ့မှာလည်း ခရီးစဉ်က အကြိမ်ကြိမ်ပျက်ထားပြီးတာကတစ်ကြောင်း အလုပ်လျှောက်တာ အဆင်မပြေတာကတစ်ကြောင်းနဲ့ ဒီတစ်ခါတော့ ဒီခရီးရအောင်ကိုထွက်မယ်ဆိုပြီး မရမကဇွတ်ထွက်လာကြတဲ့ သူငယ်ချင်းတစ်စု… လမ်းကြောင်းကလည်း တောလမ်းကိုမှ တမင်ရွေးစီစဉ်ထားကြတဲ့အခါ… သူတို့မသိတာက သူတို့ကိုတောနက်ထဲမှာ အံ့ဩစရာတွေ စောင့်ကြိုနေတယ်ဆိုတာပါပဲ။ ကဲ သူတို့ကို ဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ။ အသက်ရှင်ဖို့ဘယ်လိုရုန်းကန်ရမလဲဆိုတာ ရှုစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Zwe Yan တို့ပဲဖြစ်ပါတယ်) File size… 1.6 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 26 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ ToMo ~ V ~ Zwe Yan

Drama • Romance
0 2025
Undead