YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Color Out Of Space 2019 (Large Size).mp4

1 GB N/A video/mp4 657 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama • Thriller
7.5 2020 138 mins
Pacto de Fuga
Shyam Singha Roy
6.4

ဒီတစ်ခါမှာတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက် IMDb 8.3ထိရရှိထားတဲ့ Netflixက ဇာတ်ကား‌ကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Vasu ဟာဆော့ဝဲလ်ကုမ္ပဏီကနေအလုပ်ထွက်ပြီး ဝါသနာပါတဲ့ ရုပ်ရှင်ဒါရိုက်တာအလုပ်ကို ကူးပြောင်းနေတဲ့လူငယ်တစ်ယောက်ပေါ့ တစ်နေ့မှာ ရုပ်ရှင်ရိုက်ဖို့ရာ အရင်းနှီးထုတ်ပေးမယ့်သူနဲ့တွေ့တော့ ရုပ်ရှင်အတွက်ကိုယ်တိုင်ဇာတ်ညွှန်းဖန်တီးပြီး ရိုက်ကူးခဲ့ပါတယ်။ အဲ့ရုပ်ရှင်ကတော်တော်လေးပေါက်သွားပြီး အောင်မြင်လုဆဲဆဲဖြစ်နေတဲ့ချိန်မှာပဲ မူပိုင်ခွင့်ပြဿနာနဲ့တရားစွဲခံရပါတော့တယ်။ ကိုယ်တိုင်စိတ်ကူးစိတ်သန်းကနေရေးသားထားတဲ့ဇာတ်ညွှန်းကို ခိုးချပါတယ်ဆိုပြီး အစွပ်စွဲခံရတော့ အဖြေရှာဖို့ကြိုးစားတဲ့အချိန်မှာ အဲ့ဖြစ်ရပ်‌ နောက်ကွယ်အမှန်တရားက အတိတ်ဘဝနဲ့‌ထူးဆန်းစွာ ဆက်နွယ်နေမှန်းသိလိုက်ရတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာမို့ ခုပဲဒေါင်းပြီးကြည့်ကြဖို့အကြံပေးပါရစေ..... File size…2.3Gb / 1.2GB Quality…1080p True WEB DL AAC 5.1CH /  720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Allena & Eliza & Haruko

Crime • Drama • Thriller
6.4 2021 157 mins
Shyam Singha Roy
Ala Vaikunthapurramuloo
6.8

ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီ း သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာ မိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။ ..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။ အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်း သီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်.... File Size : (1.25 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:43:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu Encoded by Phyo Pyae

Comedy • Drama
6.8 2020 165 mins
Ala Vaikunthapurramuloo
Clerks
7.7

Clerks (1994) IMDb rating ~ 7.7 Rotten Tomatoes ? ~ 90 % 6 wins & 11 nominations Low budget နဲ့ အဖြူအမည်း ဗားရှင်းပဲ ရိုက်ခဲ့ရပေမဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး 2006 မှာ Clerks II နဲ့ 2022 မှာ Clerks III ဆိုပြီး နောက်ဆက်တွဲကားတွေထိ ရိုက်ရလောက်အောင်ကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ ညစ်ညမ်းတဲ့ ဒိုင်ယာလော့ခ်တွေ ဖောဖောသီသီသုံးထားပြီး ဟာသဆန်ဆန် ရိုက်ပြထားတဲ့ အဖြူအမည်း ဇာတ်ကားပါ Quick Stop စတိုးဆိုင်ဝန်ထမ်း ဒန်တီနဲ့ သူ့သူငယ်ချင်း RST ဗီဒီယိုခွေ အငှါးဆိုင်က ဝန်ထမ်း ရန်ဒယ်တို့ရဲ့ တစ်နေ့တာ ဘဝကို ရိုက်ပြထားတာပါ ဒန်တီက တွေ့ဖူးနေကျလူတွေအတိုင်း ဘဝကြီးကို မကျေမနပ်ဖြစ်နေပေမဲ့ ပွစိပွစိ ထိုင်ပွါးရုံက လွဲပြီး ဘာမှ မလုပ်တဲ့သူပါ ရန်ဒယ်ကတော့ ဆိုင်ကို လာချင်တဲ့အချိန်မှ လာ ရောက်လာသမျှ customer တွေကို ဘုပြောလွှတ်ပြီး နေချင်သလို နေတဲ့သူမျိုးပါ သူတို့နှစ်ယောက် စကားပြောတဲ့ အခန်း၊ customer တွေနဲ့ စကားပြောတဲ့အခန်း၊ ဒန်တီရဲ့ ရည်းစားတွေနဲ့ စကားပြောတဲ့အခန်း၊ (မပြတ်နိုင်သေးတဲ့ရည်းစားဟောင်း နဲ့ လက်ရှိရည်းစား) အဲဒါတွေနဲ့ပဲ တစ်ကားလုံး ပြီးသွားတာပါ ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ အရှုပ်ထုပ်တွေ အယူအဆတွေကို စကားပြောခန်းတွေနဲ့ပဲ ချပြသွားတဲ့ ဇာတ်ကားပါ အဖြူအမည်းကို ခံစားတတ်ပြီး စကားပြောခန်းတွေကို ဇိမ်နဲ့ ခံစားတတ်သူတွေ အတွက်တော့ အချိန်ကုန်ရကျိုးနပ်တဲ့ ဇာတ်ကားဖြစ်မယ်ဆိုတာ ရထားတဲ့ rating တွေ၊ award တွေ နဲ့ nomination တွေကို ကြည့်ရင် သိနိုင်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 3.4GB | 1.7GB | 646MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Comedy • Drama
7.7 1994
Clerks
Aligarh
7.8

Aligarh (2015) IMDb-7.8/10 အိန္ဒိယနိုင်ငံ Aligarh University မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုရိုက်ကူးထားတာ ဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသားကြီး Manoj Bijpayeeဟာလည်း ဒီထဲက စီရပ်ဇာတ်ကောင်နဲ့ Best Actor ဆု 3 ဆုဆွတ်ခူးရရှိခဲ့ပြီး nomination 2 ဆု၀င်ခဲ့ပါတယ် ဒီဆုတွေရခဲ့လောက်အောင်လည်း ဒီထဲကသူ့ရဲ့ ဇာတ်ရုပ်ကိုပီပြင်ဟာသရုပ်ဆောင်မှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ ကျော်က ပုဂ္ဂိုလ်တစ်ဦးကို မျက်မြင်တွေ့ကြုံရသလိုပါပဲ ဒီပူးဇာတ်ကောင်နဲ့ Rajkumar Rao က Best Supporting actor nomination ငါးဆုထိ၀င်ခဲ့ပါတယ် “ငါ့ရဲ့ခံစားချက်တွေကို ဒီ (g a y) စကားလုံးလေးသုံးလုံးနဲ့ ဘယ်လိုဖော်ပြလို့ရမှာလဲ” ပရော်ဖက်ဆာစီရပ်ဟာ အူရဒူဘာသာစကားပြောတဲ့မြို့မှာ မာရသီဘာသာစကားသင်ပေးတဲ့ ပရော်ဖက်ဆာတစ်ယောက်ပါ အိမ်ထောင်သည်ဆရာတွေကြားမှာလည်း သူတစ်ယောက်တည်းလူပျိုလူလွတ်တစ်ယောက်ဖြစ်နေခဲ့တယ် ဒါတွေတင်မက သူ့ရဲ့ချစ်စိတ်တိမ်းညွှတ်မှုဟာလည်း အများသတ်မှတ်ထားတဲ့စံညွှန်းတွေနဲ့မတူ တစ်မူထူးခြားနေလေတော့… သူ့ရဲ့ထူးခြားထူးချွန်မှုတွေကို အမြင်မကြည်တဲ့တက္ကသိုလ်အကြီးအကဲတွေရဲ့ ချောက်ချခံရပါတော့တယ် သူ့ရဲ့လိင်တိမ်းညွှတ်မှုမတူကွဲပြားမှုကိုသာ ထောက်ပြပြစ်တင်တဲ့ တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ စီရပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ခံရပြီး အိမ်ထဲထိကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေအတွက် ရပ်တည်ပေးသူတို့ တရားရုံးမှာထိပ်တိုက်တွေ့ရင်ဆိုင်ကြပါတော့တယ် ဒီဇာတ်လမ်းမှာလူ့အဖွဲ့အစည်းရဲ့ လိုရာဆွဲတွေးတစ်ဖက်စောင်းနင်းပြုမူသူတွေနဲ့ မတူကွဲပြားမှုအရှိတရားကိုလက်ခံကျင့်သုံးသူတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ်

7.8 2015 114 mins
Aligarh
Sisu
7.3

Sisu(2022) ********* ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။ မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတဲ့ ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။ သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့် ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။ File Size :(8.1GB)(1.98GB) &(719MB) Quality : ‌AMZN.4K.AC3.5.1Ch,1080P5.1Ch,720P Format…mp4 Duration…01:31:00 Genre :Action , War Subtitle : Myanmar Subtitle (Hard Sub) Translated Mr.Anderson Encoded by Phyo Pyae

7.3 2022
Sisu
See You On Venus
5.8

See You on Venus (2023) ဗီးနပ်စ်ကို သိပ်သဘောကျတဲ့ မီရာဆိုတဲ့ကောင်မလေးရှိတယ်။ မီရာ့အတွက်တော့ ဗီးနပ်စ်ကဂြိုလ်တစ်ခုဆိုတာထက် သူ့စိတ်ကူးယဥ်ကမ္ဘာပဲဆိုပါတော့။ “မီရာ နင်ဘာလို့ ဗီးနပ်စ်မှ ဗီးနပ်စ်ဖြစ်နေတာလဲ ဘာတွေများထူးခြားလို့လဲ ဗီးနပ်စ်က” “ငါ့ဗီးနပ်စ်ပေါ်မှာတော့ စစ်ပွဲတွေမရှိဘူး နာကျင်မှုတွေ ဆာလောင်မှုတွေမရှိဘူး ကလေးတွေကို မချစ်တတ်တဲ့မိဘတွေမရှိဘူး” မီရာကတော့ မိဘမဲ့ဂေဟာကကောင်မလေးပါ။ မီရာက ဗီးနပ်စ်ကိုတော့မသွားနိုင်ပေမယ့် သူ့အမေရှိနိုင်တဲ့စပိန်ကိုသွားပြီး အမေရှာပုံတော်ထွက်ဖို့ပြင်ဆင်နေသူလေးပါ။ စပိန်သွားဖို့ကို သူကနှစ်နှစ်တာငွေကို ခြစ်ခြစ်ကုပ်ကုပ်စုပြီး အသက်သာဆုံးဖြစ်အောင်စီစဥ်ထားတာပါ။ မီရာ့သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်။ “နင်မွေးဖွားလာတဲ့အတွက် ဝမ်းသာနေတဲ့လူတစ်ယောက်ယောက် တစ်နေရာရာမှာတော့ အမြဲရှိနေတယ်တဲ့” ဒါပေမဲ့မီရာခရီးမထွက်ခင်ပဲ ကောင်လေးတစ်ယောက်နဲ့ဆုံတယ်။ ဒီကောင်လေးက သူ့ကိုယ်သူ မွေးလာမသင့်တဲ့လူတစ်ယောက်လို့ထင်နေပြီး သတ်သေဖို့ကြိုးစားနေတာပါ။ သွက်လက်လွန်းတဲ့ဆယ်ကျော်သက်လေးမီရာက ဒီကောင်လေးကိုကူညီဖို့ကြိုးစားကြည့်ချင်စိတ်နဲ့ သူ့ခရီးစဥ်မှာအတင်းဆွဲခေါ်သွားတော့တာပါပဲ။ စပိန်တစ်ခွင်ကို ဗန်ကားလေးနဲ့ပတ်ပြီး မီရာ့အမေကိုရှာပုံတော်ဖွင့်တာက တစ်ချိန်ကထွက်ခဲ့တဲ့ Letters to Juliet ကိုသတိရစေတယ်။ စပိန်ရဲ့ အလှတရားတွေကိုလဲ ခံစားရဦးမယ်။ ဇာတ်လမ်းဇာတ်အိမ်လဲခိုင်မာပြီး ရထားတဲ့ IMDb rating 7 နဲ့လဲထိုက်တန်တယ်လို့ပြောပါရစေ။ ဒီကားကြည့်ပြီးရင် မီရာ့ရဲ့ဗီးနပ်စ်ပေါ်မှာ ပြန်ဆုံချင်ပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.2GB | 672MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

5.8 2023 95 mins
See You On Venus
All the Pretty Horses
5.8

All the Pretty Horses (2000) ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး “Best Seller” စာအုပ်တစ်အုပ်ဖြစ်တဲ့ “All the Pretty Horses” ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့… တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါ‌သေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 946MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 56Min Genre – Drama, Romance, Western Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.8 2000 117 mins
All the Pretty Horses
Buhe Bariyan
7.7

Buhe Bariyan (2023) အဘွားဘူရိုနဲ့ ရဲမေပရမ်ကောလ် IMDb-7.6/10 ယောက်ျားမိန်းမ သာတူညီမျှရေး ၊ ဖိုဝါဒလွှမ်းမိုးလွန်းတာတွေကို ရင်ဆိုင်တိုက်ခိုက်လာကြတာ ဟိုးအရင်တည်းကနေ ခုထိမပြီးကြသေးတဲ့အရာတစ်ခုပါပဲ ဒီကားကလည်း ဒီအကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဒါပေမဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုပလော့တွေနဲ့မဟုတ်ဘဲ သူတို့နေ့စဉ်ဘဝမှာတစ်ဆင့်ချင်း ရင်ဆိုင်တိုက်ခိုက်သွားကြတာမျိူး ရိုက်ကူးပြထားတဲ့ကား။ ပန်ဂျာပီရွာလေးတစ်ရွာမှာ အဘွားဘူရိုဆိုတာ ရွာအပြင်မှာသူ့လိုခင်ပွန်းသည်တွေစွန့်ခွာသွားတဲ့ အမျိုးသမီးတွေနဲ့အတူနေ ကိုယ့်အားကိုယ်ကိုး ရှာဖွေစားသောက်နေကြတဲ့ ၄၀ ကျော်အမျိုးသမီးအဖွဲ့ ၊ သူတို့ကိုယ်တိုင်ရုန်းကန်သူတို့ဘဝနဲ့သူတို့ ပျော်အောင်နေကြသူတွေ ၊ သူတို့ဘဝနဲ့သူတို့နေကြရင်း ပတ်ဝန်းကျင်ကယောက်ျားသားတွေကလာလွှမ်းမိုးတာမကြိုက်တဲ့သူ၊ ရပ်ထဲရွာထဲမှာ ယောက်ျားသားတွေ လွှမ်းမိုးချုပ်ကိုင်လွန်းတာတွေကို အသာကြည့်မနေနိုင်ဘဲဝင်ပါပါနေမိတဲ့သူတွေ ဒီလူတွေနဲ့ဝင်ပေါင်းမိတာကတော့ အလုပ်ကျလာတဲ့ ရဲမေမလေး ပရမ်ကောလ် မိန်းမဖြစ်ပေမဲ့ ယောကျာ်းသားတွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်သူလေး ဒီတော့တစ်ရွာလုံးနဲ့ သူတို့အဖွဲ့ ထိပ်တိုက်တွေ့ကြတဲ့အကြိမ်ရေပေါင်းများစွာကို ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့လိုချင်တဲ့ သာတူညီမျှအခွင့်အရေးကိုရော ရနိုင်ကြမလားဆိုတာတော့… (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo ~ Cherry တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2023
Buhe Bariyan
Fog City

Georgia က ဥစ္စာပေါ ရုပ်ချောတဲ့ အပြင် သူ့အဖေကလည်း Paigeဆိုတဲ့ စက်ရုံကြီးပိုင်ပါတယ်။ အဲ့စက်ရုံက ထူးဆန်းတဲ့ ဓာတ်ငွေ့တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ ကောလဟာလလည်း ပြန့်နေပါတယ်။ အဲ့ဒါကြောင့် Georgia ကို အားလုံးက Poison Paige လို့ နာမည်ပြောင်ပေးထားကြတာပါ။ တစ်ရက်မှာ Georgiaနဲ့ အတူ သူ့ကောင်လေး JK သူ့သူငယ်ချင်း Reegan တို့အပါအဝင် သူငယ်ချင်း အုပ်စုလိုက်က မြို့နဲ့ ခပ်လှမ်းလှမ်းက Georgia တို့စက်ရုံနဲ့ နီးတဲ့ Reeganရဲ့ ဦးလေး အပန်းဖြေအိမ်မှာ တစ်ပါတ်လောက် သောက်စားအပန်းဖြေဖို့ ထွက်ခဲ့ကြပါတယ်။ သူတို့ အပန်းဖြေအိမ်ဘက်ကို စက်ရုံဘက်က လာတဲ့ မြူခိုး အစုအငွေ့ကြီးက ဦးတည်လာနေပါတယ်။ အားလုံးရဲ့ ဖုန်းတွေကလည်း လိုင်းမမိတော့ပါဘူး။ ထူးဆန်းတဲ့ ဥသြသံကြီးလည်း ကြားနေရပါတယ်။ Georgia ကိုယ်တိုင်လည်း ဒါက ဘာကြောင့်ဖြစ်လဲ မသိပါဘူး။ ဒါပေမယ့် ကောင်းတဲ့ အငွေ့မဟုတ်မှန်းတော့ သိနေပါတယ်။ သူငယ်ချင်းတစ်စု အတူတူ အသက်ရှင်ဖို့ကြိုးစားကြရင်း ဘယ်လိုတွေ အကျည်းတန်တာတွေနဲ့ ကြုံရမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။ File size…(1.5 GB)/(759 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2023
Fog City
[18+] The Sex Film

************************ ဂန်ဂျင်ဂယူဆိုတဲ့ သူဟာ အပြာကားကုမ္ပဏီတစ်ခုရဲ့ လက်ထောက်ဒါရိုက်တာဖြစ်တယ် .. ဒါပေမဲ့သူက အပြာကားကို ရိုးရိုးတန်းတန်း မင်းသားနဲ့ မင်းသမီး ဆုံကြ ဆန်မှုန့်ထောင်းကြတာမျိုးချည်း မရိုက်ချင်ဘဲ မင်းသားနဲ့ မင်းသမီးရဲ့ အချစ်စိတ်တွေ ခံစားချက်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြချင်နေတယ် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့အထက်လူကြီးဖြစ်တဲ့ ဒါရိုက်တာနဲ့လည်း အမြဲပြဿနာ တက်နေရသူဖြစ်တယ် ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အပြာကားရုပ်ရှင်လောကရဲ့ ရိုက်ချက်တွေကို ဂျင်ဂယူတစ်ယောက် ပြင်နိုင်မလား သူရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးတွေကို ရိုက်လာနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် အပြာကားရုပ်ရှင် ရိုက်ကူးတဲ့ ဇာတ်ကွက်တွေ အများကြီးပါတာမို့ မင်းသားနဲ့ မင်းသမီးတို့ ဆန်မှုန့်ခဏခဏထောင်းတာကို မြင်‌တွေ့ကြရမှာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါနော်… File Size : 1.1GB & 597MB Quality : WEB-DL1080p, 720p Format…mp4 Duration…01:13:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2007
[18+] The Sex Film
Nothing Can’t Be Undone by a HotPot
6

မမ Yangmi ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Comedy Suspense ရှပ်ရှင်ဇာတ်ကားလေးတင်ပေးလိုက်ပါပြီ။ တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိတဲ့ လူစိမ်း(၄)ယောက်ဟာ လာဘ်စားတဲ့အရာရှိတစ်ယောက်ရဲ့အိမ်မှာ လာဘ်စားထားတဲ့ ပိုက်ဆံတွေဖွက်ထားတဲ့နေရာသိသွားပြီးတော့ သွားခိုးလာခဲ့ကြတယ်။ ခရီးဆောင်သေတ္တာတစ်လုံးအပြည့်ပိုက်ဆံတွေရလာတဲ့အတွက် အရမ်းပျော်ပြီး ပိုက်ဆံခွဲဖို့ကြံနေကြတဲ့အချိန်မှာ အဖွဲ့သားတစ်ယောက်ယူလာတဲ့ နောက်ထပ်သေတ္တာတစ်လုံးထဲမှာ အလောင်းတစ်လောင်းပါလာတဲ့အခါ အားလုံးဟာဘယ်လိုလုပ်ရမှန်းမသိ ပြာယာခတ်သွားကြတယ်။ (ဟော့ပေါ့တစ်အိုးနဲ့ပြဿနာအားလုံးကိုဖြေရှင်းလို့ရတယ်) ဆိုတဲ့ရုပ်ရှင်နာမည်အတိုင်း (၄)ယောက်သား ဟော့ပေါ့ဝိုင်းမှာထိုင်ပြီးတော့ ဒီအလောင်းကိုဘယ်လိုလုပ်ကြမလဲဆိုတာ အကြီးအကျယ်ဆွေးနွေးကြတော့တာပေါ့။ ဆူပွက်နေတဲ့ဟော့ပေါ့အိုးနဲ့အတူ သူတို့ရဲ့လောဘတွေနဲ့ အလိမ်အညာတွေဟာတဖြည်းဖြည်းပေါ်လာခဲ့တယ်။ သူတို့(၄)ယောက်ရဲ့ တကယ်သရုပ်မှန်တွေကဘယ်သူတွေဖြစ်နေပြီးတော့ အမှန်တရားကဘယ်လိုဖြစ်မလဲဆိုတာ ဆက်ပြီးကြည့်လိုက်ပါနော်။

6 2024
Nothing Can’t Be Undone by a HotPot
Jobs
6

Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီး August 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်… Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့ Apple Computer ကို စတင်တီထွင် ဖို့ အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲ ကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါ ရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကို သူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေ ရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်… ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့် Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ… ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ခရေစေ့တွင်းကျ ပြောမပြနိုင်ပေမယ့် တစ်စေ့တစ်စောင်းတော့ သိလာမှာပါလို့ မှတ်ချက်ပြုရင်း…. File size… 2.2 GB / 962 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 9m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… JimX

6 2013 129 mins
Jobs
The Unlock
5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် လစ်သူရေးနီးယားနိုင်ငံအတွင်း ရုရှားသံ အမတ်တစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ကမ္ဘာ့အင်အားကြီးတပ်များ ဖြစ်ကြတဲ့ နေတိုးနဲ့ရုရှားတပ်တို့ ထိပ်တိုက်တွေ့ကာ အဏုမြူစစ်ပွဲ အထိဖြစ်ပေါ်လာမည့် တတိယကမ္ဘာစစ်ဘေးကို တားဆီးဖို့ ဂိုဒေါင် တစ်လုံးထဲကနေကြိုးစားကြမယ့် စစ်ကြောရေးအဖွဲ့ရဲ့ အားထုတ်မှုတွေ ပွတ်တိုက်မှုတွေ အချင်းများမှုတွေကို ကြည့်ရှုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်. Stephen ဟာ ရုရှားသံအမတ်ကြီးတစ်ဦးရဲ့ ယာဉ်မောင်းတစ်ယောက် ဖြစ်ပါတယ် လစ်သူရေးနီးယားနိုင်ငံအတွင်း သံအမတ်ကြီး ပြန်ပေး ဆွဲခံရစဉ်မှာ Stephen တစ်ယောက်ကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ လမ်းတစ်နေရာမှာ ပစ်ထားခံခဲ့ရပါတယ် ပြန်ပေးသမားများဟာ ရုရှားသံအမတ်ကြီးကို ၁ နာရီခွဲအတွင်း သုတ်သင်မည်ဟုဆိုကာ အင်တာနက်ပေါ်တွင် တိုက်ရိုက်တင်ဆက် ပြသလာတဲ့နောက်မှာတော့ ရုရှားတပ်ဖွဲ့များဟာ လစ်သူရေးနီးယား နယ်စပ် ဘော်တစ်ပင်လယ်တလျှောက်တိုက်ခိုက်ရေးရေယာဉ်များ ကိုယ်ထင်ပြလာကာ လစ်သူရေးနီးယားကို ထိုးစစ်ဆင်ဖို့ အရိပ် အယောင်ပြပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်လာပါတော့တယ် လစ်သူရေးနီးယားနိုင်ငံဟာ ယူကရိန်းလိုမဟုတ်ဘဲ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် ရုရှားတပ်များသာ လစ်သူရေးနီးယားကို ကျူးကျော်ခဲ့ရင် နေတိုးတပ်ဖွဲ့များလည်း ပါဝင်ပတ်သက်လာရမှာ ဖြစ်လို့ အခြေအနေအရပ်ရပ်ဟာ တတိယကမ္ဘာစစ်ဆီကို ဦးတည် လျက်ရှိနေပါတယ် တတိယကမ္ဘာစစ်ကို တားဆီးဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းဟာ ရုရှားသံအမတ်ကြီးကို ကယ်တင်ပေးဖို့တစ်ခုသာရှိတော့သောကြောင့် ဥရောပအဖွဲ့ဝင် နိုင်ငံများဟာ ပူးပေါင်းကယ်တင်ပေးဖို့ဖြစ်လာရပါတော့တယ် ထို့ကြောင့် ပြန်ပေးသမားများရဲ့ တည်နေရာကို သိရှိထားသော တစ်ဦးတည်းသောသဲလွန်စ မှတ်ဉာဏ်ပျောက်ဆုံးနေသူ Stephen ကိုစစ်မေးဖို့ အကြောင်းဖန်လာချိန်မှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် အရှေ့အုပ်စုနဲ့ အနောက်အုပ်စုတို့ရဲ့ နိုင်ငံရေး စစ်ရေးအားပြိုင်မှုသမိုင်းကို တစ်စွန်းတစ်စထင်ဟပ် ပြသထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အဏုမြူစစ်ပွဲတွေရဲ့ ကြောက်မက်ဖွယ်ရာအနာဂတ်ကိုလည်း မီးမောင်းထိုးပြပေးကာ ငြိမ်းချမ်းရေးကို အလေးထားဖို့သတိပေးတဲ့ ဇာတ်ကားလေး ဖြစ်တယ်လို့ ဆိုရင်လည်းမှားနိုင်ဖွယ်မရှိပါဘူး.. ဇာတ်ကောင် Stephen ကို စစ်ကြောမေးမြန်းမှုအပေါ်မှာ အခြေတည်ရိုက်ကူးထားပြီး ကမ္ဘာ့အရေးကိုတင်ပြထားတဲ့ ဒီဇာတ်ကားလေးကို ရုပ်ရှင်ချစ်သူများ လက်မလွတ်ရစေဖို့ ညွှန်းဆိုပေးလိုက်ရပြန်ပါတယ်ခင်ဗျာ….. File size… (1.27 GB) / (684 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • Crime
5 2025 91 mins
The Unlock