YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM)Chapelwaite.S01E01.720p.AMZN.WEB-DL.DDP5.1.H.264-FLUX.mp4

451.72 MB 720p video/mp4 3872 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Daughter of the Bride
7.2

Daughter of the Bride (2023) ~ IMDb - 7.3/10, Rotten Tomatoes - 50% ~ အခု မိတ်ဆက်ပေးမယ့် Daughter of the Bride ဆိုတဲ့ ဇာတ်ကားလေးကတော့ IMDb 7.3/10 အထိ ရရှိထားတဲ့ ဟာသဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၀၁၅ တုန်းက ထွက်ရှိထားတဲ့ Scout Guide to the Zombie Apocalypse မှာ မင်းသမီးတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ အခြားနာမည်ကြီး Drama ဇာတ်ကားတွေမှာလည်း ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Halston Sage ရဲ့ကားသစ်လေးပါ။ ဒါ့အပြင် နှစ်ပေါင်း ၃၀ ကျော် ဝါရှိတဲ့ သရုပ်ဆောင် Aidan Quinn နဲ့ မင်းသမီးကြီး Marcia Gay Harden ကပါ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားတာဖြစ်လို့ သရုပ်ဆောင်ပိုင်းကတော့ လုံးဝကို ရှယ်ပါပဲ။ ဇာတ်ကြောင်းလေးဟာဆိုရင်တော့ဖြင့် ဖခင်နဲ့ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားခဲ့ရတဲ့ သမီးနဲ့အမေနှစ်ဦးအပေါ် အခြေခံပြီးတော့ ရိုက်ကူးထားပါတယ်။ ဇာတ်ဆောင် မင်းသမီးလေးဖြစ်တဲ့ ကိတ်ဟာ ငယ်စဉ်ကတည်းက မိခင်နဲ့ပဲ နှစ်ဦးတည်းကြီးပြင်းလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာလည်း ရှိရင်းစွဲအခြေအနေမှာပဲ ကျေနပ်တင်းတိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း အချစ်ဆိုတဲ့ ဆန်းကြယ်တဲ့အရာကို နှစ်ဦးလုံး မြည်းစမ်းလိုက်ရတဲ့အခါ သမီးနဲ့မိခင်နှစ်ဦးကြားမှာ ပြဿနာ အကြောင်းကြောင်းဖန်လာပါတော့တယ်။ ကိတ်တီလေးဟာ မိခင်ရဲ့ နောက်အိမ်ထောင်ပြုမယ့်ကိစ္စကြောင့် စိတ်သောကရခဲ့ရုံသာမက သူကိုယ်တိုင်ကလည်း ဘယ်လိုရိုမန်တစ်ဆန်ဆန် အဖြစ်အပျက်တွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရလဲဆိုတာအပြင် ရသမျိုးစုံ ခံစားရစေမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 42Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Horror • Thriller
7.2 2023 102 mins
Daughter of the Bride
Siberian Sniper
5

ရှေ့တန်းစစ်မြေပြင်တစ်ခု အတွင်းမှာ ရုရှားတပ်ဟာအတုံးအရုံး လဲကျခဲ့ပြီး Egor Cherin ဆိုတဲ့ sniper တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်... ရုရှားတပ်တစ်ခုလုံးမှာ ဘာစစ်ကူ ဘာလက်နက်မှ မကျန်တော့လောက်အောင်ကို ပြုတ်ပြုတ်ပြုန်းနေပါပြီ။ အဲ့ဒီ့အချိန် အဲ့ဒီဒေသမှာ ဂျာမန်တွေဟာ ကြီးစိုးနေတာပါ... အဲ့ဒီ့ဂျာမန်တပ်ကို ဖြိုခွင်းဖို့ ဘာလက်နက် ဘာအင်အားမှမရှိတော့တဲ့ ရုရှားတပ်ဟာ လက်ဖြောင့် spiner တပ်သား Egor Cherin ကိုသာ မှီခိုရပါတော့တယ်။ အဲ့ဒီတပ်သားကရေ ာ Victory ယူလာပေးနိုင်ပါ့မလားဆိုတာကိုတော့ ရုပ်ရှင်ကြည့်ရင်းပဲ ခံစားလိုက်ကြပါဦး.... File Size :(1.6GB) and (681MB) Quality : AMZN.WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:32:00 Genre : History, War Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Horror • Romance
5 2021 95 mins
Siberian Sniper
Dear Nathan: Thank You Salma
6.2

IMDb 7.2 နသန်နဲ့ဆယ်မာတို့ရဲ့နောက်ဆုံးထွက် ‌ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အမျိုးသမီးတစ်ယောက် Sexual Harassment လုပ်ခံရပြီဆိုရင် " ဘာလို့ညဘက်ကြီးတစ်ယောက်တည်းသွားလဲ ဘာတွေဝတ်ထားလို့လဲ ဒီအချိန်ကြီးသွားတာကိုး' စသဖြင့် 'လဲ'ပေါင်းများစွာသောမေးခွန်းတွေအမေးခံရတာက ထုံးစံလိုတောင်ဖြစ်နေပါတယ် တောင်းပန်ခံရမယ့်လူကတောင်းပန်နေရတဲ့ ဘဝထဲ မဟုတ်မခံနသန်တစ်ယောက်ဝင်ရောက်သွားခဲ့မိပါတယ် တစ်ဖက်မှာလည်းဆယ်မာက သူ့ကိုဂရုစိုက်မပေးဘူးဆိုပြီး ပြတ်ကြတော့မယ့်အနေအထားပါ ဒါပေမယ့် နသန်လိုက်ကူညီနေတဲ့ကိစ္စကို ဆယ်မာသိသွားတဲ့အခါမှာတော့ မတရားမှုကိုတိုက်ထုတ်ဖို့သူတို့ဘယ်လိုတွေကြိုးစားသွားမလဲ ဒီမတရားမှုကိုရော ဆယ်မာ့နှလုံးသားကိုပါ နသန်တစ်ယောက်အနိုင်ရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.27GB  / 616MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni

Drama • Western
6.2 2022 112 mins
Dear Nathan: Thank You Salma
Oligosaccharide The Movie
5.6

အခုတစ်ခေါက်က ဟာသဆန်ဆန် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် လူငယ်ဇာတ်ကားလေးပါ သာမန်ရုံးသမားလူငယ်တစ်‌ယောက်ရဲ့ ဘဝမှာ တွေ့ဖူးခဲ့တဲ့ မိန်းမတွေအကြောင်း ဇာတ်လမ်းအတိုလေး ငါးခုကို ဇာတ်ကားအဖြစ်ပေါင်းထားတဲ့ ဇာတ်ကားလေးပါ ညီကိုတို့လို လိင်စိတ်ဆန္ဒ ပြင်းပြတဲ့ လူငယ်တွေ " ဆေးလိပ်နဲ့အရက်သာ မ‌ေသာက်ဘဲနေနိုင်မယ် ဆန္ဒကိုတော့ သိက္ခာနဲ့ မထိန်းနိုင်ဘူး " ဆိုတဲ့ ယောက်ျားလေးတွေအတွက် ကောင်မလေးက အရမ်းတင်းကြပ်တဲ့ အခါ နေရထိုင်ရခက်တဲ့ အကြောင်းကို ဟာသနှော ရိုက်ကူးထားတဲ့ အချစ်ကားလေး ဖြစ်ပါတယ် လူငယ်တွေ အထူးသဖြင့် အိမ်ထောင်ပြုခါနီး စုံတွဲတွေ တစ်ညတာ ပျော်ပျော်ပါးပါးနဲ့ ရယ်မောရင်း ဖြတ်သန်းချင်ရင်တော့ ဒီကားလေးကြည့်ဖို့ အကြံပေးချင်ပါတယ်နော် အညျွန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။ Genre..... Adult, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 608MB | 257MB Format… mp4 Duration….  1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rookie Encoder ..... Blank

Crime • Mystery • Thriller
5.6 2017 103 mins
Oligosaccharide The Movie
Nitram
6.9

IMDb Rating - 7.2/10 , Rotten Tomatoes - 90% 1996မှာ ဩစတေးလျက ပေါ့အာသာ သမိုင်း၀င်ဆိုက်မှာ လူ၃၅သေဆုံးပြီး ၂၃ယောက် ဒဏ်ရာရခဲ့တဲ့ အစုအပြုံလိုက် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက်တည်းကသတ်တဲ့ လူသတ်မှုတွေထဲ ဩစတေးလျသမိုင်းရဲ့ အဆိုး ရွားဆုံးလူသတ်မှုဖြစ်ခဲ့ပြီး ကမ္ဘာ့အဆိုးဆုံးလူသတ်မှုတွေထဲကလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဩစတေးလျရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကိုလည်း တင်းကြပ်လိုက်ရပါတယ်။ ဒီဥပဒေကို ပြည်သူတွေကလည်း လိုလိုလားလား လက်ခံ လိုက်ကြပါတယ်။ လက်နက်လက်၀ယ်ကိုင်ဆောင်ထားသူ ၆သိန်းလေးသောင်းဆီက ဩစတေးလျအစိုးရဟာ လက်နက်တွေ ပြန်လည်သိမ်းယူ ဖျက်ဆီးခဲ့ပါတယ်။ အဆိုးရွားဆုံး လူသတ်မှုကြီးကို ကြုံထားရတာမို့ ဘယ်ပြည်နယ် ဘယ်နယ်မြေကမှ ဒါကို စောဒက မတက်ခဲ့ကြပါဘူး။ ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့သူကတော့ Martin John Bryant ဆိုတဲ့ ဩစတေးလျသားပါ။ ဒီပြစ်မှုအတွက် Martinဟာ ၃၅သက်၃၅ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထပ်တိုး ၁၆၅၂နှစ်ပါ ချမှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ရဲ့နာမည် "Nitram"ဟာ သူ့နာမည် Martinကို နောက်ပြန်ရေးထားတာပါပဲ။ Martinဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ရှိနေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျောင်းမှာ ကလေးတွေ အနိုင်ကျင့်ခံခဲ့ရသူပါ။ မွေးထားတဲ့ အမေကိုယ်တိုင်က သူ့ကိုသိပ်အမြင် မကြည်သလို ပတ်၀န်းကျင်ကလည်း သူ့ကိုအမြင်မကြည်ပါဘူး။ သူ့ဘက်မှာ ရပ်တည် ခဲ့တဲ့သူဟာ သူ့အဖေပဲရှိခဲ့ပါတယ်။ Nitramဟာ Martinလို စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူကနေ ဩစတေးလျရဲ့ အဆိုးရွားဆုံးလူသတ်မှုကို လုပ်ခဲ့တဲ့သူအဖြစ်ကို ဘယ်လိုဦးတည်လာခဲ့လဲ ဆိုတာကို Martinရဲ့ စိတ်ပိုင်းဆိုင်ရာကို အဓိကထား ပုံဖော်ပြထားတဲ့ Psychological Drama ရုပ်ရှင်ပါပဲ။ Martinကို ပရိသတ်က အသင့်အတင့် နားလည်နိုင်အောင်ပါ ပြထားပြီး စိတ်ချို့ယွင်းနေသူတွေကို မည်သို့မည်ပုံ မလုပ်သင့်တာကိုလည်း မသိမသာ ပုံဖော်ထားပါတယ်။ ဩစတေးလျဒါရိုက်တာ Justin Kurzel က ရိုက်ကူးထားပြီး ဒီရုပ်ရှင်ကို Kurzelရဲ့ မက္ကဘတ်လို့လည်း ဆိုကြပါတယ်။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ကောင်းကောင်းလက်စွမ်းပြထားပြီး မင်းသားဆို ဝေဖန်ရေးသမားတွေ ချီးကျူးတာ တော်တော်ခံခဲ့ရပါတယ်။ Martin နေရာက ပြောင်မြောက်စွာ သရုပ်ဆောင်တဲ့ Caleb Landry Jonesဟာ ကိန်းမှာလည်း Best Actorဆုရခဲ့ပါတယ်။ Nitramဟာ Requiem for a Dreamတို့ Magnoliaတို့ A Clockwork Orangeလို Disturbing အတော်ဖြစ်စေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး သြစတေးလျရုပ်ရှင်ဆုပေးပွဲမှာ Best Film, Best Direction, Best Actor, Best Actress, Best Supporting Actor နဲ့Best Supporting Actressဆုတွေကို ရခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size - (1.76 GB) / (991 MB) / (602 MB) Quality – WebRip 1080p / 720p/480p Duration - 1h 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – WiRa Aung Encoder – SWM

Action • Adventure • Thriller
6.9 2021 112 mins
Nitram
Before I Go to Sleep
6.3

ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများကြည့်ဖူးကြတဲ့ Kingsman ဇာတ်ကားထဲကနာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့ Colin Firth နဲ့ Mark Strong တို့နှစ်ယောက်နဲ့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ဂျင်းနီလိုဇာတ်ကားဖြစ်တဲ့ Bewitched ဇာတ်ကားထဲကမင်းသမီးကြီး Nicole Kidman တို့သုံးယောက် ရိုက်ကူးထားတဲ့ 2014 တုန်းကထွက်ရှိထားတဲ့ Before I Go to Sleep ဆိုတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။I MDb Rating 6.3 ရရှိထားပြီးအခုပြန်ကြည့်လဲကောင်းနေဆဲ စိတ်ဝင်စားစရာ ကောင်းနေဆဲဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ခရစ္စတင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိပ်ရာကနိုးထလာပြီးမနက်တိုင်းမှာ သူ့အတိတ်က ဘာအကြောင်းအရာတွေကိုမှ မမှတ်မိတော့တဲ့အတိတ်မေ့ရောဂါခံစားနေရပါတယ်။ သူအိပ်ရာနိုးတိုင်း သူ့ဘေးမှာယောက်ျားဖြစ်သူဘန်ရှိနေပြီး သူဘယ်သူလဲဆိုတာကို နေ့တိုင်းရှင်းပြနေရပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်လည်ရရှိလာအောင် ကုသပေးနေတဲ့ဒေါက်တာနက်ရှ်ဆိုတဲ့ ဆရာဝန်တစ်ယောက်လည်းရှိနေပြီး ဘန်မရှိတဲ့ အချိန်မှာ ခရစ္စတင်းနဲ့ ဒေါက်တာနက်ရှ်က သူ့အတွက်အကူအညီဖြစ်မဲ့အရာအားလုံးကို လိုက်ကူညီပေးနေတာပဲဖြစ်ပါတယ်။ဒါပေမယ့် သူဒီလိုအတိတ်မေ့ရောဂါရသွားခဲ့တဲ့ အကြောင်းအရင်းကို မေးကြည့်လိုက်တဲ့အခါမှာ ယောက်ျားဖြစ်သူဘန်ပြောတဲ့စကားနဲ့ ဆရာဝန်ပြောတဲ့စကားမတူတဲ့အခါမှာ ခရစ္စတင်းတစ်ယောက် သူ့အတိတ်က မှတ်ဉာဏ်တွေကို ပြန်ရချင်စိတ်တွေပြင်းပြလာပြီး မှတ်မိနိုင်ဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာမယ်ဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.85GB / 615MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2014 92 mins
Before I Go to Sleep
Our Souls at Night
6.9

Addie နဲ့ Louis တို့တွေဟာ နှစ်ပေါင်းများစွာအိမ်နီးချင်းဖြစ် လာပေမယ့် စကားတစ်ခါမှမပြောဖူးကြတဲ့သူတွေပေါ့… တစ်နေ့ Addie က Louis အိမ်ရောက်လာပြီးထူးဆန်းတဲ့ စကားတစ်ခွန်းဆိုပါတယ်..”တခါတလေ ကျွန်မအိမ်လာပြီး ကျွန်မနဲ့အတူအိပ်ချင်လား”တဲ့ ဖတ်လိုက်ရင်တော့ မဟုတ်တာတွေတွေးလိုက်မိလောက်ပေမယ့် တကယ်တော့ Louis ရော Addie ရောဟာ အိမ်ထဲမှာ တစ်ယောက်တည်းအထီးကျန်နေကြရတဲ့ အဖိုးကြီးနဲ့အဖွားကြီးပါ.. ဒီလိုအထီးကျန်နေတဲ့သူတို့နှစ်ယောက် နေ့စဉ်နေ့တိုင်း စကားတွေ ပြောရင်းဘယ်လိုသံယောဇဉ်တွယ်သွားကြမလဲဆိုတာကို ကြည့်ရမယ့် Romance ကားကောင်းလေးတစ်ခုပါ File size…1.40GB / 599MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

6.9 2017
Our Souls at Night
Dragon Inn
7.4

Dragon Inn (1967) ကင်းဟူရဲ့လက်ရာတွေထဲ ဒရာဂွန်အင်းက အအောင်မြင်ဆုံးလို့ ပြောရင်လည်းရတယ်။ ဒီကားကို မကြည့်ဖူးရင်တောင်၁၉၉၂ထုတ် ဘရစ်ဂျစ်လင်း , မက်ဂီချောင် , တိုနီလောင်ခါဖိုင်, ဒွန်းနီးယန်တို့ပါဝင်ထားတဲ့ New Dragon Gate Innနဲ့ ၂၀၁၁ထုတ် ဂျက်လီရဲ့ Flying Swords of Dragon Gateကို ကြည့်ဖူးကြမယ့်လူများပါလိမ့်မယ်။အဲဒီ၂ကားလုံးကို Tsui Harkကရိုက်ထားတယ်။ ဒါပေမဲ့ ကင်းဟူရဲ့ အော်ရီဂျင်နယ်ဗားရှင်းနဲ့ ယှဉ်လိုက်ရင် အဲဒီ၂ကားဟာ တော်တော်လေး ညံ့သလို ခံစားရမှာတော့အသေအချာပဲ။အဲဒီကားတွေကိုတောင် ကြိုက်ခဲ့တယ်ဆိုရင် ဒီကားကတော့ ရွှေပါပဲ။ ဒရာဂွန်အင်းဟာ ကင်းဟူ ရှောဘရားသားကနေ ထွက်ပြီး ပထမဆုံးရိုက်ခဲ့တဲ့ကားလည်းဟုတ်သလို ဒရာဂွန်အင်းဟာ ထိုင်ဝမ်စီနီမာမှာ အရေးပါတဲ့နေရာကရှိနေတယ်။ 2003မှာ Goodbye, Dragon Inn ဆိုပြီး Tsai Ming Liangက ဒရာဂွန်အင်းရုပ်ရှင်ကို ရုံမှာကြည့်တာနဲ့တင် တစ်ကားလုံးပြီးသွားတဲ့ ရုပ်ရှင်တစ်ကားလည်း ရိုက်ခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကတော့ ပြန်ရိုက်တဲ့ကားတွေနဲ့ သိပ်တော့မကွာပါဘူး။ ကွာတာက ကာရိုက်တာ တည်ဆောက်ပုံနဲ့ ဇာတ်လမ်းကျောရိုးမှာဖြည့်သွားတဲ့ Elementတွေပဲ။ ကာရိုက်တာတည်ဆောက်ပုံမှာဆို ဒီကားက အဓိကဇာတ်ကောင်ဟာ ပဟေဠိဆန်မှုနဲ့အတူစတယ်။သူဘာကောင်လဲ ကျွန်တော်တို့မသိသေးတဲ့ အချိန်မှာ သူ့ရဲရင့်မှုနဲ့ ပြတ်သွားမှုကိုမြင်နေရပေမဲ့ သူ့ကောင်းခြင်းမကောင်းခြင်းကိုတော်တော်ဝေဝေဝါးဝါးပဲမြင်ရသေးတယ်။ ဇာတ်အရှိန်မြင့်လာတဲ့အခါမှာ သူရဲကောင်းဆန်မှုက ထင်းလာတယ်။ ၉၂ကားကတော့ ကာရိုက်တာတည်ဆောက်မှု ဒီလောက်မကောင်းပေမဲ့ နဂါးအင်းဆိုတဲ့နေရာကို အဓိကထားတည်ဆောက်သွားတဲ့အချက်ကတော့ မိုက်တယ်။ဒီကားနဲ့အရသာတော့ကွာလိမ့်မယ်။ ဘာပြောပြော ကင်းဟူရဲ့သိုင်းကားတွေဟာ သိုင်းချကွက်အပိုင်းမှာ ဘာသိုင်းညာသိုင်း လုံးဝမပြောဘဲ လက်တွေ့ကျကျဒီတိုင်းချရုံချနေတာပေမဲ့ ဇာတ်အိမ် ကာရိုက်တာတည်ဆောက်မှုအပိုင်းမှာတော့ သိုင်းလောကအရသာ အပြည့်အဝရှိနေတယ်။ ဇာတ်ကတော့ နန်းတွင်းမှာ မိန်းမစိုးတွေကြီးစိုးထားပြီး သစ္စာရှိစစ်သူကြီးကို တိုင်းတစ်ပါးနဲ့ ပူးပေါင်းပါတယ်ဆိုပြီး ချောက်ချ သေဒဏ်ပေးလိုက်ကြတယ်။ သူ့မိသားစုကိုတော့နယ်နှင်ဒဏ်ပေးလိုက်တယ်။ ဒါပေမဲ့ ကျူပင်ခုတ်ကျူငုတ်ပါမကျန်အောင်ရှင်းဆိုတဲ့အတိုင်း မိန်းမစိုးတွေဟာ စစ်သူကြီးရဲ့မျိုးဆက်တွေကိုပါ တစ်ခါတည်းရှင်းဖို့ နယ်နှင်ဒဏ်ပေးတဲ့ခရီးဆီ သူတို့လက်ပါးစေတွေလွှတ်ပြီး ရှင်းခိုင်းလိုက်ကြတယ်။နယ်စပ်မှာရှိနေတဲ့ နဂါးအင်းမှာ မိန်းမစိုးရဲ့လက်ပါးစေတွေဟာ ကျောက်ချစောင့်ရင်း ရောက်လာရင် ရှင်းပစ်ဖို့ အသင့်ပြင်နေကြတယ်။ တစ်ဘက်မှာလည်း စစ်သူကြီးရဲ့သစ္စာရှိ အမှုထမ်းတွေက ဒီမိသားစုကိုကယ်ဖို့ လုပ်ကြတယ်။ ဒရာဂွန်အင်းဟာ ဒီဘက်မတူတဲ့အုပ်၂အုပ်ဟာတစ်ယောက်အကြောင်းတစ်ယောက်မသိဘဲ နဂါးအင်းမှာ ဆုံကြတဲ့အကြောင်းကို ကင်းဟူဟာ သိုင်းအရသာအပြည့်နဲ့ ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ File size… 2.6 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

Thriller • Horror
7.4 1967
Dragon Inn
13th Summer
5.5

ဇာတ်လမ်းအကျဉ်းကတော့ ဘန် နဲ့ ဗီ ဟာနွေရာသီတိုင်းမှာ အပန်းလာဖြေနေကြ ကမ်းခြေတစ်နေရာကိုထွက်လာခဲ့ကြတယ်။ ဒီနှစ်နွေရာသီကတော့ အရင်နှစ်တွေကနဲ့မတူဘူး။ ဘန် တစ်ယောက်ကိုယ့်ကိုယ်ကိုကာကွယ်ရင်း မတော်တဆ သတ်မိသွားပြီး အမှုရင်ဆိုင်တာပြီးမြောက်သွားတဲ့အချိန်လည်းဖြစ်တယ်။ နှစ်တိုင်းလာနေကြဆိုတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး ထွက်လာကြတာလည်းပါတယ်။ အပန်းဖြေတဲ့နေကိုလည်းရောက်တော့ ပိုင်ရှင်တွေဖြစ်တဲ့ ပတ်ထရစ် နဲ့ ကိတ်ကို‌မတွေ့ရဘဲ အဲလတ်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကိုပဲတွေ့တယ်။ ပိုင်ရှင်တွေအကြောင်းကို မေးတော့ ဝေ့လည်ကြောင်ပတ်လျှောက်ဖြေတာကို စုံထောက်ဖြစ်တဲ့ ဘန်ကသဘောမကျဘူး။ နောက်နေ့ရောက်တော့ ဘန်တို့နဲ့အတူပါတဲ့ ခွေးလေးလည်ပင်းကျိုးပြီးသေနေတာတာကိုတွေ့တယ်။ သူ့ခွေးသေလို့စိတ်တိုသွားတဲ့ ဘန်လည်း အဲလတ်စ်ရဲ့ အခန်းထဲကို ဝင်ရှာကြည့်တဲ့အခါမှာတော့…… File size…1.91GB / 1GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2024 97 mins
13th Summer
Baadshaho
5.6

1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။ အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့် အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ် ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့် ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်ထဲကို ပြန်အပ်ရပါတယ်။ ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူး ဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့် အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့် ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်ယောက် ရောက်လာခဲ့ပါတော့တယ့် ” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ ” ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုး ဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ ပြန်အရယူခိုင်းခဲ့ပါတယ့် ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ် ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့် သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေးမယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့် ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုဇော်ထူးပါ)

5.6 2017 136 mins
Baadshaho
Venom: The Last Dance
6.2

မာဗယ် စူပါဟီးရိုးမကျဗီလိန်မကျ ဇာတ်ကောင်ဖြစ်တဲ့ ဗဲနွမ် သုံးကားမြောက်လာပြီ။ ဒါရိုက်တာက ၁ တုန်းကလိုပဲ Kelly Marcel ပါ။ မင်းသားကလည်း တွမ်ဟာဒီ ပါပဲ။ ဗဲနွမ် အသံသရုပ်ဆောင်အဖြစ်လည်း တွမ်ဟာဒီပဲ လုပ်ပေးထားတာပါ။ ဆိုနီအတွက် နောက်ဆုံး ဗဲနွမ်ရုပ်ရှင်လို့လည်း ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်း ************* စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့ ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို့ ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။ သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမို့ပါပဲ။ သူလွတ်လာဖို့ကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီး အဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို့ နှစ်ကောင်ဆီ ရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖို့အတွက် ဇယ်နိုဖာ့ဂျ် ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။ ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့ ဗဲနွမ်တို့ ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာ ဒီမှာ တွေ့ရပါလိမ့်မယ်။ File size…(4.1 GB)/ (1.77GB) / (1.04GB ) Quality… WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Action , Adventure , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Animation • Adventure • Comedy
6.2 2024 109 mins
Venom: The Last Dance
The Lady of the Lake
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Maria Capp ရိုက်ကူးထားပြီး မင်းသမီး Nia Sioux နဲ့ မင်းသားကြီး Seth Gilliam တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖို ကျိန်စာတွေပါဝင်တဲ့ကားလေးပါ။ ဂျေမီရှောဇ်ကတော့ အထက်တန်းကျောင်းက ဘွဲ့ရတော့မယ့် ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူ့မိသားစုနဲ့အတူ ရွန်ကွန်ကိုမာ ရေကန်ကြီးဘေးမှာ နေထိုင်တာပါ။ သူတို့ကမ်းရိုးတန်းက ဒေသခံမျိုးနွယ်စုတွေကြားမှာ ကျိန်စာလိုမျိုး ဒဏ္ဍာရီတစ်ပုဒ်ရှိပါတယ်။ ရွန်ကွန်ကိုမာလို့ခေါ်တဲ့ အမျိုးသမီးလေးက သူ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ ရေကန်ထဲမှာ သတ်သေခဲ့ပါတယ်… သူက ဆုံးရှုံးသွားရတဲ့ ချစ်သူကိုပြန်ရှာဖွေဖို့ ရေကန်ထဲမှာ စောင့်နေရင်း တစ်နှစ်ကို ယောကျ်ားလေးတစ်ယောက် ရေနှစ်သတ်တတ်ပါတယ်တဲ့။ ဒေသခံအများစုကတော့ ဒါကကျိန်စာမဟုတ်ဘဲ သာမာန်ပုံပြင်လို့ပဲ သတ်မှတ်ထားကြတာပါ။ ဂျေမီဘွဲ့မရခင် တစ်နှစ်အလိုမှာပဲ ဂျေမီ့ရဲ့အကို ရေကူးချန်ပီယံ အဲရစ်က ရေကန်ထဲမှာရေကူးရင်းနဲ့ ရေနစ်သေဆုံးခဲ့ပါတယ်။ ဂျေမီက သူ့အကိုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ သူဘွဲ့ရပြီးတဲ့နောက် မွေးနေ့ကို ရေကန်ဘေးမှာ ပါတီလုပ်ချင်ခဲ့ပါတယ်။ သားဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ရေကန်ရဲ့ကျိန်စာကို ကြောက်နေတဲ့ မိသားစုကလည်း ဂျေမီ့ကို ရေကန်ဘေးမသွားဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် ကျိန်စာကို မယုံကြည်တဲ့ ဂျေမီတို့ သူငယ်ချင်းတစ်စုက ရေကန်ဘေးမှာ မွေးနေ့ပါတီ လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ…. သူတို့ဘာတွေဆက်ဖြစ်ကြမှာလဲ…. ဒီတစ်ခေါက်မှာရော ပစ်မှတ်ကဘယ်သူဖြစ်သွားမလဲ… ရေကန်ကရော တကယ်ပဲဒဏ္ဍာရီထဲကလို ကျိန်စာရှိနေတာလား… ဒါတွေကို ဒီသဲထိတ်ရင်ဖို ကျိန်စာဇာတ်ကားလေးထဲမှာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ File size… (1.51GB) / (770MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5 2024 93 mins
The Lady of the Lake
The Man with the Iron Fists

The Man with the Iron Fists (2012) ********************************** ဒီတစ်ခါတော့ ငယ်ငယ်တုန်းက ကြည့်နေကျ တရုတ်သိုင်းကားတွေကိုမှ western actor တွေ ၊ English စကားပြောတွေနဲ့ ပေါင်းစပ်ထားတဲ့ လူစွမ်းကောင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများက ကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ။ သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ… မိသားစုနဲ့တော့မကြည့်သင့်ပါဘူး… ဇာတ်လမ်းအကျဉ်း ————- လူရိုင်းမျိုးနွယ်စုတွေ အုပ်စိုးတဲ့ Jungle Villageကို ဧကရာဇ်ရဲ့ ရွှေတွေ တင်ဆောင်လာတဲ့ သင်္ဘောက ဖြတ်ရာကနေ လူရိုင်းမျိုးနွယ်စုတွေက အဲဒီ ရွှေတွေကိုခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်…မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့ golden lion ကို သတ်ပြီး ခေါင်းဆောင်တက်လုပ်နေတဲ့ silver lion ကလည်း ရွှေသယ်လာတဲ့ သံတမန်တပ်ဖွဲ့တွေကို သတ်ပြီး ရွှေတွေကို ဆောင်ကြာမြိုင်ရဲ့ မြေအောက်ထပ်မှာ ဖွက်ထားဖို့ ကြံပါတော့တယ်…ဒါပေမဲ့ Golden Lion ရဲ့ သားဖြစ်သူ Zen Yi , Jungle village ရဲ့ တစ်ဦးတည်းသော ပန်းပဲဆရာ Thadeus နဲ့ Mr.Knife လို့ နာမည်ကျော်တဲ့ ဓားသခင် Jack တို့ကရော Silver Lion တို့ အဖွဲ့ကို ဒီအတိုင်းထားပါ့မလား… ဆောင်ကြာမြိုင်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Lady Blossom ကရော အဲဒီရွှေတွေကို မတပ်မက်ဘဲ နေနိုင်ပါ့မလားဆိုတာကိုတော့ The Man With Iron Fists မှာ ဆက်လက်ရှုစားလိုက်ရအောင်… ဇာတ်လမ်းအညွှန်းနှင့်ဘာသာပြန်သူကတော့ Hazelle ဖြစ်ပါတယ်… File Size : 1.79GB / 859MB Quality : WEB-DL 1080p / 720p Genres : Action / Martial Arts Duration : 1h 35m Subtitle : Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by Heather Oo

Music • Drama
0 2012 96 mins
The Man with the Iron Fists
Badava
5.6

Badava (2025) ဘဝရဲ့ အချိုးအ‌ကွေ့လေးတွေ IMDb 6.7/10 အက်ရှင် ဟာသဒရမ်မာပရိသတ်တို့အတွက် တမီးလ်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဗယ်လန်က အလုပ်လက်မဲ့ ပြဿနာအိုးလေးတစ်ယောက်ပါ။ သူ့ကို အလုပ်လုပ်ဖို့ဆိုပြီး အိမ်ကသူအားလုံးက မလေးရှားကို အတင်းပြောင်းရွှေ့ခိုင်းကြပါတယ်။ မလေးရှားရောက်သွား‌တော့လည်း အဆင်မပြေပြန်တဲ့အတွက် အလုပ်ပြုတ်ပြီး အိမ်ပြန်ရဖို့ပဲ ဖြစ်လာလေရဲ့။ အဲဒီအချိန်မှာပဲ အုတ်ဖိုပိုင်ရှင်တစ်ယောက်ဟာ သူ့နယ်ခံအလုပ်သမားတွေကို လခနည်းနည်းပဲပေးပြီး အလုပ်မတရားခိုင်းနေတာကို သူက သိသွားပါတယ်။ ဒီလိုနဲ့ မဟုတ်မမှန်ရင်ခေါင်းငုံ့မခံတတ်တဲ့ သူ့ရဲ့စိတ်ဓာတ်လေးပေါ်ထွက်လာပြီး ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်ကို ဆန့်ကျင်တော်လှန်ပါတော့တယ်။ ဗယ်လန်ရဲ့ အခက်အခဲတွေကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပုံ၊ အရှုံးမပေးပုံတို့ကို စိတ်ခွန်အားတက်ကြွဖွယ်နဲ့ ဟာသဆန်ဆန်လေး တွေ့မြင်ရမှာမို့ ခံစားကြည့်ရှု အားပေးကြရအောင်ပါ။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

5.6 2025 150 mins
Badava
Immortal Demon Slayer Wu Kong
6

Immortal Demon Slayer (Aka) Wu Kong (2017) ကဲနာမည်လေးမြင်လိုက်တာနဲ့သိမှာပါ။ ကျွန်တော်တို့ငယ်ဘဝကတည်းကအသည်းစွဲအားပေးလာတဲ့မျောက်မင်းဝူခုန်းကားလေးဖြစ်ပါတယ်။ မင်းသား Eddie Peng ရဲ့ ဝူခုန်းဇာတ်ကားပေါ့ဗျာ။ Action/Fantacyကားအမျိုးအစားဖြစ်ပြီး ဝူခုန်းကိုအသွင်တမျိုးနဲ့မြင်ရမှာပါ။ ဒီကားကိုအင်တာနက်မှာနာမည်ကြီးတဲ့ဝူခုန်းရဲ့ဝတ္ထုတပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ ရုံဝင်ငွေအနေနဲ့လည်းဒေါ်လာ၁၀၄သန်းအထိရရှိခဲ့တဲ့ကားလေးပါ။ ဇာတ်လမ်းကတော့… ဟိုးရှေးအချိန်က နတ်ဘုရားတိုင်းပြည်ပြိုကွဲလုနီးနီး ကောင်းကင်ကြီးနှစ်ခြမ်းကွဲလုနီးနီးဖြစ်ခဲ့တုန်းက ကယ်‌တင်ရှင် နတ်ဘုရားမ နုဝါက ကောင်းကင်ကြီးကို ပြန်လည်ဖာထေးဖို့ မှော်ဝင်ကျောက်တုံးတွေကို အသုံးပြုခဲ့တယ်။ ဒီမှော်ဝင်ကျောက်တုံးတွေကနေ မကောင်းဆိုးဝါးတစ်ကောင်ပေါက်ဖွားလာပြီး သူ့ကို ကောင်းကင်နတ်မင်းတွေ နှိမ်နင်းလိုက်နိုင်တာတောင် သူ့ရဲ့အမြုတေက ကမ္ဘာမြေဆီရောက်ပြီး နတ်ဘုရားမဟုတ် နတ်ဆိုးမဟုတ် အားလုံးသိကြတဲ့ စွန်းဝူခွန်းကို မွေးဖွားခဲ့တယ်။ ကျောက်ရဲ့အမြု‌တေကို ရှာဖွေနှိမ်နင်းဖို့ ကောင်းကင်ဘုံနတ်ဘုရား‌တွေကြိုးစားရင်း တကယ်ရှာဖွေတွေ့ခဲ့ရတာတွေက အပေါ်ယံထက်ခက်ခဲနက်နဲလှတဲ့ ပုထုဇဉ်ခံစားချက်တွေပါ။ ယုံကြည်ချက်၊ အချစ်နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖန်တီးမယ့်လမ်းမှာ တားဆီးနေတဲ့ ရက်စက်တဲ့ကံကြမ္မာ‌တွေ။ လွယ်လွယ်အညံ့မခံတတ်တဲ့ စွန်းဝူခုန်း၊ ကောင်းကင်ဘုံရဲ့ အားကိုးရတဲ့ စစ်သည်တွေစစ်သည်တွေဖြစ်တဲ့ အားလင်နဲ့ တျန်းပေ၊ ချစ်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မင်းသမီးလေး အားဇီ၊ နတ်ပြည်ကနေ ပြစ္ဒဏ်အပေးခံရပြီး စုတေသွားတဲ့ အားယု၊ သူတို့တွေ ဒီရက်စက်တဲ့ကံကြမ္မာတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ကံကြမ္မာဟာရော အမြဲတမ်းမှန်နေရဲ့လား။ ဒီ Wu Kong ဇာတ်ကားမှာတော့ သာမာန်တွေ့နေကျ အနောက်ရက်သို့ခရီးသွားခန်းဇာတ်လမ်း‌တွေလိုမဟုတ်ဘဲ နတ်ဘုရားနီးနီး အစွမ်းထက်ကြသူတွေကို သာမာန်ဘဝ၊ လူသားတစ်ယောက်ရဲ့ခံစားချက်များနဲ့ တွေ့မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို KZL မှ တင်ဆက်ထားပါတယ်။)

6 2017 130 mins
Immortal Demon Slayer Wu Kong