YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Cairo Conspiracy (2022) 1080p.mp4

1.95 GB N/A video/mp4 342 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cell 211
7.5

၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းဖြစ်ပြီး IMDB 7.6 တောင်ရရှိထားတာမို့ အချဉ်တော့မဟုတ်ဘူးပေါ့နော်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဟူအန်းအိုလီဗာအကြောင်းကနေ စပြောရမှာပဲ။ ဟူအန်းက အသက် ၃၀၊ မိန်းမရှိတယ်။ သူ့မိန်းမက မွေးခါနီးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးပေါ့… ဟူအန်း အရင်က သားသတ်ရုံမှာအလုပ်လုပ်ရတာ၊ အခုတော့ ထောင်စောင့်အနေနဲ့ အလုပ်သစ်ရထားပြီ။ မနက်ဖြန်စဆင်းရမယ်ဆို ဒီနေ့လိုနေ့မှာ သူ ထောင်အခြေအနေကို လေ့လာဖို့ ထွက်လာခဲ့တယ်။ သားသမီးရလာတော့မယ်ဆိုတော့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပဲဆိုပါတော့လေ။ သူအလုပ်လုပ်ရမယ့်ထောင်မှာကလည်း တကယ့်ကိုဆိုးပေ့မိုက်ပေ့ လူဆိုးကြီးတွေချည်းပဲ။ ထောင်ကြီးကလည်း တကယ့်ကိုအိုဟောင်းစုတ်ပြတ်နေပြီ။ ကံဆိုးချင်တဲ့ ဟူအန်းတစ်ယောက် ထောင်ကိုရောက်ပြီး လှည့်ပတ်ကြည့်ရှုလို့ သိပ်မကြာခင်မှာပဲ ခေါင်မိုးပြိုကျလို့ ထိပ်ပေါက်ပါလေရောလား… တစ်ပူပေါ်တစ်ပူဆင့်ချင်တော့ အဲဒီချိန်မှာပဲ ထောင်ထဲက ခေါင်းဆောင်လို့ဆိုရမဲ့ မာလာမာဒရစ်က အစောင့်လက်ကနေ လွတ်လာပြီး ထောင်ဆူတော့တာပါပဲ။ ဒီလိုနဲ့ ဟူအန်းတစ်ယောက် အကျဉ်းခန်း ၂၁၁ ထဲမှာ ပိတ်မိနေရာက သူ့ကိုယ်သူ အသစ်ရောက်လာတဲ့ထောင်သားပါလို့ အားလုံးယုံအောင်ဖြီးဖြန်းခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အသည်းတထိတ်ထိတ် ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size          :  (1.9GB), (819MB) & (354MB) Quality            : 1080p BluRay, 720p BluRay & 480p Format            : mp4 Duration         : 1hr & 53mins Genre              : Action, Adventure, Crime Translated by  May Myat Thu Encoded by Kinnov

Science Fiction
7.5 2009 110 mins
Cell 211
Batman: The Killing Joke
6.6

ဒီလောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် လောကဓံရဲ့ရိုက်ချက်တွေကံတရားရဲ့ ကစားကွက်တွေ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ခံစားမှုရဲ့ ဒဏ်တွေကို တစ်ခုမဟုတ်တစ်ခုကတော့ အလူးအလဲခံစားကြဖူးကြမှာပါပဲ ဒီလို နာကျင်မှုတွေ ထိုးနှက်ချက်တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ပါ့မလား ဒါမှမဟုတ်အရှုံးပေး လက်မြှောက်လိုက်မလား...? ဒါမှမဟုတ် အရာအားလုံးကို နာကျည်းမုန်းတီးသွားမလား…? ဒီဇာတ်ကားထဲမှာတော့ Batman ရဲ့ အဓိကရန်သူတော် Villain ကြီး Joker ဟာ သူဖြတ်သန်းခဲ့ရတဲ့ လောကဓံရဲ့ ရိုက်ချက်တွေ သူ့အပေါ် ပြင်းထန်ခဲ့တဲ့ အခါမှာ သူ့ရဲ့ကျရှုံးမှုတွေ နာကျင်မှုတွေ ကနေ အရာအားလုံးကို နာကျည်း မုန်းတီးသွားခဲ့ပြီး ရူးသွပ်စွာ ရက်စက်တတ်တဲ့ သူတစ်ယောက်အဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါတယ် နောက်ပြီး Joker ဟာ သူ့လိုပဲ လူတိုင်းဟာ စိတ်ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ ရင် ရူးသွပ်သွားမှာပဲဆိုတဲ့ အချက်ကို သက်သေပြဖို့အတွက် ဘယ်လို ဘယ်ပုံတွေ ရက်စက် အကွက်ချ လုပ်ပြမလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့အဓိက ဇာတ်အိမ်ပဲဖြစ်ပါတယ် မြင်ရခဲတဲ့ Jokerရဲ့နောက်ကြောင်းရာဇဝင်ကို ဒီကားထဲ မှာမြင်တွေ့ရမှာဖြစ်ပြီး Batman နဲ့ Joker ရဲ့ကြားထဲက relationship ကို လေးလေးနက်နက်ပုံဖော်ပြထားပါတယ် 1988 ခုနှစ်ကထွက်ရှိခဲ့တဲ့The Killing Joke comicကိုအခြေခံပြီးရိုက်ကူး ထားတဲ့ဒီဇာတ်ကား ဟာ အချိန်ကန့်သတ်ပြသပေမယ့်လဲ ပြသခဲ့တဲ့ နှစ်ရက်အတွင်းမှ3.8သန်းအထိဝင်ငွေရရှိခဲ့ပြီး Box-Office ရဲ့ တတိယနေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ် IMDb rating အနေနဲ့ 6.4/10ရရှိထားလို့ ဇာတ်ကားကောင်းတစ်ကားအနေနဲ့ညွှန်းပေးပါရစေ ဇာတ်ကားကို အသေအချာ ဘာသာပြန်ပေးထားပြီး (အထူးသဖြင့် Joker ရဲ့ ဒဿန ဆန်ဆန်ဒိုင်ယာလော့ခ် တွေ) အညွှန်းရေးပေးသူကတော့ ကိုHan Htoo Zaw ပဲ ဖြစ်ပါတယ်။ ********************** File Size : 575 MB Quality : Blu-Ray 720p Running Time : 1h 16min Format : Mp4 Genre : Animation, Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Han Htoo Zaw Encoded by Kaung Myat Thu

Action & Adventure • Drama • Sci-Fi & Fantasy
6.6 2016 76 mins
Batman: The Killing Joke
Ma Rainey’s Black Bottom
6.9

Ma Rainey’s Black Bottom ( 2020 ) ========================= IMDb Rating – 6.9/10 2021တုန်းက အော်စကာ(၅)ခု ဆန်ခါတင်ဝင်ခဲ့ပြီး (၂)ဆုရခဲ့တဲ့ ဘလက်ပန်သာကြီး Chadwick Bosemanရဲ့ နောက်ဆုံးရုပ်ရှင်ပါ။ ဘာလို့နောက်ဆုံးလို့ပြောရလဲဆိုတော့ (၂၀၂၀)မှာပဲ သူဆုံးသွားခဲ့ပါပြီ။ ရုပ်ရှင်အများကြီး မရိုက်လိုက်ရပေမဲ့ သရုပ်ဆောင်စွမ်းရည်ကို ရိုက်သလောက်ရုပ်ရှင်တွေနဲ့ ပြသွားခဲ့တဲ့ Bosemanရဲ့ ဇာတ်ဆောင်ဆုနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆာအန်သိုနီဟော့ကင်းတို့ ဂယ်ရီအိုးမန်းတို့လို ဝါရင့်ဆရာကြီးတွေ ဆန်ခါတင်စာရင်းထဲပါနေတာကြောင့် ဆုမရခဲ့ပါဘူး။ ထပ်မမြင်ရတော့မဲ့ Chadwick Bosemanကြီးရဲ့ သရုပ်ဆောင်စွမ်းရည်အမြင့်ဆုံးရုပ်ရှင်တွေ ထဲကတစ်ကားဖြစ်သလို Chadwick Bosemanကြီးကို အလွမ်းပြေကြည့် လို့ရမယ့် သူ့နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ ဒီရုပ်ရှင်က Blues ဂီတရဲ့မိခင် Ma Raineyကိုအမှီပြုပြီး Ma Raineyနဲ့ သူ့တီးဝိုင်းအဖွဲ့ရဲ့ ဓာတ်ပြားသွင်းတဲ့တစ်နေ့တာအကြောင်းကိုပဲ ဇာတ်အိမ် တည်ထားတယ်။တစ်နေ့တာဆိုတဲ့အချိန်ကလေးထဲမှာ အကြောင်းအရာမျိုးစုံ ကိုပြသွားတဲ့ဇာတ်လမ်းတွေ ကျွန်တော်တို့ အများကြီး ကြည့်ခဲ့ကြပြီးပါပြီ။ ဒီကောင်ကတော့ အဲ့ဒီဇာတ်လမ်းတွေထက် ပိုမှောင်မိုက်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဇာတ်အိမ်ဟာ ဒီရုပ်ရှင်ရဲ့ Genreမှာ ရေးထားတဲ့ Musical Dramaဆိုတဲ့စကားလုံးနဲ့ လုံး၀ဆန့်ကျင့်နေတယ်။ ဒီရုပ်ရှင်ဟာ အမေရိကက လူမဲတွေရဲ့ ဘ၀နဲ့ စိတ်အခံထဲကို ခင်ဗျားကို အဆုံးထိမြင်အောင်ပြနိုင်မယ့် ရုပ်ရှင်မျိုးလို့ပဲ ဆိုချင်တယ်။ ကံကောင်းရင်တော့ ဒီရုပ်ရှင်မှာ ခင်ဗျားကိုယ် ခင်ဗျား ပြန်မြင်ရပါလိမ့်မယ်။ ဒါဆိုရင် ဒီရုပ်ရှင်ဟာ ခင်ဗျားအတွက် အတော် ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်သွားနိုင်တယ်။ ကံမကောင်းရင်တော့လည်း Bluesသီချင်း နားထောင်ရင်း အချိုးမပြေတဲ့ Niggaတွေကို ကြည့်ရင်း ဆဲတာ နားထောင်ရင်း ပြီးသွားမှာပါပဲ။ ဒီရုပ်ရှင်ဟာ ဒီလောက်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)

Comedy • Crime • Drama
6.9 2020
Ma Rainey’s Black Bottom
Camp
6.7

မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေက ပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကို စုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့ အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။ အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေ ရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။ သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီး ရိုက်တတ်သူတစ်ယောက်ပါ။ ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီး နွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။ ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။ သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ် အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာ လုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။ ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက် နွေရာသီစခန်းကို ရောက်လာပါတော့တယ်။ မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကို ဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲ စခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော် ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ File size… 2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 49m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Phu Myat Thwe

6.7 2013
Camp
Basic Instinct [18+]
7

Basic Instinct (1992) IMDb Rating (7.0) ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်…ခင်ဗျားတို့လဲပါပါလိမ့်မယ်…မပူပါနဲ့…တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။ အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။ အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီး Sharon Stone နဲ့ Jeanne Tripplehorn တို့ရဲ့ အလှအပတွေကိုလည်း ခံစားနိုင်သေးတော့ ကြည့်ဖူးပြီးသားလူတွေလည်း ပြန်ကြည့်သင့်ကြောင်း ညွှန်းလိုက်ပါတယ်။ ရှရွန်စတုန်းကလဲ တကယ့်အဟော့ဆုံးအချိန်ဗျာ…ရိုက်ထားတာကလဲ အကုန်ရှင်းရှင်းလင်းလင်း…ဇာတ်လမ်းကလဲ ရမ္မက်တွေနဲ့ပြစ်မှုတွေအကြောင်းဆိုတော့ ဘာမှဖြတ်တောက်ထားခြင်းမရှိတဲ့ Unrated Version ကိုမှ ကာလာအစုံနဲ့အလန်းဆုံးကြည့်ရှုရမယ့် 4K HDR Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်။ မိသားစုနဲ့တော့ကြည့်ရှုလို့မရပါခင်ဗျာ။ 4K ဖိုင်ကို HDR Version နဲ့တင်ဆက်ထားတာကြောင့် မိမိကြည့်ရှုမယ့် Player မှာ HDR Setting တွေ On ထားပြီးကြည့်ရှုမှသာ ကာလာစုံမြင်ရမှာဖြစ်ပြီး 1080p/720p ကတော့ ရိုးရိုးတမ်းတမ်းကြည့်ရှုလို့ရပါတယ်။

Horror • Mystery
7 1992
Basic Instinct [18+]
The Homesman
6.6

The Homesman (2014) ~ IMDb – 6.6/10, RT – 81%, Meta – 68% ~ ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ဒီရုပ်ရှင်ကိုလည်းအဲဒီလို ပုံစံတမျိုးစီနဲ့ သန်မာသလောက် ရှုပ်ထွေးလွန်းတဲ့ အဓိကဇာတ်ကောင် ၂ ယောက်နဲ့ ဖွဲ့စည်းထားတယ်။ သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ ရေးခဲ့တာဖြစ်တာကြောင့် ဝတ္ထုကလည်း သံဝေဂဆန်ဆန် အရေးအသားတွေပါတယ်။ ဒီရုပ်ရှင်ကို ရိုက်တာကလည်း Tommy Lee Jones ဆိုတော့ ရုပ်ရှင်ထဲမှာပါ အဲဒီလိုအငွေ့အသက်တွေကို လက်ဆင့်ကမ်းသယ်လာခဲ့တယ်။ Homesman ဆိုတာကတော့ နယ်မြေရွှေ့ပြောင်းတဲ့လူတွေကို အိမ်ပြန်ပို့ပေးရတဲ့ ယောက်ျားတယောက်ကိုခေါ်တယ်။ တနည်းအားဖြင့် အိမ်ပို့သူပေါ့။ ဒီမှာတော့ ၁၉ရာစုလယ်လောက်က လူးပ်နယ်က ရူးသွားတဲ့ မိန်းမ ၃ ယောက်ကို အရှေ့ဘက် အိုင်အိုဝါမြို့က ဘုရားကျောင်းကိုပို့ဖို့ အကြောင်းဖန်လာရာကစတယ်။ မိန်းမ ၃ ယောက်မှာ တယောက်က နှိပ်စက်တဲ့ယောက်ျားဖြစ်သူကြောင့် ရူးသွားတယ်။ နောက်တစ်ယောက်က သူ့ကလေးလေး ၃ ယောက် ဆုံဆို့နာနဲ့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားလို့ ရူးသွားတယ်။ ကျန်တဲ့တယောက်က ကိုယ့်ကလေးကိုယ်ပြန်သတ်တဲ့အထိ ရူးသွားတယ်။ သူတို့ရူးသွပ်တာကို ဖော်ပြထားတဲ့ပုံစံက သိပ်ရက်စက်တယ်လို့ပြောရမယ်။ ရက်ရက်စက်စက်ကို ရူးနေကြတာပဲ။ အမျိုးသမီးတယောက် သန်မာနိုင်စွမ်းကုန်သွားတဲ့အချိန်မျိုးတွေပေါ့။ သူတို့ကို ကုသပေးဖို့ မစ္ဇူရီမြစ်အကျော်က အိုင်အိုဝါကို ပို့ပေးဖို့ဖြစ်လာတယ်။ ပုံမှန်ဆိုရင် Homesman အလုပ်က ယောက်ျားသားတွေရဲ့အလုပ်။ သူတို့ကို ပို့ဖို့က အနောက်နဲ့အရှေ့ဆိုတော့ ခရီးက ကြာမယ်၊ ခက်မယ်။ ပို့ရမယ့်သူတွေကလည်း အရူးမ ၃ ယောက်ဆိုတော့ ပိုလို့တောင်ခက်သေးသပေါ့။ အဲဒီ ၃ ယောက်ကို ပို့‌ဆောင်ဖို့အတွက် ဘုရားကျောင်းမှာ မဲနှိုက်တယ်။ သာမန် Western ရုပ်ရှင်တွေအရဆိုရင်တော့ ရဲရင့်တဲ့ ကောင်းဘွိုင်ကြီးက ရှေ့ထွက်ပြီး တာဝန်ယူပေးမှာပေါ့။ ဒီမှာတော့ မဟုတ်ခဲ့ဘူး။ မဲကျတဲ့ယောက်ျားကပါ ခေါင်းရှောင်သွားတော့ မယ်ရီဘီး ဆိုတဲ့ အပျိုကြီးက သူတာဝန်ယူမယ်လို့ ရဲရဲကြီးထွက်ပြောခဲ့တယ်။ ‌အဲဒီခေတ်ကာလအခြေအနေမျိုးမှာ သူ့အနေနဲ့ ဒီလိုတာဝန်ကိုယူလိုက်တော့ သူ့ရဲ့ သန်မာတဲ့ဘက်ခြမ်းကိုမြင်ရတယ်။ မယ်ရီဘီးကပ်ဒီ (Hilary Swank) က နယူးယော့ကနေ တကိုယ်တည်း ဒီနေရာမှာ နေနေတဲ့သူ။ တနည်းအားဖြင့် Independent Woman ပေါ့။ ဒီရုပ်ရှင်မှာ လင်ယူသားမွေးကြောင့် ရူးသွပ်သွားကြတာကိုပြရင်း အဲဒီအရာတွေနဲ့ ကင်းတဲ့ မယ်ရီဘီးရဲ့ အထီးကျန်ဆန်ပြီး ကွဲထွက်နေတဲ့လူနေမှုဘဝကိုပါ ပြထားတယ်။ သူက ဂီတအပေါ် သိပ်ရူးသွပ်တယ်။ စန္ဒရားမရှိတဲ့နယ်မှာ အဝတ်စလေးပေါ်က ခလုတ်လေးတွေနှိပ်ရင်း သီချင်းဆိုလေ့ရှိတယ်။ လယ်ကွက်တွေ၊ လားတွေ၊ မြင်းတွေကိုလည်း သူကိုယ်တိုင်ပဲ ဦးစီးတယ်။ ဒါပေမဲ့ သူအဖြစ်ချင်ဆုံးဆန္ဒက အိမ်ထောင်ပြုပြီး ကလေးတွေမွေးဖို့ပဲ။ သူ့ဘက်ကပါစပြီး အိမ်ထောင်ပြုရအောင်လို့ ပြောတဲ့အထိ၊ ဘုရားသခင်ဆီမှာ ဆုတောင်းတဲ့အထိ မိသားစုဘဝကို သူလိုချင်ခဲ့တယ်။ သူကလည်း အထီးကျန်ဆန်ဆန် ရူးနေတာပါပဲ။ ဒါဆိုရင် လှောင်ပိတ်နေတဲ့ အိမ်ထောင်သည်ဘဝကရူးစေတာလား။ တယောက်တည်း အထီးကျန်ဘဝက ရူးစေတာလား။ ဒီလိုနဲ့ တစ်နေ့မှာ ဘရစ် (Tommy Lee Jones) ဆိုတဲ့ အိမ်ခြေရာမဲ့ ကောင်းဘွိုင်တစ်ယောက်နဲ့တွေ့တယ်။ တွေ့တာထက် သစ်ပင်မှာကြိုးပေးခံရတာကို ကယ်ခဲ့တာပေါ့။ ဟိုလူကလည်း ‌သူများအိမ်ဝင်နေတော့ ကြိုးပေးခံထားရတာ။ အဲဒီလိုနဲ့ သူ့ကိုကယ်ခဲ့တာကြောင့် မိန်းမ ၃ ယောက်ကို လိုက်ပို့မယ့်ခရီးမှာ သူ့ကိုအဖော်ပြုပေးရမယ်လို့ညှိတယ်။ ဟိုလူကလည်း မသေရင်ပြီးရော ရတယ်ပေါ့။ ဒါပေမဲ့ သူထွက်သွားချင်တဲ့အချိန် ထွက်သွားမှာဖြစ်ကြောင်းပြောတယ်။ ဒီလူကလည်း မယ်ရီဘီးလို တမျိုးရူးနေတာပဲ။ သူက သူ့ဘဝမှာ ဘာကိုမှမတွယ်တာခဲ့ကြောင်း ပြောလေ့ရှိတယ်။ ငါ့မှာတွယ်တာစရာမရှိဘူး၊ လွတ်လပ်တယ် ဘာညာပေါ့။ လွတ်လပ်မှုနဲ့ အထီးကျန်ခြင်းကြားမှာ ဖောက်မြင်နေရတဲ့ ထရံပါးပါးလေးတစ်ချပ်ပဲ ရှိတာပါ။ ဒီလိုနဲ့ သူတို့ ၂ ယောက်ရယ် အရူးမ ၃ ယောက်ရယ် ခရီးရှည်ကြီးတစ်ခုကို အခက်အခဲပေါင်းစုံနဲ့ ထွက်ခဲ့ကြတယ်။ လူ့အဖွဲ့အစည်းက အရူးလို့ သတ်မှတ်ထားတဲ့ မိန်းမ ၃ ယောက်နဲ့ ခေါင်းစဉ်မဲ့ ကိုယ်စီရူးသွပ်မှုနဲ့ လူ ၂ ယောက်။ ရုပ်ရှင်နာမည်အရတော့ ယောက်ျားတစ်ယောက်အကြောင်းလို့ထင်ရက်စရာရှိပေမဲ့ ဒါက အမျိုးသမီးတွေကို ဦးတည်ထားတာပဲ။ Tommy Lee Jones က အဓိကဇာတ်ဆောင်အနေနဲ့ ပါတယ်ဆိုရင်တောင် Hilary Swank နဲ့ယှဉ်လိုက်ရင် Sidekick တယောက်လိုဖြစ်သွားတယ်။ Western ရုပ်ရှင်တွေမှာ ဒီလို အမျိုးသမီးဇာတ်ကောင်ကို တည်ရိုက်တယ်ဆိုတာ ခပ်ရှားရှားပဲ။ ‌အဲဒီခေတ်ရဲ့ ကောင်းဘွိုင်ကြီးတွေကြားက အမျိုးသမီးတွေရဲ့ စိတ်အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်ဆိုရင် ပိုလို့တောင်ရှားသေးတယ်။ ဒီရုပ်ရှင်က သာမန် Western Genre ကနေကွဲထွက်ပြီး အမျိုးသမီးတွေရဲ့ ရပ်တည်နိုင်စွမ်းကိုအဓိကထားထားတယ်။ ဇာတ်ကောင်တွေကို အသေးစိတ် ဒါကြောင့် ဒီလိုဖြစ်တာလို့မပြောခဲ့ဘဲ အရိပ်အမြွက်လေးတွေပြရင်း သူက ဒါတွေကြုံခဲ့လို့ပါလား လို့ သွယ်ဝိုက်ပြောပြတာမျိုးပဲ။ အသံပိုင်းကိုတော့ သိပ်အားမရတဲ့အခါတွေရှိပေမဲ့ ဇာတ်လမ်း ၂ နာရီအတွင်းမှာ Cinematography ကောင်းကောင်းလေးကို အဝကြည့်ရတာနဲ့တင် ကြည့်ပျော်ပါတယ်။ ဇာတ်သိမ်းကလည်း ဘာမှန်းမသိတဲ့ ခံစားချက်လေးတစ်ခုပေးပါလိမ့်မယ်။ အရူး ၃ ယောက်ကစတဲ့ဇာတ်လမ်းဆိုပေမဲ့ တကယ်တမ်းတော့ ကျွန်တော်တို့လည်း တမျိုးစီ ရူးနေကြတာပဲမဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 2Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.6 2014
The Homesman
Do the World Darts 10
5.7

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဝမ်ကျန့်ဝေးနဲ့ဖေးယန့်ဟာ နောက်ဆုံးတော့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ သူတို့ရဲ့မင်္ဂလာပွဲကိုစည်စည်ကားကားကျင်းပနေတဲ့အချိန်မှာ တော်ဝင်လျှို့ဝှက်အမိန့်တော်ရောက်လာခဲ့ပါတယ်။ ဂျပန်ပင်လယ်ဓားပြတွေဟာ ဂျိုဆွန်းပြည်ကိုဝင်ရောက်ကျူးနေတာကြောင့် ဂျိုဆွန်းဘုရင်ဟာ မင်တိုင်းပြည်ကိုအကူအညီတောင်းလိုက်တဲ့အတွက် မင်ဘုရင်ကြီးက ဂျိုဆွန်းကိုကူညီမယ့် အမြှောက်ကြီး(၁၀)လက်ကို ထျန်းရှန်ပို့ဆောင်ရေးလုပ်ငန်းကိုတာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်။ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်တွေဟာ အမြှောက်တွေကို လက်လွှဲယူမယ့်ရွာလေးကိုရောက်တော့ သူတို့ဟာနောက်ကျသွားခဲ့ပါပြီ…… ဒါဟာထျန်းရှပို့ဆောင်ရေးလုပ်ငန်းအတွက် အန္တရာယ်အများဆုံးနဲ့ အရေးကြီးဆုံးတစ်ခုတာဝန်ဖြစ်လာပါတော့တယ်……

5.7 2007
Do the World Darts 10
11 A.M.
5.6

11 A.M (2013) ************** အချိန်ခရီးသွားစက်ကို တီထွင်ဖန်တီးဖို့ ကြိုးစားနေကြတဲ့ ကိုရီးယားသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဒီကားလေးက သိပ္ပံကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် ကွက်တိဖြစ်မှာပါနော် .. ဇာတ်လိုက်တွေ အနေနဲ့ကတော့ Partners for Justice ထဲက မင်းသား Jung Jae Young, High Kick Season 2 ထဲက မင်းသား Choi Daniel နဲ့ Children of a Lesser God ထဲက မင်းသမီး Kim Ok Vin တို့ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအကျဉ်း ************ ဂျောင်ဝူဆော့ (Jung Jae Young) က ကင်ဆာရောဂါနဲ့သေဆုံးသွားတဲ့ ဇနီးဆီကိုပြန်သွားဖို့ အချိန်ခရီးသွားစက်ကို တီထွင်ချင်နေခဲ့ပါတယ် .. ဆာယောင်အွန်း (Kim Ok Vin) ကတော့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ သူ့အဖေရဲ့အိပ်မက်ဖြစ်တဲ့ အချိန်ခရီးသွားစက်ကိုတီထွင်ဖို့ရာကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူပါ .. ယောင်အွန်းရဲ့ ကောင်လေးဖြစ်သူ ဂျီဝမ် (Choi Daniel) က ဆေးကျောင်းကနေထွက်ပြီး သိပ္ပံပညာဘက်ကိုလေ့လာရင်း အချိန်ခရီးသွားစက်တီထွင်တဲ့ စီမံကိန်းမှာ ပါဝင်ဖို့ရာဖြစ်လာခဲ့တယ် .. ရုရှားကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီး စီမံကိန်းကို ၃နှစ်တာကြိုးစားခဲ့ပေမဲ့ သိသာတဲ့ရလဒ် မရှိတဲ့အတွက် စာချုပ်သစ်ထပ်ချုပ်ဖို့ ခက်ခဲနေတဲ့ သူတို့အဖွဲ့ဟာ ဓာတ်ခွဲခန်းကနေ ပြန်လည်ထွက်ခွာပေးဖို့ရာဖြစ်လာခဲ့တယ် .. ဒါပေမဲ့ စီမံကိန်းကို လက်မလျှော့ချင်သေးတဲ့အတွက်ကြောင့် စာချုပ်အသစ်ချုပ်ဆိုဖို့အတွက် အချိန်ခရီးသွားစက်ကို စမ်းသပ်လည်ပတ်မှုပြုလုပ်ဖို့ ဖြစ်လာပြီး မနက်ဖြန်ကို အချိန်ခရီးသွားခဲ့ကြတယ် .. မနက်ဖြန်ကို ရောက်သွားတဲ့ အချိန်မှာ သူတို့ရဲ့ဓာတ်ခွဲခန်းကြီးက မီးလောင်ပြီး ပြိုကျနေတာကိုတွေ့ခဲ့ရတယ် ဘယ်လိုဖြစ်လို့ ဓာတ်ခွဲခန်းက အဲဒီလိုဖြစ်သွားရတာလဲဆိုတာကို စုံစမ်းရင်း မထင်မှတ်ထားတဲ့ အမှန်တရားတွေကိုတွေ့ပြီး ထိတ်လန့်သွားကြရတဲ့ သူတို့တွေ .. ဘယ်လိုဆက်လုပ်ကြမှာလဲဆိုတာကိုတော့ 11 A.M ဆိုတဲ့ Sci-fi / Thriller ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Vanessa မှရေးသားထားပါတယ်) File size…1.68GB / 643MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 39 min. Genre ….. Thriller, Mystery, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

5.6 2013
11 A.M.
The Last Redemption
5.5

အမိန့်ကိုနာခံနေရတဲ့လူတစ်ယောက်ရဲ့ဘ၀မှာ တစ်ခါတစ်လေကျရင် အမိန့်ထက်ပိုပြီး နှလုံးသားကလမ်းပြတဲ့ ပိုသင့်တော်တဲ့လမ်းကို ရွေးချယ်ရတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။ အဲ့ဒီအခိုက်အတန့်တွေကို ရောက်လာခဲ့ရင် ကိုယ်ဆိုရင်ကော ငြင်းဆန်နိုင်မဲ့သတ္တိရှိပါ့မလား မှန်ရာကိုလုပ်ဖို့ရွေးချယ်တဲ့အခါမှာ ဘာတွေပေးဆပ်ရမလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သာ လာအောင် အရင်ခေတ်ကစစ်သည်တော်ခေတ်နဲ့ နှိုင်းယှဉ်ရိုက်ကူး ပြသထားတဲ့ The Last Redemption ဆိုတဲ့ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ခေတ်မှာနစ်စ်ထရိုးလို့ခေါ်တဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ နာမည်ကြီးဓားပြဂိုဏ်းတစ်ခုရှိခဲ့ပါတယ်။နစ်စ်ထရိုးလို့ဘာလို့ ခေါ်ရလဲဆိုရင် အဖွဲ့ခေါင်းဆောင်ကလီလန်းနစ်စ်ထရိုးဖြစ်ပြီးတော့ အကြင်နာကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။အဖွဲ့သားတွေ အားလုံးက၀ရမ်းပြေးတွေဖြစ်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင် ဖယ်ရယ်ရဲ့စစ်တပ်တွေလက်ထဲကနေ အမြဲတမ်းထွက်ပြေးနေရတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ဘုရင်ရှိရင် ဘုရင့်နေရာလိုချင်သူတွေကလည်း ရှိတယ်ဆိုတဲ့အတိုင်း ဘုရင်ဖယ်ရယ်ရဲ့ဝမ်းကွဲညီက ဘုရင့်ကိုသတ်ပြီး ဘုရင်နေရာယူဖို့အတွက်တစ်နေ့မှာ နစ်စ်ထရိုးတို့ကိုမက်လုံးပေးပြီး ခိုင်းပါတော့တယ်။ဘုရင်ဖယ်ရယ်ကိုသတ်နိုင်ပေမဲ့ ဘုရင်ဖယ်ရယ်ရဲ့ သမီးလေးကမျက်မြင်သက်သေဖြစ်သွားတဲ့အတွက် ကလေးကိုပါ သတ်ဖို့လုပ်ချိန်မှာတော့ မှန်ရာကိုလုပ်မဲ့အဖွဲ့သားတွေနဲ့ ပိုက်ဆံရဖို့ အတွက်ဘာမဆိုလုပ်မဲ့ နစ်စ်ထရိုးတို့အဖွဲ့ ကွဲသွားကြပြီး ဘာတွေ ဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.79GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 2m Genre …..Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
The Last Redemption
Slate
5.6

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်လမ်းရဲ့အကြောင်းအရာလေးကတော့… ယွန်းဟီးဆိုတဲ့ ကောင်မလေးဟာ မိဘမဲ့ တစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက အဓိကဇာတ်ကောင် ဖြစ်ချင်စိတ်ပြင်းပြတဲ့လူတစ်ယောက်ပါ ဒါပေမဲ့လည်း သူဟာ အဓိက ဇာတ်ဆောင်ဖြစ်ဖို့ကံ​တော့ပါမလာဘဲ ဇာတ်ကားတစ်ကားရဲ့ အက်ရှင်အစားထိုးစတန့်သမားလုပ်ဖို့ ကမ်းလှမ်းခံရကာ ရိုက်ကွင်းကိုသွားတဲ့အချိန်မှာ မထင်မှတ်ထားဘဲနဲ့ အပြိုင်ကမ္ဘာကိုရောက်ရှိသွားပါတော့တယ် အဲ့ဒီကမ္ဘာမှာ ယွန်းဟီးကို ရွာသားတွေက ရွာကိုကာကွယ်ပေးမဲ့ ဝိညာဉ်သတ်ဖြတ်သူ သူရဲကောင်းလို့ထင်မှတ်ပြီး တစ်ရွာလုံးက သူ့ကိုပစားထားကြပါတယ် ဒီလိုနဲ့ အဓိက ဇာတ်ကောင်ဖြစ်ချင်တဲ့ ယွန်းဟီးတစ်ယောက် အဓိကဇာတ်ကောင်ဖြစ်ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဘယ်လိုအလွဲတွေနဲ့ရွာကို ကယ်တင်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်

Documentary • Crime
5.6 2020 99 mins
Slate
Hellraiser: Judgment
4.3

Hellraiser: Judgement (2018) ခေတ်တွေပြောင်းပြီး အရမ်းတိုးတက်လာတော့ အပ်ခေါင်းတစ်ယောက် ရှေးနည်းအတိုင်း သစ်သားတုံးတစ်တုံးကို လိုက်လက်ဆင့်ကမ်းနေရုံနဲ့ အလုပ်မဖြစ်တော့လို့ နည်းသစ်တွေ ကြံစည်ရပါတော့တယ်။ လုပ်ထုံးလုပ်နည်းတွေလည်း အသစ်ဖြစ်လာတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းကတော့ စုံထောက်ညီနောင် ပညတ်တော်ဆယ်ပါးအတိုင်း လူလိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားကို စုံထောက်နေရာကစပါတယ်။ သူတို့နှစ်ယောက်အဖွဲ့ကို စုံထောက်မအသစ်တစ်ယောက် ဝင်လာပြီး သုံးယောက်သားစုံထောက်ကြပါတယ်။ နောက်တော့ အစ်ကိုဖြစ်သူက သဲလွန်စတစ်ခုရပြီး လိုက်သွားကြည့်ရင်း Cenobite တွေနဲ့ Pinhead တို့နဲ့ ကြုံလာရပါတော့တယ်။ စုံထောက်ဇာတ်လမ်းတစ်ဖြတ် Horror တစ်ဖြတ်ဆိုတော့ ရင်ထိတ်ရသလို စိတ်ဝင်စားဖို့လည်း ကောင်းတာပေါ့။ ပြီးတော့ Cenobite တွေရဲ့ ဘုရင် Pinhead ထက် မြင့်တဲ့သူတွေလည်း ဇာတ်လမ်းထဲမှာပါလာပါတယ်။ အသည်းမကောင်းတဲ့သူတွေ မကြည့်ကြဖို့တော့မှာချင်ပါတယ်။ Hellraiser ပရိသတ်တချို့တောင် မျက်နှာလွှဲချင်လောက်မယ့် အခန်းတွေလို့ပြောလို့ရမယ်ထင်တဲ့ အော်ဂလီဆန်စရာ အခန်းတချို့တွေပါလို့ပါ။ ကျွန်တော့်အမြင်အရ Hellraiser Franchise ထဲမှာတော့ ၅ /၁၀ ပဲအမှတ်ပေးလို့ရမယ့်ကားလို့ ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 635MB Quality – 1080p, 720p Format – mp4 Duration – 1H 21Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

4.3 2018 81 mins
Hellraiser: Judgment
Namesake
5.8

ဒီတခါတင်ဆက်ပေးမှာတော့ အင်တာနက်အသုံးပြုသူတွေနဲ့ရင်းနှီးပီးသားဖြစ်နေတဲ့ ဟာသဇာတ်ကောင်တွေပါဝင်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်အလွယ်ပြောရမယ်ဆိုရင် ရှူးရှူးရှူးတွမ် ဆိုပီး လူသိများကြတဲ့ မော်ကုထို , မောင်ထိုင်,ကျူးရှောင်မင် , ချိုချို , စတဲ့ ဟာသvideo အတိုလေးတွေရိုက်ပြီး လူသိများကြတဲ့သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ တစ်ခါတလေမှာ ကံတရားကကျီစယ်လွန်းလှပါတယ် သူစိမ်းသုံးယောက်ကိုတောင် လွဲမှားစေတဲ့အထိပေါ့… ဗိုလ်လိုမမှုတ်ရရင်လူမထင်တဲ့ပေါ်ကျော့သူဌေးကြီးကိုမှဒုက္ခပေးချင်သလား.. ဥက္ကဌကျန်းဝေက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင်ရှင်သူဌေးကြီးတစ်ယောက်ပေါ့ တစ်နေ့မှာ ပြဇာတ်သမားတစ်ယောက်က သူ့ဇာတ်ရုံမှာရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဥက္ကဌကျန်းဝေကို တောင်းဆိုခဲ့ပေမဲ့ ငြင်းပယ်ခဲ့ပါတယ် ဘာလို့လဲဆိုတော့ ပြဇာတ်သမားကသူနဲ့နာမည်တူနေလို့ပါတဲ့ ဒီလိုနဲ့မိမိနဲ့နာမည်လာတူနေတာကိုမချင့်မရဲဖြစ်နေတဲ့ဥက္ကဌကျန်းတစ်ယောက် ပြဇာတ်သမားကိုခြံဝန်းအပြင်နှင်ထုတ်အပြီးမှာ ဇာတ်ဆရာကျန်းဝေက “အမျိုးသားတစ်ဦးအလိုရှိသည်”ဆိုတဲ့ ကြော်ငြာစာရွက်တစ်ခုတွေ့ခဲ့ပါတယ် ဒီလိုနဲ့ကြော်ငြာပိုင်ရှင်အမျိုးသမီးနဲ့ဆက်သွယ်ပြီး ထျယ်ချန်ကုံမှာတွေ့ဖို့ ခြံဝန်းရှေ့မှာပဲအကြိုကိုစောင့်ဆိုင်းနေခဲ့ပါတယ် ဒီအချိန်မှာပဲ ဥက္ကဌကျန်းဝေက စီးပွားရေးလုပ်ဖို့ ထျယ်ချန်ကုံက စက်ရုံတစ်ခုကိုသွားရောက်စစ်ဆေးဖို့ကားနဲ့လာကြိုမှာကိုစောင့်နေခဲ့တာပေါ့ ဒီလိုနဲ့ကားဆရာက ပြဇာတ်ဆရာကျန်းဝေကိုအရင်တွေ့ပြီး ဥက္ကဌကျန်းအထင်နဲ့ကားပေါ်အရင်ခေါ်တင်ခဲ့ပါတယ်။ ကားဆီခသက်သာ‌ပြီး‌ငွေပိုရ‌အောင်ဆိုတဲ့အကြံနဲ့ကားဆရာက အရှေ့မှာစောင့်နေတဲ့ဥက္ကဌကျန်းကိုပါလူပိုအနေနဲ့ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ကားပေါ်ခေါ်တင်ခဲ့ပါတော့တယ် ဒီလောက်တင်မကပါဘူး…သေနတ်အရောင်းအဝယ်လုပ်ဖို့ ထျယ်ချန်ကုံကိုသွားရမဲ့ “ကျန်းဝေ”ဆိုတဲ့သံတမန်တစ်ယောက်ပါ ပါဝင်ပတ်သတ်လာတဲ့အခါ လူမတူပေမဲ့နာမည်တူတဲ့သူတို့သုံးယောက်… ကြုံတွေ့ရမဲ့အရာတွေရောတူညီပါ့မလား ကိုယ်စီအလွဲလွဲအချော်ချော်နဲ့ပဲရယ်မောရဦးမလား ဘယ်သူက ဘယ်နေရာမှန်ကိုရောက်မလဲဆိုတာ ကြည့်ရှုရင်းအပန်းဖြေလိုက်ရအောင်

Documentary • Music
5.8 2025
Namesake
Sparks Over Brooklyn

ဇာတ်လမ်းအကျဥ်း——- ထူးချွန်တဲ့ စင်ဂယ်စားဖိုမှူးမိခင်တစ်ဦး ဖြစ်တဲ့လီလာ(လီဒီယာ) ဟာ ဘရွတ်ကလင် ရဲ့ စည်ကားတဲ့ ရပ်ကွက်တစ်ခုမှာရှိတဲ့ မျိုးဆက်ပေါင်းများစွာရဲ့ မိသားစု ချက်ပြုတ်နည်းတွေနဲ့ ရိုးရာဓလေ့တွေ ထုံမွှမ်းနေတဲ့ မိသားစုအမွေအနှစ် ချစ်စဖွယ် အီတလီ-အမေရိကန် စားသောက်ဆိုင်လေး ကိုပိုင်ဆိုင်ထားပါတယ်။ လီလာရဲ့အိပ်မက်တွေဟာ ရိုးရှင်းပေမယ့် နက်နဲပါတယ်။ မိသားစုရဲ့ ဟင်းချက်အမွေအနှစ်ကို ထိန်းသိမ်းပြီး ရင်းနှီးကျွမ်းဝင်တဲ့ ပတ်ဝန်းကျင်ရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲမှာ သူမရဲ့ကလေးအတွက် ခိုင်မာတဲ့ အနာဂတ်ကို ဖန်တီးပေးဖို့ပါပဲ။ ဒါပေမယ့် သူမဟာ ငွေရေးကြေးရေး အခက်အခဲ ကြောင့်ရယ် ဆိုင်ကို ပိုကောင်းအောင် ပြင်ဆင်မပေးမယ်ဆိုတဲ့ အချက်တွေကြောင့် ချာလီ(ဒန်နီ) ဆိုတဲ့ နည်းပညာရှင် လုပ်ငန်းရှင် တစ်ဦးကို အတူတူ ပူးတွဲလုပ်ကိုင်မယ်ဆိုပြီး ရာခိုင်နှုန်းနဲ့ရောင်းချလိုက်ပါတယ်။ သူမကတော့ ကျေးလက်ဆန်ဆန် ခံစားချက်လေးနဲ့အတူ နည်းပညာ ခေတ်မီ ဆိုင်လေးအဖြစ်သာ ပြောင်းလဲချင်ပေမယ့်ချာလီဟာ လုံးဝကို ခေတ်ဆန်တဲ့ ဆိုင်အဖြစ်ကို ပြောင်းလဲချင်တာကို သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ နှစ်ယောက်ကြားက သဘောထား မတူညီချက်ကို ဘယ်လို ဖြေရှင်းမလဲ ချာလီပဲအနိုင်ရမလား လီလာပဲ သူ့ရဲ့ မိသားစူအမွေအနှစ်ဆိုင်ရဲ့ ခံစားချက် လူသားတွေဆီကရတဲ့ နွေးထွေးမှုတွေကို ချာလီ ခံစားသွားနိုင်အောင် လုပ်နိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှု ခံစားလိုက်ပါ။ File size…(1.5 GB)/(784 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Naing Lin

Drama • Romance • Comedy • Fantasy
0 2023
Sparks Over Brooklyn