YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) Bed Rest (2022) 480p.mp4

693.83 MB N/A video/mp4 210 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Romance • TV Movie
7.3 1991 154 mins
Center Stage
HIT: The First Case
6.4

Action, Crime, Drama IMDb 7.8/10 (6.5K) အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ အိန္ဒိယမှာ ဇူလိုင်၁၅ရက်နေ့တုန်းက ရုံတင်ထားပြီး ဒီနေ့မှ OTTထွက်ရှိလာတဲ့ ရုံတင်ကားတကားပဲဖြစ်ပါတယ် Stree (2018)...Roohi (2021) ဟာသသရဲကားတွေနဲ့ မြန်မာပရိသတ်တွေကြား လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသားချော ရာဂျ်ကူမားရောင်းရဲ့ မှုခင်းဇာတ်ကားလေးပဲ ဖြစ်ပါတယ်မင်းသမီးအနေနဲ့ကတော့ Dangal Girl အကြီးမလေး ဆာနီယားမလိုသရားပါဝင်သရုပ်ဆောင်ထားပါတယ် ဗစ်ကရမ်ဟာ ထက်မြက်တဲ့အရာရှိတစ်ယောက်ဖြစ်ပြီး အမှုတစ်ခုကို ဖော်ထုတ်တဲ့နေရာမှာလည်း သူမတူအောင်ထူးခြားလွန်းလို့ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ပေမယ့် အတိတ်ကဖြစ်ရပ်တခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရနေသူပါ... တစ်ရက် အဝေးပြေးလမ်းမပေါ်မှာ ပရီတီးဆိုတဲ့ အသက်၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ် အမှုကိုလည်း မဖေါ်ထုတ်နိုင်ခဲ့ပါဘူး...ဇာတ်အေးသွားပြီးတဲ့နောက် ဗစ်ကရမ်ရဲ့ချစ်သူ နေဟားကပါ ထပ်ပျောက်သွားတော့ ဒီအမှုကို ဗစ်ကရမ်ဟာ အခက်အခဲတွေကြားကနေ စုံစမ်းဖို့ဖြစ်လာခဲ့ပါတော့တယ် စုံစမ်းစစ်ဆေးနေရင်းနဲ့ နေဟားဟာလည်း ပရီတီးအမှုကိုလိုက်နေရင်း ပျောက်သွားတာကို သိလိုက်ရတဲ့အခါမှာတော့... ဒီအမှုနှစ်ခု ဆက်စပ်မှုရှိနေမလား.... ပျောက်သွားတဲ့ကောင်မလေးတွေကို ပြန်ရှာတွေ့ပါ့မလား... နောက်ကွယ်မှာကြိုးကိုင်နေတဲ့ တရားခံဟာ ဘယ်သူဖြစ်နေမလဲ... ဗစ်ကရမ်ရဲ့အတိတ်ဆိုးကစိတ်ဒဏ်ရာကရော ဘာကြောင့်လဲ ဆက်လက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်.... File size…2.07GB / 983MB Quality…1080p True Web DL AAC5.1Ch  / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Kevin Ag & BpL

Crime • Drama • Mystery
6.4 2022 136 mins
HIT: The First Case
Jockey
6

~ IMDb - 6.5/10, Rotten Tomatoes - 93% ~ Jockey ဆိုတာကတော့ သိတဲ့လူလည်းသိကြမှာပါ။ အကြမ်းဖျဥ်းပြောရရင် မြင်းစီးသမားပဲဆိုပါစို့။ ဒါပေမဲ့ မြင်းစီးတဲ့လူတိုင်းကို ဂျော်ကီလို့မခေါ်ပါဘူး။ ကျွန်တော်တို့တချို့ရုပ်ရှင်တွေမှာ သူဌေးကြီးတွေမြင်းပွဲလောင်းတဲ့အခန်းမျိုး မကြာခဏမြင်ဖူးပါလိမ့်မယ်။ အဲဒီပြိုင်ပွဲဝင်မြင်းတွေရဲ့ ကျောပေါ်ကနေစီးနင်းပေးရတဲ့ကစားသမားကို ဂျော်ကီလို့ခေါ်တာပါ။ လူအများစုကတော့ မြင်းပွဲတစ်ပွဲမှာ အမြန်ဆုံးမြင်းကနိုင်တာပဲလို့ အကြမ်းဖျဥ်းသိထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲတစ်ပွဲမှာအနိုင်ရဖို့ ဂျော်ကီတစ်ယောက်ရဲ့အရည်အချင်းနဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲဆိုတာအပြင် တကယ့်လက်တွေ့မှာဂျော်ကီတွေရဲ့ဘဝကဘယ်လိုအနိမ့်အမြင့်တွေရှိမယ်၊ စွန့်စားရမှုတွေ၊ ဝါသနာအတွက်ပေးဆပ်ရမှုတွေကို ရုပ်ရှင်တစ်ကားဆိုတာထက် Documentary ဆန်ဆန်တင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားပါ။ အားကစားနောက်ခံဇာတ်ကားလို့လည်း ခေါ်နိုင်ပေမဲ့ အားကစားနောက်ခံကားတွေမှာ မြင်ရနေကျ ဒရာမာချိုးတဲ့အကွက်ကြီးတွေမပါပါဘူး။ အဓိကဇာတ်ဆောင်မင်းသားဟာ ကစားသမားဘဝရဲ့နေဝင်ချိန်ကိုနီးကပ်နေပြီဖြစ်တဲ့ ဝါရင့်ဂျော်ကီကြီးတစ်ယောက်ဖြစ်ပါတယ်။ ခုနကပြောခဲ့သလိုပဲ ဒီဇာတ်ကားဟာ သူ့ကိုတည်ပြီးတော့ သူ့ကစားသမားဘဝနေဝင်ချိန် အစိတ်အပိုင်းလေးတစ်ခုကို Documentary ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီဇာတ်ကားကို ကြည့်ပြီးရင် သင်ခန်းစာတို့ဘာတို့တော့မရနိုင်ပေမဲ့ ကိုယ်မသိခဲ့တဲ့နယ်ပယ်တစ်ခုအကြောင်းကိုတော့ အလုံးစုံမဟုတ်တောင် ထဲထဲဝင်ဝင်သိသွားမှာပါ။ အဓိကဇာတ်ဆောင်နေရာက မင်းသားကြီးရဲ့သရုပ်ဆောင်ချက်တွေကအပိုအလိုမရှိတဲ့အပြင် Drama တွေကလည်း Over acting တွေ ပေါကွက်တွေမပါပါဘူး။ ဒိုင်ယာလော့ဂ်တွေဆိုရင်လည်းမဆိုးဘူးဆိုတာထက်ကိုပိုပါတယ်။ နည်းနည်းတော့ပျင်းစရာကောင်းမယ်ထင်ရပေမယ့် ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားတစ်ကားဖြစ်မယ်လို့အာမခံကြောင်းပါခင်ဗျား... (ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.2GB, 550MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 34Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Khant Bo Encoded by Y

Drama • Horror
6 2021 94 mins
Jockey
The Story Of The Night Watcher

ယင် နဲ့ ယန်အားပြိုင်မှု... ကောင်းခြင်းဆိုးခြင်းတွေက ကျင့်စဉ်တွေအပေါ် သက်ရောက်တာမဟုတ်ဘဲနဲ့ အဲ့ဒီကျင့်စဉ်ကိုကျင့်နေတဲ့လူအပေါ်မှာပဲ မူတည်နေပါတယ်တဲ့..... အေးချမ်းလှတဲ့ ယန့်မြို့လေးမှာ လွန်ခဲ့တဲ့တစ်လအတွင်း လူသေမှုခြောက်မှု နဲ့ လူပျောက်ဆုံးမှုတွေအများကြီး ဖြစ်လာခဲ့ပါတယ်။ သေဆုံးတဲ့သူတွေကို ကြည့်လိုက်တော့လည်း ခြောက်ချက်အကုတ်ခံရတဲ့ မြောင်လက်ရာလိုလိုမြင်ရတော့ လူတွေပြောကြတာက ကြောင်မိစ္ဆာတဲ့။ ဒါပေမဲ့ အဲ့ဒီဒဏ်ရာတွေက သေစေလောက်တာမျိုးမဟုတ်တာကြောင့် မြို့ပေါ်ကရောက်လာတဲ့ လင်စစ်ဆေးရေးမှူးကတော့ အယုံအကြည်မရှိခဲ့ပါဘူး။ “ကျွမ်းကျင်ရာ လိမ္မာရာ” ဆိုတဲ့အတိုင်း ယန့်မြို့ကြီးရဲ့ ၆၇ ဆက်မြောက်သရဲဖမ်းသူရဲ့ တစ်ဦးတည်းသောတပည့်ဖြစ်တဲ့ ဟူဖန်ကတော့ သူ့လမ်းစဉ်အတိုင်း လူသတ်သမားကို ရှာဖွေဖို့ အစီအရင်တွေလုပ်ခဲ့ပါတယ်။ ကိုယ်ယောင်ဖျောက်နေတဲ့ လူသတ်သမားကိုရှာဖွေကြရင်း ယန့်မြို့ကြီးရဲ့အတိတ်ပုံပြင်တွေ၊ နာကျည်းစရာတွေ နဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေကို တွေ့ရှိသွားတဲ့အခါမှာတော့.... ဇာတ်လမ်းကပျင်းဖို့မကောင်းတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းပြီး ယုတ္တိဆန်တဲ့ရိုက်ချက်တွေကြောင့် အဆင်ပြေတဲ့ကားလေးမို့ ဆက်ကြည့်လိုက်တော့နော်... ။ ။ File size…912MB / 360MB Quality…1080p  Format…mp4 Duration….1h 22mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by JojoVa

Horror
0 2022 100 mins
The Story Of The Night Watcher
Nobody’s Daughter Haewon
6.7

Nobody’s Daughter Haewon(2013) ******************************** ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ဘဲ ပုံပြင်တစ်ပုဒ်ပြောပြနေသလိုမျိုး ဇာတ်ရှိန်ဖြည်းဖြည်းလေးနဲ့ ဇာတ်ကားတွေကိုကြိုက်တယ်ဆိုတဲ့သူတွေဆိုရင် ဒီဇာတ်ကားကို အကြိုက်တွေ့စေမှာပါ။ ဟယ်ဝန်းဆိုတဲ့တက္ကသိုလ်ကျောင်းသူအချောအလှလေးနဲ့ တက္ကသိုလ်ကပါမောက္ခတစ်ယောက်ရဲ့ တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ပါမောက္ခဟာ အိမ်ထောင်ရှိယောက်ျားဖြစ်ပြီးတော့ ကလေးလည်းရှိပါတယ်။ ဟယ်ဝန်းလည်း ဒါကိုသိပေမဲ့ ပိုးဖလံမျိုးမီးကိုတိုးဆိုသလိုပဲ သိလျက်နဲ့နောက်မဆုတ်နိုင်ဖြစ်နေတာပါ။ ဟယ်ဝန်းဟာ စိတ်ဆုံးဖြတ်ပြီး ပါမောက္ခနဲ့လမ်းခွဲခဲ့ပေမဲ့လည်း သူ့အမေက ကနေဒါကိုအပြီးထွက်သွားတဲ့နေ့မှာ စိတ်ဓါတ်ကျပြီး ပါမောက္ခကိုဖုန်းပြန်ခေါ်မိရာက သူတို့ဇာတ်လမ်းက တစ်ဖန်ပြန်စပါတော့တယ်။ ဒီဇာတ်ကားတစ်ခုလုံးက ဟယ်ဝန်းရဲ့ဘဝကိုပဲအခြေခံပြီးတော့ သူ့ရဲ့ဘဝအဖြစ်အပျက်ကိုပြောပြနေသလိုမျိုး ရိုက်ပြထားတာပါ။ ဒီတော့ အေးစက်စက်အချောအလှတက္ကသိုလ်ကျောင်းသူလေးနဲ့ ပါမောက္ခရဲ့အချစ်ဇာတ်လမ်းကရေ ာ ဘယ်လိုမျိုးအဆုံးသတ်မလဲ၊ ဟယ်ဝန်းရဲ့ဘဝကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဇာတ်ကားကြည့်ပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။ File Size : (2.2GB) and (844MB) Quality : Blu-Ray 1080p/720p Format…mp4 Duration…01:30:00 Genre : Romance,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

Adventure • Animation • Comedy • Family
6.7 2013 91 mins
Nobody’s Daughter Haewon
Saheb Biwi Aur Gangster Returns
6.7

Saheb Biwi Aur Gangster Returns (2013) IMDb – 6.7 /10 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကို ဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ် မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်က ချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလား ဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေ သစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကို လှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါ ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.7 2013 139 mins
Saheb Biwi Aur Gangster Returns
Phir Aayi Hasseen Dillruba
6.1

Phir Aayi Hasseen Dillruba (2024) “ချစ်ရပါသော” IMDb – 6.3/10 စောင့်မျှော်နေကြတဲ့ Haseen Dillruba(2021)ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို Netflixကနေ ထုတ်လွှင့်ခဲ့ပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ အရင်ဇာတ်ကောင်တွေပဲဖြစ်တဲ့ ၁၂တန်းကျမင်းသား ဗီခရန့်၊ ကျွန်တော့်အတွက်တော့ ဘယ်မင်းသမီးမှ တုပြိုင်ကာယှဉ်လို့မနှိုင်းနိုင်တဲ့ မင်းသမီးချောလေး တာ့ပ်ဆီးတို့ပါပဲ။ မင်းသား မင်းသမီးရဲ့အချစ်ဇာတ်လမ်းကို မသိသေးဘဲ ဒီကားကြည့်ရင်တော့ တစ်ခုခုလိုအပ်နေသလို ခံစားရမှာဖြစ်လို့ မကြည့်ဖူးသူတွေက Haseen Dillruba(2021)ကို အရင်ကြည့်လိုက်ကြပါဦး။ ချစ်သူအတွက် လက်တစ်ဖက်ကို စတေးခဲ့တဲ့ အချစ်သူရဲကောင်းကြီး ရီရှူ။ အရင်ကားဇာတ်သိမ်းမှာပြီးသွားတဲ့အတိုင်း ရီရှူတစ်ယောက် အချစ်အတွက် အရာရာစတေးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ တရားဥပဒေကိုတော့ အချစ်နဲ့သက်သေပြလို့မရတဲ့အတွက် တိမ်းရှောင်နေရင်း အချစ်က မြစ်တစ်စင်းဆို ကမ်းတစ်ဖက်စီဖြစ်လို့နေတဲ့ ချစ်သူနှစ်ယောက် အချစ်မြစ်ကြီးကိုဖြတ်သန်းဖို့ကြိုးစားကြရာမှာ မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ကံကြမ္မာတစ်ပတ်လည်ပြန်လေသလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Fantasy • Crime
6.1 2024
Phir Aayi Hasseen Dillruba
A Nonsense Christmas with Sabrina Carpenter
6.8

A Nonsense Christmas with Sabrina Carpenter (2024) IMDb Rating (6.8) 2024 မှာ viral ဖြစ်သွားတဲ့ Espresso ဆိုတဲ့ သီချင်းကို ကြားဖူးနားဝ မရှိသူဆိုတာ မရှိသလောက်တောင် ဖြစ်မယ်လို့ထင်ပါတယ်။ ဒီသီချင်းနဲ့အတူ Sabrina Carpenter ဆိုတဲ့ အမျိုးသမီးလေးဟာလည်း သူ့ရဲ့ အနုပညာနဲ့ အရည်အချင်းကို အရင်ကထက်ပိုပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။ Short n’ Sweet era ကျမှ သူ့ကို စရင်းနှီးသူဆိုရင်တော့ သူ့ရဲ့ သီချင်းတွေ နားထောင်ပြီး ဒီကောင်မလေး nasty ဖြစ်လိုက်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို အဓိပ္ပါယ်နှစ်ခွဖြစ်စေပြီး witty ဖြစ်တဲ့ စာသားလေးတွေ ရေးတတ်တာက Sabrina Carpenter ရဲ့ အထာပါပဲ။ ဘာသာပြန်ကတော့ ဒီလိုစကားလုံးတွေကို လှပအောင် ကြွယ်တတ်တဲ့ သူ့စတိုင်လ်ကို အတော်သဘောကျပါတယ်။ အခုချိန်မှာ Sabrina Carpenter ဟာ Short n’ Sweet tour လုပ်နေပါတယ်။ Christmas Holiday မှာလည်း ပရိတ်သတ်တွေ မပျင်းရလေအောင် ဆရာမလေးက Netflix နဲ့အတူ A Nonsense Christmas ဆိုတဲ့ musical comedy holiday special လေး ထွက်ရှိထားပါတယ်။ ဆိုလိုတဲ့အတိုင်းပဲ သီချင်းတွေလည်းဆိုရင်း ဟာသတွေလည်း လုပ်ရင်း SNL ကြည့်နေရသလိုပါပဲ။ အစက သီချင်းတွေပဲ တန်းစီဆိုသွားမယ်ထင်ထားပေမဲ့ တင်ဆက်ထားပုံက ဆန်းသစ်ပြီး ကြည့်လို့ကောင်းပါတယ်။ ဒါ့အပြင် နာမည်ကျော်တေးဂီတရှင်အမျိုးသမီးတွေလည်း Guest အနေနဲ့ လာရောက်တင်ဆက်ထားပါသေးတယ်။ ဒီတော့ TV-14 rating လို့ သတ်မှတ်ပေးထားတဲ့ Netflix ရှိုးမှာ အဆဲသန်တဲ့ မမဆဘရီနာတို့ သူ့ကိုယ်သူ ဘယ်လိုတွေ ချုပ်တည်းပြီး တင်ဆက်သွားမလဲဆိုတာ ရှုစားပေးကြပါဦး။ **P.S – ကျန်တဲ့သီချင်းတွေ English လို စာတန်းထိုးထား‌ပေမဲ့ ရှိုးမိတ်ဆက်သီချင်းလေးကတော့ မပြန်မဖြစ်မလို့ ဘာသာပြန်လိုက်ရပါတယ်။** (အညွှန်းနဲ့ဘာသာပြန်ကတော့ A 5ft Tall Girl ဖြစ်ပါတယ်။) File size…(1.4 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Documentary, Music Duration….00:50:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by A 5ft Tall Girl

6.8 2024 50 mins
A Nonsense Christmas with Sabrina Carpenter
Oz the Great and Powerful
6.3

သက္ကရာဇ် ၁၉၀၅ ခုနှစ်မှာ အော်စကာ လို့အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် The Land of OZ ခေါ်တဲ့နေရာကို ရောက်ရှိသွားပါတယ်။ သူရောက်ရှိသွားတဲ့ နေရာမှာ သီအိုဒေါဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ပါတယ် အဲ့မိန်းမလှလေးက အော်စကာ ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့စုန်းမကြီးလက်ထဲကနေ ကယ်တင်မဲ့ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အော်စကာဟာ မှော်ပညာတက်တဲ့ သူတစ်ယောက်မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်။ ဒီလိုနဲ့ အော်စကာဟာဆိုရင် နန်းတော်ကို ရောက်သွားပြီး သီအိုဒေါရဲ့ အစ်မ ဘုရင်မတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ထို့နောက် မှာတော့ အော်စကာဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖို ဆိုသလို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီး မဟုတ်တဲ့အပြင် တစ်ကယ့် အမှန်တရားတစ်ခုကိုသိလာရတဲ့ အခါမှာတော့… ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားကျပါခင်ဗျာ။ File size… 6.4 GB / 2.9 GB / 1.3 GB Quality… WEB-DL HEVC 4K / 1080p / 720p Format… mp4 & mkv Audio… AAC & AC-3 Duration…. 2h 10m Genre ….. Adventure, Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Gurelia

Drama • Mystery • Romance
6.3 2013 130 mins
Oz the Great and Powerful
Mazaka
5.1

Mazaka (2025) “အဖေတစ်ခု သားတစ်ခု” အသစ်ထွက် တေလဂူး မိသားစုဟာသကားလေးကို တင်ဆက်လိုက်ပါတယ် ရာမာနာဟာ သူ့သားလေးကိုမွေးမွေးချင်းမှာပဲ ဇနီးသည်ကို ဆုံးရှုးလိုက်ရလို သားလေးအရွယ်ရောက်တဲ့အထိ သားအဖနှစ်ယောက်တည်း အတူနေခဲ့ရတယ် သားဖြစ်သူက မိသားစုဆိုတဲ့အရာကို တောင့်တလာတဲ့အခါမှာ မိန်းမပေးစားဖို လိုက်ရှာပေမဲ့ အမျိုးသမီးမရှိတဲ့အိမ်ကို ဘယ်သမီးရှင်မှ သမီးမပေးနိုင်တာမို သူကိုယ်တိုင် အရင်အိမ်ထောင်ပြုဖို ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေ ဖြစ်လာမှာလဲဆိုတာ ပေါ့ပေါ့ပါးပါး ရယ်မောရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Cym ~ Zwe ~ Yunni တိုမှ ဖြစ်ပါတယ်ခင်ဗျာ

Mystery • Horror • Thriller
5.1 2025 128 mins
Mazaka
Undercurrent: 12 Hours of Terror
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – လောင်းကစားရုံတစ်ခုမှာ အမေရိကန်ဒေါ်လာ ၅ သိန်းကို လောင်းကြေးအဖြစ် လောင်းနေချိန် ရဲတွေဝင်ဖမ်းတဲ့အတွက် ရှုပ်ထွေးသွားခဲ့ပါတယ်။ ရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူပြီး လောင်းကစားသမား ကျန်းလင်က ငွေအိတ်ကို ဆွဲပြီး ထွက်ပြေးလာခဲ့တဲ့အတွက် လောင်းကစား ရုံပိုင်ရှင် အစ်ကိုလိတို့အဖွဲ့က လိုက်သတ်ဖို့ လုပ်ပါတော့တယ်။ ကျန်းလင်က အနီးနားက အပန်းဖြေဟိုတယ်တစ်ခုထဲ ဝင်ပုန်းခဲ့ပြီး ငွေအိတ်ကို ဟိုတယ်ရဲ့ ဘီရိုအမှတ် ၈၁၅၉ ထဲ ဖွက်ထားခဲ့ပါတယ်။ တိုင်ဖွန်မုန်တိုင်း တိုက်ခါနီးဖြစ်တဲ့အတွက် ဟိုတယ်က ဧည်သည်တွေအကုန် ပြန်ကုန်ကြတဲ့အတွက် ဟိုတယ်မှာ ဝန်ထမ်းနည်းနည်းပဲ ကျန်ခဲ့ပါတယ်။ ဒေါ်လာ ၅ သိန်းပါတဲ့ ငွေအိတ်ကြီးကို ဝန်ထမ်းတစ်ယောက်က တွေ့သွားတဲ့အခါ လောဘက အနိုင်ရသွားမလား…… ဒေါ်လာ ၅ သိန်းပါတဲ့ ငွေအိတ်နောက် လိုက်လာတဲ့ ဒုစရိုက်အဖွဲ့ကရော ငွေအိတ်ကို ပြန်ရအောင် ဘယ်လိုပြန်လိုက်ကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Thriller • TV Movie
5.8 2025
Undercurrent: 12 Hours of Terror
Don’t Mess with Grandma
6

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖို အက်ရှင်ဟာသဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ်.. ဒီကားလေးမှာဆိုရင် အဘွားဖြစ်သူနေအိမ်ကို ဝင်ရောက် လုယက်ဓားပြတိုက်ဖို့ ကြိုးစားသူလူတစ်စုကို မြေးဖြစ်သူက ကာကွယ်တိုက်ထုတ်ပုံတွေကို ရယ်သွမ်းသွေးဖွယ် စိတ် လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်.. Jasper ဟာ စစ်ပြန်တစ်ယောက်ဖြစ်ပါတယ် အဘွား ဖြစ်သူ့အိမ် ပြန်လာတဲ့တစ်ည အရက်လေးတမြမြနဲ့ လက်ဆေးကန်ပြင်ဆင်ရင်းရှိနေသူ Jasper ဟာ နေအိမ် တွင်းသို့ ဖောက်ထွင်းဝင်ရောက်လာသူ ဓားပြများနှင့် ကြုံကြိုက်ရကာ ၎င်းတို့အား တိုက်ထုတ်ရပါတော့တယ်.. ဓားပြများဟာ သေစေနိုင်လောက်တဲ့ လက်နက်များနှင့် တိုက်ခိုက်သော်လည်း လူသတ်ဖို့ကိစ္စကို မလုပ်လိုသူ Jasper ဟာ ဖောက်ထွင်းဝင်ရောက်သူများကို ထိုးကြိတ် သတ်ပုတ်ကာ အိမ်အပြင်သို့သာ နှင်ထုတ်ပါတယ်.. အဘွားဖြစ်သူဟာတော့ အကြားအာရုံမကောင်းသဖြင့် အိမ်အတွင်းတိုက်ခိုက်သတ်ပုတ်ရာမှ ထွက်လာသော ဆူညံသံများကို မကြားဘဲ နေမြဲအတိုင်း လုပ်စရာရှိတာ လုပ်ရင်း သာမန်ညလေးတစ်ညကို စာဖတ်ရင်း ဟင်းချက်ရင်း ဖြတ်သန်းနေလျက်ရှိစဉ် Jasper တစ်ယောက်ကတော့ အသက်အန္တရာယ်ဘေးကို အဘွားမသိအောင် ရင်ဆိုင် နေရပါတယ်… ဖောက်ထွင်းဝင်ရောက်သူများဟာ Jasperရဲ့ ထွက်သွားဖို့ သတိပေးစကားကိုနားမထောင်ဘဲ လူတွေထပ်တိုးထပ်တိုး စစ်ကူခေါ်ရင်း Jasper အဘွားအိမ်ကို ရအောင်ဓားပြတိုက်ဖို့ ကြိုးပမ်းရာ ဘော်လိဝုဒ်ကားအလား အသတ်အပုတ် အတိုက် အခိုက် အလွင့်အစင်များဖြင့် လူ ၁ ယောက်နှင့် အယောက် ၂၀ နီးပါးလူတစ်စု တိုက်ခိုက်ရတဲ့နောက်မှာတော့… ဒီရုပ်ရှင်လေးကတော့ အက်ရှင်ဟာသဇာတ်မြူးကြည့်ရှုလို သူပရိသတ်များအတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင် ကားလေးဖြစ်လို့ စိတ်အပန်းပြေကြည့်ရှုလိုသူ ရုပ်ရှင်ချစ် ပရိသတ်များ ရွေးချယ်နိုင်စေဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက် ရပါတယ်ခင်ဗျာ….. File size… (868 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 21m Genre …..Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Comedy • Romance
6 2024 81 mins
Don’t Mess with Grandma
Can I Get a Witness?
6

အနာဂတ် မှာဖြစ်လာမှာကိုကြိုတင်စိတ်ကူးယဥ် ဖန်းတီးထားတာပါ။ ကမ္ဘာကြီးမှာ အစားအသောက် ၊ရေ၊မြေ ပိုက်ဆံနဲ့ အာဏာတွေကြောင့် စစ်ပွဲများ ဖြစ်လာပြီးနောက် ထိုစစ်ပွဲများကိုရပ်တန့်ဖို့အတွက် အခြေခံဥပဒေဖွဲ့စည်းပုံအသစ်ကို ထုတ်ပြန်ခဲ့ပြီး လူတိုင်းကလက်ခံခဲ့ကြပါတယ်။ ထိုဥပဒေဟာ လူ့သက်တမ်း ငါးဆယ်ပြည့်တာနဲ့ ကမ္ဘာမြေကြီးကနေ ကိုယ့်ဘဝကိုအဆုံးသတ်သွားပေးဖို့ ဖြစ်ပြီး သတ္တဝါတိုင်းအတွက် တရားမျှတမှုရှိစေရန် ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ ဒီကားမှာတော့ ကီရာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ လူတွေအသက်ငါးဆယ်ပြည့်တဲ့အခါ ဘာလို့ အဆုံးစီရင်ဖို့ လက်ခံကြလဲဆိုတာကိုနားမလည်နိုင်သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ လူတွေအဆုံးစီရင်ကြတဲ့အချိန်မှာ သေချာအောင် သက်သေအဖြစ် စောင့်ကြည့်ပေးရတဲ့ E.O.Lအဖွဲ့အစည်းမှာ အလုပ်စလုပ်ခဲ့ပါတယ်။ ထိုအလုပ်စလုပ်တဲ့အချိန်ကစပြီး သူမ ဘာတွေလေ့လာရမလဲ… ဘယ်လိုအတွေ့အကြုံတွေရမလဲ…. လူတွေဘယ်လိုအဆုံးစီရင်ကြလဲဆိုတာကိုတွေ့မြင်ပြီး ထိုဥပဒေကိုလက်ခံနိုင်ဖို့ကြိုးစားတာကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ တရားမျှတမှုတွေ ဘဝရဲ့အဓိပ္ပာယ်တွေကို ကြည့်မြင်နိုင်ရမှာဖြစ်ပြီး ကြည့်ပြီးတဲ့အချိန်မှာတော့ စိတ်ထဲတစ်ခုခုကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။ File size… (1.52 GB) / (899 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

6 2024 110 mins
Can I Get a Witness?
The X-Files
7

The X-Files (1998) IMDb Rating (7.0) / Rotten Tomatoes (66%) နာမည်ကျော်သိပ္ပံစိတ်ကူးယဉ်စီးရီး “The X-Files” ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ The X-Files: Fight the Future ကိုညွှန်းပေးချင်ပါတယ်။ FBI အေးဂျင့်နှစ်ဦးဖြစ်တဲ့ Fox Mulder နဲ့ Dana Scully တို့ဟာ Dallas မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတစ်ခုကို စုံစမ်းစစ်ဆေးရာကနေ အစိုးရရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို သိခဲ့ရပါတော့တယ်။ ဒီလျှို့ဝှက်ချက်ဟာဆိုရင် ဂြိုဟ်သားတွေနဲ့ပါဆက်စပ်မှုရှိနေပြီး ကမ္ဘာမြေကိုခြိမ်းခြောက်နိုင်မယ့် အန္တရာယ်လည်းရှိနေပါတယ်။ သူတို့နှစ်ယောက်အနေနဲ့ ဒါကိုဖော်ထုတ်နိုင်ဖို့ သက်စွန့်ဆံဖျားကြိုးစားကြပုံတွေကို သည်းထိတ်ရင်ဖိုခံစားနိုင်မှာဖြစ်ပါတယ်။ စီးရီးရဲ့ပရိတ်သတ်တွေဆိုရင်လည်း ဇာတ်ကြောင်းကဆက်စပ်နေတာကြောင့် ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုရင်မမှားပါဘူး။ Sci-Fi thriller ရုပ်ရှင်တွေကြိုက်နှစ်သက်သူတွေဆိုရင်လည်း “The X-Files” ကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery,Science Fiction,Thriller Duration….02:02:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Theint Waddy Lynn

Mystery • Thriller • Drama
7 1998 121 mins
The X-Files