YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Bank Robbers - The Last Great Heist (2022) 1080p.mp4

1.98 GB N/A video/mp4 1685 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Overnight
5.3

န်မာနိုင်ငံက နာမည်ကျော် စာရေးဆရာကြီးတစ်ယောက်ကို ပန်းချီဆရာတစ်ယောက်က သူ့ပန်းချီကားပြည့်စုံလားမေးတော့ ပြန်ပြောဖူးတယ်။ "ဟ မင်းဟာက ပန်းချီလေ။ ပြည့်စုံတယ် ဘယ်ရှိမလဲ။ အနုပညာဆိုတာ မပြည့်စုံဘူး။ ပြည့်စုံနေမှတော့ မင့်ဟာက အနုပညာမဟုတ်ဘဲ ဘုရားဖြစ်သွားမှာပေါ့ကွ" တဲ့။ ရုပ်ရှင်ဆိုတာလည်း အနုပညာပါပဲ။ ဘုရားမဟုတ်ပါဘူး။ ခြောက်ပြစ်တော့ ကင်းမနေပါဘူး။ တစ်ယောက်အတွက်ကောင်းတဲ့ကားက တစ်ယောက်အတွက်ကောင်းချင်မှလည်း ကောင်းမှာမလား။ နှလုံးသားနဲ့ ဆံ့သလောက် ယူလိုက်ကြတာပေါ့။ ဒီရုပ်ရှင်ဟာလည်း ဘုရားမဟုတ်တဲ့အတွက် ချွတ်ယွင်းချက်လေး တစ်ချို့ရှိပါတယ်။ အားသာချက်တစ်ချို့လည်းရှိပါတယ်။ ဇာတ်လမ်းကတော့ စတန်လေကူးဘရစ်ရဲ့ The Shining လိုလိုပါပဲ။ ကားတစ်စီးနဲ့ အတွဲတစ်တွဲ ဟိုတယ်ကြီးတစ်ခုရောက်သွားတယ်။ အဲဒီကနေ ဇာတ်တွေဆက်ရှုပ်တယ်။ ဒီမှာတော့ နတ်ဆိုးတွေ ဘာတွေပါပါတယ်။ ဇာတ်ကိုလည်း မထင်ထားတာတွေတော့ လှည့်ပါတယ်။ ကူးဘရစ်ရိုက်ခဲ့တဲ့ A Clockwork Orange စာအုပ်ကိုလည်း ထည့်သွင်းပြသသွားပါတယ်။ ကူးဘရစ် Reference တွေလည်း တော်တော်ပါပါတယ်။ သူ့ရဲ့အားသာချက်ကတော့ မင်းသမီးရဲ့ ရှေ့ပိုင်းနဲ့ ‌နောက်ပိုင်းအလှကို ရှင်းရှင်းဘွင်းဘွင်းသေချာပြသွားတာပါပဲ။ မင်းသမီးကလည်း လှတယ်ဆိုတော့ ဒီကားကောင်းတယ် သတ်မှတ်ရပါလိမ့်မယ်။ Size - 1.01GB, 567MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • History • Romance
5.3 2022 90 mins
The Overnight
Dragon Blade
5.9

Dragon Blade (2015) =============== IMDb Rating – 5.9/10 ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအ‌ကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။ မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် အချိန်လုပ်အား သက်သာရတာတွေကို အသားပေးထားလို့ တရုတ်ကားမှ ဟုတ်ပါလေစလို့ ထင်မှတ်ရတဲ့အထိပါပဲ။ တရုတ်တို့ရဲ့ အသောက်အစား ရေမြေတောတောင်ကိုဖွဲ့တဲ့ ဂီတသံအပြီးမှာ ရောမတို့ရဲ့ နိုင်ငံချစ်စိတ်၊ သူရဲကောင်းစိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုး တတ်ပုံတွေကို အတိုင်းသားမြင်ရတဲ့ ဂီတသံကို တရုတ်တို့ အံ့ဩဘနန်းဖြစ် ရပုံလည်း မြင်ရပါဦးမယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာပါတဲ့။ ရောမအင် ပါယာကြီးကနေ ထွက်ပြေးလာတဲ့ အိမ်ပြေး ဗိုလ်ချုပ်တစ်ယောက်နဲ့ ပိုးလမ်း မကြီးထက်က နိုင်ငံရာဇဝတ်သား ရဲဘက်အလုပ်သမား တရုတ်ဗိုလ်မင်းတစ် ယောက်တို့ရဲ့ ၁၅ ရက်တာ ခင်မင်မှုကနေ အသက်ပေး ချစ်ခင်ရသူ မိတ်ဆွေ ကြီးတွေ ဖြစ်ခဲ့ရတဲ့ဇာတ်လမ်းပါ။ ရောမအင်ပါယာမှာ လက်ရှိတရားသူကြီး ချုပ် (ဘုရင်) ရဲ့ အကြီးဆုံးသားက ထီးနန်းဆက်ခံသူ ညီအငယ်ဆုံးကို မျက် ကန်းဖြစ်အောင် အဆိပ်ခပ်လိုက်တဲ့အခါ သစ္စာရှိဗိုလ်ချုပ် လူစီးယက်စ်က သားတော်လေးကို ကယ်တင်ထွက်ပြေးလာပြီး တရုတ်နဲ့ အနောက်ဒေသနယ် စပ် ပိုးလမ်းမကြီးထက်က ငန်းရိုင်းဂိတ်တံခါးကို ရောက်လာပါတယ်။ တရုတ်အင်ပါယာ ဟန် မင်းဆက် ပိုးလမ်းမကြီးကာကွယ်ရေး တပ်ခွဲလေးတစ် ခုက ခေါင်းဆောင်ဗိုလ်မင်း ဟိုအန် က သူ့ရဲ့လက်ထောက် သစ္စာဖောက်တဲ့ အတွက် ရွှေမှောင်ခိုလုပ်တဲ့အမှုတွဲတပ်ခံရပြီး ရာဇဝတ်သားဖြစ်ခဲ့ရတယ်။ သူ့ကို ငန်းရိုင်းဂိတ်တံခါးမှာ ရဲဘက်အလုပ်သမားအဖြစ် တာဝန်ပေးခံရချိန် ဂိတ်တံခါးကို ခြိမ်းခြောက်လာတဲ့ ရောမတပ်မဟာကြီးကို ရင်ဆိုင်လိုက်ရပါ တယ်။ နောက်ဆုံး လူစီးယက်စ် နဲ့ ဟိုအန် စီးချင်းထိုးဖို့ဖြစ်လာပြီး တိုက်ပွဲဝင် နေစဉ်မှာ သဲမုန်တိုင်းတိုက်လာတဲ့အတွက် ဟိုအန် က လူစီးယက်စ် ကို မြို့ထဲ အဝင်ခံပြီး တစ်ညတာ တည်းခိုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဟိုအန် ရဲ့ မြို့ တော်တည်ဆောက်ရေးလုပ်ငန်းမှာ လူစီးယက်စ် ကဝင်ကူရင်း သွေးချင်းညီ နောင်သဖွယ် ညီအစ်ကိုရင်းချာလို မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် မှာပဲ ရောမအင်ပါယာက ကောက်ကျစ်တဲ့ သားကြီးဩရသက ညီငယ်နောက် လိုက်လာပြီး သူ့ရဲ့တပ်မဟာကြီးနဲ့ ငန်းရိုင်းဂိတ်တံခါးကို ဝိုင်းလိုက်တဲ့အချိန်မှာတော့ … Jackie Chan ရယ်၊ 2012 ကမ္ဘာပျက်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ John Cusack တို့က ခေါင်းဆောင်မင်းသားတွေဖြစ်ပြီး The Pianist ဇာတ်ကား ထဲက မင်းသားကြီး Adrien Brody က ဗီလိန်အဖြစ် ဝေဝေဆာဆာ ပါဝင် သရုပ်ဆောင်ထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2.66 GB) / (1.53 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 07Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Drama, Fantasy Translator…….Arr Khun Winchester Encoder……….Zin Phyo Aung

Thriller • Mystery • TV Movie • Drama
5.9 2015 127 mins
Dragon Blade
She Came from the Woods
4.5

She Came from the Woods (2023) ========================= Horror ရုပ်ရှင်ကြည့်နေကျသူတွေဆို ဇာတ်ကားနာမည်မြင်လိုက်ရုံနဲ့ ခန့်မှန်းမိကြမယ်ထင်ပါတယ်။ဟုတ်ပါတယ်… အမေရိကန် Horror ရုပ်ရှင်တစ်ကားပါ။ သွေးရဲရဲသံရဲရဲတွေနဲ့ အမှန်အကန် ကြောက်စရာ ကောင်းတာမို ကြောက်တတ်သူများ မကြည့်ကြဖို ကြိုသတိပေးထား ပါရစေ။ ဇာတ်လမ်းအကျဥ်းတော့… ကျောင်းသားအရွယ် ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တစ်စုဟာ မက်ကာလစ်စတာမိသားစုရဲ့ဦးဆောင်မှုနဲ့ နွေရာသီစခန်းချခရီးထွက်ခဲ့ ကြပါတယ်။ ကန့်ပ်၀င်နေတဲ့ တစ်လျှောက်လုံး ပျော်ပျော်ပါးပါးရှိခဲ့ကြပေမဲ့ ပြဿနာက ခရီးစဉ်နောက်ဆုံးညမှာ စတင်ခဲ့ပါတယ်။ အဲဒါကတော့ သ ဘာ၀လွန်ကိစ္စတွေကို မယုံတတ်ဘဲ စူးစမ်းချင်တဲ့ လူငယ်တိုရဲ့ထုံးစံအတိုင်း ပီတာတိုလူငယ်တစ်စုဟာ ရှေးရိုးအစီအရင်တစ်ခုကို အပျော်သဘော လုပ် မိသွားတာပါ။ အဲဒီကစလို ပျော်နေတဲ့ လူငယ်လေးတွေဆီ ဂြိုလ်ဆိုးတွေ စတင်၀င်ရောက်လာပါတော့တယ်။ အဲဒီအခါ မက်ကာလစ်စတာမိသားစုနဲ့ ပီတာတိုသူငယ်ချင်းတစ်စုဟာ အသက်ရှင်သန်ရေးအတွက် ကြိုးစားကြရပြီပေါ့။ ဒီလိုနဲ့ ဘာတွေရုန်းကန် ရင်ဆိုင်ရပြီး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်မလဲ…။ သွေးသံရဲရဲဆိုပေမဲ့ လည်း သူ့မြှုပ်ကွက်ဇာတ်ကြောင်းလည်း ရှိတာကြောင့် အသည်းတအေး အေးနဲ့ စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.21 GB) / (543 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator……C’mon Encoder……….SWM

4.5 2023 101 mins
She Came from the Woods
Race to the Summit
6.7

Race to the Summit (2023) ==================== IMDb Rating – 6.7/10 CM ပရိသတ်ကြီးအတွက် တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Netflix က ထုတ်လုပ်တဲ့ Documentary Film တစ်ခု တင်ဆက် ပေးလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံသား တောင်တက်သမား အူလီ ဆက်ခ် အကြောင်းကို လိုက်လံ့မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ် ရှင်ပါ။ အူလီဆက်ခ်ဟာ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ မွေး ဖွားခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့ နီပေါနိုင်ငံမှာ တောင်တက်ရင်း မတော်တဆဖြစ်ပြီး ဆုံးပါးသွား ခဲ့တာပါ။ သူဟာ ကမ္ဘာတစ်လွှားက နာမည်ကြီးတောင်တွေကို ထိန်း ကြိုးမပါဘဲ အမြန်တက်ရင်း စံချိန်တွေတင်ခဲ့တဲ့သူပါ။ အရမ်းအန္တရာယ် များတဲ့ တောင်တွေကို ထိန်းကြိုးမပါဘဲ တက်ခဲ့တာမို့ မီဒီယာတွေ ကြားမှာ၊ တောင်တက်သမားတွေကြားမှာ အရမ်းကို နာမည်ကြီးပါ တယ်။ အူလီဆက်ခ်တစ်ယောက် ဒီစံချိန်တွေကို ဘယ်လိုတင်ခဲ့တာလဲ၊ ဘယ် လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာမှတ်တမ်းရုပ်ရှင်ထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.75 GB) / (792 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Adventure, Sport Translator…….Leonard Lin Encoder……….SWM

Comedy • Romance
6.7 2023 90 mins
Race to the Summit
Shahid
8.2

Shahid (2012) “အမှန်တရားဘက်တော်သား” IMDb -8.2/10 ချတာတွေလည်းမကြိုက်ဘူး။ ရိုတာတွေလည်းငြီးငွေ့နေကြတဲ့ CM ပရိသတ်ကြီးအတွက် ရုံတင်အမြတ်ငွေ 5 ဆကျော်ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်၊ Scam 1992ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီးHansal Mehtaတစ်‌ယောက် ကားတိုင်းအရှုံးပေါ်နေရာကနေ ဝက်ဝက်ကွဲပြန်အောင်မြင်ခဲ့တဲ့ Biography movieလေးတစ်ကားဖြစ်တဲ့ Shahidဆိုတဲ့movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးကိုတော့ ရှေ့နေကြီးShahid Azmiတစ်ယောက် လုပ်ကြံခံရပြီးချိန်မှာရိုက်ကူးဖို့ ဒါရိုက်တာMehtaတစ်‌ယောက် အကြံရခဲ့တာဖြစ်ပါတယ်။ ဘုံဘေအဓိကရုဏ်းဖြစ်ချိန်မှာ ရှာဟစ်ဒ်ဟာ ၁၅ နှစ်အရွယ် မြီးကောင်ပေါက်လူငယ်တစ်‌ယောက်၊ ဆယ်ကျော်သက်ပီပီ စူးစမ်းချင်စိတ် မခံချင်စိတ်ကများတော့ အဓိကရုဏ်းထဲဘုမသိဘမသိဝင်စပ်စုရင်း ရဲဘက်ကဖမ်းတဲ့ထဲပါသွားပါတော့တယ်။ ဒါပေမဲ့ အသက်မပြည့်သေးတော့ ရှာဟစ်ဒ်ပြန်လွတ်လာတာပါတယ်။ အဓိကရုဏ်းမှာ ကမောက်ကမဖြစ်နေတဲ့ကြား ရှာဟစ်ဒ်တစ်‌ယောက် အကြမ်းဖက်လေ့ကျင့်ရေးစခန်းကိုလိုက်သွားခဲ့ပေမဲ့ အကြမ်းဖက်တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေတာကိုမြင်ပြီး ဘုံဘေကိုပြန်လာခဲ့ပေမဲ့ ရဲဘက်ကသတင်းရပြီး ရှာဟစ်ဒ်တစ်‌ယောက် အကြမ်းဖက်ကာကွယ်ရေးဥပဒေ(POTA)နဲ့ငြိပြီး ဖမ်းခံရပါတော့တယ်။ အကြမ်းဖက်မှုနဲ့ဖမ်းခံရ အတင်းအကြပ်အပြစ်တွေဝန်ခံခဲ့ရပြီး ထောင်နန်းစံခဲ့တဲ့ ရှာဟစ်ဒ်တစ်ယောက် ထောင်ထဲမှာ ဦးနှောက်ဆေးချင်သူတွေ ဖျက်ဆီးချင်သူတွေ ဒုနဲ့ဒေးရှိနေပေမဲ့ ကံကောင်းချင်တော့ လမ်းညွှန်ပေးမယ့်သူနဲ့ဆုံပြီး ထောင်ကလွတ်လာချိန်မှာ ဥပဒေပညာကိုသင်ယူလို့ ရှေ့နေဖြစ်လာပါတော့တယ်။ တစ်ချိန်ကကိုယ်တိုင် POTAဥပဒေနဲ့ မတရားသဖြင့်ဖမ်းဆီးခံခဲ့ရတဲ့ ရှာဟစ်ဒ်တစ်‌ယောက် သူ့လိုအဖြစ်မျိုးထပ်မကြုံရလေအောင် အကြမ်းဖက်သမားရယ်လို့ စွပ်စွဲခံရ ခေါင်းစဉ်တပ်ခံရတဲ့သူတွေကို အစွမ်းကုန်ကယ်တင်ဖို့ကြိုးစားရင်း အမှန်တရားအတွက် အများနဲ့တစ်ယောက် ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲဆိုတာ ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.2 2012
Shahid
The Delinquents
6.8

The Delinquents (2023) ~ IMDb – 6.8/10, RT – 84%, Meta – 86% ~ ဒီတစ်ခေါက်မှာတော့ ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် ၉၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် အာဂျင်တီးနားနိုင်ငံကနေ “အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆု” အတွက် စာရင်းတင်သွင်းထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ World Premiere ကိုလည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Un Certain Regard ဆိုတဲ့ ကဏ္ဍမှာ ပြခွင့်ရခဲ့တာပါ။ မြို့မှာဆို လူတွေက အချင်းချင်းတွေ့ရင် ဘယ်လိုနှုတ်ဆက်ကြလဲ သိလား။ “ဘာအလုပ်လုပ်လဲ” “အလုပ်အကိုင် ဘယ်လိုလဲ” တဲ့။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အလုပ်ဆိုတာကြီးနဲ့ ဖော်ပြရတယ်။ အဲဒီအလုပ်ဆိုတာကြီးကိုသွားဖို့ မနက်တွေဆို တသမတ်တည်း ဒီအချိန်မှာပဲထ၊ မြင်နေကျဒီမျက်နှာတွေပဲ ပါမယ့် ဒီရထားကိုပဲစီး၊ ဒီအလုပ်တွေကိုပဲ ပြန်လုပ်၊ နောက်တစ်ရက်ကျတော့လည်း အရင်နေ့က လုပ်ခဲ့တာတွေကိုပဲ အစက ပြန်လုပ်၊ အဲ့လိုနဲ့ ပိတ်ရက်နည်းနည်းလေးမှာ ကမ်းခြေသွားတယ်ဆိုပါစို့၊ ရထားပေါ်မှာ တွေ့နေကျ မျက်နှာတွေကိုပဲ ဒီကမ်းခြေမှာ ပြန်စုပြီးတွေ့နေရ။ နေ့စဉ်ဘဝကိုယ်၌ကိုက အဖန်တလဲလဲသံသရာ…။ ဇာတ်ကားအဖွင့်မှာ ကိန်းတွေဂဏန်းတွေနဲ့ အလုပ်များနေကြတဲ့ ဘဏ်ဝန်ထမ်းတွေကို တွေ့ရမှာပါ။ ဘဏ်ရဲ့နိစ္စဓူဝပြဿနာတွေ အရှုပ်အရှင်းတွေနဲ့ မဆိုစလောက်နားချိန်လေးကို လုပြီး ဆေးလိပ်ထွက်သောက်နေရတဲ့ ဝန်ထမ်းတွေ။ ဒီထဲကမှ မိုရန်ဆိုတဲ့ ငွေထိန်းဖြစ်သူကတော့ ကိုယ်တွေရဲ့ ဇာတ်လိုက်ထဲက တစ်ယောက်ပေါ့။ အဲဒီညနေမှာတော့ သူဟာ တစ်သက်စာ အလုပ်မလုပ်ဘဲ နေနိုင်မယ့် ငွေပမာဏကို ဘဏ်က အလစ်သုတ်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ ရိုမန်ဆီ အပေါင်းအပါညှိပါတော့တယ်။ မိုရန်ဟာ ကိုယ်တိုင်ဝန်ခံ၊ ထောင်ထဲမှာ သုံးနှစ်ခွဲသွားနေမှာဖြစ်ပြီး ရိုမန်ကတော့ ငွေကို ဝှက်ပေးထားရမှာပဲဖြစ်ပါတယ်။ မိုရန်ထောင်ကထွက်လာတဲ့နေ့မှာ ၂ယောက်သား တစ်ဝက်စီ ခွဲယူကြပြီး တစ်သက်လုံး အလုပ်လုပ်စရာမလိုတော့တဲ့ ဘဝကို နေထိုင်ဖို့က အိပ်မက်ပါ။ သူတို့အိပ်မက်လေး အမှန်တကယ်ဖြစ်မလား… အပြောလွယ်သလောက် ထောင်ကျရတာဟာရော ထင်သလောက်လွယ်ပါ့မလား… ငွေပမာဏကြီးကြီးကို ဝှက်ထားရသူအဖို့ကရော pressure ကို ခံနိုင်ပါ့မလား… သူတို့၂ဦးသား မတူညီတော့တဲ့ နေ့စဉ်ဘဝတွေထဲက မတူညီတော့တဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်ရမှာပါ။ Comedy, Crime, Drama သုံးမျိုးပေါင်းကိုမှ တစ်ကားတည်းနဲ့ ၃နာရီကြာ အဝကြည့်ရမယ့် ရုပ်ရှင်စစ်စစ်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီရုပ်ရှင်မှာ အပိုင်း ၂ပိုင်းပါ,ပါတယ်။ ပထမတစ်ပိုင်းကတော့ ဘဏ်က ပိုက်ဆံအလစ်သုတ်တဲ့အပိုင်းဖြစ်ပေမဲ့ ဒုတိယအပိုင်းကတော့ သူတို့ ၂ယောက်လုံးရဲ့ အပြောင်းအလဲအပိုင်းပဲဖြစ်ပါတယ်။ ပြောရရင် ဒီအပိုင်းက တော်တော်လေး စိတ်ချမ်းသာရတယ် ဆိုရမယ်။ ဒီအပိုင်းကို ဇာတ်လမ်း Spoil သလိုဖြစ်မှာစိုးလို့ ပြောပြလို့ မရပေမဲ့ အာဂျင်တီးနားရဲ့ ကျေးလက်အလှတွေ ရှုခင်းတွေကို မဟူရာဆံပင်၊ မျက်လုံးရွှင်ရွှင်နဲ့ အတော်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့အတူ တွေ့ရမယ်ဆိုတာလောက်တော့ ပြောပြထားချင်ပါတယ်။ ဒီရုပ်ရှင်မှာ ထူးခြားတဲ့ နောက်တစ်ခုကတော့ သရုပ်ဆောင်တစ်ယောက်ဟာ ဇာတ်ကောင် ၂ယောက်နေရာကနေ သရုပ်ဆောင်သွားပါတယ်။ သတိမထားမိလိုက်ရင်တော့ သိလိုက်မှာ မဟုတ်ပေမဲ့ အကယ်၍ သတိထားမိလိုက်မယ်ဆိုရင်တော့ သူ အဲဒီလို ဇာတ်ကောင် ၂ခု သရုပ်ဆောင်သွားတာကိုက ဇာတ်လမ်းအတွက် အဓိပ္ပာယ်တစ်ခုရှိနေတာမို့ ဒီအညွှန်းဖတ်ပြီးမှ ကြည့်တယ်ဆိုရင်တော့ သတိလေးထားပြီး ကြည့်ပေးစေချင်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ The Delinquents ဟာ တမူထူးခြားတဲ့ နည်းနဲ့ အတော်လေး ဖမ်းစားနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့သာပဲ ပြောလိုက်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.8GB, 1.35GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 3H 9Min Genre – Comedy, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 2023
The Delinquents
Exodus
7.4

လူဖြစ်လာပြီးရင် ကမ္ဘာပေါ်မှာ ကိုယ်ဟာ နေရာ တစ်နေရာ ပိုင်ဆိုင်ရမှာပါပဲ။ ဒါပေမယ့် Syria လိုစစ်ဖြစ်နေတဲ့ တိုင်းပြည်တွေမှာတော့ ကိုယ့်အတွက် နေရာဆိုတာ အုတ်ဂူလား လို့ပဲ မေးစရာ ရှိပါတယ်။ ဘဝရှင်သန်ရေးအတွက် တခြားနိုင်ငံကို ပြေးရင်း နိုင်ငံရေးခိုလှုံရတဲ့ ဒုက္ခသည်တွေထဲမှာလိုရာ ပန်းတိုင်ကို ရောက်သွားတဲ့သူတွေက အတော်ကံကောင်းသူတွေပါ။ ဘာလို့လဲဆို လမ်းခရီးမှာတင်ပဲ ကံမကောင်းစွာနဲ့ အသက်ဆုံးရှုံးကြရလို့ပါပဲ။ ဒါတောင်မှပဲ ဒုက္ခသည်တွေဟာ မှောင်ခို လူပို့ပေးတဲ့သူတွေနဲ့ ဆက်သွယ်ပြီး တခြားနိုင်ငံတွေကို ခိုးဝင်ရပါတယ်။ ဒီဇာတ်လမ်းဟာ Swedenကို ဝင်ဖို့လာရင်းနဲ့ မိသားစုနဲ့ ကွဲသွားတဲ့ ဒုက္ခသည် ကလေးမလေး Amal နဲ့ မှောင်ခိုလူပို့တဲ့သူ Sam တို့ရဲ့ အကြောင်းဖြစ်ပါတယ်။ Sam က တူရကီကို ကွန်တိန်နာစီးပြီး ရောက်လာတဲ့ Amalကို သူ့အစ်မတွေ ရောက်သွားတဲ့ Sweden နိုင်ငံဆီ နိုင်ငံတွေ ကျော်ဖြတ်ရင်း လိုက်ပို့ပေးတာကို ကြည့်ရမှာပါ။ သနားစရာလည်းကောင်းပြီး စိတ်ဝင်စားဖို့လည်းကောင်းတာကြောင့် ကြည့် ကြည့်ဖို့ တိုက်တွန်းပါတယ်။ File size…(1.5 GB)/(852 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Thriller • Horror
7.4 2023 102 mins
Exodus
Missions of Love
5.5

Mission of love (2018) IMDb – 5.5 My Drama List – 6.9 2009 ခုနှစ်‌ကနေ 2015 အထိ Nakayoshi manga magazine မှာ လစဉ်ရေးသားတင်ဆက်ခဲ့တဲ့ Manga Series ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ ဟိမုရိုယူကီနာက အွန်လိုင်းပေါ်မှာ နာမည်ကျော်တဲ့ စာရေးဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။ သူက နာမည်ကျော်စာရေးဆရာမဆိုပေမယ့် အချစ်ဝတ္ထုကို တစ်ခါမှမရေးဖူးပါဘူ။ တစ်နေ့မှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ အချစ်ဝတ္ထုရေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အချစ်အကြောင်း ဘာတစ်ခုမှမသိတဲ့ယူကီနာတစ်ယောက် ဝတ္ထုရေးဖို့ ကုန်ကြမ်းအဖြစ် အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးဖို့လိုအပ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောင်းရဲ့ နာမည်ကြီးကျောင်းသားတစ်ယောက်ဖြစ်တဲ့ ခီတမိရှီဂုရဲရဲ့ လျှို့ဝှက်ချက်တစ်ခုကို အမှတ်မထင် သိရှိသွားပါတော့တယ်။ အဲဒီလျှို့ဝှက်ချက်ကိုသုံးပြီး ရှီဂုရဲကို သူနဲ့တွဲပေးဖို့ အကြပ်ကိုင်ခဲ့ပါတယ်။ ယူကီနာတစ်ယောက် ဝတ္ထုအတွက် မစ်ရှင်တွေတစ်ခုပြီးတစ်ခု စမ်းသပ်ရင်းနဲ့ ဘာမှမပြောင်းလဲဘဲ ဝတ္ထုကိုအဆုံးထိရေးနိုင်မလား ယူကီနာရဲ့အချစ်ရေးအပြောင်းအလဲ အခက်အခဲတွေကို စိတ်ဝင်စားစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size… 1.9 GB / 844 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

5.5 2018 96 mins
Missions of Love
Pure O

Pure O (2023) ============ IMDb Rating – 6.1/10 ဘဝမှာ အခက်အခဲတွေဆိုတာ အများကြီး ကြုံကြရမှာပဲ။ တကယ်တမ်း အရေးကြီးတာက အဲဒါတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာပါပဲ။ ကျွန်တော်တို့ အားလုံး တခြားသူတွေဆီက အကူအညီကိုလိုအပ်ကြတာ ပါပဲ။ မိသားစုဆီက၊ သူငယ်ချင်းတွေဆီက၊ ကိုယ်ချစ်တဲ့သူတွေဆီကပေါ့။ အဲဒါတွေကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ကား ကောင်းလေးတစ်ကား တင် ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကူးပါးဟာ ပြန်လည်ထူထောင်ရေး စင်တာ အလုပ်လုပ်တဲ့လူတစ်ယောက်ပါ။ ဆေးစွဲနေတဲ့သူတွေ၊ အရက်စွဲနေတဲ့သူ တွေကို ကူညီပေးနေပေမယ့်လည်း သူ့ဘာသာသူလည်း OCD လို့ခေါ်တဲ့ စိတ်ကို ထိန်းချုပ်လို့မရတဲ့ ရောဂါမျိုးဖြစ်နေတဲ့သူပါ။ အဲအတွက် ကုထုံး ဆရာဝန်တွေနဲ့ ကုသမှု ခံယူသလို၊ အုပ်စုလိုက် ရင်ဖွင့်ကြတဲ့ တွေ့ဆုံပွဲမျိုး ကိုလည်း သွားပါတယ်။ သူ့ရောဂါဟာ စိတ်ကို ထိန်းလို့မရဘဲ အရာရာကို အတွေးလွန်ပြီး ကြောက်နေတာမျိုးပါ။ သူ့ဇနီးလောင်း အမ်မလီ့ကို ထိခိုက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ၊ သူ့မှာ ကုမရတဲ့ ကင်ဆာမျိုးဖြစ်နေရင်ဘယ်လိုလုပ်မလဲ အစသဖြင့်အတွေး လွန်ပြီး စိတ်ကို ထိန်းမရဘဲ ကြောက်တာပါ။ အဲအတွက်ကြောင့် ကူးပါးလည်း သူ့ဇနီးလောင်း အမ်မလီနဲ့ ကတောက်ကဆ ဖြစ်ရတာတွေ ရှိပါတယ်။ ဒီလိုနဲ့ ကူးပါးလည်းအုပ်စုလိုက် ရင်ဖွင့်တဲ့ တွေ့ဆုံပွဲကနေ သူ့ဘဝအတွက် အပြောင်း အလဲဖြစ်အောင် ကြိုးစားပုံ၊ အခက်အခဲတွေ ကျော်လွှားပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.67 GB) / (1.02 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Leonard Lin Encoder……….SWM

0 2023 118 mins
Pure O
Creep

မြေအောက်ရထားဘူတာမှာ ပျားပန်းခတ်လှုပ်ရှားနေတဲ့လူတွေကြားမှာ ဆေးစွဲနေသူ၊ အိမ်ခြေရာမဲ့တွေရှိသလို ဟိုးအောက်ကို ဆက်သွားလိုက်ရင် ရေဆိုးပိုက်မှာ နေတဲ့ ပုံပျက်ပန်းပျက်မကောင်းဆိုးဝါးတစ်ကောင်လည်း ရှိနေတယ် ခပ်လှလှကောင်မလေး Kate မှာတော့ ဘတ်မန်းမင်းသား ဂျော့ကလူနေး ရောက်နေတယ်ဆိုလို့ သူရှိတဲ့နေရာဆီသွားဖို့ရာအတွက် ညမြေအောက်ရထားဘူတာကို အပြေးကလေးလာရင်းမှ ရထားစောင့်နေတဲ့ ထိုင်ခုံတန်းလေးမှာ အိပ်ပျော်သွားလေရဲ့… နိုးလာတော့ ညဥ့်နက်သန်းခေါင် ဘယ်သူမှ မရှိတော့ဘူး ဂိတ်တံခါးတွေလည်း အားလုံးပိတ်နေပြီ ထွက်မရပြုမရ အိပ်မက်ဆိုးသဖွယ် တစ်ညတာကနေ Kate လွတ်မြောက်နိုင်မှာလား File size…(1.5 GB)/(819 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre… Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Horror • Science Fiction • Thriller
0 2004
Creep
Maharaja
8.6

Maharaja (2024) လက်ရှ်မီး ပဟေဠိ Genre – Action, Drama, Thriller IMDB – 8.6/10 အားလုံး စောင့်မျှော်နေကြမယ့် မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ အသစ်စက်စက် လျှို့ဝှက်သည်းဖို အက်ရှင်ကားလေး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေကနေလဲ အမြတ်စွန်း ကောင်းကောင်းပြန်လည်ရရှိထားတဲ့ အက်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ် ဒါရိုက်တာကလည်း ၂၀၁၇ ခုနှစ်ထွက် မှုခင်းကားကောင်း Kurangu Bommai ကို ရိုက်ကူးပေးထားတဲ့ Nithilan Swaminathan ပါ။ မင်းသားကြီးကိုတော့ ဒီထဲမှာ မထုံတတ်တေးပုံစံနဲ့ အသာလေး ကြမ်းပြတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဇာတ်လမ်းလေးကတော့ ဆန်းပါတယ်… ဆန်းဆို “မဟာရာဇာ” ဆိုတာက ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားတဲ့ ဆံသဆရာတစ်ယောက်၊ သမီးဖြစ်သူ ငယ်စဉ်ကတည်းက ဇနီး ဆုံးပါးသွားခဲ့တာကြောင့် အဖေတစ်ခု သမီးတစ်ခုနဲ့ ဘဝကို ရိုးရှင်းစွာ နိစ္စဓူဝ ဖြတ်သန်းနေရသူပေါ့။ သမီးဖြစ်သူ “ဂျိုသီ” က ကျောင်းစာထက် အားကစားဖက်ကို စိတ်အားထက်သန်ပြီး ထူးချွန်သူပါ။ ဒါပေမဲ့ သူတို့အိမ်မှာ သားအဖနှစ်ယောက်တည်းတင် မဟုတ်ပါဘူး “လက်ရှ်မီး” ဆိုတာ ရှိပါတယ်၊ သူတို့အမေလည်းမဟုတ် အဘွားလည်းမဟုတ် အမျိုးလည်းမဟုတ် အူကြောင်ကြောင်နဲ့ သံအမှိုက်ပုံးကြီးတစ်ခုပါ။ ဒါကြီးကို တစ်ပတ်တစ်ခါ ရေမိုးချိုးပေးရသလို အမွှေးနံ့သာတွေ ပတ်ဖြန်းပြီး သားအဖ ၂ ယောက် ဖူးဖူးမှုတ်ထားကြတာပေါ့။ ဒါလည်း အကြောင်းရှိပါတယ် ငယ်စဉ်က အိမ်မတော်မဆ ဖြစ်ပြီး အိမ်ပြိုမလို ဖြစ်တဲ့အချိန် ဒီအမှိုက်ပုံးကြောင့် သမီးဖြစ်သူ အသက်ချမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ နေလာရင်းကနေ တစ်ရက်ကျ ဒီ “လက်ရှ်မီး” ကြီး အခိုးခံလိုက်ရပါတယ်၊ အဲဒီမှာ “မဟာရာဇာ” တစ်ယောက် ရဲတွေကို သွားတိုင်ချက်ဖွင့်တော့ ရဲတွေက လူလား ပစ္စည်းဥစ္စာလားမေးတဲ့အချိန် သူကတော့ “လက်ရှ်မီး” ပျောက်တာဆိုပြီး ရဲတွေကိုရှာပေးဖို့နဲ့ ကုန်ကျသလောက်သူရှင်းပါမယ်ဆိုပြီး ဒူပေပေနဲ့ ရဲစခန်းကနေ အိမ်ကိုမပြန်တော့ပါဘူး…. ဒါပေမယ့် ရဲစခန်းကနေ သူဘာလို့အိမ်မပြန်တာလဲ “လက်ရှ်မီး” ကရော တကယ်ပျောက်သွားတာဟုတ်ရဲ့လား “မဟာရာဇာ” ဆိုတဲ့ ဒူပေပေ သူ့ဘဝကရော ရိုးရှင်းခဲ့ရဲ့လားဆိုတာ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်လို့ဆိုရမယ့် လူကြမ်းမင်းသားစပေါ်ကတည်းကနေ လုံးဝထိုင်ရာမထ စိတ်ဝင်စားဖွယ်ရာ လိုက်ပါကြည့်ရှုရမှာပါ။ ဇာတ်လမ်းကို ဒါရိုက်တာက အတိတ်ကိုပြလိုက် ပစ္စုပ္ပန်ကိုပြလိုက်နဲ့ ကြည့်ရှုသူကိုယ်တိုင်လိုက်ပါစီးမျောဖို့ တင်ဆက်ထားတာမလို့ လုံးဝကျော်ကြည့်လို့မရပါဘူး… လှည့်ကွက်ပေါင်းများစွာကို ဇာတ်ကောင်တွေရဲ့လက်ရှိအခြေအနေနဲ့ ပြရင်းပြရင်း ဖြည်ချသွားတာမလို့ ဇာတ်သိမ်းရောက်မှ ဟာခနဲ ဖြစ်ကျန်တဲ့နေရာရောက်မှ ရှင်းထွက်သွားမှာပါ။ ၂၀၂၄ ရဲ့ အကောင်းဆုံး တမီးလ်ရုပ်ရှင်ကားအဖြစ် သတ်မှတ်ထားကြတာမလို့ အေးအေးဆေးဆေးလိုက်ပါကြည့်ရှုကြပါ။

8.6 2024 141 mins
Maharaja
The Enigma of Arrival
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မူးယစ်ဖမ်းဆီးရေးတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင် ယုံကျန့်ကို မူးယစ်ဆေးအမှုတစ်ခုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ မှုခင်း စုံစမ်းနေတဲ့အချိန်မှာ သူငယ်ချင်းယွီကျီထုံက မူးယစ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ သံသယဖြစ်စရာတွေ ပေါ်လာခဲ့ပါတယ်။ ယွီကျီထုံဟာ လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ပြီး နေမကောင်းတဲ့သားကို ကုသဖို့အတွက် မူးယစ်ဂိုဏ်းထဲ ဝင်ခဲ့သူ ဖြစ်ပါတယ်။ မူးယစ်ဂိုဏ်းမှာ တစ်ဦးတည်းသော အမျိုးသမီးလူယုံအနေနဲ့ သူ့ကို မနာလိုမုန်းတီးသူတွေလည်း အများအပြားရှိနေပါတယ်။ ဒီလို သူငယ်ချင်းဟောင်းနှစ်ယောက်က ပြန်တွေ့တဲ့အချိန်မှာ ရန်သူတွေ ဖြစ်သွားကြမလား…… မူးယစ်ဂိုဏ်းကို ချေမှုန်းဖို့ ပူးပေါင်းကြမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
The Enigma of Arrival
Watching
5.8

Watching (2019) ****************** 2019 ထွက် Horror Movie လေးတင်ဆက်ပေးလိုက်ပါတယ်… ယောင်းဝူဟာ အလုပ်အရမ်းကြိုးစားတဲ့ အဖွဲ့မှူး တစ်ယောက်ပါ … သူမက Single Mother တစ်ယောက်ဖြစ်ပြီး ဂုဏ်သိက္ခာအပြည့်နဲ့ ရပ်တည်နေသူပါ … သူမရဲ့ အလုပ်ပြန်ချိ်န်ကတော့ အမြဲနောက်ကျလေ့ ရှိပါတယ် … သူမကို အဖွဲ့ခေါင်းဆောင်ကလည်း အလုပ်တွေအနိုင်ကျင့်ပြီး ခိုင်းတတ်ပါသေးတယ် … ဒါပေမဲ့ သူမကို အမြဲ သတိထားစောင့်ကြည့်နေတဲ့သူရှိပါတယ်… သူကတော့ သူမတို့ Company အဆောက်အဦ ကားပါကင်က ဂျွန်ဟိုဆိုတဲ့ လုံခြုံရေးကောင်လေးပါ… သူမကို အမြဲတမ်း စကားတွေ လိုက်ပြောလေ့ရှိပြီး မမ လို့ တရင်းတနှီးလည်း ခေါ်တတ်ပါသေးတယ်… စွဲလမ်းမှုကနေ စိတ္တဇလိုဖြစ်လာပြီး ဂျွန်ဟိုတစ်ယောက်ဟာ မလုပ်သင့်တာတွေ လုပ်ပါတော့တယ်… ယောင်းဝူဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကိုတော့…. ခံစားကြည့်ကြပါဦး… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်…) File Size : 1.02GB/ 430MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:39:00 Genre : Thriller,Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Tiff

5.8 2019 97 mins
Watching
Tom and Jerry: Robin Hood and His Merry Mouse
6.3

ဒီဇာတ်လမ်းကတော့ Tom and Jerryနဲ့ နာမည်ကျော်သူခိုးကြီး ရော်ဘင်ဟုဒ်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အားလုံးလည်း သိကြတဲ့အတိုင်း ရော်ဘင်ဟုဒ်ဆိုတာ လူကုံထံတွေဆီက ပိုက်ဆံတွေကို လုယက်ခိုးဝှက်ပြီး လူဆင်းရဲတွေကို ပြန်ပြီးဝေမျှပေးတဲ့ လူဆိုးကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာလည်းရော်ဘင်ဟုဒ်က နော်တင်ဟမ်မြို့မင်းသားနဲ့ အရာရှိကြီးရဲ့အခွန်တွေကို ကြားဖြတ်လုယက်သွားခဲ့လို့ အကုန်လုံးကတောနင်းဖမ်းဆီးချင်နေကြတာပါ။ ရော်ဘင်ဟုဒ်မှာလည်းအတွင်းလူတစ်ယောက်ရှိနေပြီး သူကနေတဆင့် သတင်းတွေရနေလို့ လက်မတင်လေး လွတ်နေခဲ့တာပါ။ ဒါကြောင့်လည်းမင်းသားတို့က မြားပစ်ပြိုင်ပွဲ တစ်ခုလုပ်ပြီး သူ့ကိုဖမ်းဆီးဖို့ ကြံပါတော့တယ်။ သူတို့ရဲ့အကြံအစည် အောင်မြင်သွားမှာလား၊ ရော်ဘင်ဟုဒ်တို့ လွတ်မြောက်သွားမှာလား ကြည့်ရှုရမယ့်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ File Size : 1 GB, 524 MB Quality : Blu-Ray 1080p / 720p Running Time : 57min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Thriller • Crime • Drama
6.3 2012 55 mins
Tom and Jerry: Robin Hood and His Merry Mouse
How to Find Happiness
6.6

How to Find Happiness (2022) ***************************** IMDb… 6.6 တိုရှိဟိဒယ်ဆိုတဲ့ကောင်လေးဟာ အဘိုးဖြစ်သူနှင့်အတူ ဆေးခန်းလေးဖွင့်ကာ ဆေးကုနေတဲ့သူဖြစ်ပြီး သူဟာ ငယ်ငယ်က စိတ်ဒဏ်ရာတွေကြောင့်နဲ့ စိတ်ခံစားချက် သီးသန့်လေးပဲ နေတတ်တဲ့သူတစ်ယောက်ပါ။ အာကိုဆိုတဲ့ကောင်မလေးကတော့ စိတ်ကျပြီး ယောက်ျားကောက်ယူလိုက်တဲ့ကောင်မလေးမျိုးပါ။ မင်္ဂလာဆောင်ပြီးခါစရှိသေးတယ် သူ့ခင်ပွန်းဖြစ်သူက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ သွားရပါတယ်။ အဲဒီအချိန်မှာပဲ အာကိုရဲ့ အမြွှာညီမဖြစ်သူ ဆာကိုဆီက‌နေ ကြားခဲ့ရတဲ့ ပင်လယ်မြို့လေးကိုသွားရင်း တိုရှိဟိဒယ်နဲ့ ဆုံကြရပါတော့တယ်။ တိုရှိဟိဒယ်နဲ့ အာကိုတို့ တစ်အိမ်ထဲမှာအတူနေရင်း စိတ်ဒဏ်ရာကိုယ်စီရှိနေတဲ့ စိတ်တွေကို အချင်းချင်း ကုစားပေးရာကနေ သံဃောဇဉ်တွေ တွယ်လာခဲ့တဲ့အခါမှာတော့ …….. သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ CharOu ပဲ ဖြစ်ပါတယ်။) File Size : 1.48GB/ 730MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr53m Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by CharOu Encoded by Tiff

Horror
6.6 2022 113 mins
How to Find Happiness