YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Baaria.2009.1080p.BluRay.REMUX.AVC-Naung.mp4

6.06 GB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hanna
6.6

Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wright က 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံ တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေ လျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကို ဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်း ကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှု ကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကို ဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie

Comedy • Drama
6.6 2011 111 mins
Hanna
PSV Garuda Vega
6

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2017တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "PSV Garuda Vega"ဖြစ်ပါတယ် တရားဥပဒေကိုလိုက်နာပြီး အိုင်အက်အေအရာရှိတစ်ဦးဖြစ်တဲ့ဆီခါက သူ့ရဲ့အလုပ်ကိုတာဝန်သိတတ်မှုတွေကြောင့် ဇနီးဖြစ်သူဆွာတိနဲ့ အိမ်ထောင်ရေးပြိုကွဲတော့မလိုထိဖြစ်ခဲ့ပါတယ် အလုပ်နဲ့မိသားစုယှဉ်လာတဲ့အခါ မိသားစုကိုပဲရွေးဖို့ဆုံးဖြတ်ကာအလုပ်ထွက်ဖို့ လုပ်ခါနီးမှ လူသတ်မှုတစ်ခုကြောင့် အလုပ်ထွက်မယ့်အရေးကိုနောက်ဆုတ်ရင်း လူသတ်မှုကိုလိုက်စုံစမ်းရာမှ မီးခိုးကြွက်လျှောက်သလိုပေါ်ထွက်လာတဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားထဲ ရောက်သွားတဲ့ဆီခါတစ်ယောက် ဘယ်လိုဖြေရှင်းမလဲ တစ်ဖက်မှာလည်းနီရာဂျန်အမည်ရှိ လူငယ်ဟက်ကာလေးတစ်ယောက်က သူ့လက်ထဲမှာရှိနေတဲ့ အချက်အလက်တချို့ကြောင့် လူတစ်စုရဲ့အနောက်ကလိုက်သတ်တာကိုခံနေရပြီး ထွက်ပြေးရာမှဆီခါနဲ့ မတော်တဆတွေ့ဆုံပြီး သူတို့နှစ်ဦးလုံးရဲ့ရန်သူက တစ်ဦးတည်းဖြစ်နေသောအခါ နှစ်ယောက်သားဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရမှာဖြစ်ပါတယ် ဒီကားထဲမှာဆိုရင်ဇာတ်ကွက်အလှည့်အပြောင်းတွေကို မကြာခဏတွေ့ဆုံရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့သူတွေရဲ့ ပူးပေါင်းပါဝင်နေမှုတွေကိုပါ ရင်ခုန်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…3.78GB / 1.93GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin

Biography • Drama
6 2017 160 mins
PSV Garuda Vega
The Visitor
5.6

ထူးဆန်းတဲ့ ကံကြမ္မာတွေနဲ့ အလှည့်အပြောင်းကြမ်းတဲ့ Horror, Thriller, Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ရောဘတ်နဲ့ ဇနီးဖြစ်သူ မိုင်ရ်တို့ဟာ လန်ဒန်မြို့မှာ နေထိုင်ရင်း တစ်နေ့မှာ ရင်သွေးလေးနဲ့အတူ မိုင်ရ့်ရဲ့ဖခင်ကိုပါ မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရတယ်။ အဲဒီအတွက်ကြောင့် မိုင်ရ်ရဲ့ ဇာတိမြို့လေးကို ပြန်လာခဲ့ပြီး မိုင်ရ်အရင်က နေထိုင်ခဲ့တဲ့ အိမ်လေးဆီ ပြောင်းရွှေ့လာခဲ့ကြတယ်။ ထူးဆန်း‌မှုတွေရဲ့ အစကတော့ အဲဒီအိမ်လေးမှာ ရောဘတ်နဲ့ တစ်ပုံစံတည်းတူတဲ့ လူပုံပါရှိနေတဲ့ ပန်းချီကားကြီး တစ်ချပ်ကနေ စတင်လာခဲ့တော့တာပါ။ တစ်မြို့လုံးမှာလည်း ရောဘတ်နဲ့ဆင်တူတဲ့လူပုံပါတဲ့ ပန်းချီကားတွေ ရှိနေပြီး မြို့ကလူတွေရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် ရောဘတ်တစ်ယောက် ယုန်တွင်းကို နှိုက်မိသလိုပါပဲ။ မဆုံးနိုင်တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ စောင့်ကြိုနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် ကြည့်ရှု့သူတွေ အကြိုက်တွေ့ ကြဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.2 GB) / (420 MB) / (220 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......May Thet Khine Soe Encoder..........SWM

Drama
5.6 2022 86 mins
The Visitor
REC

ဒီဇာတ်ကားကတော့ Zombie Horror ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်ကိုကြည့်သင့်တဲ့ စပိန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ REC ဇာတ်ကား ၄ ကားရှိတဲ့အနက်မှာ ဒါကတော့ ပထမဆုံးကားဖြစ်ပါတယ်။ Rec ဆိုတဲ့နာမည်အတိုင်း ဇာတ်ကားတစ်ကားလုံးကို Document တစ်ခုလိုရိုက်ထားတဲ့အတွက် Horror ရုပ်ရှင်ကို First Person အနေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာအဖြစ် Paco Plaza နဲ့ Jaume Balaguero တို့က ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Manuela Velasco, Ferran Terraza, Carlos Lasarte တို့နဲ့အတူ ကင်မရာမန်းအဖြစ် Pablo Rosso တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ တီဗီအစီအစဉ်တင်ဆက်သူဖြစ်တဲ့ အန်ဟယ်လာ(Manuela Velasco)နဲ့ ကင်မရာမန်းဖြစ်သူ ပါဘလို(Pablo Rosso)တို့ဟာ မီးသတ်ဌာနရဲ့ လုပ်ငန်းစဉ််တွေကို လေ့လာဖို့အတွက် ရိုက်ကူးနေစဉ််မှာပဲ တိုက်ခန်းတစ်ခုမှာ လူတစ်ယောက်ပိတ်မိနေတယ်ကြောင်း လိမ်လည်သတင်းပေးပြီး သူတို့အကုန်လုံးကို တိုက်ထဲမှာ ခေါ်ပိတ်ထားလိုက်တယ်.. အဲ့ဒီတိုက်မှာ တကယ်ကဘာတွေဖြစ်နေတာလဲ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ အဲ့ဒီတိုက်ထဲကနေထွက်ဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကတော့... သွေးသံရဲရဲနဲ့ ကြောက်လန့်စရာအခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများ ကြည့်ရှုဖို့ မသင့်တော်ပါဘူးခင်ဗျာ။ File Size : (2.9GB)(988MB) and (327MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:18:00 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Adventure • Comedy • Science Fiction
null 2007 78 mins
REC
The Year Between
6

The Year Between (2022) ================= Bipolar disorder လို့ခေါ်တဲ့ စိတ်အတက်အကျမြန် စိတ်ဝေဒနာ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ဇာတ်လိုက်နေရာမှာ ဝင်သရုပ်ဆောင်ထားတဲ့ Alex Heller ကလည်း bipolar disorder ရှိနေတဲ့သူတစ်ယောက်ပါ။ စိတ်အတက်အကျမြန်ရောဂါက အရှင်းပျောက်အောင်ကုလို့မရပါဘူး။ ကိုယ့်မှာဖြစ်လာရင် တစ်သက်လုံး ဒီရောဂါနဲ့ပဲယှဉ်တွဲနေသွားရပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ထိ အန္တရာယ်များတတ်ပေမဲ့ ဆေးသောက်၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့တွေ့၊ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ရင် ပုံမှန်လူလိုနေနိုင်ပါတယ်။ Alex Heller က အင်တာဗျူးတစ်ခုမှာပြောပါတယ်။ စိတ်ရောဂါနဲ့ပတ် သက်တဲ့အကြောင်းအရာတွေမှာ များသောအားဖြင့်က ရောဂါအခြေအနေ အဆိုးရွားဆုံး အမှောင်မိုက်ဆုံးကာလတွေကိုပဲ ပြသလေ့ရှိကြတဲ့အတွက် ခုကားထဲမှာ သူလိုငါလိုမထူးခြားတဲ့အချိန်တွေ ရယ်ရတဲ့အခြေအနေတွေ ကိုပါထည့်ပြီး ရိုက်ကူးထားပါတယ်တဲ့။ ဒါ့အပြင် စိတ်ရောဂါဆိုတာ ကာယ ကံရှင်တင်မကဘဲ မိသားစုကိုပါ ထိရောက်မှုတွေရှိကြောင်းကိုလည်း သိစေ ချင်ကြောင်း ပြောပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ကလမ်မန့်စ်မစ်လာဆိုတဲ့ ကောလိပ်ကျောင်းသူ လေးက သူ့မှာ bipolar ရှိမှန်း သိသွားတော့ ကျောင်းထွက်ပြီး သူ့မိဘတွေရှိ တဲ့မြို့ကို ပြန်လာနေတဲ့အချိန်မှာ အရှင်းပျောက်အောင် ကုသလို့မရတဲ့ ဒီရော ဂါက သူနဲ့သူ့မိသားစု သူငယ်ချင်းမိတ်ဆွေတွေကို ဘယ်လိုသက်ရောက်မှုရှိ ပုံတွေ၊ သူကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ကြိုးစားပုံတွေကို ကြည့်ရှုရမှာဖြစ် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.6 GB) / (620 MB) / (360 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 34Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….EL Encoder……….SWM

6 2022
The Year Between
Boy in the Walls

မိသားစုလေးတစ်ခုက မြို့နဲ့ ၄၅မိနစ်လောက်ဝေးတဲ့ မြို့ပြင်းနားလေးတစ်နေရာမှာရှိတဲ့ အိမ်ကြီးဆီကို ပြောင်းလာတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ အဲဒီအိမ်ကြီးမှာ မိန်းမကြီးတစ်ယောက်ကသေသွားခဲ့ဖူးပါတယ်။ ပြောင်းလာတဲ့မိသားစုမှာ ယောကျာ်းက သူ့အရင်ဇနီး ကင်ဆာနဲ့ဆုံးသွားလို့ နောက်ဇနီးယူထားပြီး အရင်ဇနီးနဲ့ ရတဲ့ ကလေး၂ယောက်ပါ ပါတယ်။ ကလေးတွေက မိထွေးကိုတော့ သိပ်ကြည့်တဲ့ပုံမပေါ်ပါဘူး။ မိထွေးကလည်း ကလေးတွေနဲ့ အဆင်ပြေအောင်ကြိုးစား ကလေးတွေကလည်း မိထွေးဆို ကလန်ကဆန်လုပ်နေရင်းကနေ ယောကျာ်းက အလုပ်ကိစ္စနဲ့ ခရီးခန ခန သွားရတော့ အိမ်မှာသူတို့ပဲကျန်တာက များပါတယ်။ ဒီလိုနဲ့ အိမ်ထဲမှာ ပစ္စည်းတွေပျောက် မူမမှန်တာတွေဖြစ်လာတော့ အချင်းချင်းအပြစ်တင်ကြရာကနေ ဘာတွေဆက်ဖြစ်ကြမလဲ မိထွေးနဲ့ ကလေးတွေရော အဆင်ပြေသွားပါ့မလား ပစ္စည်းတွေက ဘာလို့ပျောက်နေရတာလဲ ဘာတွေမူမမှန်ဖြစ်နေရတာလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(700 Mb) Quality….Webrip 720p Format…mp4 Duration….01:27:00 Genre…Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

0 2023 87 mins
Boy in the Walls
How to Deal with a Heartbreak

How to Deal with a Heartbreak (2023) အေးအေးငြိမ်ငြိမ်နဲ့ လက်တွေ့ဘ၀နဲ့ဆက်စပ်ပြီး မိသားစုနဲ့ Friendship ကို အဓိက ပုံဖော်ထားတဲ့ ကားလေး လာပါပြီ။ အဓိက ဇာတ်ကောင် မာဖေးက စာရေးဆရာလုပ်ရင်းကနေ Influencer လိုင်း‌ ပြောင်းသွားပြီး Blog လေးတွေတင်ကာ ပီရူးမှာ မိဘတွေနဲ့အတူ နေပါတယ်။ သူ့အမေကတော့ စာဆက်ရေးစေချင်ပေမယ့် မာဖေးက စာအုပ်တစ်အုပ်ထုတ်ပြီး ဆက်မလုပ်နိုင်သေးတာပါ။ နောက်တော့ စိတ်အပြောင်းအလဲဖြစ်အောင် ဒုတိယစာအုပ်လည်း ဆက်လုပ်နိုင်အောင် သူငယ်ချင်းတွေဆီ အလည်သွားခဲ့ပါတယ်။ သူ့သူငယ်ချင်း ၂ယောက်ကတော့ ဘ၀စီမံကိန်းတွေချပြီး အဆင်ပြေနေကြပါတယ်။ စိတ်ဓာတ်ကျနေတဲ့ မာဖေးအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး သူ့အဖေကပါ နှလုံးရောဂါနဲ့ ရုတ်တရက်ဆုံးသွားတဲ့အခါ… နာကျင်မှုတွေ ပူဆွေးမှုတွေကို သူငယ်ချင်း မိတ်ဆွေတွေ အကူအညီနဲ့ ကျော်ဖြတ်ပြီး အချစ်သစ်ရှာဖွေတဲ့ပုံ… စာအုပ်အသစ်ထုတ်နိုင်ဖို့ ကြိုးပမ်းပုံတွေကို ရိုးရိုးရှင်းရှင်း သရုပ်ဖော်ထားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

TV Movie • Thriller
0 2023
How to Deal with a Heartbreak
The Forest of Wool and Steel
6.2

The Forest of Wool and Steel (2018) ~ IMDb – 6.2/10, MyDramaList – 7.6/10 ~ ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ အဲဒီမှာဝင်လုပ်ရင်း စီနီယာစန္ဒရားအသံညှိဆရာတွေ၊ စန္ဒရားပိုင်ရှင်တွေ၊ စန္ဒရားတီးခတ်သူတွေနဲ့ စန္ဒရားမျိုးစုံကို ကြုံတွေ့ရပါတော့တယ်။ ဒီဇာတ်ကားဟာ အမျိုးသမီးစာရေးဆရာ Natsu Miyashita က ၂၀၁၆ ခုနှစ်မှာရေးသားထုတ်ဝေခဲ့ပြီး ထိုနှစ်မှာကျင်းပခဲ့တဲ့ the 13th Japan Booksellers ဆုကိုရသွားခဲ့တဲ့ “Hitsuji to Hagane no Mori (The Forest of Wool and Steel)” ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Live-Action သရုပ်ဆောင်တွေထဲက နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Kento Yamazaki ကို ဒီဇာတ်ကားထဲမှာ စန္ဒရားအသံညှိဆရာတစ်ယောက်အဖြစ် တစ်မူထူးခြားစွာမြင်ရမှာဖြစ်ပါတယ်။ နောက်ပြီး ၂၀၂၄ ခုနှစ်ထဲ Netflix ကနေထွက်ရှိလာမယ့် City Hunter ဇာတ်ကားထဲက Ryohei Suzuki လည်း စီနီယာစန္ဒရားအသံညှိဆရာအဖြစ်ပါဝင်ထားသလို Tomokazu Miura, Ken Mitsuishi တို့လို ဝါရင့်မင်းသားကြီးတွေလည်းအားဖြည့်ထားပြီး Mone နဲ့ Moka တို့ Kamishiraishi ညီအစ်မလည်း ပါဝင်ထားပါသေးတယ်။ Kamishiraishi ညီအစ်မထဲက ညီမဖြစ်သူ Moka က 42nd Japan Academy Awards ပွဲမှာ တက်သစ်စသရုပ်ဆောင်ဆုကို ဒီဇာတ်ကားနဲ့ ဆွတ်ခူးသွားခဲ့ပါတယ်။ စန္ဒရားတီးတာမဟုတ်ဘဲ စန္ဒရားတစ်ခုမှာ ဘာတွေပါလဲ၊ ဘယ်လိုပုံစံနဲ့အလုပ်လုပ်လဲ၊ စန္ဒရားအသံညှိဆရာတစ်ယောက်ရဲ့ သိသင့်သိထိုက်တဲ့ နည်းပညာတွေကဘာလဲ၊ စန္ဒရားတစ်ခုကို ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲ၊ စန္ဒရားကိုအပြင် စန္ဒရားတီးခတ်သူရဲ့စိတ်ဆန္ဒအတိုင်း အဆင်ပြေအောင် ဘယ်လိုဆောင်ရွက်ပေးရမလဲ၊ စန္ဒရားအသံညှိဆရာတစ်ယောက်အနေနဲ့ ဘာကိုရည်မှန်းချက်ထားရမလဲဆိုတာတွေကို စိတ်ဝင်စားရင်တော့ ၂ နာရီနီးပါးကြာမယ့် The Forest of Wool and Steel ထဲမှာ စန္ဒရားသံစဉ်တွေနဲ့ အဲဒီသံစဉ်တွေကြောင့် ပေါ်လာတဲ့ စိတ်ကူးပုံရိပ်တွေကို နားထောင်ခံစားကြည့်ရှုလိုက်ကြပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 2H 14Min Genre – Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

6.2 2018
The Forest of Wool and Steel
J. Edgar
6.5

J Edgar (2011) IMDb Rating (6.5) ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲ လူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)

Horror • Science Fiction
6.5 2011
J. Edgar
The 400 Blows
8.1

The 400 Blows (1959) ~ IMDb – 8.1/10, Rotten Tomatoes – 99% ~ ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။ François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ပြင်သစ်နယူးဝေ့ရဲ့ အထင်ရှားဆုံး ရုပ်ရှင်တွေထဲလည်းပါခဲ့တယ်။ ဒီလိုဆိုလို့ ခမ်းနားကြီးကျယ်မှုတွေ၊ ရှေးက ဇာတ်လမ်းကောင်းကြီးတွေလို အင်မတန်ခိုင်မာတဲ့ဇာတ်အိမ်ထဲ အံဝင်ခွင်ကျထည့်ထားတဲ့ ဇာတ်ကောင်တွေ‌တော့ မြင်ရမှာတော့မဟုတ်ဘူး။ ပြင်သစ်နယူးဝေ့ဟာ ရုပ်ရှင်ကို ပိုပြီးလက်တွေ့ကျပြီး မျက်မှောက်ခေတ်ကို ထင်ဟပ်တဲ့ အရွေ့တစ်ခုကို ဦးတည်သွားခဲ့သလို The 400 Blows (1959) ကလည်း နယူးဝေ့ရဲ့အဓိကကျတဲ့ရုပ်ရှင်ဖြစ်ခဲ့တာနဲ့အညီ ဒီဂုဏ်သတ္တိတွေ အကုန်ရှိနေခဲ့တယ်။ One of the Best Films Ever Made စာရင်းထဲလည်း အခုထိဝင်နေတုန်းပဲ။ ဒီရုပ်ရှင်ရဲ့ဇာတ်ဟာ Truffaut ရဲ့ငယ်ဘဝကို ထင်ဟပ်နေခဲ့သလို အဲဒီခေတ်ကာလ ပြင်သစ်လူငယ်ထိန်းသိမ်းရေးစခန်းတွေရဲ့ မတရားမှုတွေ၊ လူငယ်တွေရဲ့ မတရားခံရမှုတွေကို ထင်ဟပ်နေခဲ့တယ်လို့လည်းဆိုတယ်။ ရုပ်ရှင်ထဲက ကောင်လေးဟာ အိမ်မှာ သူ့အိမ်ကို မတွေ့ခဲ့ဘဲ ရုပ်ရှင်ရုံမှာ သူ့အိမ်ကိုတွေ့ခဲ့သလို Truffaut ကိုယ်တိုင်လည်း အလားတူပဲ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ The 400 Blows ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုရခဲ့ဖူးသလို အော်စကာမှာလည်း ဆန်ခါတင်ဝင်ဖူးတယ်။ ပြောသာပြောရတာ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ကားတစ်ကားကို ဘယ်သူမှလည်း ဒါတွေနဲ့တိုင်းပြီး ကြည့်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းကတော့ စာသင်ခန်းထဲမှာရော မိဘတွေနဲ့ရော အဆင်မပြေတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ။ အဲဒီကောင်လေးဟာ မကောင်းဘူး။ အလိမ်တွေပဲပြောတတ်တယ်။ ဒါပေမဲ့ သူအမှန်ပြောရင်လည်း ဘယ်သူမှမယုံကြဘူး။ အဲဒီကောင်လေးဟာ စာမရဘူး။ ဒါပေမဲ့ သူ့ကိုယ်ပိုင်အက်ဆေးတစ်ပုဒ်ကို ရေးပြလိုက်တဲ့အခါလည်း ကူးချတာလို့ပဲ သတ်မှတ်ခံခဲ့ရတယ်။ ဒီလိုအဆိုးတွေထဲကနေ အဆိုးထဲကို ထပ်တွန်းပို့ခံရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို လူကြီးတွေရဲ့ မတရားမှုတွေ၊ နားမလည်မှုတွေ၊ လူငယ်တွေရဲ့ ပုန်ကန်ချင်စိတ်တွေနဲ့ ယှဉ်တွဲပြထားတဲ့ဇာတ်လမ်းပါပဲ။ ဒီရုပ်ရှင်ထဲက ကောင်လေးနဲ့ သူ့အိမ်ရဲ့ဆက်ဆံရေးဟာ တစ်ခါတစ်ခါမှာ သာဓုရဲ့ “အတာ” ကို ပြေးပြေးမြင်မိစေတဲ့ အခြေအနေတွေရှိတယ်။ အရသာကလည်း အဲဒီအရသာနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ မသကာ ကြည့်ချင်စိတ်ပေါ်အောင် ပြောရရင်တော့ သာဓုရဲ့ “အတာ”ကို ကြိုက်တဲ့လူတွေ ဒါကိုလည်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.4GB Quality – BluRay 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 39Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.1 1959
The 400 Blows
Blank
6.1

Blank (2019) “ကွက်လပ်” IMDb – 6.1/10 ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသာကြီး ဆန်နီဒိုး၊ ငယ်ဘ၀ကတည်း ရုပ်ရှင်တွေ၊ ရှိုးတွေရိုက်ကူးခဲ့တဲ့ မင်းသားကာရန်တို့ အဓိကပါဝင်ထားကြပါတယ်။ မြို့ထဲကို RDXထက် အဆပေါင်းများစွာ ပေါက်ကွဲအားပြင်းတဲ့ ဖောက်ခွဲရေးပစ္စည်း ၂၅ကီလိုကျော်ခိုးသွင်းလာတဲ့ သတင်းကိုသိရပေမဲ့ ဘယ်သူတွေ၊ ဘယ်နှစ်ယောက်၊ ဘယ်ကလာတာလဲ ဘာဆိုဘာမှန်းမသိရဘဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ ဗျာများနေရချိန်။ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်လာတဲ့လူနာက အသေခံဗုံးခွဲတဲ့သူဖြစ်နေပြီး အတိတ်ကလည်း မေ့နေတဲ့အခါ…။ ဖောက်ခွဲရေးပစ္စည်းတွေကို အချိန်မီဖမ်းဆီးနိုင်မှာလား…။ အတိတ်မေ့နေတဲ့ အသေခံဗုံးခွဲသမားရဲ့ တကယ့်အကြောင်းအရင်းမှန်ကရော…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Thura ~ ToMo ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်။

6.1 2019 111 mins
Blank
Madanolsavam
6.9

Madanolsavam (2023) “အသုံးချခံ” အခုတစ်ခါမှာတော့ မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မာဒါနန်ဟာ အဒေါ်နဲ့အတူတူနေထိုင်ပြီး ကြက်တွေမွေး၊ အလှဆင်ကာ ရောင်းချတဲ့အလုပ်ကို လုပ်ကိုင်ပါတယ် ပူစရာဆိုလို့ အိမ်ထောင်ပြုဖို့ မသေချာရုံကလွဲလို့ ဘဝရည်မှန်းချက် ရေရေရာရာမရှိဘဲ အနှောင့်အယှက်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေရုံပါပဲ တစ်နေ့မှာတော့ ဦးလေးဆိုသူက သူ့ကို ပါတီတစ်ခုက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခိုင်းမယ်လို့ ပြောတာကြောင့် ဘုမသိဘမသိ လိုက်သွားပြီး ပြိုင်ဘက်ပါတီ နှစ်ခုကြားက ပြဿနာအရှုပ်အရှင်းများထဲ ဘယ်လိုရောက်သွားမလဲ ဆိုတာ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Action • Crime • Drama
6.9 2023 127 mins
Madanolsavam
Us or Them
4.1

Us or Them (2024) ဒီ Us or Them ဆိုတဲ့ ရုပ်ရှင်ကတော့ ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲဆိုတာကို ခေါင်းစဉ်ကနေတန်းမှန်းကြည့်ဖို့ခက်ခက်မှာပဲ။ Genre အနေနဲ့ကတော့ Action, Thriller, Mystery ဆန်တဲ့ဘက်ကိုရောက်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူငယ်ဘဝကတည်းက သူငယ်ချင်းဖြစ်လာကြတဲ့ဂျုဒ်နဲ့ အန်တီတို့ဟာ မိသားစုနဲ့အတူခရီးတစ်ခုသွားကြပါတယ်။ ဖြစ်ပုံကတော့ ဂျုဒ်က သူကစားတဲ့ အွန်လိုင်းဂိမ်းတစ်ခုမှာ မဲပေါက်သွားတယ်ဆိုပြီး ဂိမ်းစီစဉ်သူတွေက အပျော်ခရီးသွားလက်မှတ်ကို မိသာစုးလိုက်ဖိတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ခရီးရောက်တော့ စမ်းတဝါးဝါးနဲ့ သူတို့ကို စီစဉ်သူတွေက ဆုကြောင်းအပြင် ဘာတွေချီးမြှင့်မလဲဆိုတာကို မသိဘဲ ခရီးမှာပျော်ကြတာပေါ့။ ဒီလိုနဲ့ စီစဉ်ပေးထားတဲ့ ဟိုတယ်နေထွက်ပြီး ဂိမ်းစီစဉ်သူတွေရှိရာကို လျှို့ဝှက်အစည်းအဝေးတစ်ခုသွားတက်ဖို့ ဂျုဒ်နဲ့အန်ဒီတို့ထွက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ စီစဉ်သူတွေဟာ သူတို့ကို ဂိမ်းတစ်ခုနဲ့ထပ်မံမိတ်ဆက်လိုက်ပါတယ်။ ဒီဂိမ်းကို လူနှစ်ယောက်အစုံလိုက်ရှိမှသာ ဆော့လို့ရမှာဖြစ်ပြီးတော့ ဂိမ်းရဲ့ ပွဲစဉ်တစ်ခုချင်းစီကိုနိုင်ရင် ပိုက်ဆံကို ထပ်ထပ်ကွမ်းနေအောင်ဆတိုးပြီးရလာမှာပါ။ ဒါပေမဲ့ သတိထားစရာတစ်ခုကတော့ ပွဲစဉ်တစ်ခုခုဆော့တိုင်းကိုယ့်ဘက်ကနေလည်းပြန်ရင်းရတဲ့အရာတွေရှိပါတယ်။ ဒီလိုမျိုး ဂိမ်းစီစဉ်သူကနေ မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာ ဂျုဒ်က ငွေမက်သွားပြီး အန်ဒီ့ကို အသည်းအသန်ဆော့ဖို့ သိမ်းသွင်းပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်ဆော့ဖြစ်သွားပေမယ့်လည်းနောက်ဆုံးမှာတော့ တစ်ယောက်မှာအသက်ရှင်နိုင်မှာကို မသိသေးတဲ့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာကို ရင်တလှုပ်လှုပ်နဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.7 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:26:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

History • Drama • War
4.1 2024 86 mins
Us or Them
Unstoppable
6.8

Unstoppable (2024) IMDb Rating (6.8) / Rotten Tomatoes (76%) ဒီဇာတ်လမ်းလေးကတော့ အမေရိကန် ပရော်ဖက်ရှင်နယ် နပန်းအားကစားသမားအန်တိုနီရိုဘယ်ရဲ့ ဘဝဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့မွေးဖွားလာခဲ့သူအန်တိုနီရိုဘယ်က ဘဝရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလည်း၊ အခက်အခဲတွေကြားကနေ ဘယ်လိုမျိုး အောင်မြင်မှုကို ရရှိသွားလည်းဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲ့တာအပြင်ကို ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်သူ Jennifer Lopez က ဂျူဒီရိုဘယ်အဖြစ် အန်တိုနီရဲ့ မိခင်နေရာကနေ ပါဝင်ထားပါသေးတယ်။ အားကစားဇာတ်လမ်းတစ်ပုဒ် တစ်ဖြစ်လည်း ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N ဖြစ်ပါတယ်။) File size…(8.1 GB) / (2.7 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:04:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by N

History • Comedy
6.8 2024 123 mins
Unstoppable
45 Years
7.1

45 Years (2015) IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။ လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။ အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ အသက်၇၀ကျော်အဘိုးကြီးရဲ့ ဘဝဟောင်းမှာ ကျန်နေတဲ့ အလွမ်းတွေပါပဲ။ ဒီ၂ခုက အားပြိုင်တယ်လို့တောင် ပြောမရလောက်ဘူး။ ပျော့ပျော့လေး တွန်းနေဆွဲနေတာလို့ပြောရမယ်။ သူတို့အသက်ရဲ့လက်ကျန်အင်အားနဲ့ပေါ့။ ဒီဘာမှမပါတဲ့ဇာတ်ရဲ့အသက်ကလည်း အပျော့စားအားပြိုင်မှုလေးတွေနဲ့ နောက်ဆုံးရလဒ်တွေပဲ။ ရွေးချယ်မှုတွေ အချစ်တွေ ခင်ဗျားဖွင့်ချင်သလို ဖွင့်လို့ရတယ်။ ဘယ်လိုပဲဖွင့်ဖွင့် သူ့အခြေအနေကြီးက မတရားဘဝမြောက်လွန်းနေတယ်။ အဘိုးကြီးက အဲဒီအတိတ်ကို သွားကြည့်ချင်ခဲ့တယ်။ ဒါကိုလည်း အဘွားကြီးကသိတယ်။ ဘယ်လိုသိဆို မိန်းမတွေရဲ့အလိုလိုသိစိတ်နဲ့သိတယ်။ ယောက်ျားတွေမှာလည်း ဒီလို အလိုလိုသိစိတ်ရှိတတ်ပေမဲ့ သူတို့ကိုတော့ မမီဘူးကိုး။ ခေတ်အဆက်ဆက် လူနေမှုမှာကိုက မိန်းမတွေဟာ စတင်သူမဟုတ်ခဲ့ဘူး။ ယောက်ျားတွေကတော့ သူတို့လိုချင်တာကို ထုတ်ပြထုတ်ပြောပြီး ယူဖို့ကြိုးစားခွင့်ရှိခဲ့ပေမဲ့ မိန်းမတွေကတော့ များသောအားဖြင့် သူတို့လိုချင်တာကိုရဖို့ လမ်းကြောင်းပေးရတာ အခြေအနေအချိန်အခါ စိတ်ကိုအကဲခတ်တာတွေက ဒီဘက်ခေတ်အထိတောင် သုံးနေရသေးတာပဲ။ ဒီတော့ သူချစ်လို့ယူထားတဲ့ နှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို သူပိုအကဲခတ်လို့ရ ပိုရိပ်မိတယ်။ လေ့ကျင့်လာသလိုဖြစ်သွားလို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီကိုး။ ဒီတော့ အဘိုးကြီးဘယ်ခြေလှမ်း လှမ်းလှမ်းအဘွားကြီးက သိတယ်။ သိတော့ စကားနဲ့ဖြစ်စေ သက်သေနဲ့ဖြစ်စေ မကြီးပေမဲ့ ထိခတ်တဲ့ပြဿနာလေးတွေကလာတယ်။ အဘွားကြီးက အကုန်သိနေတော့ အဘိုးကြီးမှာ ဘယ်လိုမှမလှိမ့်တပတ်လည်းလုပ်မရ အကြောင်းပြချက်လည်းပေးမရဘူး။ ဒီတော့ နောက်ဆုံးရွေးချယ်မှုပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ယုံကြည်တဲ့ အချစ်ဆိုတဲ့အရာတော့ တကယ်ရှိမရှိတော့ မသိဘူး။ သေချာတာကတော့ ခံစားချက်တွေကတော့ တကယ်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အချစ်ဆိုတဲ့ ဘော်ဒီကြီးတစ်ခုလုံးကို မသေချာပေမဲ့ အဲဒီဘော်ဒီကြီးကို ဖွဲ့စည်းထားတဲ့ ခံစားချက်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုတော့ သေချာတယ်လို့ ပြောဖူးတယ်။ ဒါလည်းဟုတ်တာပါပဲ။ ကျွန်တော်သိပ်မသေချာတာက ခံစားချက်ဆိုတာက ဘော်ဒီကြီးဖြစ်ပြီး အချစ်က အဲဒီထဲက အစိတ်အပိုင်းဖြစ်နေမလားဆိုတာကိုပဲ။ အချစ်ထဲမှာပဲ ခံစားချက်ရှိရှိ ခံစားချက်ထဲမှာပဲ အချစ်ရှိရှိ ဘာနေနေ လိုရင်းကတော့ အတူတူပါပဲ။ ဒါတွေဟာ တစ်ဦးဆိုင်တစ်ဦးပိုင်ဆိုတာရဲ့ သဘောကိုကျော်ပြီး ရွေ့လျောတတ်တယ်။ အဲဒီရွေ့လျောမှုကို ရွေ့လျောမှုအတိုင်း အမြဲလိုက်ရွေ့လျောနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတွေ့အကြုံနဲ့ ကံတရားကို မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ကွဲပေမဲ့ လူအများစုမှာတော့ ပြန်ထိန်းကျောင်းသွားတဲ့ အရာတွေတော့ ရှိလာတတ်တယ်။ အရင်းအနှီးသိပ်ကြီးတဲ့အရာတွေရောပေါ့။ ဒီတော့ အဘိုးကြီးရဲ့ ခံစားချက်က အတိတ်ကိုရွေ့လျောနေတာကို ကျွန်တော်တို့မြင်နေရပေမဲ့ အဆုံးသတ်မှာ အဘိုးကြီးဟာ ထိန်းကျောင်းမှုအတိုင်းပဲ ရွေးချယ်ခဲ့တယ်။ ဒါရွေးချယ်တာလည်း ဟုတ်ချင်မှဟုတ်ပါမယ်။ သူပြောသလို ဘဝမှာ ရွေးချယ်စရာတွေအများကြီးနဲ့လာခဲ့ကြပေမဲ့ ကြာလာလေ ရွေးချယ်မှုတွေက သုံးလို့ကုန်လာလေဖြစ်ပြီး ဒါဟာရွေးချယ်ရမယ့်အပိုင်းမဟုတ်တော့လို့လည်း ဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူ့ခံစားချက်ရဲ့လမ်းကြောင်းကိုလိုက်ရင် ပေးရမယ့် အရင်းအနှီးသိပ်ကြီးလို့လည်းဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူတကယ်ရွေးသင့်တယ်လို့ ထင်ရတဲ့အရာကိုပဲ ရွေးမှန်းမသိ ရွေးသွားခဲ့တယ်။ ဒါကို အဘွားကြီးကလည်း သိခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးသတ်က အဘွားကြီးရဲ့မျက်နှာဟာ သူ့အလိုလိုသိစိတ်ရဲ့အဖြေလို့ပြောလို့ရတယ်။ ဒီဘာမှမပါတဲ့ ရုပ်ရှင်ဟာ ကျွန်တော်တို့ဘာသာတောင် ဝန်ခံဖို့ခက်တဲ့ အချစ်နဲ့ ရွေးချယ်မှုရဲ့ တကယ့်သဘာဝအမှန်ကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.6 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:35:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

7.1 2015 95 mins
45 Years