YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Azumi.2.Death.or.Love.2005.Bluray.REMUX.720p.AVC.FLAC5.1-Nyein.mp4

1.63 GB N/A video/mp4 2023 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hows of Us
6.5

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်... ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး... IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she's dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး..... ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် ! George က Primoကို မြင်တည်းက ကြည့်မရဘူး...ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်... မိသားစုက သူ့ကိုချစ်ကြတယ်...အဖွားဖြစ်သူက Primoကို အသည်းစွဲ...နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်... အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်...ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်... နေ့ရက်တိုင်းဟာ ပျော်စရာပဲ...ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်...သူတို့ ဝေးခဲ့ကြတယ်... အရာရာဟာ နေသားမကျခြင်းတွေနဲ့...အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်... Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့... ဒါပေမဲ့ Georgeက သူ့ကိုစိတ်နာနေတုန်းပဲ... သူ့ကိုစိတ်နာနေတဲ့ George စိတ်ပြန်ပြေပြီး ပြန်ချစ်လာဖို့... သူကတိပေးခဲ့ဖူးပြီး Georgeအရမ်းသွားချင်ခဲ့တဲ့နေရာလေးတစ်ခုကို လိုက်ပို့ပေးနိုင်ဖို့... Georgeတို့မောင်နှမနှစ်ယောက် အရမ်းတွေ့ချင်နေတဲ့အဖေကိုတွေ့အောင်ရှာပေးနိုင်ဖို့ Primo စွမ်းနိုင်မှာလား... သူ့ရဲ့အချစ်တွေကိုရော သက်သေပြနိုင်မှာလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး... အများကြီးပြောရင် ကြည့်ရပေါ့မှာစိုးလို့ ဒီလောက်လေးပဲပြောပါရစေ... ဇာတ်သိမ်းက အသက်မို့ ငိုတတ်တယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့အကြံပေးချင်ပါတယ်.............................. အခက်အခဲလေးတွေရှိမှအကောက်အကွေ့ဆိုတာလေးတွေရှိမှ အချစ်က ပိုပြည့်စုံသတဲ့... အချစ်စစ်တို့မည်သည် မဖြောင့်ဖြူးစတမ်းလို့ ဆိုကြတယ်မဟုတ်ပါလား... တကယ်တော့ ဒါဟာ စမ်းသပ်မှုတွေလည်းဖြစ်နိုင်ပါတယ်...ဒီလူတစ်ယောက်အပေါ် ကိုယ်ဘယ်လောက်အထိချစ်နိုင်လဲ ? ဘယ်လောက်အထိ နားလည်နိုင်လဲ ? ဘယ်လောက်အထိ သည်းခံခွင့်လွှတ်ပေးနိုင်လဲ စသည်ဖြင့်ပေါ့..... တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါသူ့ရဲ့နှလုံးသားကိုပဲ ချစ်ပါ... ကျန်တဲ့အပေါ်ယံတွေကို မေ့ထားပါ... ချမ်းသာတာ ဆင်းရဲတာရုပ်ဆိုးတာ ရုပ်လှတာအောင်မြင်တာ မအောင်မြင်တာစတဲ့အချစ်လောက် အရေးမကြီးတဲ့အရာတွေကို ခဏမေ့ထားပါ... သူဟာ မင်းရဲ့လက်ဝဲဘက်အခြမ်းဆိုတာသေချာပြီလားသူ မင်းအပေါ်ထားတဲ့အချစ် စစ်မှန်တယ်လို့ခံစားရလား သူနဲ့အတူရှိနေရင် မင်းအတွက်အရာရာပြည့်စုံတယ်လို့ခံစားရလား ဒါဆို မင်းအတွက် ဘာလိုဦးမလဲ ? မင်းကိုတကယ်ချစ်တဲ့နှလုံးသားတစ်စုံဟာတစ်ဘဝလုံးစာမင်း နာကျင်အောင် ဘယ်တော့မှမလုပ်ပါဘူး .....။ (ရုပ်ရှင်အညွှန်းကို အောင်ဇင်ဖြိုးမှရေးသားထားပြီး ဘာသာပြန်ကိုတော့ ခင်ပြည့်စုံကျော် မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/48  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.4 GB)/(1.1 GB) Quality…WEB-DL AMZ 1080p / 720p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Khin Pyae Sone Kyaw

Action • Adventure • History • War
6.5 2018 117 mins
The Hows of Us
Liar x Liar
7.8

ဒီကားလေးကတော့ Liar x Liarဆိုတဲ့ Mangaလေးကို Live action ပြန်ရိုက်ထားတဲ့ ကားလေးပါ။ "အစကတော့ အလိမ်ညာလေးတစ်ခုပါပဲ။ ဒီအလိမ်အညာလေးက ကျွန်မတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲသွားစေမယ်လို့ မထင်ခဲ့မိဘူး" ဒီစကားလေးအတိုင်းပဲ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက အလိမ်အညာတစ်ခုကနေ စတင်ခဲ့တာပါ။ Minato ဆိုတဲ့ကောင်မလေးက တက်တက်ကြွကြွရှိတဲ့ ချစ်စဖွယ် ‌တက္ကသိုလ်ကျောင်းသူလေးပါ။ အလယ်တန်းကျောင်းကစလို့ တက္ကသိုလ်ရောက်တဲ့အချိန်ထိ အေးအေးချမ်းချမ်းနေရတဲ့ရက်ဆိုတာ မရှိခဲ့တဲ့ ကံဆိုးမလေးဆိုရင်လည်း မမှားပါဘူး။ ဒီကိစ္စတွေရဲ့ တရားခံကတော့ သွေးသားမတော်စပ်တဲ့ မောင်ဖြစ်သူ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး Toruပါပဲ။ ရုပ်ချောသလောက် ပွေရှုပ်လွန်းအားကြီးတဲ့ Toruကတော့ ခန့်မှန်းရခက်တဲ့ ကောင်လေးပါ။ သွေးသားမတော်စပ်တဲ့သူတို့နှစ်ယောက်ကြားထဲ အလိမ်ညာ‌တစ်ခုကြောင့် ထူးဆန်းတဲ့ခံစားချက်တွေဖြစ်တည်လာတာကို ကြည်နူးဖွယ်ပုံဖော်ထားတာပါ။ Mangaလေးကလည်း ဖတ်လို့ကောင်းသလို ရုပ်ရှင်အနေနဲ့ပြန်ကြည့်တော့လည်း ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကြောင့် အရသာမပျက်သွားပါဘူး။ လိမ်ညာတယ်ဆိုတာ မကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ ကောင်းပါတယ်။ ကားကောင်းလေးမို့လို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p and 480p File size…1.65GB, 856MB and 304MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii and Milkeux Encoder ..... LK

Drama • Romance • War
7.8 2021 117 mins
Liar x Liar
Oro Arrowhead
4.3

Oro Arrowhead (2021) ================ ၁၈၃၀ ခုနစ်မှာ အမေရိကန်အစိုးရဟာ ဌာနေတိုင်းရင်းသား အင်ဒီးယန်းတွေကို နေရာရွှေ့ပြောင်းရေး အစီအမံလုပ်ခဲ့ပါတယ်။အသစ်ဝင်ရောက်လာတဲ့ လူဖြူတွေ ဝါဂွမ်းစိုက်ပျိုးလို့ရအောင်မြေလိုတဲ့အတွက်လို့ အကြောင်းပြပြီး ချရိုကီးလူမျိုး ၁၆၀၀၀ ကျော်အပါအဝင် လူပေါင်း၆၀၀၀၀ လောက်ရှိတဲ့ မျိုးနွယ်စု ငါးစုကိုမိုင်ပိုင်းများစွာ လမ်းလျှောက်ခရီးနဲ့ အတင်းအကျပ်ပြောင်းရွှေ့ခဲ့ပါတယ်။ ပင်ပန်းဆင်းရဲမှုကြောင့် လူပေါင်း လေးထောင်ကျော်သေဆုံးခဲ့ပြီး မျက်ရည်လျှောက်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ ဒါ့အပြင် မျိုးနွယ်စုတွေ ဖယ်ရှားခံခဲ့ရတဲ့နေရာတွေဟာ တွင်းထွက်ပစ္စည်းလည်း ထွက်တဲ့အတွက် လူဖြူတွေက လိုချင်တပ်မက်ခဲ့တာပါ။ အဲဒါကို သိတဲ့ မျိုးနွယ်စုတွေဟာ ရွှေတွေကို တူးဖော်ပြီး မှော်အစီအရင်တွေနဲ့ ဖွက်ခဲ့ပါတယ်။ နောင်အခါမှာ အဲဒီအကြောင်းကို သိတဲ့ သိုက်တူးဖို့ လာသူတွေလည်း အများကြီးရှိတာပေါ့။ ဒီဇာတ်ကားမှာတော့ မြို့တော်ဝန်ဟာ ရွှေသိုက်ကို ရှာဖွေနေသူပါ။ အခြားဒီလိုမျိုး အကြံအစည်ရှိသူ ရှာဖွေသူတွေကို ခြိမ်းခြောက်လေ့ သတ်ပစ်လေ့ရှိပါတယ်။ ဒါကြောင့် မြို့တော်ဝန်ချုပ်ကိုင်ထားတဲ့ အဲ့နယ်မြေတွေမှာ ပြည်သူတွေဟာ တုပ်တုပ်မှ မလှုပ်ရဲ ကြပါဘူး။ တစ်ခါမှာတော့ ဇာတ်လိုက်ဖြစ်သူ ဗိုလ်မှူး ဂျင်မ်ပိုဝဲလ် တစ်ယောက် ဖခင် ရုတ်တရက်သေဆုံးမှုကြောင့် အသုဘကိစ္စအတွက် မြို့ကို ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ဖခင်သေဆုံးမှုဟာ သမားရိုးကျမဟုတ်တာကို သိရှိသွားပြီနောက် ရွှေသိုက်နဲ့လည်း ဘယ်လိုဆက်စပ်လာမလဲဆိုတာကို တွေ့ရမှာပါ။ စွန့်စာခန်းတွေပါတဲ့ Adventure အမျိုးအစားဖြစ်ပြီး နောက်ခံသမိုင်းကြောင်းကောင်းကောင်းနဲ့ ကြည့်ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Zaw Myo Thu, Luca Mi တို့ဖြစ်ပါတယ်။) File Size……….(1.25 GB) / (620 MB) Quality…………WebRip 1080p / 720p Duration………1Hr 52mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Mystery, Adventure Translator…….Zaw Myo Thu, Luca Mi Encoder……….SWM

Action
4.3 2021 112 mins
Oro Arrowhead
[18+] Lady Chatterley’s Lover
6.9

Lady Chatterley’s Lover (2022) (18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) 1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်သဘောကျတဲ့ မြင်ကွင်းတစ်ခုဆိုရင် အပြာရောင်ကောင်း‌ကင်တစ်ဝက်၊ အစိမ်းရောင်မြက်ခင်းပြင်တစ်ဝက်နဲ့ အလယ်ဗဟိုမှာ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရိုင်းဆန်စွာနဲ့ လှုပ်ရှားနေတဲ့ ကင်မရာရိုက်ချက်ပါပဲ။ ဇာတ်လမ်းအကျဉ်းလေး ပြောရရင်တော့ … လက်ထပ်ပြီးမကြာခင်မှာပဲ ပထမကမ္ဘာစစ်ကြောင့် Connie ရဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ခါးအောက်ပိုင်း သေသွားပါတယ်။ စစ်ကြီးပြီးလို့ ခင်ပွန်းသည်ရဲ့ Wragby အမွေခံအိမ်ကြီးဆီ ပြန်လာနေကာ ကျောက်မီးသွေးမိုင်းတွင်းတွေကို ဦးစီးလုပ်ကိုင်ရပါတယ်။ ခင်ပွန်းဟာ အောက်ပိုင်းသေနေတဲ့အတွက် လိင်မှုကိစ္စလည်း လုပ်နိုင်စွမ်းမရှိတဲ့အပြင် သူ့အပေါ်ကို ချစ်သူဇနီးမယားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ နာ့စ်တစ်ယောက် အိမ်အကူတစ်ယောက်အဖြစ် မှီခိုလာပါတော့တယ်။ ရုတ်တရက် မြို့ကြီးပြကြီးကနေ ကျေးလက်ဒေသကို ပြောင်လာမှုကြောင့် အသားမကျမှု၊ ခင်ပွန်းရဲ့ တဖြည်းဖြည်းအေးစက်လာမှု၊ ကာမ လိုအင် မပြည့်ဝမှု စတာတွေကြောင့် Wragby ခန်းမဆောင်ဟာ သူ့အတွက် မည်းမှောင်တိတ်ဆိတ်တဲ့ နေရာအဖြစ်မြင်လာပါတော့တယ်။ ဒီအရာတွေဟာ သူတို့အိမ်တော်က မွေးမြူရေးအလုပ်သမား Oliverနဲ့ တွေ့တဲ့အခါ အသစ်တဖန်ပြန်အသက်ဝင်လာပါတယ်။ ဝိဉာဉ်မဲ့နေတဲ့ Connieအတွက် Oliverဟာ ပြန်လည်အသက်ဆက်စရာ ကြိုးတစ်‌ချောင်း ဖြစ်လာတဲ့အခါ … (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 3.1GB, 1.1GB, 507MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 6mins Genre : Drama, Romance Translated by Jane Encoded by Kinnov

Crime • Drama • Mystery • Thriller
6.9 2022
[18+] Lady Chatterley’s Lover
A Day in Tongyeong
6.7

A Day in Tongyeong(2023) ************************* ဘဝမှာ အဖြေရှာမရတဲ့ အကြောင်းပြချက်တွေကြောင့် ဘာလုပ်လုပ် အဆင်မပြေ‌ဘဲ အရည်အချင်းမရှိတော့တဲ့ လူတစ်ယောက်လို ခံစားလာရတဲ့ နေ့ရက်တွေနဲ့ ကြုံလာရတတ်ပါတယ်။ တစ်ချိန်က ထိပ်ဆုံးထိ တက်လှမ်းနိုင်ခဲ့ပြီး အမှတ်တရ‌ကောင်းတွေရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာအရာရာဟာ ကိုယ်ကြိုးစားပေးဆပ်ထားတာနဲ့ မတန်အောင် ကမောက်ကမဖြစ်လာတဲ့အခါ မွန်းကြပ်မှုတွေထဲက ရုန်းထွက်ဖို့ စိတ်ထွက်ပေါက်ဆိုတာလိုအပ်လာပါတော့တယ်။ တစ်ခါတစ်လေမှာ မပြောပလောက်တဲ့ အရာလေးတွေက ကိုယ့်အတွက် စိတ်ခွန်အားနဲ့ ဆက်လက်ပြေးလွှားနိုင်မယ့် အားအင်တစ်ခုဖြစ်ပေးနိုင်တာကြောင့်ပါ။ ‌တော်ရာမှာနေပြီး မပျော်ရဘဲ စိတ်ဒုက္ခရောက်နေကြတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ဒါကြောင့် ပျော်ရာမှာ တော်အောင်နေတတ်ဖို့ကလည်း လိုအပ်ပါသေးတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ဟီယွန်းဟာ ပျော်ရွှင်ခြင်းနေ့ရက်တွေကို ပျောက်ဆုံးလာတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး အရင်က လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ ဆောင်းဆွန်းရဲ့ ဇာတိမြေကို ခဏတာ သွားရောက်လည်ပတ်ရင်း ဟီယွန်းနဲ့ ဆောင်းဆွန်းတို့ရဲ့ မတူညီတဲ့ ဘဝနှစ်ခုကို ပြသသွားမှာဖြစ်ပါတယ်။ ကိုယ့်အတွက် ပျော်ရွှင်စေတဲ့ အရာကို ကိုယ်တိုင်အသိဆုံးဖြစ်တာကြောင့် လွှတ်ချသင့်တဲ့အရာကို လွှတ်ချပြီး ရှင်သန်နေရတဲ့ အချိန်‌လေးအတွင်းမှာပျော်ရာမှာ ကြိုးစားနေထိုင်သင့်ကြောင်းကိုလည်းရိုက်ကူးပြသထားပါသေးတယ်။ လုပ်သလိုမဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမလုပ်ဘဲ စိတ်ကို အစာကျွေး၊အနားပေးပြီးမှ ခြေလှမ်းသစ်တွေနဲ့ အကောင်းဆုံး ပြန်လည်စတင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးကနေလည်း သင်ခန်းစာတစ်ခု ရယူနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက Treasure Htetပဲဖြစ်ပါတယ်…. File Size : 561MB | 1,3GB Quality : WEB-DL720p | 1080p Format…mp4 Duration…01:37:00 Genre : Thriller, Mystery, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌ Treasure Miri Encoded by Phyo Pyae

6.7 2023
A Day in Tongyeong
Merry Little Batman
6.4

Merry Little Batman (2023) ~ IMDb – 6.4/10, Rotten Tomatoes – 94% ~ ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ… ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားအသစ်ပါပဲ။ ဒီကားကိုတော့ ထူးထူးခြားခြား ဝါနာဘရားသားက မထုတ်ဘဲ Metro-Goldwyn-Mayer ကနေ ထုတ်ထားပါတယ်။ ပြောရရင် ဝါနာဘရားသားက ထုတ်တာမဟုတ်တဲ့ ပထမဆုံး ဒီစီအန်နီမေးရှင်းကားပါပဲ။ ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။ ဇာတ်ကတော့ ထူးထူးခြားခြားပဲ။ ဂေါ်သမ်မြို့မှာ ဘာမှုခင်းမှမရှိတော့တဲ့ ကာလမှာတည်ထားတယ်။ ဂေါ်သမ်ဟာ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော်အဖြစ်ပါ မဲပေးခံခဲ့ရတဲ့ကာလပေါ့။ ဘတ်မန်းကလည်း သူ့သား ဒေမီယန်ဝိန်းလေးကို ဖူးဖူးမှုတ်မတက် အိမ်မှာ ဂရုစိုက်နေပြီး ရဲမင်းကြီးဂေါ်ဒွန်လည်း ဘတ်ဆစ်ဂနယ်ကို မဖွင့်ဖြစ်တာ နှစ်ပေါင်းတော်တော်ကြာနေပြီဖြစ်တဲ့ကာလပေါ့။ ဘာလို့ ဒီလိုဖြစ်သွားသလဲဆို ဘတ်မန်းဟာ သူ့သားကို သိပ်ချစ်လေတော့ သူ့သားကြီးပြင်းလာတဲ့အခါ သူ့မြို့က စိတ်ချရတဲ့မြို့ဖြစ်စေချင်လို့ အကုန်လုံးကို အိုဗာတိုင်ဆင်းပြီး ရှင်းထုတ်ပစ်ခဲ့တာပါပဲ။ အောင်မြင်ခဲ့ပါတယ်။ ဘတ်မန်းလည်း အလုပ်မရှိတာ ၈နှစ်လောက်ရှိပါတော့မယ်။ ဒေမီယန်ဝိန်းလေးကတော့ စူပါဟီးရိုးအရမ်းဖြစ်ချင်လွန်းလို့ ကျားကုတ်ကျားခဲ လေ့ကျင့်ပြီး ပြဿနာတွေပတ်ရှာနေခဲ့တယ်။ ဘတ်မန်းကလည်း သူ့သားကို ပိုစိတ်မချဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ခရစ္စမတ်အကြိုနေ့မှာ ဘတ်မန်းကို စူပါဗီလိန်တစ်ကောင်က ဂေါ်သမ်ကနေ မျှားခေါ်ထုတ်ပြီး ခရစ္စမတ်ကို ခိုးဖို့လုပ်တယ်။ ဂေါ်သမ်မြို့ကြီးမှာ ကျန်ခဲ့တဲ့ ဒေမီယန်က သူ့အဖေအစား ခရစ္စမတ်ကို ခိုးတော့မယ့် စူပါဗီလိန်တွေကို တားနိုင်မလား ကြည့်ကြရမှာပေါ့။ ဒီအန်နီမေးရှင်းကို နှစ်ပေါင်းများစွာကြာပြီးမှ မှုခင်းတွေပြန်ဖြစ်လာလို့ ထိတ်လန့်နေတဲ့ ဂေါ်သမ်မြို့သားတွေနဲ့ စူပါဟီးရိုးဖြစ်ချင်နေတဲ့ ဒေမီယန်နဲ့ စူပါဗီလိန်တွေကြားက အုတ်အော်သောင်းနင်းအဖြစ်တွေကို ဟာသနှောပြီး တင်ဆက်ထားတယ်။ နောက် ခရစ္စမတ်ရဲ့ အရသာကိုရောပေါ့။ ခရစ္စမတ်အတွက် ကျိန်းသေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘတ်မန်းအဖြစ် Luke Wilson တို့၊ အဲဖရက်အဖြစ် James Cromwell တို့လို နာမည်ရှိ သရုပ်ဆောင်တွေက အသံသရုပ်ဆောင်ပေးထားပြီး ထွက်ခဲ့တဲ့ ဘတ်မန်းကားတွေကိုလည်း Tribute ထားပါတယ်။ တော်တော်လေး ဖောင်းထုခံခဲ့ရတဲ့ ဂျော့ကလူးနီရဲ့ Batman & Robin ကိုတော့ ခဏခဏ Tribute ထားတာကိုလည်း မြင်နိုင်ပါတယ်။ သိသလောက်ဆို ဒါပထမဆုံး Christmas Theme သုံးထားတဲ့ တစ်ကားတည်းအပြီး ဒီစီအန်နီမေးရှင်းကားလည်းဟုတ်သလို Christmas Theme သုံးထားတဲ့ ပထမဆုံးဘတ်မန်းကားလည်း ဟုတ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 885MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 32Min Genre – Animation, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2023
Merry Little Batman
The Cabin in the Woods
7

၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက် အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။ Thor မင်းသား Chris Hemsworth နဲ့ Grey’s Anatomy ထဲက Jesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာ မြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။ တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင် လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကို လာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား… File size… 5.5 GB / 1.4 GB / 676 MB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by EL MoH

7 2011 95 mins
The Cabin in the Woods
My First Summer
6.7

My First Summer (2020) မိန်းကလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လှပစွာရိုက်ကူးထားတဲ့ GL ရုပ်ရှင်ကားလေးဖြစ်ပြီး Rotten tomato လည်း 89% ရထားပါတယ်။ မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပျင်းလာခဲ့ရပြီး လောကကြီးအကြောင်း ဘာမှနားမလည်တဲ့ အသက် ၁၆ နှစ်အရွယ်ကောင်မလေး ကလော်ဒီရာ… မျက်စိရှေ့မှာတင် အမေရေနစ်သေဆုံးသွားတာကြောင့် နေ့ရက်တိုင်းကို စိတ်ဒဏ်ရာတွေနဲ့ တစ်ယောက်တည်း ကျော်ဖြတ်နေရတဲ့ အချိန်မှာ ရွယ်တူ ၁၆ နှစ်အရွယ် တက်တက်ကြွကြွနေတတ်တဲ့ ကောင်မလေး ဂရေ့စ်နဲ့တွေ့ခဲ့ပါတယ်။ အထီးကျန်ပြီး အလင်းရောင်မရှိ အုံ့မှိုင်းနေတဲ့ ကလော်ဒီရာရဲ့ဘဝကို ဂရေ့စ်တစ်ယောက်က ပျော်ရွှင်မှုနဲ့ အလင်းရောင်လေးတွေပေးခဲ့ပါတယ်။ နေ့စဉ် အတူတူအချိန်ဖြုန်းကြရင်းနဲ့ ကောင်မလေးနှစ်ယောက်ကြားမှာ သံယောစဉ်ကတစ်ဆင့် ချစ်ခြင်းမေတ္တာပေါ်ပေါက်လာပုံလေးကို လှလှပပလေး ရိုက်ကူးပြထားတဲ့ အပြင် ချစ်ခြင်းမေတ္တာဟာ ဝမ်းနည်းမှုတွေကို ကုစားပေးနိုင်ပြီးတော့ မထင်မှတ်တဲ့နေရာမှလည်း ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာနိုင်ကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ကြည့်ပြီးရင် လုံးဝနောင်တရမှာမဟုတ်တာမလို့ GL သဘောကျတဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ကားဖြစ်မှာပါ File size… 8.7 GB / 2.2 GB / 989 MB Quality… Web-DL 4K /1080p / 720p Format… mp4 , mkv Duration…. 1h 20m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Action • Adventure • Drama • Romance
6.7 2020 78 mins
My First Summer
13 Bombs
6.7

13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10) ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး… ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်… ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်… အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်… ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်… ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်… အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ… ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်… ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ထင်ထားတာထက် အများကြီးအဆင့်မြင့်ပြီး စနစ်တကျလှုပ်ရှားလို့ နေပါတယ်… ဒီလိုအခြေအနေဆိုးကြီးမျိုးကို ဗျူရိုက ဘယ်လိုတိုက်ဖျက်သွားမလဲ… တိုက်ရောတိုက်ဖျက်နိုင်မှာလား အကြမ်းဖက်အဖွဲ့ကပဲ သူတို့လိုချင်တဲ့ ပြည်သူအားလုံးတန်းတူညီမျှရေးကိုပဲ ဖော်ဆောင်သွားနိုင်မလား… ကြားထဲက ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ အော့စ်နဲ့ ဝီလ်တို့ရော ဘာဆက်ဖြစ်သွားကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Thriller Quality…. 1080p | 720p File size… 1.7Gb | 924MB Format… mp4 Duration…. 2h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

6.7 2023
13 Bombs
71: Into the Fire
7.3

71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊ Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ တောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက် ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။ တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့ နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။ မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်ဆောင်ထားတဲ့ လူမိုက်ဂိုဏ်းဝင် ဂပ်ဂျိုတို့အုပ်စုရဲ့ မထီမဲ့မြင်ဆက်ဆံခြင်းတွေကိုလည်း ခံရပါသေးတယ်။ အိုဂျန်ဘုံးဦးဆောင်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေး ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး အမှတ် (၇၆၆) ခြေလျင်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့… ကျောင်းသားလေးတွေ ဘယ်လို ရွပ်ရွပ်ချွံချွံနဲ့ မြောက်ကိုရီးယားကို ခုခံသွားမလဲဆိုတာ ရင့်နင့်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…3.01GB / 1.24GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 2m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn & Theint

7.3 2010
71: Into the Fire
Full of Love aka Fuld af kærlighed
7

Fuld af kærlighed (2024) ———— IMDb – 7/10 သာမန်အလယ်တန်းအဆင့်မိသားစုလေးတစ်စု အပေါ်ယံ သူများအမြင်မှာ ပျော်နေကြပေမယ့် အဖေဖြစ်သူက အရက်စွဲနေတဲ့အခါမှာ…. အရက်စွဲနေတဲ့အဖေဖြစ်သူကြောင့် သူတစ်ယောက်တည်းပဲ မဟုတ်ပဲ မိသားစုမှာပဲ ဘယ်လို စိတ်ဒဏ်ရာတွေရနေလဲဆိုတာ စိတ်ကျန်းမာရေးက မိသားစုဆက်ဆံရေးမှာ ဘယ်လောက်အရေးပါလဲ ဆိုတာ သေချာပြပေးတဲ့ Denmark ရုပ်ရှင်တစ်ကားပါ။ ကျွန်မတို့တွေ စိတ်ကျန်းမာရေးအကြောင်းပြောတဲ့အခါ မိသားစုကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေကို ပြောဖို့ ထုတ်ပြဖို့ ခဲယဥ်းတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်တိုင်က စိတ်ဒဏ်ရာဖြစ်မှန်းမသိဖြစ်နေတာမျိုးတောင်ရှိပါတယ်။ စိတ်ကျန်းမာရေးဆိုတာ ပေါပေါ့တန်တန် စဥ်းစားသင့်တဲ့အရာမျိုးမဟုတ်တာမို့ စိတ်နေမကောင်းတော့ဘူးထင်ရင် ချက်ချင်း သက်ဆိုင်ရာအကူအညီရယူသင့်ပါတယ်။ ဒီကားထဲမှာလည်း ဖြစ်နေတဲ့ ပြဿနာတွေကို လျှစ်လှူရှူနေသရွေ့ မဖြေရှင်းရာကနေ ကိုယ်တင်မက ကိုယ့်မိသားစုပါထိခိုက်လာတာကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားပါတယ်။ ဒီထဲမှာ အရက်စွဲနေတဲ့ အဖေ့ကြောင့် မိသားစုလေးမသာယာဖြစ်နေရာကနေ အဖေ့ကို အရက်ဖြတ်ဖို့ကြိုးစားရင်းကနေ သူတို့ မိသားစုလေးပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားနေကြတာ ကြည်နူးဖို့ကောင်းပြီး စိတ်ကျန်းမာရေးအတွက်လည်း အများကြီး ဗဟုသုတရတဲ့ ရုပ်ရှင်လေးမို့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ရပါတယ်။

7 2024 110 mins
Full of Love aka Fuld af kærlighed
Fast & Furious Fast and Furious 4
6.5

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ Fast & Furious (2009) IMDb Rating (6.5) / Rotten Tomatoes (29%) ဆီကုန်ကားကြီး(၂)စီးကို ဓားပြတိုက်ပြီး ဒွန်တို့အဖွဲ့ဟာ အေးဆေးနေဖို့ကြိုးစားကြတယ်။ ရဲတွေကလည်း ဒွန်ဆိုတာကို အဓိကပစ်မှတ်ဖြစ်လာတာမို့ ဒွန်ကိုယ်တိုင်ခြေရာဖျောက်ဖို့အကောင်းဆုံးနည်းဖြစ်တယ်လို့ ဆုံးဖြတ်မိတာကြောင့် နည်းမျိုးစုံကြိုးစားခဲ့တယ်။ သို့ပေမဲ့ အဲ့အခိုက်အတန့်အတွင်းမှာပဲ လက်တီဟာ အသတ်ခံလိုက်ရတယ်။ အဲ့ဒီနောက်မှာတော့…. File Size : (8.3 GB) /(2.1 GB) / (1 GB) Quality : BluRay 4K HEVC/ 1080p HEVC/ 720p Running Time : 1hr 47 min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae/Ka Naung

Drama • Action • Thriller • Crime • Romance
6.5 2009 107 mins
Fast & Furious Fast and Furious 4
23 (Iravai Moodu)
6.3

23 Iravai Moodu 2025 (ခွဲခြားမှုရဲ့နောက်ကွယ်) ၁၉၉၁ ဆွန်ဒူရူ အစုလိုက်အပြုံလိုက်လူသတ်မှု ၁၉၉၃ ချီကာလာလူရီပတ် ဘတ်စ်ကားမီးလောင်မှု ၁၉၉၇ ဂျူဘလီဟေးလ်ဗုံးပေါက်ကွဲမှု ဒီ ဖြစ်ရပ်မှန် အစုလိုက်အပြုံလိုက် လူသတ်မှု ၃ ခုကို အခြေခံဇာတ်အိမ်တည်ထားတဲ့ တေလဂူဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်နိမ့်မှန်ရင် ဘာလုပ်လုပ်အမှားလိုသတ်မှတ်ပြီး ပိုးဆိုးပက်စက်ဝိုင်းနှိမ်ချင်ကြတဲ့ အသိုင်းအဝိုင်းတစ်ခု ဇာတ်နိမ့်ဖြစ်နေလိုအလုပ်လည်းကောင်းကောင်းလုပ်စားမရဘဲ ဘဝအခြေအနေ အစစအရာရာနိမ့်ပါးရတဲ့လူတန်းစားထဲက ဆာဂါဆိုတဲ့ကောင်လေး ဆာဂါတစ်ယောက် လုပ်ငန်းပထမတစ်ခါလုပ်တော့ MLMနဲ့တိုး နောက်တစ်ခုထပ်လုပ်ဖို ချေးငွေလျှောက်တာကမရနဲ့ အတော်တိုင်ပတ်နေတာပေါ့။ တစ်ဖက်က ချစ်သူလေးဆူရှီလာကလည်း ခပ်ချောချောမလို လိုချင်သူတွေကအများသားဆိုတော့ ကိုယ့်အပိုင်အဖြစ် မြန်မြန်တံဆိပ်ကပ်မှစိတ်ချရမယ့်အနေအထား ဒီတော့ ဆာဂါငွေရဖို ရွေးချယ်လိုက်တာက ဖြတ်လမ်းတစ်ခု၊ တစ်နည်း ဘတ်စ်ကားတစ်စီးကို မီးရှိပေးဖိုဆိုတဲ့အလုပ်ပါပဲ။ အဲဒီအလုပ်ကိုလက်ခံမိရာကစလိုသူ့ဘဝ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Team မှပဲဖြစ်ပါတယ်)

6.3 2025 130 mins
23 (Iravai Moodu)