YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) All of Us Strangers (2023) 720p.mp4

581.03 MB N/A video/mp4 331 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up Revolution
6.9

Genre – Drama, Music, Romance IMDB – 6.4/10 Step Up ရုပ်ရှင်တွေ အများကြီးထွက်ခဲ့တဲ့နောက် ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးတွေက No 2 ပြီးရင် ဒီ Revolution ဖြစ်လိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ သူသွားတဲ့ ပုံစံက အရင်ကားတွေ အဖွဲ့လိုက် ယှဉ်ပြိုင်တာမျိုးတွေ မဟုတ်ပဲ Falsh Mob လို့ခေါ်တဲ့ အများလူကြားမှာ ပြချင်တဲ့ Message တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ရုတ်တရက် ထကကြပြီး ပုံဖော်တာမျိုးကို အသုံးပြုထားလို့ပဲ ဖြစ်တယ်။ ဒီကားမှာတော့ နာမည်က Revolution ဆိုတဲ့အတိုင်း တစ်ခုခုကို တော်လှန်တာတဲ့အကြောင်း Mob တွေ လုပ်ကြတာပေါ့။ ဒီကားမှာပါတဲ့ ကခန်းတွေကလည်း ပိုပြီး အနုပညာဆန်လာတယ် မျက်စိပဒေသာလည်း ဖြစ်တယ် (ပြတိုက်အခန်းနဲ့ ရုံးပုံစံ အခန်းဆို တော်တော်ကိုမိုက်တယ်) သီချင်းတွေလည်း အဲဒီခေတ်တုန်းက ခေတ်စားခဲ့တဲ့ Dubstep တွေအပြင် Hip Hop အလန်းစားတွေနဲ့ အရှေ့ကားက Legend တွေလည်း Cameo အဖြစ် ပြန်သရုပ်ဆောင်ထားကြသေးတာ။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်န်ဆိုတဲ့လူငယ်လေးက ဟိုတယ် တစ်ခုမှာ ဝန်ထမ်းလုပ်နေရင်း တစ်ဖက်မှာ သူ့သူငယ်ချင်းတွေနဲ့ Youtube မှာ လူ ၁ သန်း ကြည့်ရှုသူရအောင် The Mob ဆိုတဲ့ အဖွဲ့နဲ့ ထူးဆန်းတဲ့ Mob ကကွက်တွေ ဖန်တီးနေသူ။ ကြည့်တဲ့လူ ၁ သန်းပြည့်ရင် ဆုကြေးက တစ်သိန်းပေးမှာကိုး။ တစ်ဖက်မှာ အမ်မလီဆိုတဲ့ကောင်မလေးကကျ ဒီဟိုတယ်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ရဲ့ သမီး အဖေဖြစ်သူနဲ့ သဘောထား ကွဲလွဲပြီး အကသမား ဖြစ်ချင်နေတဲ့လူ။ အဲဒီမှာ နှစ်ယောက်သား ရေစက်ပါလို့ တွေ့ဆုံကြရင်းနဲ့ အမ်မလီကလည်း ဒီ The Mob ဆိုတဲ့ အဖွဲ့ကို ဝင်ချင်တဲ့အချိန်၊ အမ်မလီရဲ့အဖေက ရှောင်န်တို့ ရပ်ကွက်တွေကို ငွေနဲ့ပေါက်ဝယ် သိမ်းပိုက်ပြီး ဟိုတယ်တွေဆောက်ဖို့လုပ်တဲ့အချိန် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ သားအဖနှစ်ယောက်က ဘယ်လိုဖြစ်မလဲ ရှောင်န်တို့ကရော ဘယ်လိုတားဆီးကြမလဲဆိုတာကို ကကွက်ဝေဝေဆာဆာတွေ သီချင်းအမိုက် တွေနဲ့ ရှယ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…2.25GB / 1.08GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Horror • Mystery
6.9 2012 99 mins
Step Up Revolution

ကဲ ပရိသတ်ကြီးရေ ဒီတစ်ခါတော့ လှည့်ကွက်ကြီး ၁၀ခုအကြောင်းကို တင်ဆက်ပေးလိုက်ပါပြီ ရုပ်ရှင်လေးကတော့ အဖြူ အမဲ ကားလေးပါပဲ လှည့်ကွက်ကြီး ၁၀ခုဆိုလို့ ပိုက်ဆံလိမ်တာတို့ ဘာတို့တွေအထိ မတွေးလိုက်ကြပါနဲ့ အနီးအနားက ကိစ္စလေးတွေကိုပဲ တွေးလိုက်ကြပါ ယောကျာ်းထုကြီးအတွက် ကတော့ ကြည့်လို့လည်းကောင်းသလို ပညာတွေလည်းတစ်လှေကြီးရနိုင်မဲ့ ကားလေးပါပဲ အဲ အိမ်ထောင်ရှင် မမများအတွက်တော့ ကိုယ့် ယောကျာ်းထက်ခြေလှမ်း တစ်လှမ်းသာနေချင်ရင် ဒီကားလေးကိုကြည့်ပြီးသာ ပညာယူထားရမှာပါ ဟုတ်ကဲ့ ဒီရုပ်ရှင်ရဲ့ အဓိက လှည့်ကွက်ကြီး ၁၀ခုကတော့ ပြည့်တန်ဆာအိမ်မှာ ယောကျာ်းတွေလုပ်လေ့ လုပ်ထရှိတဲ့ အကြောင်းတွေပါပဲ အဲဒါအပြင် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးတဲ့ အကြောင်းလေးတွေရယ် အမ်းနိုင်သမျှအမ်းလွန်းတဲ့ မမကြီးတွေရဲ့ နှင်းဆီခိုင်လေးတွေအကြောင်းရယ်ကို သဘာဝကျကျ အဖြစ်ကိုအဖြစ်အတိုင်း ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ် (ဘာသာပြန်နေရင်းတောင် ငယ်ငယ်က သူငယ်ချင်းကိုသတိရမိသွားတဲ့အထိပါပဲ)အဲဒီတော့ ဇာတ်လမ်းရယ်ဆိုတာတော့ သေချာမရှိဘဲ ဖြစ်တတ်တဲ့သဘောတရားတွေကို ရိုက်ပြထားတာမို့လို့ တစ်ကားတည်းနဲ့ ဇာတ်လမ်းပေါင်း များစွားကို အဝကြီးကြည့်ရှုရမှာပါ ဒါပေမဲ့ ဒီကားလေးကိုကြည့်ရင် ရနိုင်မဲ့ အကျိုးကျေးဇူးလေးတွေကတော့ အဲဒီလိုနေရာကိုသွားရင် ဘာတွေကို ရှောင်ရမလဲ ဆောင်ရမလဲ ကိုယ်ကတော့ ကြွေသွားအောင်လုပ်လိုက်တာပဲ သူတို့အမြင်မှာတော့ဘယ်လိုဖြစ်သွားမလဲ ကောင်းမလေးတွေရဲ့ စိတ်ထားကို အပြည့်အဝမဟုတ်ဘူးဆိုပေမဲ့ ဘယ်လိုလေးနားလည်ထားအောင်လုပ်မလဲ အိမ်ထောင်သည် ယောကျာ်းတွေထဲမှာမှ အပျော်ရှာပြီးသွားတတ်တဲ့သူရှိသလို မိန်းမကရောဂါခံစားနေရလို့ ဘာမှမလုပ်ပေးနိုင်တာတောင် စည်းစောင့်တဲ့သူတွေဆိုတာ တကယ်ပဲရှိတာလား ပိုက်ဆံကျိကျိတက်ချမ်းသာပေမဲ့လည်း မိန်းမကအငြိမ်နေနိုင်ပါ့မလား ဆိုတာတွေကို အများကြီးကြည့်ရှုရမှာပါ လှည့်ကွက်တွေကိုတော့ မျက်လှည့်အကွက်လေးတွေနဲ့ နှိုင်းယှဉ်ပြထားပြီး မျက်လှည့်ဆရာတစ်ယောက်ရဲ့ ခံစားချက်လေးပါ ပေါ်လွင့်အောင်ရိုက်ပြထားလို့ ကြည့်ကိုကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲဗျာ မှတ်ချက် လူ ၁၈ယောက်တော့ စုကြည့်မှရမှာပါ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး ပြီးတော့ အဲဒီထဲကမင်းသမီးလေး က သေးသေးလေးနဲ့ချစ်ဖို့ကောင်းတယ်ဆိုပြီး စိတ်ကူးမိရင်လည်း Google လေးတော့ ခေါက်ကြည့်လိုက်ပါဦးနော် ဂျင်းဆိုတာက စားတတ်ရင် ကားမူးသက်သာပါစေပါတယ် File size…(2.1 GB)/(1.14GB)/(621 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Drama
null 2022
18+10 Tricks
Hidden
6.9

ဒီကားကတော့ သည်းထိတ်ရင်ဖို post-apocalypse ရုပ်ရှင်တွေကိုမှ ကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကင်းစ်ဗီးမြို့မှာနေတဲ့ သာမာန်မိသားစုလေးဖြစ်တဲ့ ရေးလ်၊ ကလာရာနဲ့ သူတို့ရဲ့သမီးလေး ဇိုဝီတို့ဟာ သူတို့ရဲ့မြို့ငယ်လေးမှာ ဗိုင်းရပ်စ်ကူးစက်တဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့အပြီးနောက်မှာ "ဘရီသာ" ဆိုတဲ့အမျိုးအမည်မသိ သတ္တဝါတွေဆီကနေ ပုန်းနေဖို့အတွက် မြေအောက်ဗုံးခိုကျင်းထဲမှာပဲ နေနေခဲ့ကြရတာ ရက်ပေါင်း 301 ရက်ရှိနေခဲ့ပါပြီ။ ဒီအချိန်မှာသူတို့ရဲ့ ရိက္ခာတွေကိုလာခိုးတဲ့ ကြွက်တ‌စ်ကောင်ကို အကြောင်း ပြုပြီးသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲသွားစေမဲ့ဖြစ်ရပ်ကြီးတခုဖြစ်သွားခဲ့ပြီး ဘရီသာ" တွေကို သူတို့ရဲ့နေရာကိုဖော်ပြလိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီတော့ "ဘရီသာ" ဆိုတဲ့ အမျိုးအမည်မသိသတ္တဝါတွေကပဲ သူတို့ကိုရှာတွေ့ သွားမလား၊ "ဘရီသာ" တွေကရော ဘာသတ္တဝါတွေလဲ၊ ဗိုင်းရပ်စ်ကရော ဘယ်လိုကူးစက်တာလဲ၊ သူတို့မိသားစုကရောလွတ်မြောက်သွားမှာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ post-apocalypse ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ခင်ဗျ။ File size…1.16GB / 394MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 24m Genre ..... Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Comedy • Romance • TV Movie
6.9 2015 83 mins
Hidden
Kissable Lips
1

ဒီကားလေးက blကိုမှ သွေးစုပ်ဖုတ်ကောင်နဲ့သွေးသန့်လူသားတို့ရဲ့အချစ်ဇာတ်လမ်းလေး wpတွေမှာ အရမ်းစိတ်ကူးယဥ်ပြီးရေးဖူးတာတွေတွေ့မှာပါ ဒီကားလေးကလည်းအဲ့လိုပါပဲ။ "ချန်ရစ်ခဲ့သူနဲ့ကျန်ရစ်ခဲ့သူတွေမှာ အခံစားရဆုံးက ကျန်ရစ်ခဲ့သူတွေ" လို့ ပြောကြတယ် အဲ့ထဲမှာမှ ကိုယ့်ကြောင့်ချစ်ရတဲ့သူက ထွက်သွားရတာဆို လုံးဝဖြေမဆည်နိုင်အောင်ပါပဲ ဇာတ်လမ်းလေးထဲမှာလည်း ဂျန်ဟိုဆိုတဲ့သွေးစုပ်ဖုတ်ကောင်ဟာ သူ့စိတ်မထိန်းနိုင်မှုကြောင့် သူ့ချစ်သူဒိုဟွန်းကိုဆုံးရှုံးခဲ့ရပါတယ် ပိုဆိုးတာက သူတို့သွေးစုပ်ဖုတ်ကောင်တွေမှာလဲ စည်းမျဥ်းတွေရှိနေတာပါပဲ လူသား (သို့မဟုတ်) မျိုးတူအချင်းချင်းကိုသတ်မိရင် အဲ့ဒီသွေးစုပ်ဖုတ်ကောင်ဟာ ၁၀ နှစ်အတွင်းပျောက်ကွယ်သွားမှာပါ ခုလည်းချစ်သူလူသားကိုသတ်မိတဲ့ ဂျန်ဟိုဟာ ပျောက်ကွယ်ဖို့အချိန်နီးကပ်လာပါတော့တယ် ဒါပေမဲ့ ရှင်သန်ချင်ရင် နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး အဲ့ဒါကတော့ သွေးသန့်လူသားကို ရှာပြီးသူ့သွေးကိုစုပ်ရမှာပါ သွေးသန့်လူသားကလည်း ရာစုနှစ်တစ်ခုကြာမှတစ်ယောက်ပဲမွေးဖွားပါတယ် လူသားဖြစ်ဖို့နည်းလမ်းရှာနေတဲ့ဂျန်ဟိုတစ်ယောက် သွေးသန့်လူသားချွဲမင်ဟျွန်းကိုတွေ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုကြိုးစားမလဲ စိတ်ဝင်စားစရာလေးမို့ကြည့်ကြည့်ပါနော် ပြီးတော့ uke လေးရော seme လေးရောအရမ်းချောတာမို့ ကြည့်ရတာတန်ပါတယ်ရှင် ဂျန်ဟိုအဖြစ် Kim Ji Woong ချွဲမင်ဟျွန်းအဖြစ် Yoon Seo Bin ဟေးဆိုးအဖြစ် Moon Ji Hoo တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။ Genre.....BL, Drama, Romance Quality….WEB-DL 1080p and 720p File size…1.23GB and 647MB and 230MB Format…mp4 Duration….1h 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... Kong Hou Encoder ..... August

Horror
1 2022 86 mins
Kissable Lips
Our Huff and Puff Journey
3

ဒီတစ်ခါတော့ သီချင်းကိုအရမ်းရူးသွပ်တဲ့ အိမ်ပြေးအထက်တန်း ကျောင်းသူလေးယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီချီနို ၊ ချီအဲ ၊ ဆက်ဆွန် နဲ့ ဖူမီကိုဆိုတဲ့သူငယ်ချင်းလေးယောက်မှာ တကယ်တမ်းအိမ်ပြေးလာတာ ဖူမီကိုတစ်ယောက်တည်းပါ။ ဖူမီအို အကြိုက်ဆုံးအိုင်ဒေါဖြစ်တဲ့ ကာအိုစံပါဝင်တဲ့ ခရိဟိုက်တေးဂီတအဖွဲ့က တိုကျိုမှာဖျော်ဖြေပွဲလုပ်မှာမို့ အိမ်နဲ့ရန်ဖြစ်ပြီးထွက်လာတာပါ။ အချစ် ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အီချီနို၊ ချီအဲ နဲ့ဆက်ဆွန်တို့လည်း တိုကျိုကို အတူတူထွက်လာခဲ့ပါတယ်။ ဘာထူးခြားလဲဆိုတော့ တိုကျိုအထိ လေးရက်ခရီးလောက်ကို စက်ဘီး ကိုယ်စီနဲ့တက်လာခဲ့ကြတာပါ။ အထက်တန်းကျောင်းသူတွေမို့လို့ မုန့်ဖိုး လည်းအများကြီးမပါတဲ့အပြင် စက်ဘီးလည်း ဆက်မနင်းနိုင်တဲ့အခါ အံ့အားသင့်ရလောက်အောင်ကို လူကောင်းတွေနဲ့အများကြီးတွေ့ခဲ့ရ ပါတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်းနဲ့ နောက်ဆုံးလက် ထဲမှာ ယန်း ၃၀၀ ပဲကျန်တဲ့အချိန် သူငယ်ချင်းလေးယောက်လည်း တစ် ဖြည်းဖြည်းချင်းသွေးကွဲလာပြီး အမြင်စောင်းလာကြတဲ့အခါ.... သူတို့လေးယောက် ဘယ်လိုမျိုးညှိနှိုင်းကြမလဲ ? သူတို့ကြိုက်တဲ့တေးဂီတ ဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်သွားရဲ့လားဆိုတာတော့ ဆက်ကြည့်လိုက်တော့နော်.... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.7 GB) / (650 MB) / (420 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Jo Jo Va Encoder..........SWM

Comedy • Drama
3 2015 91 mins
Our Huff and Puff Journey
Runaway Jury
7.1

Runaway Jury(2003) အညွှန်း ************************* IMDb – 7.1 / Rotten ? – 75% Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲ အပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်း ပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့ သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ.. မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာ အဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကို အလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက် တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့် သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလို ငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ် ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့် သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။ သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာ ရှေ့နေဖြစ်သူဝမ်‌ဒေါလ်ရိုဟာနဲ့ပေါင်းပြီး တိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကို ဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့.. John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင် Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ကြီးတွေရဲ့ သရုပ်ဆောင်ချက်၊ Plot twistအစုံနဲ့ ခန့်မှန်းမရအောင် ဆွဲခေါ်သွားမယ့် ဇာတ်လမ်းကောင်းဖြစ်တာမလို့ မကြည့်ရသေးဘူးဆိုရင်တော့ ခုပဲကြည့်ရှုခံစားကြည့်ဖို့ လက်တို့လိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်.. File Size :(1.9GB) (897MB) and (375MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…02:07:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Crime
7.1 2003 127 mins
Runaway Jury
Dungeons & Dragons: The Book of Vile Darkness

Dungeons & Dragons : The Book of Vile Darkness (2012) Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။ Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။ ~ ဇာတ်လမ်းအကျဉ်း ~ ဒီတတိယကားကတော့ ပထမကားနဲ့ရော ဒုတိယကားနဲ့ရော မအပ်စပ်တော့ပါဘူး။ ခေတ်တစ်ခေတ်မှာ ဆိုးယုတ်တဲ့‌ မှော်ဆရာတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဒီဘဲက ဘယ်လောက်ယုတ်သလဲဆို သူကလူဆိုတော့ လူ့သက်တမ်းတစ်လျှောက်လေးပဲ ယုတ်ရမှာ နည်းလိုက်တာဆိုပြီး သံသရာအဆက်ဆက်ယုတ်ဖို့ ကြံစည်ပါတယ်။ နတ်ဆိုးကို ဝိညာဉ်ရောင်းပြီး သူ့ခန္ဓာကိုယ်ကို ယုတ်ညံ့မှုအပေါင်းကို ခေါ်ဆောင်လာမယ့် စာအုပ်အဖြစ်ပြောင်းလဲခဲ့တာပါ။ ဒီစာအုပ်ကိုကြည့်မိတဲ့လူတိုင်း မကောင်းဆိုးရွားဖြစ်ကုန်ပါမယ်။ ကြာလာရင်တစ်လောကလုံး မကောင်းဆိုးရွားဖြစ်ပြီး လောကကြီးပျက်မယ့် မဟာအိုင်ဒီယာကြီးပေါ့။ ဒါပေမဲ့ အလင်းနတ်ဘုရား ပါလာရဲ့ ကျေးကျွန်တွေဖြစ်တဲ့ နယူးဆန်းသူရဲကောင်းတွေက သူတို့ကိုတားဆီးပြီး လောကကြီးကိုကယ်တင်လိုက်ပါတယ်။ စာအုပ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ အကုန်တော့မပျက်ဘဲ ကျန်နေတဲ့အစိတ်အပိုင်းတွေကို နောက်မျိုးဆက်ရဲ့လူယုတ်တွေက ပြန်အသက်သွင်းဖို့ကြံပါတယ်။ ဒီအချိန်မှာ ဒါကိုတားမယ့် သူရဲကောင်းတွေက ဘာအစွမ်းမှမရှိတော့ပါဘူး။ နှစ်ရှစ်ရာလုံး အားယားနေခဲ့လို့ စွမ်းအားလက်မဲ့ဖြစ်ကုန်ကြပါပြီ။ တစ်နေ့သူရဲကောင်းသစ်ဝင်တဲ့အခမ်းအနားလုပ်နေတုန်း သူတို့ကို အကုန်သတ်သွားပြီး သူရဲကောင်းတစ်ယောက်သာကျန်ပါတယ်။ သူ့အဖေက‌တော့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူရဲကောင်းဟာ သူ့အဖေကိုဖမ်းထားတဲ့နေရာကို သိရအောင် လူဆိုးတွေနဲ့ပေါင်းပြီး နဂါးတွေဘာတွေသတ်ပြီး လူဆိုးတွေနဲ့ စွန့်စားခန်းထွက်ပါတယ်။ စာအုပ်ပြန်ပေါ်လာမှာကို သူရဲကောင်း ဘယ်လိုတားမလဲတော့ သူတို့ရဲ့စွန့်စားခန်းကြီးမှာ ကျွန်တော်တို့မြင်ကြရမှာပါ။ (ဒီဇာတ်ကားတွေနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 815MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Action, Adventure, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Action • Adventure • Mystery • Science Fiction
0 2012 90 mins
Dungeons & Dragons: The Book of Vile Darkness
Hellbound: Hellraiser II
6.4

Hellbound: Hellraiser II (1988) ~ IMDb – 6.4/10, RT – 53%, Meta – 41% ~ Hellraiser Franchise ရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ Hellbound: Hellraiser II ပါ။ ပထမဇာတ်ကားနဲ့ တိုက်ရိုက်ဆက်ထားပြီး ဆီနိုဘိုက်တွေအကြောင်း ပိုပြီးပါလာပါပြီ။ ဆီနိုဘိုက်တွေဘယ်မှာနေတယ်ဆိုတာရယ် ဘာကောင်တွေဆိုတာရယ် သူတို့အထက်မှာ ဆရာကြီးတစ်ယောက်ရှိသေးတယ်ဆိုတာကို သိလာရမှာပါ။ ပဟေဠိသေတ္တာက တစ်ခုတည်းရှိတာမဟုတ်ဘဲ အများကြီးရှိတာကို စသိလာရပြီး သေတ္တာတွေရဲ့ အလုပ်လုပ်ပုံနဲ့ ရည်ရွယ်ချက်တွေကို ပြပေးထားပါတယ်။ အကြောင်းစုံမသိရလို့ ယောင်လည်လည် နည်းနည်းဖြစ်နေဦးမယ်ဆိုပေမဲ့ သီးခြား Horror ဇာတ်ကားတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်လည်း ကြည့်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါရိုက်တာကတော့ မူရင်း စာရေးဆရာ Clive Barker က လက်ရှောင်ထားပြီး ဇာတ်ညွှန်းရေးဆရာ Tony Randel က လက်စွမ်းပြထားပါတယ်။ ပထမကားထက် ဇာတ်ဝင်ခန်းတွေက ပိုကြမ်းတယ်လို့ပြောလို့ရပါတယ်။ သရုပ်ဆောင်တွေကတော့ ပထမကားထဲကသူတွေပဲဖြစ်ပြီး နောက် Character နှစ်ယောက်ကို ထပ်ထည့်ထားပါတယ်။ ရင်တုန်စိတ်လှုပ်ရှားစရာတွေနဲ့ ဆီနိုဘိုက်တို့ရဲ့လောကကြီးကတော့ စောင့်နေပါပြီ။ ပဟေဠိသေတ္တာကို ဖွင့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.15GB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 37Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Romance • Drama
6.4 1988
Hellbound: Hellraiser II
Lord of Misrule
5.1

Lord of Misrule (2023) ကျေးလက်ပုံပြင်တွေကို အခြေခံထားတဲ့ ဟော်ရာကားတစ်ကားပေါ့။ ဒီလိုကားတွေက မကောင်းတောင် တော်တော်တော့ ကြည့်ကောင်းတတ်တယ်။ ဥပမာဆို The Witch, Kwaidan, The Wailing, Sleepy Hollow, The Ritual နဲ့ In the Earth တို့လို ကားမျိုးတွေပေါ့။ ဒီကားကလည်း ဒေသတစ်ခုက နတ်ဆိုးလိုလို နတ်လိုလို မမြင်အပ် မြင်အပ်အရာတစ်ခုအကြောင်း ဇာတ်လမ်းကို အခြေခံထားတယ်။ တရားဟောဆရာမလုပ်နေတဲ့ ရေဘက်ကာဟော်လန်ဟာ ဒေသသစ်တစ်ခုမှာ အခြေသွားချတယ်။ ခေါင်သီတဲ့ဒေသတစ်ခုပေါ့။ အဲဒီဒေသက‌ ကောက်ရိတ်သိမ်းပွဲတော်မှာ သူ့သမီးက ကောက်ရိတ်သိမ်း နတ်သမီးအဖြစ် ရွေးချယ်ခံထားခဲ့ရတယ်။ အဲဒီပွဲမှာ သူ့သမီးလေးပျောက်သွားတဲ့နောက် ရေဘက်ကာဟာ ရဲတွေ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူ့သမီးလေးကိုရှာဖို့လုပ်တယ်။ ဒါပေမဲ့ ၃ရက်တန်သည်အထိ သူ့သမီးရဲ့ အရိပ်ကိုတောင်မမြင်ရဘူး။ ဒီနောက်မှ သူသိလိုက်ရတာက လွန်ခဲ့တဲ့ ၁၂နှစ်ကလည်း ဒါမျိုးအဖြစ် ဖြစ်ဖူးကြောင်းပေါ့။ ဒီအဖြစ်ကို ခြေရာကောက်ရင်း သူ့သမီးကို သူပြန်ရှာဖို့ကြိုးစားတာကို ကြည့်ရမယ့်ဇာတ်လမ်းပေါ့။ ဒီရုပ်ရှင်က Midsommar နဲ့တောင် နည်းနည်းဆင်တယ်တောင်ပြောရမယ်။ ဟော်ရာပရိသတ်တွေ ကြိုက်လောက်မယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 845MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 44Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Thriller • Mystery
5.1 2023 104 mins
Lord of Misrule
Project Silence

Project Silence (2024) ********************** Parasite ဇာတ်ကားထဲမှ မင်းသားကြီး Lee Sun-Kyun ကို တမ်းတလွမ်းဆွတ်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့မှာ မင်းသားကြီးရဲ့ ရုပ်ရှင်ကားတစ်ကား ထွက်ရှိလို့လာခဲ့ပါပြီ။ Lee Sun-Kyun နဲ့အတူ Kingdom ထဲမှ Ju Ji-Hoon, Kim Hee Won နှင့် အတူ အခြား နာမည်ကြီး ဇာတ်ပို့ဇာတ်ရံများလည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအညွှန်း- တစ်နေ့မှာ ကိုးရီးယားနိုင်ငံရဲ့ရုတ်ချည်းရာသီဥတုဆိုးဝါးလာမှုကြောင့် မြူဆိုင်းအန္တရာယ်ကြုံတွေ့နိုင်ရကြောင်း နိုင်ငံတွင်းမှာ အသိပေးစာထုတ်ပြန်ထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ချာဂျောင်းဝန်းလိုခေါ်တဲ့အမျိုးသားဟာ သူ့သမီးလေးကို နိုင်ငံတကာလေဆိပ်ကို လိုက်ပို့ရင်းနဲ့ လေဆိပ်သို့အသွား တံတားပေါ်ကိုရောက်လာတဲ့အခါ မြူဆိုင်းအန္တရာယ်ကြောင့် ယာဉ်တိုက်မှုအကြီးနဲ့ ကြုံတွေ့ရပြီး သားအဖနှစ်ယောက်ပါ တံတားပေါ် ပိတ်မိနေပါတော့တယ်။ ပြည်သူလူထုတွေ ပိတ်မိနေရုံမက စစ်တပ်ဦးဆောင်တဲ့ လျှို့ဝှက်စမ်းသပ်ချက်ရဲ့အစမ်းသပ်ခံတွေကို ပြောင်းရွေ့ရေးအဖွဲ့ဟာလည်း တံတားပေါ် ပိတ်မိနေတဲ့အပြင် ယာဉ်တိုက်မှုကြောင့် အစမ်းသပ်ခံများပါ လွတ်မြောက်သွားပါတယ်။ အစမ်းသပ်ခံများက သားကောင်ကို ပစ်မှတ်ထားတိုက်ခိုက်တတ်ကြတဲ့ ရက်စက်ကြုမ်းကြုပ်တဲ့ ခွေးသတ္တဝါကြီးများဖြစ်နေကြတဲ့အလျောက် ဒီအန္တရာယ်ကနေ ချာဂျောင်းဝန်းသားအဖတို့အပါအဝင် တံတားပေါ်မှာရှိတဲ့လူတွေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပြီး စစ်တပ်ဘက်ကရော သတ္တဝါတွေအပေါ် ဘယ်လိုစမ်းသပ်ချက်တွေကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ စမ်းသပ်လုပ်ဆောင်နေသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသားထားပါတယ်။) File size…1.23GB / 500MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Action, Thriller, Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Emily Thinn, Phyu Sin, Stary & Treasure Htet

0 2024 96 mins
Project Silence
The Player
7.5

The Player (1992) အညွှန်း *************************** IMDb rating …… 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေး မပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာ အားလုံးသိကြမယ်ထင်ပါရဲ့) Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး…. စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်… ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါ စာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်… ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ… တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်… ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်… အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်… အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ…… ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီး သရုပ်ဆောင်များစွာပါ၀င်ထားပါတယ်… ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ တမူထူးခြားတဲ့ ရသတွေခံစားမှာဖြစ်လို့… ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ် … File Size : 2.83GB/ 1.16GB Quality : Blu-Ray 1080p / Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Crime , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Tiff

Thriller • Romance • Action • History • Drama
7.5 1992 124 mins
The Player
407 Dark Flight

သရဲတစ္ဆေဇာတ်လမ်းတွေဆိုရင် အထူးပိုင်နိုင်ကျွမ်းကျင်တဲ့ အရှေ့တောင်အာရှနိုင်ငံများထဲကမှ ထိုင်းနိုင်ငံရဲ့ ၂၀၁၂ ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြောင့် လေယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတဲ့ SA-407 လေယာဉ်ကြီးနောက်ကွယ်က အကြောင်းအရာကိုမဖော်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် လေကြောင်းလိုင်းအနေနဲ့ ထိုလေယာဉ်ကြီးကို ပြန်လည်ပြင်ဆင်ဆေးမှုတ်ပြီး ပျံသန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အောက်စီဂျင်ပြတ်လပ်မှုကြောင့် ခရီးသည်တွေ ထင်ယောင်ထင်မှားဖြစ်ပြီး ထူးဆန်းတာတွေ မြင်တွေ့ခဲ့ရတယ်လို့ ယူဆပြီး ယခုတစ်ကြိမ်မှာ ဘယ်လိုဖြစ်ရပ်ဆိုးမှ ပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ရပ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လေယာဉ်မယ်ဖြစ်သူ နယူးအတွက်တော့ ဒီလေယာဉ်ကြီးပေါ်ကို ပြန်ရောက်ခဲ့ပြီး ကံကြမ္မာလှည်းဘီး တစ်ပတ်ပြန်လည်ဖို့ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ကို အပြီးသတ်ပြင်ဆင်ပေးနေတဲ့ နယူးရဲ့ချစ်သူ ဘန့်ခ်တစ်ယောက် ကုန်သိုလှောင်ခန်းထဲမှာ စစ်ဆေးနေတုန်း အပြင်ထွက်မရဘဲ လေယာဉ်ပေါ်မှာ ပါလာခဲ့ပါတယ်။ လေယာဉ်မောင်းနှင်ပြီး မကြာခင်မှာပဲ လေယာဉ်တွင်းအောက်ဆီဂျင် ထိုးကျလာပြီးတော့ ခရီးသည်တွေအတွက် သေရေးရှင်ရေး အခြေအနေဖြစ်လာခဲ့ပါတယ်။ လေယာဉ်မှူးအခန်းကိုလည်း ဆက်သွယ်မရ၊ ဝင်မရဖြစ်နေတာကြောင့် ခရီးသည်တွေကို ကယ်တင်ပေးဖို့တာဝန်က လေယာဉ်မယ်ခေါင်းဆောင်ဖြစ်တဲ့ နယူးနဲ့ ဘန့်ခ်တို့ ပခုံးပေါ် ကျရောက်လာခဲ့ပါတယ်။ ခြောက်ခြားစရာတွေကို တစ်ယောက်စ နှစ်ယောက်စ ကြုံတွေ့လာခဲ့ရတာကနေစပြီး ခရီးသည်တွေကို သရဲစတင်ပူးကပ်လာရာကနေတစ်ဆင့် အချင်းချင်းထင်ယောင်ထင်မှားနဲ့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရဲတဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာကြတဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေ တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှု နဲ့ စွန့်လွှတ်အနစ်နာခံမှု ရဲရင့်မှု နဲ့ သူရဲဘောကြောင်မှု အမုန်းတရား နဲ့ ချစ်ခြင်းမေတ္တာစတဲ့ ခံစားချက်တွေ လွန်ဆွဲကြပုံကို ဒီခြောက်ခြားဖွယ်ခရီးစဉ်တစ်ခုတည်းမှာ ရောပြွန်းခြယ်သထားတဲ့ ဇာတ်ကားလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။ File size… 2.8 GB, 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Drama
0 2012 105 mins
407 Dark Flight
Baapu – A Father’s Story
6.4

Baapu – A father story (2025) “မိသားစုရဲ့ပဲ့ကိုင်ရှင်” မြို့ပြဘ၀ရဲ့မွန်းကျပ်မှုတွေကနေ ခဏတာပြေပျောက်ချင်သူတွေအတွက် တေလဂူစကားပြော ကျေးလက်ဒရာမာဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လယ်သမားကြီးတစ်ယောက်ရဲ့ဘ၀နဲ့ ကျေးလက်လူနေမှုဘ၀ကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတယ်လို့လည်း ဆိုပါတယ်။ ‌မာလေယာဟာ ဇနီးဖြစ်သူနဲ့အတူ မောင်တစ်ထမ်းမယ်တစ်ရွက် ရွာမှာလယ်လုပ်ရင်း ဘ၀ကိုရုန်းကန်နေတဲ့ လယ်သမားတစ်ယောက်ပါ။ သူ့မှာ သုံးဘီးမောင်းတဲ့ သားဖြစ်သူနဲ့ ကျောင်းတက်နေတဲ့ သမီးဖြစ်သူတို့အပြင် အမြဲရှက်ကီထုနေတဲ့ဖခင်အိုကြီးလည်း ရှိပါတယ်။ လယ်ပိုင်ဖြစ်ပြီး အလုပ်ကြိုးစားပေမဲ့ မာလေယာရဲ့ဘ၀ဟာ အကြွေးပတ်လည်ဝိုင်းနေတာကြောင့် မလူးသာမလွန့်သာအခြေအနေပါပဲ။ အကြွေးရှင်တွေရဲ့ဖိအားတင်မက သားကတစ်မျိုး သမီးကတစ်မျိုး ဒုက္ခလှလှလေးတွေကိုယ်စီပေးတတ်ကြပါသေးတယ်။ ပိုဆိုးတာက သူ့လယ်ကထွက်တဲ့သီးနှံတွေအကြောင်းကြောင်းကြောင့် ဆုံးရှုံးသွားရတဲ့အခါ မာလေယာတစ်ယောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြံစည်မိတဲ့အထိပါပဲ။ အကောင်းနဲ့အဆိုးဒွန်တွဲနေတတ်တဲ့ ဘ၀ဆိုတာကလည်း ကောင်းတစ်ခါ ဆိုးတစ်လှည့်လာတတ်တာမို့ မာလေယာတစ်ယောက် ဘယ်လိုကံအလှည့်အပြောင်းတွေ တွေ့ရဦးမလဲ၊ ဘယ်တော့များမှ ကံတရားကမျက်နှာသာပေးတာကို ခံရမလဲ၊ သူတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒရာမာများများ ဟာသပါးပါးနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

6.4 2025 112 mins
Baapu – A Father’s Story
High Rollers
5.5

ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Randall Emmett က ရိုက်ကူးထားပါတယ်။ ၂၀၂၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Cash Out ဇာတ်ကားရဲ့ sequel ဖြစ်ပြီးတော့ မင်းသားကြီး John Travolta က Mason ဇာတ်ကောင် နေရာကနေ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရှေ့ကဇာတ်ကားထဲမှာ ဘဏ်ဓားပြတိုက်မှုကနေ Mason နဲ့ သူ့အဖွဲ့ဟာ ပြန်လွတ်လာပြီးနောက် အငြိမ်းစားယူလိုက်ပါတော့တယ်။ ဒီဇာတ်ကားမှာတော့ Mason ရဲ့ချစ်သူကို သူ့ရန်သူတော်ကြီး Salazar က ပြန်ပေးဆွဲသွားပြီးတော့ မဖြစ်နိုင်တဲ့ ကာစီနိုဓားပြ တိုက်မှုကို အတင်းအကျပ်လုပ်ခိုင်းပါတယ်။ ဒီလိုနဲ့ Mason လည်း အငြိမ်းစားယူထားရာကနေ ဒုစရိုက်လောကထဲ ပြန်ရောက်လာပြီးတော့ သူ့အဖွဲ့နဲ့အတူ ချစ်သူကိုပြန်ကယ်တင်ဖို့ အတွက် ကြိုးစားပုံကို ကြည့်ရှုကြရမှာပါ။ အရှေ့ကဇာတ်ကားတုန်းကသရုပ်ဆောင်တွေဖြစ်တဲ့ Gina Gershon, Lukas Haas, Quavo, Natali Yura, Noel Gugliemi တို့ကပဲ ဒီဇာတ်ကားထဲမှာ ဆက်လက်ပါဝင်ပေးထားကြပါတယ်။ ကြည့်လို့ကောင်းတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တာကြောင့် အက်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ကြည့်ရှုသင့်ပါတယ်။ File size… (1.52 GB) / (863 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama
5.5 2025 101 mins
High Rollers
Otryad Svetlyachkov
6.8

Otryad Svetlyachkov (2025) *************************** ကျွန်တော်တို့ကျောင်းမှာ ကျန်တဲ့ဘာသာတွေဆို စိတ်မဝင်စားသလောက် သမိုင်းဘာသာရပ်ဆိုရင်တော့… အင်မတန်ကောင်းကြတာပါ၊ ဘာကောင်းလဲဆိုတော့ အိပ်လို့ကောင်းတာပါ .. အီဗန်လေးကလည်း ကျွန်တော်တို့လို မထူးမခြားနားတဲ့ စာသင်ခန်းထဲက ငပျင်းလေးတစ်ယောက်။ ဒါပေမဲ့ သူကတော့ သမိုင်းချိန်ဆို အိပ်တာမဟုတ်ဘဲ စစ်တိုက်တဲ့ဂိမ်းတွေ ခိုးခိုးနှိပ်တာပါ။ ဒီတော့ သူကဖုန်းနှိပ်သလို သမိုင်းဆရာမကလည်း သူ့ကို ကောင်းကောင်းနှိပ်တော့တာပေါ့။ အဲဒါနဲ့ပဲ ဆရာမကို တစ်ခွန်းမကျန် ပြန်ခံပက်တဲ့ အီဗန်ကောင်းမှုကြောင့် တစ်တန်းလုံး စစ်ရေးပြတိုက်ကို လေ့လာရေးခရီးထွက်ရပြီး စာမေးပွဲဖြေရဖို့ ဖြစ်သွားတော့တာပေါ့။ ဒီလိုနဲ့အီဗန်တစ်ယောက် ပြတိုက်ထဲလျှောက်ပြေးရင်း အချိန်ခရီးသွားစက်ကို ကလိကောင်းရာကနေ လွန်ခဲ့တဲ့ နှစ် ၈၀ အကြာက မဟာမျိုးချစ်စစ်ပွဲ (သို့) ရုရှား-ဂျာမန် စစ်ပွဲကာလတွင်းကို ရောက်ရှိသွားချိန်မှာတော့… (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.68GB / 862MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 51m Genre ….. Adventure, SciFi, War, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ, Char Ou & Dao Phyo Encoded by AHtet

Comedy • Romance • Drama
6.8 2025
Otryad Svetlyachkov