YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Alchemy.of.Souls.2022.S01.E07.1080p.WEB-DL.mp4

1.03 GB N/A video/mp4 2773 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Master Gardener
6.2

Master Gardener (2022) ~ IMDb - 6.3/10, Rotten Tomatoes - 70% ~ "God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ "God's Lonely Man" ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက "ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ" ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 540MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 51Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
6.2 2023 111 mins
Master Gardener

~ IMDb rating - 6.6/10 ~ အခုတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် လူငယ် Fancy အချစ်ဇာတ်လမ်းလေးပါ။ Main Lead နေရာမှာ​တော့ Titans စီးရီးထဲမှာ Phil ဇာတ်ကောင်နေရာကနေပါဝင်ခဲ့တဲ့ Jon McLaren နဲ့ Celeste Desjardins တို့ကပါဝင်ထားပါတယ်။ ဇိုအီဆိုတဲ့ကောင်မလေးက အချစ်ဦးနဲ့လမ်းခွဲပြီး အချိန်အကြာကြီး Single ဖြစ်နေတဲ့သူပေါ့။ မင်္ဂလာပွဲမတိုင်ခင်တစ်ပတ်အလိုမှာ ရည်းစားဟောင်းရဲ့ Ghost လုပ်သွားတာကိုခံခဲ့ရပြီးနောက်ပိုင်း ဇိုအီလည်း Trauma ရသွားပြီး သူအရမ်းချစ်တဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့အလုပ်ကိုစွန့်လွှတ်ခဲ့တယ်။ ဒီလိုနဲ့တနေ့မှာ အပန်း​ဖြေစခန်းပိုင်ရှင် အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ Photographer လုပ်ပေးဖို့ဖြစ်လာတယ်။ အပန်းဖြေစခန်းကိုရောက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ရည်းစားဟောင်းနဲ့ပြန်တွေ့လိုက်ရတယ်။ ခပ်အေးအေးနေချင်တဲ့ဇိုအီတစ်ယောက် ရည်းစားဟောင်းရဲ့ လက်ရှိရည်းစားစပ်ဆလူးစိန်ကြောင့်လည်း အာရုံနောက်ရပြန်တယ်။ ဒီအခြေအနေကနေ ဇိုအီကိုကယ်တင်ပေးမယ့်သူကတော့ ဒေါက်တာကလာ့ခ်ဆိုတဲ့လူငယ်ဆရာဝန်လေးပေါ့... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 720MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 32Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama • Romance
null 2022
Picture Perfect Romance
Bruce Lee - The Fighter
5.8

CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့ သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ် အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ် တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ.. ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…3.2GB / 1.7GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & BpL

Drama • Music
5.8 2015 151 mins
Bruce Lee - The Fighter
Super Machi
9

အိန္ဒိယအက်ရှင်ကားတွေကို ငြီးငွေ့ပြီးတော့ ပေါ့ပေါ့ပါးပါးကားလေးတွေကို ကြည့်ရှုချင်လာပြီဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယကားတွေ တော်ကီကြွယ်ရင် တခြားဘယ်နိုင်ငံကားမှ လိုက်မမီဘူးဆိုတာ အားလုံးအသိပါပဲ။ ဒီ Super Machi movie လေးမှာလည်း အဓိကဇာတ်ဆောင်တွေအပြင် အရန်ဇာတ်ဆောင်တွေကပါ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ပြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီ Infosys မှာ အလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး မီနာရှီတစ်ယောက်... ဘားမှာ အဆိုတော်အဖြစ်အလုပ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတတ်တဲ့ သာမညကောင်လေးရာဂျူးကို ချစ်မိသွားလေတော့... ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး presentation ကိုတောင် လက်လွှတ်ပြီး ရာဂျူးရှိရာနေရာကိုသွား၊ ရာဂျူးနောက်ပဲ တကောက်ကောက် လိုက်နေခဲ့ပါတယ်။ ရာဂျူးကလည်း အခုမှ တွေ့ဖူးပြီး ဘယ်သူမှန်းမသိ ဘာကြောင့်မှန်းမသိ မိန်းကလေးတစ်ယောက် ကိုယ့်ကိုဖွင့်ပြောတဲ့အခါ လက်မခံဘဲ ငြင်းဆိုပစ်လိုက်ပါတယ်။ စကားနဲ့ ငြင်းဆိုရုံတင်မရလို့ အမျိုးမျိုးဒုက္ခပေးပြီး ငြင်းဆိုပေမဲ့ ကောင်မလေးကတော့ တကောက်ကောက်ဆက်လိုက်နေတုန်းပါပဲ (အားကျကုန်လော့)။ ကောင်မလေးမီနာရှီကို တစ်ဖက်သတ်သဘောကျနေသူကလည်း ရှိနေပြန်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါ ဖြစ်လာပါလေရော။ ဒါပေမဲ့ အောင်မြင်နေတဲ့သူ မီနာရှီက ဘာမဟုတ်တဲ့ သာမညကောင်လေးရာဂျူးကို ရူးရူးမူးမူး လိုက်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ။ ရာဂျူးကရော ခါးခါးသီးသီး ငြင်းဆိုနေတဲ့နောက်ကွယ်မှာ အကြောင်းအရင်းများရှိမလား။ သုံးပွင့်ဆိုင် ဇာတ်လမ်းကရော ဘာဆက်ဖြစ်မလဲ။ Romantic comedy-drama လေးဖြစ်ပြီးတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Kalyaan Dhev နဲ့ Rachita Ram အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb 9.2/10 အထိ ရရှိထားပြီး တော်ကီအလန်းစားတွေ တွေ့ရမှာဖြစ်လို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါလို့ ညွှန်းဆိုပါရစေနော်။ File size…2.8GB / 1.5GB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Myo Myo Htet & Lai Laii

Horror • Thriller
9 2022 132 mins
Super Machi
The Venus Effect
6.9

သာယာပျော်ရွှင်တဲ့မိသားစုလေးကနေ ဆင်းသက်လာတဲ့ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ထားတဲ့ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတဲ့ Comedy Romance Film လေးပဲ ဖြစ်ပါတယ်။ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ သာမာန်ဘဝလေးထဲက ကောင်မလေးတစ် ယောက်ရဲ့ စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်းရှိတဲ့အရာက ဘယ်အရာ ဖြစ်ပါလိမ့်မလဲ။ အချစ်ဆိုတဲ့အရာဟာ ထူးဆန်းပါတယ်။ stereotype တွေကို ဂရုမစိုက်ဘူး ချစ်ချင်ရင် ချစ်ခွင့်ရတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခွင့်ရတာမျိုးက ကောင်းမွန် တဲ့ဘဝကို ပိုင်ဆိုင်ရခြင်းပါ။ ဒီဇာတ်ကားလေးမှာတော့ straight တစ်ယောက်ဖြစ်တဲ့ကောင်မလေးကနေ lesbian အဖြစ် coming out လုပ်ဖို့အတွက် အားယူရတဲ့ momentsတွေ struggles တွေကို ပုံဖော်ရိုက်ကူးပေးထားတာမို့ ပရိသတ်ကြီးအတွက် သဘာဝဆန်သော ဇာတ်ညွှန်းဇာတ်ကွက်များကိုပေးစွမ်းနိုင်တဲ့ ကားကောင်းလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ။ ဒီကားလေးရဲ့အနှစ်သာရကတော့ Love itself is beautiful ပါပဲ။ 18+ scene တစ်ချို့ပါတာကိုလည်း ကြိုတင်သတိပေးပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်) File Size - (2.02 GB) / (954 MB) / (631 MB) Quality – BluRay 1080p / 720p/480p Duration - 1h 45mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama, Romance Translator – Yoonwahwah Theint Encoder – SWM

Crime • Drama
6.9 2021 105 mins
The Venus Effect
tick, tick... BOOM!
7.7

စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။ တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။ သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲ ဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musical ကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB ) Quality – WebDL 1080p, 720p Duration - 1hrs 55min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama, Musical Translator – CM Team Encoder – San Win Maung

Action & Adventure • Drama • Mystery
7.7 2021 120 mins
tick, tick... BOOM!
Annabelle: Creation
6.6

၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့ အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်း အန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့် ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလို လှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ ဂျန်နစ္စက ယာတောအိမ်ကြီးက ပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေ မိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။နောက်တော့ တစ်ယောက်ပြီးတစ်ယောက် အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊ အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။ အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊ သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့ သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်က ဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေက စတက်ဖနီဆစ်မန်း၊ တ ာလီသာဘိတ်မန်း၊ လူလူဝီလ်ဆင်၊ ဖီလစ်ပါကော့လ်ဟာ့တ်၊ အန်သိုနီလာပါဂလီယာ၊ မီရန်ဒါအော့တို စသူတွေ ဖြစ်ပါတယ်။ ။(ဇာတ်လမ်းအညွှန်းကိုတော့ 7Daily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ခင်ပြည့်စုံကျော်ပါ)

Comedy • Science Fiction
6.6 2017 110 mins
Annabelle: Creation
27 Dresses
6.1

27 Dresses (2008) ~ IMDb rating – 6.1/10 ~ မိန်းကလေးတွေ သူတို့ ဆွေမျိုးသူငယ်ချင်းတွေအတွက် သတို့သမီးအရံလုပ်ပေးတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲက ဂျိန်းကတော့ သတို့သမီးအရံအဖြစ် 27 ကြိမ်တောင် လုပ်ပေးခဲ့ပါတယ်။ ဂျိန်းငယ်ငယ်က အမ၀မ်းကွဲရဲ့မင်္ဂလာပွဲမှာ သတို့သမီးကို အကူအညီပေးလိုက်နိုင်တာကစပြီး မင်္ဂလာပွဲတွေကို သဘောကျခဲ့တာပါ။ ဂျိန်းအသက်ကြီးလာတော့ သူ့သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာ အစအဆုံးမညည်းမညူပဲ အကူအညီတောင်းသမျှ အကုန် လုပ်ပေးခဲ့ပါတယ်။ ဥပမာ တစ်ရက်တည်းမှာ နှစ်ပွဲတစ်ပြိုင်နက်တက်ပြီး အရံလုပ်ပေးရတာမျိုးပေါ့။ ဂျိန်းက သူ၀တ်ခဲ့ရတဲ့ အရံ၀တ်စုံတွေအားလုံးကိုလည်း ဗီရိုကြီးတစ်လုံးနဲ့အပြည့် သိမ်းဆည်းထားပြီး သူ့ရဲ့ ကိုယ်ပိုင်လက်ထပ်ပွဲရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသူပါ။ ဂျာနယ်ထဲက သူ့အကြိုက်ဆုံးစာရေးဆရာရေးတဲ့ မင်္ဂလာပွဲအကြောင်း ဆောင်းပါးတွေကိုလည်း သိမ်းထားခဲ့ပါတယ်။ အချစ်ရေးမှာတော့ အလုပ်က ဘော့စ် ဂျော့ကို တိတ်တခိုးချစ်နေခဲ့ပြီး ဘာမဆိုအကုန်လုပ်ပေးခဲ့ပါတယ်။ ဂျိန်းမှာ ညီမတစ်ယောက်နဲ့ ဖခင်ပဲရှိပြီး ညီမဖြစ်သူ တက်စ်ကို အရမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ အလုပ်ပါတီကို တက်စ်ကို ‌လာခိုင်းရာကနေ တက်စ်နဲ့ ဂျော့တို့အကြည်ဆိုက်ပြီးလက်ထပ်ဖို့အထိဖြစ်လာတဲ့အခါ ဂျိန်းက အစစအရာရာ အကုန်စီစဉ်ပေးရပါတော့တယ်။ တက်စ်ကို သူတို့မင်္ဂလာပွဲအတွက် ကော်လံရေးပေးဖို့ စာရေးဆရာ မယ်လ်ကွိုင်းက ဆက်သွယ်လာတဲ့အခါ… စာရေးဆရာက ဂျိန်းအကြိုက်ဆုံးဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီး လက်တွေ့ဘ၀မှာ မင်္ဂလာပွဲတွေကို မုန်းတဲ့သူ ဖြစ်နေတဲ့အခါ… မယ်ကွိုင်းလ်ရေးတဲ့ တက်စ်တို့အကြောင်းဆောင်းပါးက မျှော်လင့်ထားသလို အဆင်ပြေပါ့မလား… တက်စ်တို့စုံတွဲရော မင်္ဂလာပွဲ ကျင်းပဖြစ်လား… ဂျိန်းရဲ့တိတ်တခိုးအချစ်ကိုရော ဂျော့က သိသွားခဲ့လား… မယ်လ်ကွိုင်းကပါ ဂျိန်းကို ချစ်နေတဲ့အခါ ဘယ်လို ဇာတ်သိမ်းမလဲဆိုတာကို ဆက်လက်အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size -1.9GB, 810MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 51Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.1 2008
27 Dresses
Take Off
6.9

၁၉၉၈ ခုနှစ် ဂျပန်ပြည်မှာအိုလံပစ်ကျင်းပတာကို နောက်ခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။ ၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစား ပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေး နိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမား အဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။ နှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။ အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကို လိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့ စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှ ာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။ နည်းပြဘန်ရဲ့နှင်းလျှောစီးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပါတယ်။ တစ်ယောက်ချင်းစီတိုင်းက အကျင့်စရိုက်တွေကွာခြားလှတာကြောင့် အမြဲတကျက်ကျက်ရန်ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့ သူငယ်ချင်းဆက်ဆံရေးတွေ၊ တစ်ယောက်ချင်းစီရဲ့ချို့တဲ့လှတဲ့ဘဝဇာတ်ကြောင်းတွေ၊ သူတို့အိမ်မက်အတွက်ကြိုးစားအားထုတ်ကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အိုလံပစ်မှာရွေတံဆိပ်ဆုယူနိုင်ဖို့အိမ်မက်မက်ပြီး ခက်ခဲလှတဲ့အခြေအနေ တွေကြားထဲက သူတို့ပန်းတိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြတာတွေကို ကြည့်ရှုရမှာ ဖြစ်တာကြောင့် စိတ်ဓါတ်ခွန်အားကိုပေးနိုင်တဲ့အပြင် ဘဝအမောတွေလည်း ပြေပျောက်စေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…2.92GB / 1.43GB Quality…1080p / 720p Format…mp4 Duration….2h 17m Genre ….. Comedy . Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

Comedy • Drama • Family
6.9 2009
Take Off
Mercy Killing
6.8

Mercy Killing (2024) ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့် IMdb – 8.8/10 Euthanasia တို့ Mercy Killingတို့ဆိုတာ ဆေးပညာရပ်ဝန်းမှာအမြဲဒွိဟ‌ဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခု ဆေးပညာရပ်ဝန်းမှာ Mercy Killingဟာ ဘာလဲလို့ပြောရရင်တော့ ကုမရတော့တဲ့ရောဂါ အကြောသေလေဖြန်းလို့ သူတစ်ပါးအတွက် အမြဲဝန်ပိုဘဝနဲ့ ကိုမာဝင်နေလို့ သစ်ပင်လူသားလို အိပ်ရာပေါ်မှာရှင်သန်နေရသူတွေကို တရားသူကြီးအမိန့်နဲ့ ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ဒီကားလေးထဲမှာတော့ Mercy Killing ပေးဖို့တောင်းဆိုနေတာက နာဖျားနေသူလည်းမဟုတ် သစ်ပင်လူသားလို အိပ်ရာထဲလဲနေတာလည်းမဟုတ်တဲ့ ၁၄ နှစ်အရွယ် အရွယ်ကောင်းပညာသင်လို့ကောင်းတဲ့အရွယ် ကောင်မလေး ဆွယ်ချာ တရားဥပဒေနဲ့ အာဏာရအစိုးရကို အယုံအကြည်မရှိတော့လို့ မေတ္တာတရား ကိုယ်ချင်းစာမှုဆိုတာ ဘာလဲမသိတော့တဲ့ကမ္ဘာကြီးမှာ ရှင်သန်မယ့်အစား ငြိမ်းချမ်းစွာ သေဆုံးခွင့်ကို ရွေးခွင့်ပေးပါလို့ မြို့လယ်ခေါင်မှာ တောင်းဆိုနေပါသတဲ့။ တကယ်တော့ ဆွယ်ချာဟာ ကံဆိုးရှာတဲ့ မိဘမဲ့ကလေးတစ်ယောက်၊ ဉာဏ်ရည်ထက်မြက်ပြီး သင်လွယ်တတ်လွယ်ကလေးတစ်ယောက်ပေမဲ့ မိဘမဲ့ဆိုတဲ့ စကားလုံး ၃ လုံးက အရိပ်လို အမြဲနောက်ကနေ ခြောက်လှန့်နေတော့ သူ့မိဘတွေဘယ်သူလဲဆိုတာ ရှာဖို့ထွက်လာတဲ့ ကလေးမလေးတစ်ယောက် ဒီလို ရည်မှန်းချက်တွေ အနာဂတ်တွေနဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်ဝနေရမယ့် ၁၄ နှစ်က‌လေးမလေးက သူ့ကိုသတ်ပေးဖို့ မြို့လယ်ခေါင်ကိုထွက် ဆန္ဒပြရတဲ့အထိ သူဘယ်လိုမတရားမှု‌တွေကြုံခဲ့ရတာလဲ။ သူ့ရဲ့မိဘတွေရှာနေချင်တဲ့ ရည်မှန်းချက်ကရော ပြည့်ဝသွားမလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.8 2024
Mercy Killing
The Gardener’s Year Zahradníkuv rok
6.4

The Gardener’s Year (2024) Zahradníkuv rok IMDb Rating (6.4) ဥယျာဥ်မှူးကြီးတစ်ယောက်နဲ့မိန်းမဖြစ်သူဟာ ဥယျာဥ်စိုက်ပျိုး,မွေးမြူရေးလုပ်ရင်း ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းနေခဲ့ကြပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရဲ့အနီးတဝိုက်က သမိုင်းဝင်ရဲတိုက်ကို ပြန်လည်ပြုပြင်ချင်တဲ့ပိုင်ရှင်တစ်ယောက်က ဥယျာဥ်မှူးတို့ကိုငွေပေးပြီး နေရာဖယ်ပေးဖို့ပြောလာတာကနေအစပြုပြီး သူတို့ရဲ့ငြိမ်သက်နေတဲ့ဘဝလေးဟာ လှုပ်ခတ်စပြုလာပါတော့တယ်။ မသမာတဲ့နည်းလမ်းတွေအမျိူးမျိုးနဲ့သူ့ဥယျာဥ်ကိုဖျက်ဆီးတာခံရတဲ့အခါ.. ဒီဇာတ်ကားမှာ ဥယျာဥ်မှူးတစ်ယောက်ရဲ့ သီးနှံစိုက်ခင်းဥယျာဥ်ကိုချစ်မြတ်နိုးပုံကို main character ရဲ့ silent performance တွေကနေတဆင့် မြင်သာအောင် ရိုက်ပြထားပါတယ်။ ဒါ့အပြင် ချက်ဇ်နိုင်ငံလူ့အဖွဲ့အစည်းရဲ့ အစိုးရပိုင်းဆိုင်ရာတွေဟာ ယုံစားမရပုံတွေကိုပါထည့်သွင်းဖော်ပြထားပါတယ် ခံစားကြည့်ရှုလိုက်ကြပါအုံးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe Eain Si ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Shwe Eain Si

6.4 2024 104 mins
The Gardener’s Year Zahradníkuv rok
Flight Risk
6

Flight Risk (2025) IMDb Rating (5.5) မင်းသားကြီး မာ့ခ်ဝါးဘက်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်လာပါပြီ။ လူနည်းနည်းနဲ့ အသက်လုရတဲ့အမျိုးအစားမို့ သည်းထိပ်ရင်ဖိုကြိုက်သူတွေ အကြိုက်တွေ့ကြမှာပါ။ ဒါရိုက်တာက မဲလ်ဂစ်ဆင် ပါ။ မင်းသမီးကတော့ The Gentlemen ရုပ်ရှင်ထဲက Michelle Dockery မို့အလန်းပါပဲ။ Spider-Man 3 ထဲမှာ Venom လုပ်ခဲ့တဲ့ Topher Grace လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *********** ယူအက်စ်မာရှယ် ရဲအရာရှိ မဒိုလင်ဟာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီးမိုရက်တီ ရဲ့ စာရင်းကိုင် ဝင်စတန် ကို အလက်စကာပြည်နယ်ထဲကလူမရှိတဲ့နေရာတစ်ခုမှာ ပုန်းနေတာကို အမိဖမ်းနိုင်လိုက်ပါတယ်။ သူ့ကို သက်သေထွက်ဆိုခိုင်းနိုင်ရင် မိုရက်တီကိုလည်း ထောင်ထဲတစ်သက်လုံးထည့်နိုင်ပြီမို့ သူ့ကို လေယာဉ်တစ်စီးငှားပြီး သယ်လို့ဖို့ကြိုးစားပါတော့တယ်။ လမ်းခရီးမှာ စာရင်းကိုင် သက်သေခံကို လေယာဉ်ပေါ်က အသက်ရှင်လျင် မဆင်းနိုင်ဖို့ မျိုးစုံတားဖို့ ကြိုးစားမဲ့အထဲကမှ ဘယ်လိုအသက်ရှင်အောင် ရုန်းကန်ရမလဲ တွေ့ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(7.3 GB) / (1.45 GB) / (715 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Action , Crime , Drama ,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Action • Science Fiction • Adventure
6 1900
Flight Risk
Veera Dheera Sooran: Part 2
7.3

Veera Dheera Sooran: Part – 2(2025) “ရဲရင့်သော စစ်သည်တော်” တမီးလ်အက်ရှင် ရုံကားသစ်လေးကို မဆလာပရိသတ်တို့အတွက် အမြန်ဆုံးတင်ဆက်လိုက်ပါတယ် မင်းသား ဗစ်ခရမ်နဲ့ S.J Suryah တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းရုပ်ရှင်လေးပါ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဟာ ရာဗီဆိုတဲ့ တစ်ချိန်က လူမိုက်ခေါင်းဆောင်ကို အငြှိုးအတေးထားပြီး တစ်နေ့ရအောင်လက်စားချေနိုင်ဖို့ ရည်မှန်းထားပါတယ် လက်ရှိမှာ ရာဗီက သားဖြစ်သူ ကန်နန်မိသားစုနဲ့ အတိတ်ကလုပ်ရပ်တွေကို ဖုံးဖိပြီး လူမြင်တင့်တယ်အောင်နေနေပေမယ့် ပွဲတော်ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ မိန်းမနဲ့ကလေးက ရန်လာတွေ့တဲ့အခါ ပြဿနာတစ်စတစ်စကြီးထွားလာပြီး SP ရဲအရာရှိနဲ့ ပြန်လည်ရင်ဆိုင်ဖို့ တချိန်က လူမိုက်ဖြစ်ခဲ့ပြီး လက်ရှိသာမန်မိသားစုဘဝမှာ ရှင်သန်နေထိုင်နေတဲ့ ကာလီကို ပြန်ခေါ်ရပါတော့တယ် ဘာတွေဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ အက်ရှင်ပရိသတ်တို့ မလွတ်တမ်းရှုစားအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Family • Comedy • Animation • Adventure
7.3 2025 162 mins
Veera Dheera Sooran: Part 2
Mentors
5.5

ဂျော်နီဘယ်လ်တာ (Catalin Bordea) ဆိုတဲ့ မရင့်ကျက်တဲ့ လူငယ်တစ်ယောက်ဟာ သူ့အဖေ ဒိုရင်ဘယ်လ်တာပိုင်ဆိုင်တဲ့ ဘဏ်အင်ပါယာရဲ့ ဆက်ခံသူဖြစ်ပေမယ့် သူ့ရဲ့ ပေါ့ပျက်တဲ့ အပြုအမူတွေကြောင့် အိမ်က နှင်ချခံရပြီး ၆ လအတွင်း တာဝန်ယူနိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်လာဖို့ သက်သေပြရမယ့် စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာပါ။ သူ့အစ်မ မက်ဒါရဲ့ အကူအညီနဲ့ နိုင်ငံရဲ့ နာမည်ကြီး အင်ဖလူရန်ဆာသုံးဦးဆီက အကြံဉာဏ်ရယူရင်း ဂျော်နီတစ်ယောက် မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေထဲ ရောက်သွားတဲ့အခါ… ဒီရိုမန်နီးယန်း ဟာသဇာတ်လမ်းထဲမှာ ရယ်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ လူတစ်ယောက်ရဲ့ ကြီးပွားရေးခရီးကို စိတ်ဝင်တစားကြည့်ရှုရမှာပါ… File Size… (2.47 GB) / (1.29 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Thriller • Crime
5.5 2025 100 mins
Mentors
The Shrouds
5.8

The Shrouds (2025) IMDb Rating (5.8) / Rotten Tomatoes (75%) သိပ္ပံစိတ်ကူးယဉ်နဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို ကြိုက်သူတွေအတွက် Horror & Sci-Fi အမျိုးအစားရုပ်ရှင်ဖြစ်တဲ့ The Shrouds… နည်းပညာလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Karsh ဟာ ဇနီးဖြစ်သူ Becca ဆုံးပါးသွားတဲ့အတွက် အလွန်အမင်းစိတ်ထိခိုက်နေရသူတစ်ဦးဖြစ်ပါတယ်။ သူဟာ သေဆုံးသွားသူတွေရဲ့ ကိုယ်ခန္ဓာ ဆွေးမြေ့ပျက်စီးပုံကို သင်္ချိုင်းဂူများရှိ ဖန်သားပြင်များ သို့မဟုတ် စမတ်ဖုန်းရှိ အက်ပ်မှတစ်ဆင့် အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်တဲ့ “GraveTech” လို့ခေါ်တဲ့ နည်းပညာကိုတီထွင်ခဲ့ပါတယ်။ ဒါ့အပြင် Shroud လို့ခေါ်တဲ့ အလောင်းပတ်အဝတ်တွေကိုလည်း ထုတ်လုပ်နေပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့တီထွင်ဆန်းသစ်တဲ့သုဿာန်ဟာ ရုတ်တရက်ဖျက်ဆီးခံလိုက်ရပြီး ထူးဆန်းတာတွေနဲ့ တစ်ခုပြီးတစ်ခု ရင်ဆိုင်လာရပါတော့တယ်။ Karsh အနေနဲ့ ဒါတွေကို ဘယ်လိုအဖြေရှာသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Maury, Terry နဲ့ Soo min တို့သကရော Karsh နဲ့ ဘယ်လိုပတ်သက်မှုတွေရှိပြီး ဘာတွေဆက်ဖြစ်သွားကြမှာလဲ။ ဒါရိုက်တာ David Cronenberg အနေနဲ့ သူ့ရဲ့ဇနီးသည်ဆုံးပါးသွားမှုကနေ ရိုက်ကူးပုံဖော်ဖြစ်ခဲ့တဲ့ ဒီ The Shrouds ဇာတ်လမ်းဟာဆိုရင် နက်နဲပြီး ဆင်ခြင်တွေးခေါ်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားဆိုရင်လည်းမမှားပါဘူး။ နည်းပညာနဲ့ ခံစားချက်တွေရဲ့ ပူးပေါင်းမှုကို တွေ့မြင်ခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်တာကြောင့် သည်းထိတ်ရင်ဖို သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size…(1.8 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Fantasy,Science Fiction,Thriller Duration….02:00:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Theint Waddy Lynn

Horror • Thriller • Mystery
5.8 2025 120 mins
The Shrouds