YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) AFAM.2023.2160p.4K.VMAX.WEB-DL.AAC.HEVC-RGB.mkv

6.07 GB N/A video/x-matroska 563 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Get Paid

သိပ်ချစ်ရတဲ့အမျိုးသားနဲ့ သားလေးနဲ့အတူ စီးပွားရေးလည်း အဆင်ပြေလာတဲ့ ဒွန်နီရဲ့ ဘဝက သိပ်ကို သာယာကောင်းမွန်နေခဲ့ ပါတယ်။  သို့ပေမဲ့ တစ်နေ့မှာ အိမ်ဓားပြတိုက်မှုကြောင့် သူမရဲ့သား လေးက သေဆုံးသွားခဲ့ရတာကြောင့် သူမနဲ့ အမျိုးသားဖြစ်သူ ပိတ်တို့က သူငါအပြန်အလှန်အပြစ်တင်ရင်း ခွာပြဲသွားပါတယ်။ စိတ်လေနေတဲ့ ဒွန်နီရဲ့ ဘဝထဲကို ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး၊ ဒွန်နီ့ကိုအချစ်ဆုံးယောကျာ်းတစ်ယောက် ထပ်ရောက်လာခဲ့ပြီး ဒွန်နီ ပြန်လည်ပျော်ရွှင်လာခဲ့ရပေမဲ့၊ သူမရဲ့အချစ်ရေးအသစ်ကရော အဆုံးထိ ပျော်ရွှင်ရတဲ့အချစ်ရေးဖြစ်နိုင်မလား၊ မထင်ထားတဲ့ဇာတ်အလှည့် အပြောင်းနဲ့အတူ သူမသားလေးအသတ်ခံရမှုရဲ့ တရားခံတွေကိုရော ဖမ်းမိနိုင်မလား ဆိုတာကို စောင့်ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ NaNa Yuni ဖြစ်ပါတယ်) File Size..........(673 MB) / (437 MB) Quality............WEBRIP 720p / 480p Duration.........1Hr 18mins Subtitle...........Myanmar Hardsub Format............MP4 Translator.......NaNa Yuni Encoder..........SWM

Drama • Romance
0 2022
Get Paid
Mars Attacks!
6.4

နှစ် ၂၀ ပြည့်လာလည်း အူကြောင်ကြောင်နဲ့အရမ်းရယ်ရဆဲ ဇာတ်လမ်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကဆိုရင် အခွင့်ရတိုင်း ဂြိုလ်သားတွေနဲ့တွေ့ဆုံဖို့ကြိုးပမ်းတတ်ကြတဲ့လုပ်ရပ်မျိုးတွေကို 20ရာစုကတည်းကအကောင်အထည်ဖော်လျက်ရှိနေခဲ့ပါတယ်...။ ဒီအတွက်ကြောင့်ပဲ အမေရိကန်သမ္မတနဲ့ သမ္မတကြီးရဲ့အမှုထမ်းတွေက အင်္ဂါဂြိုလ်သားတွေဆီကနေ အကြိမ်ကြိမ် ဂျင်းထည့်ခံရတဲ့အကြောင်းလေးကို Ironicဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...။ ဒီဇာတ်ကားမှာတော့ ကမ္ဘာမြေပေါ်ကို ရောက်လာကြတဲ့ အင်္ဂါဂြိုလ်သားတွေကို အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်များနေတဲ့အပေါ်မှာ US သမ္မတကြီးတို့တတွေက ဂြိုလ်သားတွေရဲ့ ကမ္ဘာမြေပေါ်ခြေဆန့်လာတဲ့ရည်ရွယ်ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပဲလို့ ထင်နေခဲ့ပါတယ်...။ ဒါပေမဲ့ ဂြိုလ်သားတွေရဲ့ ကမ်းလှမ်းမှုက ဂျင်းဖြစ်နေကြောင်း သိခဲ့ရတယ်။ အဲဒီအချိန်မှာတော့ အရာရာဟာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပါပြီ။ Legendary Wizard of Weirdလို့ နာမည်ကြီးတဲ့ ဒါရိုက်တာTim Burton ရိုက်ကူးထားပါတယ်။ File size…(1.88GB)  / (`1021B) / (521MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Drama / Crime / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Su Eaindra Zaw

Horror • Mystery • Science Fiction
6.4 1996 106 mins
Mars Attacks!
Fitoor

Charles Dickens ရဲ့ Great Expectations (မြန်မာဘာသာပြန် “မျှော်တလင့်လင့်”)ဝတ္ထုကိုအခြေခံထားတဲ့ အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေးပါ။ မင်းသား Aditya Roy Kapur နဲ့ မင်းသမီး Katrina Kaif တို့အပြင် Ajay , Tabu စတဲ့နာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့… ဆင်းရဲသားအခိုင်းအစေကောင်လေးနဲ့ အိမ်ကြီးရှင်ရွှေမင်းသမီးကောင်မလေးတို့ ချစ်ကြိုးသွယ်ကြချိန်မှာ ထုံးစံအတိုင်း အိမ်ကြီးရှင်မင်းသမီးအမေကြီးက အကွက်တွေရွှေ့ ပြီး သူတို့ရဲ့တွေ့ဆုံခြင်းကိုခွဲလိုက်ပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အချိန်ရဲ့တိုက်စားမှုကို မှတ်ကျောက်တင်ခံနိုင်တယ်ဆိုတဲ့အတိုင်း ဝေးကွာသွားတဲ့ သူတို့နှစ်ယောက် ပေါင်းစုံနိုင်ပါ့မလားဆိုတာ……။ IMDb Rating (5.4) သာ ရရှိထားတဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီး ကပ်ထရီနာကဖ် ပရိတ်သတ်တွေတော့ လက်လွတ်မခံသင့်ပါဘူး… ရင်းဂစ် ၅၅ သိန်းထိ ကုန်ကျခံ ပုံသွင်းထားတဲ့ ဆံကေသာအရောင်တောက်တောက်နဲ့ သူမကို တောက်ပလှပစွာခံစားရမှာပါ။ ဇာတ်ကားတစ်ခုလုံးက အလွမ်းတွေချည်း ရွာချထားတဲ့မိုးရာသီတစ်ခုလို အုပ်မှိုင်းမျောလွင့်နေပြီး မင်းသား Aditya Roy Kapur ကလဲ အဲဒီ့ရာသီဉတုနဲ့ တော်တော်လိုက်ဖက်တာကို တွေ့မြင်ရပါမယ်။

0 2016
Fitoor
[18+] Call Me Alma

Call Me Alma (2023) လူအမျိုးမျိုး စိတ်အထွေထွေရှိကြသလို ပြည့်တန်ဆာတွေမှာလည်း အမျိုးမျိုးစရိုက်အဖုံဖုံရှိကြတယ်။ ဒူးထောက်ရတာ သဘောကျတဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေ၊ အချင်းချင်းဖြတ်ခုတ်တဲ့ လောဘသားတွေ၊ ဝါသနာပါလို့ ဒီအလုပ်လုပ်ကြတဲ့သူတွေ၊ တကယ့်ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်တစ်ခုလိုသာ သဘောထားသူတွေ စသဖြင့် အမျိုးမျိုးပေါ့လေ။ သူတို့အများစုရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ဒီဘဝကကယ်တင်ပေးမယ့်၊ သူတို့ကိုမြတ်မြတ်နိုးနိုးလက်ထပ်ယူမယ့် ကယ်တင်ရှင်တစ်ယောက်ယောက်ကိုပါပဲ။ ကျွန်မမှာတော့ အဲဒီလို အတွေးအယူမှား မျှော်လင့်ချက်အမှားတွေမရှိဘူး။ သူတို့အားလုံးနီးပါး နာမည်အတုတွေသုံးလေ့ရှိကြပေမဲ့ ကျွန်မကတော့ မသုံးဘူး။ ကျွန်မနာမည် “အယ်လ်မာ” ပါ။ အယ်လ်မာက ဒီဘဝမှာပျော်ပျော်နေသလို မနက်ဖြန်ကိုလည်း သိပ်မစဉ်းစားပါဘူး။ သူ့ဘဝရဲ့အတိတ်ဆိုးတွေကို ပြောပြလေ့မရှိသလို ပြန်တွေးနေတာမျိုးလည်းမရှိပါဘူး။ သူဟာ ပစ္စုပ္ပုန်ကိုပဲ တည့်တည့်ရှုမြင်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ဘဝထဲကို အတိတ်ကသူ့မိခင်ဆိုသူ ရှီလာဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက် ချဥ်းနင်းဝင်ရောက်စပြုလာချိန်မှာ အယ်လ်မာဘယ်တုန်းကမှခေါင်းထဲမရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့အရာကို ခံစားမိစပြုလာပါတယ်။ အားလုံးရဲ့ အချစ်တော်လေး Azi Acosta ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ တော်တော်မိုက်ပါတယ်။ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 755MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2023
[18+] Call Me Alma
A Taste of Love

2024 February လကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အောင်မြင်တဲ့စားဖိုမှူးတစ်ယောက်ရဲ့ ဝါသနာနဲ့၊ အလုပ် လက်တွေ့မကျတဲ့ ဘဝအချိုးအကွေ့လေးတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်လေးကတော့ Generation အလိုက် စားဖိုမှူးတွေဖြစ်ကြပြီး ငယ်စဉ်ကတည်းက အိမ်မက်တွေအကြီးကြီးရှိနေတဲ့ တေလာရိုက်ဒါ ဆိုတဲ့ ကောင်းမလေးတစ်ယောက်ဟာ အရွယ်ရောက်လာတော့ အစားအသောက် တီဗွီရှိုးတစ်ခုမှာ နာမည်ကြီး စားဖိုမှူးဖြစ်နေတာပေါ့ တစ်နေ့တော့ သူရဲ့အောင်မြင်မှုကနေ နောက်ထပ်ကမ်းလှမ်းချက်တစ်ခုကြောင့် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ပြီး မွေးရပ်မြေကို ဦးနှောက်ဆေးဖို့ ပြန်လာတဲ့အချိန်မှာ မိသားစုနဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီး…. ဦးနှောက်မဆေးရဘဲ ဘယ်လို အခက်အခဲတွေနဲ့ကြုံရဦးလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1 GB)/(985 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2024
A Taste of Love
Pegasus
6.4

ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်.. Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်.. 5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာ တရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်… သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်.. ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်း လူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်း ချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေ ပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို ့ပြန်လည်ကြိုးစားပါတော့တယ်… ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့ ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ.. ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ…ကားအလန်းဆင်ဖို့ရာလည်း ငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှ မရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင် နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ.. သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ… အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲ ကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်… ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့််ဇာတ်ကားတစ်ပုဒ်ပါပဲ..

Thriller • Fantasy • Action • Comedy
6.4 2019
Pegasus
Atlas

ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ သိပ္ပံကားကြိုက်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။ File size…(4.2 GB)/ (1.96 GB)/ (1 GB ) Quality….Webrip 4K HEVC / 1080p / 720p Format…mp4 Duration….02:00:00 Genre…Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson And Ka Naung Translated by Mr. Anderson

TV Movie • Drama • History
0 2024
Atlas
Rautu ka Raaz
6.5

Rautu Ka Raaz 2024 မရဏအလွန်ကအမှန်တရား IMDb -6.5/10 မင်းသားကြီးNawazuddinရဲ့ မှုခင်းဇာတ်လမ်းကို မျှော်နေကြသူလေးတွေအတွက် မှုခင်းဇာတ်လမ်း အသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ မှုခင်းသီးသန့်မဟုတ်ဘဲ Bollywood ဆန်ဆန် အာဏာလှည့်ကွက်တွေနဲ့ ဒရာမာလေးတွေလည်းပါဦးမှာမလို့ ရှုစားကြည့်ရအောင်ပါ။ အတိတ်က နာကျည်းချက်တွေနဲ့အတူ အိမ်ကိုဆယ်စုနှစ်တစ်ခုကြာပစ်ထားခဲ့တဲ့ အင်စပက်တာဒီပါ့ခ်နီဂီတစ်ယောက် အလုပ်ပဲဦးစားပေးပြီး အလုပ်မှာအရာရာမြှုပ်နှံထားသူပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ရဲစခန်းကိုဖုန်းဝင်လာပြီး ဆယ်ဗာဒမ်ကျောင်းက အဆောင်မှူးကို သေဆုံးလျက်တွေ့ရှိပါတယ်ဆိုပြီး တိုင်ကြားလာပါတယ်။ သဘာဝအတိုင်းသေဆုံးတာဆိုပြီး ကျောင်းအုပ်က အမှုပိတ်ချင်နေပေမဲ့ ကျောင်းအုပ်လက်ထောက်က စခန်းကိုအကြောင်းကြားလိုက်တာမလို့ ရဲတွေပါဝင်လာပြီး အခြေခံစစ်ဆေးမှုတွေနဲ့အတူ အလောင်းကိုရင်ခွဲစစ်ဆေးမယ်ဆိုပြီး လုပ်တော့တာပေါ့။ ဒါပေမဲ့ ရင်ခွဲရုံပို့ထားချိန်မှာ အထက်ကထူးဆန်းစွာနဲ့ အလောင်းကိုပြန်အပ်ပြီး သေမှုသေခင်းနဲ့ အမှုပိတ်ဖို့ ဖိအားပေးလာတဲ့အခါ…. တစ်ဖက်က ဒီမြို့လေးက ဩဇာညောင်းတဲ့သူနဲ့ အဆောင်မှူးရဲ့ပတ်သက်မှုကို သတင်းပေးလာသူကလည်းရှိ၊ အလောင်းကိုရုတ်တရက် ပြန်အပ်ခိုင်းတာကလည်း သံသယဖြစ်စရာဖြစ်နေလို့ အလောင်းကို တိတ်တဆိတ်စစ်ကြည့်ရာက သံသယဖြစ်ဖွယ်သေဆုံးမှုဆိုပြီး အဖြေထွက်လာချိန်မှာတော့…. အင်စပက်တာတစ်ယောက် ဒီအမှုကိုစုံစမ်းရင်း အမှုမှန်ကိုရော ကိုယ့်ရဲ့အတိတ်ကမေးခွန်းတွေရဲ့အဖြေကိုပါ ရှာဖွေနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

6.5 2024 135 mins
Rautu ka Raaz
Ichigeki

Ichigeki 2023 ကတော့ ဂျပန် ဆာမူရိုင်းကားပါ။ သမိုင်းမှတ်တမ်းကို အခြေခံပြီးတော့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီဇါတ်လမ်းကို ရှုးထောင့်အမျိုးမျိုးက တင်ဆက်ဖူးကြပါတယ်။ ဒီတစ်ခါတော့ ပြဇာတ်အသွင်နဲ့ တက်ဆက်ထားတာပါ။ ဒါပေမယ့် လုံးလုံးလျားလျားပြဇာတ်ဟန်တော့မရှိပါဘူး။ ဇာတ်လမ်းအခြေခံက အီတိုမြို့စား ရှိုဂန်အနွယ်တွေရဲ့ နှောင်းကာလဖြစ်ပြီး မီဂျီဘုရင်က အာဏာတွေပြန်ပြီးစုလာတဲ့ကာလပါ။ ဒီကာလမှာ တိုင်းပြည်အခြေအနေကြောင့် ဆူပူမှုတွေရှိလာပြီး ဆာမူရိုင်းတွေရဲ့ရှင်သန်မှုကို ပြောင်းလဲလာစေပါတယ်။ ဒါကို မျိုနွယ်နှစ်ခုကြားက အာဏာပြိုင်ဆိုင်မှုအသွင်နဲ့ တင်ဆက်ထားပါတယ်။ ဂျပန်ဆာမူရိုင်းကားတွေက အားလုံးနီးပါးကြည့်ရအဆင်ပြေပါတယ်။ ဒီတစ်ခုကိုလည်း သဘောကျကြပါလိမ့်မယ်။ ဒါရိုက်တာ Ayado Matsuda က စီစဥ်ရိုက်ကူးထားတာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ ) File size_(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Drama , History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa

0 2023
Ichigeki
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
Secret Sunshine
7.5

Secret Sunshine (2007) ************************* နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာ မရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင် လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။ နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။ လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက် ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက် အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint Candy,Secret Sunshine, Poetry,Oasis စတဲ့ ချစ်စရာနာမည်လှလှလေးတွေ သူသုံးတတ်တယ်။ Novelist ပီသစွာပဲ အထဲကဇာတ်လမ်းတွေဟာ လက်တွေ့ထက် လက်တွေ့ဆန်နေတယ်။ စိတ်ပျက်စရာကောင်းတဲ့ကမ္ဘာကြီးနဲ့ စိတ်ပျက်စရာလူတွေကို တင်ပြတဲ့နေရာမှာ သူဟာ သိပ်ကဗျာဆန်တယ်။ ဒီလိုထူးခြားတဲ့တင်ပြမှုကြောင့်လည်း သူ့ရုပ်ရှင်ကားတိုင်ဟာ ပြည်တွင်းပြည်ပ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေတန်းစီရတယ်။ ကိုရီးယားရုပ်ရှင်လောကမှာ Kim Ki-duk, Park Chan-wook Kwak jae yong, Bong Joon-Ho, Kim Jee-woon, Im Sang-so၀ တို့လို ဒါရိုက်တာကောင်းတွေ ဆယ်စုနှစ်စုလောက်ရှိပေမယ့် ခြောက်ကားပဲရိုက်ထားပြီး တစ်ကားတလေမှ ညံ့မသွားခဲ့တဲ့ Art Filmအစစ်ပဲရိုက်တဲ့ ဒါရိုက်တာကတော့ ကိုရီးယား ရုပ်ရှင်လောကမှာ သူပဲရှိမယ်။ ( အညွှန်းရေးသားထားသူကတော့ WiRa Aung ဖြစ်ပါတယ် ) File size…3.44GB / 1.29GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 22 min. Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by S Su Yee Encoded by AHtet

7.5 2007
Secret Sunshine
Hayseed

Michiganမြို့ဘက်မှာ အခြေတည်ပြီးရိုက်ကူးထားပြီး မှုခင်းအမျိုးအစား နဲ့ Dark Comedyတို့ကိုအချိုးကျစွာ ဆတူပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပြီးတော့ Michiganအနောက်အလယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ စစ်မှန်တဲ့ ခံစားချက်တွေ လှပတဲ့ရိုက်ချက်တွေကိုတစ်ဝကြီး ရှုမြင်ခံစားနိုင်မယ့်ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အမေးရက်စ်ဟိုလီဆိုတဲ့ ဘုရားကျောင်းတစ်ကျောင်းကလူသေမှုကိုအခြေခံပြီးတော့ သေသွားတဲ့သူက မတော်တဆ သူ့ဘာသူ အချိန်တန်လို့ အနိစ္စရောက်သွားတာလား ဒါမှမဟုတ် လူတစ်ဦးတစ်ယောက် ( သို့ ) အုပ်စုဖွဲ့လုပ်ကြံလို့များ သေသွားတာလား စတဲ့ သံသယဝင်မှုများစွာတွေ လူသတ်သမားကဘယ်သူလဲ ဒါမှမဟုတ် လူသတ်သမားဆိုတာက မရှိဘူးလား စသဖြင့် တခြား မှုခင်းရုပ်ရှင်များနဲ့မတူ ပေါ့ပေါ့ပါးပါးနှင့် မထင်ထားလောက်တဲ့ plot twist များစွာ အတင်းလုပ်ယူမထားတဲ့ ဟာသများစွာနဲ့ ခန့်မှန်း မှန်းဆကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size…(1.3 GB) Quality….Webrip HEVC 1080p Format…mp4/ mkv Duration….01:48:00 Genre…Crime, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Yamone

Crime • Thriller
0 2024
Hayseed
Resurrecting the Champ
6.7

Resurrecting the Champ (2007) IMDb – 6.7 ကျွန်တော်တိုတွေရဲ့ဘဝမှာ သိပ်ချစ်လွန်းလို ဒီကမ္ဘာပေါ်မှာ လိမ်မပြောဖူးတဲ့သူရှိပါ့မလား.. ကျွန်တော်ကတော့ လိမ်ပြောဖူးပါတယ်။ လိမ်မပြောဖူးတဲ့သူရှိတယ်ဆိုရင်လည်း ခင်ဗျားဟာ အလိမ်အညာတွေပြည့်နေတဲ့ ဒီလောကကြီးထဲမှာ တကယ့်ကိုစံနမူနာယူထိုက်တဲ့ လူကောင်းတစ်ယောက်လို ချီးကျူးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က သူ့ရဲ့သတင်းစာတိုက်မှာ တော်တော်လေးရုန်းကန်နေရပါတယ်။ အယ်ဒီတာအသစ်က သူ့ဇာတ်လမ်းတွေကို သဘောမကျဖြစ်နေတယ်။ သူ့မိန်းမနဲ့လည်း ကွဲထားတယ်။ သူသိပ်ချစ်ရတဲ့ သူ့သားလေးနဲ့လည်း အတူမနေရတော့ဘူး။ အဲ့ဒီအချိန်မှာပဲ အရင်ကလက်ဝှေ့ချန်ပီယံဟောင်းကြီးဆိုတဲ့ အိမ်ချေရာမဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံမိသွားပါတယ်။ အဲရစ်က ချန်ပီယံကြီးနဲ့ရင်းနှီးသွားတဲ့အခါမှာတောင် ချန်ပီယံကြီးအကြောင်းဇာတ်လမ်းရေးရင်တောင် ကျိန်းသေပေါက်အောင်မြင်နိုင်မယ်လို ယုံကြည်ထားတယ်။ ဒီလိုနဲ့ ချန်ပီယံကြီးအကြောင်းဇာတ်လမ်းကိုရေးလိုက်တဲ့အခါမှာတော့ သူတွက်ထားတဲ့အတိုင်းပဲ နာမည်ကြီးသွားခဲ့ပါတယ်။ ပူလစ်ဇာဆုအတွက် ဆန်ကာတင်စာရင်းထဲတောင်ဝင်သွားခဲ့တယ်။ ဒါပေမယ့်… သူရေးခဲ့တဲ့ဇာတ်လမ်းထဲက မှားနေတယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ပြောလာတဲ့အခါမှတော့ အဲရစ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းကြည့်ပြီးသွားရင် ကျွန်တော်တိုကိုယ့်ကိုကိုယ် မေးခွန်းတစ်ချိုထုတ်မိကောင်းထုတ်မိကြပါလိမ့်မယ်။ ကျွန်တော်တိုက အမှန်တရားကိုတကယ်ရောသိချင်ကြရဲ့လား။ အမှန်တရားရဲ့ ခါးသီးခြင်းကိုတကယ်ရော လက်ခံနိုင်ကြရဲ့လား။ နောက်ပြီး ချစ်ခြင်းမေတ္တာနဲ့ မုသားစကားတိုကြားမှာ သိမ်မွေ့နက်နဲတဲ့ ဆက်နွယ်မှုတစ်ခုများရှိနေတာလား။ စသည်ဖြင့်ပေါ့..။ သေချာတာတစ်ခုကတော့ ကျွန်တော်တိုရဲ့ စကားတွေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒီစကားတွေကို လူများတွေကြားသွားခဲ့ပြီဆိုရင်တော့ ကိုယ့်စကားတွေရဲ့ အကျိုးဆက်ကို ကိုယ်သာလျှင်ရင်ဆိုင်ရမှာပါပဲ။ File Size – 1.72 GB/ 737 MB Quality – BluRay 1080p/ 720p Duration – 1h 52m Format – mp4 Genre – Drama, Sport Subtitle – Myanmar Subtitle (Hard Sub) Translated by – Pyae Hein Kyaw Encoded by – Treasure Htet

Action
6.7 2007 112 mins
Resurrecting the Champ