YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) A League of Their Own.2022.S01E05.1080p.mp4

657.4 MB N/A video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Belle
7.2

Belle (2013) ~ IMDb - 7.3/10, RT - 85%, Meta - 64% ~ အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။ လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ စတေးပြီးတော့ အသက်အာမခံ လျော်ကြေးတောင်းတဲ့အမှုကို ဦးရီးတော် တရားသူကြီးချုပ်က ကိုင်တွယ်ရတယ်။ ကျွန်တွေအပေါ် ဇုန်းသင်္ဘောရဲ့ ရက်စက်ယုတ်မာမှုတွေကို သိလိုက်ရတဲ့ ဘဲလ်ဟာ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်လေး ဒဗီးနီးယားကို ကူညီပေးရင်း ချစ်မိသွားပါတယ်။ ဒါပေမဲ့ မျိုးရိုးအဆင့်အတန်းမြင့်တဲ့သူနဲ့ပဲ လက်ထပ်စေချင်တဲ့ မိသားစုကြောင့် ဘဲလ်ဟာ လူဖြူ မျိုးရိုးနိမ့်လေး ဒဗီးနီးယားအပေါ် ချစ်စိတ်တွေဖုံးကွယ်ထားရတယ်။ ဒါ့အပြင် လူမည်းကျွန်တွေ တရားမျှတမှုရရှိရေးအတွက် ဦးရီးတော်အရင်းနဲ့လဲ ရင်ဆိုင်ဆန့်ကျင်နေရတယ်။ ဒီလို Conflict တွေကြားထဲမှာ ဘဲလ်တစ်ယောက် ဘာကို ဘယ်လို ရွေးချယ်သွားမလဲ... သူချစ်ရတဲ့သူအပြင် လူမည်းတွေအတွက်လည်း သူလိုချင်တဲ့ တရားမျှတမှုကိုရော ရရှိနိုင်ပါ့မလား... ဆိုတာ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 450MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 40Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
7.2 2013 105 mins
Belle
White Men Can't Jump
6.6

Sports Type နဲ့ Basketball ကြိုက်တဲ့ဘရားသားတို့အတွက် ဇာတ်ကားကောင်းလေးလာပါပြီ။ 1992 ကထွက်ထားတဲ့ White Men Can't Jump ကို remake ပြန်လုပ်ထားတဲ့ကားပါ။ 1992 ရုပ်ရှင်မှာတော့ Zombieland မင်းသားကြီး Woody Harrelson နဲ့ Blade မင်းသားကြီး Wesley Snipesတိုက အတွဲမိမိတင်ဆက် သွားခဲ့ပါတယ်။ ရုပ်ရှင်နာမည်တူနေတာကလွဲလို ဇာတ်လမ်းဇာတ် အိမ်ကတော့ ပြောင်းလဲသွားတယ် အရင်ကားက လူတွေလည်း ပြန်မပါလာဘူး ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ပုံ စံနဲ့သူ ကွဲထွက်နေပြီး ကြည့်လိုအဆင်ပြေပါတယ်။ ဒီဇာတ်ကားရဲ့တွဲဖက်နှစ် ယောက်က Jeremy အဖြစ်နဲ့အမေရိကန် ရက်ပ်ပါ Thomas Harley၊ ပြီးတော့ Kamal အဖြစ် Sinqua Walls တို့ သရုပ်ဆောင်ထားပါတယ်။ Kamal Allan ရဲ့ဘတ်စကတ်ဘောစကေးက NBA မှာကစားခွင့်ရဖို့ အထိ ရေပန်းစားနေသလို အောင်မြင်မှုအမြောက်အမြားရထားတဲ့ ဆယ်ကျော်သက် တက်သစ်စအထက်တန်း ကျောင်းသားလေးပါ။ သူရဲ့အဖေရဲ့ စနစ်တကျပျိုးထောင်ပေးမှုနဲ့ ဒီလိုအခြေအနေအထိ တက် လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမယ့် အရာရာက မျှော်လင့်ထားသလိုဖြစ် မလာဘဲ သူ့ဘဝရဲ့အမှောင်နေ့ရက်တွေကို ဖြတ်သန်းဖိုဖြစ်လာခဲ့တယ်။ တစ်ဖက်က Jeremy၊ သူလည်း အထက်တန်းကျောင်းလက်ရွေးစင် ဟောင်းဒူးဒဏ်ရာကြောင့် ဆက်ကစားနိုင်ခြင်းမရှိတော့ဘဲ လူငယ်လေး တွေကို ထရိန်နင်ပေးနေတဲ့ ထရိန်နာတစ်ယောက်၊ သူတို့စိတ်ထဲက တူ ညီတဲ့အချက်တစ်ခုကြောင့် ထိပ်တိုက် တွေ့ဖိုဖြစ်လာပါတယ်။ သူတို့ ဘဝကို ပြောင်းလဲသွားစေမယ့်ပြိုင်ပွဲတစ်ခုက သူတိုနှစ်ယောက်ကို တ တွဲတွဲဖြစ်စေဖိုအကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ မိသားစုဘဝဇာတ်အိမ်လေးတွေ၊ ရဲဘော်ရဲဘက်စိတ် ဓါတ်၊ အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေအပြင် တခြားသောရသ မျိုးစုံကိုပါ ခံစားရစေစေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(2.11 GB) / (971 MB) / (580 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 41Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......ZWT Encoder..........Zin Phyo Aung

TV Movie • Thriller
6.6 2023 101 mins
White Men Can't Jump
Indian Pink
2

After suffering a broken heart, the chilling story behind the breakup slowly unfolds.အားလုံးပဲ လွမ်းနေကြလောက်မယ့် F4 ထဲက ဆံနီလေး Kim Hyun Joong ရဲ့ Indian Pink Movie လေး ရပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် ပုံမှန်မြင်တွေ့နေကျ Kim Hyun Joong ရဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့မတူဘဲ စိတ္တဇဆန်ဆန်ကြမ်းတမ်းခက်ထန်တဲ့ပုံစံမျိုးကို ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ အသည်းကွဲနေတဲ့ လူတစ်ယောက်ရဲ့ စိတ္တဇဆန်ဆန်အတွေးတွေအကြောင်းကို ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့ အပြုံးတွေရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ မကောင်းဆိုးဝါးဆန်ဆန်သဘောသဘာဝတွေ၊ သွေးအေးရက်စက်မှုတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး မထင်ထားတဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးနဲ့ တင်ဆက်ထားတာလည်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေအပြင် အပြုံးချိုချိုနဲ့ Kim Hyun Joong တစ်ယောက် ဒီဇာတ်ကားထဲမှာ ဘယ်လိုတွေပြောင်းလဲပြသွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားနိုင်လို့ K-Drama Fans တွေ လက်လွှတ်မခံသင့်ပါဘူးနော်။ သွေးသံတရဲရဲနဲ့ ရက်စက်ကြမ်းကြုတ်တဲ့အခန်းတွေပါလို့ Rating ကိုတော့ 18+ သတ်မှတ်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size… 639MB | 295MB | 140MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Adventure • Mystery
2 2021
Indian Pink
The Twilight Saga: Breaking Dawn - Part 1
6.2

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ File size…(1.8 GB) /(1.1 GB) Quality….BluRay Extended 1080p HEVC/720p Format…mkv/mp4 Duration….02:04:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Adventure • Science Fiction
6.2 2011 117 mins
The Twilight Saga: Breaking Dawn - Part 1
Home for Rent
7

Home for Rent (2023) ~ IMDb - 6.9/10, MyDramaList - 7.8/10 ~ ထိုင်းတို့ အင်ဒိုးနီးရှားတို့က ဟော်ရာရုပ်ရှင်တွေက နိုင်ငံတကာနဲ့ယှဉ်ပြီးကို အဆင့်တစ်ဆင့်ရှိတယ်ဆိုတာ တော်တော်များလက်ခံထားပြီးသား ကိစ္စပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ကလည်း အဲဒီအစဉ်အလာကို အိုးမည်းမသုတ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ဟာ အကျည်းတန်ရုပ်ဆိုးတဲ့ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံထားတာပါ။ အောက်လမ်းအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အိမ်ငှားတွေက အိမ်ရှင်ကိုအကြမ်းဖက်ခဲ့တဲ့ ယဇ်ပူဇော်စရာသားကောင်တွေရှာခဲ့တဲ့ဖြစ်ရပ်တစ်ခုကို အခြေတည်ရိုက်ကူးထားတာပါ။ ကိုယ့်ဖြစ်နိုင်ချေနဲ့နီးစပ်လေ အကြောက်တရားကို ပိုအသက်ဝင်စေနိုင်လေဆိုတော့ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်တစ်စိတ်တစ်ဒေသဖြစ်ခဲ့တယ်ဆိုတဲ့အသိက ဒီရုပ်ရှင်ကို ပိုအရသာရှိစေမှာပါပဲ။ နင်၊ ကာဝင်နဲ့ သမီးဖြစ်သူ အင်တို့က သာမန်လူလတ်တန်းစားမိသားစုတစ်ခုဖြစ်ပြီး တစ်နေ့မှာတော့ ငွေကြေးအခက်အခဲတစ်ခုကြောင့် နေထိုင်ရာအိမ်ကိုအိမ်ငှားတင်ပြီး ကွန်ဒိုမှာပဲပြောင်းနေဖို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်ငှားဖြစ်သူ ခွန်ရတီက အငြိမ်းစားပင်စင်ယူထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ ဒေါက်တာနွတ်နဲ့ ငြိမ်းချမ်းတဲ့အိမ်နေရာလေးတစ်ခုကို ရှာငှားနေချင်သူတစ်ယောက်ပါ။ အိမ်ငှားလုံးဝမတင်ချင်တဲ့ ကာဝင်က ခွန်ရတီတို့သားအမိကိုမှ ချက်ချင်းငှားဖို့သဘောတူပေးလိုက်တာမို့ နင်တစ်ယောက် ထူးဆန်းနေတဲ့အပြင် ဘေးအိမ်ကပါ အိမ်ငှားတွေက မနက်၄နာရီတိုင်း မကောင်းတဲ့အစီအရင်တွေလုပ်နေတယ်လို့ သတင်းပေးလာတဲ့အခါမှာတော့... ခွန်ရတီတို့သားအမိရဲ့ သရုပ်မှန်က ဘာများလဲ... ခင်ပွန်းဖြစ်သူ ကာဝင်ကရော ဘာကြောင့် အရင်နဲ့မတူပြောင်းလဲလာရတာလဲ... ထိတ်လန့်စရာဆန်းကြယ်မှုတွေက နင်နဲ့အင်တို့သားအမိအပေါ် သက်ရောက်မှုတွေရှိလာနိုင်မလား... ဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Kyi Nue Zin မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 920MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Kyi Nue Zin Encoded by Y

Comedy • Horror • Mystery • Science Fiction • Thriller
7 2023 124 mins
Home for Rent
Scarborough
6.9

ScarboroughComing of age ကားလေးပါ။Canada Toronto မြို့ကဆင်းရဲသားရပ်ကွက်တစ်ခုက ကလေးသုံးယောက်ဟာ သူငယ်ချင်းဖြစ်သွားကြပါတယ်။သူတို့အားလုံးဟာ ဆင်းရဲမွဲ‌တေမှု၊လူမျိုးရေးခွဲခြားမှု၊စနစ်ရဲ့မလုံလောက်တဲ့အထောက်အပံ့တွေ မိဘတွေရဲ့မသိတတ်မှုနဲ့ ရုန်းကန်နေရသူပါ။သူတို့ကို စာတတ်မြောက်ရေးစင်တာက ဆရာမဖြစ်သူက ကူညီနိုင်ဖို့ကြိုးစားရင်းနဲ့ ကလေးတွေရဲ့သနားစရာ နောက်ခံဘ၀ကိုသိလာရမှာပါ။ တကယ်ဖြစ်ပျက်နေတဲ့ပြဿနာတွေကိုရိုက်ကူးပြထားတဲ့ ကြေကွဲစရာဇာတ်လမ်းလေးပါ။သရုပ်ဆောင်ကလေးတွေကလည်း အရွယ်နဲ့မလိုက်အောင် ‌အကောင်းဆုံး စွမ်းဆောင်ထားပါတယ်။ ဆရာမနဲ့ ဒီကလေးတွေက ဒီစနစ်ဆိုးကြီးကိုကျော်လွှားနိုင်မလားဆိုတာ ကြည့်ရှု့ရမှာပါ။ Imdb 6.9/10 Rotten tomatoes -100% File size…(1.89GB)/(1021.6MB)/(472MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:16:00 Genre…Comedy /Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by….SP

Adventure • Drama • Science Fiction • Thriller
6.9 2021 136 mins
Scarborough
Marionette
5.9

Marionette (2020) ============== ဒီကားလေးကတော့ Thriller အမျိုးအစားပြင်သစ်ဇာတ်ကားကောင်းလေးပါ။ ရုပ်သေးရုပ်လိုမျိုးဘဝတွေဟာကြိုးဆွဲရာကနေရတယ်ဆိုတာလေးလဲပေါ်လွင် အောင်ရိုက်ပြထားပြီးဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ The Six Sense ကားလိုမျိုး အဆုံးသတ်မှာလှည့်ကွက်အကြီးကြီးနဲ့စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝသစ်ကိုစတင်ဖို့အတွက် ကလေးစိတ်ရောဂါ အထူးကုဆရာဝန်မဟာ စကော့တလန်ကိုပြောင်းလာပြီးနောက် သူမရဲ့ယောကျာ်း Accidentကြောင့်ဆုံးပါးသွားခဲ့တယ် ။ မကြာခင်မှာပဲထူးထူးဆန်းဆန်း ဆယ်နှစ်သား အရွယ်ကောင်လေးတစ်ယောက်ကို ကုသပေးနေရာမှ အဲ့ဒီကောင်လေးဆွဲထားတဲ့ ပုံတွေက အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တာကိုသိလာပြီးတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မိုးအေးအေးနဲ့ကော်ဖီခွက်လေးကိုင်ပြီးကြည့်ရမယ်ဇာတ်ကား လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်)

Crime • Drama
5.9 2020
Marionette
Saw III Saw 3
6.2

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 3 (2006) အခုကားကတော့ Saw Franchise ရဲ့ တတိယမြောက်ကား။ ရှေ့နှစ်ကားရဲ့ Spoiler ပါနိုင်လို့ ရှေ့နှစ်ကားမကြည့်ရသေးရင် ဆက်မဖတ်ပါနဲ့တော့။ ဒီကားတွေက Spoiler ထိလို့ရှိရင် ကြည့်ရတဲ့ အရသာပျက်သွားတတ်တယ်။ Saw ရဲ့ ပထမကားကတော့ ရေချိုးခန်းတခုထဲမှာ နိုးလာတဲ့ လူနှစ်ယောက်နဲ့ စတင်ထားပြီး ကျနော်တို့ရဲ့ Jigsaw ကြီးစတင်ပွဲဦးထွက်လာတာလည်းဖြစ်တယ်။ အဲနောက်မှာတော့ Saw ll မှာ Jigsawက နာမည်ကြီးလာတဲ့အပြင် သူစမ်းသပ်တာခံရတဲ့သူတွေအရေအတွက်ကလည်း ပိုပြီး ကြီးမားလာခဲ့တယ်။ ပိုပြီးကြမ်းလာတာကတော့ ရဲတွေကိုပါမရှောင် သူ့ရဲ့ စမ်းသပ်မှုမှာထည့်လာတာပဲ။ အခု တတိယမြောက်ကားမှာတော့ ဒုတိယကားကနေ တိုက်ရိုက်အဆက်အနေနဲ့ ထွက်လာခဲ့တယ်။ ဒုတိယကားမှာ အဖမ်းခံခဲ့ရတဲ့သူကရော ဒီကားမှာ ဘယ်လောက်ထိအရေးပါမလဲ။ အခုကားမှာတော့ အစမှာ သံကြိုးတွေနဲ့ တုပ်နှောင်ထားခံရတဲ့သူတယောက် လွတ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် ဗုံးပေါက်ကွဲမှုကနေ မလွတ်မြောက်ခဲ့ဘူး။ ပိုပြီး ထူးဆန်းတာက လွတ်မြောက်မယ့်လမ်းမထားတာပါပဲ။ Jigsaw ရဲ့ပုံစံတွေကနေ သွေဖယ်လာနေခဲ့တယ်။ အဲဒီအမှုကိုစုံစမ်းနေတဲ့ စုံထောက်တယောက်လည်း Jigsaw ရဲ့ ကစားပွဲထဲရောက်သွားခဲ့ရပြန်တယ်။ အဲနောက်မှာတော့ ဆရာဝန်တယောက်ဖြစ်တဲ့ လင်း ကို Jigsaw ဖမ်းခေါ်သွားခဲ့တယ်။ ဒုတိယကားမှာ Jigsaw က ကင်ဆာဝေဒနာနဲ့သေခါနီး ဖြစ်နေခဲ့တာကို သိကြပြီးပြီ။ အခု ဆရာဝန်ကိုရော ဘာလို့ ခေါ်လာခဲ့ရတာလဲ။ အဲလိုပဲ ဆရာဝန်ကိုသူ့အနားခေါ်ထားတုန်းမှာပဲ နောက်ထပ်စမ်းသပ်မှုတခုကလည်း ဆက်သွားနေခဲ့တယ်။အဲဒီစမ်းသပ်မှုကရော ဘာအတွက်လဲ။ Jigsaw ကရော ဘာတွေစီစဉ်ထားမှာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရင်း လူတွေကိုပြောင်းလဲလို့ရနိုင်ပါ့မလား။ တကယ့်အသိတရားရနိုင်မယ့်လူတွေရော ရှိပါ့မလား။ ကိုယ့်ခံယူချက်နဲ့ကိုယ်သွားနေတဲ့လူတွေအကြောင်းကို တွေးတောနေရမယ့် တတိယကားပဲ ဖြစ်ပါတယ်။

Drama • History
6.2 2006
Saw III Saw 3
Twin Dragons
6.5

ဂျက်ကီရဲ့အကောင်းဆုံးဇတ်ကားတွေထဲကတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ပရိတ်သတ်တွေရင်းနှီးပြီးသားဇတ်ကားလေးတစ်ကားပါပဲ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့အမွှာညီအစ်ကိုနှစ်ယောက် တစ်ဦးကဂီတပညာရှင်ကြီး ကျန်တစ်ဦးကခပ်ဆိုးဆိုးဖိုက်တာလေးညီအစ်ကိုနှစ်ယောက် မတော်တဆပြန်ဆုံတွေ့မိကြပြီးတိုင်ပတ်ကြပုံအရူပ်တော် ပုံတွေကိုဟာသဆန်ဆန်မြင်တွေ့ကြရမှာပါ ဂျက်ကီရဲ့နှစ်ကိုယ်ခွဲအိုင်တင်အက်ရှင်အကြမ်းအရမ်းတွေကိုလည်းမြင်တွေ့ရမှာပါ ပြန်ကြည့်ချင်ပြီးသိမ်းထားချင်သူ တွေအတွက်ပြန်လည်တင်ဆက် ပေးလိုက်ပါတယ် File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield

Drama
6.5 1992
Twin Dragons
My Husband’s Seven Wives
5.1

My Husband’s Seven Wives (2024) ========================== ဒီဇာတ်လမ်းကတော့ Maggie ဆိုတဲ့အမျိုးသမီးတစ်ယောက် အမှတ်မထင်ဘဲ အလုပ်ခရီးသွားနေတဲ့ သူ့ယောက်ျားAlanရဲ့ ကားကို သူစိမ်းအိမ်မှာတွေ့ရာကနေ အဲဒီအိမ်ရှင်အမျိုးသမီး Pamက သူ့ယောက်ျားနဲ့လက်ထပ်ထားတာကို သိလိုက်ရတာ ပါပဲ။ ပိုမဖြစ်နိုင်စရာကောင်းတာက Maggie နဲ့ Pam တို့ သူတို့ ပျောက်သွားတဲ့ပိုက်ဆံတွေအတွက် Alan ရဲ့ ဘဏ်ရှင်းတမ်းတွေ ကိုလိုက်ရှာလေ Alan မှာ တစ်ခြားလက်ထပ်ထားတဲ့ဇနီးသည်တွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာတာပါပဲ။ နောက်တော့ Maggie၊ Pamနဲ့ ကျန်တဲ့ Alanရဲ့ဇနီးသည်တွေအကုန် ပေါင်းပြီး Alan ကို လက်စားချေရင်း Alanခိုးသွားတဲ့ သူတို့ပိုက်ဆံ တွေကိုပြန်ရှာဖို့ ဘယ်လိုကြိုးစားကြမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှု ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.56 GB) / (600 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

5.1 2024 88 mins
My Husband’s Seven Wives
Blood for Dust
5.4

Blood for Dust ( 2023 ) Scoot McNairy နဲ့ ဂျွန်စနိုးလို့ အများသိကြတဲ့ Kit Harington အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုမှုခင်း ရုပ်ရှင်ပါ။ Rotten Tomatoes 85%ရထားတာမို့ ပမာဏတစ်ခုအထိတော့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ကြောင်း မပြောလည်း သိကြမှာပါ။ ဝေဖန်ရေးသမားတွေကတော့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းရသိပ်ခက်တဲ့ ရုပ်ရှင်လို့ ဆိုကြပါတယ်။ ပြောတာလည်း မလွန်ဘူးလို့ ထင်ရတာပါပဲ။ ရှုပ်နေရာက ရှင်းလာတဲ့ဇာတ်ကို ခန့်မှန်းရလွယ်ပေမဲ့ ရှင်းနေရာက ရှုပ်သွားတဲ့ဇာတ်ကိုတော့ မှန်းရခက်ပါတယ်။ ဒီဇာတ်ဟာ ရှင်းနေရာကနေ ရှုပ်သွားတဲ့ဇာတ်ပါပဲ။ ကျောရိုးကတော့ နယ်လှည့်အရောင်းသမားတစ်ယောက်ကနေ စပါတယ်။ ဒီလူက နယ်လှည့်ပြီး ပစ္စည်းအစုံရောင်းနေတဲ့လူပါ။ ဖောက်သည်က ဘာအပ်အပ် အပ်ထားတာကို ရအောင်ပတ်ရောင်းပါတယ်။ ခဲတံကနေပြီး နွားအထိအကုန်ရောင်းပါတယ်။ ဒါကတော့ စစချင်းအပြပေါ့။ နောက်ပိုင်းတော့ သူ့ အရောင်းသမားအချင်းချင်းအဆက်အသွယ်တွေ , အတိတ်က သူတို့အရောင်းသမားတစ်အုပ်လုပ်ခဲ့ကြတဲ့ စာရင်းလိမ်လည်မှု ကိစ္စတွေ, အဲဒီကိစ္စအတွက် ခေါင်းခံသွားတဲ့သူအကြောင်းတွေ အကုန်တဖြည်းဖြည်းချင်း အစပေါ်လာပါတယ်။ ကျွန်တော်တို့အတွက်တင်ပေါ်တာမဟုတ်ဘဲ သူ့အလုပ်ရှင်ဆီမှာပါ အစပေါ်လာတဲ့နောက် အလုပ်ပြုတ်သွားတယ်။။ အဲဒီနောက် သူ့အရောင်းသမား သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး လက်နက်တွေ ဆေးတွေကိုပါရောင်းပေးဖို့ဖြစ်လာတယ်။ ဒီကနေ လူဆိုးဂိုဏ်းတွေနဲ့ ကတုံးပေါ်ထိပ်ကွက်ချင်တဲ့လူတွေ ဉာဏ်ကစားတဲ့ပွဲထဲ သူပါ မဆီမဆိုင်ဝင်ပါမိတဲ့အခါမှာ သူ့အသက်ကို သူဘယ်လိုရအောင် ကယ်မလဲ မြင်ကြမှာပါ။ အရောင်းသမားဆိုတဲ့ ပွိုင့်ကနေ မချော်ဘဲ လူဆိုးဂိုဏ်းတွေအထိပါ ဆွဲသွင်းသွားပြီး အရောင်းသမားလောကရဲ့ ရှုပ်ထွေးကောက်ကျစ်ပုံတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြထားတာမို့ သည်းထိတ်ရင်ဖိုမှုခင်းကားအနေနဲ့တော့ နည်းနည်းဆန်သစ်ပါတယ်။ မှုခင်းကားတွေ ကြိုက်ရင် မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Thriller Quality…. 1080p | 720p File size…995MB | 415MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller • Horror
5.4 2024
Blood for Dust
Gone Baby Gone
7.7

Gone Baby Gone (2007) *********************** IMDB- 7.7/10 ….Rotten…94%ရရှိထားတဲ့ Crime/Drama ဇာတ်ကားတစ်ကားပါ။ ဒါရိုက်တာကတော့ Good Will Hunting နဲ့ လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်။ (Morgan Freeman ကြီးကိုလည်း သူနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို ပြောရင်း တွေ့ရဦးမှာပါ။) ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင် ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး။ (၁) ဘယ်သူက မှန်လဲ။ (၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား။ ဒီတစ်ခါ Review ကို မရေးဘဲ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချို့ခံစားရှုမြင်ခဲ့တဲ့အပေါ် Spoil မဖြစ်စေအောင် ရှောင်ရင်း ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်… (A) Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့… အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းက ရှည်လျားဟန်ရှိပေမယ့် အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။ ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ…. ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။ (B) ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။ ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘဝတွေကို တင်ဆက်ပြသတတ်သူပါ။ ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိတော့မဲ့အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို… တစ်ခုချင်းစီ ထုတ်ပြသွားပါတယ်။ Ben ဟာ ခင်ဗျားတို့ရဲ့ အာရုံကို ဘယ်အချိန်မှာ ဖမ်းစားရမလဲဆိုတာ… ကောင်းကောင်းသိပုံပေါ်တဲ့ ဒါရိုက်တာတစ်ဦးပါပဲ။ ဒီဇာတ်ကားဟာ ကျွန်တော့်ကို မေးခွန်းနှစ်ခုမေးပါတယ်။ “ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ရမယ်လို့ ပြောတာလား” “မှန်မယ်၊ မမှန်ဘူးဆိုတာ နောက်ဆုံးမှာ ရသွားတဲ့ အကျိုးကျေးဇူးကိုကြည့်ပြီး ပြောမှာလား” (C) ဒီရုပ်ရှင်ဟာ ရိုးသားခြင်းရဲ့အရေးပါမှုကိုလှလှပပဖော်ကျူးပြီး…တစ်ဆက်တည်းမှာပဲ.. ဘဝရဲ့အလှတရားတွေကို ဂရုမစိုက်တော့ကြတဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားကို ကြည့်ပြီးသွားတဲ့အချိန်မှာ ကလေးသူငယ်တွေကို ဒီထက်ပိုပြီး ကြင်နာမယ်၊ စာနာမယ်၊ မေတ္တာထားမယ်ဆိုတဲ့ စိတ်ဖြစ်မလာဘူးဆိုရင် ခင်ဗျားတို့ဟာ ရင်ဘတ်ဗလာနဲ့ လူသားတွေပါပဲ။ ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Sherlockပဲဖြစ်ပါတယ်…. File size : 1.87GB/ 800MB Quality : 1080p / 720p Genres : Mystery, Crime, Drama Duration : 1 hr 54 mins Subtitle : Myanmar Subtitle (Hard Sub) Translated By Sherlock Encoded By Heather Oo

7.7 2007 113 mins
Gone Baby Gone
Dahmer
5.6

Dahmer (2002) IMDb Rating (5.6) / Rotten Tomatoes (73%) အမေရိကန်နိုင်ငံတစ်ခုလုံးကိုသာမက ကမ္ဘာကိုပါတုန်လှုပ်သွားစေခဲ့တဲ့ကွင်းဆက်လူသတ်သမား ဂျက်ဖရီဒါးမားအကြောင်း ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်နာမည်ကြီးဇတ်ကားဖြစ်ပါတယ်။ ဂျက်ဖရီဒါးမားကို ၁၉၆၀ခုနှစ်မှာမီဝေါကီး ဝစ္စကွန်ဆင်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူက အသက်၁၈ နှစ်အရွယ်မှာပထမဆုံးလူသတ်မှုကိုကျူးလွန်ခဲ့ပါတယ်။ ဂျက်ဖရီဒါးမားဟာ ၁၉၇၈ ကနေ ၁၉၉၁ အတွင်း အရွယ်ရောက်ပြီးယောကျာ်းနဲ့ ယောကျာ်းလေးငယ်ပေါင်း (၁၇) ယောက်ကိုသတ်ခဲ့ပါတယ်။ ဒါးမားကသူ့ရဲ့သားကောင်တွေကို ဂေးဘားတွေစျေးဝယ်စင်တာတွေဘတ်စကားမှတ်တိုင်တွေမှာရှာပြီးလိင်ကိစ္စဒါမှမဟုတ် ပိုက်ဆံနဲ့ဖျားယောင်းပြီးသူ့အခန်းကိုခေါပြီး သတ်ဖြတ်ပါတယ်။ အလောင်းကောင်နဲ့မဖွယ်မရာလုပ်ပြီးတဲ့အခါလောင်းကိုတစ်စစီဖျက်ပြီး စွန့်ပစ်ပါတယ်။ ဦးခေါင်းတွေလိင်အဂ်ါတွေနဲ့ကိုယ်ခန္ဓာအစိပ်အပိုင်းတစ်ချို့ကို အမှတ်တရပစ္စည်းအဖြစ်နဲ့သိမ်းထားတတ်ပါတယ်။ လူသားကိုလည်းစားကြည့်သလို တစ်ချို့သူတွေကိုတော့ခေါင်းကိုDrillနဲ့ဖောက်ပြီးဇွန်ဘီးလိင်ကျွန်လုပ်ပြီးမှသတ်ဖြတ်ပါတယ်။ သူရဲ့သားကောင်တွေကိုသတ်တာနဲ့အလောင်းဖျက်တဲ့ဖြစ်စဥ်အဆင့်ဆင့်မှာ ဓါတ်ပုံမှတ်တမ်းတင်တတ်ပါသေးတယ်။သူဟာ ၁၉၈၁ – ၁၉၈၂ နဲ့ ၁၉၈၆ မှာလည်း အများပြည်သူရှေ့မဖွယ်မရာပြမှုတွေနဲ့ဖမ်းခံရပါတယ်။ ၁၉၉၂မှာဖမ်းခံရပြီး လူသတ်မှု(၁၅)မှုအတွက် စွဲချက်တင်ခံရပြီးထောင်ဒဏ် ၉၅၇နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ အရက်စွဲနေတဲ့အပြင် လိင်စိတ်မူမမှန်တာရှိနေပြီး လိင်တူချင်းတပ်မက်ရာမှလိုအင်မပြည့်တဲ့အတွက် ဒေါသအလျောက်လူစသတ်မိပြီး လူသတ်တာကိုစွဲလမ်းသွားရာက တစ်ဆင့်ထက်တစ်ဆင့် လူမဆန်တဲ့ဖြစ်ရပ်တွေနဲ့ဆန်းပြားတဲ့အမူအကျင့်တွေကိုလုပ်လာတာဖြစ်တယ် ။ သူရဲ့တိုက်ခန်းကိုရှာဖွေတဲ့အခါသူ့ရဲ့အအေးခန်းသေတ္တာထဲကလူခေါင်းပြတ်တွေနှလုံးတွေကတော့လုပ်သက်(၁၇)နှစ်ရှိတဲ့ရဲတွေကိုတောင်ကြောက်ရွံ့တုန်လှုပ်ပြီး တစ်သက်တာမေ့မရတဲ့မြင်ကွင်းဖြစ်သွားစေခဲ့ပါတယ်လို့ ရဲတွေကပြောပြခဲ့ပါတယ်။ သူ့ကိုလွှတ်ပေးရင်တောင် သူကဒီလိုပဲဆက်သတ်နေမှာပဲလို့သူကရဲတွေကိုဖြေခဲ့ပါတယ်။ထောင်ကျပြီး (၂)နှစ်ကြာတဲ့အခါမှာ ထောင်သားတစ်ယောက်ကရိုက်သတ်တဲ့အတွက် ၁၉၉၄ မှာ ဂျက်ဖရီဒါးမားသေဆုံးခဲ့ပါတယ်။ ဂျက်ဖရီဒါးမားနဲ့ပါတ်သက်လို့စာအုပ်တွေလည်းထွက်ထားသလိုရုပ်ရှင်နဲ့တီဗွီစီးရီးစ်မတွေလည်းထွက်ရှိထားပါတယ်။ Dahmer( 2002) ရုပ်ရှင်ကတော့အစောဆုံးထွက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇတ်ကားက ဂျက်ဖရီဒါးမားအဖြစ်သရုပ်ဆောင်တဲ့ Jeremy Renner( ဂျယ်ရမ်မီရမ်းနား) ကိုအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ “ယောကျာ်းလေးတွေပဲ ဘာစိတ်ပူစရာရှိလဲ ထောင်အပြင်တန်းမရှိဘူး“ပြောတတ်ကြပေမယ့် လိင်စိတ်မူမမှန်သူတွေရှိနေတတ်တာကို ဒီဇတ်ကားကမီးမောင်းထိုးပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Horror, Thriller Duration….01:42:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Comedy • Adventure
5.6 2002 101 mins
Dahmer
Abudeka Is Back

IMDb Rating 5.2/10 နယူးဇီလန်ကနေ ယိုကိုဟားမားကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ စုံထောက်နှစ်ယောက်နဲ့ ယိုကိုဟားမားကို မိခင်ဖြစ်သူကိုရှာဖွေဖို့ ရောက်ရှိလာခဲ့တဲ့ ကောင်မလေးတစ်ယောက်တို့ တွေ့ဆုံခဲ့ချိန်မှာ………………… ယိုကိုဟားမားမှာ ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးရင်း ဒီကောင်မလေးအတွက် မိခင်ကို ရှာဖွေပေးဖို့ အလုပ်လက်ခံခဲ့တဲ့ စုံထောက်နှစ်ယောက်………… ကောင်မလေးရှာဖွေနေတဲ့မိခင်ဖြစ်သူက ဒီစုံထောက်နှစ်ယောက်နဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခု ရှိနေသောအခါ….. ဒီစုံထောက်နှစ်ယောက်မှာ ဘယ်သူက ကောင်မလေးရဲ့ အဖေဖြစ်မလဲ???? မိခင်ဖြစ်သူကိုရော ရှာဖွေတွေ့ရှိနိုင်ပါ့မလား???? အက်ရှင်ဇာတ်ကားတစ်ကားဆိုပေမဲ့ ပေါ့ပေါ့ပါးပါးဟာသလေးတွေနှောထားပြီး ရိုက်ကူးထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုလိုက်ရအောင်…… File size…(1.6 GB)/(946 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Adventure, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

0 2024
Abudeka Is Back