YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]7.Women.And.A.Murder.2022.1080p.WEB-DL.AC3.5.1CH.mp4

1.39 GB N/A video/mp4 203 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Run Rabbit Run
5.2

Netflix​ ရဲ့နောက်ဆုံးထွက် Psychological Horror ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Run Rabbit Run က​ သြစတြေးလျ​ရုပ်​ရှင်​ဖြစ်ပြီး​ ဇွန်​ 28​ ရက်နေ့မှာ Netflix​ မှာ​စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Sundance ရုပ်ရှင်​ပွဲတော်​မှာလည်း​ premier အဖြစ်​ပြသခဲ့ပါသေးတယ်။ Succession မှာ​ ပါဝင်ခဲ့တဲ့ Sarah Snook က​ အဓိက​ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Sarah က​ မျိုး​ဥနဲ့သားအောင်ခြင်းဆိုင်ရာ​ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။ Sarah မှာ​ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်​ပွန်းဖြစ်သူ​ Pete​ နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့​မှာတော့​ သမီးဖြစ်သူ Mia က​ ထူးထူးဆန်းဆန်းအပြုအမူတွေကို​ ပြုမူလာပြီး​ တစ်နေ့​တခြား​ Mia ရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက်​ သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့​ခြောက်လှန့်မှုကို​ ရင်ဆိုင်​ရပါတော့တယ်။ Run​ Rabbit​ Run​ ဇာတ်ကား​က​ စိတ္တဇ​ Horror ဇာတ်ကား​မျိုးဖြစ်ပြီး​ တခြားသော သြစတြေးလျ​ Horror ရုပ်ရှင်များဖြစ်တဲ့ The​ Babadook,​ Relic, Bloody Hell တို့လို Theme မျိုးဖြစ်ပါတယ်။၊ Horror ကားပေမဲ့ ဝုန်း​ဒိုင်းခြောက်လှန့်တဲ့ Jump​scare​ တွေလုံးဝမပါဘဲ Hereditary လိုမျိုး ဖြည်းဖြည်းချင်း​ ဇာတ်​ရှိန်မြှင့်သွားတဲ့ပုံစံမျိုးပါ။ သားအမိ​နှစ်ဦးရဲ့​ အထီးကျန်​ဆန်​တဲ့​ ဆက်နွယ်​မှုအကြားမှာ tension တွေတဖြည်းဖြည်းပေါ်လာပြီး ရုပ်ရှင်​ရဲ့နောက်ဆုံးပိုင်းတွေမှာ ဖြစ်ရပ်​မှန်နဲ့ ထင်ရာမြင်ရာစိတ်ကူးယဥ်မှုတွေအကြား ဝေခွဲ​မရဖြစ်လာတဲ့​ မိခင်​တစ်ဦး​နေရာမှာ​ သရုပ်ဆောင်​တဲ့​ Sarah Snook​ ကို​ ဝေဖန်​သူများက​ ချီး​ကျူးခဲ့ကြပါတယ်။ Horror ကား​ဖြစ်​ပေမဲ့​ Chilling​ ဖြစ်ပြီး​ ပြင်း​ထန်တဲ့စိတ်ခံစားမှုတွေ၊ နောင်တ​တရားနဲ့​ အတိတ်​ရဲ့ခြောက်လှန်မှုတွေအကြား​ လွန်​ဆွဲရုန်းကန်နေရတဲ့ မိခင်တစ်ဦးအကြောင်းကို တင်ဆက်​ထားတဲ့​ Run Rabbit​ Run ဟာ​ Black Swan လို​ Psychological​ Horror ရုပ်ရှင်​မျိုးကို​နှစ်သက်သူတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။

Action • Fantasy
5.2 2023 100 mins
Run Rabbit Run
Oppenheimer
8.3

ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို တင်ပေးထားပါတယ်။ အကြည်ထွက်ဖို့က အတော်ကိုကြာဦးမှာမို့ အကြည်ဆုံး cam ဗားရှင်းကို ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ ဘာသာပြန်ဖို့ စာဖိုင်အမှန်လည်းမရသေးတာကြောင့် ကွက်လပ်အချို့တော့ပါပေမဲ့ အားလုံးနီးပါး နားလည်အောင်တော့ ပြန်ပေးထားပါတယ်။ Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malek တို့ အစုံပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။ အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။ အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။ ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။ အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။

Comedy • Drama • Fantasy • Romance
8.3 2023 181 mins
Oppenheimer
The Coldest City
7

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ် အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှု‌ကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ... တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦး ဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Action , Drama Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By MeeMee Jue Jue Encoded by LK

Fantasy
7 2023 180 mins
The Coldest City
In a Lonely Place
7.9

In a lonely place (1950) အဖြူ အမဲ ဂန္တဝင် ရုပ်ရှင် classical film ကောင်းကောင်းတွေကို ကြိုက်တတ်တဲ့ သူတွေ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ Rotten tomatoes ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက်မှာလဲ rating ကောင်းကောင်း ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းကျောရိုးကတော့ ဒုတိယ ကမ္ဘာစစ်ကြီးလွန်ပြီး ၁၉၅၀ ကာလများက နာမည်ကြီး ဒစ်ခ်ဆန် စတီးလ်ဆိုတဲ့ ဇာတ်ညွှန်းရေး ဆရာ တစ်ယောက်ရဲ့ အသက်ငါးဆယ်ဝန်းကျင် ဘဝအဖြစ်အပျက်တွေပေါ်မှာ တည်ထားတာပါ။ ဒစ်ဆန်ဟာ သူအိမ်ခေါ်မိတဲ့ ကောင်မလေး တစ်ယောက် အသတ်ခံရတာကြောင့် ရဲတွေရဲ့ သံသယအရှိဆုံးသူအဖြစ် သတ်မှတ်ခံရပါတယ်။ ရဲတွေက သူ့မျက်နှာချင်းဆိုင်မှာ နေတဲ့ တက်သစ်စ မင်းသမီး တစ်ယောက်ကို ခေါ်မေးရာကနေ ဇာတ်ညွှန်းရေးဆရာ ဒစ်ခ်ဆန်နဲ့ မင်းသမီးတို့ မေတ္တာသက်ဝင်သွားပါတယ်။ ပေါက်ကွဲလွယ်တဲ့ ဒေါသအိုးတစ်ဦး ဖြစ်ပြီး မဟုတ်ရင်မခံတတ်တဲ့ ဗီဇလည်းရှိသလို မိမိအတ္တကိုလည်း နည်းနည်းလေးမှ အထိပါးမခံတဲ့ ဒစ်ခ်ဆန်တစ်ယောက်ရဲ့ အပြုအမူတွေဟာ ရဲတွေ သံသယဝင်လောက်စရာကောင်းအောင်ကို မူမမှန်တွေ ဖြစ်နေခဲ့တာကို သတိထားမိတဲ့နောက်မှာ လူသတ်တရားခံ အစစ်ဟာ သူပဲလား ဒါမှမဟုတ် ဘယ်သူဖြစ်မလဲ ဆိုတာကို ရင်သပ်ရှုမော ကြည့်ရမှာပါ။ မှုခင်းနောက်ခံအဖြစ်အပျက်နည်းနည်းနဲ့ အချစ်အလွမ်း ဒရာမ များများ ရောသမမွေထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ၁၉၅၀ ခုနှစ်က အဖြူ အမဲဇာတ်ကားတွေ ထုံးစံအတိုင်း ပြဇာတ်ဆန်တဲ့ နောက်ခံတီးလုံးတွေကို ခံစားရမှာပါ။ အဖြူအမဲရုပ်ရှင်ခေတ်ရဲ့ အော်ပရာဆန်တဲ့ တေးဂီတတွေကို မကြိုက်တဲ့သူတွေအတွက်ကတော့ ပျင်းစရာ နည်းနည်းတော့ ကောင်းမယ်ထင်တယ်။ ဒီကားရဲ့ ထူးခြားမှုကတော့ ဒိုင်ယာလော့တွေရဲ့ လန်းမှုပါပဲ။ ဇာတ်ကောင် ဒစ်ခ်ဆန်ရဲ့ လောကကြီးကို မြင်တဲ့ အမြင်နဲ့ အတွေးအခေါ်တွေဟာ ကြည့်ရှုသူအတွက် အတွေးနဲ့ ခံစားချက် တစ်စုံတစ်ရာကို ပေးကောင်းပေးစွမ်းနိုင်မှာပါလို့။

Action • Adventure • Science Fiction • Thriller
7.9 1950 93 mins
In a Lonely Place
Joint Security Area
7.7

Joint Security Area (2000) (အညွှန်း) ========================= မင်းသား Lee Byung Hun နဲ့ ချန်ဂင်လို့ လူသိများကြတဲ့ မင်းသမီး Lee Young Ae တို့ပါဝင်ထားကြပြီး ၂၀၀၀ ခုနှစ်ရဲ့ Blue Dragon Film Award နဲ့ ၂၀၀၁ ခုနှစ်ရဲ့ Grand Bell Award စတဲ့ဆုကြီးတွေအပြင် တခြားသောဆုတွေကိုပါဆွတ်ခူးထားတဲ့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယားတောင်မြောက်နှစ်နိုင်ငံကြားစစ်မဲ့ဇုန် (JSA) အတွင်း မြောက်ကိုရီးယားတပ်သားနှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ပဋိပက္ခတွေအစပျိုးနေပြီး အခန့်မသင့်ရင်စစ်မက်ဖြစ်ပွားနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ နျူးကလီးယားလက်နက်ပိုင်ရှင်မြောက်ကိုရီးယားနဲ့စစ်ဖြစ်ရင် အမေရိကန်လည်းဝင်ပါလာရမှာဖြစ်သလို ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကလည်းအများကြီးမို့ NNSC (နှစ်နိုင်ငံကြားကြီးကြပ်ရေးကော်မရှင်) က ဦးဆောင်ပြီး ဆွစ်ဇာလန်က ဥပဒေအရာရှိဗိုလ်မှူး ဆိုဖီဂျန်းကို စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ များသောအားဖြင့် အမှုတွေလို တရားခံရှာရတာမျိုးမဟုတ်ဘဲ တရားခံကိုသိထားပြီး အမှုဖြစ်ရတဲ့အကြောင်းအရင်းကိုဖော်ရတဲ့ဒီအမှုရဲ့ နောက်ကွယ်ကတကယ့်အကြောင်းအရင်းအမှန်ကဘာဖြစ်မလဲ .. အများသိထားကြသလို တောင်ပိုင်းကစစ်သားက မြောက်ပိုင်းကိုပြန်ပေးဆွဲခံရလို့ထွက်ပြေးလာရင်းဖြစ်တဲ့အမှုလား ဒါမှမဟုတ် တခြားနောက်ကွယ်မှာ ဘာတွေရှိဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Genre….. Action, Drama, Thriller Quality…. 1080p | 720p File size… 1.7GB | 693MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

Family • Fantasy • Adventure
7.7 2000
Joint Security Area
Dracula Untold
6.3

Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ…. တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ… အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား…. ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား… ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ….ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်… တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်… စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်… သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်… တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်.. ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး…ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်… တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး…ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်… မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်…ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်…ထို ၃ ရက်အတွင်းမှာ လူသားရဲ့သွေးကိုမသောက်ပဲနေနိုင်မှ ဘလက်ဟာ လူသားပြန်ဖြစ်မှာပဲဖြစ်ပါတယ်…တကယ်လို့သာ လူသားရဲ့သွေးကိုသောက်မိရင်တော့ သူတစ်သက်လုံး Dracula အဖြစ်နဲ့ရှင်သန်သွားရတော့မှာပဲဖြစ်ပါတယ်…. ဒီလိုအပေးယူတဲ့ပြီးတဲ့နောက်မှာတော့ ဘလက်တစ်ယောက်ဘာတွေဖြစ်လာနိုင်မလဲ… အင်အားကြီးမားလှတဲ့ တူရကီတပ်ကြီးကို သူရင်ဆိုင်နိုင်မလား…. သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီဖြစ်တဲ့ ဘလက်ဟာလူသွေးမသောက်ပဲတကယ်ကောနေနိုင်မှာလား…. စိတ်ဝင်စားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး….

Romance • Drama
6.3 2014 92 mins
Dracula Untold
In the Name of the Father
8.1

ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ အလုပ်သွားလုပ်ရင်း ရှောင်တိမ်းနေဖို့ သင်္ဘောပေါ်တင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဂျယ်ရီတယောက် ဂေလ်ဖို့ဒ်မြို့မှာ အလေလိုက်နေရင်း ဂေလ်ဖို့ဒ်အရက်ဆိုင် ဗုံးကွဲတဲ့ညမှာလည်း နေစရာနေရာမရှိလို့ လမ်းတကာလျှောက်သွားနေခဲ့ပါတယ်။ IRA တွေရဲ့ ဗုံးခွဲမှုကြောင့် သွေးဆူနေတဲ့ ဗြိတိသျှပြည်သူတွေကို ‌အဖြေတခုပြန်ပေးဖို့ ကြိုးစားနေရတဲ့ ဗြိတိသျှရဲတပ်ဖွဲ့ရဲ့ မြှားဦးဟာ အကြောင်းတခုကြောင့် ကံမကောင်း အကြောင်းမလှရှာတဲ့ ဂျယ်ရီ့ဆီကို တန်းတန်းမတ်မတ်ကြီးလှည့်လာခဲ့ပါတယ်။ ဒါတင်မကသေးဘူး အိုင်ယာလန်နိုင်ငံသားဆိုတာနဲ့ မုန်းတီးနေတဲ့ ဗြိတိသျှစစ်ဆေးရေးမှူးဟာ ဂျယ်ရီတစ်ဦးတည်းသာမက ကွန်လန်မိသားစုရယ် ဂျယ်ရီ့အဒေါ် အန်နီမက်ဂွိုင်းယားမိသားစု ၇ ‌ယောက်ထဲက အသက် ၁၄နှစ်အရွယ် ကလေး‌ငယ်တွေပါမချန် ဂေလ်ဖို့ဒ်ဗုံးခွဲသူ IRA တွေလို့ စွပ်စွဲခေါင်းစဉ်တပ်ပြီး အဓိကတရားခံလေးဦးကို ထောင်ဒဏ် တသက်တကျွန်းနဲ့ ကျန်မိသားစု၀င်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အော်စကာ ၇ဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ဆု ၇ ခုလည်း ရရှိခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်းဟာ အင်မတန်အားကောင်းပြီး သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေးကို ပီပြင်တဲ့အပြင် အိုင်ယာလန် တော်လှန်ရေးအပြီး ၁၉၇၄ခုနစ်နောက်ပိုင်း ကာလ ၊ အကျဉ်းထောင်ထဲက ဘ၀နေထိုင်မှုပုံစံတွေ ၊ ဂျစ်ဆပ်ပီကွန်လန်နဲ့ ဂျယ်ရီကွန်လန်တို့ သားအဖနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေ သံယောဇဉ် အစရှိတာတွေကို ပြသချိန် ၂နာရီ ၁၅ မိနစ်အတွင်း စ လယ် ဆုံး စိတ်ခံစားချက်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ရိုက်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတာမလို့ သေချာပေါက် ကြည့်ရှုကြည့်ဖို့ အကြံပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:13:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

8.1 1993
In the Name of the Father
No Way Up

No Way Up (2024) လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။ သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Action, Horror, Thriller Quality…. 1080p | 720p File size… 1.3GB | 631MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2024
No Way Up
L.I.F.E.

အကသမဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်း အမ်မာနဲ့ ငွေဝင်သိပ်မရဘဲချို့ချို့တဲ့တဲ့နေရတဲ့ အကသမလေး ယင်ကာတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အမ်မာက ‌ပြည့်ပြည့်စုံစုံနေရပေမဲ့ အကသမဘဝကိုပဲ တပ်မက်နေတယ်။ တစ်ဖက်မှာလည်း ယင်ကာက အကသမဖြစ်နေပေမဲ့ ဝင်ငွေနည်းတာကြောင့် အလုပ်ပြောင်းဖို့စဉ်းစားနေတယ်။ တစ်နေ့မှာ သူတို့နစ်ယောက်လုံးလမ်းဘေးကအမေအိုကြီးနဲ့ တစ်လှည့်စီတွေ့ဆုံဖြစ်ခဲ့ကြပြီး သူတို့လိုချင်တဲ့ဘဝတွေအကြောင်းရင်ဖွင့်လိုက်ကြတယ်။ အဘွားအိုကြီးက သူတို့နှစ်ယောက်စလုံးကို ဆုတောင်းမမှားဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ အမ်မာနဲ့ယင်ကာတို့က ခန္ဓာကိုယ်ချင်းပြောင်းသွားကြပါတော့တယ်။ သူတို့နှစ်ယောက် ကိုယ့်ခန္ဓာကိုယ်ကိုပြန်ရဖို့ ဘယ်လိုတွေလုပ်ကြမလဲ အဲ့မတိုင်မှာရင်ဆိုင်ရမဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Sett Naing

Drama • Crime
0 2024
L.I.F.E.
Face to Face
7.6

ကိုးရီးယားဒရာမာတွေထက် ပိုရှုပ်ထွေးတဲ့ ဟာသ ဒရာမာဇာတ်လမ်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Face To Face ဖြစ်ပြီးဇာတ်ကားနာမည်အတိုင်း အထက်တန်းလွှာမိသားစုနှစ်ခုရဲ့မျက်နှာချင်းဆိုင် ဒရာမာအားပြိုင်မှုတွေကိုတ၀ကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်မှာအကြီးအကျယ်ရန်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီးသူတို့ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ လက်ရှိနေနေတဲ့အိမ်က နေတခြားအိမ်ကိုပြောင်းမှာကို မိန်းမဖြစ်သူက သဘော မတူရာကစတာပဲ ဖြစ်ပါတယ်။မိန်းမဖြစ်သူက လစာက အိမ်ငှားခ တစ်လစာတောင်မရှိတဲ့ ရတောင်မရသေးတဲ့ အလုပ်ကို ဒီအိမ်ကပြောင်းသွားရင် သွားရလာရမှာဝေးလို့ မပြောင်းချင်တာရယ် ယောက်ျားဖြစ်သူကလည်း အိမ်ငှားခတွေ စျေးကြီးလို့ ရှေ့လျှောက်မတတ်နိုင်တဲ့အတွက် ပြောင်းချင် နေတာပဲ ဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ရန်ဖြစ်ကြရင်းနဲ့ ကနေ အခြေအနေပိုဆိုးလာတဲ့အခါမှာတော့ အမေချစ်သမီးတို့ ထုံးစံအတိုင်း မိဘတွေကိုလှမ်းခေါ်တိုင်ပါတော့တယ်။ဒီလိုပဲ ယောက်ျားဖြစ်သူဖက်က မိဘတွေကလည်းသတင်းကြားတာနဲ့ အိမ်ကိုတန်းရောက်ချလာကြတော့တာပါပဲ။ဒီလိုနဲ့ လင်မယား နှစ်ယောက်တည်း ရန်ဖြစ်သောင်းကျန်းနေတဲ့အိမ်ကို နှစ်ဖက် မိဘစုံစုံလင်လင် ရောက်လာကြပါတော့တယ်။မိဘတွေ ရောက်လာလို့ ပြေလည်သွားမယ်တော့မထင်လိုက်ပါနဲ့။ လူကြီးတွေရဲ့ထုံးစံအတိုင်း ဟိုပြိုင်ဒီပြိုင်နဲ့ ရန်ပွဲသေးသေးလေး ကနေ ပိုပိုကြီးလာပြီး အဲ့ဒီ အိမ်ကနေပါ ပြန်ချင်တိုင်း ပြန်လို့မရတဲ့ အခြေအနေတွေဖြစ်လာတဲ့အခါမှာတော့ အဲ့ဒီ တစ်ညတာအတွင်း မိသားစုနှစ်ခုဘယ်လိုမျက်နှာချင်းဆိုင် ဘယ်လိုဒရာမာတွေခင်းပြီး ဖြတ်သန်းဖြေရှင်းကြမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.31GB / 659MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw lay

7.6 2023
Face to Face
4 Years, 2 Guys, 1 Love
5.4

4 Years, 2 Guys, 1 Love (2016) ဘဝမှာ တွေ့ဆုံမှုပေါင်းစုံရှိတယ်။ တစ်ချို့တွေ့ဆုံမှုတွေက အခိုက်အတန့်တစ်ခု , တစ်ချို့တွေ့ဆုံမှုတွေက ကြာရှည်သော , တစ်ချို့တွေ့ဆုံမှုတွေက သက်ဆုံးတိုင်။ တွေ့ဆုံမှုတိုင်းမှာ သူ့အကြောင်းတရားနဲ့ သူဖွဲ့စည်းထားတယ်။ ကမ္ဘာဟာ သူ့ဝင်ရိုးကို သူသွေဖီပြီး မသွားဘူးတဲ့။ ဒီလိုနဲ့ ဝင်ရိုးလိုအချစ်တွေဆီ ကမ္ဘာတွေ လည်ပြန်လာကြတယ်။ တစ်ခါတလေလည်း ဝေးကောင်းဝေးကြမှာပေါ့။ ဒါပေမဲ့ ကမ္ဘာလည်နေတာမို့ တစ်နေ့တော့ ဒီဆုံမှတ်ကို ငါတို့ပြန်ရောက်ကြမှာပဲ။ သာယာတဲ့နွေဦးဘယ်နှလီထိ ဝေးကြမလဲ။ ကမ္ဘာဟာ လည်နေတာမို့…. အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.32GB | 666MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Horror • Thriller • Comedy
5.4 2016
4 Years, 2 Guys, 1 Love
Kuman Thong Black Magic Baby
7.3

Black Magic Baby (2024) Original title: Kuman thong IMDb Rating (7.3) ကူမန်ထုံဆိုတဲ့ နာမည်ကိုကြားရင် ထဲထဲဝင်ဝင်မသိဘူးဆိုရင်တောင် အများစုကတော့ ကြားဖူးနေကျ ရင်းနှီးနေကျ နာမည်တစ်ခုဖြစ်မှာပါပဲ။ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ရိုးရာယုံကြည်မှုအစီအရင်တစ်ခုဖြစ်ပြီး အပေါ်ယံသဘောပြောရရင်တော့ ကလေးသရဲတွေကိုအစီအရင်တွေနဲ့အရုပ်ထဲထည့်ပိတ်ပြီး ကလေးတွေကိုဆက်ဆံသလို မုန့်ကျွေး၊အဝတ်ဆင်၊ ကစားစရာပေး၊ ကိုယ့်ဘက်က လိုရာဆုတောင်းကြတဲ့ပုံစံမျိုးပါ။ အဲ့ဒီဖြစ်စဉ်တွေကြောင့် မသမာမှုတွေ၊ရာဇဝတ်မှုတွေ၊အမှုအခင်းတွေဖြစ်ပေါ်လာတဲ့နောက် အာဏာပိုင်တွေကပါ နှိမ်နင်းရတဲ့အထိအုတ်အော်သောင်းတင်းဖြစ်ခဲ့တာပါ။ အခုချိန်မှာ တရားမဝင်ဖြစ်သွားပြီဖြစ်တဲ့အတွက် ကလေးအလောင်းအစစ်ကိုမသုံးတော့ပေမယ့် တစ်ခြားနည်းလမ်းတွေနဲ့တော့ ဆက်ပြီး တည်ရှိနေကြတုန်းပါပဲ။ ဒီဇာတ်ကားကလည်း အဲ့ဒီနာမည်ကျော် ကူမန်ထုံကိုအခြေခံတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဖိလစ်ပိုင်တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်တဲ့ ကလာရာဟာ သမီးဖြစ်သူကေတီနဲ့အတူ သူ့ခင်ပွန်းလောင်းဖြစ်လာမယ့် စိုင်းချွန်ဆိုတဲ့ကောင်လေးရဲ့မိခင်ဖြစ်သူနဲ့တွေ့ဖို့ ထိုင်းနိုင်ငံကိုထွက်လာခဲ့ပါတယ်။ ကလာရာဟာ မကြာသေးခင်က သားငယ်ဖြစ်သူကို မတော်တဆမှုနဲ့ဆုံးရှုံးထားရတဲ့အတွက် အခုချိန်ထိ သောကတွေဖိစီးနေဆဲဖြစ်ပြီး သူလာရောက်တွေ့ဆုံတဲ့ယောက္ခမ‌လောင်းကြီးကလည်း သူ့ကိုအခုတစ်မျိုးတော်ကြာတစ်မျိုးဆက်ဆံတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်။ တစ်နေ့မှာတော့ လမ်းမှာတွေ့တဲ့ စိတ္တဇဝေဒနာသည်အဘွားကြီးတစ်ယောက်ရဲ့တိုက်တွန်းမှုနဲ့အမှန်အမှားမခွဲခြားနိုင်တဲ့ ကလာရာဟာ သူ့သားရဲ့အရိုးပြာတွေနဲ့ ကူမန်ထုံအရုပ်ကိုစီရင်မိခဲ့ပြီး အဲ့ဒီအရုပ်အိမ်ကိုစရောက်တဲ့ညကစလို့ အစကတည်းက မငြိမ်းချမ်းတဲ့ သူတို့အိမ်မှာ အခြောက်အလှန့်တွေ ပြဿနာတွေတောက်လျှောက်ဆက်လာပါတော့တယ်။ Vivamax ရဲ့မိခင် ကုမ္ပဏီကြီးဖြစ်တဲ့ Viva Film ကထုတ်တဲ့ကားဖြစ်ပြီး Iskandalo (2022)၊ Nerisa ဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်းနှီးကြတဲ့Cindy Miranda နဲ့ ‌ထိုင်းမင်းသား Max Nattapol Diloknawarit (Bad Romance၊ Together with Me) တို့ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.3 GB) / (600 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:43:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.3 2024
Kuman Thong Black Magic Baby
New Gods: Nezha Reborn
6.8

ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ နီကျား ဒီခေါတ်မှာ လူပြန်ဝင်စားတဲ့ကားလေးပါ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က နီကျားဟာ အရှေ့ပင်လယ်နဂါးမင်းရဲ့ တတိယသားကို သတ်ခဲ့ပြီး သူ့ရဲ့ဝိညာဉ်ဟာလူ့ပြည်ကို လွတ်မြောက်လာခဲ့တာပါ အခုခေါတ်အချိန်ခါမှာ နီကျားဟာ ပို့ဆောင်ရေးလုပ်နေတဲ့ ဆိုင်ကယ်ပြိုင်ပွဲဝါသနာအိုး လူငယ် လီယွင်ရှန်းအနေနဲ့ လူပြန်ဝင်စားခဲ့ပါတယ် ရန်သူဟောင်း အရှေ့ပင်လယ် နဂါးမင်းနဲ့ သူ့သားကို ပြန်တွေ့ရတဲ့အခါမှာ သူချစ်ရသူတွေကို ကာကွယ်ဖို့အတွက် သူ့စွမ်းအားတွေကိုပြန်ရှာရဖို့ဖြစ်လာပါတော့တယ် အဲ့နောက်မှာတော့ နီကျားအနေနဲ့ ဘယ်လိုကံကြမ္မာတွေကို ရင်ဆိုင်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်

6.8 2021 116 mins
New Gods: Nezha Reborn
Meet The Robinsons
6.9

Time Travelနဲ့ ပတ်သက်တဲ့ ရုပ်ရှင်‌တွေ၊ ဇာတ်လမ်းတွဲတွေ ရေပန်းမစားခင်ကတည်းက Walt Disneyမှာ ဒီ topicနဲ့ပတ်သက်တဲ့ animation ကားတစ်ခု ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားကို ငယ်စဉ်က ကြည့်ဖူးခဲ့တဲ့သူ‌‌တွေ ရှိသလို သိပ်မရင်းနှီးတဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမဲ့ ဒီကားဟာDisneyရဲ့ animation ဇာတ်ကားတွေထဲမှာ အတော်လေး Underrated ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်လမ်းအကြောင်းကို ပြောရရင် မွေးကင်းစအရွယ်မှာ ကတည်းက မိခင်ရင်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ လူးဝစ်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ္ပံကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူက သူရူးသွပ်တဲ့ သိပ္ပံပညာရပ်နဲ့ တီထွင်မှုတွေမျိုးစုံလုပ်ခဲ့ပြီး သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ မိခင်ကို ပြန်တွေ့နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့တာပါ။ သူ့ရဲ့ရူးသွပ်မှု‌တွေ ဖန်တီးမှုတွေရဲ့ ဒဏ်ကိုအများဆုံးခံခဲ့ရတာက သူ့ရဲ့အခန်းဖော်လေးဖြစ်တဲ့ ဂုဘ်ဆိုတဲ့ကောင်လေးပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူးဝစ်တစ်ယောက် မှတ်ဉာဏ်ဖတ်စက်ဆိုတဲ့ စက်လေးကို တီထွင်နိုင်ခဲ့ပါတယ်။ သူ့အကြံကတော့ အဲဒီစက်က‌‌တဆင့် သူ့အမေကို ပြန်တွေ့နိုင်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒီလိုနဲ့ပဲသူ့ရဲ့စက်ကို ကျောင်းသိပ္ပံပြပွဲကို ယူသွားပြီး စမ်းသပ်တဲ့ အချိန် မအောင်မြင်ခဲ့တာကြောင့် လူးဝစ်လည်း အရမ်းကို စိတ်ဓါတ်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန် ဝေလ်ဘာ ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာပြီး သူ့ကိုယ်သူ အနာဂတ်ကလာတာ ဖြစ်ကြောင်း၊ လူးဝစ်ကိုဒုက္ခပေးဖို့ ဦးထုပ်အမည်းရောင်နဲ့ လူတစ်ယောက် အနာဂတ်ကနေ အခုအချိန်ကို ရောက်လာတဲ့အကြောင်း ပြောပါတော့တယ်။ ဝေလ်ဘာဆိုတဲ့ ကောင်လေးက တကယ်ပဲ အနာဂတ်ကနေ ရောက်လာတာလား၊ ဦးထုပ်အနက်ရောင်နဲ့လူက ဘယ်သူလဲ ဘာကြောင့် လူးဝစ်ကိုဒုက္ခပေးချင်ရတာလဲ၊ သူတို့ကြားက ပတ်သက်မှုတွေက ဘာလဲ၊ လူးဝစ်ကရော သူဖြစ်ချင်သလို သူ့မိခင်အရင်းနဲ့ပြန်တွေ့ပြီး သူလိုချင်တဲ့ မိသားစုဘဝကို ပြန်ရနိုင်မလားဆိုတာ ကြည့်ရှုရမယ့် စိတ်ကူးယဉ်စွန့်စားခန်း animation ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size… 2.1 GB, 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

6.9 2007 95 mins
Meet The Robinsons