YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) 50.First Dates.2004.1080p.BluRay.REMUX.HEVC-Naung.mkv

2.84 GB 1080p video/x-matroska 174 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
21 & Over
5.8

ဒီဇာတ်ကားလေးကတော့ 2014 GAFCA မှာ Breakthrough award အနေနဲ့ nominee ဝင်ထားပြီး 2013 ခုနှစ်မှာ Palm Springs International Flim Festival မှာလဲ ဆုရခဲ့ပါတယ် ဇာတ်ကားရဲ့ Genre က Comedy ဆိုတဲ့အတိုင်း တစ်ကားလုံး အသေရယ်ရပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ Jeff Chang ဆိုတဲ့ကောင်လေးရဲ့ ၂၁ နှစ်ပြည့်မွေးနေ့ကို surprise လုပ်ပေးဖို့အတွက် သူ့သူငယ်ချင်း Casey နဲ့ Miller က ရောက်လာခဲ့တယ် ဒါပေမဲ့ Jeff Chang က မနက်ဖြန်မနက် ၇ နာရီဆေးကျောင်းဝင်ခွင့် အင်တာဗျူး ရှိတဲ့အတွက် သူတို့နဲ့ လျှောက်လည်လို့မရတာကို အတင်းခေါ် ထုတ်ပြီး ဘယ်လိုအလွဲတွေ ဖြစ်မလဲ ဘယ်လိုတောင်အသေရယ်ရမလဲ ဆိုတာကို ဆက်လက်ကြည့်ရှူပေးကြပါဦးနော်.. (အညွှန်းနဲ့ ဘာသာပြန်တာကတော့ Duckkie ပဲဖြစ်ပါတယ်) File size…1.18GB / 538MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie

5.8 2013 93 mins
21 & Over
Slash/Back
5.8

ကလေးအုပ်စုတစ်သိုက်ကို အခြေတည်ပြီးရိုက်ကူးထားတဲ့ရုပ်ရှင်တွေ ပရိတ်သတ်ကြီးတို့ကြည့်ဖူးကြမှာပါ....stranger things တို့ဘာတို့ပေါ့။ ဒီတစ်ခေါက်ကလေးအုပ်စုကတော့ ယောကျ်ားလေးမပါဘဲ မိန်းကလေး တွေချည်း အစွမ်းပြထားတဲ့ရုပ်ရှင်ပါ။ ကဲစိန်တို့ ဂျက်မတို့ပေါ့ဗျာ။ ဖိုက်ရ တာကတော့ လူ့ခန္ဓာ၊ တိရစ္ဆာန်ခန္ဓာကို ကပ်ပါးလုပ်နေတဲ့ ဖုတ်လိုလို ဖွတ် လိုလိုတုတ်ပြားသံကောင်တွေနဲ့ပါ။ မိန်းကလေးချည်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကျားကျားယားယား မိန်းမသားအဖွဲ့က သေနတ်ပစ်တတ်တဲ့သူနဲ့ လက်ရဲဇက်ရဲရှိတဲ့သူနဲ့ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပါပဲ။  သူတို့နေတဲ့ရွာလေးက တောခေါင်သလိုဖြစ်နေလို့ မမတို့အဖွဲ့က သိပ်မကျေနပ်ကြပါဘူး။ တစ်နေ့ကျ လှေခိုးမောင်းပြီး အကဲလွန် ရာကနေ ဝက်ဝံတစ်ကောင်‌နဲ့တွေ့ပြီး တစ်အုပ်စုလုံး မသာပေါ်တော့မလို့ပါ။ သူတို့နဲ့မတော်တဆတွေ့မိတဲ့ ဝက်ဝံကနေ သူတို့ရွာလေးကို ဘယ်လိုအန္တရာယ် တွေကျရောက်လာမလဲ။ ကျားကျားယားယားမိန်းမသားမမလေးတို့အဖွဲ့က ဘယ်လိုပြန်ဆော်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Ngwe Zin, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(1.43 GB) / (600 MB) / (342 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Horror, Sci-Fi Translator.......Ngwe Zin, Khant Sett Naing Encoder..........SWM

Comedy • Drama • Romance
5.8 2022 87 mins
Slash/Back
21 Bridges
6.8

ရဲအရာရှိ အန်ဒရေးက လူဆိုးတွေကို တွေ့မဆိုင်း သတ်တဲ့အတွက် အမှုစစ်ခံနေရတာပါ။ တစ်ညမှာတော့ ရဲ ၇ ယောက်ကို လူ ၂ ယောက်က သတ်သွားတဲ့အမှုကို လိုက်စုံစမ်းရပါတော့တယ်။ သူတို့ဆီမှာ ကိုကင်း ၃၀၀ ကီး(ကီလိုဂရမ်) လည်းပါသွားပါတယ်။ ဒါပေမယ့် သူတို့ထွက်မပြေးနိုင်အောင် မန်ဟက်တန် တစ်မြို့လုံးကို ပိတ်ဆို့ထားရပါတော့တယ်။ ဒါက ဇာတ်လမ်းရဲ့အသက်ပါ။ မြို့မှာရှိတဲ့ တံတား ၂၁ စင်းကို ပိတ်ဆို့ပြီး ဖမ်းဆီးရတာပါ။ ဒါပေမယ့် အစိုးရနဲ့ ရဲဌာနကြားက အဖုအထစ်လေးတွေကြောင့် အန်ဒရေးတစ်ယောက် မန်က ၅ နာရီအထိပဲ အချိန်ရပါတယ်။ မနက် ၅ နာရီ မတိုင်ခင် လူဆိုးတွေကို မိမလား မမိဘူးလား ဆိုတာကို စောင့်ကြည့်ရမှာပါ..... ဒီအမှုကရော ရိုးရှင်းရဲ့လား ဆိုတာတော့ ..... စုံထောက်အက်ရှင်ကား ကောင်းးကောင်း ကြည့်ချင်သူများအတွက် သဘောတွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ File Size : ( 929 MB , 260 MB ) Quality : WEB-DL 720p Running Time : 1 hr 39 min Format : Mp4 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Underdog Operation Encoded by Moe Myint Lwin

Action & Adventure • Crime • Drama • Mystery
6.8 2019 99 mins
21 Bridges
Ang Pambansang Third Wheel
6.7

Ang Pambansang Third Wheel (2018) ~ IMDb Rating – 6.7/10 ~ ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ထရီနာကရော သူ့ကိုပြန်ချစ်ပါ့မလား ဆိုတဲ့မေးခွန်းတွေကိုတော့ ဒီကားလေးကိုကြည့်ရှုရင်းနဲ့ ဇာတ်ဝင်ခန်းလေးတွေက အဖြေပေးသွားပါလိမ့်မယ်လို့ ညွှန်းခဲ့ပါရစေခင်ဗျား… (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.01GB, 1GB, 600MB Quality – 1080p, 720p, 480p Format – mp4 Duration – 1H 37Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Action • Adventure • Fantasy
6.7 2018
Ang Pambansang Third Wheel
Compliance

၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှာ ဖြစ်ပွားခဲ့‌တဲ့အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အသင့်စား စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်သူ ဆန်ဒရာဟာ ရဲအရာရှိဟန်ဆောင်ထားတဲ့ သူတစ်ယောက်ရဲ့ ဖုန်းကိုလက်ခံရရှိကာ ထိုသူခိုင်းတဲ့အတိုင်း ဆိုင်ဝန်ထမ်း ဘက်ကီကို သံသယရှိသူအနေနဲ့စစ်ဆေးခြင်းကိုဆောင်ရွက်ပါတော့တယ်။ ဆန်ဒရာကဆိုင်ရဲ့အလုပ်ကိစ္စတွေဖြေရှင်းဖို့လိုလာတဲ့အခါ အခြားသူတွေကို သူ့နေရာမှာ လူစားထိုးကာ ဘက်ကီကိုစောင့်ကြည့်ခိုင်းပါတော့တယ်။တဖြည်းဖြည်းနဲ့ အရာရှိယောင်ဆောင်သူရဲ့ ခိုင်းစေချက်တွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဖြစ်လာသောအခါ ဒီလိုကျူးလွန်မှုမျိုးတွေက တစ်နေရာမကဖြစ်နေသောအခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် File size…(1.2 GB)/(600MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2012
Compliance
Entergalactic
7.3

Entergalactic (2022) ~ IMDb – 7.3/10, Rotten Tomatoes – 97% ~ “အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး” လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ ဒီမှာတော့ Street Art ဆွဲတဲ့ ဂျဘာရီတစ်ယောက် သူ့ရဲ့ဇာတ်ကောင်ကို ရုပ်ပြအဖြစ်ပြောင်းလဲဖို့ Cosmic ရုပ်ပြမှာ အလုပ်ရပြီး အိမ်ပြောင်းလာရတာကနေစတယ်။ သူလမ်းမပေါ်မှာဆွဲနေတဲ့ မစ္စတာရေဂျာ ဆိုတဲ့ဇာတ်ကောင်က Kid Cudi ရဲ့ Mr. Rager သီချင်းကို ရည်စူးထားတယ်။ သူ့ရဲ့အဓိပ္ပါယ်က ဒုံရင်းဘဝမှာပျင်းလာလို့ စွန့်စားခန်းအသစ်တွေထွက်ချင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ဒါက Kid Cudi အနေနဲ့ သူ့ကိုယ်သူ ပြန်ထင်ဟပ်ဖို့ ကြိုးစားခဲ့တယ်လို့ယူဆနိုင်တယ်။ ဒါကြောင့်လည်း ဒီလိုရုပ်ရှင်နဲ့အလ်ဘမ် တွဲထုတ်ခဲ့တာပဲ။ ဒီလိုနဲ့ ဂျဘာရီပြောင်းလာတဲ့ အိမ်အသစ်မှာ အိမ်နီးချင်းဖြစ်တဲ့ ဓာတ်ပုံဆရာမ မဲဒိုး နဲ့ တွေ့ပြီး အချစ်သစ်ကိုစဖို့ အကြောင်းဖန်လာတယ်။ သူတို့ချင်းက အချစ်လို့ပြောလို့လည်းမရပြန်ဘူး။ အစပိုင်းကတော့ Situationship သဘောမျိုးပေါ့။ အဲဒါကို Chapter ၆ ခုနဲ့ တခုချင်းဆွဲသွားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံကတော့ အတော်ကောင်းတယ်လို့ပြောနိုင်တယ်။ ဒီ TV Special ကို Kid Cudi ရဲ့ Entergalactic Album ရဲ့ Visual Companion Piece အနေနဲ့ထုတ်ခဲ့တယ်။ Visual Album ဆိုတာကတော့ သီချင်းအလ်ဘမ်ကို တွဲဖက်ရုပ်ရှင်အနေနဲ့ ပိတ်ကားပေါ် ‌တင်ဆွဲလိုက်တာမျိုးပေါ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်ကွက်အများစုကို Entergalactic အလ်ဘမ်ရဲ့ “She’s Looking For Me”, “Somewhere to Fly”, “Can’t Shake Her” နဲ့ “Do What I Want” သီချင်းတွေကို အဓိက မှီငြမ်းထားတယ်။ Music Video တွေတပုဒ်ချင်းထုတ်မယ့်အစား အလ်ဘမ်တစ်ခုလုံးစာကို ရုပ်ရှင်ထဲ ပစ်ထည့်လိုက်တဲ့သဘော။ ဒါကြောင့် သုံးထားတဲ့သီချင်းတွေ၊ Visual တွေက ကြည့်ရတာသိပ်အရသာရှိလွန်းတယ်။ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို Kid Cudi သီချင်းတွေနဲ့ အလှဆင်ထားတာပဲ။ Album ထဲက သီချင်းတွေကိုလည်း သူ့အနေနဲ့‌မဟုတ်ဘဲ သူ့စိတ်ကူးထဲကဇာတ်ကောင်၊ သူ့စိတ်ကူးထဲကအချစ်၊ သူ့စိတ်ကူးထဲက စကြဝဠာကို ပုံဖော်တဲ့အနေနဲ့ ရေးခဲ့တယ်။ အလ်ဘမ်ထဲက အချစ်သီချင်းတွေတင်မကဘူး၊ ဒီ ရုပ်ရှင်ကပါ Kid Cudi ရဲ့ စိတ်ကူးထဲက အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်လို့သူပြောတယ်။ သူကိုယ်တိုင် ဇာတ်လမ်းရေးသလို အဓိကဇာတ်ကောင် ဂျဘာရီနေရာမှာလည်း သူ့အသံနဲ့သရုပ်ဆောင်ထားတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Jessica Williams, Thimothée Chalamet, Ty Dolla Sign အပြင် တခြားသရုပ်ဆောင်တွေပါဝင်ထားတယ်။ ထူးခြားချက်အနေနဲ့ အသံသရုပ်ဆောင်တဲ့လူတွေနဲ့ ဇာတ်ကောင်တွေရဲ့ပုံစံကို ခပ်ဆင်ဆင် ဖန်တီးထားတယ်။ Animation အရဆိုရင် Spider-Verse နဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Spider-Verse ထက်ပိုပြီး Comic ဆန်တယ်။ ကြည့်ရတာကော၊ နောက်ခံသီချင်းနားထောင်ရတာတွေကပါ ဇာတ်လမ်းအသွားနဲ့ အံဝင်ပြီး ပြီးသွားတာမြန်လိုက်တာလို့တောင်ထင်ရက်နိုင်စရာပါ။ ဇာတ်ကောင်တွေရဲ့ အဝတ်အစားကိုတော့ Virgil Abloh က သူ မကွယ်လွန်ခင်မှာ ဒီဇိုင်းဆွဲပေးသွားခဲ့တယ်။ အဲဒါကြောင့် အလ်ဘမ်နဲ့ ဒီရုပ်ရှင်ကို Kid Cudi က သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Virgil Abloh ကိုရည်စူးပြီး Virgil မွေးနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ခဲ့တယ်လို့ဆိုတယ်။ Dialogue တွေကလည်း အားရဖို့ကောင်းတယ်။ ရယ်စရာတွေ၊ ငိုစရာတွေ၊ တွေးစရာတွေ၊ မေ့နေတဲ့အချက်တွေကို ဘေးကနေဘော်ဒါတစ်ယောက်က ထိုင်အကြံပေးနေသလို ခံစားရလိမ့်မယ်။ အသုံးအနှုန်းကြမ်းနဲ့ ဝတ်လစ်စလစ်ပြကွက်တွေပါတာကြောင့် အသက်မပြည့်သေးတဲ့သူတွေအနေနဲ့တော့ မကြည့်သင့်ဘူး။ လူငယ်အထာဆိုတော့ လူငယ်စကားတွေပြောရင်း လူငယ်ကိစ္စတွေလုပ်ကြတာပေါ့။ လမ်းသရဲ ‌ဒေါင်းတောင်းပက်ရဲ့စကားအရဆိုရင်တော့… “အချစ်ဆိုတာ မြေနိုးကြီးပဲ ငါ့ကောင်တို့ရ ဒါပေမဲ့ အချစ်က ငါတို့ကိုကယ်တင်မယ့် တစ်ခုတည်းသောအရာပဲ” (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 855MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Animation, Comedy, Music Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Thriller • Mystery
7.3 2022 93 mins
Entergalactic
The Family Star
5.6

The Family Star (2024) ( ချစ်ခြင်းဖြင့်မုန်းစေ) အသစ်စက်စက် ထွက်ရှိလာပြီး IMDb 5.5/10 ရရှိထားပြီး မင်းသားဗီဂျေးအငယ်နဲ့အတူ အကြည့်တွေစူးရှလှပတဲ့မင်းသမီးလေးမရူနာထာကူးရ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာဆိုရင်တော့ ဂိုဗာဒါဟာ ပါလေရာပါတဲ့ ပွကြီးပါ။ အမေ၊ အစ်ကိုတွေ၊ မရီးတွေရဲ့ အရေးမှန်သမျှကို ခေါင်းပေါ်တင်ထားရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါပဲ။ ကိုယ့်အတွက် အိမ်ထောင်ရေးဆိုတာကို မစဉ်းစားနိုင်လောက်အောင် အလုပ်တွေလုပ်၊ အိမ်မှာ လောက်ငှပြည့်စုံဖို့အရေး ငွေကို တစ်ပြားက နှစ်ပြားခွာတဲ့ လူပျိုကြီးပါပေါ့။ အင်ဒူကတော့ ချမ်းသာတဲ့သူဌေးမလေးဖြစ်ပြီး ဂိုဗာဒါနဲ့ အိမ်အငှားကိစ္စတစ်ခုကတဆင့်သိပြီး ကြိုက်သွားကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက နှစ်ယောက်ကြားဝင်လာတဲ့အခါမှာတော့ အချင်းချင်းအထင်တွေလွဲမုန်းတီးပြီး ကလဲ့စားချေမယ်တွေပါ ဖြစ်ကုန်တော့တာပါပဲ။ ချစ်ခြင်းနဲ့မုန်းတဲ့အမုန်းတရားမှာ ဘာကအနိုင်ရသွားမလဲ။ သူတို့ကြားက နားလည်မှုတွေလွဲခဲ့ရတဲ့ ဖြစ်ရပ်ကရောဘာဖြစ်မလဲ။ ဂိုဗာဒါတစ်ယောက် အိမ်တွင်းရေးအရှုပ်တော်ပုံတွေကနေရော ရုန်းထွက်နိုင်သွားမလား….။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစိပါတယ်ရှင်။

Comedy
5.6 2024
The Family Star
Gold Brick
6.2

Money Heist လို Plot twist တွေနဲ့ သူခိုးဇာတ်လမ်းကြိုက်တဲ့ပရိသတ်တွေအတွက် အလွမ်းပြေ ပြင်သစ် သူခိုးရုပ်ရှင်လေးတစ်ကားလာပါပြီ။ ဆွယ်ဗျားဆိုတဲ့ လူငယ်လေးတွယောက်ဟာ ရှားထရက်မြို့ သာမာန် လူလတ်တန်းစားမိဘနှစ်ဦးကနေ မွေးဖွားကြီးပြင်းလာသူပါ။ သူ့မှာ စကန်နီးရားလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့နေတဲ့မြို့မှာ ဘိုးရစ်နှင့်သားများလို့ ခေါ်တဲ့ ရေမွှေးထုတ်ပိုးဖြန့်ချီရေးကုမ္ပဏီတစ်ခုက တစ်မြို့လုံးရဲ့ အလုပ်အခွင့်အလမ်းတွေကိုအုပ်စိုးထားပြီး ဘယ်လောက်ပင်ပညာတတ်ဖြစ် ​ေနပါစေ အဆုံးသတ်မှာတော့ ဒီစက်ရုံမှာပဲအလုပ်ဝင်ကြရပါတယ်။ ဆွယ်ဗျားနဲ့ စကန်နီးရားတို့ဟာ အဲ့လိုမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့​ေပမယ့် အဆုံးမှာတော့အများနည်းတူ ဘိုးရစ်စက်ရုံမှာပဲ အလုပ်ဝင်ခံရပါတယ်။ သူတို့အလုပ်ဝင်ပြီးမကြာခင်မှာပဲ ဖခင်ဖြစ်သူဘိုးရစ် သေဆုံးသွားခဲ့ပြီး ဘိုးရစ်ဂျူနီယာက ကုမ္ပဏီကိုအမွေဆက်ခံခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆွယ်ဗျားတစ်ယောက် အလုပ်ကနေ အပိုဝင်ငွေရမယ့် နည်းလမ်းတစ်ခုကိုရှာတွေ့သွားတဲ့နောက် သာမာန် စက်ရုံအလုပ်သမားဘဝကနေ သူဌေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုနည်းတွေ၊ အခကါအခဲတွေကို ရုန်းကန်ကြိုးစားကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး ပြင်သစ်စကားပြောရုပ်ရဗင်ဖြစ်တဲအတွက် Money Heist လို ခပ်ဆင်ဆင် Vibe မျိုးရမှာဖြစ်ပေမယ့် ဇာတ်လမ်းက Twisty ဖြစ်ပြီး အေးအေးငြိမ့်ငြိမ့်လေးမို့လို့ မတူညီတဲ့ ရသတစ်မျိုးပေးစွမ်းပါတယ် T Hmue မှ အညွှန်းရေးသားပြီး ဘာသာပြန်သည် File size…(1.5 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6.2 2023
Gold Brick
[18+] Pukpok

Pukpok (2024) ဂျန်နီလင်းက ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ညီအစ်ကိုနှစ်ဦးရဲ့အတွင်းရေးမှူးဖြစ်ပြီး အပြုံးချိုချို၊ အလှအပ၊ဆွဲဆောင်အားတွေကို အသုံးချပြီးဘ၀တူဝန်ထမ်းတွေကို လိုရာအသုံးချတတ်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ပရိယာယ်တွေအောင်မြင်လာတာနဲ့အမျှ လောဘတွေတစ်ဆင့်တက်လာပြီး အလုပ်ရှင်ညီအစ်ကိုနှစ်ယောက်ကိုပါ နဖားကြိုးထိုးဖို့ကြံရွယ်လာချိန်မှာတော့ သူမျှော်မှန်းတဲ့ပန်းတိုင်ကိုရောက်နိုင်ပါ့မလား၊ လမ်းခုလတ်ကပဲ ခွေးကျဝက်ကျ ကျဆုံးမှာလားဆိုတာ ဆက်လက်ရှုစားကြပါ။ ဂျန်နီလင်းအဖြစ် Allison Smith ဆိုတဲ့အသစ်ကလေးတစ်ယောက်ကို မိတ်ဆက်ပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(550 MB) / (310 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:01:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama
0 2024 60 mins
[18+] Pukpok
Untamed Heart
6.8

Untamed Heart (1993) IMDb Rating (6.8) Spider-Man ရဲ့ ခပ်ဟော့ဟော့ Aunt May အဖြစ် လူသိများတဲ့ မင်းသမီး Marisa Tomei တယောက် ငယ်ငယ်ကတည်းက ဘယ်လောက်ထိလန်းပြီး ချစ်ဖို့ကောင်းတယ်ဆိုတာ ဒီကားမှာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ…မင်းသားကြီး Christian Slater နဲ့တွဲဖက်ထားပြီး တကယ်ကိုမိုက်တဲ့ အချစ်ဇာတ်ကားလေးပါပဲ။ “ချစ်တယ်ဆိုတာ ဦးနှောက်နဲ့ စိတ်ဝိညာဉ်ကိုသုံးပြီး ချစ်ရတာပါ၊ တကယ်နှလုံးသားနဲ့ ချစ်ရတာမဟုတ်ဘူး၊ အဲ့တာယုံတမ်းစကား သပ်သပ်ပဲ” “ဒါဆို မင်းမရှိရင် ဘာလို့ အဲ့နေရာက အရမ်းနာကျင်ရတာလဲ” – အရိုင်းဆန်သောနှလုံးသား (1993) ကယ်ရိုလိုင်းက စားသောက်ဆိုင်မှာ ညနက်တဲ့အထိ အချိန်ပိုင်း စားပွဲထိုးရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး အချစ်ရေးလည်း ကံခေသူလေးပါ။ အက်ဒမ်ကတော့ ငယ်ငယ်လေးကတည်းက မိဘတွေမရှိကြတော့လို့ မိဘမဲ့ဂေဟာမှာပဲ ကြီးပျင်းခဲ့ရသူပေါ့။ ဒါ့အပြင် ကျန်းမာရေးလည်းချူချာတာမို့ ဂေဟာမှာရှိတဲ့ သီလရှင်တွေက ခက်ခက်ခဲခဲ စောင့်ရှောက်ခဲ့ကြရတာပါ။ ဒီလိုနဲ့ သူလည်း အသက်ကြီးလာတဲ့အခါ ကယ်ရိုလိုင်း စားပွဲထိုးလုပ်တဲ့ဆိုင်မှာ အလုပ်ဝင်လုပ်ရင်း ၂ယောက်သား ဆုံမိပါတော့တယ်။ သွက်လက်ပေမယ့် အချစ်ရေးကံခေသူ ကယ်ရိုလိုင်းနဲ့ အေးစက်ပြီး လူတွေနဲ့စကားမပြောတတ်သူ အက်ဒမ်တို့ အလုပ်မှာရင်းနှီးလာကြပါတယ်။ တစ်ညမှာ ကယ်ရိုလိုင်းအိမ်ပြန်ချိန် လိုက်နှောင့်ယှက်တဲ့လူတွေရန်ကနေ ကာကွယ်ပေးခဲ့တာကြောင့်လည်း သူတို့၂ဦး ပိုမိုနီးကပ်လာပြန်ပါတယ်။ ဒီလိုနဲ့ သူတို့ ၂ယောက်ကြား ဘယ်လိုပတ်သတ်မှုတွေထပ်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ။ romanceကားကောင်းကောင်း ကြည့်ချင်နေသူတွေအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပါပဲဗျ။ မင်းသမီး Marisa Tomeiရဲ့ ငယ်ရွယ်ချိန်က အလှအပတွေကိုလည်း တစ်ဝကြီးမြင်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Spencer Potato မှ တင်ဆက်ထားပါတယ်။)

6.8 1993 102 mins
Untamed Heart
Dunston Checks In
5.4

Dunston Checks In (1996) IMDB : 5.4 Rotten Tomatoes: 17% Genre :Family/Comedy Dunston Checks In (1996) ကတော့ ဘဝအမောကိုခဏလောက်ပြေပျောက်သွားစေမယ့် ဟာသဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဟာသဇာတ်မြူးလေးမလို့ မိသားစုနှင့်ဖြစ်စေ တစ်ဦးတည်းဖြစ်စေ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း ရော်ဘတ်ဆိုတာကတော့ Majestic ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲ့ မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိပြီး အဆိုပါဟိုတယ်ထဲမှာပဲ အတူတူနေထိုင်ကြတာဖြစ်ပါတယ်။ သားနှစ်ယောက်ကလည်း အတော်မွှေတယ်ဆိုပါတော့။ La Monde ခရီးသွားအဖွဲ့အစည်းကနေပြီး ကိုယ်စားလှယ်တစ်ယောက် လျှို့ဝှက်စေလွှတ်ကာ ကြယ်ငါးပွင့်ဟိုတယ်တိုင်းကို ကြယ် ၆ ပွင့် တိုးပေးမယ်ဆိုပြီး ဟိုတယ်ပိုင်ရှင်က မန်နေဂျာ ရော်ဘတ်ကိုပြောခဲ့ပါတယ်။ ဖြစ်ချင်တော့တစ်ရက်မှာ မျောက်တစ်ကောင်နဲ့ လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မျောက်ကိုခိုင်းပြီး လက်ဝတ်လက်စားတွေခိုးယူဖို့ဖြစ်ပါတယ်။ သူဟာမျောက်ကိုလူမသိအောင်ခိုးသယ်လာခဲ့ပေမယ့် သတိထားမိသူတစ်ယောက်ရှိနေခဲ့ပါတယ်။ အဲဒါကတော့ ရော်ဘတ်ရဲ့ သားအငယ်ကောင်ဖြစ်ပါတယ်။ ဒီလိုနဲ့ La Monde က ကိုယ်စားလှယ်ရောက်လာချိန်မှာ မျောက်ကလည်း ဟိုတယ်ထဲပတ်မွှေနေပါပြီ။ ဘယ်လိုအလွဲတွေဖြစ်မလည်းဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။ File size… 3.7 GB / 1.3 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Family / Comdey Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

5.4 1900 88 mins
Dunston Checks In
Children Who Chase Lost Voices
7.1

Children Who Chase Lost Voices (2011) ————————————————– IMDb – 7.1/10, MyAnimeList – 7.5/10 Anime လောကမှာ ဆြာတစ်ပါးဖြစ်တဲ့ Makoto Shinkai ကို နာမည်မကြားဘူးရင်တောင် Your Name တို့ Weathering With You တို့ကို သိကြလိမ့်မယ် ထင်ပါတယ်။ အခုရုပ်ရှင်လေးက ဒီဆရာသမားရဲ့ 2011 ထွက် ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ဇာတ်ညွန်း ရိုက်ချက် နောက်ခံတေးဂီတတွေ ပြောစရာမလိုအောင်ကောင်းမယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Asuna ဆိုတဲ့ကျောင်းသူ‌လေးကစာတော်တဲ့ စာဂျပိုး‌ ကလေးမလေးပါ။ အဖေဖြစ်သူကဆုံးပါးသွားပြီး အမေဖြစ်သူက သူနာပြုအလုပ်တစ်ဖက်နဲ့ Asuna ကိုအချိန်မပေးနိုင်ပါဘူး။ ဒီတော့ Asuna ဟာ ညနေဆိုရင် Mimi ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တောင်ကုန်းတစ်ခုပေါ်တက်ပြီး အဖေလက်ဆောင်ပေးခဲ့တဲ့ အသံလှိုင်းဖမ်းရေဒီယိုလေးနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူမတစ်ခါမှမကြားဖူး‌ပေမဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တဲ့ သံစဉ်တစ်ခုကိုကြားလိုက်ရပြီး အဲဒီအကြောင်းပဲ တွေးနေမိတယ်။ နောက်ရက်မှာတော့ Asuna တို့မြို့ထဲမှာ ဝက်ဝံလိုအကောင်ကြီးလွတ်နေတယ်ဆိုပြီး သတင်းတွေပျံ့နေပါတော့တယ်။ ဒါကြောင့် ညနေကျောင်းဆင်းချိန်မှာပဲ Asuna နဲ့ အဲဒီအကောင်ကြီး ထိပ်တိုက်တွေ့တဲ့အချိန် Shun လို့ခေါ်တဲ့ကောင်လေးက ကယ်တင်ပေးလိုက်ပြီး နှစ်ဦးသား ရင်းနှီးသွားကြပါတယ်။ နောက်တစ်ရက်မှာတော့ ချိန်းထားပေမဲ့ကောင်လေးကပေါ်မလာပါဘူး။ Asuna ကျောင်းဆင်းချိန်ရောက်တော့ Shun သေသွားပြီဆိုတဲ့သတင်းကြားလိုက်ရပါတယ်။ Asuna ရဲ့ကျောင်းမှာလဲအစားထိုးဆရာတစ်ယောက်ရောက်လာပြီး မြေအောက်ကမ္ဘာအကြောင်းကို သင်ခန်းစာထဲထည့်သင်သွားတဲ့အချိန် Asuna မှာ နားလည်ရခက်တဲ့ ပုစ္ဆာတွေကို သိချင်တာတွေရှိလာတော့တယ်။ အဲဒီနောက်မှာ Asunaဟာ မြေအောက်လောက (မရဏလောက) ကိုခရီးသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ Shun က တကယ်ပဲသေသွားပြီလား အစားထိုးဆရာကရော တကယ်ပဲဆရာတစ်ယောက်လား။ Asuna တစ်ယောက်ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲဆိုတာကို Emotional Scenes ကောင်းကောင်းလေးတွေနဲ့ တွေ့မြင်ရမှာပါ။ လူတိုင်းဟာတစ်ရက်မှာထွက်ခွာသွားရမှာလောကနိယာမပါပဲ။ အမြဲအတူရှိနေမယ် ထင်ထားတဲ့သူတွေကတောင် ထွက်ခွာသွားရမဲ့အချိန်တန်ရင် အနားကနေစွန့်ခွာသွားတာကို လက်မခံနိုင်လဲ လက်ခံရမှာပါ။ ဒီသဘောတရားကို ကောင်းကောင်းကြီးပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်လို့ ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Angelia ဖြစ်ပါတယ်) File size… 1.5 GB / 760 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Animation, Adventure, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Angelia

Comedy • Drama
7.1 2011 116 mins
Children Who Chase Lost Voices
Becoming Led Zeppelin
7.5

Becoming Led Zeppelin (2025) IMDb Rating (7.5) / Rotten Tomatoes (84%) Stairway to Heavenတို့ Whole Lotta Loveတို့ Ramble Onတို့ Misty Mountain Hopတို့ What Is and What Should Never Beတို့ကို ဖန်တီးခဲ့တဲ့ Led Zeppelin တီးဝိုင်းအကြောင်း ဒိုကူမန်ထရီက သူ့နာမည်Becoming Led Zeppelinနဲ့ လိုက်အောင်ပဲ သူတို့ ဖြစ်တည်လာခြင်းအကြောင်းကို အသေးစိတ် ပြပေးထားတယ်။ တစ်ချက်ရှိတာက ပုံမှန်ဒိုကူတွေ ဒိုကူဒရာမာတွေမှာ သူတို့နဲ့သက်ဆိုင်တဲ့ အတင်းအဖျင်းတွေ ဘာတွေကို ပြတတ်ပေမဲ့ ဒီထဲမှာတော့ ဂီတနဲ့ ဂီတကို ချစ်တဲ့အကြောင်းတွေ ဂီတကို ယုံယုံကြည်ကြည် အသစ်တွေ ဖန်တီးခဲ့တဲ့အကြောင်းတွေကလွဲ ဘာမှမပါဘူး။ သူတို့အဖွဲ့က အတင်းအဖျင်းတော်တော်များခဲ့တဲ့ အဖွဲ့နဲ့မလိုက်အောင်ပဲ ဘာမှမပါဘူး။ ဂျင်မီပေ့စ်က ၁၄နှစ်သမီးလေးနဲ့တွဲခဲ့တာတို့။ နတ်ဆိုးကို ကိုးကွယ်တာတို့။ Stairway to Heavenသီချင်းကို Reverseလုပ်ပြီး နားထောင်ရင် Satanic Messages ကို ကြားရတာတို့ မနည်းပေမဲ့ ဒီမှာ ဘာမှမပါဘူး။ ဘာမှ ထည့်မရှင်းသွားဘူး။ သူတို့ကလဲ ပေးမထည့်ဘူးထင်ပါတယ်။ ဒါပေမဲ့ ဒါကပဲ ဒီဒိုကူမန်ထရီကို ဂီတဒိုကူမန်ထရီ စစ်စစ်ဖြစ်အောင် လုပ်ပေးလိုက်ပုံပဲ။ အရသာကတော့ ဘန်တွေအကြောင်းတွေ စိတ်ဝင်စားရင် ဂေါ်တယ်။ ပုံစံကတော့ သူတို့နဲ့အင်တာဗျူးတယ်။ အရင်ကဗီဒီအဟောင်း ပုံအဟောင်းတွေပြတယ်။ သူတို့ငယ်ကတည်းက ဂီတကို ဘယ်လိုစလုပ်ဖြစ်တယ်ဆိုတာတွေကနေ စတယ်။ တော်တော်ချီးကျူးစရာကောင်းတဲ့လူတွေဆိုတဲ့ အပိုင်းတွေပေါ့။ နောက် သူတိုအပေါ် လွှမ်းမိုးမှုရှိခဲ့တဲ့လူတွေ ဂီတအမျိုးအစားတွေကိုပြတယ်။ သူတို့က လူထက် ဂီတအမျိုးအစားတွေကို ပိုအသားပေးပြောသလိုလိုပါပဲ။ သူတို့ပြောတဲ့ ဂီတအမျိုးအစားတွေက ကျွန်တော်တော့ မသိတာက ခပ်များများ။ ဆန်းတော့လည်း မဆန်းပါဘူး။ ဂီတအမျိုးအစားက Sub- Genreခွဲရင် ၁၆၀၀က အနည်းဆုံးလို့ ပြောကြသကိုး။ သူတို့ပြောတာတွေကို လိုက်နားထောင်ရင်းတော့ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ လေ့လာအားက အားကျစရာကောင်းနေတယ်။ ဒီဘန်ရဲ့ထူးခြားချက်တွေထဲက တစ်ခုက The Lord of the Ringsစာရေးဆရာ J.R.R. Tolkienရဲ့ Refတွေကို သီချင်းတွေထဲ ထည့်ပုံဖော်တတ်တာပါပဲ။ “Ramble On,” “The Battle of Evermore,” and “Misty Mountain Hop”နဲ့ ” Stairway to Heaven”သီချင်းက စာသားတွေမှာ မြင်သာတယ်။ နောက် “Zeppelin is not a nostalgia band”ဆိုတဲ့ အတိုင်း အသစ်အသစ်တွေကို ရှာဖွေဖန်တီးကြတာတွေကိုလည်း ပြောပြထားတယ်။ ဒီဒိုကူမန်ထရီမှာ ကျွန်တော့်အတွက် ကြည့်ရတာ အရသာရှိခဲ့တဲ့ တစ်ချက်က စစချင်းမှာ သူတို့ဝိုင်းပေါင်းစုံ ဟိုရောက် ဒီရောက် လိုက်တီးရာကနေ သူတို့လူစုမိသွားတာတွေ သူတို့နဲ့ သူတို့ဖန်တီးချင်တဲ့ပုံစံကို အတူတူဖန်တီးနိုင်တဲ့ ဝိုင်းတွေဆီ ကူးလိုက်ပြောင်းလိုက် လုပ်ရင်း နောက်ဆုံးမှ နေရာမှန် တွေ့သွားတာတွေပေါ့။ ဒီမှာလည်း လက်ရှိဝိုင်းတော်တော်များများကြား ခပ်ဆင်ဆင်လေးတွေဖြစ်နေတာတွေဆိုတော့ ဒီကလူတွေကိုတောင် ပိုနားလည်သွားသလိုလိုတော့ ခံစားရတယ်။ Pink Nationဘန်က လွင်ဦးမောင်က Lwin Iz Elephantဆိုပြီး တစ်ကိုယ်တော် မတူတဲ့ဂီတပုံစံနဲ့ သက်သက်လုပ်တာတို့, Pseudo Humanနဲ့ The Peacistsက front man ၂ယောက်ပေါင်းပြီး Double Troubleဆိုတဲ့နာမည်နဲ့ ဘန်တစ်ခု သီးသန့်ထားထားပြီး မတူတဲ့ပုံစံတွေ ဖန်တီးတာတို့ , Square Lake Piratesက တုံတုံနဲ့ Papillons The Bandထဲက ကိုပလောင်နဲ့ Pink Nationက မဏ္ဍိုင်တို့ Mountain Peak Tunesဆိုပြီး မတူတဲ့ပုံစံလုပ်တာတွေ, Talking Dogsတို့ Abnormal Decemberတို့လည်း ဘန်နာမည်ပြောင်းတာတို့ လူပြောင်းတာတို့ လုပ်ရတာတွေမြင်နေရသလို Square Lake Piratesကလူတွေ Orpheus Revivalထဲ ရောက်သွားနိုင်တဲ့ ပုံတွေ မြင်နေရတော့ ဒီဒိုကူကြည့်ရင်း လက်ရှိဝိုင်းတွေနဲ့တောင် ပိုနီးသွားသလိုလို ခံစားချက်တော့ရတယ်။ ဒိုကူထဲတော့ အရင်က စာပေလောကရဲ့ လေထန်ကုန်းလို ဂီတသမားတွေ တီးဖို့ ဝိုင်းလိုက်ရှာလို့ကောင်းတဲ့ နေရာတစ်နေရာရှိတာလေးက သဘောကျစရာတော့ကောင်းတယ်။ ဂီတသမားတွေရဲ့ အရွေ့တွေ လှုပ်ရှားမှုတွေ ဖြစ်တည်လာပုံတွေအကြောင်း ကြည့်ရတာ ကြိုက်ရင်တော့ ဒီဒိုကူက ခြောက်ပြစ်ကင်းတယ်။ မဟုတ်ရင်တော့ ဓာတ်မတည့်လောက်ဘူး။ ဒီမှာလည်း ဒါမျိုးပုံစံလုပ်ကြရင်တော့ ရတော့ရတယ်။ ဝိုင်းအဟောင်းတွေအကြောင်းပေါ့။ မဇ္စိုမလှိုင်းက လူတွေထဲ ကိုနေဝင်းပဲ ကျန်ပေမဲ့ သူ့ကိုနည်းနည်းဗျူးပြီး ရှေ့ကလူတွေ ဖြေပြီးသားတွေ ပုံတွေ သူတို့နဲ့ဆက်စပ်တဲ့ တခြားအင်တာဗျူးတွေနဲ့ တည်းဖြတ်ပြီး လုပ်ရင်တော့ ရတော့ရတယ်။ ဘယ်ဝိုင်းကိုပဲဖြစ်ဖြစ် လုပ်ခဲ့ကြရင်လည်း ကြည့်ချင်ပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size… (4.4 GB) / (2.5 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary,Music Duration…. 02:02:02 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by WiRa Aung

Drama
7.5 2025 122 mins
Becoming Led Zeppelin
Memento Mori
6.5

Memento Mori (2018) ************************** 2018 တုန်းက ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းလေး တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အဓိကသရုပ်ဆောင်တွေ အဖြစ်နဲ့ Sassy Girl Chun-hyang ထဲက မင်းသား Jae Hee နဲ့ XX ထဲက မင်းသမီး Hwang Seung Eon တို့က ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ***************** မြေအောက်ခန်းတစ်ခုမှာ သတိဝင်လာကြပြီးတော့ အချင်းချင်း မသိကြတဲ့အပြင် ဘာကြောင့် ပိတ်လှောင်ခံထားရမှန်းမသိတဲ့ လူ၆ယောက်ကနေ ဇာတ်လမ်း အစပျိုးထားပါတယ်။ တကယ်တော့ တစ်ယောက်တစ်မျိုးစီနဲ့ နောက်ခံတွေ မတူကြပေမဲ့ သူတို့ကြားထဲ လူသတ်မှုတစ်ခုက ပါဝင်ပတ်သက်နေခဲ့တာပါ။ တစ်ယောက်ချင်းစီက အမှုနဲ့ ဘယ်လို ပါဝင် ပတ်သက်နေတာလဲ။ ဘယ်သူက သူတို့ကို ပိတ်လှောင်ထားပြီး ရည်ရွယ်ချက်က ဘာလဲဆိုတာကို ၆ယောက်လုံး အဖြေရှာရင်း ပိတ်မိနေတဲ့မြေအောက်ခန်းကနေ လွတ်မြောက်အောင် ကြိုးစားကြရမှာပါ။ တရားခံအစစ်က ဘယ်သူလဲဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။ လျှို့ဝှက်ချက်တွေကို အဖြေရှာရင်း Death Game တစ်ခု ဆော့ကစားနေတာကို ကြည့်ရှုရမှာဖြစ်လို့ ဇာတ်လမ်းကြည့်ရင်း အဖြေရှာရတာ ကြိုက်သူတွေအတွက် ဒီကားလေးကို အကြံပြုပေးချင်ပါတယ်။ File Size – 2.32 GB/ 596 MB Quality – WEB-DL 1080p/ 720p Duration – 1h 30m Format – mp4 Genre – Thriller Subtitle – Myanmar Subtitle (Hard Sub)

6.5 2018 89 mins
Memento Mori