YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Club.Friday.S16.Hot.Love.Issue.Love.Superstitions.E02.1080p.CM.mp4

531.11 MB N/A video/mp4 18 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl at the Window
6.3

အေမီဟာ လူသတ်သမားအကြောင်းတွေ သွေးသံရဲရဲ သတ်ဖြတ်မှုအကြောင်းတွေ ပုံတိုပတ်စ ရုပ်ရှင်တွေနဲ့ ဝတ္ထုတွေကို ခုံမင်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်တယ်။ ဆယ်ကျော်သက်ဆိုတဲ့အတိုင်း ကိုယ်သဘောကျတဲ့အရာတွေကို လက်တွေ့နဲ့ ယှဥ်ပြီး စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်တယ်။ပြောရရင် လူသတ်သမားကို ရှာချင်တဲ့ စုံထောက်မလေးတစ်ယောက်လို နေချင်တယ်ပေါ့။ အဲ့တော့ ဘာလုပ်လဲ? သူမအိမ်ပြတင်းပေါက်ကနေ မှန်ဘီလူးတစ်လက်နဲ့ ဟိုဒီလျှောက်ကြည့် စပ်စုနေတော့တာပေါ့။ အဲ့လိုနဲ့ သူမရောက်နေတဲ့ မြို့လေးမှာအရင်က ရှိခဲ့ဖူးတဲ့ Clockwork killer ဆိုတဲ့ serial killer ဇာတ်လမ်းဟာ အရင်ကဟိုးလေးတကျော်ဖြစ်ခဲ့သလောက် အခုတော့ လူသတ်မှုတွေ ဆိတ်သုဥ်းနေတဲ့ အချိန်ဖြစ်နေတယ်။ ဒါပေမယ့် အေမီ့ အတွေးထဲမှာတော့ Clockwork Killer ဟာ အငြိမ်နေမှာမဟုတ်ဘူး။ တစ်ရက်တော့ကျိန်းသေ ပြန််ပေါ်လာမယ်ဆိုတာ စုံထောက်အဖြစ်စိတ်ကူးယဉ်ရတာကြိုက်တဲ့ ညာဥ်ကြောင့် သူမအတွေးထဲမှာ တစ်ချိန်လုံးနေရာယူထားပါတော့တယ်။ ဒီလိုနဲ့တစ်ရက်ကျတော့ သူမထင်ထားတဲ့အတိုင်း Clockwork Killer ပြန်လဲပေါ်လာရော သူမနဲ့မှဘယ်လို နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမလဲ? ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ ဇာတ်လမ်းကောင်းလေးပါ။ detective teenager လေးတစ်ယောက် ဒီအမှုကို ဘယ်လိုရင်ဆိုင်မလဲ? ဘယ်လို မြှုပ်ကွက်တွေရှိမလဲ? Clockwork killer ကရော ဘယ်သူဖြစ်မလဲ? ကိုယ်တိုင်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hein That Naing ပါ။) File Size          : 1.1GB, 428MB,250MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 25mins Genre              :Horror, Thriller Translated by Hein That Naing Encoded by Kinnov

Drama • Romance
6.3 2022 84 mins
Girl at the Window
Tadap
7.2

ဒီကားလေးကတော့ RX100 (2018) တုန်းကဇာတ်ကားကို အခြေခံပြီးရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားချိုချိုလေးပဲဖြစ်ပါတယ် မဆူရီမြို့မှာ လူတိုင်းက ဒယ်ဒီလို့ခေါ်ကြတဲ့ လူတစ်ယောက် အီရှာနာကို ငယ်ငယ်လေးကတည်းက မွေးစားခဲ့ပါတယ်။ ဒယ်ဒီဟာ ရွေးကောက်ပွဲမှ ာအနိုင်ရရှိခဲ့တဲ့ ဒမိုဒါ နောတ့်တီရယ်နဲ့အလွန်တရာမှ ရင်းနှီးကြတဲ့မိတ်ဆွေတွေပါ။ အီရှာနာ တစ်ယောက်ကတော့ အဖေဖြစ်သူဒယ်ဒီနဲ့ နောတ့်တီရယ်ကို အဖက်ဖက်မှ ကူညီအားဖြည့်ပေးနေသူပေါ့။ တစ်နေ့မှာ လန်ဒန်မှ ပညာတော်သင်ပြန်လာတဲ့ ဒမိုဒါ ရဲ့ သမီးဖြစ်သူ ရမီဆာ က အီရှာနာကို သဘောကျပြီး ဖွင့်ပြောခဲ့ရာမှ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာပါတယ်။ အချစ်စစ်မှန်ရင် လမ်းကြမ်းစမြဲပါပဲ။ သူတို့ကြား ဘယ်လိုအတားအဆီးတွေ ဝင်ရောက်လာမှာလဲ။ ဒမိုဒါရဲ့ပြိုင်ဘက်ပါတီဝင်ကရော ဘယ်လိုကောက်ကျစ်ယုတ်မာမလဲ။ မင်းသမီး မင်းသားချောချောလေးနဲ့အတူ စောင်ကိုက်ပြီး ကြည့်ရှုရမဲ့ အချစ်ခန်းချိုချိုအီအီလေးတွေပါတာကြောင့် မသေခင်ကြည့်ရှုသွားသင့်တဲ့ ရိုမန့်တစ်ဇာတ်ကားကောင်းလေးလို့ညွှန်းလိုက်ပါရစေ............ File size…2.3Gb / 1.2Gb / 400MB  Quality…1080p AAC 2.0CH / 720p / 360p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Haruko &  Yunni

Action • Animation • Comedy
7.2 2021 126 mins
Tadap
Knocked Up
6.3

IMDb 6.9 Rotten Tomatoes 89% Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။ မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ... မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာ‌အောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ..... အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ဘန် ဆိုတဲ့ကောင်လေးနဲ့ ဆုံမိကြပါတယ်။ ဘန် ကတော့ ဆေးခြောက်ပုံမှန်သုံးစွဲလေ့ရှိတဲ့ သူငယ်ချင်းတစ်စုနဲ့ အတူနေတဲ့ ငပျင်းတစ်ကောင်ပါပဲ။ တကယ်ဆိုရင် သူက အမေရိကန်မဟုတ်ဘူး။ ကနေဒါကနေ တရားမဝင် လာနေနေတာ။ တရားမဝင်နေတော့ အခွန်ဆောင်စရာမလိုတော့ဘူးပေါ့ဗျာ တဲ့။ ဆောင်ရအောင်လည်း သူ့မှာ ပိုက်ဆံမှမရှိဘဲ။ သူ ကျောင်းသားဘဝတုန်းက စာပို့ကားတက်ကြိတ်တာခံရလို့ အစိုးရက သူ့ကို လျော်ကြေး ဒေါ်လာ တစ်သောင်းလေးထောင် ပေးဖူးသတဲ့။ဘာမှမလုပ်ဘဲ အဲဒါကိုထိုင်စားလာတာ ဆယ်နှစ်ကျော်ပြီတဲ့။ ခုတောင် လက်ထဲ ဒေါ်လာကိုးရာလောက် ကျန်သေးတယ်ဆိုပဲ။ သူက ဆေးခြောက်နဲ့ စပါဂက်တီခေါက်ဆွဲဖိုးလောက်ပဲ ကုန်စရာရှိတာကိုး။ သူ့ဘော်ဒါတွေကလည်း သူနဲ့ထူးမခြားနားပါပဲ။ ဒီလောက်ဆိုရင် အယ်လီဆင် နဲ့ ဘန် တို့ဟာ ဘယ်လောက်ခြားနားတဲ့ အနေအထားရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ကံတရားနဲ့ ဆန်းကြယ်သောစိတ်ကူးရှိသူ ဇာတ်ညွှန်းရေးဆရာကြီးတို့ရဲ့အလိုအရ သူတို့နှစ်ယောက် ဆုံဖြစ်အောင်ဆုံမိသွားကြပါတယ်။ သို့သော်လည်း one night stand က one nightနဲ့ ရပ်လို့မရဘဲ long-standingကိစ္စ ဖြစ်လာတဲ့အခါ နှစ်ယောက်လုံး တိုင်တွေပတ်ကုန်ကြပါတော့တယ်။ ဒီဇာတ်ကားမှာ နာမည်ကျော်ဟာသသရုပ်ဆောင်တွေ တပြုံကြီးပါဝင်ထားသလို ဧည့်သည်သရုပ်ဆောင် နာမည်ကျော်များကလည်း မထင်မှတ်တဲ့နေရာတွေကနေ အကွက်စေ့စေ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Ratingကောင်းတွေ ရရှိခဲ့သလို ဝင်ငွေအရလည်း ဘတ်ဂျက် 25 millionsမှာ ဝင်ငွေ 219 millionsရရှိခဲ့တဲ့အတွက် စီးပွားရေးအရပါ အောင်မြင်တဲ့ကား ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဇာတ်ကောင်တွေပြောတဲ့ ပြောစကားတွေထဲမှာ အမေရိကန်တွေ အနောက်တိုင်းသားတွေသာ ချက်ချင်းနားလည်မယ့် စကားလုံး၊စကားရပ်တွေ အသုံးအနှုန်းတွေအများအပြားပါဝင်နေပါတယ် ။ အထူးသဖြင့်တော့ Hollywood movie quotesတွေပေါ့။ သူတို့ပြောစကားထဲက နာမည်တွေလိုက်ပြီး Googlingလုပ်ရင်တောင် ဗဟုသုတ အတော်ပွားနိုင်စရာ ရှိပါတယ်။ ဇာတ်လမ်းကလည်း ရယ်ရရုံ ပျော်ရရုံသက်သက် မကဘဲ အိမ်ထောင်ရေးပဋိပက္ခတွေဖြစ်ရတဲ့ ဇစ်မြစ်၊ ကိုယ့်အတ္တနဲ့ တဖက်သားကို ဇွတ်ပြောင်းလဲလာအောင် ဖိအားပေးတတ်တဲ့စိတ်မျိုးတွေ ၊ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဘယ်လောက်အရေးကြီးသလဲဆိုတာတွေကို သင်ခန်းစာယူနိုင်ကြပါလိမ့်မယ်။ ကြည့်ရှုခံစားပျော်ရွှင်နိုင်ကြပါစေ။ Unrated Version နဲ့တင်ဆက်ထားတာမို့ တချို့အခန်းတွေမှာတော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။) File size…(2.6 GB)/(1 GB) Quality….BluRay Unrated 1080p / 720p Format…mkv Duration….02:12:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Horror • Thriller
6.3 2007 129 mins
Knocked Up
Sweet Girl
6.7

ဒီနေ့အတွက် အားလုံးပဲကြိုက်နှစ်သက်လောက်မယ့် Action, Drama, Thriller ကားသစ်ကိုတင်ဆက်ပေးချင်ပါတယ်။ အဓိက ဇာတ်ဆောင်တွေအဖြစ် အားလုံးပဲ သိတဲ့ Aquaman မင်းသား Jason Momoa နဲ့ Dora and the lost city of Gold ရဲ့ မင်းသမီးလေး Isabela Mercedတို့က ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကျော်ရိုးကတော့ ရေး ကော့ပါးဟာ မိသားစုကို အရမ်းချစ်တဲ့သူဖြစ်ပြီး ဇနီးသည်ကို ကင်ဆာရောဂါကနေ ပြန်ကယ် နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေသူပါ။ ကံကောင်းစွာနဲ့ ကင်ဆာကို ထိထိရောက်ရောက် ကုနိုင်တဲ့ ဆေးတစ်မျိုး ပေါ်လာခဲ့ပေမယ့် BioPrime ဆေးကုမ္ပဏီတွေရဲ့ လောဘကြီးမှုကြောင့် ဆေးကုသခွင့်ဆုံးရှံးခဲ့ရလို့ ဇနီးသည်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဇနီးသည်အတွက် တရားမျှတမှုကို လိုချင်တဲ့ ရေး တစ်ယောက် ဒီကိစ္စတွေများရဲ့ ချုပ်ကိုင်မှုတွေရဲ့ အဖြစ်မှန်တွေကို ဖော်ထုတ်ရင်း ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အရှုပ်အရှင်းတွေကြားထဲ ရောက်သွားပါတော့တယ်။ ဇာတ်လမ်းလေးဟာ အတော်လေးကြည့်ကောင်းပြီး IMDb Rating 5.8/10 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Htet Wai Lwin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRip Duration - 1h 36min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Drama, Thriller Source : 1080p.WebRip Translator – CM Team Encoder – SWM

Comedy • Crime • Mystery
6.7 2021 110 mins
Sweet Girl
Birdman or (The Unexpected Virtue of Ignorance)
7.5

ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ Nomination အများဆုံးရထားတဲ့ကားဖြစ်ပြီး၊ မင်းသားကြီး Michael Keaton ရဲ့ တကျော့ပြန်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့် Review တွေဖတ်နေကျ ပရိတ်သတ်ကြီးက သတိထားမိမှာပါ။ ကျွန်တော် ဒီကားကလွဲရင် ဘယ်ဇာတ်ကားကိုမှ Rating 10 မပေးဖူးခဲ့ပါဘူး။ ဒီကားကတော့ တကယ့်ကို ပေးသင့်လို့ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းကတော့ Interstellar တို့ Inception တို့လိုလည်း မရှုပ်ထွေးပါဘူး၊ The Sixth Sense လိုလည်း Twist တွေမပါပါဘူး။ ဇာတ်အိမ်တည်ထားတာလည်း ရိုးရှင်းပါတယ်။ ဇာတ်လမ်း မှာ မင်းသား Michael Keaton က တစ်ချိန်က Birdman ဆိုတဲ့ Superhero အဖြစ်သရုပ်ဆောင်ကာ နာမည်ကြီးမင်းသား တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နေရာတစ်နေရာ ရဖို့အတွက် သူရဲ့သရုပ်ဆောင် အရည်အသွေးကိုပြနိုင်ဖို့အတွက် ရုန်းကန်နေသူဖြစ်ပါတယ်။ သူက Broadway (New York က ပြဇာတ်ရုံတွေ ရှိတဲ့ လမ်း) ပြဇာတ်တစ်ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုက် သရုပ်ဆောင်၊ ကိုယ်တိုင် တင်ဆက်ပြီး သူရဲ့အနုပညာကို ချပြဖို့ကြိုးစားနေပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးလေးပေမယ့်၊ သူရဲ့ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေကို တင်ဆက်ထားတာဟာ တကယ့် ကို အနုပညာမြောက်ပြီး၊ သရုပ်ဆောင်လည်းတကယ်ကောင်းပါတယ်။ ဇာတ်ကားတစ်ကားလုံး မှာ ဇာတ်ဝင်ခန်း အကူးအပြောင်းက အစ သာမန်ရုပ်ရှင်တွေလို (Fade to black) အမှောင်ချပြီး နောက်တစ်ခန်း ကူးတာမျိုးမဟုတ်ပဲ၊ ဇာတ်ကောင်တွေနောက်ကို လိုက်ပြီး ရိုက်ကူးထား သလို တစ်ခန်းနဲ့တစ်ခန်းကိုလည်း ဆက်ပြီးရိုက်ထားတာကြောင့် ထူးခြားတဲ့ ရသ တစ်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါမှာ မေးခွန်းပေါင်းများစွာ ကျန်နေစေခဲ့မှာဖြစ်ပြီး၊ သို့လော သို့လောနဲ့ အတွေးတသသ ဖြစ်စေမယ့်ဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။ တစ်ခုပြောချင်တာက မင်းသားရဲ့ အခန်းထဲက ဘုရားစင်းထုတော် ဖြစ်ပြီး၊ စစတွေ့ချင်းမှာ တစ်ခြားကားတွေထဲမှာလိုပဲ အလှဆင်ထားတယ်လို့ထင်ရပေမယ့်၊ သေချာကြည့်ကြည့်တော့မှ စိတ်ပုတီးနဲ့ သောက်တော်ရေခွက်လို့ ယူဆရတဲ့ ရေခွက် လေးလည်းတွေ့ရပါတယ်။ ဇာတ်လမ်းစစချင်းမှာ အတွင်းခံနဲ့တိုင်နေတာကလည်း တရားထိုင်နေတယ်လို့ထင်ရပြီး (ဗုဒ္ဓဘာသာစစ်စစ်မဟုတ်လို့) Birdman က ဗုဒ္ဓဘာသာလားလို့ လည်းထင်စရာဖြစ်ပါတယ်။ အထင်လွှဲမှာစိုးလို့ကြိုတင်ရှင်းပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ကောင်းသလို တင်ဆက်ပုံကလည်း ပညာသား ပါပါတယ်။ မင်းသားကြီး Michael Keaton က သရုပ်ဆောင်ကောင်းသလို၊ Edward Norton ကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ တစ်ချိန်က နာမည်ကြီး Superhero မင်းသားက လက်ရှိ ရုန်းကန်နေရတဲ့အကြောင်းရိုက်ကူးထားသလို၊ သူ့နေရာမှာသရုပ်ဆောင်တဲ့ Michael Keaton ကလည်း တစ်ချိန်က Batman (1989), Batman Returns (1992) တို့မှာ အောင်မြင်ခဲ့ပြီး လက်ရှိအချိန် မှာ ရုန်းကန်နေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇာတ်လမ်းက ပိုအသက်ဝင်သွားပြီး၊ Michael ကလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အပြင် Emma Stone (Amazing Spider-Man) ကလည်း သရုပ်ဆောင်ကောင်းကောင်းနဲ့ အားဖြည့်ထားပါသေးတယ်။ ဒီကားက အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ရုပ်ရှင် ကို တကယ် စိတ်ဝင်စားစွာ ကြည့်ချင်တဲ့သူတွေ၊ ရုပ်ရှင်အနုပညာကို မြတ်နိုးတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ကားဖြစ်ပြီး၊ ရုံမှာသွားကြည့်သင့်ပါတယ်။ အပျင်းပြေကြည့်မယ့်သူတွေ၊ အက်ရှင်ကားတွေပဲ ကြိုက်တဲ့သူတွေ အတွက်ကတော့ ဒီကားက ပျင်းစရာကောင်းတယ်လို့ထင်စရာဖြစ်နေမှာပါ။ #Sololay (အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်။) ဒီဇာတ်ကားက 2015 ခုနှစ်အော်စကာဆုပေးပွဲမှာ..... Best Picture , Best Original Screenplay , Best Director , Best Cinematography ဆု(၄)ဆုဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။ IMDb(8/10) နဲ့ Rotten Tomatoes (93%) ရရှိထားတာကြောင့် ရုပ်ရှင်ဇာတ်လမ်းကောင်းကောင်းလေးတွေကို နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားပါ။ File size...900MB Quality....Blu-Ray Rip 720p Format...mp4 Duration....01:59:17 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung

Crime • Drama
7.5 2014 120 mins
Birdman or (The Unexpected Virtue of Ignorance)
Drive All Night
6

Drive All Night (2022) မရဏတရား… လူတွေက သေမှာကို ကြောက်ကြတယ်။ ဘာလို့လဲ။ သေပြီးနောက် တမလွန်မှာ ဘာဖြစ်မယ် မသိကြလို့… အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တွယ်တာနေကြလို့ပါပဲ။ တကယ်တော့ လူတွေက သေမှာကို မကြောက်ပါဘူး လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ဆုံးရှုံးရမှာကို ကြောက်ကြတာပါ။ ရွေးချယ်မှု… ဘဝမှာ ရွေးချယ်မှုက အရမ်းအရေးပါပါတယ်။ နေမလား… သွားမလား… ထိုင်နေမလား… ထနေမလား… ဒါလုပ်မလား… ဟိုဟာလုပ်မလား… လက်လွှတ်ရမယ့် တန်ဖိုးက ကြီးလေ ဆုံးဖြတ်ရခက်လေပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့တွေ ဆုံးရှုံးရမှာကို ကြောက်လို့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်ကြတယ်။ တစ်ခါတလေမှာတော့ အကြောက်တရားနဲ့ ဆုံးဖြတ်လိုက်တာက မှန်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာက ရွေးထားတဲ့ လမ်းဆုံးကို ရောက်မှ သိနိုင်မှာမလား။ ကစားပွဲ… ကစားပွဲတစ်ခုကို အနိုင်ရဖို့ ကျွမ်းကျင်မှု၊ ကစားပွဲကို နားလည်သဘောပေါက်မှု၊ ဖြတ်ထိုးဉာဏ်၊ ဗျူဟာ၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ လိုအပ်ပါတယ်။ ခံစားချက်ကရော ကစားပွဲမှာ အရေးပါပါသလား။ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်လို့ပြောကြပါတယ်။ ကျွန်တော်ကတော့ ခံစားချက်တွေကို ပဲ့ကိုင်နိုင်တဲ့သူကမှ နိုင်ချေပိုများတယ်လို့ ထင်မိပါတယ်။ အခွင့်အရေး… တံခါးတွေက သော့ခတ်မထားပါဘူး၊ ခင်ဗျား ဖွင့်လိုက်ဖို့ပဲလိုတာပါ။ ၂၀၂၂ ထွက် Drama ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကစီသမားတစ်ယောက်က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို မော်တယ်တစ်ခုကနေ တင်လာတယ်။ အဲဒီမိန်းကလေးက Arcade ဂိမ်းတွေနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တယ်။ အဲဒီမိန်းကလေးကို မာဖီးယားလိုလို လူတစ်ယောက်နဲ့ အဲဒီလူငှားထားတဲ့ Arcade ဂိမ်းဝါသနာအိုး ကြေးစားတစ်ယောက်က အဲဒီကောင်မလေးကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ မိန်းကလေးနဲ့ တက္ကစီသမားတို့ရဲ့ ကားပတ်မောင်းတဲ့ တစ်ညတာ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကတော့ ဘာမှမထူးခြားပေမဲ့ ဇာတ်ကွက်တွေနဲ့ ဒိုင်ယာလော့တွေက ဘဝနဲ့ပတ်သက်လို့ တွေးစရာတွေ အများကြီးရသွားနိုင်ပါတယ်။အေးအေးဆေးဆေး ထိုင်တွေးဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size – 710MB, 330MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Adventure • Science Fiction
6 2022
Drive All Night
Argantara

Argantara (2022) ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းမှာ စာတော်ပြီး လိမ္မာယဉ်ကျေးတဲ့ Syera နဲ့ ကျောင်းရဲ့လူဆိုးလေး Arga ရဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Arga က သူ့သူငယ်ချင်းအဖွဲ့နဲ့ ဆိုင်ကယ်အမြဲတမ်းပတ်စီးနေပြီးတော့ အမြဲတမ်းရန်ဖြစ်နေလို့ Syera က သူ့ကို မကြည့်မရပါဘူး။ ဒါပေမဲ့ Arga ရဲ့အဖေ မဆုံးခင်မှာ Syera ရဲ့အဖေနဲ့ သူငယ်ချင်းအချင်းချင်းထားခဲ့ကြတဲ့ကတိကြောင့် သူတို့နှစ်ယောက် အသက်မပြည့်သေးခင်မှာ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ ကျောင်းကသိသွားရင် ကျောင်းထုတ်ခံရမှာစိုးလို့ လက်ထပ်တဲ့ကိစ္စကို လျှို့ဝှက်ထားပေမယ့် အနေနီးစပ်မှုကြောင့် ချစ်မိသွားကြပြီး Syera က ကိုယ်ဝန်ရှိသွားပါတယ်။ Syera ကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ Arga တို့အဖွဲ့နဲ့မတည့်တဲ့ တခြားဂိုဏ်းတစ်ခုက ဆက်တိုက်ရန်ပြုလာတာကြောင့် Arga က သူ့သူငယ်ချင်းတွေကိုပဲ အချိန်ပေးနေလို့ဆိုပြီး အိမ်ထောင်ရေးအဆင်မပြေတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ Syera ရဲ့ကိုယ်ဝန်ကြောင့် ကျောင်းထုတ်ခံရမလား၊ Arga ရဲ့ ရန်ပွဲတွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Action , Drama, Romance Quality…. 1080p | 720p File size… 1.4GB | 775MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator …..Moh Moh Encoder ….. Aaron

0 2023
Argantara
Sublime
6.4

ကမ်းခြေကနယ်မြို့လေးတစ်မြို့မှာ မန်နူအယ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နေပါတယ်။ သူ့မှာ သူငယ်ချင်းတွေအများကြီးရှိပေမယ့် ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့ သံယောဇဥ်အရှိဆုံးဖိလစ်ကိုတော့အခင်ဆုံးပေါ့ သူဖိလစ်ကိုဘယ်လောက်အထိခင်လဲဆိုရင် သူငယ်ငယ်ကမွေးနေ့ပွဲမှာ ဖိလစ်မလာရင် မျက်နှာတွေပျက်ပြီး မွေးနေ့မကျင်းပချင်တဲ့အထိပါ ဒီလိုနဲ့ မန်နူတစ်ယောက်ကြီးပြင်းလာပြီး အာဇူးဆိုတဲ့ကောင်မလေးနဲ့ တွဲကြပါတယ် တစ်ရက်သူ့ကောင်မလေးအာဇူးနဲ့ ပထမဆုံးအကြိမ်အတူတူအိပ်ဖို့လုပ်နေချိန်မှာ သူ့စိတ်ထဲမှာတစ်မျိုးကြီးခံစားလိုက်ရပါတယ် ဒါကတော့ သူဟာ ဖိလစ်အပေါ်မှာ သူငယ်ချင်းထက်ပိုနေမိပြီဆိုတာပါပဲ မန်နူတို့သူငယ်ချင်းအုပ်စုဟာ တီးဝိုင်းတစ်ခုလုပ်ပြီး တူရိယာတစ်မျိုးစီတီးကြပါတယ် ဖိလစ်ရဲ့မွေးနေ့ပွဲမှာ ဖျော်ဖြေပွဲလုပ်မယ်ဆိုပြီး အပြင်းအထန်လေ့ကျင့်ကြပါတယ် မန်နူဟာ ဘေ့စ်တီးပြီး ဖိလစ်က ဂီတာတီးပါတယ် မန်နူတစ်ယောက်ဖိလစ်ကိုချစ်မိနေတာကိုသတိထားမိချိန်မှစပြီး သူ့ရဲ့အပြုအမူတွေဘယ်လိုတွေပြောင်းလဲသွားလဲ သူ့ကောင်မလေးအာဇူးနဲ့ကရောအဆင်ပြေပါ့မလား သူတို့ကြိုးစားလေ့ကျင့်နေတဲ့ ဂီတဖျော်ဖြေပွဲကြီးကရော အောင်မြင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ File size…(1.7 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.4 2022
Sublime
Kidnapped
7.1

ဒီတစ်ခါမှာတော့ IMDb 7.1ထိရရှိထားပြီး Rotten tomatoes မှာ 83%အထိ ရရှိထားတဲ့ Italy Drama/History ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ…. ပုပ်ရဟန်းမင်းကြီး Pius IX လက်ထက် Bolognaမြို့မှာ နေထိုင်တဲ့ ဂျူးလူမျိုး မိသားစုရဲ့ ၆ယောက်မြောက်သားကို အာဏာပိုင်တွေက ဘုရားကျောင်းအမိန့်ဟုဆိုကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။ဘုရားကျောင်းဟာ ထိုကောင်လေးကို ခရစ္စယာန်ဘာသာအဖြစ် ကူးပြောင်းပေးပြီး မိသားစုကိုလည်း ဘာသာပြောင်းလျှင် သူတို့သားကို ပြန်ရမယ်ဟုဆိုကာ ဖိအားပေးပါတော့တယ်။ ထိုအခါမှာတော့ မွန်တာရာ ဂျူးမိသားစုဟာ သူတို့သားလေးကို ပြန်လည် ခေါ်ဆောင်ဖို့ ဘာတွေလုပ်သွားမှာလဲ သူတို့ရဲ့သားကိုရော ပြန်လည်ခေါ်ဆောင်နိုင်မှာလား ၁၈၅၀‌ကျော်ခုနှစ်ဝန်းကျင်က ဂျူးနဲ့ ခရစ္စယာန်ဘာသာအကြား ဘာသာရေး အရှုပ်အထွေးတွေကို ရိုက်ကူးပြထားတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်….. File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

TV Movie • Comedy • Romance
7.1 2023
Kidnapped
Evidence
5.1

ဒီဇာတ်ကားလေးကတော့ 2012 တုန်းကထွက်ထားတဲ့ sci-fi horror ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်အိမ်ကိုဖွဲစည်းထားတာက သူ့ခေတ်သူ့ခါနဲ့ယှဉ်ရင်တောင် budget လိုပြောလိုရပါတယ်။ ဒါပေမဲ့ plot ပိုင်းတဲ့ သရုပ်ဆောင်တွေရဲ့ ပိုချသွားမှုတွေကကောင်းတာကြောင့် ကြည့်သင့်ကြည့်ထိုက်တဲ့အထဲပါတယ်လိုပြောလိုပါတယ်။ ဇာတ်လမ်းအကျဉ်း သူငယ်ချင်းလေးယောက်ဟာ တောအုပ်တစ်ခုထဲမှာ အပန်းချေစခန်းချထွက်ဖို ဖြစ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းနေ့မှာတင်ပဲနေ့ခငကြောင်တောင်အချိန်မှာ ထူးဆန်းတာ တွေကို မြင်လိုက်ရတဲ့ကြောင့် ရောက်တဲ့နေ့ထဲက ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ပါဘူး။ အဲဒါအပြင်ကို လေးယောက်က တစ်ယောက် တစ်စိတ်နဲ့ဆိုတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါတိုင်း စိတ်ဝမ်းကွဲတတ်ကြပါတယ်။ ဒါပေမဲ့ တတိယမြောက်နေ့မှာ သူတို စခန်းချတဲ့နေရာအထိ အမည်မသိသတ္တဝါတစ်ကောင်က လာရောက်ထိပါးတဲ့အခါမှာတော့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(2.2GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

5.1 2012 78 mins
Evidence
The Dishwasher
7.2

ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ် စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင် Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင် အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကို အခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာ Prix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို ၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်… မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေး တစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ် လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊ လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင် မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.60GB) / (960MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Horror • Thriller • Science Fiction
7.2 2023 128 mins
The Dishwasher
Great Nobody
5.9

ဒီနေ့မှာတော့ ဖန်သားပြင်ပေါ်မှာ ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့ Tiny Times ထဲက ကုလီ (Amber Kuo) ရဲ့ ရုပ်ရှင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းလေးကတော့… တိုးတက်နေတဲ့ခေတ်ကြီးမှာ… ဘတ်ထရီတစ်တောင့်ဝယ်တာနဲ့ တစ်သက်လုံးသုံးနိုင်မယ်ဆို စိတ်ဝင်စားကြမလား… ဟုတ်ပါတယ်.. စိတ်ဝင်စားကြလောက်မယ့် စူပါဘတ်ထရီကို လုံထန်လုပ်ငန်းစုက တီထွင်နေတာဖြစ်ပါတယ်… ဈေးကွက်ထဲ မိတ်ဆက်မယ်ဆိုတဲ့နေ့မှာပဲ… ယန်ရှောက်ရှောက်၊ မာလီ၊ ဟုတ်ကျစ် ၃ ယောက်ကို အလုပ်ထုတ်လိုက်ပါတော့တယ်… နောက်ပြီး စီအီးအို လုံပိုင်ချွမ်ကိုယ်တိုင်ကလည်း ကုမ္ပဏီက နှုတ်ထွက်ပြီး ဘတ်ထရီက မအောင်မြင်ဘူးလို့ကြေညာခဲ့တယ်… အဲ့တော့ မတရားအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်လက်မဲ့ ၃ ယောက်ပေါင်းပြီး…. လုံပိုင်ချွမ်ဘာကြံနေတယ်ဆိုတာကို လိုက်ရှာဖွေတော့တာပါပဲ… ဘဝသမား ၃ ယောက် သူဌေးတွေရဲ့ အကျိုးအမြတ်ပြိုင်ပွဲ ဝဲကရက်ထဲ ဘယ်လို ချာလပတ်လည်မယ်ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာမို့… ဘဝအမောတွေကို CM နဲ့အတူ ဒီ Great Nobody လေးကြည့်ပြီး ဖြေဖျောက်လိုက်ကြတာပေါ့

Science Fiction • Comedy • Fantasy
5.9 2024
Great Nobody
I Am Kathalan
6

I Am kathalan (2024)”ကြိုးလေးတစ်မျှင်” =============================== ၂၀၂၄ က ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော နည်းပညာ မှုခင်း သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ တော်ရုံဇာတ်လမ်းမညံ့တဲ့ မာလျာလမ်စကားပြောရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း ဒီရုပ်ရှင်ဟာလည်း အစပိုင်းမှာ ပေါ့ပေါ့ပါးပါးပုံးစံကနေ တဖြည်းဖြည်းချင်း ဇာတ်ကိုဆွဲတင်ပြီး ပရိသတ်ကိုဆွဲခေါ်သွားဦးမှာပါ။ ဇာတ်လမ်းကတော့ နည်းပညာပိုင်းမှာ ကျွမ်းကျင်ပေမဲ့ ဘာဖန်တီးမှုမှမပြနိုင်လို့ အလုပ်မရဖြစ်နေတဲ့ ဟက်ကာပေါက်စလေး ဗစ်ရှ်နူး။ ဝိုင်ယာကြိုးနှစ်ချောင်းပူးပြီး သူ့ကွန်ပြူတာကို ဖွင့်ရတဲ့ထိ ဘဝမှာတိုင်ပတ်နေတဲ့ ဗစ်ရှ်နူးဟာ အချစ်ရေးမှာတော့ ကံမခေခဲ့ဘဲ သူ့ကိုချစ်တဲ့ချစ်သူ ရှိခဲ့ပေမဲ့ အဲဒီချစ်သူကပါ သူ့ကိုထားသွားတဲ့အချိန်မှာတော့ ဆောက်တည်ရာမရဖြစ်ပြီး ချစ်သူကို ပြန်ပိုင်ဆိုင်ခွင့်ရဖို့ကြိုးစားရင်း အန္တရာယ်အင်မတန်ကြီးတဲ့ကစားပွဲတစ်ခုကို ကစားမိလျက်သားဖြစ်ကာ ပြဿနာတွေနဲ့ရင်ဆိုင်ဖြေရှင်းရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6 2024 111 mins
I Am Kathalan
National Lampoon’s Christmas Vacation
7.5

မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့ နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကို ပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။ လက်ဆောင်တွေ ဖလှယ်ကြတယ်။ ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။ နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသော အခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကို တလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစု အဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက် ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လို အဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကို ယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ “National Lampoon’s Christmas Vacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။ File size… 1.99 GB / 837 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Horror
7.5 1989 97 mins
National Lampoon’s Christmas Vacation