YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Cloudy.with.a.Chance.of.Meatballs.2009.720p.BluRay {CM} TSK.mp4

852.3 MB 720p video/mp4 1014 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
27 Days Underground
4

မိသားစုအခက်ခဲတွေကိုယ်စီနဲ့ စားဝတ်နေရေးကာမိအောင် မိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့ သူတို့... တစ်နေ့မှာ မတော်တဆ မိုင်းတွင်းမှာမြေပြိုမှုဖြစ်ပြီး မီတာ၄၀၀နီးပါးရှိတဲ့ မိုင်းတွင်းအောက်ခြေတစ်နေရာမှာ သူတို့ညီနောင်ငါးယောက်လုံး ပိတ်မိနေပါတော့တယ်၊ ကယ်ဆယ်ရေးသမားတွေ စဉ်ဆက်မပြတ် ကယ်တင်ဖို့ ကြိုးစားပေမဲ့လည်း သူတို့ပိတ်မိနေတဲ့နေရာက သာမာန်လှိုဏ်ဂူလေးတောင် မဟုတ်ဘဲ တည်နေရာကိုတောင် ခန့်မှန်းမရတဲ့ မှောင်မိုက်၊လေထုချို့တဲ့ပြီး သီးခြားကမ္ဘာကြီးတစ်ခုလိုဖြစ်နေတဲ့ မြေအောက်ကဥမင်တွင်းတစ်ခု ဖြစ်လို့နေပါတယ် -"ထမင်းအသက်၇ရက် ရေ့အသက်တစ်မနက်"ဆိုတဲ့ဆိုရိုးစကားတွင်ခဲ့သလို သူတို့ရော အရာအားလုံး ပြတ်လတ်နေတဲ့တွင်းနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား -ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ခက်ခဲလှတဲ့နေ့ရက်တွေကို ကုန်ဆုံးရင်း ဘဝကိုရေစုန်မျှောလိုက်လေမလား~မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရုန်းကန်သွားမလား -ဘယ်အရာတွေကရော သူတို့ငါးယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေခဲ့တာလဲ _မိသားစုလား၊သံယောဇဉ်လား၊ကိုယ်ချစ်တဲ့လူတွေအတွက်ပဲလား... "မိုင်းတွင်းထဲက ငိုရှိုက်သံ"ဆိုတဲ့ရုပ်ရှင်မှာ လူ့ဘဝရဲ့လောကဓံတွေ၊အခက်ခဲတွေအပြင် စည်းလုံးညီညွှတ်မှုနဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာရပ်တွေ ၊ အလုပ်သမားတွေရဲ့ဘဝကိုပါ ရှုထောင့်တစ်ခုကနေ သဘာဝဆန်ဆန် ရိုက်ကူးပေးထားတာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက် CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။ [ Reviewed By Clytie ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
4 2023 75 mins
27 Days Underground
Switch
6.2

ဟိုးအရင်ကတည်းက ကိုယ်တွေကြိုက်ခဲ့ရတဲ့ မင်းသားကြီး Kwon Sang Woo ရဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးထွက်လာပါပြီနော် ဘတ်ဂန်းဟာ ချစ်သူကိုလက်လွှတ်လိုက်ရတဲ့နောက် အရမ်းကိုနာမည်ကြီးပြီး ပေါ့ပျက်ပျက်နေတတ်တဲ့ သရုပ်ဆောင်ဖြစ်လာပါတယ် ဒါပေမဲ့ သူ့သူငယ်ချင်းဂျိုယွန်းကတော့ သူ့ဘေးမှာမန်နေဂျာအဖြစ်နဲ့ အမြဲထောက်ပံ့ပေးခဲ့ပါတယ် ဘတ်ဂန်းဟာ အရမ်းအောင်မြင်နေပေမဲ့ စိတ်ထဲမှာတော့ နောင်တတရားတွေရှိနေခဲ့တယ်.. အဲဒီတော့ ကံကြမ္မာရဲ့လှည့်စားမှုကြောင့်လားပဲ သူအရင်ကလက်လွှတ်ခဲ့ရတဲ့ဟာတွေကို ပြန်ရလာပြီး နာမည်ကြီးဘဝကိုတော့ ဂျိုယွန်းကိုပေးလိုက်ရတော့တာပဲ Switch ဆိုပေမဲ့ အရင်ကြည့်နေကျ တခြားရုပ်ရှင်တွေလို ဝိညာဉ်ချင်း ခန္ဓာကိုယ်ချင်းလဲတာမဟုတ်ဘဲ ဘဝချင်းပါလဲသွားတဲ့ ဇာတ်လမ်းမို့ တစ်မျိုးတစ်ဖုံထူးခြားနေတာတော့ အမှန်ပါပဲ နာမည်ကြီးရာကနေ အရာမဝင်တော့တဲ့ဘဝရောက်သွားတဲ့ ဘတ်ဂန်းနဲ့ နာမည်ကြီးဖြစ်သွားတဲ့ဂျိုယွန်းတို့ရဲ့ အလွဲတွေကိုတော့ ရုပ်ရှင်ထဲမှာကြည့်ရင်း ရယ်မောလိုက်ကြပါဦးနော် Cast အနေနဲ့ကတော့ Kwon Sang Woo အပြင် မင်းသားကြီး Oh Jung Se, မင်းသမီး Lee Min Jung တို့လည်းပါဝင်ထားပါသေးတယ် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size…1.88GB | 850MB | 400MB Format… mp4 Duration….1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August

Drama • Thriller
6.2 2023 113 mins
Switch
The Invitation
6.5

အမျိုးသမီးဒါရိုက်တာ Karyn Kusama ရိုက်ကူးထားပြီး သရုပ်ဆောင် Logan Marshall-Green, Michiel Huisman, Tammy Blanchard နဲ့ Emayatzy Corinealdi တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်တဲ့ လျှို့ဝှက်သည်းဖိုစရာဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဝဲယ်လ်(Logam Marshall-Green)နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကီရာတို့နှစ်ယောက်ဟာ ဝယ်လ်ရဲ့ ဇနီးဟောင်းဖြစ်တဲ့ အီဒန် နဲ့ သူ့ရဲ့ခင်ပွန်း ဒေးဗစ် တို့ရဲ့ ညစားစားပွဲကိုသွားကြပါတယ်။ ဒါပေမယ့် ဝယ်လ်က အဲ့ဒီအိမ်မှာရှိခဲ့တဲ့ အတိတ်ကအဖြစ်အပျက်တွေကို မမေ့နိုင်သေးတဲ့အပြင် အီဒန်နဲ့ ဒေးဗစ်တို့ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကိုလည်း သံသယဝင်လာပါတော့တယ်။ဝယ်လ် သံသယဝင်နေသလိုပဲ သူတို့မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူတို့ရဲ့အတိတ်မှာရော ဘယ်လိုအဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာလဲဆိုတာကို လှည့်ကွက်များစွာနဲ့ ရင်တဖိုဖိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖို့ကြိုက်တတ်တဲ့ပရိတ်သတ်တစ်ယောက်ဆိုရင်တော့ ဒီဇာတ်ကားကိုကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ သွေးထွက်သံယိုနဲ့ ညစ်ညမ်းစကားလုံးများ ပါဝင်တာကြောင့် ငယ်လွန်းသူများကြည့်ဖို့ မသင့်လျော်ပါဘူးခင်ဗျာ။ File Size :(1.1GB) and (458MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre : Horror,Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Drama • Romance
6.5 2015 100 mins
The Invitation
DOA: Dead or Alive
5.2

၂၀၀၆ခုနှစ် အင်တာနက်တွေ သိပ်ခေတ်မထခင်တည်းက ကျွန်တော်တို့ စီဒီတွေ ဒီဗီဒီခွေတွေနဲ့ ကြည့်ခဲ့တဲ့ရတဲ့ ဖိုက်တာဇာတ်လမ်းလေးပါပဲ. အတော်များများလဲ မှတ်မိကြမယ်ထင်ပါတယ်.. မင်းသမီးဖိုက်တာဆိုတာ ဒါမျိုးလို့ဆိုရလောက်အောင် အသေဖိုက် အသေလန်းခဲ့တာပေါ့ဗျာ... ဒီကားထဲမှာ မင်းသမီးကို ရဲတွေဝင်ဖမ်းတော့ ပင်တီဝတ်ပြရင်း လျှပ်တပြက်ဖိုက်ပြလိုက်တာ နောက်ဆုံး သေနတ်နဲ့ပေါင်ကြားချိန်ပြီး ဘော်လီဇစ်တပ်ခိုင်းလိုက်တဲ့ အက်ရှင်ခန်းဆို မျက်လုံးထဲက မထွက်တော့တာမျိုးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့.. တကမ္ဘာလုံးက အတော်ဆုံးကိုယ်ခံပညာရှင်တွေကို DOAလို့အမည်ရတဲ့ သိုင်းပြိုင်ပွဲတခုကနေ ဖိတ်ခေါ်ခဲ့ပါတယ်. တကမ္ဘာလုံးကို ကိုယ်ခံပညာရှင်ပေါင်းစုံကလဲ ဒီပြိုင်ပွဲကို စိတ်ဝင်စားကြတယ်. အဲ့ဒီတော့ လာရောက် ယှဉ်ပြိုင်ကြတာပေါ့. ဒါပေမယ့် အဲ့ဒီပြိုင်ပွဲရဲ့ မူမမှန်မှုတွေကိုတော့ လာရောက်ယှဉ်ပြိုင်တဲ့ထဲက အချောအလှဖိုက်တာမလေး လေးယောက်က သတိထားမိပြီး ဖော်ထုတ်လိုက်တဲ့အခါမှာတော့...........။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Blake

Comedy • Drama • Romance
5.2 2006 87 mins
DOA: Dead or Alive
Winter Sleep
8.1

ဒီဇာတ်ကားကတော့ IMDB 8.1 ရရှိထားတဲ့ တူရကီဇာတ်ကားတစ်ကားပါ။ ဒရာမာကားမျိုးဖြစ်တယ်ဆိုပေမဲ့ ကိုရီးယားဒရာမာမျိုးနဲ့ လုံးဝမတူတဲ့ခံစားချက်ကိုပေးတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ အိုင်ဒင်ဆိုတဲ့ လူကြီးတစ်ယောက်၊ သူနဲ့အသက်တော်တော်ကွာပြီး တွေးခေါ်ပုံမတူသလို ဆက်ဆံရေးအဆင်မပြေတဲ့ မိန်းမဖြစ်သူ နီဟယ်နဲ့ ယောကျာ်းဖြစ်သူနဲ့ ကွာရှင်းထားတာမကြာသေးတဲ့ အိုင်ဒင်ရဲ့ညီမဖြစ်သူ နယ်ရှလာတို့သုံးယောက်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်ကားက rating 8.1 အထိရထားရတဲ့အကြောင်းက ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်နဲ့ သူတို့ကြားထဲကဆက်ဆံရေးကို အကောင်းဆုံးနဲ့ အပြောင်မြောက်ဆုံးပုံဖော်သွားနိုင်တာကြောင့်ပါ။ ဇာတ်လမ်းက ခပ်အေးအေးနဲ့သွားတယ်ဆိုပေမဲ့လဲ ဇာတ်ကောင်နှစ်ယောက်ကြားက ငြင်းခုံရန်ဖြစ်ရင်း ပြောသွားတဲ့စကားတွေက သူတို့ရဲ့နစ်မြုပ်နေတဲ့ ခံစားချက်တွေကို တဖြည်းဖြည်းနဲ့ပေါ်လွင်လာစေပြီး ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာကို ခွဲခြားရခက်စေပါတယ်။ ဒရာမာဆိုတဲ့အတိုင်း တစ်ကားလုံးဒရာမာတွေနဲ့ပြည့်နေသလို ကြည့်ရှုသူကို တစ်ချိန်လုံးအတွေးနယ်ချဲ့နေအောင် လုပ်နိုင်တဲ့ဇာတ်ကားဖြစ်ပြီး ၃ နာရီ ၁၆ မိနစ်အထိကြာတာကြောင့် မိသားစုဒရာမာကြိုက်သူတွေအတွက် လက်လွှတ်မခံဘဲ ကြည့်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.19 GB / 875 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 3h 16m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

8.1 2014 196 mins
Winter Sleep
Apocalypto
7.8

Apocalypto (2006) IMDb Rating (7.8 ) / Rotten Tomatoes (65%) လူ့သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံးဆိုတဲ့ ယဉ်ကျေးမှုတွေ၊ အဆောက်အဦတွေ ဖန်တီးနိုင်ခဲ့တဲ့ မာယာလူမျိုးတွေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ…. မာယာလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုလက်ရာတွေနဲ့ ကမ္ဘာကို အလှဆင်နိုင်ခဲ့ကြတယ်။ စာပေ အရေးအသားတွေဖန်တီးခဲ့ကြတယ်။ ပြက္ခဒိန်ကိုတောင် တီထွင်နိုင်ခဲ့ကြတယ်။ ဒီလို ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့လူမျိုးရဲ့ သမိုင်းကြောင်းကို ဂုဏ်ယူပြီး ပြန်ပြောနိုင်တဲ့သူ မရှိတော့လောက်အောင်ကို ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ။ ပညာရှင်တွေ တညီတညွတ်ထဲ လက်ခံထားကြတာကတော့ မာယာလူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားရတဲ့ အဓိကအချက်က စစ်ပွဲတွေကြောင့်တဲ့။ မာယာလူမျိုးတွေက သူတို့သွေးတူ မျိုးကွဲ ညီအစ်ကိုတွေနဲ့ တစ်နှစ်ပတ်လုံး စစ်တိုက်နေကြလို့ မျိုးသုဉ်းပျောက်ကွယ်သွားကြရတာလို့ ဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီး အကောင်းဆုံးညွှန်းဆိုပြရမယ့် ရုပ်ရှင်ဆိုရင်တော့ Mel Gibson ရဲ့ Apocalypto (2006) ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။ 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားကို မကြည့်ဖူးသူ မရှိသလောက်ပါပဲ။ ဒီကားဟာ ငယ်ငယ်က အသည်းစွဲကား ဖြစ်ပြီးတော့ အခုချိန်ထိကြည့်လည်း မရိုးသေးတဲ့ ဇာတ်ကားပါ။ Mel Gibson ရဲ့အကောင်းဆုံးကားတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါရိုက်တာ Mel Gibson ဟာ မာယာ Maya ခေတ် က လူမျိုးတွေအကြောင်းကို ရိုက်ချင်တဲ့အတွက် မာယာဘာသာစကားတွေကို လေ့လာသင်ယူခဲ့ရပါတယ်။ ဒီရုပ်ရှင်တစ်ခုလုံးက Maya ဘာသာစကားတွေနဲ့ပဲ ပြောထားတာပါ။ ရုပ်ရှင်သရုပ်ဆောင် တော်တော်များများကိုလည်း မာယာဘာသာစကားကို သင်ယူစေခဲ့ပြီးမှ ရိုက်ကူးစေခဲ့ပါသတဲ့။ ဒီရုပ်ရှင်ရိုက်ကူးဖို့ ပထမတော့ Costa Rica ဗင်နီဇွဲလား နိုင်ငံတွေမှာ သွားရိုက်ဖို့ စိတ်ကူးပေမယ့် တောနက်တာကြောင့် မက္ကစီကိုမှာသာ ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်အတွက် တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ လူသစ်တွေတွေကိုသာ ထည့်သုံးပြီး ရိုက်ခဲ့ပါတယ်။ Main Cast တော်တော်များများဟာ မက္ကဆီကန် မျိုးနွယ်စပ်တွေ အများစုဖြစ်ကြပါတယ်။ Jaguar Paw နေရာမှာ သရုပ်ဆောင်တဲ့ Rudy Youngblood ဟာ အမေရိကန်ဌာနေတိုင်းရင်းသား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ မိတ်ကပ်ပညာရှင်အများအပြားခေါ်သုံးခဲ့ရပြီး scene တစ်ခုရိုက်ဖို့ မိတ်ကပ်အတွက် ၆ နာရီလောက် အချိန်ယူပြင်ခဲ့ရပါသတဲ့။ Make up အတွက် Oscar စာရင်းဝင်ခဲ့ပါသေးတယ်။ ဒါရိုက်တာ Mel Gibson ဟာ ဒီကားအတွက် Maya ခေတ် မာယာထုံးတမ်းစဉ်ယဉ်ကျေုးမှုတွေ သိတဲ့ ပါမောက္ခတစ်ယောက်ကို ငှားရမ်းအသုံးပြုခဲ့ရပါတယ်။ ဒါရိုက်တာ Mel Gibson နဲ့ Farhad Safinia ကဇာတ်ညွန်းရေးပြီး ရိုက်ခဲ့တာပါ။ ဘတ်ဂျက် သန်း ၄၀ သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၂၀ ပြန်ရခဲ့တဲ့ထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဝေဖန်သမားတွေရဲ့ ချီးကျူးမှုလည်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…. အခါတစ်ပါး မာယာနိုင်ငံတော်ကြီးမှာ သဘာဝလွန် သဘောတရားတွေကြီးစိုးနေတာကြောင့် နတ်ဆရာလို နေဆရာလို ဆရာကြီးဆိုသူတွေက မိုးခေါင်တိုင်း အသီးအနှံမဖြစ်တိုင်း အားတိုင်းယားတိုင်း မမြင်ရတဲ့မိုးနတ်မင်းကို ပူဇော်ပသတယ်ဆိုပြီး မျိုးနွယ်တူ အားနည်းသူ တောထဲကမျိုးနွယ်စုတွေကိုဖမ်းခေါ်ပြီး အရှင်လတ်လတ် နှလုံးထုတ် ခေါင်းဖြတ်ခြင်းအလုပ်ကို စိတ်တိုင်းကျလုပ်နေပါတော့တယ်။ ဒီလိုနဲ့ ဖမ်းလာတဲ့ အထဲကမှ Jaguar Paw ကတော့ ဇာတ်လမ်းအရ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးခြင်းကိုခံရပြီး ယစ်ပူဇော်ခံရခါနီးမှာ မိုးအုံ့လာလို့ ကံကောင်းပြီး ယစ်စင်ပေါ်ကနေပြန်ဆင်းလာရပါတယ်။ ဒါပေမယ့် လူသတ်ရတာကို ထမင်းစားရေသောက်လိုဖြစ်နေတဲ့ အရိုင်းအစိုင်းခေတ်ကြီးမှာ သူတို့ကို ဒီတိုင်းပြန်လွှတ်ပါ့မလား…. ရေတွင်းထဲမှာ ကိုယ်ဝန်ကြီးနဲ့ပုန်းကျန်ခဲ့တဲ့ သူ့မိန်းမနဲ့ကလေးကရော မိုးတွင်းကြီးမှာ လွတ်မြောက်နိုင်ပါ့မလား… အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ အယူမှားတွေနဲ့ပြည့်နှက်နေပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်စောင်နေကြတဲ့ သူတို့ဘဝတွေက ဘယ်လောက်ထိရှင်သန်နိုင်ပါ့မလဲဆိုတာ…။ (ရုပ်ရှင်က R-Rated သတ်မှတ်ထားပြီး အသတ်အဖြတ်တွေက ကြမ်းတာကိုတော့ သတိပြုရပါမယ်။) ရုပ်ရှင်အညွှန်းအတွက် အင်တာနက်စာမျက်နှာပေါ်က အချက်အလက်တချို့ကို ကူးယူဖော်ပြထားပါသည်။

7.8 2006
Apocalypto
The End We Start From

အခြေအနေအကြောင်းကြောင့် မိုတီပျောက်နေသူတွေအတွက် reviewကောင်းတွေပိုင်ဆိုင်ထားတဲ့ The End We Start from ဆိုတဲ့ Survival ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဦးထူးဆန်းBenefict Cumberbatch လည်း supportingအနေနဲ့ ပါဝင်ထားတာဖြစ်လို့ မကြည့်ရသေးရင်တော့ tryကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ မိန်းမတစ်ယောက်အတွက် အနာကျင်ရဆုံး သေမင်းနဲ့အနီးဆုံးကာလတစ်ခုဖြစ်တဲ့ မီးဖွားချိန်ကျမှပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်းပဲ လန်ဒန်မြို့မှာ မုန်တိုင်းထန် ရေလွှမ်းပြီး ကပ်ဆိုက်ပါတော့တယ်။ သွေးနုသားနုမှာ ပြုစုယုယတာခံရမယ့်အစား ခင်ပွန်းဖြစ်သူနဲ့အတူ ရေဘေးကနေပြေးပြီး ယောက္ခမတွေနဲ့ အတူနေဖို့ဖြစ်လာတာပေါ့။ သဘာဝကပ်ဘေးနဲ့အတူလိုက်လာတဲ့ အစာရေစာရှားပါးခြင်းနောက်မှာ ခင်ပွန်းဖြစ်သူရဲ့မိဘနှစ်ပါးက အသက်ဆုံးသွားတာနဲ့အတူ ခင်ပွန်းကလည်း စိတ်ဓာတ်ကျပြီး သွေးနုသားနုဇနီးနဲ့သားလေးကိုထားရစ်ခဲ့တာခံရ၊ ကိုယ်တိုင်လည်း သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံထားရတော့ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှု အားငယ်မှုတွေပြည့်နေတဲ့တော့တာပေါ့။ ဒါပေမဲ့ သူကတော့ သူ့ကိုပဲအားကိုးရှင်သန်ရမယ့် ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်ဖြစ်နေတာကြောင့် ကြောက်ရွံ့တုန်လှုပ်ရင်း ပုန်းခိုနေလို့မရပါဘူး။ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ဘေး သူခိုးဓားပြတွေရဲ့ဘေးရန်အသွယ်သွယ်ကနေ အရရုန်းကန်လို့ ဒီကလေးငယ်လေးကို ကပ်ဘေးအသွယ်သွယ်ကနေအရကယ်ထုတ်မယ့် မိခင်တစ်ယောက်ရဲ့သတ္တိကို ဒီရုပ်ရှင်လေးကနေ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(845 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Thriller • Crime
0 2023
The End We Start From
The Haunted Hotel
5.5

cm ပရိသတ်ကြီးကို အင်ဒိုနီးရှား သရဲကား ကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့ “Panggonan Wingit” လို့လည်း ခေါ်ပါတယ်။ ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်က ဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေ ရရှိခဲ့ပါတယ်။ ဒီဟိုတယ်ရဲ့ တတိယထပ်မှာ အခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။ ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူက ပြောထားပေမယ့် ရိန်နာတစ်ယောက် ညဘက်ကြီး ငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါ အခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့ မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက် ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။ ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ ဘာတွေပတ်သတ်မှု ရှိနေတာလဲ….။ File size…1.37GB / 665MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2023 110 mins
The Haunted Hotel
The Town that Dreaded Sundown

ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ဂျေမီနဲ့ သူ့ချစ်သူ ကော်ရီပါပဲ။ ချစ်သူနဲ့ အတူရှိနေချိန် မိမိမျက်စိရှေ့မှာပဲ ချစ်သူကို ဆုံးရှုံးလိုက်ရသူ ဂျေမီက အမှုမှန်ပေါ်အောင် လိုက်လံဖော်ထုတ်ရင်း တစ်စတစ်စနဲ့ မထင်ထားတဲ့ အမှန်တရားတွေကို သိလိုက်ရချိန်မှာတော့.. တစ္ဆေက ဘယ်သူလဲ၊ ဘာလို့သတ်တာလဲ၊ ဘာလို့ ၆၅ နှစ်အကြာမှ ထပ်ပေါ်လာတာလဲ၊ မြို့ငယ်လေးနဲ့ တစ္ဆေကြား ဘယ်လို လျှို့ဝှက်ချက်တွေရှိနေတာလဲ၊ ဂျေမီကရော တစ္ဆေလက်ထဲက လွတ်အောင်ပြေးနိုင်ပါ့မလား.. ဆိုတာကိုတော့ လိုက်ပါစီးမျော အဖြေရှာကြည့်လိုက်ကြပါဦး။ (ဘာသာပြန်သူအတွက်ကတော့ ထင်သမျှလွဲတဲ့ကားပါပဲ။ ကိုယ်က ဒီလူလို့ထင်လိုက် သေလိုက်၊ ဟိုလူလို့ထင်လိုက် သေလိုက်နဲ့ နောက်ဆုံး တရားခံပေါ်လာတော့မှပဲ မှန်းတာလည်း ရပ်သွားပါတော့တယ်။) (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File size…(1.1 GB)/(571MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2014
The Town that Dreaded Sundown
Barefoot
6.6

Barefoot (2014) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ Comedy နဲ့ Dramaကိုရောစပ်တဲ့နေရာမှာလူသိများတဲ့ ဒါရိုက်တာ Andrew Fleming ရိုက်ကူးထားတာဖြစ်ပြီး Evan Rachel Wood နဲ့ Scott Speedman တို့က အတွဲညီညီ သဘာဝကျကျသရုပ်ဆောင်ထားကြပါတယ် Romance နဲ့ comedy ကိုအချိုးကျကျလေး ချစ်စရာကောင်းအောင် ပေါင်းစပ်ထားတဲ့ ခေတ်သစ်နတ်သမီးပုံပြင်လေးတစ်ခုလို့ပြောရင်လည်း ပုံကြီးချဲ့ရာမကျဘူးလို့ ရဲရဲကြီး အာမခံပါတယ် ဇာတ်လမ်းကတော့ လူကုံထံမိသားစုကလာတဲ့ ခပ်ဆိုးဆိုးဂျေးနဲ့တစ်သက်လုံးနီးပါးအိမ်ထဲမှာအပိတ်ခံထားရပြီး လောကကြီးအကြောင်းဘာမှနားမလည်တဲ့ ချစ်စရာ‌ဒေစီလေးရဲ့ စင်ဒရဲလားဆန်ဆန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် Japanese anime waifu တွေ Korea မင်းသမီးလှလှလေးတွေထက်ပိုပြီး ချစ်စရာမကောင်းရင်တောင် သူတို့ထက်လျော့စရာအကြောင်းမရှိဘူးလို့ပြောရလောက်အောင် မင်းသမီးလေးရဲ့ cuteness overload ဖြစ်နေမှုက အမေရိကန်ဇာတ်ကားတစ်ကားအနေနဲ့ တကယ်အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲ ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဆိုပေမယ့် တကယ့်ကို Emotional ဖြစ်စရာ Dialogue တွေကြောင့် ရည်းစားဟောင်းကို ပြန်လွမ်းမိတဲ့အထိ ဟက်ထိသွားနိုင်ပြီး ရည်းစားမရှိတဲ့လူတွေလည်း နွား‌ပွဲစားရှေ့ရောက်သလို တစ်ချိန်လုံးသွားကြီးဖြီးပြီးကြည့်ရင်ကြည့် မဟုတ်ရင် စောင်ကိုက်ပြီးကြည့်ရမယ့် ဇာတ်ကား‌ကောင်းလေးတစ်ခုဆိုတာအာမခံပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nice Guy မှ တင်ဆက်ထားပါတယ်။)

6.6 2014 90 mins
Barefoot
The Prosecutor
6.5

Ip Man မင်းသားကြီး Donnie Yen ရဲ့ ရှေ့နေကားသစ်ကြီးရပါပြီ။ Donnie Yen ကအစိုးရရှေ့နေလုပ်နေပြီဆိုပြီးတော့ အက်ရှင်တွေမပါဘူးလို့တော့မထင်လိုက်ပါနဲ့ (၆၁)နှစ်အရွယ်မင်းသားကြီးရဲ့လက်ရည်တွေကိုမြင်ရဦးမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိဟော့ဟာ တရားခံနဲ့ရှေ့နေတွေပူးပေါင်းပြီး တရားဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီးတော့ ပြစ်မှုကနေကွင်းလုံးကျွတ်လွတ်သွားတာကို ကြုံခဲ့ရပြီးနောက်ပိုင်းမှာ ရာထူးမှနှုတ်ထွက်ခဲ့ရတယ်။ အဲဒီနောက်မှာ သူကဥပဒေပညာကိုကြိုးစားသင်ယူပြီးတော့ အစိုးရရှေ့နေတစ်ယောက်ဖြစ်လာခဲ့တယ်။ တရားဥပဒေဌာနကိုရောက်တဲ့အခါမှာလဲ ဥပဒေကိုလက်တစ်လုံးခြားလုပ်တဲ့ မတရားမှုနဲ့ကြုံလာတဲ့အခါ သူ့ရဲ့တရားဥပဒေအပေါ်ခေါင်းမာတဲ့စိတ်နဲ့မတရားမှုကို တော်လှန်နိုင်ဖို့ကြိုးစားတဲ့အခါ အောင်မြင်လာနိုင်မလားဆိုတာကို အက်ရှင်တွေနဲ့စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

Animation • Comedy • Adventure • Family
6.5 2025
The Prosecutor
The Face of Another
7.9

The Face of Another (1966) ~ IMDb – 7.9/10, Rotten Tomatoes – 86% ~ Woman in the Dunes ရဲ့ စာရေးဆရာဖြစ်တဲ့ Kōbō Abe ရဲ့ ဝတ္တုကိုပဲ Hiroshi Teshigahara က ရိုက်ထားတာ Pitfall, Woman in the Dunes, The Face of Another, The Man Without a Map စသဖြင့် စုစုပေါင်း လေးကားရှိခဲ့တယ်။ ဒီကားတွေကြည့်ဖူးတဲ့လူတွေတော့ သိကြမှာပါ၊ ခိုဘိုအဘဲဟာ ဂျပန်ရဲ့ဖရန့်ကာဖ်ကာလို့ အနှိုင်းခံရတဲ့ စာရေးဆရာမို့ သူ့စာတွေကို ရိုက်ထားတဲ့ ဒီရုပ်ရှင်တွေက Metaphor တွေချည်း လှိမ့်သုံးထားတဲ့ နားလည်ရမခက်ပေမဲ့ မလွယ်တဲ့ကားတွေလို့ ပြောလို့ရတယ်။ ဒါကို ဂျပန်နယူးဝေ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ ဟိရိုရှိကလည်း ဒီဇာတ်လမ်းတွေကို အောင်မြင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ပထမ၃ကားလုံးက သူ့အအောင်မြင်ဆုံးရုပ်ရှင်တွေထဲပါခဲ့ပြီး နောက်ဆုံးတစ်ကားပဲ နည်းနည်းချာသွားခဲ့တယ်။ ဂျပန်နယူးဝေ့ဟာ ၁၉၅၆လောက်ကစခဲ့ပေမဲ့ ၁၉၆၀မတိုင်ခင်အထိ နယူးဝေ့ကားနည်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ Nagisa Ōshima ကစလို့ Seijun Suzuki တို့အဆုံး နယူးဝေ့ဒါရိုက်တာတွေ ဆက်တိုက်ဆိုသလိုရိုက်ခဲ့ကြတယ်။ ကျွန်တော်သတိထားမိသလောက်တော့ ဒီနယူးဝေ့ကားတွေမှာ အိုဇုတို့ ကူရိုဆာဝါတို့လိုမဟုတ်ဘဲ လိင်မှုခန်းတွေ လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းတွေကိုသာ ရဲရဲဝံ့ဝံ့ကို မြင်သာထင်သာ တင်ဆက်လာကြတယ်။ ဒီနယူးဝေ့ဟာ ဒါရိုက်တာက သူ့ရုပ်ရှင်ကို သူကိုယ်တိုင်လွတ်လပ်စွာ တင်ဆက်နိုင်ခွင့်ရှိတယ်ဆိုတဲ့ သီအိုရီကို ဂျပန်မှာ စမိတ်ဆက်ခဲ့တဲ့ ကာလဖြစ်ခဲ့တော့ ဒါရိုက်တာတွေ တော်တော်တော့ခက်ခဲခဲ့မှာပေမဲ့ Ōshima တို့၊ Suzuki တို့၊ Yoshishige တို့ဆို တော်တော်ရဲရဲတင်းတင်းကို ပြခဲ့ကြတယ်။ တချို့ဆို သူတို့ကားတွေကို အပြာကားလို့တောင် ထင်ခဲ့ကြတယ်။ Hiroshi Teshigahara ကတော့ ကြားကျကျပဲနေသွားခဲ့ပုံပါပဲ။ ပြတော့ပြပေမဲ့ ဟိုဘဲတွေလောက်တော့ မဟုတ်ဘဲ လိုအပ်တယ်လို့ သေချာတဲ့နားလောက်ပဲ ထည့်ခဲ့တယ်။ Hiroshi Teshigahara ရဲ့ The Face of Another ဟာ Woman in the Dunes လောက်တော့ မကောင်းဘူးလို့ ဆိုကြပေမဲ့ Tatsuya Nakadai ရဲ့ သရုပ်ဆောင်ချက်ကိုပါ ထည့်တွက်ရင် ကျွန်တော်တော့ Woman in the Dunes ထက်တော့ မညံ့ဘူးလို့မြင်တယ်။ ဇာတ်လမ်းကတော့ စက်ရုံပေါက်ကွဲမှုကြောင့် မျက်နှာစုတ်ပြတ်သတ်သွားတဲ့ အင်ဂျင်နီယာတစ်ယောက်ကနေ စတယ်။ သူ့မျက်နှာက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပြီးတဲ့နောက် သူ့မိန်းမကတောင် သူ့ကိုအလိုမပါတော့ဘဲ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ သူ့အတွက် တော်တော်ခက်ခဲနေခဲ့တယ်။ ဒီတော့ သူက သူ့စိတ်ကို သူအဖက်ဆည်ဖို့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ ပြတယ်။ ဒီဆရာဝန်က စိတ်ရောဂါကုဆရာဝန်ပေမဲ့ စစ်အတွင်းက လက်ပြတ်သွားတဲ့လူတွေကို လက်ချောင်းအသစ်တွေ လုပ်ပေးတာတို့ ဘာတို့လုပ်နေတဲ့ ဆရာဝန်။ သူက မျက်နှာမရှိတော့တဲ့လူကို မျက်နှာဖုံးတစ်ခုလုပ်ပေးခဲ့တယ်။ လူ့မျက်နှာလို တစ်ပုံစံတည်းဖြစ်နေတဲ့ မျက်နှာဖုံးပေါ့။ သူ့သီဝရီအရတော့ သူက မျက်နှာမရှိတဲ့လူဟာ လူတောတိုးဖို့ မျက်နှာလိုချင်တာလို့ပြောပေမဲ့ မျက်နှာဖုံးက သူ့စိတ်နဲ့ ခန္ဓာကိုပြန်ကြီးစိုးသွားမယ်လို့ ယူဆတယ်။ ဒီနောက်မှာတော့ မျက်နှာဖုံးကမျက်နှာလား၊ မျက်နှာက မျက်နှာဖုံးလား၊ မျက်နှာက မျက်နှာလား၊ မျက်နှာဖုံးက မျက်နှာဖုံးလား ဆိုတဲ့ အဖြေကို ကိုယ်တိုင်ရှာယူရမယ့် အခြေအနေကို ဆွဲခေါ်သွားတယ်။ ဒီရုပ်ရှင်မှာ ဒီဇာတ်နဲ့အပြိုင် သူ့အစ်ကိုနဲ့ပြန်အိပ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလည်းပါခဲ့ပါတယ်။ မူရင်းဝတ္တုမှာတော့ ဒီဇာတ်လမ်းဟာ အဓိကဇာတ်ကောင်က ရုပ်ရှင်ရုံမှာ ကြည့်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းအကြောင်းလည်း သူပြန်ပြောပြခဲ့တယ်။ အဓိကဇာတ်ကောင်က ဒီဇာတ်လမ်းကိုသိနေတယ်ဆိုတဲ့ အချက်ဟာ ဇာတ်ကောင်ကို အကဲဖြတ်ဖို့ ကျွန်တော်တို့အတွက်လိုတဲ့တစ်ချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 600MB Quality – WEBRip 720p, 480p IMDb Rating – 7.9/10 Format – mp4 Duration – 2H 4Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
7.9 1966 122 mins
The Face of Another
The Quiet Ones De lydløse
6.5

The Quiet Ones (2024) IMDb Rating (6.5) / Rotten Tomatoes (48%) ၂၀၀၈မှာ ကမ္ဘာ့စီးပွားရေးပျက်ကပ်က အမေရိကန်ကနေစပြီး တစ်ကမ္ဘာလုံးနီးပါးကို ပျံ့နှံ့လာခဲ့ပါတယ်။ ဒီအချိန်မှာ ဘဏ်တွေဟာ ခက်ခဲနေခဲ့တယ်။ ၂၀၀၈မှာ ဒိန်းမတ်နဲ့ဥရောပတစ်ခွင်က လူတစ်စု အတူတူပေါင်းပြီး ဒိန်းမတ်သမိုင်းမှာ အကြီးဆုံးဘဏ်ဝင်စီးမှုကြီးကို လုပ်ခဲ့ပါတယ်။ အခက်အခဲဆုံး ကာလမှာ အကြီးဆုံး ဘဏ်ဓားပြမှုကို လုပ်ခဲ့တဲ့လူတွေအကြောင်း ဒီရုပ်ရှင်မှာရိုက်ပြထားပါတယ်။ သူတို့တစ်ယောက်ချင်းစီ အခြေအနေတွေရော လူစုဖြစ်ကြပုံတွေရော ဘဏ်ဓားပြတိုက်ဖြစ်သွားပုံတွေရော ဘယ်လိုမိသွားလဲဆိုတာက အစပြထားတာမို့ ဘဏ်ဓားပြတိုက်ဖို့ မစဉ်းစားခင် မမှားသင့်တာမမှားရအောင် လေ့လာဖို့ တိုက်မယ်ဆိုလည်းပါဖက်ဖြစ်အောင်လေ့လာဖို့ ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2 GB) / (810 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama Duration….01:46:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Family
6.5 2024 110 mins
The Quiet Ones De lydløse
G20
5.1

G20 (2025) IMDb Rating (5.1) / Rotten Tomatoes (50%) The Woman King ထဲက မင်းသမီးကြီး Viola Davis ရဲ့ အက်ရှင်ကားသစ်ပါ။ အထာကတော့ White House Down တို့ London has fallen တို့လိုအထာပါပဲ။ ဂျီ-၂၀ အစည်းအဝေးလုပ်ချိန်မှာ ကမ္ဘာခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲတဲ့ဇာတ်လမ်းပါပဲ။ ဗီလိန်ကတော့ The Boys ထဲက ဟုမ်းလန်ဒါကြီးဖြစ်တဲ့ Antony Starr ပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ သမ္မတတွေကိုကယ်မှာ အထူးတပ်ဖွဲ့မဟုတ်ပါဘူး စစ်ပြန်ဘဝကနေ အမေရိကန်သမ္မတဖြစ်လာတဲ့ မင်းသမီးက ကယ်မှာပါ။ ဇာတ်လမ်းအကျဉ်း စစ်ပြန် စစ်သူရဲကောင်းအဖြစ်ကနေ သမ္မတဖြစ်လာတဲ့ ဒန်နီရယ်ဆက်တန်ဟာ တောင်အာဖရိကမှာ ဂျီ-၂၀ အစည်းအဝေးတက်ဖို့ သွားခဲ့ပါတယ်။ အဲဒီမှာပဲ အကြမ်းဖက်တစ်ဖွဲ့က ပိပိရိရိ ဝင်စီးပြီး ခေါင်းဆောင် ၂၀ လုံးကို ဓားစာခံအဖြစ် ဖမ်းပါတော့တယ်။ အကြံကတော့ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ဖျက်ပြီး ခရစ်ပတိုတွေနဲ့ ဘီလီယံနာ လုပ်ဖို့ပါပဲ။ နိုင်ငံခေါင်းဆောင်အကုန်ပါနေတော့ အပြင်က ကယ်ဆယ်ရေးတွေကလည်း အထဲကို ဝင်စီးဖို့ အရမ်းတွန့်နေရပါတယ်။ ဒါပေမဲ့ စစ်ပြန်ဖြစ်နေတဲ့ အမေရိကန် သမ္မတက ရုပ်ရှင်ထဲမှာတော့ စောင်ပေါမဟုတ်ဘဲ လွတ်သွားပြီး အခြားဝန်ကြီးချုပ်တွေ သမ္မတတွေကို ပြန်ကယ်တဲ့ဇာတ်လမ်းပါပဲ။ ဖြစ်နိုင်မဖြစ်နိုင်တော့ မမေးပါနဲ့ ပစ်တာခတ်တာချတာ ကောင်းကောင်းကြည့်ချင်ရင် ကြည့်လို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (6.1 GB) / (1.5 GB) / (862 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre… Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

Drama • Thriller • Comedy
5.1 2025
G20