YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Clerks.III.2022.720p.WEB-DL.DDP5.1.CM.mp4

811.07 MB 720p video/mp4 419 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Inspector Sun and the Curse of the Black Widow
6.8

"ပင့်ကူတွေ ပိုးတောင်မာတွေ ပုရစ်တွေကျတော့ပျော်မြူးနေကြပြီး... ပိုးဟပ်တွေကျတော့ ချောင်ထဲမှာ...ပုရွက်ဆိတ်တွေဆိုလည်း အမှိုက်သမားလေးတွေကိုဖြစ်လို့...မတရားဘူးကွ ပြောင်းလဲပစ်ရမယ်" ။ အင်းဆက်တွေကြားထဲမှာတောင် မညီမျှမှုတွေကိုယ်စီရှိနေတာကို မခံစားနိုင်တော့တဲ့ ကျိုင်းကောင် Red ကတော့ တရားမျှတမှုကို နည်းလမ်းမှားနဲ့ဆောင်ကျဉ်းပေးဖို့ ကြံစည်နေတဲ့ ရာဇဝတ်ကောင်အကြီးစားကြီးပေါ့။ Red ရဲ့ကျိုင်းအုပ်ကို သက်ဆိုးမရှည်အောင် စက်ရုံကြီးတစ်ခုလုံးကိုဖောက်ခွဲပြီး အပျောက်ဖမ်းမိတဲ့ စုံထောက် Sun ခမျာမှာတော့ ထမ်းပိုးထက်လက်ခကြီးပြီး မျက်နှာမရခြေထောက်ရ ဆိုသလို ရာထူးတိုးရမယ့်အစား အလုပ်ပါနားခံလိုက်ရပါတယ်။ အလုပ်ပြုတ်လို့ဘူပြီး New York ကို အပန်းဖြေခရီးလေးထွက်ဖို့လုပ်ခါရှိသေး ...အနောက်ကနေတကောက်ကောက်လိုက်တဲ့ fan အကြီးစားတစ်ယောက်ဝင်ရှုပ်လို့ လေယာဉ်လွတ်သွားပြီး San Fransisco လေယာဉ်ကိုပဲ ဘော်ဒါတစ်ယောက် ဒကာခံကောင်းမှုနဲ့ တက်လိုက်ခွင့်ရလိုက်ပါတယ်။ စုံထောက်ကံမကုန်သေးတဲ့ Sun အတွက် ရေကန်အသင့်ကြာအသင့်ဆိုသလို နာမည်ကောင်းပြန်ရစေမယ့် အခွင့်အရေးတစ်ခု မျက်စိလည်လာရတာကတော့ လေယာဉ်ပေါ်က လက်သည်မပေါ်တဲ့ လူသတ်မှုတစ်ခုကြောင့်ပါပဲ။ ဒါပေမယ့် ထင်သလောက်မရိုးရှင်းတဲ့အမှုမှာ သေဆုံးသူကတော့ Red ရဲ့ သိပ္ပံပညာရှင်ဟောင်းဖြစ်နေတဲ့အပြင် သံသယရှိသူတွေကလည်း တောင်လိုပုံပြီး ယုန်ထင်ကြောင်ထင်ဖြစ်နေရတဲ့ အခြေအနေမှာ ... လေယာဉ်ပေါ်ခိုးလိုက်လာတဲ့လူက Sun ကိုလေးစားတဲ့ စုံထောက်ဝါသနာရှင်ပင့်ကူမလေးအပြင် တခြားအန္တရာယ်ရှိ အင်းဆက်တွေအများကြီးရှိနေသေးတာကို သိလိုက်ရတဲ့အခါ... အတော်ကိုမှခေါင်းစားရတဲ့ မှုခင်းဇာတ်လမ်းလေးကို plot twist ကောင်းကောင်းလေးတွေ အခွီဇာတ်ဝင်ခန်းလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hnin Wut Yi ပါ။) File Size          : 2.3GB, 909MB, 526MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 28mins Genre              : Animation Translated by Hnin Wut Yi Encoded by Kinnov

Drama • Romance
6.8 2022 90 mins
Inspector Sun and the Curse of the Black Widow
The Doll
5.2

2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Doll သရဲကားတွေရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဓားပြမှုတစ်ခုမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံရပြီးတဲ့နောက်မှာ ကလေးမလေးရဲ့ဝိညာဉ်ကတော့ မကျွတ်လွတ်ဘဲ သူပိုင်တဲ့ အရုပ်ကလေးမှာ စွဲကပ်နေပါတယ်။ အဲဒီအနီးနားက လူတွေအားလုံးက ကလေးအရုပ်သရဲကို ကြောက်လန့်ပြီး သူနေဖို့ သစ်ပင်တစ်ပင်မှာ အရုပ်လေးကို ချိတ်ဆွဲပေးထားပါတယ်။ ဒန်နီရယ်နဲ့ အန်ယာတို့ လင်မယားကတော့ တခြားမြို့ကနေ သူ့ယောက်ျားရာထူးတိုးလို့ ပြောင်းလာကြတဲ့စုံတွဲပါ။ သရဲတစ္ဆေတွေကို အယုံအကြည်မရှိတဲ့ ဒန်နီရယ်က သူ့ရဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်က အရုပ်သရဲနေတဲ့ သစ်ပင်ကို လှဲခိုင်းလိုက်တဲ့အခါမှာတော့ ကလေးအရုပ်သရဲက သူတို့အိမ်ကို လိုက်လာပါတော့တယ်။ ကလေးအရုပ်သရဲက သူ့အပင်ကို လှဲလိုက်လို့ လိုက်လာတာလား။ တခြားအကြောင်းရင်းတွေရော ရှိနေသေးလား။ သူတို့နှစ်ယောက် ကလေးအရုပ်သရဲလက်ကနေ လွတ်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality…. 1080p | 720p | 480p File size…1.5GB | 703MB | 348MB Format… mp4 Duration….1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator .....Moh Moh Encoder .....August

5.2 2016 106 mins
The Doll
Mutant: Ghost War Girl
6.4

CM Chinese ပရိသတ်ကြီးအတွက် ခေတ်လွန်သိပ္ပံ စူပါဟီးရိုးဆန်ဆန်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့...... အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေပါပြီ။ ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါတယ်။ ဒီအမှုကိုစုံစမ်းသက်သေယူဖို့အတွက် မီဒူဆာအဖွဲ့မှာအသွင်ယူစုံစမ်းရင်း ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့ မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့ သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံ့လာပြီး မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကိုခံရပါတော့တယ်။ သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖို့အတွက် နိင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့ ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့ တိုက်ပွဲဟာစတင်လာပါတော့တယ်..... ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ...... မီဒူဆာအဖွဲ့အစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ...... ဆိုတာကိုမမလှလှတွေရဲ့ ဖိုက်တင်ခန်းအမိုက်စားတွေနဲ့ ဝေဝေဆာဆာကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6.4 2022 72 mins
Mutant: Ghost War Girl
Collateral Damage
5.7

မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein

Drama • Thriller
5.7 2002 108 mins
Collateral Damage
Gulliver Returns
5.7

ကလေးဘဝတုန်းက "ဂါလီဗာနဲ့ လူပုလေးများ"ဆိုတဲ့ အိပ်ရာဝင် ပုံပြင်ကို မကြားဖူးတဲ့သူမရှိပါဘူး လူပုလေးတွေနေတဲ့ ကျွန်းကိုရောက်ရှိသွားခဲ့တဲ့ ဂါလီဗာရဲ့အကြောင်းပေါ့ ဒီ Animationမှာတော့ ဂါလီဗာဟာ သူအရင်က ရောက်ရှိဖူး၊ အကူအညီပေးဖူးတဲ့နိုင်ငံတစ်ခုကို ပြန်လည်ရောက်ရှိသွားတဲ့အကြောင်း ရိုက်ကူးထား တာပါ။ အားလုံးသိထားတဲ့အတိုင်း ဂါလီဗာဟာ လူဘီလူးကြီး ဖြစ်ရမယ်၊ အဲဒီနိုင်ငံက တိုင်းသူပြည်သားတွေက ပိစိလေးတွေ ဖြစ်နေရမယ်၊ ဒါဟာ သမာရိုးကျပုံပြင်ပါပဲ၊ ထိုနိုင်ငံကို ဂါလီဗာ လာကူခဲ့စဉ်က သမိုင်းမှတ်တမ်းမှာလည်း ဒီအတိုင်းပါပဲ၊ဒါပေမဲ့နှစ်ပေါင်း၄၀ကြာထွက်သွားပြီးမှ ပြန်ရောက်လာတဲ့ ဂါလီဗာကြောင့် ထိုနိုင်ငံသားတွေ ဦးနှောက်ခြောက်ရပါတော့တယ်၊ ရှေးလူကြီးတွေရဲ့ ရှေ့ဖြစ်အဟောအရ နှစ်ပေါင်း ၄၀ကြာချိန်မှာ ဂါလီဗာပြန်ရောက်လာတာမှန်ပေမယ့် သူတို့မှတ်တမ်းထဲကလို ဧရာမလူဘီလူကြီးမဟုတ်ဘဲ သူတို့ရဲ့ရွယ်တူ ကောင်လေးတစ်ယောက် ဖြစ်နေလို့ပါ။ ကိုယ့်နိုင်ငံဆီ ဟောကိန်းအတိုင်းပြန်ရောက်လာတဲ့သူ၊ သူ့ကိုယ်သူဂါလီဗာလို့ တွင်တွင်ပြောနေတဲ့သူက တစ်သက်လုံးထင်လာသလို လူဘီလူးကြီး ဟုတ်မနေတာကြောင့် အတု အယောင်ဆောင်ဆိုပြီး မယုံကြသလို ဂါလီဗာကိုယ်တိုင်လည်း ဆွမ်းခံရင်းငှက်သင့်ဆိုတဲ့အတိုင်း လူဘီလူးအယောင်ဆောင်မှုနဲ့ ကွပ်မျက်ခံရမယ့် ကိန်းကိုဆိုက်သွားပါတယ်။ ဒါပေမဲ့ အကောင်းထဲကအဆိုးလို့ ပြောရမလိုပဲ ဂါလီဗာကွပ်မျက်ခံရခါနီးမှ နိုင်ငံကြီးကို စစ်အင်အားနဲ့ တိုက်ခိုက်သိမ်းပိုက်ခံရမယ့် အခြေအနေတစ်ခုပေါ်လာတဲ့အခါ ဂါလီဗာအတုဆိုတဲ့ ဂါလီဗာနဲ့ တိုင်းသူပြည်သားအပေါင်းတို့ တူတူပူးပေါင်းပြီး တိုက်ပွဲဝင်ရပါတော့တယ်။ Animation ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စရာတွေအများကြီးပါသလို ဂါလီဗာဆိုတဲ့ ဇာတ်ကောင်နဲ့လိုက်ဖက်တဲ့စွန့်စားခန်းတွေ အက်ရှင်တွေကိုလည်းမြင်ရမှာဖြစ်လို့ ပိတ်ရက်မှာ မိသားစုနဲ့ဖြစ်စေ ချစ်ရသူနဲ့ဖြစ်စေ တစ်ကိုယ်တည်းဖြစ်စေ စိတ် လက်ပေါ့ပါးစွာ ရယ်ရယ်မောမော ကြည့်ရှူအပန်းဖြေနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (800MB) Quality__WebDL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:30:00 Type__Animation, Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Adventure • Science Fiction
5.7 2021 90 mins
Gulliver Returns
3.5th Period
5

"မင်းနဲ့အတူရှိနေရတာဆိုရင် အချိန်တွေရပ်တန့်နေလဲရတယ်" ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာရှိတဲ့ ရှင်းအထက်တန်းကျောင်းမှာ ၃ချိန် နဲ့ ၄ချိန် ကြား လျှို့ဝှက်ချက် တစ်ခုရှိနေခဲ့ပါတယ် ၃.၅ ချိန် ဆိုတဲ့ အချိန်တွေက ၁၀ ဆနှေးပြီး ၁၀ မိနစ်က မိနစ် ၁၀၀ ဖြစ်နိုင်တာမျိုးပါ ဘတ်အာဂျင်းက အဲ့ ၃.၅ ချိန်ဆီ ရုတ်တရက်ရောက်လာခဲ့ပြီး အဲ့အချိန်အတွင်းမှာ ပိတ်မိနေတဲ့ ကျောင်းသားဂန်ဒါဝွန်းနဲ့ တွေ့ခဲ့ပါတယ်။ ၃.၅ ချိန်ကနေ ဂန်ဒါဝွန်းလွတ်မြောက်နိုင်ဖို့အတွက် အာဂျင်းက ထိုနေရာတွေ ရှိနေသော လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားပါတယ် ဒါမဲ့ 3.5ချိန်က လျှို့ဝှက်ချက်ကို လူတွေ မသိအောင် ကျောင်းက အကြီးအကဲတွေကိုယ်တိုင် လျှို့ဝှက်ထားတာမို့...... ၃.၅ ချိန်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနိုင်မလဲ ပြီးတော့ ဒါဝွန်းကရော အဲ့အချိန်ကနေ လွတ်မြောက်နိုင်ပါ့မလား.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Yeong Cherry ပဲ ဖြစ်ပါတယ်။ Genre.....Mystery, Fantasy, Romance Quality….WEB-DL 1080p and 720p File size… 1.5GB and 800MB and 300MB Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Su Yeoung Cherry Encoder .....August

Action • Crime
5 2022 105 mins
3.5th Period
Venom
6.8

Plot Eddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိ တစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးက သူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာ သူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။ Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။ Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။ Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။ အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။ မင်းသား Tom Hardy က Eddie အနေနဲ့ တော်တော်လေး မိုက်ပေမဲ့ အစပိုင်းမှာတော့ Tom Hardy ပိုဆန်နေတယ်လို့ထင်တယ်။ သူ့ ပုံမှန် acting စတိုင်နဲ့ တွေ့ရတာ များတယ်။ ဒါပေမဲ့ နောက်ပိုင်း Venom နဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ တော်တော်မိုက်တယ်။ နောက် ဇာတ်လမ်းနဲ့ဇာတ်ညွှန်းမှာ တစ်ခါတစ်လေ သိပ်အားမရဖြစ်ပါဘူး။ တချို့ဇာတ်ဝင်ခန်းတွေက နည်းနည်းလေး ရှည်နေသလို သိပ်ပြီး မလိုအပ်သလို ခံစားရတယ်။ နောက်ဆုံးတစ်ခုကတော့ Visual ပိုင်း။ Venom နဲ့ Riot တို့ ဗြင်းကြတဲ့အခန်းတွေမှာ တော်တော်လေး ကြည့်ရအဆင်မပြေဘူး။ ညဘက်ကြီး မည်းမည်းအကောင် ၂ ကောင် ချတာကို 3D နဲ့ အနီးကပ်မြင်ရတော့ ကြုံးတော့ ကြုံးနေတာပဲ ဒါပေမဲ့ ဘာမှန်းညာမှန်း သိပ်မသဲကွဲဘူး။ Venom Character ကြီးက ပုံဖော်ထားတာ မိုက်တော့ မိုက်ပေမဲ့ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုးပဲ။ (Spidey logo, maybe??) သဘောကျမိတာတွေဆိုရင်တော့ Venom ဟာ MCU ကားတွေလိုမဟုတ်ဘူး။ Dark, brutal ဖြစ်တယ်။ PG-13 နဲ့ သွားတယ်ဆိုတော့ နောက်ပိုင်း Tom Holland ရဲ့ Spider-Man နဲ့ တွဲမတွဲ မပြောတတ်ပေမဲ့ ကျွန်တော့ စိတ်ထဲကတော့ သွားမတွဲဘဲ သက်သက် ခွဲထွက်တာမျိုး ပိုလိုချင်မိတယ်။ Venom နဲ့ Eddie တို့နှစ်ယောက်ကြားက ချိတ်ဆက်မှု နဲ့ တစ်ယောက်ကို တစ်ယောက် မှီတီနေမှုကို ပြသွားတာလည်း တော်တော်လေးကောင်းတယ်။ တစ်ချက်တစ်ချက် ရယ်နေရတာများတော့ သိပ်ကြီးအဆင်မပြေပေမဲ့ still awesome ပဲ။ Visual တွေဆိုလည်း အများစု ကောင်းတယ်။ ရဲတွေနဲ့ ဗြင်းတဲ့အခန်းဆို တော်တော်လေး အားရဖို့ကောင်းတယ်။ Venom ရဲ့ strength ကို တော်တော်လေးမြင်ရတယ်။ Venom နဲ့ Eddie နေရာက Tom Hardy ကလည်း အစပိုင်းလေး နည်းနည်း အဆင်မပြေသလိုဖြစ်သလောက် နောက်ပိုင်းတွေမှာ တကယ့် perfect cast ပဲ။ Venom ဟာ တကယ့် perfect ဖြစ်တဲ့ ကားတစ်ကားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆိုးဝါးနေတဲ့အထဲ ပါတဲ့ကားတစ်ကားလည်း မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကတော့ တစ်ကားလုံးနီးပါး enjoy ဖြစ်ခဲ့တဲ့ ကားတစ်ကားပါ။ - KPK DatShin: 3/5 IMDB: 7.1/10 Rotten Tomatoes: 31% (ရုပ်ရှင်အညွှန်းကို DatShin Fb Page မှ ကူးယူဖော်ပြပါသည်။) File size…(3 GB) / (2 GB) / (1.5 GB) Quality….BluRay 4K HEVC / HEVC 1080p / 720p Format…mkv/mp4 Duration….01:52:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Drama • TV Movie
6.8 2018 112 mins
Venom
Cold War
7.5

Cold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။ Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ကျွန်တော်တို့ကိုပြန်ပေးတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay 5.1CH Duration - 1hr 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, History, Music Source : 1080p.BluRay Translator – WiRa Aung Encoder – SWM

Drama • Sci-Fi & Fantasy
7.5 2018 88 mins
Cold War
Storks
6.6

ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သို့မဟုတ် ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို့ ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို နှုတ်သီးဖြင့် သယ်ယူလာပြီး အိမ်ခေါင်းတိုင်မှ ဖြစ်စေ အိမ်ရှေ့တံခါးမှ ဖြစ်စေ ပို့ပေးဖူးတယ်လို့ ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်.... ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပို့တဲ့ အလုပ်တွေ မလုပ်တော့ပါဘူး Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပို့ပေးတဲ့ Stork.com က ပစ္စည်းပို့ဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ :D ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို့ ခေါ်ကြပြီး သူတို့ အားလုံးရဲ့ Boss ဟာ ဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်.... ငှက်ကြားဖြူ အားလုံးထဲမှာ မှ FA ဖြစ်ပြီး အလုပ်ကြိုးစားတဲ့ သူကတော့ ဂျူနီယာ လို့ခေါ်တဲ့ ငှက် ပါ သူဟာ သံယောဇဉ် တွယ်စရာမရှိပဲ အလုပ်ကို တာဝန်အကျေဆုံး ထမ်းဆောင် တက်သူ ဖြစ်ပြီး အမိန့်လဲ လိုက်နာတက်သူပါ တစ်ရက်မှာတော့ ဂျူနီယာကို ဘော့စ် ဖြစ်သူ ဟန်တာ မှ ရုံးခန်းအတွင်း ခေါ်ရောက် တွေ့ဆုံပြီး ဂျူနီယာ သည် အလုပ်ကြိုးစားသူ ဖြစ်သော ကြောင့် ဘော့စ် နေရာတွင် တာဝန်ထမ်းဆောင်စေမည် ဖြစ်ပြီး သူတို့ဆီတွင် ပို့ရမည့် လိပ်စာပျောက်ပြီး ငယ်စဉ်ကတည်းက သောင်တင်နေသော မိဘမဲ့ ကလေး ကျူးလစ် ကို နှင်ထုတ်ပစ်ရန် တာဝန်ကိုပါ ပူးတွဲပေးလိုက်ပါတယ် အဓိပ္ပါယ်ကတော့ ဂျူနီယာ သည် ကျူးလစ်အား နှင်ထုတ်နိုင်ပါက ဘော့စ် နေရာကို ရမှာ ဖြစ်ပါတယ်... အမိန့်လိုက်နာတက်သော်လဲ သနားကြင်နာတက်သော ဂျူနီယာ တစ်ယောက် Stork.com တွင် အပိုအရှုပ်ထုပ်ဖြစ်ပြီး ဘာမှ မယ်မယ်ရရ သုံးစား မရသော မိဘမဲ့ ကလေး ကျူးလစ်အား ဘယ်လို နှင်ထုတ်မလဲ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ.... ဒီကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦး ဖြစ်သူ Bro Chan ပဲ ဖြစ်ပါတယ်... (သစ်ဆန်းခန့်)

Drama • Western
6.6 2016 87 mins
Storks
Charlotte
6.4

Charlotte (2021) ~ IMDb – 6.4/10, Rotten Tomatoes – 71% ~ Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။ Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး “ဘဝလေလား ပြဇာတ်လေလား” လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ပန်းချီကားပေါင်းများစွာနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒီပန်းချီတွေကို သူပန်းချီသေချာဆွဲတတ်စ နှောင်းပိုင်းကနေ တစ်သက်လုံးအားထုတ်ရေးဆွဲခဲ့တာပါ။ သူဟာ အသက် ၂၆အထိပဲ နေသွားရပေမယ့် ဒီကာလတိုတိုလေးအတွင်းမှာ ဒီပန်းချီကားပေါင်းများစွာကို မနားမနေအားထုတ်ရေးဆွဲသွားခဲ့တဲ့ အနုပညာရှင်ပါပဲ။ Keira Knightley က Charlotte အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ အနုပညာကိုချစ်ခြင်းဟာ အကောင်းဆုံးဘဝနေနည်းလို့ ဆိုခဲ့ကြပေမဲ့လဲ လက်တွေ့ဘဝမှာ အနုပညာချည်းသက်သက်ကို တွယ်ဖက်ပြီး ရှင်သန်ဖို့သာ အခက်ခဲဆုံးအရာတစ်ခုပါပဲ။ ဒီရုပ်ရှင်ဟာ ပန်းချီအနုပညာကို ချစ်ခဲ့တဲ့ ပန်းချီအနုပညာကို တွယ်ဖက်ခဲ့တဲ့ အမျိုးသမီးပန်းချီဆရာမတစ်ယောက်ရဲ့ ရင်နင့်စရာ ဖြစ်ရပ်မှန်ကို animation အနေနဲ့ အသက်သွင်းထားတဲ့ ရုပ်ရှင်ပါ။ ပန်းချီကိုချစ်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်းဟုတ်ပါတယ်။ ရင်နင့်စရာကောင်းအောင် လှပတဲ့ရုပ်ရှင်လို့လည်း တစ်ချို့ကဆိုကြပါတယ်။ ဒီရုပ်ရှင်ဟာ ဟယ်ရီပေါ်တားရဲ့ Narcissa Malfoy, Peaky Blinder ရဲ့ Polly Gray တို့အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အချစ်ကိုရရှိခဲ့တဲ့ Helen McCrory ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်နဲ့ဟန်အတော်ဆင်တဲ့ ရုပ်ရှင်ဖြစ်တဲ့ Loving Vincent မှာလည်း Louise Chevalier အဖြစ် အသံသရုပ်ဆောင်ခဲ့သေးပါတယ်။ ကြွေသွားတဲ့ ကြယ်တစ်ပွင့်ရဲ့ နောက်ဆုံးရုပ်ရှင်အနေနဲ့လည်း ခံစားကြရမှာပါ။ ဘဝဟာ လူတိုင်းအတွက် ကောင်းခြင်းတွေပဲ ပေးမနေပါဘူး။ ဘဝဟာ ကိုယ့်ကို အမြဲတမ်းချစ်ပေးမနေပါဘူး။ အရေးကြီးတာကတော့ ကိုယ်က ဘဝကို ချစ်နေဖို့ပါပဲတဲ့။ ဒီရုပ်ရှင်ဟာ ဘယ်လိုအကြောင်းအရာလဲ စာတစ်ကြောင်းနဲ့ ဖော်ပြခိုင်းခဲ့ရင်တော့ ကျွန်တော်ပြောနိုင်တာက… ဒီရုပ်ရှင်ဟာ ကံဆိုးမိုးမှောင်တွေကြားမှာ ဘဝကိုချစ်ရင်း အနုပညာကိုချစ်ရင်း လောကဓံကို အစိမ်းလိုက်ရင်ဆိုင်ရဲခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 32Min Genre – Animation Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Comedy • Family • Science Fiction
6.4 2021 92 mins
Charlotte
Oh My Ghost! The Fierce Escape from Covid-19

Oh My Ghost! The Fierce Escape from Covid-19 (2021) ကျိန်စာမိလာတဲ့ မဟာဒေဝီကြီးတစ်ယောက် အာခွေတို့သားအမိ ပိုင်ဆိုင်တဲ့ ဟိုတယ်ကို တည်းတဲ့ညမှာတင် မကြံဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ အဲမကြုံဖူးတဲ့အဖြစ်အပျက်ကြီးကို ဖြေရှင်းနေဆဲမှာတင် မွေးနေ့ပွဲတက်ခဲ့တဲ့ အာခွေတို့သားအမိဟာ ကိုဗစ်စည်းကမ်းချက်အရ ဟိုတယ်ကို ၁၄ ရက် ပိတ်လိုက်ရပါတော့တယ်။ ခိုကိုးရာမဲ့လုလု အာခွေတို့သားအမိနှစ်ယောက်ကို ကယ်တင်ဖို့ ပန်ကိတ်မလေး ရောက်လာတဲ့အခါမှာတော့…… ကိစ္စက ရှင်းသွားရမှာမဟုတ်ဘဲ ထင်တာထက်ပိုနက်နဲနေတဲ့အခါ….. အာခွေတို့သားအမိ ပဟေဠိအဖြေညှိနိုင်ပါ့မလား။ ပန်ကိတ်ကရော ဘယ်လောက်အထိ ကူညီပေးနိုင်မှာလဲ။ ပြဿနာတွေက မဟာဒေဝီရဲ့ ကျိန်စာနဲ့များ ဆက်စပ်နေမလား။ မဟာဒေဝီကရော ဘယ်သူလဲ။ ဘယ်ကလာလို့ ဘာကျိန်စာတွေမိခဲ့တာလဲ။ ပုံမှန်သရဲတွေတင်မဟုတ်ဘဲ ဇွန်ဘီးတွေပါ ပါလာတဲ့အခါမှာတော့ ….. ဒါတွေကို သူတို့ဖြေရှင်းနိုင်ပါ့မလား။ ဆိုရှယ်ဒစ်စတန်းဆင်းဆိုပေမယ့် ပန်ကိတ်မတို့ အခေါ်တစ်ခေါက်မတို့ တစ်သိုက် ဘယ်လိုဗရုတ်ကျဦးမလဲဆိုတာ အရယ်မရပ်ရစေဘဲနဲ့ ကြည့်ရှုခံစားကြရဦးမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror Quality…. 720p File size… 792MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

Romance • Comedy • Fantasy
0 2021
Oh My Ghost! The Fierce Escape from Covid-19
Moonwalkers
6.1

၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လူသားသမိုင်း တစ်လျှောက်အကြီးမားဆုံး အောင်မြင်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ အမေရိကန်နိုင်ငံက လွှတ်တင် လိုက်တဲ့ အာကာသယာဉ် အပိုလို ၁၁ ပေါ်က အာကာသယာဉ်မှူး နှစ်ယောက်က ကမ္ဘာ့ပထမဆုံးလပေါ်ခြေချဖူးတဲ့ လူ ၂ ယောက် အနေနဲ့ ဆင်းသက်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမယ့် အဲ့လို ဖြစ်လာဖို့ ဆိုတာကတော့ လွယ်ကူတဲ့အရာမဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့ ပထမဆုံးလပေါ် ခြေချနိုင်တဲ့ နိုင်ငံဖြစ်နိုင်ဖို့ အမေရိကန် နိုင်ငံက ရှရှားနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။အဲ့လို လပေါ် အဲ့လို ဆင်းသက်ဖို့ ကြိုးစားခဲ့ကြတဲ့တကယ့် အကြောင်းအရာတွေနဲ့ စိတ်ကူးယဉ် ဟာသဇာတ်လမ်းဇာတ်ကွက်တွေကိုပေါင်းစပ်ပြီး Harry Potter ထဲကမင်းသား Rupert Grint နဲ့ ဇာတ်ကြမ်း မင်းသားကြီး Ron Perlman တို့အဓိကပါဝင်ရိုက်ကူးထားတဲ့ ၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ဟာသ အက်ရှင်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ လကမ္ဘာသွားတဲ့အကြောင်းကို အခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက် Moonwalkers ဖြစ်ပြီး IMDb Rating ကတော့ 6.1 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ပေါတောတောရော့ခ်တီးဝိုင်း တစ်ခုရဲ့ မန်နေဂျာဖြစ်တဲ့ ဂျွန်နီကအကြွေးလည်ပင်းနစ်နေပြီး သူ့ကို ပိုက်ဆံရှာပေးနေတဲ့ တီးဝိုင်းကလည်း သူ့ကို မန်နေဂျာရာထူးကနေ ထုတ်တော့မယ်ဆိုတော့ အကြံအိုက်ပြီး ဘာလုပ်လို့လုပ်ရမှန်း မသိ သောကပတ်လည်ဝိုင်းနေပါတော့တယ်။တစ်ဖက်မှာလည်း အပိုလို ၁၁ ကိုလပေါ်လွှတ်တင်တော့မဲ့ အမေရိကန်က မအောင်မြင်မှာကို စိုးရိမ်တာက တစ်ကြောင်း ရှရှားကလည်း အသည်းအသန်လပေါ်လူလွှတ်တင်ဖို့ ကိစ္စလုပ်နေတာက တစ်ကြောင်းနဲ့ အကြံအိုက်နေကြပါတော့တယ်။အဲ့ဒါကြောင့် မပြောကောင်းမဆိုကောင်း အခုလွှတ်တင်မဲ့ အာကာသယာဉ် မအောင်မြင်ခဲ့ရင်တောင်မှ တစ်ကမ္ဘာလုံးကိုဂျင်းထည့်ပြသဖို့ အတွက် မကြာသေးခင်ကမှစိတ်ကူးယဉ်အာကာသသိပ္ပံရုပ်ရှင် ရိုက်ကူးထားတဲ့ နာမည်ကြီး ဒါရိုက်တာကျူးဘရစ်ကို လပေါ် ဆင်းသက်တဲ့ ရုပ်ရှင်ရိုက်ခိုင်းဖို့ကြံပါတော့တယ်။ဒီလိုနဲ့ CIA အေးဂျင့်ကစ်ဒ်မန်းကို ပိုက်ဆံတစ်ထုပ်နဲ့ ဒါရိုက်တာကျူးဘရစ်နဲ့ တွေ့ဖို့ လွှတ်လိုက်ပါတော့တယ်။တိုက်ဆိုင်ချင်တော့ အေးဂျင့် ကစ်ဒ်မန်းဒါရိုက်တာကျူးဘရစ်နဲ့တွေ့ဖို့ ရောက်လာတဲ့အချိန်မှာ ဂျွန်နီကလည်း ပိုက်ဆံချေးဖို့ အဲ့ဒီရုံးခန်းထဲကို ရောက်နေတာနဲ့ တိုးပါလေရော။အေးဂျင့်ကစ်ဒ်မန်းကလည်း ဂျွန်နီ့ကို ဒါရိုက်တာ လက်ထောက် ထင်ပြီးပိုက်ဆံထုတ်ကြီး ပြလိုက်တော့ ဂျွန်နီ ကလည်း ဂျင်းထည့်မဲ့ အစိုးရကို တစ်ဖန်ပြန်ဂျင်းထည့်ရင်းနဲ့ ဂျင်းသံသရာတွေ လည်ကုန်ပြီး ဘယ်လိုရယ်မောစရာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို တွေ့ရဦးမလဲဆိုတာကို ကြည့်ရမဲ့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.39GB / 682MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Drama
6.1 2015 107 mins
Moonwalkers
The Mouse Trap
5.5

အဲလက် က Funheaven လို့ခေါ်တဲ့ ကလေးကစားကွင်း တစ်ခုက ဝန်ထမ်းပါ။ တစ်ရက်မှာတော့ သူ့သူငယ်ချင်း ၈ ယောက်က အဲလက်အတွက် Surprise မွေးနေ့ လုပ်ပေးဖို့ ကစားကွင်းတစ်ခုလုံးကို တစ်ညနေစာ ငှားလိုက်တယ်။ သူတို့မသိခဲ့ကြတာက အဲဒီအချိန်မှာပဲ မစ်ကီမောက် ဝတ်စုံ စိတ္တဇ လူသတ်သမားတစ်ယောက်က သူတို့နဲ့အတူတူရှိနေခဲ့တယ်။ ဒီဇာတ်ကားမှာတော့ ကစားကွင်းထဲက စိတ္တဇ လူသတ်သမား လက်ကနေ အဲလက်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လို လွတ်လမ်းရှာနိုင်မလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းကိုတော့ သူငယ်ချင်းအုပ်စုထဲက အသက်ရှင်ကျန်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ ရီဘက်ကာ က ဇာတ်ကြောင်းပြန်ပြော ထားတဲ့ ပုံစံမျိုး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဆိုတော့ အတူတူခံစားလိုက်ကြရအောင်လားခင်ဗျာ။ File size…1.22GB / 682MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2024 80 mins
The Mouse Trap
Stree 2: Sarkate Ka Aatank Stree 2
7.6

Stree 2 (2024) “ဆတ္ထရီ ၂” imdb 7.6/24k တချို့သော ဝင်ငွေကောင်းတဲ့ နာမည်ကြီးရုံတင်ကားတွေထက်ကို ရုံတင်ဝင်ငွေသောက်သောက်လဲရပြီး အောင်ပွဲခံခဲ့တဲ့ မင်းသမီးချောလေး Shraddha Kapoorရဲ့ ရုံတင်ကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ၂၀၁၈ကထွက်ခဲ့တဲ့ Stree (2018)ရဲ့ အဆက်ပေါ့။ “အို ဆတ္ထရီ မနက်ဖြန်မှ လာခဲ့ပါ”လို့ ချန်ဒေရီမြို့က အိမ်တိုင်းရဲ့ရှေ့မှာ စာရေးထားရလောက်တဲ့ထိ သောင်းကျန်းခဲ့တဲ့ သရဲမလေး။ ညဘက်ကြီး အပြင်ထွက်တဲ့ ယောကျ်ားသားတွေ နောက်ပြန်လှည့်ကြည့်တဲ့အခါ ဖမ်းစားတတ်တဲ့သရဲမလေး။ အပ်ချုပ်သမားလေး ဗစ်ကီချစ်ခဲ့ရတဲ့သရဲမလေး။ ဒီရုပ်ရှင်မှာတော့ ပထမကားအပြီး နှစ်အနည်းငယ်အကြာနဲ့ ဆက်ပါတယ်။ ပျောက်ကွယ်သွားတဲ့ ဆတ္ထရီကိုပဲ မေ့ပျောက်မရသူ မောင်ဗစ်ကီတစ်ယောက် လွမ်းဆွတ်မှုနဲ့အတူ တမ်းတနေရချိန်။ ဘယ်ကမှန်းမသိတဲ့ စာတစ်စောင်ရောက်လာတာက “သူ ပြန်လာပြီ”တဲ့။ ဘာမှ အဓိပ္ပါယ်သိပ်မရှိတာမို့ ဗစ်ကီတစ်ယောက် မေ့မေ့ပျောက်ပျောက်နဲ့နေရင်းက ဇာတ်အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Horror • Drama
7.6 2024
Stree 2: Sarkate Ka Aatank Stree 2