YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Chutney Sambar S01E04 1080p YK(CM).mp4

1.02 GB N/A video/mp4 54 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Autumn in New York
6.1

နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်း ဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာ အစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။ တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။ သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီး အသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကို သူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama • Romance
6.1 2000 103 mins
Autumn in New York
Mudbound
7.4

IMDb Rating - 7.4/10 ဒီကားက သရုပ်ဆောင်တွေက တော်တော်တော့မိုက်ပါတယ်။ ပထမဆုံးတစ်ယောက်အနေနဲ့ ဂတ်စ်ဘီကားနဲ့ အားလုံးအချစ် ခံခဲ့ရတဲ့ ဒေစီတစ်ဖြစ်လဲ Carey Mulliganဟာ တကယ့်ထိပ် တန်းမင်းသမီးလို့‌ ပြောလို့ရပါ့မလား သေချာတော့မသိပေမဲ့ သရုပ်ဆောင်အရာမှာတော့ အခုထိလည်း ကိုယ့်ကိုယ်ကိုယ် တစ်စထက်တစ် သွေးနေတုန်း၊ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင် တဲ့ မင်းသမီးဆိုတာတော့ သေချာပါတယ်။ နောက် ဂတ်စ်ဘီကားမှာပဲ ဒေစီ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းမရဲ့ ယောက်ျားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Clarke လည်းပါပါတယ်။ သံသရာတစ်ပတ်လည်ပြီး ဒီထဲမှာတော့ သူတို့၂ယောက်လင်မယားဖြစ်လာခဲ့တာပါ။ နောက် Tron မင်းသား Garrett Hedlundနဲ့ လူမဲဘဝသရုပ်ဖော်ကားဆိုတော့ သရုပ်ဆောင်ကောင်းတဲ့ လူမဲတွေတော်တော်ပါပါတယ်။ ဇာတ်ပို့ ဇာတ်ဆောင်အကောင် သရုပ်ဆောင်တာတွေက သူ့နည်းသူ့ဟန်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ ဒုတိယကမ္ဘာ စစ်ကာလရယ် လူမဲဖိနှိပ်ခံဘဝရယ်ကို ဖော်ပြဖို့ ကျေးလက်ဒေသက လယ်ယာစိုက်ပျိုးရေးနဲ့ တွဲဖက်ပုံဖော်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မီးက သူ့ဘာသာလောင် လူတွေကလည်း သူ့အပူနဲ့ သူ့စားဝတ်နေရေး သူ့အတ္တအတွက် သူ့ဘာသာလောင်နေတဲ့ကာလ တစ်ခုပေါ့။ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစု တစ်စုကို လူငှားချပြီး အနိုင်ကျင့်တာတွေကို ကျွန်တော်တို့မြင်ရတယ်။ လူဖြူမိသားစုက ညီငယ်က ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြန်လာတဲ့အချိန် လူမဲမိသားစုက သားကြီးကလည်း ပြန်လာခဲ့တယ်။ သူတို့၂ယောက်မှာ တူညီတာက စစ်ရဲ့အနိဠာရုံတွေကို‌ ‌ကြောက်တဲ့စိတ် အခုထိကျန်နေ သေးတာပဲ။ မတူညီတာကတော့ ဘဝတွေပေါ့။ စိတ်ဒဏ်ရာတူညီတဲ့ သူတို့က သူငယ်ချင်းတွေဖြစ်လာကြတယ်။ ဒါပေမဲ့ လူမဲကိုနိမ့်ကျတယ် ထင်တဲ့ လူဖြူတွေက မကြည်ကြဘူး။ ဒီလိုနဲ့ နောက်ဆက်တွဲတွေဖြစ်လာ တယ်။ ဒီဇာတ်လမ်းကိုမှ တော်တော်ကြည့်ကောင်းအောင် ရက်ရက်စက် စက်ပုံဖော်ထားတာပါ။ ခရမ်းချဉ်သီး ၉၇လုံးရထားတဲ့ဇာတ်မို့ မကောင်းမှာ တော့ ပူစရာမရှိပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.7 GB) / (685 MB) / (397 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hr 14Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......WiRa Aung Encoder..........Zin Phyo Aung

Comedy • Romance
7.4 2017 135 mins
Mudbound
Sand Castle
6.5

ရည်မှန်းချက်ကြီးကြီးမားမားမရှိဘဲ တက္ကသိုလ်တက်ဖို့ ငွေမရှိလို့ စစ်တပ်ထဲ ဝင်လာရပြီး၊ အီရတ်စစ်ပွဲကို မလိုက်ချင်တဲ့အတွက် ကိုယ့်လက်ကိုပြန်ချိုးနေတဲ့ အမေရိကန်စစ်သားလေး  တစ်ယောက်ရှိတယ်.. အီရတ်စစ်မြေပြင်ဆိုတာကလည်း သိတဲ့အတိုင်း အရပ်သားနဲ့ ရန်သူမကွဲဘဲ ပစ်ချင်တဲ့သူက ပစ်သတ်နေတာဆိုတော့ အဲ့ဒီမှာ တာဝန်ထမ်းဆောင်တဲ့ စစ်သားတွေ အတွက် အချိန်မရွေးအသက်ပျောက်နိုင်တဲ့အနေအထားပါ.. သို့ပေမဲ့လည်း ဒီစစ်သားလေးဟာ အီရတ်စစ်တလင်းကိုရောက်ရှိသွားခဲ့တယ်.. တကယ်စစ်မြေပြင်ရောက်တဲ့အခါမှာတော့ သူဘယ်လိုတွေကြုံရမလဲ.. အသက်ရောရှင်ပါ့မလား.. အီရတ်တွေနဲ့ မြေပြင်မှာ တကယ်တွေ့ကြုံရတဲ့အခါမှာ သူအမြင်တွေ ဘယ်လိုရှိမလဲ.. File Size : (2.1GB)(834MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:53:00 Genre : Action ,War ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

Horror • Thriller
6.5 2017 113 mins
Sand Castle
Thor: Ragnarok
7.6

Thor ဇာတ်ကားတွေက ၂၀၁၁ နဲ့ ၂၀၁၃ တုန်းက ဆက် တိုက်ထွက်ရှိခဲ့ပြီး အခုတတိယမြောက်မှာ ဒါရိုက်တာ တိုက်ကာ ဝိတ်တီက ဘယ်လိုဇာတ်အိမ် တည်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ချ်၊ ကိတ်ဘ လန်ချက်၊ ခရစ္စဟမ်းစ်ဝေါ့သ်၊ ကန်လန်စီဘရောင်းစသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲမို့ စိတ်ကူးယဉ် သိပ္ပံ၊ စွန့်စားခန်း၊ ဟာသ၊ အက် ရှင်ရသတွေကို အပြည့်အဝခံစား ရဦးမှာပါ။ဆိုကိုဗီးယားစစ်ပွဲအပြီး ၂ နှစ်အကြာမှာ သော ဟာမီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကိုခံထားရပါ တယ်။ သောရဲ့ ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရမှာ မဟုတ်တဲ့အကြောင်းနဲ့ အရာအား လုံးကို သူ့ရဲ့မီးလျှံနဲ့ ဖျက်ဆီးပစ် မယ်လို့ ဆာတာကပြောပေမယ့် သောဟာ ဆာတာကို အနိုင်ယူနိုင် ခဲ့ပါတယ်။ အက်စ်ဂါ့တ်ကို ပြန်ရောက်ခဲ့ တဲ့ သောဟာ မွေးစားညီအစ်ကို လိုကီကို အကူအညီတောင်းပြီး သူ့အဖေကို ရှာတဲ့အခါ ကမ္ဘာမြေပေါ်က နော်ဝေးမှာရှိနေတယ်ဆို တာ သိသွားပြီး လိုက်သွားပေမယ့် သူ့အဖေ အိုဒင်ကတော့ မရှိတော့ပါဘူး။ အိုဒင်ဟာ နှစ်ပေါင်းများစွာကတည်းက အကျဉ်းကျနေတဲ့ သူ့ရဲ့ သမီးဦး ဟီလာကိုပြန်လွှတ်ပေးပြီး နောက်ဆုံးမှာ ဟီလာဟာ အက်စ်ဂါ့တ်ကို ချေမှုန်းမယ့် ရန်သူအဖွဲ့ရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။ဟီလာဟာ သောရဲ့ လက်စွဲတော်တူကို ဖျက်ဆီးပစ်ခဲ့သလို သောနဲ့ လိုကီကိုလည်း အာကာ သထဲအရောက်ပို့ပြီး အပြတ်ရှင်းဖို့လုပ်ပါတော့တယ်။နောက်တော့ အက်စ်ဂါ့တ် ကို ဟီလာရောက်သွားပြီး အက်စ်ဂါ့တ်က စစ်တပ်တွေကို ဖျက်ဆီး ပြီးတော့ သူနဲ့ ဟိုးအရင်တုန်းက တိုက်ခိုက်ဖူးတဲ့ သေသူကို ပြန်ရှင်အောင်လုပ်ပြီး သူ့လက်အောက်ခံလက်မရွံ့ ဘက်တော်သားအဖြစ် လုပ်စေခဲ့ပါတယ်။အက်စ်ဂါ့တ်ကို စိတ်ကြိုက် ဖျက်ဆီးပစ်ဖို့လုပ်နေတဲ့ ဟီလာ ကို သောတစ်ယောက်တားဆီးနှိမ် နင်းနိုင်မှာလားဆိုတာကို စူပါဟီးရိုးဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အမိုက်စားအထူးပြုလုပ်ချက်တွေနဲ့အတူ ဆက်ကြည့်လိုက်ဦးနော်။ ++++++++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(3.3 GB)/(1.6 GB)/(1.2 GB) Quality…IMAX 4K HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….02:10:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo & Tariq

Drama
7.6 2017 131 mins
Thor: Ragnarok
Martial Universe

အားလုံးသိကြတဲ့ Yang Yang(ယန်ယန်)ရဲ့2018ကထွက်ရှိခဲ့တဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီနော် လွန်ခဲ့တဲ့နှစ်ရာကျော်တုန်းက တာအိုသခင်ကြီးက နတ်ဝိညာဉ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပေမဲ့ အမှတ်မထင် လောကတံခါးကို ဖွင့်ချမိခဲ့တယ်၊ ဒီလိုနဲ့ တစ်ခြားကမ္ဘာခြား မှော်မိစ္ဆာက ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီးကို ကပ်ဘေးစိုက်စေခဲ့တယ်။ ဒီလိုနဲ့ တာအိုသခင်ကြီးက တပည့်ရှစ်ဦးကိုဦးဆောင်ပြီး မှော်မိစ္ဆာကို တိုက်ခိုက်ချိတ်ပိတ်ခဲ့တယ်၊ဒါပေမဲ့ နှစ်ရာချီကျော်လွန်ပြီးနောက်မှာတော့ မှော်မိစ္ဆာက သွေးဆူလာခဲ့တော့တယ်။ မှော်မိစ္ဆာပြန်လည်ထကြွလာတဲ့အခါ ကမ္ဘာကြီးပျက်သုန်းခြင်းကပ်ဘေးဆိုက်ရောက်မှာဖြစ်ပါတယ်။ တစ်ဖန် မှော်မိစ္ဆာကိုသုတ်သင်ရှင်းလင်းဖို့ လူ့ပြည်ဆင်းသက်လာကြတဲ့ တာအိုဆရာအဖွဲ့အစည်းနဲ့ လင်သုန်းဆိုတဲ့ ပေါ့ပျက်ပျက်ကောင်လေးတို့ တွေ့ဆုံခဲ့ကြတယ်၊ အဲ့ဒီအချိန် တာအိုသခင်ကြီးက လင်သုန်းကို အဖွဲ့အစည်းဂိုဏ်းထဲဝင်ပြီး ဂိုဏ်းအကြီးအကဲရာထူးဆက်ခံဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ ... -မှော်မိစ္ဆာကိုဘယ်သူကဇီဝိန်ခြွေနိုင်မလဲ -လင်သုန်းကရော ဘယ်လိုရဲစွမ်းသတ္တိလမ်းကိုခင်းမလဲဆိုတာ အသေးစိတ်ကို ဆက်လက်ကြည့်ရှုခံစားပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK

Drama • Romance
0 2018 81 mins
Martial Universe
Vicky Cristina Barcelona
6.8

IMDb----7.1/10 မင်းသမီးချော စကားလက်ဂျိုဟန်ဆန် ငယ်ရွယ်နုပျိုစဥ်အခုတုန်းကရိုက်ထားတဲ့ဇာတ်ကားလေးပါ ဘာစီလိုနာမြို့မှာအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ ဘာစီလိုနာရဲ့မြို့အလှမြင်ကွင်းတွေကိုသေချာမြင်တွေ့နိုင်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြတဲ့သူငယ်ချင်းနှစ်ယောက် ဘာစီလိုနာမြို့ကို နွေရာသီအားလပ်ရက်အနားယူဖို့ရောက်လာရာကနေ ဇနီးဟောင်းနဲ့သမုဒယကြိုးတွေမပြတ်နိုင်သေးတဲ့ စပိန်ပန်းချီဆရာတစ်ယောက်ကိုတစ်ပြိုင်တည်း စိတ်ဝင်စားမိရာက အချစ်နဲ့ဘဝရဲ့ ပဟေဠိတွေကို အဖြေရှာကြတဲ့အကြောင်းလေးပါ မင်းသမီးချော စကားလက်ဂျိုဟန်ဆန်ရဲ့ Lost in translation 2003ကိုကြိုက်နှစ်သက်ကြသူတွေဆို ဒီကားလေးကိုလဲ သဘောကျပါလိမ့်မယ် ကြည့်ပြီးတာနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဇာတ်ကားအပေါ်ခံစားရပုံခြင်းမတူကြပဲ အချစ်နဲ့ဘဝရဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုတွေးမိနေစေမယ့်ဇာတ်ကားလေးပါ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Tz

Action • Comedy • Romance
6.8 2008 96 mins
Vicky Cristina Barcelona
Bakit Di Mo Sabihin
6.7

Bakit Di Mo Sabihin(2023) ************************ မင့်ဂ်နဲ့ နတ်တ်တို့ဟာ နှစ်ယောက်လုံး စကားမပြောတတ်ကြပေမယ့် အသည်းနှလုံးကပြောတဲ့ ဘာသာ စကားကို နားလည်သူတွေဖြစ်တဲ့အတွက် သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ မင့်ဂ်က တောကတက်လာတဲ့သူဖြစ်ပြီး နတ်တ်က လူချမ်းသာမိသားစုကဖြစ်ပေမယ့် ချစ်ခြင်းတရားတဲ့ဖွဲနှောင်ထားတဲ့ ချစ်သူနှစ်ဦးကို ဂုဏ်ဒြပ်တွေက ခွဲခြားပစ်နိုင်စွမ်းမရှိသေးပါဘူး။ စကားမပြောတတ်ကြပေမယ့် ချစ်ခြင်းတရားကြောင့် တစ်ဘဝထူထောင်လိုက်တဲ့ သူတို့နှစ်ယောက်ဆီကို အိမ်သားတွေထပ်မံတိုးပွားလာချိန်မှာတော့ လောကဓံရဲ့ရိုက်ခတ်မှုကို တဖြည်းဖြည်းနဲ့ရော၊ မြန်မြန်ဆန်ဆန်ပါ ခါးစည်းခံလာရပါတယ်။ ဒီလိုလောကဓံတရားတွေကြားမှာ သိပ်ချစ်ရတဲ့ ချစ်သူနှစ်ဦးအတွက် အရင်ကလို ပျော်စရာတွေရှိပါဦးမလား၊ အခက်အခဲတွေကြားမှာ ချစ်ခြင်းနဲ့ နားလည်မှု ဘယ်သင်းက ပိုအရေးပါလဲ ဆိုတာတွေကို ဆွတ်ပျံကြည်နူးဖွယ်ရာ၊ လွမ်းမောဖွယ်ရာ ရိုက်ကူးထားတဲ့ ဖိလစ်ပိုင် အချစ်၊ ဒရာမာ၊ ဘဝသရုပ်ဖော် ဇာတ်ကားလေး ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အများစုရိုက်ကူးထားတာဖြစ်တာကြောင့် လှပပြီးအရိုင်းဆန်တဲ့ သဘာဝ ရှုခင်းများစွာကို ခံစားကြည့်ရှုရမှာပါ။ စကားမပြောတတ်တဲ့သူများအပေါ် အလေးပေးပြီးနားလည်ပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ File Size :(2.07GB)& (845MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:30:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

6.7 2023 120 mins
Bakit Di Mo Sabihin
A Christmas Carol
6.8

A Christmas Carol(2009) IMDb….6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် .. အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေ စုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်း Forrest Gump ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်……ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၃)ဆုလည်းရရှိခဲ့တယ်… Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်… …Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်… …သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်… ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ…. ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ… ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ.. ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်.. ခလေးတွေအတွက်တော့ ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ… ကိုင်းခံစားကြည့်လိုက်ပါဦးနော်… File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather Oo

Drama • Crime
6.8 2009 94 mins
A Christmas Carol
La Confesion

La Confesion / Confessions of a Cam Girl (2024) IMDb – 6.0/10 ခရစ္စတင်းဆိုတဲ့ ကျောင်းသူလေးက မိဘတွေစကားကိုနားထောင်တဲ့ စာတော်တဲ့ကျောင်းသူလေးတစ်ယောက်။ မိဘနှစ်ပါးစလုံးက သူတို့မတက်ခဲ့ရတဲ့ ကောလိပ်ကျောင်းတော်ကြီးကို သမီးဖြစ်သူ ခရစ္စတင်း တက်ဖို့အရေး အဖက်ဖက်က ဝိုင်းဝန်းထောက်ပံ့အားပေးနေကြတဲ့ စိတ်အားထက်သန်ကြသူတွေ။ ခရစ္စတင်းရဲ့ မိဘတွေရဲ့စိတ်အားထက်သန်မှုနဲ့ မတူညီနေတာက ကောလိပ်မတက်ဘဲ ပဲရစ်ကိုသွားပြီး ဒီဇိုင်နာလုပ်ဖို့ အိပ်မက်ရှိနေပါတယ်။ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ကောလိပ်စရိတ်ထဲကနေ ထောက်ပံ့ပေးဖို့ပြောပေမဲ့ မိဘတွေက လုံး၀လက်မခံကြပါဘူး။ ဒီလိုနဲ့ပဲ ပဲရစ်က ဖက်ရှင်ပရိုဂရမ်တစ်ခုမှာ တက်ဖို့အရေး လိုချင်တဲ့ငွေပမာဏရအောင် XPဆိုတဲ့ ဖော်ချွတ်အက်ပ်တစ်ခုမှာ အကောင့်ဖွင့်ပါတော့တယ်။ အဲဒီကစလို့ သူ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားပြီး ရင်ဆိုင်လာရတာတွေနဲ့အတူ မင်းသမီးချောလေးရဲ့ ရှိုက်ကြီးရှိုက်ငယ် အသွယ်သွယ်ကို ရှုမြင်ရင်း ခံစားကြည့်ရှုကြပါဦး။ (ဒီရုပ်ရှင်ကို aungmo3hanက ဘာသာပြန်တင်ဆက်ထားပါတယ်) Genre….. Crime, Thriller Quality…. 1080p | 720p File size… 1.3GB | 629MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3hanက Encoder ….. Aaron

0 2024
La Confesion
Frozen
7.4

Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။ ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။ သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။ သူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။ အဓိက စီစဉ်သူကတော့ Weselton နယ်စားကြီး ဖြစ်ပြီး Arendelle နိုင်ငံကနေ အကျိုးအမြတ်တွေ မျှော်ကိုးနေတဲ့သူပါ။ နန်းတော်ကြီးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်တဲ့ အချိန်မှာ Anna တစ်ယောက် မြို့တော်ကြီးရဲ့ လမ်းတွေကြားထဲ လျှောက်သွားရင်း တောင်ပိုင်းကျွန်းတွေက မင်းသား Hans နဲ့ တွေ့သွားပါတယ်။ သူတို့နှစ်ဦး အဆင်ပြေပြီး Elsa ရဲ့ နန်းတက် ညစာစားပွဲမှာ Hans က Anna ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမယ့် Elsa က သူ့ညီမကို Hans နဲ့ သဘောမတူတာကြောင့် ညီအစ်မနှစ်ယောက် ပြဿနာဖြစ်ကြပြီး ဒေါသကြောင့် Elsa ရဲ့ စွမ်းအားတွေ ပေါ်သွားပါတယ်။ သူ့မိဘမှာခဲ့တဲ့ အမှာစကားကို ချိုးဖောက်ပြီး သူ့ရဲစွမ်းအားတွေကို လူကြားထဲမှာ ပြလိုက်မိတဲ့ Elsa ဟာ တုန်လှုပ်သွားပြီး ရှိရှိသမျှ စွမ်းအားတွေ အကုန်ထုတ်လွှတ်လိုက်မိပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။ သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။ Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။ လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့ သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့ ဝံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။ Annaကရော သူ့အစ်မကို ပြန်ရှာတွေ့နိူင်ပမှာလား၊ သူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊ Aredelle နိူင်ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့ ကျိန်စာက လွတ်နိူင်ပါ့မှာလား၊ Annaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို စိတ်ဝင်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ်။ Disney ရဲ့ ထုံးစံအတိုင်း ဇာတ်ပို့ဇာတ်ကောင်တွေ၊ လှလှပပ မြင်ကွင်းတွေနဲ့ ချစ်စရာ ဇာတ်ကောင်တွေကို အားပြုပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ IMDB Rating 7.4 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 90% ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ File size… 4.3 GB / 1.4 GB / 720 MB Quality… BluRay 4K / 1080p / 720p Format… mp4 / mkv Duration…. 1h 40m Genre ….. Animation/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Esther Van Sui Par

7.4 2013
Frozen
The Dark Eye
5.5

cm ပရိသတ်ကြီးကို Psycho Horror ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ..။ ဒီဇာတ်ကားမှာ လော်ရန်ဆိုတဲ့ ကောင်မလေးနဲ့ ဒန်နီရယ်ဆိုတဲ့ MMA နာမည်ကြီး နပန်းသမား ကောင်လေးတစ်ယောက် အိမ်ထောင်ရက်သားကျပြီး နောက်ပိုင်း ရသမျှ ကိုယ်ဝန်အဖတ်မတင်ဘဲ အကြိမ်တိုင်း ပျက်ကျခဲ့ပြီး သုံးကြိမ်မြောက် ပျက်ကျပြီးနောက်ပိုင်းမှာတော့ လော်ရန်ဟာ Postmortem Depression လို့ခေါ်တဲ့ ပြင်းထန် မီးဖွားပြီး စိတ်ကျ ရောဂါ ဖြစ်လာခဲ့ပါတယ်။ ဒီလိုရောဂါဟာ ထင်ယောင်ထင်မှား အမြင်မှားတွေ ဖြစ်တာနဲ့အတူ စိတ်တက်လွယ် ကျလွယ်ဖြစ်တဲ့အပြင် ဘေးပတ်ဝန်းကျင်က သူတွေသာမက ကိုယ်တိုင်အတွက်ပါ ဘေးဒုက္ခ ဖြစ်နိုင်တဲ့အထိ အန္တရာယ် ကြီးပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ သူတို့တွေဟာ နာမည်ကြီး စိတ်ကုထုံးဆရာမ တစ်ယောက်ဖြစ်တဲ့ ကရီနာဆိုတဲ့ စိတ်ဆရာဝန် ဖွင့်လှစ်ထားတဲ့ လူသူဝေးရာ Resort Clinic ဆီကို လာခဲ့ကြပါတယ်။ ကုသမှုခံယူနေချိန်မှာ ပြင်ပနဲ့ အဆက်အသွယ် မလုပ်ရတဲ့အပြင် ဖုန်း/အင်တာနက် ဘာမှအသုံးပြုခွင့် မပေး ထားတာကြောင့် ဒန်နီရယ်အနေနဲ့ လော်ရန်နဲ့ အတူစောင့်နေဖို့ မဖြစ်နိင်လို့ ပြန်သွားခဲ့ပါတယ်။ လော်ရန်အနေနဲ့ ကုသမှုကို ခံယူနေရင်း သက်သာသလို ရှိလာတဲ့ အချိန် သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရပါတယ်။ ဒီအချိန်မှာပဲ သူတို့ဆေးခန်းဆီကို ဖိတ်ခေါ်မထားတဲ့သူတွေ ရောက်လာခဲ့ပါတယ်။ ဒီလူတွေက လော်ရန်ရဲ့ အရင်က ပျက်ကျသွားခဲ့တဲ့ ကိုယ်ဝန်တွေနဲ့ ဘယ်လိုဆက်စပ်မှု ရှိနေတာလဲ..။ လော်ရန်နဲ့ ဒန်နီရယ်တို့ ဘယ်လိုဘေးအန္တရာယ်တွေ ကျရောက် လာဦးမလဲ ဆိုတာကိုတော့….။ File size… (1.23GB) / (744MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
The Dark Eye
Manorajyam
6.9

Manorajyam (2024)”ယုံကြည်မှု” ========================= ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဒရာမာရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ မာနူကတော့ ဩစတြေးလျမှာနေထိုင်တဲ့ ကီရာလာမြိုက စီးပွားရေးသမားတစ်ယောက်ပါ။ သူဟာ ဩဇီမှာပဲတွေ့တဲ့ မာလျာလမ်ကောက်မလေးတစ်ယောက်နဲ့ပဲ လက်ထပ်ထားပြီး ဘဝကို ပုံမှန်ဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ မာနူဟာ သူ့ရဲ့ လူရှုပ်သူငယ်ချင်းတစ်ယောက်ကြောင့် သူ့မိန်းမကိုသူ သံသယဝင်လာပြီး သစ္စာရှိမရှိစမ်းသပ်ဖိုကြိုးစားရာကနေ သူ ဆက်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်။ သူ့ရဲ့သံသယတွေက မှန်နေလား ဒါမှမဟုတ် သံသယလွန်ကဲမှုကြောင့် မဖြစ်သင့်တာတွေဖြစ်မှာလား၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကို ပရိသတ်တွေ ကြည့်ရှုခံစားနိုင်ဖို CM Bollywood အဖွဲသားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Drama
6.9 2024 107 mins
Manorajyam
The Unborn Child
6

The Unborn Child (2011) *********************** ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ The Unborn Child ဆိုတဲ့ ထိုင်း Horror ဇာတ်ကားကောင်းလေးကို CM ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်…ဒီဇာတ်လမ်းလေးကတော့ ထိုင်းမှာဖြစ်ပွားခဲ့တဲ့ အရက်စက် အဆိုးရွားဆုံး ဖြစ်ရပ်မှန်တစ်ခုကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်… ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုရဲ့ ရေခဲတိုက်လိုအခန်းတစ်ခုမှာ တရားမဝင် ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေကပို့ပေးထားတဲ့ သေဆုံးပျက်စီးနေပြီးသား သန္ဓေသားလောင်း ၂,၀၀၂ လောင်း ရှာဖွေတွေ့ရှိတဲ့ ဖြစ်စဉ်ကြောင့်…ပညာပေးတဲ့အနေနဲ့ရော နောက်ထပ်ဒီလိုမျိုးဖြစ်ရပ်တွေ ပပျောက်သွားဖို့ ရည်ရွက်ချက်နဲ့ ဒါရိုက်တာက ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————- သတင်းဓာတ်ပုံဆရာ ထရီနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကျောင်းဆရာမ ဖင်မ်တို့နှစ်ယောက်ဟာ သမီးဖြစ်သူ ယယ်မိုင်လေးကို ကျောင်းပို့ကျောင်းကြိုတဲ့အချိန်မှာ ယယ်မိုင်လေးက ထူးဆန်းတဲ့စကားတွေ ပြောလာခဲ့ပါတယ်… မောင်လေးကို အိမ်ခေါ်လာချင်တယ်လို့ တဖွဖွပြောဆိုနေတဲ့ သမီးဖြစ်သူကြောင့် ကလေးရဲ့စိတ်ကျန်းမာရေးကို မိဘတွေ စိတ်ပူပန်လာခဲ့ရပါတယ်…တစ်ချိန်တည်းမှာပဲ ဖင်မ်ရဲ့ ကျောင်းသား‌တွေဖြစ်တဲ့ ဘုံနဲ့ခမ်တို့ကလည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတဲ့အခါ လူငယ်တွေ ထုံးစံအတိုင်း အတွေ့အကြုံရှိတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်…အကုသိုလ်ကို မမြင်နိုင်သော်ငြား ပြုထားတဲ့မကောင်းမှုတွေစုပြုံလာတဲ့ တစ်ချိန်မှာ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုတဲ့ လောကဓမ္မတာတရားအတိုင်း ကျူးလွန်သူတွေဆီကို အပြစ်ဒဏ်ဟာ တစ်နည်းနည်းနဲ့ ပြန်ရောက်လာပါတော့တယ်…ဒါပေမဲ့လည်း မဆီမဆိုင် ထရီနှင့်ဖင်မ်တို့ရဲ့ သမီးလေးဆီမှာမှ ဘာလို့ ဒီလိုထူးဆန်းတဲ့ ထိတ်လန့်ဖွယ်ရာတွေ တွေ့ကြုံလာရတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကြည့်ရင်း ဆက်လက်အဖြေရှာလိုက်ရအောင်နော်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Reddy ဖြစ်ပါတယ်… File Size : 1.47GB / 482MB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:39:00 Genres : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Heather Oo

Action • Adventure
6 2011 92 mins
The Unborn Child
God with Three Eyes
6

League Of Gods Universe ထဲကအာ့လန်နတ်ဆိုတဲ့ စစ်နတ်ဘုရားတစ်ပါးနဲ့ ရေနဂါးတို့ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှေးလွန်လေပြီးသောနှစ်ပေါင်းများစွာတုန်းက ရေနဂါးမိစ္ဆာဘုရင်က (၃)လောကကိုဖျက်ဆီးပြီး အရှင်သခင်ဖြစ်ဖို့ကြိုးစားလာတဲ့အခါ ရှန်ကုန်းနဲ့ကွေဖူဆိုတဲ့နတ်မင်း(၂)ပါးကသူ့ကိုတားခဲ့ကြတယ်။ အဲဒီသမိုင်းတွင်တဲ့တိုက်ပွဲမှာ ကွေဖူကရေနဂါးမိစ္ဆာဘုရင်ကိုမြစ်ဝှမ်းမှာချုပ်နိုင်ဖို့အတွက် သူ့ခန္ဓာကိုယ်ကိုစတေးခဲ့ပြီး သူ့ရဲ့စွမ်းအားတွေကိုနတ်လက်နက်ထဲသွင်းခဲ့တယ်။ အဲဒီတော့မှမိစ္ဆာကြီးကိုထိန်းချုပ်နိုင်ပြီး လောကကြီးအေးချမ်းသွားခဲ့တယ်။ နတ်ဘုရားစစ်ပွဲပြီးသွားတော့ မော့ချီလင်နဲ့ ရေနဂါးလေးတစ်ကောင်ဟာ အဲဒီတားမြစ်နယ်မြေထဲကိုဝင်ဖို့အကြိမ်ကြိမ်ကြိုးစားကြတယ်။ အဲဒီလိုနဲ့ ကျန်းကျီယာရဲ့အကြံပြုချက်ကြောင့် ကောင်းကင်မင်းကြီးက ကောင်းကင်လောကရဲ့လူမိုက်လေးဖြစ်တဲ့ အာ့လန်နတ်ကို အဲဒီနှစ်ကောင်ကိုသွားဖမ်းဖို့တာဝန်ပေးခဲ့တယ်။ ဒါပေမယ့် သွားဖမ်းတဲ့အချိန်မှာ အာ့လန်နတ်ကလှည့်စားခံရပြီး ကြီးမားတဲ့ထောင်ချောက်ကြီး တစ်ခုထဲကိုဝင်မိသွားလို့ဖြစ်သွားခဲ့ပါတယ်။ အာ့လန်က ဒီထောင်ချောက်ထဲက အချိန်မီထွက်နိုင်ပါ့မလား ဒီထောင်ချောက်ရဲ့နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေရှိနေမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်……

6 2025
God with Three Eyes