YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Children of A Lesser God 2018 E09 WEB-DL 1080p [CM].mp4

1.08 GB N/A video/mp4 24 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) A Good Lawyer's Wife
6.1

ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB Quality - 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 28Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Action • History
6.1 2003 106 mins
(18+) A Good Lawyer's Wife
My Killer Client
6.3

လူတိုင်းတစ်မျိုးစီရူးကြတယ်ဆိုပေမဲ့ လူတစ်ယောက်ရဲ့ ရူးသွပ် စွဲလမ်းမှုကို တိုင်းတာဖို့ ခက်မယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲ အချစ်ရူးမလေးရဲ့ ရူးသွပ်မှုကတော့ အတော်ကြောက်စရာကောင်း သလို တစ်ဖက်ကကြည့်ရင်လည်း သနားစရာလည်းကောင်းပါတယ်။ ဇာတ်လမ်းနာမည်အရ လူသတ်ကားထင်ရပေမဲ့ တကယ်က ငယ်ချစ်‌ ဦးကို  အကြမ်းပတမ်းစနိုက်ကြော်ချင်တဲ့ ကောင်မလေးတစ်ယောက် အကြောင်းလို့ဆိုရမလားပါပဲ။ လူမသတ်ဘူးလားဆိုတော့ သတ်ပါ တယ်။ စိတ္တဇဆန်ဆန်စနိုက်ကြော်လူသတ်တဲ့ကားပေါ့။ Personal Stylist တစ်ယောက်ဖြစ်နဲ့ ခရစ္စတာဟာ ကတ်ဆိုတဲ့ client အသစ်ရခဲ့ပါတယ်။ ရှက်တတ်ပြီး လူ‌တောမတိုးတဲ့ကတ်ကို ခရစ္စတာက ပြုပြင်ပြောင်းလဲပေးရပါတယ်။ ဒီလိုနဲ့ ခရစ္စတာနဲ့ကတ်တို့ ခင်မင်သွား ကြပါတယ်။ တစ်နေ့တော့ ကတ်ဆိုတာဟာ ခရစ္စတာရဲ့ချစ်သူခင်ပွန်း လောင်း ဂျိတ်ရဲ့ကျောင်းတော်က အဆက်ဟောင်း ကစ်တီဖြစ်နေတာကို သိလိုက်ရပါတယ်။ ကစ်တီ့အကြောင်းသိနေတဲ့ ဂျိတ်က ခရစ္စတာကို အတန်တန်သတိပေးပေမဲ့ ခရစ္စတာက သိပ်အလေးထားစရာလို မမြင်ခဲ့ပါဘူး။ ဒါပေမဲ့ ကစ်တီ့ရဲ့ထူးဆ န်းတဲ့အပြူအမူတွေကို တဖြည်းဖြည်းမြင်လာရတဲ့အခါ ခရစ္စတာတစ်ယောက် သံသယ၀င်လာပါတော့တယ်။ နောက်ပိုင်းမှာ ခရစ္စတာနဲ့ဂျိတ်တို့ကြားကို ၀င်လာတဲ့ ကစ်တီ့ရဲ့ရူးသွပ်မှုတွေက ဘယ်လောက်ထိကြောက်စရာကောင်းလဲ ဆိုတာ ရင်တထိတ်ထိတ်ကြည့်ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို C'mon မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ June, C'mon တို့ဖြစ်ပါတယ်) File Size..........(1.6 GB) / (600 MB) / (382 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......June, C'mon Encoder..........SWM

TV Movie • Thriller
6.3 2018 84 mins
My Killer Client
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
Save the Cinema
6.3

ပြဇာတ်ဆန်ဆန် ​အေး​အေးငြိမ့်ငြိမ့်​လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်​လေးတစ်ကားကို တင်​ဆက်​ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အ​ခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb - 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီး​ချော Erin Richards နဲ့Draco Malfoyအ​နေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်​ပေါင်းများစွာတည်းက စင်တင်ပြဇာတ်​​တွေနဲ့ ​အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို ​နောက်ပိုင်းနှစ်​တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့​​ပေမယ့် လာ​ရောက်ကြည့်ရှုသူ မရှိသ​လောက်နည်း​နေသလို ၂လ၃လ​နေမှ တစ်ခါပြတဲ့ ​ပြဇာတ်​တွေနဲ့ အသက်ဆက်​နေရတာပါ။ ဒီလို​ဒေဝါလီခံရကာနီး​နေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ​ဈေးဝယ်စင်တာ ​ပြောင်း​ဆောက်ဖို့ ကြံ​နေသူ​တွေက​တော့ ကာမာသန်မြို့​တော်ဝန်နဲ့သူ့ရဲ့ ခရိုနီ​တွေပါ။ လစ်ရစ်ရုံဟာ ဝင်​​ငွေမရ​တော့​ပေမယ့် မြို့​ခံလူ တချို့​အတွက်​ မ​​မေ့နိုင်တဲ့အမှတ်တရ​များစွာ ရှိ​နေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်​လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါ​ပေမဲ့ ကောင်စီအစည်းအ​ဝေးကြီးမှာမထင်မှတ်ဘဲ မဲရှုံးနိမ့်သွားခဲ့တာ​ကြောင့် ရုပ်ရှင်ရုံဖြိုချဖို့ အဆိုက အတည်ဖြစ်လာတဲ့အခါ လစ်ရစ်ရုံကြီးကို ကယ်တင်နိုင်ဖို့အတွက် မြို့ခံ​တွေဟာ ​မြို့​တော်ဝန်နဲ့ ထိပ်တိုင်​တွေ့ရပါ​တော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:49:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Romance • TV Movie
6.3 2022 109 mins
Save the Cinema
I Fine.. Thank You..Love You
6.9

မင်းသား Sunny နဲ့ မင်းသမီး Ice တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။ အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး... ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ... သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ကြည်နူးစရာ တင်ဆက်ထားတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ... လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ .......။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး Ice Preechaya ခေါ် Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်...ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ.........။ (Ye Kyaw Htet မှ အမှန်အကန်ခံစားတင်ဆက်ထားတာပါ။) ( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/category/sunny/  ကြည့်လို့ရပါတယ်။) File size…(2 GB) and (900 MB) Quality….WEB-DL 1080p 5.1 & 720p Format…mp4 Duration….01:55:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ye Kyaw Htet

Documentary • Music
6.9 2014 121 mins
I Fine.. Thank You..Love You
Over the Moon
7.2

တရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများ သိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေး ဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေး ကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကို လက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့ အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကို တားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကား ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်ပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality –  720p WebRip Duration - 1hr 35min Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Adventure, Comedy Source : 1080p.WebRip Translator – Chuck Chuck Encoder – SWM

Action & Adventure • Comedy • Sci-Fi & Fantasy
7.2 2020 100 mins
Over the Moon
Brian and Charles
6.7

Brian and Charles (2022) ================== IMDb Rating – 6.7/10 တစ်ခါတစ်လေ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အဖော်တစ်ယောက်လောက်လိုချင်မိတယ်။ ကိုယ့်အကြောင်းကို နားလည်ပေးမယ့်သူ၊ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူ ပြီးတော့ ကိုယ် ဂရုစိုက်တာကိုလည်း လက်ခံနိုင်မယ့်သူမျိုးပေါ့ ။ လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲ…. အဲ့ဒီလောက်ထိ ကံမကောင်းတတ်ကြဘူးလေ။ ကံကောင်းသွားတဲ့သူတော့ ရှိတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် ကျော်ကြီး ဘရိုင်ယန်ပေါ့။ သူက ရွာမှာတစ်ကိုယ်တည်းသမား၊ ဟိုဟာ လေးထွင်လိုက် ဒီဟာလေးဖန်တီးလိုက်နဲ့ ရွာထဲကလူထူးဆန်းတစ်ယောက် ပေါ့။ ပြီးတော့ သူ့အိမ်ထဲမှာကြွက်လေးတစ်ကောင်ရှိတယ်။ အဲ့ဒီကြွက် ကောင်းမှုနဲ့ပဲ မအောင်မြင်ခဲ့တဲ့သူ့စက်ရုပ်လေးက အသက်ဝင်သွားပါ လေရော။ ဘရိုင်ယန်အရမ်းပျော်ပြီလေ။ သူနဲ့အတူတူနေပြီးတော့ သူဂရုစိုက်ရမယ့်သူ ရှိလာပြီ။ အတူတူနေလာတော့ တစ်ခါတစ်လေတော့လည်း ရန်ဖြစ်ကြတာပေါ့။ ဒီလိုပဲ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ စက်ရုပ်ချားလ်က အိမ်ပေါ်ကဆင်းသွား ချင်ပါတယ်တဲ့။ ပြသာနာကအဲ့ဒီကစတော့တာပဲ… အဲ့ဒီပြသာနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ မိဘနဲ့သားသမီးတို့ကြားက ဖြစ်ပျက်တတ်တဲ့သဘောတရားကို စက်ရုပ်လေးနဲ့အစားထိုးပြီးရိုက်ပြထားတယ်လို့ ခံစားရပါတယ်။ အဲ့ဒါကြောင့် မိသားစု အချင်းချင်းလည်း အတူတူကြည့်ရှုရင်ပိုပြီးကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Sci-Fi & Fantasy • Western
6.7 2022
Brian and Charles
Fitoor

Charles Dickens ရဲ့ Great Expectations (မြန်မာဘာသာပြန် “မျှော်တလင့်လင့်”)ဝတ္ထုကိုအခြေခံထားတဲ့ အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေးပါ။ မင်းသား Aditya Roy Kapur နဲ့ မင်းသမီး Katrina Kaif တို့အပြင် Ajay , Tabu စတဲ့နာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့… ဆင်းရဲသားအခိုင်းအစေကောင်လေးနဲ့ အိမ်ကြီးရှင်ရွှေမင်းသမီးကောင်မလေးတို့ ချစ်ကြိုးသွယ်ကြချိန်မှာ ထုံးစံအတိုင်း အိမ်ကြီးရှင်မင်းသမီးအမေကြီးက အကွက်တွေရွှေ့ ပြီး သူတို့ရဲ့တွေ့ဆုံခြင်းကိုခွဲလိုက်ပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အချိန်ရဲ့တိုက်စားမှုကို မှတ်ကျောက်တင်ခံနိုင်တယ်ဆိုတဲ့အတိုင်း ဝေးကွာသွားတဲ့ သူတို့နှစ်ယောက် ပေါင်းစုံနိုင်ပါ့မလားဆိုတာ……။ IMDb Rating (5.4) သာ ရရှိထားတဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီး ကပ်ထရီနာကဖ် ပရိတ်သတ်တွေတော့ လက်လွတ်မခံသင့်ပါဘူး… ရင်းဂစ် ၅၅ သိန်းထိ ကုန်ကျခံ ပုံသွင်းထားတဲ့ ဆံကေသာအရောင်တောက်တောက်နဲ့ သူမကို တောက်ပလှပစွာခံစားရမှာပါ။ ဇာတ်ကားတစ်ခုလုံးက အလွမ်းတွေချည်း ရွာချထားတဲ့မိုးရာသီတစ်ခုလို အုပ်မှိုင်းမျောလွင့်နေပြီး မင်းသား Aditya Roy Kapur ကလဲ အဲဒီ့ရာသီဉတုနဲ့ တော်တော်လိုက်ဖက်တာကို တွေ့မြင်ရပါမယ်။

0 2016
Fitoor
Ramona
6.3

IMDb-6.3/10 ~ Rotten tomatoes-100% 2022 တုန်းကထွက်ရှိခဲ့တဲ့ စပိန်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ဝင်ခန်းအများစုကို အဖြူ၊ အမဲနဲ့ရိုက်ထားပြီးတော့ ရာမိုနာ ဆိုတဲ့ကောင်မလေးရဲ့ သုံးပွင့်ဆိုင်အချစ်ကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အိုနာ (ရာမိုနာ) ဟာ သူနဲ့နှစ်အကြာကြီးတွဲခဲ့တဲ့ ကောင်လေးဖြစ်သူ နစ်ကို နဲ့အတူ လန်ဒန်မြို့ကနေပြီး မက်ဒရစ်မြို့ကိုပြန်ပြောင်းလာခဲ့တာပါ။ ရာမိုနာက မက်ဒရစ်မြို့မှာ အခြေချပြီးတော့အစက‌နေကြိုးစားရင်းနဲ့ မင်းသမီးလုပ်ပြီး သားသမီးတွေနဲ့ ဘဝကိုကုန်ဆုံးချင်သူပါ။ ဒီလိုနဲ့ သူဝင်ပြီးအ‌ရွေးခံမဲ့ သရုပ်ဆောင်ရွေးပွဲမတိုင်ခင် တစ်ရက်အလိုမှာ လူရွေးပွဲလုပ်မဲ့နေရာနားက ဘားကိုသွားရင်းနဲ့ သူ့ထက်အသက်ကြီးတဲ့ ဘရူနိုနဲ့စကားလက်ဆုံကျပြီး ဘဝကြီးအကြောင်း၊ ကမ္ဘာကြီးအကြောင်းပြောရင်းအဖွဲ့ကျနေခဲ့ပါတယ်။ ဒီအချိန်မှာ ဘရူနိုက ရုတ်တရက်သူ့ကိုချစ်နေကြောင်း ပြောလိုက်တဲ့အတွက် ရာမိုနာလည်းလန့်သွားပြီး စကားအများကြီးဆက်ပြောမနေ‌တော့ပဲ ထွက်လာခဲ့လိုက်ပါတယ်။ နောက်တစ်ရက် လူရွေးပွဲကိုသွားတဲ့အခါမှာ ဘရူနိုက ရုပ်ရှင်ရိုက်မဲ့ဒါရိုက်တာဖြစ်နေပြီး သူ့ကို ခေါင်းဆောင်မင်းသမီးအနေနဲ့ပဲတင်ရိုက်ဖို့ အတင်း‌ ရွေးတဲ့အတွက် ရာမိုနာလည်း သရုပ်မဆောင်နိုင်ကြောင်းပြောရင်း ထွက်လာခဲ့လိုက်ပါတယ်။ ဒီအကြောင်းကို နစ်ကို သိသွားတဲ့အချိန် နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်မခံသင့်ကြောင်းပြောရင်းနဲ့ ပြန်ပြီးသရုပ်ဆောင်ဖို့တိုက်တွန်းခဲ့တာကြောင့် ဘရူနိုကို ပြန်ပြောရင်းနဲ့ ရာမိုနာရောသူဖြစ်ချင်တဲ့ မင်းသမီးဖြစ်မလား၊ သုံးပွင့်ဆိုင်သွားတဲ့ အချစ်ဇာတ်လမ်းလေးကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.3 2022 80 mins
Ramona
Tiger Running

Tiger Running (2023) ထိုင်းဟာသကား မျှော်နေကြသူတွေအတွက် အူတက်အောင်ရယ်ရမယ့် ဇာတ်ကားအသစ်စက်စက်လေး ရပါပြီနော် ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့…ပေတေဆိုးမိုက်နေတဲ့ လူဆိုးလေး Cheetah ဟာ တစ်ရက်မှာတော့ ဘယ်သူတွေမှန်းမသိတဲ့ လူတချို့က ရိုက်နှက်သွားတာကို ခံလိုက်ရပါတယ် အဲဒီလို ရိုက်နှက်ခံရပြီး သေလုမြောပါး ဖြစ်နေတဲ့ Cheetah ကို ကယ်တင်လိုက်တဲ့သူကတော့ ဘုန်းကြီးကျောင်းသား ကျောင်းဆရာလေး Tuay ပါ ဒါပေမဲ့ Tuay အတွက် အံ့အားသင့်စရာကတော့ သူကယ်လိုက်တဲ့သူဟာ သူနဲ့တစ်ထေရာတည်းတူတဲ့သူ ဖြစ်နေတာပါပဲ။ ဒါကြောင့် Tuay ဟာ Cheetah လို ဟန်ဆောင်ပြီး ရိုက်နှက်သွားသူတွေကို ရှာဖွေဖို့ ကြိုးစားပါတော့တယ် Tuay ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီး ရိုက်နှက်သွားသူတွေကို ရှာတွေ့သွားမလား၊ Cheetah ကရော ပြန်သတိရလာပါ့မလား၊ Tuay နဲ့ Cheetah က ဘာလို့ ရုပ်ချင်းတူနေကြတာလဲ ဆိုတဲ့ မြှုပ်ကွက်လေးတွေကိုတော့ ရယ်ရင်းမောရင်းပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ Genre….. Drama, Action Quality…. 1080p | 720p File size… 1.8GB | 989MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Aaron

0 2023
Tiger Running
Running Out of Time
7.3

Running Out of Time (1999) ~ IMDb – 7.3/10, Rotten Tomatoes – 90% ~ Directed by “Johnnie To” Four Heavenly Kings of Cantopop လို့ဆိုကြတဲ့ အန်ဒီလောင်၊ ဂျက်ကီချောင်၊ အာရွန်ကော့၊ လီယွန်လိုင်တို့ထဲ အန်ဒီလောင်က ရုပ်ရှင်လိုင်းထဲတော့ အဂေါ်ဆုံးလို့ ကျိန်းသေပြောလို့ရတယ်။ ပြောလို့ရဆို သူ သရုပ်ဆောင်နယ်ပယ်ကို သေသေချာချာစဝင်တာကလည်း အန်းဟွေရဲ့ Boat People နဲ့စတာဖြစ်သလို ပထမဆုံးခေါင်းဆောင်မင်းသား စဖြစ်တာကလည်း Shaw Brothers ရဲ့ အက်ရှင်ကား On the Wrong Track နဲ့စတာ။ နောက် ဝေါင်ကာဝေးရဲ့ ပထမဆုံးရုပ်ရှင် As Tears Go By, နောက် ဟောင်ကောင်အက်ရှင်ရိုမန့်မာစတာပိစ်တစ်ကားဖြစ်တဲ့ ဘန်နီချန်းရဲ့ A Moment of Romance… ၁၉၉၉မှာ ဂျွန်နီတိုရဲ့ Running Out of Time နဲ့ သရုပ်ဆောင်ဆုရခဲ့သလို အဲဒီနောက်မှာ Infernal Affairs ကားတွေရိုက်ခဲ့တယ်။ ဒါက တကယ့်အထင်ကရတွေချည်း။ ဂျွန်နီတိုတို့ ဝေါင်ကာဝေးတို့နဲ့ကားတွေ တခြားကားကောင်းတွေ မနည်းဘူး။ ကျန်တဲ့သုံးယောက်လည်း ဒါရိုက်တာကောင်းတွေနဲ့တွဲလုပ်ဖူးပေမဲ့ သူ့လောက်တော့မများဘူး။ ဒါပေမဲ့ ကျန်တဲ့သုံးယောက်မှာလည်း ကိုယ်ပိုင်မာစတာပိစ်ကားတွေရှိနေတာပါပဲ။ Four Heavenly Kings ဟာ Four Heavenly Kings တော့ ပီသခဲ့တယ်။ အန်ဒီလောင်နဲ့ ဂျွန်နီတို တွဲရိုက်ဖူးတာ ၇ကား၈ကားလောက်တော့ရှိတယ်။ အဲဒီထဲကမှ Running Out of Time နဲ့ Blind Detective ကတော့ အကြမ်းဆုံးပဲ။ Running on Karma, Needing You, Love on a Diet နဲ့ A Moment of Romance III တို့ကတော့ အစောပိုင်းကားတွေဆိုတော့ သူ့ပုံစံသိပ်မပေါ်သေးဘူး။ Running Out of Time မှာတောင် ဂိုဏ်းစတားရုပ်ရှင်မဟုတ်ဘဲ Heroic Action ဆန်ဆန်ဆိုတော့ ဒါမျိုးက သူ့ဆီမှာပဲ တွေ့နိုင်တဲ့ကားမျိုးမဟုတ်နေဘဲ ဟောင်ကောင်အက်ရှင်စီနီမာတစ်ခုလုံးမှာ နိုင်းချင်းတွေ့နေကျကားတွေပဲ။ အထူးသဖြင့် ဂျွန်ဝူးဆီမှာပေါ့။ ဂျွန်ဝူးလို အပစ်အခတ်ကြမ်းတယ်လို့တော့ မဆိုလိုဘူးပေါ့။ နည်းနည်းထူးမှာက ညှိနှိုင်းရေးသမားနဲ့ ဓားစာခံဖမ်းအကြပ်ကိုင်တဲ့လူဆိုးတွေကြားက အဖြစ်တွေကို ရိုက်ပြထားတာပဲ။ ဒါမျိုးအများကြီးတော့ မတွေ့ဖူးဘူးပေါ့။ အန်ဒီလောင်နဲ့အတူ သရုပ်ဆောင်ထားတာက သူသုံးနေကျထဲက Sean Lau နဲ့ Lam Suet နောက် Waise Lee တို့ပါပဲ။ သူ့ကားတွေထုံးစံအတိုင်း သူသုံးနေကျ သရုပ်ဆောင်တွေနဲ့တော့ ကြမ်းနေတာပါပဲ။ Sean Lau ကို Mad Detective မှာနဲ့ တော်တော်ကွဲပြားတဲ့ ကာရိုက်တာနဲ့ပြထားသလို ဒီကားက သူ့နောက်ပိုင်းကားတွေလို Hero မပါတဲ့ကားမဟုတ်ဘဲ Hero ပါတဲ့ကားဖြစ်နေတော့ အန်ဒီလောင်က အဲဒီဟီးရိုးနေရာက သရုပ်ဆောင်ထားတာကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့ Blind Detective မှာလည်း အန်ဒီလောင်နဲ့ ဟီးရိုးပါတဲ့ကားထပ်ရိုက်ဖူးတော့ အန်ဒီလောင်နဲ့ရိုက်ရင် ဒီလိုကားမျိုးတွေဖြစ်နေတတ်တယ်လို့ အကြမ်းဖျဉ်းသတ်မှတ်ရမှာပဲ။ အန်ဒီလောင်နဲ့ ဂျွန်နီတိုတွဲရိုက်ဖူးတဲ့ထဲက အကောင်းဆုံး၂ကားဖြစ်တဲ့ Running Out of Time နဲ့ Blind Detective မှာတူတာက နှစ်ခုလုံးက အက်ရှင်ထက် လူဆိုးနဲ့ရဲ ဉာဏ်ကစားတာကို ပြသွားတာပဲ။ ရဲကို ဂျွန်နီတို အကောင်းရိုက််ပြသွားတဲ့ သိပ်မများတဲ့ကားတွေထဲက ကားတွေပေါ့။ Running Out of Time 2 တော့ ထပ်ထွက်ပေမဲ့ ဂျွန်နီတိုရိုက်တာ မဟုတ်တော့သလို အန်ဒီလောင်လည်းမပါတော့ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 935MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 1999 93 mins
Running Out of Time
Dwelling by the West Lake
6

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Dwelling ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်ကားလေးကတော့ (၄) လပိုင်းမှာအတော်လေးခေတ်စားပြီးအခုထိတိုင် နာမည်ကြီးနေဆဲဖြစ်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အလွန်အေးချမ်းလှတဲ့ရွာလေးတစ်ရွာမှာ လက်ဖက်ရွက်ခူးတဲ့အလုပ်ကို အေးအေးချမ်းချမ်းလုပ်ကိုင်နေတဲ့ ဝူထိုင်ဟွား။ အဖေဖြစ်သူက (၁၀) နှစ်ကြာ အဆက်အသွယ်မလုပ်လို့ သေပြီလို့ထင်နေကြပေမဲ့ အသက်ရှင်ဆဲလို့ခံယူပြီး အဖေကိုလိုက်ရှာမယ့်အိပ်မက်ရှိသူ ဟယ်မုလျန်။ အိပ်မက်ကြောင့် ဟန်ကျိုးမှာအလုပ်ရှာဖွေအခြေချနေဖို့ အမေဖြစ်သူဝူထိုင်ဟွားကို ပြောတဲ့အခါမှာ သားဖြစ်သူဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့် ခွင့်ပြုခဲ့ပေမဲ့ အမေဖြစ်သူပါလိုက်လံနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာ လက်ဖက်ခင်းရွာလေးကနေ ထွက်လာပြီး သားဖြစ်သူ ဟန်ကျိုးရှိရာဆီလာခဲ့တာပေါ့။ ဝူထိုင်ဟွားမှာအချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ မောင်လေးက စီးပွားရေးလုပ်တာအရမ်းအောင်မြင်ချမ်းသာပြီး ဇိမ်ခံကားတွေ တိုက်တွေ ပိုင်ဆိုင်နေတာကြောင့် မောင်ဖြစ်သူမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်လာကြတဲ့လူနှစ်ယောက်။ တကယ်တမ်းမောင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းက MLM တိုင်းရင်းဆေးခြေထောက်ကပ်လုပ်ငန်း ဖြစ်ပြီး MLM ဆိုတဲ့အတိုင်းလူစုစည်းရုံးရေးဆင်းတဲ့အပေါ် ဝူထိုင်ဟွားတို့သူငယ်ချင်းနှစ်ယောက် စိတ်နစ်မြောသွားပြီး အဲ့အပေါ်မှာအရူးအမူးဖြစ်နေတာကို သားဖြစ်သူဟယ်မုလျန်တစ်ယောက် ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့အချိန်လွန်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီလုပ်ငန်းစုကြီးနောက်ကွယ်မှာ ဘယ်လောက်တောင် လိမ်လည်လှည့်စားမှုတွေရှိနေမလဲ။ ဘယ်လိုတွေဖော်ထုတ်သွားကြမလဲ။ စတဲ့အကြောင်းရာတွေနှင့်အတူ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ MLM လုပ်ငန်းကိုပေါ်ပေါ်ထင်ထင် ရိုက်ကူးထားတာမို့လို့ လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

6 2024
Dwelling by the West Lake
My Son’s Deception
5.5

ဒီ ဇာတ်ကားလေးကတော့ မယ်ရီယာလို့ ခေါ်တဲ့ အမေဖြစ်သူနဲ့ သူ့သားဖြစ်သူ ဂျက်ဆန်တို့ရဲ့ ကြားထဲက ချစ်ခြင်း မေတ္တာအကြောင်း ရိုက်ထားတဲ့ ဒရာမာကားလေး ဖြစ်ပါတယ်။ ဂျက်ဆန်ရဲ့ အဖေ ဆုံးပြီးနောက်မှာ သူတို့သားအမိဟာ စားသောက်ဆိုင်လေး တစ်ဆိုင်ကို ဖွင့်နိုင်အောင် ကြိုးစား ရုန်းကန်ကြရပါတယ်။ သူ့အမေဖြစ်သူရဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ကူညီပေးဖို့အတွက် ဂျက်ဆန်ဟာ သူ့ သူငယ်ချင်းဖြစ်သူ တိုင်လာဆီက အကူအညီတစ်ခု ရခဲ့တယ်။ အဲဒါကတော့ လူချမ်းသာတွေ လုပ်တဲ့ ပါတီတွေမှာ အစီအစဉ်မှူး အဖြစ် လုပ်ရင်း လွယ်လွယ်နဲ့ ပိုက်ဆံတွေ အများကြီးရတဲ့ အလုပ်ပေါ့။ အစပိုင်းမှာ အဲဒီအလုပ်က အဆင်ပြေသလို ဖြစ်ခဲ့ပေမဲ့ အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်သွားပါတယ်။ အဲဒီလို အခြေအနေဆိုးတွေကြားမှာ သူတို့သားအမိ ဘယ်လို ရုန်းကန်ခဲ့ကြမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ပါတော့ .. ( ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ် ) File size… (1.45GB) / (770MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 58m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

5.5 2024
My Son’s Deception
Shaolin Temple
6.8

၁၉၈၂ ခုနှစ်ထွက် Shaolin Temple ဇာတ်ကားကတော့ ရှေးခေတ်တရုတ်ပြည်၊ ဆွေ့မင်းဆက်ကနေ ထန်မင်းဆက် အကူးအပြောင်းကို နောက်ခံပြုထားတဲ့ ကွန်ဖူးရုပ်ရှင်တစ်ကားပါ။ တရုတ်ပြည်ရဲ့ သိုင်းမင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ Jet Li ရဲ့ debut ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝမ်းကျန်းဆဲ့လို့ခေါ်တဲ့ စစ်သူကြီးက ဖခင်ဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တဲ့အတွက် ကျွယ်ယွမ်ဆိုတဲ့ကောင်လေးဟာ လက်စားချေဖို့ ကွန်ဖူးကို သင်ယူချင်လို့ ရာဇဝင်တွင်တဲ့ ရှောင်လင်ဘုန်းကြီးကျောင်းမှာ ခိုလှုံခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ လမ်းညွှန်မှုအောက်မှာ ကွန်ဖူးပညာကို သင်ခဲ့ပြီးနောက် နောင်မှာ ဘုရင်ဖြစ်လာမယ့် လီရှစ်မင်နဲ့‌ဆုံပြီး ကယ်တင်လိုက်ရာက ဖခင်ကိုသတ်ခဲ့တဲ့ ဝမ်းကျန်းဆဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရတဲ့အခါ… ကိုယ့်ကိုယ်ကို ခုခံဖိုအတွက်ပဲ သင်ကြားရတဲ့ ရှောင်လင်ကွန်ဖူးပညာကို ဘုန်းကြီးဝတ်ကြီးနဲ့ ကျွယ်ယွမ်တစ်ယောက် လူဆိုးတွေအ‌ရှေ့မှာ ဘယ်လိုအသုံးချမလဲဆိုတာကိုတော့ တကယ့်သိုင်းပညာရှင်များ ပါဝင်သရုပ်ဆောင်ထားပြီး အသက်ရှူမှားလောက်တဲ့ အတိုက်အခိုက်ခန်းတွေပါတဲ့ ဒီရှောင်လင်ကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Kung Fu, Martials, Action, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Xing Egg

Horror • Action • Thriller • Science Fiction • Family
6.8 1982 100 mins
Shaolin Temple