YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Chicken Nugget(2024)E08 WEB-DL 720P(CM).mp4

168.56 MB N/A video/mp4 313 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Disobedient
4

(18+ အခန်းများပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါ) ဇာတ်လမ်းအကျဉ်းလေးက‌တော့ အယ်လာဆိုတဲ့ Ecology တက္ကသိုလ်ကျောင်းသူလေးဟာ တောရိုင်းတိရိစ္ဆာန်တွေကို စောင့်ရှောက်ပေးတဲ့ဗီဒီယိုတွေကိုဆိုရှယ်မီဒီယာတွေပေါ်တင်လေ့ရှိပါတယ်၊ တစ်နေ့ ဘစ်ဆီစကာဥယျာဉ်ထဲကို အမည်မသိလူတွေက မိုးမျှော်တိုက်ဆောက်ဖို့အတွက်ပြင်ဆင်နေတာကို တွေ့သွားတယ် ၊ ဒီလူတွေကသဘာဝသစ်တောကို ဖျက်ဆီးတဲ့အကြောင်းလိုင်းပေါ်တင်တယ်၊ သူငယ်ချင်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှေ့မှာ ဆန္ဒတွေသွားပြတယ်၊ ဒီလိုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ပိုင်ရှင်ဖြစ်တဲ့ လူချမ်းသာမတ်ထ်ဗီဟာ သူတို့ကျောင်းကို ဒီလုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ကြောင်း ၊ တက္ကသိုလ်က ပညာရှင်တွေနဲ့ သေချာလေ့လာပြီးမှလုပ်တာဖြစ်ကြောင်းကိုရှင်းပြတယ်၊ ဒါပေမယ့် အယ်လာဟာ သူကို ဆိုရှယ်မီဒီယာကနေ မတ်ထ်ဗီဟာ ပိုက်ဆံနဲ့ ဘာမဆိုဖြေရှင်းတတ်ကြောင်း မကောင်းကြောင်းတွေကိုတောက်လျှောက်ပြောတယ်၊ ဒါကိုလက်မခံတဲ့ မတ်ထ်ဗီဟာ အယ်လာကို သူနဲ့တစ်ပတ်လောက်ပဲ အတူ နေကြည့်ပါ၊ သူက လူကောင်းဖြစ်ကြောင်းသက်သေပြပါမယ်ဆိုပြီး တောင်းဆိုတယ် ၊ အယ်လာကလည်း စမ်းကြည့်ချင်တာနဲ့ လက်ခံလိုက်တယ်၊ မတ်ထ်ဗီတစ်ယောက် တစ်ပတ်အတွင်းမှာ အယ်လာကိုလူကောင်းတစ်ယောက်ဖြစ်ကြောင်း ဘယ်လိုတွေဆွဲဆောင်ပြီးသက်သေပြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး File size : 1.6GB/ 749MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 1h 51min Genre : Drama , Romance , Adult Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Drama • Horror • Thriller
4 2023 109 mins
Disobedient
Eden
6.6

Eden (2012) ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။ မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။ အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။ အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ ခင်ဗျားဆီက စုတ်ပြတ်သတ်နေတဲ့ လူတစ်ယောက် အကူအညီလာတောင်းတယ်ထား။ ခင်ဗျားလည်း ဒီလူဘာတုန်းလို့ အရင်တွေးမိကြမှာပဲ။ ဘာမဟုတ်တဲ့ကိစ္စလေးတွေအတွက် သူစိမ်းဆီ အကူအညီတောင်းမိရင်တောင် သံသယနဲ့အကြည့်ခံရတဲ့ကမ္ဘာပဲမလား။ လူကုန်ကူးတဲ့ကောင်တွေက ဒီအထာတွေနပ်တော့ အရလိုက်ဖမ်း ခင်ဗျားတို့ဝင်ပါရင် ခင်ဗျားတို့ပါ ဒုက္ခရောက်သွားမယ် ဘာညာ ပြောပြီး ခြောက်လိုက်ရင် ကြောက်သွားကြတာချည်းပါပဲ။ ဒီတော့ မလွတ်နိုင်တဲ့ ကောင်မလေးဟာ ဒီသံသရာကြီးထဲ ရှင်သန်ခဲ့ရတယ်။ လိင်ကိစ္စအတွက်ရောင်းစားတာ , ဆေးရောင်းတာ , ကလေးရောင်းတာ စစသဖြင့် မကောင်းမှုမျိုးစုံကို တစ်စထက်တစ်စ ခရေစေ့တွင်းကျ သူမြင်လာခဲ့ရတယ်။ လူကုန်ကူးတဲ့လူတွေက သူတို့လို လူကုန်ကူးခံရတဲ့လူအချင်းချင်းကြားမှာ အချစ်တော်လေးမွေး ဒလန်လေးထည့်ပေးထားတတ်တယ်။ သူတို့မလွတ်နိုင်တာ သေချာအောင် ထပ်ပြီးကစားလိုက်တာပေါ့။ အဖမ်းခံရတဲ့ကောင်မလေးဟာ သူရှင်သန်ဖို့အတွက် လိုက်လျောညီထွေနေရင်း ဒီထက်ပိုနက်နဲတဲ့ မကောင်းမှုတွေကြားရောက်လာတယ်။ သူကိုယ်တိုင်လည်း သူတို့ထဲကတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဒီလိုနဲ့ အခြေအနေတစ်ခုကိုရောက်လာခဲ့တဲ့အခါ သူ့အသိစိတ်နဲ့ရှင်သန်ချင်စိတ် ဘယ်ဟာက ပိုတာသွားမလဲ ကြည့်ရမယ့် ဝမ်းနည်းစရာဇာတ်လမ်းပါပဲ။ အညွန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.29GB | 602MB | 303MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

6.6 2012 98 mins
Eden
Twinkle, Twinkle, Lucky Stars
6.2

ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ if you need a good laugh, you better watch it လို့ သာပြောချင်ပါတယ်….. File size…(2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Family • Drama
6.2 1985 94 mins
Twinkle, Twinkle, Lucky Stars
Fall In Love With Fox
5.6

စိတ်ကူးယဉ်အချစ်ရုပ်ရှင် ချိုချိုလေးတွေကြိုက်တဲ့ ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို သဘောကျမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဖန်ရှီးယွိဆိုတဲ့ ကံဆိုးမလေးဟာ အဆင့်မြင့်တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့ပေမယ့် ကျောင်းစရိတ်ပေးပြီးနောက်မှာတော့ အဆောင်စရိတ်ပေးစရာမရှိဖြစ်နေပါတယ်။ သူ့ဘဝမှာ အလွန်ဒုက္ခရောက်နေချိန်မှာ ရုပ်ရည်ချောမောပြီး မာနကြီးတဲ့ သူဌေးလေး ယန်ယွီက သူမရဲ့ အစ်ကိုဆိုပြီး အတူတူနေဖို့အတွက် နေစရာနေရာပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအစ်ကိုမှာ လျှို့ဝှက်ချက်ရှိနေသလိုပါပဲ။ သူမကို တခြားယောကျာ်းလေးနဲ့ အဆက်အဆံလုပ်ခွင့်မပေးတဲ့အပြင် ကျောင်းဒါရိုက်တာအဖြစ်နဲ့ သူမကို လာစောင့်ကြပ်နေပါသေးတယ်။ ပြီးတော့တခါတလေကျရင်လဲ သူမက မြေခွေးအမြီး ၉ ချောင်းကို တွေ့မိနေသလိုပါပဲ။ နေ့စဉ်နဲ့အမျှ တူတူရှိနေတဲ့ မောင်နှမဟန်ဆောင်ထားတဲ့နှစ်ယောက်ဟာ အချင်းချင်းအချစ်တွေ ပိုလာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ…… မြေခွေးမင်းသားလေးမှာလည်း ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲဆိုတာကို…… စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.6 2019
Fall In Love With Fox
The Abode
4

The Abode (2023) ============== ဒီဇာတ်လမ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာက အမေရိကန်လူမျိုး နယ်သစ်ချဲ့ထွင်သူ ပင်လယ်ဓားပြခေါင်းဆောင်က မြို့တစ်မြို့ကိုသိမ်း ပြီး အဲဒီကမြို့သား အိန္ဒိယန်လူမျိုးတွေအကုန်လုံးကို သတ်ပစ်ရာက နေစတာပါပဲ။ အဲဒီအချိန်တုန်းက ပင်လယ်ဓားပြ ရဒ်ဘတ်ရဲ့အိမ်ဖော် လာရာက အိန္ဒိယန်လူမျိုး တလာကိုကို သူ့သခင် မသိအောင် ကယ်တင် လိုက်ပါတယ်။ နောက်ပိုင်းမှာ လာရာနဲ့ တလာကိုတို့ အချင်းချင်းချစ်သွားကြချိန် ရဒ် ဘတ်ကမိပြီး တလာကိုကို သတ်လိုက်ပါတယ်။ ဒီလိုနဲ့ အခုခေတ်ကို ရောက်လာတော့ လာရာက ရဒ်ဘတ်ရဲ့သမီးအဖြစ် လူပြန်ဝင်စားပြီး သူ့အဖေကိုမုန်းနေတော့တာပါပဲ။ နောက်တော့ အိန္ဒိယန်လူမျိုးတွေ အသတ်ခံရတဲ့မြို့ကို လာရာ သူ့သူငယ်ချင်းတွေနဲ့ တလာကိုအကြောင်း စုံစမ်းဖို့သွားပြီး ရဒ်ဘတ်အပါအဝင် လူတွေအများကြီးသေခဲ့တဲ့ သရဲ ခြောက်လို့နာမည်ကြီးတဲ့အိမ်မှာ တည်းကြပါတယ်။ ဒီလိုနဲ့ သရဲကား ထုံးစံအတိုင်း အိမ်ကြီးထဲ ဘယ်လိုတွေအခြောက်ခံရမလဲဆိုတာကို ခြောက်ခြားစွာ ကြည့်ရှုနိုင်မယ့် လူဝင်စားတာနဲ့ပတ်သက်တဲ့ သရဲကား တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.6 GB) / (616 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Thwal Htoo Zin Encoder……….SWM

4 2023
The Abode
All the Pretty Horses
5.8

All the Pretty Horses (2000) ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး “Best Seller” စာအုပ်တစ်အုပ်ဖြစ်တဲ့ “All the Pretty Horses” ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့… တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါ‌သေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 946MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 56Min Genre – Drama, Romance, Western Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.8 2000 117 mins
All the Pretty Horses
Primary Colors
6.7

Primary Colors (1998) ~ IMDb – 6.7/10, Rotten Tomatoes – 80% ~ 70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။ အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ “Primary Colours: A Novel of Politics” ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ဒီလိုပါလားဆိုတာသဘောပေါက်စေမယ့်၊ မဲပေးသူတွေကို မျက်စိပွင့်နားပွင့်ဖြစ်စေမယ့် ဇာတ်ကားကောင်းပါပဲ။ ၁၉၉၈ ခုနှစ်ကကားဖြစ်ပေမဲ့ အခုထိကိုခေတ်မီနေဆဲကားဖြစ်တယ်လို့ပြောလို့ရတဲ့ ကားကောင်းလေးမလို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 23Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

History • Drama
6.7 1998
Primary Colors
Kade Dade Diyan Kade Pote Diyan
6

ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။ အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့် သူတို့နှစ်ယောက်ကြားက အရာရာအားလုံး အဆင်ပြေသွားနိုင်မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ပဲ ဖြစ်ပါတယ်

Drama
6 2024 147 mins
Kade Dade Diyan Kade Pote Diyan
Viva La Vida
6.8

CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့‌ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ် လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ် ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ‌ ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော်

6.8 2024
Viva La Vida
Lolo and the Kid

အဖွင့်မှာတော့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ အစပြုထားပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ဆွဲခေါ်သွားမယ် သံယောဇဉ်တွေ မေတ္တာတွေအကြောင်း လှလှပပဖော်ပြသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သူတစ်ပါးကို လိမ်လည်လှည့်ဖြားရင်း အသက်မွေးကြတဲ့ မြေးအဘိုးနှစ်ယောက် ဘယ်လိုတွေဉာဏ်ဆင်ကြမလဲ။ လမ်းဘေးမှာနေရပေမယ့် မြေးဖြစ်သူက လိမ္မာယဉ်ကျေးကာ လူရမ်းကားမဖြစ်စေလိုတဲ့ အဘိုးတစ်ယောက်ရဲ့ဆန္ဒ ၊ဘဝအကြောင်းမလှသော်လည်း မြေးဖြစ်သူအားမငယ်အောင် မိမိတို့ဘဝကို ကြံဖန်ဂုဏ်ယူပြောတတ်သော အဘိုးတစ်ယောက်ရဲ့မေတ္တာ အဆုံးသတ်မှာ မြေးလေးကောင်းစားဖို့ အဘိုးတစ်ယောက်ရဲ့ အနစ်နာခံပုံတို့ကို ရင်နင့်အောင်ခံစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2024
Lolo and the Kid
Apartment 7A
5.8

Apartment 7A (2024) နာမည်ကျော် Classic Horror တစ်ကားဖြစ်တဲ့ Rosemary’s Baby (1968) ရဲ့ Prequel ဖြစ်ပြီး Rosemary’s Baby Franchise ရဲ့ တတိယကားပါပဲ။ ပါရာမောင့်ရဲ့ မူပိုင်ရုပ်ရှင်ဖြစ်တဲ့အားလျော်စွာ ပါရာမောင့်ကပဲ သံယောဇဉ်ကြီးစွာနဲ့ ထုတ်ပေးထားတာပါ။ ပရိုဂျူဆာထဲတော့ John Krasinski နဲ့ Michael Bay ပါပါတယ်။ ၂၀၀၈မှာတုန်းက Michael Bay နဲ့ ပရိုဂျူဆာတစ်အုပ်ဟာ Rosemary’s Baby (1968) ကို Remake ပြန်ရိုက်ဖို့လုပ်ခဲ့ကြပေမဲ့ နောက်နှစ်မှာပဲ အစီအစဉ်ပျက်သွားပါတယ်။ ဒီကားကိုတော့ အဲဒီ Remake ကို ထုတ်ဖို့လုပ်ခဲ့ကြတဲ့ ပရိုဂျူဆာတွေကပဲ ထုတ်ပေးထားတာပါ။ ပိုအဆင်ပြေသွားတယ်ပြောရမှာပဲ။ ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ Rosemary’s Baby (1968) ကိုတော့ အဲဒီထက်ပိုကောင်းအောင် ဘယ်လိုမှ ရိုက်လို့မရလောက်တော့လို့ပါ။ Rosemary’s Baby ထဲ ရို့စ်မေရီနဲ့ အဝတ်လျှော်ခန်းထဲ တွေ့ခဲ့တဲ့ တယ်ရီဆိုတဲ့ဇာတ်ကောင်အကြောင်းကို အကျယ်ချဲ့ရိုက်ထားတယ်။ Rosemary’s Baby မှာတော့ တယ်ရီက ရို့စ်မေရီနဲ့ တစ်ခါပဲ တွေ့လိုက်ရပြီး နောက်တစ်ခါမှ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတဲ့ တယ်ရီဆိုတဲ့ အမျိုးသမီးရဲ့အကြောင်းပေါ့။ Story by ကို Skylar James လို့ရေးထားတော့ ဒါက စာအုပ်ထဲမပါတဲ့ ကိုယ်တိုင်စိတ်ကူးထားတဲ့ နောက်ကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ရို့စ်မေရီမတိုင်ခင် ဒီအိမ်ကြီးထဲကလူတွေက ဘာတွေလုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြထားပေမဲ့ မူရင်း ရို့စ်မေရီရဲ့ ဇာတ်ကြောင်းနဲ့တော့ မသွေဖီသွားပါဘူး။ ဒီမှာ ချီးကျူးရမှာက သူက ရို့စ်မေရီလို Psychological Horror / Mystery ဘက်သွားမယ်ဆို သွေဖီသွားနိုင်တယ်။ ဒီတော့ သူက အတိုင်းအတာတစ်ခုအထိတော့ ဘာဖြစ်မလဲ ကျွန်တော်တို့မှန်းမိပြီးသားဇာတ်ကို Psychological Thriller ပုံစံနဲ့ ပြန်တင်ပြသွားတယ်။ ဒါပေမဲ့ မူရင်းပုံစံနဲ့လည်း တော်တော်ဆင်နေတုန်းပဲ။ အဆုံးသတ်ကို ကျွန်တော်တို့သိပြီးသားပဲ။ ဒီတော့ ဒီလိုအဆုံးသတ်ဖြစ်လာဖို့ ဘယ်လိုဖန်လာမလဲဆိုတာကို ဇာတ်ကောင်ရဲ့ စိတ်အတက်အကျတွေနဲ့ ဆွဲခေါ်သွားလိမ့်မယ်။ ထင်တော့မထင်ထားဘူးလို့ ပြောရမလိုပဲ။ ဒီဇာတ်က ဘယ်လိုအဆုံးသတ်သွားမလဲ ပမာဏတစ်ခုအထိတော့ သိနေပေမဲ့ ထင်တော့မထင်ထားတဲ့ပုံစံနဲ့အဆုံးသတ်သွားတယ်။ ဆိုးတာက ဒီဇာတ်အတိုင်းသာဆို ရို့စ်မေရီဇာတ်ကောင်ပေါ် တော်တော်လေး သက်ရောက်မှုများနေတာပါပဲ။ ဘာလို့ဆို ကြည့်ပြီးရင် သိပါလိမ့်မယ်။ 1968 ဇာတ်ကားမကြည့်ရသေးဘဲ ဒါကို အရင်ကြည့်ဖို့တော့ အားမပေးချင်ပါဘူး။ ရို့စ်မေရီကို ကြည့်ထားရင်တော့ ဘယ်လိုများချိတ်ပြမလဲ စောင့်ကြည့်ရတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘရုတ်ဝေးကနေ ဆုရထားတဲ့ Dianne Wiest တို့၊ One Day မင်းသား Jim Sturgess တို့၊ Ozark ဇာတ်လမ်းတွဲထဲက Julia Garner တို့ ပါဝင်သရုပ်ဆောင်ထားတယ်။ Rosemary’s Baby ကိုကြည့်ပြီးတဲ့လူတွေအတွက်တော့ စိတ်ဝင်စားဖို့ကောင်းမယ့် ရုပ်ရှင်ဖြစ်သလို Rosemary’s Baby ကို ကြိုက်တဲ့လူတွေကတော့ ကြည့်ကိုကြည့်သင့်တယ်လို့ မြင်တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.3GB, 1.45GB, 735MB Quality – 4K HEVC, 1080p HEVC, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 44Min Genre – Psychological Horror, Psychological Thriller, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.8 2024 106 mins
Apartment 7A
[18+] Pwede G, Pwede B
4.5

ဘာဆီဟာ အသက် ၃၀ ဝန်းကျင်လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စ ဝါသနာထုံပါတယ်။ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ကို စားပြီးနားမလည်လုပ်ခဲ့ရာကနေ လီလီဆိုတဲ့ ကောင်မလေးနဲ့အလှည့်မှာတော့ စိတ်အနာကြီးနာသွားတဲ့ လီလီရဲ့ကျိန်စာတိုက်မှုကို သူခံခဲ့ရပါတယ်။ အဲ့ဒီကျိန်စာကတော့ မိန်းကလေးတွေကိုလှည့်စားခဲ့တဲ့အတိုင်း သူ့အပေါ်မေတ္တာမတုန့်ပြန်ပဲ အပျော်ကြံမယ့်ယောက်ျားတစ်ယောက်ကို ချစ်မိသွားပါစေဆိုတာပါပဲ။ အဲ့ဒီညမှာပဲ အသည်းကွဲလာတဲ့ အတူနေအခန်းဖော် သူငယ်ချင်း သီယိုနဲ့အမှတ်မထင်အချစ်နယ်ကျွံမိခဲ့ကြပြီး တစ်ဖြည်းဖြည်းနဲ့ သီယို့အပေါ်သူ့ခံစားချက်တွေပြောင်းလဲလာနေပြီဆိုတာ အလန့်တကြားသိလိုက်ရချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(810 MB) / (360 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:51:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.5 2024
[18+] Pwede G, Pwede B
Sahebs Who Never Left Part1+Part2

Sahebs Who Never Left 2024 “အိန္ဒိယ သမိုင်းရဲ့အမှောင်ခြမ်းက ကြိုးကိုင်သူများ” နိုင်ငံသားတစ်ယောက်ပီသဖို့ဆိုရင် သမိုင်းကြောင်းကိုတော့ သိဖို့လိုတယ်တဲ့။ ဒါပေမဲ့ ဒီသမိုင်းကြောင်းကို ရေးသားခဲ့တဲ့သူတွေကရော တကယ်ပဲ နောင်လာနောက်သားတွေအတွက် စစ်မှန်တဲ့သမိုင်းဖြစ်ရပ်တွေကို ချပြခဲ့တာလား။ ဒါမှမဟုတ် သူတို့မြင်စေချင်တဲ့သမိုင်းစာမျက်နှာကို တစ်စိတ်တစ်ပိုင်းကွက်ချန်ပြီး ချပြခဲ့သလားဆိုတာကတော့…. ဒီဇာတ်လမ်းလေးက ကိုလိုနီခေတ်အိန္ဒိယသမိုင်းကြောင်းနဲ့ ဒီခေတ်ကာလအတွင်း အတွေးအမြင်ပြောင်းလဲမှုတွေ၊ ကျင့်သုံးတဲ့အယူဝါဒတွေနဲ့အတူ လူထုကို တစ်နည်းတစ်ဖုံ ချုပ်ကိုင်ခြယ်လှယ်ခဲ့ကြတဲ့ Sahebsတွေ တစ်နည်းအားဖြင့် ဗြိတိသျှတွေအုပ်ချုပ်သူ‌တွေရဲ့ လှည့်ကွက်တွေ၊ ဒီဗြိတိသျှတွေရဲ့ မဟာဗျူဟာကြီး အထမြောက်အောင် ပူးပေါင်းခဲ့ကြသူတွေအကြောင်း၊ ကိုလိုနီခေတ်ကြီးအပြီး လွတ်လပ်ရေးရပြီးချိန်မှာ ဒီဗြိတိသျှတွေအုပ်ချုပ်မှုအောက်ကလွတ်ပြီလို့ ထင်မြင်နေကြပေမဲ့ လူဖြူရဲ့လောင်းရိပ်အောက်မှာ အတော်ရှည်ကြာခဲ့တဲ့ အိန္ဒိယအုပ်ချုပ်ရေးပိုင်းရဲ့ အရှုပ်အရှင်းတွေကို သမိုင်းကြောင်းစိတ်ဝင်စားသူတွေအတွက်ရော သာမန်ရုပ်ရှင်အနေနဲ့ ခံစားလိုသူတွေအတွက်ပါ Cinematic informativeဖြစ်အောင် ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ Documentary ဇာတ်လမ်းလေးဖြစ်တာမလို့ CMပရိသတ်ကြီးလည်း ခံစားလို့ရအောင် လက်ရှိထွက်ရှိထားတဲ့ Part 1နဲ့ Part 2ကို တစုတစည်းတည်း ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alexတို့ပဲ ဖြစ်ပါတယ်)

0 2024
Sahebs Who Never Left Part1+Part2
Summer Night In Lost City
5.8

မြို့ပြမှာပျောက်ဆုံးသွားခဲ့တဲ့ နွေရာသီရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ…… အဲဒီနှစ်နွေရာသီမှာ ချစ်ရတဲ့သူနဲ့တွေ့ဆုံခဲ့တယ် သူမရဲ့ အဲဒီနှစ်နွေရာသီဟာ ပျော်စရာအကောင်းဆုံးဖြစ်ခဲ့တယ်…… ဒါပေမယ့် သူပျောက်သွားပြီးနောက်ပိုင်းမှာ သူမရဲ့ဘဝမှာနွေရာသီဆိုတာမရှိတော့ပါဘူး…… အခက်အခဲတွေအတူကျော်ဖြတ်ပြီး အိပ်မက်တွေအတူရှိခဲ့တဲ့ချစ်သူနဲ့ ဘဝကိုအတူဖြတ်သန်းသွားဖို့ဆုံးဖြတ်ခဲ့ကြပေမယ့် ချစ်သူက ရုတ်တရက်ပျောက်သွားပြီးနောက်ပိုင်းမှာ ဇာတိမြို့ကနေထွက်ခွာပြီး ရှန်ဟိုင်းမှာနေထိုင်လာခဲ့တယ်။ ရင်ထဲကဒဏ်ရာတွေကြောင့် အိမ်ခဏခဏပြောင်းတဲ့သူမဟာ တစ်နေ့မှာတော့ စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့ အပေါ်ထပ်ကိုပြောင်းလာခဲ့တယ်။ အဲဒီစားသောက်ဆိုင်မှာ သူ့ငယ်ဘဝရဲ့နွေရာသီအရသာတွေကိုပြန်ရလာခဲ့တဲ့အခါ….. ပထမဆုံးတွေ့ဖူးတဲ့ဆိုင်ရှင်လေးကိုရင်းနီးသလိုခံစားမိလာခဲ့တယ်။ ရင်းနီးတဲ့သူစိမ်းတစ်ယောက်ချက်ကျွေးတဲ့ အချစ်ရဲ့အရသာတွေကိုစားသုံးရင် သူမဟာ ဒဏ်ရာတွေကိုကုစားရင်း အတိတ်ရဲ့အရိပ်ထဲကနေ တဖြည်းဖြည်းချင်းထွက်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

5.8 2025
Summer Night In Lost City
Exit
5.1

Exit (2024) ဒီဇာတ်လမ်းကတော့ အထက်တန်းကျောင်းသား၁၃ ယောက်က ကာနီဗယ်လ် လိုခေါ်တဲ့ ပွဲလေးမှာ သူတိုရဲ့ စိတ်အပန်းဖြေဖို၊ စိတ်လှုပ်ရှားမှုတွေခံစားရဖို ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ဖိအားတွေကို မေ့လျောပစ်ဖို အဲ့ဒီပွဲကိုညပိုင်းမှာအတူတူသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတိုရဲ့ပျော်ရွှင်မှုဟာ ရုတ်တရက်ကြီးဆိုသလို အိမ်မက်ဆိုးအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ် အမည်မသိတဲ့လူတစ်ယောက်ကစီစဉ်ထားတဲ့သေမင်းဂိမ်းထဲမှာပိတ်မိကြသွားတာပါပဲ။ အဲ့ဒီဂိမ်းထဲမှာဆိုဖြင့် သူတိုအားလုံးရဲ့သတ္တိစမ်းသပ်တဲ့ဂိမ်းတွေ၊ စိတ်ပညာဆိုင်ရာပဟေဋ္ဌိတွေ နဲ့ ခြိမ်းခြောက်မှုတွေကြားကနေ ကိုယ့်အသက်ဆက်ရှင်နိုင်ဖို ဆုံးဖြတ်ချက်တွေပြုလုပ်ရပါမယ်။ ဆုံးဖြတ်ချက်တစ်ခုလွှသွားတာနဲ့ ကိုယ်ကိုတိုင် (သို) သူငယ်ချင်းတစ်ယောက်‌ယောက်က သေစေတဲ့အဖြစ်ကိုရောက်နိုင်ပါတယ်။ ကြောက်ရွံမှုတွေကြားက ကိုယ့်အသက်ရှင်နိုင်ဖို တစ်ကိုယ်ကောင်းဆန်တာတွေ ဂိမ်းပဟေဋ္ဌိတွေဘယ်လိုဖြေရှင်းနိုင်ကြမလဲ ဘယ်သူတွေကဒီဂီမ်းကိုအဆုံးထိ အသက်ရှင်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးရှင်. အညွှန်း နဲ့ ဘာသာပြန်ကတော့ CM Team ပဲ​​ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p WEB-Rip | 720p WEB-Rip File size… 1.13GB | 634MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM Team Encoder ….. Aaron

Action • Romance
5.1 2024
Exit