YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Cherry Magic TH 2024 S01E08 720p CM.mp4

169.93 MB 720p video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
She Said
7.3

2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Drama • Romance
7.3 2022 129 mins
She Said
In the Line of Duty 3
6.8

မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ အခု ၃ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 3 (1988) ဇာတ်ကားကို Force of The Dragon လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသမီး Cynthia Khan အဓိကပါဝင်ထားပြီး ခပ်ဟော့ဟော့ ခပ်ကြမ်းကြမ်းခန်းတွေကို ရိုက်တတ်တာမို့ သူ့ကို ဟောင်ကောင်ဂျက်မအနေနဲ့ ပိုသိကြပါတယ်။ IMDb Rating(6.5) ထိ ရရှိထားသလို ဖိုက်တင်ခန်းတွေလဲကြမ်းသမို့ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(2.2 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:24:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Murphy

Adventure • Family • Fantasy
6.8 1988 84 mins
In the Line of Duty 3
2/11: Day of the Dead
4.8

2/11: Day of the Dead (2012) ==================== အခု ပရိတ်သတ်ကြီးကို Horror/Mystery/Thriller အမျိုးအစား ဖြစ်တဲ့ Day of the Dead လို့အမည်ရတဲ့ အာဂျင်တီးနား ရုပ်ရှင် ဇာတ်ကားတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Day of the Dead ကတော့ နိုဝင်ဘာ ၂ ရက်နေ့မှာ ကျရောက်ပါတယ်။ “CoCo”animation movie တောင် “Day of the Dead” ကို inspire ယူပြီး ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင် “Day of the Dead”မှာတော့ မက္ကဆီကို နိုင်ငံက လိုမျိုး အရိုးခေါင်းတွေကို ဆေးခြယ်ပြီး ပွဲတော်ကြီးတစ်ခုလို ပျော်ပျော် ရွှင်ရွှင် ကျင်းပကြတာမျိုး မဟုတ်ဘဲ တောင်အမေရိကရဲ့ Day of the Dead ကျင်းပပုံကြောင်းကို သိရမှာပါ။ ဇာတ်လမ်းရဲ့ အကျဉ်းချုပ်ကတော့ Mal Abrigo နဲ့ Valle Viejo ကို ချိတ်ဆက်ထားသလို ဖြစ်နေတဲ့ တောနက်ကြီးတစ်ခုရှိပါတယ် အဲဒီအနားက မြို့သူမြို့သားတွေကြားမှာ တော့ တောနက်ကြီးထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေဖြစ်တတ်တယ်ဆိုပြီး ဘာသာရေးအယူသီးမှုဆန်ဆန် ကောလဟာလတွေ ပျံ့နှံ့နေခဲ့ပါတယ်။ မြို့ကလည်း ခြောက်ကပ်နေပြီး City of Dead လို့တောင် တင်စားလို့ရတဲ့ မြို့တစ်ခုပါ။ တစ်နေ့မှာတော့ သွေးတွေဖုံးလွှမ်းနေပြီး အဝတ်လုံးဝမပါတဲ့ ကောင်လေးတစ်ယောက်ပဲ မြို့ပြင်က သစ်တောအုပ်ကြီးတစ်ခုထဲကနေ ထွက်လာခဲ့ပါတယ်။ အဲဒီကောင်လေးမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ Day of the Dead မှာ ဘယ်လိုအယူအဆမျိုးတွေ ရှိတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.28 GB) / (480 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….June Encoder……….SWM

Adventure • Drama • Science Fiction
4.8 2012
2/11: Day of the Dead
Trumbo
7.4

ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7.4 2015
Trumbo
The Remains of the Day
7.8

The Remains of the Day (1993) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler’s List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး အထက်တန်းလူတန်းစားတစ်ရပ်ကိုတွေ့မြင်ရမှာပါ။ စည်းစနစ်ကြီးပြီး အလုပ်မှာသာ အရာရာမြှုပ်နှံထားတဲ့ စတီဗင်ဆိုတဲ့ အိမ်တော်ထိန်းကြီးတစ်ယောက် သူအိမ်ကြီးရှင် သခင်ဒါလင်တန်အပေါ် မှာထားတဲ့အကြွင်းမဲ့ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် သခင်ဒါလင်တန် ကွယ်လွန်ပြီးနှစ်အတော်ကြာမှ သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာမိပါတယ်။ သခင်ဒါလင်တန်ဟာ တကယ့်လူကြီးလူကောင်းစစ်စစ်တစ်ယောက် အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တလွဲစာနာမှုတစ်ခုအပေါ် အခြေခံမိတဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဗြိတိန်နိုင်ငံသားတွေရဲ့ သစ္စာဖောက်လို့ အခေါ်ခံရမှုတွေအောက်မှာ နောက်ဆုံးနေ့တွေကို ဖြတ်သန်းခဲ့ရသူပါ။ ဂုဏ်ရှိန်ပြင်းချိန်ကစလို့ မီးငယ်မှိန်ချိန်အထိ အနားမှာ တောက်လျှောက်ခစားခဲ့တဲ့သူကတော့ အိမ်တော်ထိန်းကြီး စတီဗင်ပါ။ ဒါလင်တန်စံအိမ်ကြီးနဲ့ သခင်ဒါလင်တန်ဟာ စတီဗင်အတွက်တော့ ကမ္ဘာတစ်ခုလုံးပါပဲ။ သူ့ရဲ့ သခင်အသစ်က နားရက်ပေးပြီး ခရီးသွားခိုင်းချိန် “ကမ္ဘာကြီးကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ စတီဗင်” လို့မေးတာကို “အတိတ်တုန်းကတော့ ကမ္ဘာကြီးကသာ ဟောဒီအိမ်ကြီးဆီ အမြဲ အလည်လာနေကျပဲ” လို့ ပြန်ဖြေတတ်သူမျိုးပေါ့။ ဇာတ်လမ်းအစစ်ကဘယ်အချိန်မှာစလဲဆိုတော့ သခင်ဒါလင်တန် ကွယ်လွန်သွားပြီးနောက် စာနယ်ဇင်းတွေမှာ ပလူပျံနေတဲ့ မကောင်းသတင်းကို ကြားပြီး မခံမရပ်ဖြစ်တဲ့စိတ်နဲ့အတူ စတီဗင်ဆီ ရောက်ရှိလာခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ စာကိုပို့လိုက်သူကတော့ တခြားမဟုတ်ဘဲ တစ်ချိန်က စတီဗင်နဲ့အတူ အိမ်တော်ကြီးမှာ အတူခစားခဲ့ကြတဲ့ မစ္စကန်တွန်ဆိုတဲ့ အမျိုးသမီးပါပဲ။ အိမ်တော်ထိန်းကြီးရဲ့ မျက်လုံးတွေကတဆင့် လွန်ခဲ့တဲ့ နှစ်၂၀က ဒါလင်တန်စံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို လက်ရှိအချိန်နဲ့ လူးလာကူးရင်းတွေ့ရမှာပါ။ ရုပ်ရှင်က ၂နာရီ ၁၄ မိနစ်စာဆိုပေမဲ့ ဘဝကြီးတစ်ခုလုံးစာကြာတယ်လို့ ခံစားရပါလိမ့်မယ်။ မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ဘဲ အဲဒီလောက်ထိကို လူကိုကျေနပ်သွားစေတယ်လို့ ပြောချင်တာပါ။ မဆိုသစလောက်လေးတော့ လေးပေမယ့် ပေါ့ပေါ့ပါးပါးခံစားရစေမယ့် အပိုင်းလေးတွေလည်း ပါပါတယ်။ ဒီကားရဲ့ အိမ်တော်ထိန်းကြီး စတီဗင်နေရာမှာ သရုပ်ဆောင်ဖို့ကို Sir Anthony Hopkins က ဘတ်ကင်ဟမ်နန်းတော်မှာ အဲလိဇဘက်ဘုရင်မကြီးအတွက် အနှစ် ၅၀ အမှုထမ်းခဲ့တဲ့ Cyril Dickman လို့ခေါ်တဲ့ အိမ်တော်ထိန်းကြီးတစ်ယောက်ဆီကနေ လေ့လာသင်ယူအကြံတောင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 900MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 14Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Thriller
7.8 1993 134 mins
The Remains of the Day
Say Anything…
7.3

Say Anything… (1989) ~ IMDb – 7.3/10, RT – 98%, Meta – 86% ~ Say Anything က Ghostတို့ Titanicတို့ 10 Things I Hate About You တို့လို When Harry Met Sally… တို့လို Classic Romance ကားပဲ။ အနီးစပ်ဆုံးအရသာတူတာကတော့ When Harry Met Sally… နဲ့လို့ ပြောရမယ်။ တစ်နှစ်တည်းထွက်တဲ့ ရိုမန့်ဟာသကားချင်းအတူတူကိုး။ သူ့ဇာတ်ကတော့ အထက်တန်းကျောင်း ကျောင်းဆင်းပွဲနေ့ကနေစတယ်။ ကျောင်းက အရာရာတော်နေတဲ့ ထက်မြက်တဲ့ကျောင်းသူလေးကို သွားကြိုက်မိတဲ့ ပေတေတေနေတဲ့ကောင်လေးတစ်ယောက်က သူအဲဒီကောင်မလေးကို ချစ်မိနေတဲ့အကြောင်း သူ့ဘော်ဒါနှစ်ယောက်ကို ပြောရာကစတယ်။ သူ့ဘော်ဒါမတွေကတော့ သူ့ကို မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဘာညာ တားကြပေမဲ့ သူကတော့ ရအောင်လိုက်မယ်ဆိုပြီး လိုက်လေရဲ့။ ကောင်မလေးက သူ့ကို စိတ်ဝင်စားပေမဲ့လည်း အဖေတစ်ခုသမီးတစ်ခုနေနေတဲ့ သူတို့ဘဝမှာ သူ့အဖေရဲ့ အတွေးတွေက သူ့ကို လွှမ်းမိုးထားတော့ သူ့စိတ်အတိုင်းသွားရခက်နေခဲ့တယ်။ ဒီလိုနဲ့ကောင်လေးကပဲ ကောင်မလေးကို ပြောင်းလဲပေးနိုင်မလား။ ကောင်မလေးကပဲ ကောင်လေးကို ပြောင်းလဲပေးသွားမလားဆိုတဲ့ ဇာတ်ပေါ့။ A Walk to Remember နဲ့တောင် နည်းနည်းခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Say Anything ကတော့ ကလပ်စစ်ပိုဖြစ်သလို သူ့ထဲက ကတ်ဆတ်ကြီးအကျယ်ကြီးဖွင့်ပြီး မ,လာပြီး ကောင်မလေးအိမ်ရှေ့ရောက်လာတဲ့အခန်းကတော့ ရိုမန့်ရုပ်ရှင်သမိုင်းရဲ့ Iconic အခန်းတွေထဲပါသလို သူ့ဇာတ်ကလည်း Reality တော်တော်ဆန်တဲ့ဘက်ကို သွားတယ်။ ဇာတ်ကြောင်းက Romanceကားပေမဲ့ Reality မတရားဆန်နေတော့ ဇာတ်ကြောင်းသစ်သလိုဖြစ်နေတယ်။ ရုပ်ရှင်ကတော့ ဆယ်ကျော်သက်ရုပ်ရှင်ဆန်ပေမဲ့ အတွင်းမှာ ပိုနက်နဲခါးသက်တဲ့အရာတွေကိုလည်း ထည့်ထားတဲ့ရုပ်ရှင်လို့ ပြောကြပေမဲ့လည်း တကယ်တမ်း ဒီရုပ်ရှင်ကြည့်ဖို့ ဒါတွေမလိုပါဘူး။ Say Anything ဟာ အတန်းထဲက ကိုယ်ကြိတ် Crushနေတဲ့ ကောင်မလေးကို ရဲရဲတင်းတင်းလိုက်ပိုးရင်း ကောင်မလေးဘက်က အခြေအနေပေးလာတဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အခင်းအကျင်းမှာ ဘဝတွေအတိုင်း မိသားစု ကျောင်းစတဲ့ လွမ်းစရာဆွေးစရာ အဖြစ်တွေပေါ်လာတဲ့ ဇာတ်ပါပဲ။ တစ်ခါတလေ ဒါတွေက ကျွန်တော်တို့ငယ်ဘဝတွေပေါ့။ တစ်ခါတလေ လွမ်းစရာအတိနဲ့ ဇာတ်တွေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 930MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 1989
Say Anything…
Last Night at Terrace Lanes

ဒီနှစ်​မှထွက်ရှိထားတဲ့ ဇာတ်​ကား​ဖြစ်ပြီး Comedy/Horror အမျိုး​အစား​ဖြစ်​ပါတယ်။ အဆောက်အဦး​တစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ်​မြောက်​ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုး​အစား​လို့​ပြောလည်းရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက်​ဖြန်ဆိုရင်​ အပြီးပိတ်​သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံ​ကြီးမှာ နောက်​ဆုံး​ညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့​နဲ့အတူ ယောက်ျား​လေး​သူငယ်ချင်း​နှစ်ယောက်​လည်း​ပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာ​ရှင်​ Bruce ကလည်း​ ဒီရုံ​ကြီးမှာ​ပဲ​အလုပ်​လုပ်​နေသူဖြစ်ပါတယ်။ အဲဒီ​ညမှာ​ပဲ အစွန်း​ရောက်အယူဝါဒ​ဂိုဏ်း​တစ်ခုက ဘိုး​လင်း​ရုံ​ကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့​နှစ်ယောက်သား အကြမ်း​ဖက်​တွေလက်ထဲက လွတ်​မြောက်​ဖို့​ကြိုး​စား​ရပုံကို ဟာသ​နှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပေါ့​ပေါ့ပါး​ပါးကြည့်ရှုလို့ရမဲ့ကားဖြစ်ပြီး Slasher ဆန်​ပေမဲ့​သွေးထွက်သံယိုတွေ ဆိုး​ဆိုး​ဝါးဝါးမပါတာကြောင့် လူတိုင်း​ကြည့်​ရှုလို့ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Horror/ Thriller​ ကိုမှ​ Comedy အနည်းငယ်​ရောထားတဲ့ ဇာတ်လမ်း​မျိုး​ကြိုက်​နှစ်သက်​သူတွေ​ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(1.7 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre…Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfemheim

0 2024
Last Night at Terrace Lanes
Million Dollar Arm
7

ဒီကားလေးကတော့ 2014 ကထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် ကို အခြေခံရိုက်ကူးထားတဲ့ sports dramaကားလေးဖြစ်ပါတယ်။ Life of Paiဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Indiaမင်းသား Suraj Sharma နဲ့ Slumdog millionaire မှာ ပါတဲ့ Madhur Mittal တို့လည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တကယ်ကို ကြည့်လို့ကောင်းတဲ့ကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အားကစားagentတွေ ဖြစ်ကျတဲ့ J.B Bernstein နဲ့ သူ့ရဲ့ Partner Ash Vasudevan တို့က Los Angeles က သူတို့ company မှာ အခက်တွေ့နေကျတဲ့ သူတွေဖြစ်ပါတယ် JB ကလည်းအားကစားသမားအသစ်တွေမွေးမထုတ်ပေးနိုင်တာကြာပါပြီ အဲဒါနဲ့ သူကဘယ်သူမှ မထိရသေးတဲ့ဈေးကွက်ဖြစ်တဲ့ India မှာ baseball ကစားသမားအသစ်တွေကို ရှာဖို့ အတွက် million dollar arm ပြိုင်ပွဲကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုနဲ့ သူလိုချင်တဲ့အားကစားသမားကောင်:တွေကိုရှာတွေ့နိုင်ပါ့မလား သူတို့ နဲ့ရော အဆင်ပြေကြမလား ဆိုတာကို ကြည့်ရှုရမဲ့ motivational ကားလေးဖြစ်ပါတယ် File size…(2 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:04:00 Genre… Biography, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

7 2014 124 mins
Million Dollar Arm
Visaranai
8.4

Visaranai (2016) “ထောင်ချောက်” CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ် တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ် အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ် ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ … တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.4 2015
Visaranai
Bhagwan Bharose
6.3

Bhagwan Bharose ( 2023 ) ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ ဟင်ဒီစကားပြော အိန္ဒိယကားဖြစ်ပြီး IMDb 6.4/10 ရရှိထားတဲ့ကားဖြစ်တဲ့အပြင် လန်ဒန်မှာကျင်းပတဲ့ ၂၅ ကြိမ်မြောက် UK Asian Film Festival မှာ အပိတ်ဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၉ ခုနှစ် မြောက်အိန္ဒိယရဲ့ရွာငယ်လေးတစ်ခုက ဘိုလာနဲ့ရှန်ဘူဆိုတဲ့ကလေးလေးနှစ်ယောက်ပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ရိုးရာယုံကြည်မှုတို့ကို မျက်စိမှတ်ကိုးကွယ်ကြတဲ့ ရွာလေးတစ်ရွာဖြစ်တဲ့အလျောက် ဘိုလာနဲ့ရှန်ဘူတို့ဟာလည်း ရိုးရာနတ်ဘုရားတွေအကြောင်းကို အရမ်းစိတ်ဝင်တစားမေးခွန်းထုတ်တတ်ကြသူတွေဖြစ်ကာ အရိုးစွဲအောင်ယုံကြည်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းမှာ သိပ္ပံအကြောင်းသင်ရတဲ့အခါမှာတော့ သူတို့ရဲ့အသိအမြင်တွေနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေတာကြောင့် လက်မခံနိုင်အောင်ဖြစ်ရပါတော့တယ်။ ဒါ့အပြင် နိုင်ငံရေးအလှည့်အပြောင်းတွေရဲ့ကြားမှာ ရိုးရာယုံကြည်မှုတွေထဲက မကောင်းဆိုးဝါးထက် လူ့ကိုယ်တွင်းကမကောင်းဆိုးဝါးတွေရဲ့ ကြောက်စရာကောင်းပုံတွေကိုလည်း ရိုက်ပြထားပါသေးတယ်။ နာမည်ကြီးမီဒီယာတွေကတောင် တဖွဲ့တနွဲ့ချီးကျူးပေးခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် အချိန်ကုန်ဘေကုန်ခံရကျိုးနပ်မယ့်ဇာတ်ကားလည်းဖြစ်ပါတယ်ဗျာ။ ( အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team မှ တင်ဆက်ပေးထားပါတယ် )

Animation • Family • Adventure
6.3 2023
Bhagwan Bharose
Deathwatch
5.9

Deathwatch (2002) IMDb Rating (5.9) ပထမကမ္ဘာစစ်ကာလကို အခြေခံပြီးရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်သားအချို့ အဖွဲ့ကွဲ၍ ဂျာမန်ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်သွားသောအခါ တပ်စခန်းမှာ ဂျာမန်စစ်သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ဗြိတိသျှစစ်သားများက ပုန်းခိုနေနိုင်မည့် နောက်ထပ်ဂျာမန်တပ်သားတွေကို ရှာဖွေရင်း ထူးဆန်းတဲ့အဖြစ်ပျက်တွေတစ်ခုပြီးတစ်ခုဖြစ်ကာ အဖွဲ့သားအချင်းချင်းရန်လိုမှုတွေ စတင်ဖြစ်ပွါးလာပါတယ်။ ရန်သူ့နယ်မြေမှာ လမ်းပျောက်နေတဲ့ ဗြိတိသျှတပ်သားအဖွဲ့ အန္တရာယ်ကင်းကင်းနဲ့ပြန်ထွက်သွားနိုင်ပါ့မလား သူတို့အဖွဲ့ကိုနှောင့်ယှက်နေတဲ့ ထူးဆန်းတဲ့အရာကရော ဘာဖြစ်မလဲ စသည်ဖြင့် သည်းထိပ်ရင်ဖိုကြည့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.6 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller, War Duration….01:35:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

5.9 2002 94 mins
Deathwatch
The Wig
5.4

The Wig (2005) *************** Horror ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ၂၀၀၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Wig ဆိုတဲ့ ဇာတ်လမ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ .. မတော်တဆမှုတစ်ခုကြောင့် အသံဆုံးရှုံးလိုက်ရတဲ့ ဂျီဟျွန်းဟာ ကင်ဆာရောဂါသည်ဖြစ်တဲ့ ညီမဖြစ်သူ ဆူဟျွန်းကို ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ရောဂါကုထုံးကြောင့် ဆံပင်တွေအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ ဆူဟျွန်းကို ဆံပင်တုလေးတစ်ခု လက်ဆောင် ပေးလိုက်တဲနောက်မှာပဲ သူတို့ညီမနှစ်ယောက်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ဆံပင်တုကို တပ်ပြီးတဲ့နောက်မှာ ဆူဟျွန်းဟာ ရောဂါသည်တစ်ယောက် မဟုတ်တော့ဘဲ သာမန်လူတစ်ယောက်လို လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ဒါ့အပြင် အပြုအမူတွေပါ ပြောင်းလဲလာတဲ့ ဆူဟျွန်းကို ဂျီဟျွန်းက စိုးရိမ်စွာနဲ့ စောင့်ကြည့်လိုက်တဲ့အခါမှာ ဆံပင်တုနဲ့ သက်ဆိုင်နေတယ်ဆိုတာကို သိရှိသွားခဲ့ပါတယ် .. ဒီတော့ ဆံပင်တုကြောင့် ဆူဟျွန်းတစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားတာလဲ။ ဂျီဟျွန်းကလည်း သူ့ညီမကို ဘယ်လိုတွေ ကာကွယ်ပေးသွားမလဲ။ ဆူဟျွန်းရဲ့ဆံပင်တုမှာ ဘယ်လိုနောက်ကြောင်းတွေ ရှိခဲ့တာလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ပါဦနော် .. (အညွှန်းကို Estel မှ ရေးသားထားပါတယ်) File size…1.75GB / 669MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 43m Genre ….. Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

5.4 2005 106 mins
The Wig
Then Chennai
7.9

Then Chennai (2024) ကိုယ်တိုင်ထုဆစ်ပုံဖော်မှု ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့ ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။ ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊ ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေ‌ရင်းနဲ့ပေါ့။ ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊ အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့‌ရှိချိန်ကစလို့ လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။ သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့ ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။ သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့ ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။ သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီး ကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။ သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်း နာမည်ကျော်ကြား လူသိများလာပါပြီ။ ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ‌ ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်း တစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့ စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။ သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲ အေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့ ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊ အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကို ဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်‌သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Mystery • Fantasy • Comedy • Adventure
7.9 2024 122 mins
Then Chennai
The Long, Hot Summer
7.3

၁၉၅၈ ကထွက်ရှိခဲ့တဲ့ အမေရိကန် ဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်….. မီးရှို့တတ်တဲ့ ကောင်လေးလို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ဘန်ကွစ် တစ်ယောက် သူနေထိုင်တဲ့မြိုမှာ မီးလောင်မှုဖြစ်ပွားလို့ နှင်ထုတ်ခံလိုက်ရပါတယ်…….. ခြေဉီးတည့်ရာ ရထားတဲ့ လှည့်လည်ရင်း ဗာနာတွေကြီးဆိုးတဲ့ မြိုလေးကို သူရောက်လာခဲ့ပါတယ် ဗာနာမိသားစုနဲ့ တွေ့လိုက်ရတဲ့အချိန် အထူးသဖြင့် ဝေလ်ဗာနာရဲ့ သမီးဖြစ်သူ ကလာရာနဲ့ တွေ့ဆုံတဲ့အခါမှာတော့ ………… သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေ ကလာရာရဲ့ သူ့အပေါ်မုန်းတီးမှုတွေ ဘန်ကွစ်တစ်ယောက်အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေကိုကြည့်ရှုခံစားလိုက်ကြပါဦး…… File size…(2.4 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre… Tragedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Comedy • Drama
7.3 1958 115 mins
The Long, Hot Summer