YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Cherry Magic.2020.E03.1080p.CM.mp4

346.79 MB N/A video/mp4 414 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rare Exports: A Christmas Tale
6.3

Sisu movieက ဖင်လန်ကွန်မန်ဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jorma Tommilaနဲ့ Schützeအဖြစ်သရုပ်ဆောင်ခဲ့တဲ့သားဖြစ်သူ Onni Tommila တို့ရဲ့ သားအဖနှစ်ယောက်သရုပ်ဆောင်ထားတဲ့ ခရစ်စမတ်အချိန်အခါ သည်းထိတ်ရင်ဖိုဇာတ်ကား‌တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ ခရစ်စမတ်မတိုင်ခင် ၂၄ရက်အလိုမှာပေါ့။ဥရောပ မြောက်ပိုင်း စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့အာတိတ်စက်ဝိုင်း‌နဲ့ အနီးဆုံးဖြစ်တဲ့ လက်ပ်လန်းဆိုတဲ့ဒေသ။ အထူးသဖြင့် ဖင်လန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြားကကော်ဗာ တွန်တူရီဆိုတဲ့တောင်မှာ တူးဖော် နေကြတဲ့အမေရိကန်-ဗြိတိန်အဖွဲ့က ဒေသခံ ဆာမီလူမျိုးတွေရဲ့ ရှေးဟောင်းသင်္ချိုင်းတခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကိုချောင်းကြည့် နေခဲ့တာက ပီရဲတာရီနဲ့ ဂျူးဆိုဆိုတဲ့ ကောင်လေးနှစ်ယောက်။ ပီရဲတာရီယုံကြည်ထားတာ ဒီတောင်ဟာဆာမီလူမျိုးတွေက ဆိုးသွမ်းတဲ့ ကလေးတွေကိုနှိပ်စက်တတ်တဲ့ ဆန်တာ ကလော့အစစ်အမှန်ကို ဖမ်းဆီး မြေမြှုပ်ထားတဲ့နေရာပဲ။ တောင်‌ပေါ်ကတူးဖော်နေတာတွေရပ်သွားတဲ့ အချိန်မှာပဲသူ့ရဲ့ရွာနားမှာ သမင်တွေအကုန်လုံးနီးပါးသေကြေနေတာတွေ ပစ္စည်းတွေပျောက်ကုန်လာတာတွေကလေးတွေပျောက်ကုန်တာအပြင် လူထူးလူဆန်းတယောက်ကိုပါ သူ့အဖေရဲ့ ထောင်ချောက်မှာမိလာတဲ့ အချိန်မှာတော့ပီရဲတာရီနဲ့ ပီရဲတာရီရဲ့အဖေတို့က ဒီကိစ္စကိုအဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ သမင်တွေဘာလို့သေကုန်တာလဲ။ ဒီဖမ်းမိထားတဲ့သူကဘာလဲ။ကလေးတွေဘယ်ရောက်ကုန်တာလဲ။ တောင်ပေါ်မှာကဘာလို့တိတ်ဆိတ်သွားရတာလဲ။ဒီခရစ်စမတ်ကို သူတို့တွေကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုRare Exports ဆိုတဲ့ ဒီဇာတ်ကားလေးမှာရှုစားပေးပါဦးခင်ဗျ။ File size…1.68GB / 727MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ..... Adventure , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama
6.3 2010 83 mins
Rare Exports: A Christmas Tale
Gunehgaar

Gunehgaar 2023 IMDb - 7.5 ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ အိန္ဒိယမှုခင်းဒရာမာကားဖြစ်ပါတယ်။ အဓိကဇာတ်ကောင်မှာ ဘန်ဆယ်လ်၊ မရီနာလီ နဲ့ အုမ်တို့လူသုံးယောက်နဲ့ နေရာတစ်ခုတည်းမှာတင်ပြီးသွားပေမဲ့ ဇာတ်လမ်းကတော့ ထင်ထားသလောက် မရိုးရှင်းနေပါဘူး။ ဇာတ်လမ်းအကျဉ်း တစ်ညမှာ ဘန်ဆယ်လ်က ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မရီနာလီကို အရေးကြီးသတင်းပြောစရာရှိတယ်ဆိုပြီး သူ့အိမ်ကိုဖိတ်လိုက်တယ်။ မရီနာလီဟာ ငါးအကြီးကြီးမိပြီအထင်နဲ့ ဘန်ဆယ်လ်အိမ်ရောက်လာတဲ့အချိန်မှာ သူထင်မှတ်မထားတဲ့ လူတစ်ယောက်နဲ့တွေ့လိုက်ရတယ်။ သတင်းယူဖို့လာတဲ့ မရီနာလီတစ်ယောက် သူက သတင်းရဲ့တစ်စိတ်တစ်ပိုင်းထဲပါနေပြီဆိုတာမသိဘဲ ဝင်ပါလိုက်ရာကနေ လူသတ်မှုအကြောင်းတွေပါ ပါလာတဲ့အချိန်မှာ ဒီလူသုံးယောက်ရဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ မိုးအေးအေးမှာ ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ ဘယ်လိုလောင်ရဦးမလဲဆိုတာ ပြဇာတ်ကြည့်နေရသလို လူသတ်မှုတွေကိုဘယ်လိုအဖြေရှာကြမယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Moon ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Moon ~ BpL ~ Yunni ~ Thaik San ~ chiclon3 တို့ပဲဖြစ်ပါတယ်) File size…600MB / 400MB Quality…1080p / 720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~ BpL ~ Yunni ~ Thaik San ~ chiclon3

Reality
0 2022 54 mins
Gunehgaar
The White Tiger
6.9

Netflix ရဲ့ ရုပ်ရှင်အသစ်လေး ခံစားကြည့်ရအောင်။ မင်းသား မင်းသမီးတွေက နာမည်ကြီးတွေလို့တော့ ပြောကြတယ်ဗျ။ ကျွန်တော်ကတော့ အကြည့်နည်းလို့ သိပ်မသိဘူး။ ဒါပေမယ့် ဇာတ်လမ်းအကြောင်းကိုပဲ ပြောရအောင်။ သိပ်ကောင်းပါတယ်။ အိန္ဒိယရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်က တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်နဲ့ တွေ့ခွင့်ရဖို့ သူ့ဘဝဇာတ်ကြောင်းကို အီးမေးလ် ပို့ရာကနေ စတာပေါ့ဗျာ။ အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်တွေ ဇာတ်မြင့်တွေ အမျိုး ၁၀၀၀ လောက် ရှိခဲ့ပေမယ့် တကယ်တော့ ဇာတ် ၂ မျိုးပဲ ရှိပါတယ်။ ဗိုက်ပူနေတဲ့သူနဲ့ ဗိုက်ပိန်နေတဲ့သူပေါ့။ သခင် နဲ့ အစေခံပေါ့။ အိန္ဒိယနိုင်ငံရဲ့ လူတန်းစား ကွာခြားမှုအမြင်တွေ ရုန်းကန်မှုတွေ အကြောင်း ကောင်းကောင်းကြီး ပုံဖော်ထားတာပါပဲ။ ဇာတ်လိုက်ရဲ့ ဥပမာကတော့ သူတို့လို အစေခံ လူတန်းစားတွေကို ကြက်လှောင်အိမ်ထဲက ကြက်တွေနဲ့ နှိုင်းယှဉ်ပြထားတယ်ဗျာ။ ကြက်လှောင်အိမ်ထဲက ကြက်တွေဟာ သူတို့ရှေ့မှာ ကြက်တွေကို သတ်နေတာတွေ မြင်ရတယ် သွေးနံ့တွေရတယ်။ ဒါပေမယ့် လှောင်အိမ်ထဲက ထွက်ဖို့ မကြိုးစားကြဘူး။ အစေခံတွေအားလုံးဟာလည်း ဒီလိုလူတွေပဲလို့ ဆိုထားတယ်။ ဒီဇာတ်လမ်းကတော့ ကြက်လှောင်အိမ်ထဲကနေ ထွက်ဖို့ ကြိုးစားခဲ့တဲ့ ကြက်တစ်ကောင်အကြောင်းပေါ့ဗျာ။ အားလုံးကြိုက်ကြမှာပါ။ File size…(1.7 GB) and (900 MB) Quality…Blu-Ray Rip 1080p and 720p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Littleneo

Drama
6.9 2021 125 mins
The White Tiger
Echelon Conspiracy

၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်​အမျိုးသား​လုံခြုံရေး​အေဂျင်စီ​ (NSA)​ရဲ့ လျှို့ဝှက်​ဖိုင်​တွေနဲ့ သူလျှို​အရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်​လှမ်း​မှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်​အော်​သောင်း​တင်း​ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုး​ဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုး​အစားဖြစ်​ပြီး​ နောက်​လေးနှစ်အကြာမှာ စနိုး​ဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့​ထောက်လှမ်း​မှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူး​ယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မက်စ်ပီတာဆန်က ကွန်​ပျူ​တာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်​မှာ အလုပ်​ကိစ္စ​နဲ့ ခေတ္တ​နေထိုင်​စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင်​ အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်​နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်​ထပ် message ဝင်လာပါတယ်။ စတော့ရှယ်​ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာ​ခင် 300% ကျော်​အထိ​ထိုးတက်သွားပါတယ်။ ထို့နောက်​မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို​ ချက်​နိုင်ငံ​ ပရဂ်မြို့ကိုသွားပြီး လောင်း​ကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလို​နဲ့ မက်စ်​တစ်ယောက်​ အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြား​ချက်​အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ သူတစ်ခါမှမကြုံဖူး မပတ်သက်ဖူးတဲ့ လူတွေနဲ့တွေ့ကြုံရပြီး ရှုပ်ထွေး​တဲ့ပြဿနာတစ်ခုရဲ့အလယ်ကို ရောက်​နေမှန်းသိလိုက်ရပါတော့တယ်။ Message တွေပို့နေတာ ဘယ်သူလဲ​ ဘာကြောင့်​အရာ​အားလုံး​ကို​သိနေတာလဲ ဘာအကြံနဲ့ပို့နေတာလဲဆိုတာကို မက်​စ်​တစ်ယောက်​အဖြေရှာ​ရတော့မှာ​ဖြစ်ပါတယ်။ ဇာတ်​လမ်းက အက်​ရှင် Thriller​ နဲ့ Sci-fi​ အမျိုးအစားလို့ပြောလို့ရပြီး ဇာတ်​အိမ်​သွက်သွက်နဲ့ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ပစ်ခတ်​ခန်း သိပ်မပါဘဲ စုံထောက်​ဖက်ကိုအားပြုထားတယ်လို့ဆိုနိုင်ပါမယ်။ Action​ Thriller​ ပရိတ်သတ်​တွေ အကြိုက်တွေ့နိုင်တဲ့ဇာတ်ကား​မျိုး​ပါ။ File size…(1.9 GB)/(966 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by wolfemhein

0 2009
Echelon Conspiracy
Avenues
6

Avenues (2017) ============= IMDb Rating – 6.0/10 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာ‌တွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.29 GB) / (529 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Theo Katt Encoder……….SWM

Action
6 2017
Avenues
Jaws
8.1

စတီဗင်စပီးဘာ့ဂ်ဟာ ရုပ်ရှင်ရိုက်ဖို့ မွေးလာတဲ့သူပါပဲ။ သူ့ပထမဆုံးရုပ်ရှင် The Sugarland Express (1974)တို့ ခု ဒုတိယရုပ်ရှင်ဂျောတို့လိုစစဦးချင်းကားတွေကနေစလို့ နောက်ဆုံး အခု The Fabelmansအထိ ကားတိုင်း မှတ်ကျောက်ထင်ကျန်အောင် လုပ်နိုင်တဲ့ ဒါရိုက်တာဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့သမျှကားတွေကလည်း တစ်ကားနဲ့တစ်ကား ပုံစံ Genre တော်တော်ကွဲထွက်ပေမဲ့ ဘာပဲရိုက်ရိုက် မှော်ဝင်အောင်ရိုက်နိုင်တာက စပီးဘာ့ဂ်ရဲ့ ထူးခြားချက်လို့ ပြောရမယ်။ Jawsတို့ The Lost World: Jurassic Parkတို့လို အကောင်ကားတွေ အင်ဒီယာနာဂျုန်းကားတွေလို စွန့်စားခန်းကားတွေ လင်ကွန်းတို့ ကာလာပါပယ်တို့လို The Postတို့ Schindler’s Listတို့ လို ဘိုင်အိုဂရပ်ဖီကားတွေ The Terminalလို ရိုမန့်သိပ်ဆန်တဲ့ကားတွေ A.I. Artificial Intelligence , E.T. the Extra-Terrestrial , war of the worlds, Close Encounters of the Third Kindတို့လို သိပ္ပံကားတွေ Catch Me If You Canတို့ Saving The Private Ryan တို့လို ကားတွေအထိ တစ်ကားမှမကောင်းမရှိရအောင် ရိုက်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ပုဂ္ဂလိက အမြင်အရတော့ Jawsတို့ အင်ဒီယာနာတို့လိုကားတွေက စပီးဘာ့ဂ်ရဲ့ တင်ပြပုံမှော်ဆန်နေတာကြောင့်သာမဟုတ်ရင် ကျွန်တော်တို့မြင်နေကျ ခပ်ပေါပေါငါးမန်းကားတွေ ခပ်ပေါပေါရှေးဟောင်းသုတေသနစွန့်စားခန်းကားတွေ ဖြစ်သွားမှာပဲ။ စပီးဘာ့ဂ်ရဲ့ မှော်ဆန်မှုနဲ့ပေါင်းလိုက်မှသာ ဒီရုပ်ရှင်တွေဟာ ဂန္တဝင်ကားတွေဖြစ်လာခဲ့တာပဲ။ ဂျိမ်းစ်မန်ဂိုးဒ်လို အထင်ကရ ဒါရိုက်တာတစ်ယောက်ရိုက်တာတောင် အဲဒီလိုဆန်သွားတဲ့ အင်ဒီယာနာနဲ့ တစ်ကလွဲ နောက်ပိုင်းကားအကုန် သာမန်ငါးမန်းကားဖြစ်သွားတဲ့ Jawsကိုကြည့်ရင်ပဲ ဒီအချက်က မြင်သာတယ်။ Jawsမှာဆိုလည်း ငါးမန်းကားသက်သက်ပေမဲ့ စပီးဘာ့ဂ်ပေါင်းစပ်ထားတဲ့ Elementတွေဟာ Jawsကို သာမန်ငါးမန်းကားတစ်ကားထက်ပိုစေခဲ့တယ်။ နောက်သူက ပရိုဒတ်ရှင်းကုမ္ပဏီ Amblin Entertainmentကိုလည်း ထောင်ထားသေးတယ်။ အဲဒီကနေလည်း Back to the Futureတို့ Cape Fearတို့လို ရုပ်ရှင်တွေ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အဆက်ကို ဆက်ရိုက်ကြတာတွေကို ထုတ်ခဲ့တယ်။ သူ့ဘာသာအနေနဲ့လည်း ရုပ်ရှင်တွေအများကြီး ပရိုဂျူဆာလုပ်ခဲ့တယ်။ စပီးဘာ့ခ်ရဲ့ ရုပ်ရှင်ပိုးကို ဆွပေးခဲ့တဲ့ ရုပ်ရှင်တွေက Godzilla, King of the Monsters (1956)တို့ ကူရိုဆာဝါရုပ်ရှင်တွေတို့ Captains Courageous (1937), Pinocchio (1940)တို့ Lawrence of Arabia (1962)တို့ဆိုတော့ သူရွေးချယ်ထားတဲ့ ရုပ်ရှင်တွေက စုံလင်ဆန်းပြားနေတာလည်း မဆန်းဘူး။ အဲဒီကားတွေနဲ့ခပ်ဆင်ဆင်ကားတွေအကုန် သူရိုက်ပြခဲ့ပြီးပြီ။ Jawsကို ရိုက်တော့ စပီးဘာ့ဂ်က မူရင်းစာအုပ်က အခန်းတွေအများကြီးကို ဖြုတ်ချပြီး ကျောရိုးကိုပဲ အဓိကထားရိုက်ခဲ့တယ်။ ဇာတ်ညွှန်းကိုလည်း မူလက အပ်ထားတဲ့ ဇာတ်ညွှန်းသမားဟာကို အချိတ်အဆက်မမိဘူးလို့ခံစားရတာကြောင့် နောက်တစ်ယောက်ကိုပါ ထပ်အပ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ရုပ်ရှင်မှာ အဓိကက တစ် ဇာတ်ညွှန်း နှစ်ဇာတ်ညွှန်း သုံးဇာတ်ညွှန်းပဲ ဆိုသလိုပေါ့။ တကယ်တမ်း Jawsကို ရုပ်ရှင်ရိုက်တော့လည်း အခက်အခဲအများကြီး ကြုံခဲ့ရတယ်။ စပီးဘာ့ဂ်ရဲ့ တိုင်အပတ်ခဲ့ဆုံးတွေထဲက တစ်ကားလို့ပြောရမယ်။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာတော့ အောင်မြင်ခဲ့တယ်။ သိရသလောက်ဆို ရုံထဲကနေ ပရိသတ်တစ်ယောက် ထွက်ပြေးသွားတော့ စပီးဘာ့ဂ်က သူ့ကားဘွန်းပြီလို့ထင်ခဲ့သတဲ့။ ဒါပေမဲ့ ဟိုလူက အန်ပြီး ပြန်လာပြီး ကားပြီးတဲ့အထိ ဆက်ကြည့်မှပဲ သူစိတ်အေးသွားရသတဲ့။ တကယ်လည်း နည်းနည်းလန့်ဖို့ကောင်းတဲ့ အခန်းတွေပါသလို နောက်ခံတီးလုံးက ဂျွန်ဝီလီယမ်လက်စွမ်းပြထားတာဆိုတော့ Jumpscareခန်းတွေမှာ သူ့တီးလုံးနဲ့ တော်တော်လေးအသက်ဝင်နေတယ်။ ငါးမန်းကားဆိုပေမဲ့ သူတို့၂ယောက်လက်စွမ်းကြောင့် ဟော်ရာကားလိုလို အရသာပါရနေတယ်။ Thriller အငွေ့အသက်လည်း အပြည့်ရပါတယ်။ ဒီလိုအသက်ဝင်နေတာကြောင့်ပဲ Jawsဟာ တော်တော်လေး အောင်မြင်ခဲ့သလို Blockbuster ဆိုတဲ့ စကားလုံးဟာ Jawsမှာ ပိုတွင်ကျယ်လာတယ်လို့ပြောကြတယ်။ ဒါတော့မသေချာဘူး။ ဒါပေမဲ့လည်း Jawsဟာ အောင်မြင်ရုံတင်မဟုတ်ဘဲ culture တစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့တယ်။ ဇာတ်ကြောင်းကိုတော့ ပြောပြဖို့မလိုလောက်ပါဘူး။ ဒါပေမဲ့လည်း စပီးဘာ့ဂ်က ငါးမန်းကားတစ်ကားကို ငါးမန်းကားတစ်ကားထက် ပိုတဲ့ ပုံစံနဲ့တင်ပြသွားခဲ့တယ်။ ငါးမန်းစစပေါ်လာချင်းမှာ သူတို့ စီးပွားရေးထိခိုက်မှာစိုးလို့ ဖုံးထားခဲ့ကြတဲ့ မြို့မျက်နှာဖုံးတွေတို့ , တာဝန်နဲ့အထက်လူကြီးတွေကြားတိုင်ပတ်နေခဲ့တဲ့ရဲမှူးတို့ , ဆုကြေးရချင်လို့ ဘူမသိကိုးမသိ အုပ်လိုက် ငါးမန်းပတ်ဖမ်းကြတဲလူတွေတို့, ငါးမန်းတွေနဲ့ပတ်သက်ပြီး ထရော်မာရှိခဲ့လို့ ငါးမန်းအကြောင်းလေ့လာနေတဲ့ သူတို့ , နောက် ကမ္ဘာစစ်က စစ်သားဟောင်း ငါးမန်းဖမ်းသမားတို့တွေလို စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာတွေထည့်သွင်းထားတယ်။ ဒီကာရိုက်တာတွေကြောင့်ပဲ ဒီဇာတ်ဟာ သာမန်ငါးမန်းဇာတ်ထက်ပိုခဲ့တယ်။ ဂေါ်ဇီလာပရိသတ်ဖြစ်ဖူးလို့လားတော့မသိပါဘူး။ စပီးဘာ့ခ်က ငါးမန်းဖမ်းသမားကြီးပြောတဲ့ ဇာတ်လမ်းမှာ ငါးမန်းတွေရယ် နာဂါဆာကီနဲ့ ဟီးရိုးရှီးမားကို ကျဲမယ့်ဗုံးကို သွားပို့ပေးရတာရယ်ကို ချိတ်ဆက်ပြောသွားခဲ့တယ်။ ဒီအခန်းမှာ ဒီအနုမြူဗုံးရဲ့ပျက်စီးခြင်းအငွေ့အသက်ကို ခံစားမိအောင် စပီးဘာ့ဂ်ကလုပ်နိုင်ခဲ့တယ်။ ဇာတ်လမ်းကျောရိုးကြည့်ရင် မြင်နေကျဖြစ်နေရင်တောင်မှပဲ စပီးဘာ့ဂ်ဟာ ဒီလိုအရသာတစ်မျိုးပေးနိုင်တဲ့ Subplotsတွေ သူ့ရဲ့မှော်ဝင် Elementsတွေကိုသုံးပြီး အမြဲမှော်ဆန်အောင်လုပ်နိုင်ခဲ့တယ်။ Jaws ( 1975 )ဟာလည်း စပီးဘာ့ဂ် ဟိုးကတည်းက မှော်အောင်ခဲ့တဲ့ကားပါပဲ။ စပီးဘာ့ဂ်ဟာ ရုပ်ရှင်ကိုချစ်တဲ့ ရုပ်ရှင်ကိုချစ်တဲ့စိတ်နဲ့ရိုက်တဲ့ ရုပ်ရှင်ကို အားလုံးချစ်စေချင်တဲ့ သူတစ်ယောက်လို့ပြောရင် လွန်မယ်မထင်ဘူး။ File size… 3.2 GB / 1.3 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 2h 4m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

8.1 1975 124 mins
Jaws
Marnie
7.1

၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။ မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ သူမဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲ။ မာနီကို ချစ်လွန်းလို့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်မှန်း သိလျက်နဲ့ လက်ထပ်ယူထားတဲ့ မက်ခ်ကရော သူမကို ကူညီပေးနိုင်ပါ့မလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Psychological thriller အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Romance • Comedy • Science Fiction
7.1 1964 130 mins
Marnie
Kubi
6.7

လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာ ခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင် ထားပါတယ်။ ၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့ သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေ တည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကို ထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ် ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေ အများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက် ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါက မီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီး ဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင် ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသော စိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူ သိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။ နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာ နိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေက စောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2023
Kubi
Four Rooms
6.7

ဒီဇာတ်ကားလေးက ဟိုတယ်ဧည့်ကြိုကောင်လေး Ted တယောက်ရဲ့ နှစ်သစ်ကူးညမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးရိုက်ကူးထားတာပါ၊ ထူးခြားတာက ဒီဇာတ်ကားကို ဒါရိုက်တာ ၄ ယောက်ကရိုက်ကူးခဲ့တာဖြစ်ပြီး ဟိုတယ်အခန်း ၄ ခန်းမှာ Ted တယောက်ကြုံတွေ့ခဲ့ရတာတွေကို ပုံဖော်ထားတာပါ၊ ပထမအခန်းကတော့ နတ်ဘုရားတယောက်ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေတဲ့ စုန်းမတွေနဲ့ Ted တယောက်တွေ့ခဲ့ရတာပါ၊ အသက်ပြန်သွင်းဖို့အစီအရင်မှာ ပစ္စည်းတခုလိုအပ်နေခဲ့ပြီး ဒါကိုလည်း Ted ကဖြည့်ဆည်းပေးခဲ့ရပါတယ်၊ ဒုတိယအခန်းကတော့ ရန်ဖြစ်နေတဲ့လင်မယား၂ယောက်အခန်းပါ၊ Ted တယောက် ဒီရန်ပွဲထဲမှာ ကြားညှပ်ခဲ့ရပါတယ်၊ နောက်တခန်းကတော့ ဂန်းစတားတယောက်ရဲ့အခန်းဖြစ်ပြီး ဂန်းစတားရဲ့ သားနဲ့သမီးကို ထိန်းဖို့ဖြစ်လာရကနေ အခက်အခဲပေါင်းများစွာကို Ted တယောက်ထပ်ပြီးကြုံတွေခဲ့ရပါတယ်၊ နောက်ဆုံးအခန်းကတော့ ဟောလိဝုဒ်နာမည်ကြီးတယောက်ရဲ့ အခန်းဖြစ်တာမို့ Ted တယောက်သက်သာရာရပြီထင်ခဲ့ပေမယ့် နှစ်သစ်ကူးညကြုံတွေ့ရသမျှထဲမှာ အဆိုးဆုံးနဲ့ကြောင်တောင်တောင်အနိုင်ဆုံးကိစ္စကို ကြုံတွေ့ခဲ့ရပြန်ပါတယ်၊ဒီဇာတ်ကား‌က ဟိုတယ်တခုထဲမှာပဲ ဖြစ်ခဲ့တဲ့ မတူညီဖြစ်ရပ်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပြီး တကယ်လည်းရယ်ရတဲ့ကားလေးပါ၊ File size…(1.7 GB)/(860 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Kyaw

Romance
6.7 1995
Four Rooms
Fake Big Brother
5.8

CM ရဲ့ တရုတ်ကားဖန်တွေအတွက် ဒီနေ့မှာတော့ ပညာပေး ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ စွန်းရှောင်ဟောက်ဆိုတဲ့ ကောင်လေးအကြောင်းနဲ့ မာထျန်းလျန်ဆိုတဲ့ သက်လတ်ပိုင်း အကြောင်း ကိုပြောပြဖို့လိုမယ်… မာထျန်းလျန်ကတော့ သက်လတ်ပိုင်း… အကင်ဆိုင်ဖွင့်နေသူပေါ့… သူက တစ်နေ့လုပ်မှ တစ်နေ့စားနေရပေမယ့်လည်း တစ်ဖက်မှာ ငွေတိုးချေးလုပ်ငန်းနဲ့ ငွေရှာရလွယ်ကူနေတဲ့ ဝမ်ဟွေ့ဆိုတဲ့ သူ့သူငယ်ချင်းကရဲ့ အားပေးအားမြှောက်မှုကြောင့်… အကြွေးလိုက်သိမ်းသူဖြစ်လာခဲ့တယ်… ဘဝပေးအခြေအနေကြောင့် ငွေရဖို့အတွက် ဘာမဆိုလုပ်ချင်တဲ့သူမျိုးဖြစ်လာတယ်…. ကဲ စွန်းရှောင်ဟောက်ကတော့ မိတစ်ဆိုးလေးမို့ အဖေအလိုလိုက်တာ ခံထားရသူပေါ့… ရုတ်တရက်ကြီး သူ့အဖေသွေးတိုးပြီး ဆေးရုံတက်လိုက်ရချိန်မှာ သူ့ကောင်းကင်ကြီး ပြိုကျလာခဲ့တယ်… ဘဝဆိုတာကို စာတွေ့ကလွဲပြီးမသိတဲ့ ၁၉-၂၀ အရွယ်ကောင်လေးက ဒ ယ်လီလိုက်ပို့ပြီး တစ်နေ့ထက် တစ်နေ့ ပိုပိုမြင့်တက်လာတဲ့ အတိုးတွေနဲ့ အကြွေးကို ဆပ်ဖို့ ရုန်းကန်နေရတယ်… ဒီကလေးနဲ့ မာထျန်းလျန်တို့ ဘယ်လို ပတ်သက်မှုရှိတာလဲ… ဘယ်လို သက်ဆိုင်ပြီး မာထျန်းလျန်ကြောင့် ရှောင်ဟောက်ဘဝဘယ်လိုပြောင်းလဲသွားမှာလဲ… ငွေတိုးချေးတယ်ဆိုတာ အခြေခံလူတန်းစားတွေဘဝကို ဘယ်လို နင်းမြိုသွားတယ်ဆိုတာကို ဒီကားလေးကပြောပြသွားမှာမို့ အတူကြည့်လိုက်ကြရအောင်နော်…

5.8 2024
Fake Big Brother
Rogue River

ရော့ခ်မြစ်နားမှာ သေဆုံးသူဖခင်ရဲ့ အရိုးပြာကို လာစွန့်ပစ်တဲ့ မာရာဟာ သူစိမ်းတစ်ယောက်ဖြစ်သူ ဂျွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အရိုးပြာစွန့်ပစ်ဖို့ ခွင့်ပြုချက်လိုမယ့်အကြောင်းလာပြောပြတဲ့ ဂျွန်နဲ့ စကားစပ်မိရင်းကနေ ဂျွန်ကလည်း ဒီနေရာကို သူ့သမီးနဲ့အတူလာတတ်ကြောင်း ပြောပြခဲ့သလို မာရာကလည်း သူ့အဖေနဲ့ စခန်းချအမဲလိုက်ဖူးတဲ့ အမှတ်တရတွေကို ပြောပြနေခဲ့ပါတယ်။ နောက်တော့ မမှောင်ခင်မှာပဲ တောစပ်က ကားနားထိ အတူတူလမ်းလျှောက်လာခဲ့ကြပါတယ်။ ကားလမ်းဘေးကို ပြန်ရောက်တဲ့အခါမှာ သူစီးလာတဲ့ကားကို ထူးဆန်းစွာ ပျောက်ဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။ လူသူရှားပါးတဲ့အရပ်ဖြစ်နေတဲ့အတွက် ဂျွန်နဲ့ပဲ လမ်းကြုံလိုက်ခဲ့ဖို့ မာရာ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျွန့်အိမ်ကနေတစ်ဆင့် မြို့ထဲကိုသွားဖို့ စီစဉ်ထားတဲ့ မာရာဟာ သူ့ကို နွေးထွေးစွာ ကြိုဆိုနေတဲ့ ဂျွန်နဲ့လီယာတို့ ဇနီးမောင်နှံရဲ့ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ဘဲ ဂျွန်တို့အိမ်မှာ ညအိပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ညတွင်းချင်းပဲ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က ဂျွန်နဲ့လီယာ တို့ရဲ့ အရုပ်ဆိုးအကျည်းတန်မှုတွေ တစ်ရစ်ချင်းပေါ်လာတဲ့အချိန်မှာတော့ မာရာ့အတွက် ငရဲကို လက်တွေ့ကြုံရတဲ့ ညတစ်ညဖြစ်လာပါတော့တယ်။ ဘယ်လောက်ပဲ အပေါ်ယံဖော်ရွေတဲ့သူပဲဖြစ်ဖြစ် သူစိမ်းဖြစ်နေခဲ့ရင် အယုံမလွယ်သင့်ဘူးဆိုတာကို အကောင်းဆုံး ဥပမာပေးနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.6 GB/ 832 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Horror , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

0 2011 81 mins
Rogue River
Deadland
5.6

Deadland (2024) နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိ Angel Walter ဟာ ကင်းလှည့်နေချိန်မှာ နယ်စပ်ကို တရားမဝင်ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက် မြစ်ထဲကနေ ဖြတ်လာတာကို တွေ့ခဲ့ရတယ်။ မြစ်ရေဟာအန္တရာယ်များလို့ မကူးလာဖို့ ပြောနေချိန်မှာပဲ အဲ့ဒီလူဟာ မြစ်ရေနဲ့အတူ မျောပါပြီး သေဆုံးသွားခဲ့တယ်။ အရာရှိ Angel ဟာအလောင်းကို အိတ်ထဲထည့်ပြီး ပြန်လာချိန်မှာ သူ့ကားနောက်ခန်းထဲက ရေနစ်သေထားတဲ့အလောင်းကောင်ကြီးက နိုးထလာခဲ့တယ်။ သေဆုံးသွားပြီလို့ ယူဆထားတဲ့ ဒီလူထူးဆန်းကို ဆေးကုသပေးဖို့ သူ့သူငယ်ချင်း စစ်ဆရာဝန်မတစ်ယောက်ဆီကို ပို့ပေးပြီး သူ့ဇနီးသည်ပြန်ခေါ်တာကြောင့် အရေးတကြီးအိမ်ကိုပြန်သွားခဲ့တယ်။ သူအိမ်ပြန်ရောက်ချိန်မှာ သူ့အိမ်မှာလည်း ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့ လူထူးဆန်းတစ်ယောက်ဟာ သူ့အဖေဆိုပြီးတော့ အိမ်ပေါ်ကို ရောက်နေခဲ့တယ်။ ဆေးကုသဖို့ ပို့ပေးခဲ့တဲ့လူထူးဆန်းကို အကြောင်းကိစ္စတစ်ချို့ကြောင့် သူ့ရဲ့ လက်အောက်အရာရှိ ရေးနဲ့ ဆရာဝန်ခရုစ်တို့က သေနတ်နဲ့ ပစ်သတ်မိသွားခဲ့ပါတယ်။ သူတို့သုံးယောက်ဟာ ဒီကိစ္စကို ဖုံးဖိဖို့ဆုံးဖြတ်လိုက်ပြီး အလောင်းကို မြေမြုပ်ခဲ့တယ်… ဒါပေမဲ့ နောက်ရက်တွေမှာ အဲ့အလောင်းဟာ သူတို့မြုပ်ထားတဲ့နေရာမှာမရှိဘဲ စခန်းကိုပြန်ပြန်ရောက်လာခဲ့တဲ့အခါမှာ ဒီဖြစ်ပျက်နေတဲ့ ထူးခြားတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးကြရင်း ဘာတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.7 GB) / (810 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller, Western Duration….01:32:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Drama • Romance
5.6 2024 91 mins
Deadland
Hats Off to Love
5.8

စတယ်လာ စတုန်းဆိုတဲ့ မိန်းကလေးဟာ ကလေးဘဝ ကတည်းက ဦးထုပ်ဖန်တီးသူတစ်ဦး ဖြစ်ချင်ခဲ့တဲ့သူ ဖြစ်ပါတယ်… အရွယ်ရောက်လာချိန်မှာတော့ သူ့အိပ်မက်ကို အကောင် အထည်ဖော်နိုင်ခဲ့ပြီး ဦးထုပ်ဖန်တီးသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်… ဒါပေမဲ့ တက်သစ်စလူငယ်တစ်ယောက်ဖြစ်သလို ဦးထုပ်ဖန်တီးတဲ့ လုပ်ငန်းဟာလည်းခေတ်နောက်ကျနေပြီ ဖြစ်တာကြောင့် နာမည်ကြီးပုဂ္ဂိုလ်တွေလောက်ပဲ ဦးထုပ်ဖန်တီးသူတွေကို ငှားရမ်းကြတော့တာပါ ဒါကြောင့် စတယ်လာဟာ သူ့ရဲ့အရည်အချင်းကို ထုတ်ပြဖို့အတွက် မြင်းပြိုင်ပွဲနဲ့အတူ ပူတွဲကျင်းပတဲ့ ဦးထုပ်ပြိုင်ပွဲမှာ အလှဆုံးဦးထုပ်ဆုကို အရယူဖို့ ကြိုးစားပါတယ် .. ဒါကြောင့် နာမည်ကြီး မောဒယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရော့ဆီလန်းကို ချဉ်းကပ်ခဲ့ ပါတယ် ရော့ဆီလန်းကလည်း အဲဒီဆုကို ရယူချင်နေသူ ဖြစ်ပြီး စတယ်လာဆီမှာ ဦးထုပ်အပ်ဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်.. ရော့ဆီလန်းရဲ့ သားဖြစ်သူ ခရစ်ရှန်က မြင်းဝါသနာ အိုးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ မြင်းကို မြင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ် မြင်းအကြောင်းတွေကို အနည်းငယ်နားလည်ထားတဲ့ စတယ်လာကလည်း ခရစ်ရှန်ကိုပါ ကူညီပေးရင်းနဲ့ နှစ်ယောက်သား ခင်မင် ရင်းနှီးသွားပါတော့တယ်.. ဒီလိုနဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ အလှဆုံးဦးထုပ်ဆုကို ရရှိသွားမလားဆိုတာနဲ့ ခရစ်ရှန်နဲ့ရော ဘယ်လိုမျိုး ဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်.. အမျိုးသား တွေအတွက် အဓိကကျင်းပတဲ့ မြင်းပြိုင်ပွဲမှာ အမျိုးသမီးတွေအတွက် ဦးထုပ်ပြိုင်ပွဲကိုပါ ထည့်သွင်း ကျင်းပပြီး အမျိုးသမီးတွေကိုပါ ဦးစာပေးတတ်တဲ့ ဓလေ့ တွေနဲ့ ဝတ်စားဆင်ယင်ဖို့အတွက် ဖက်ရှင်ဒီဇိုင်းတွေကို ဘယ်လိုအဓိပ္ပါယ်စိတ်ကူးတွေနဲ့ ဖန်တီးကြလဲဆိုတာကို သိမြင်ခံစားရမှာပဲ ဖြစ်ပါတယ်…. File size… (1.72 GB) / ( 855 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 24m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by okka

Action • Adventure • Science Fiction
5.8 2025
Hats Off to Love
But I’m a Cheerleader

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ် လူငယ်အချစ်ဟာသကားလေးပါ။ မီဂန် (Natasha Lyonne) ဟာ ကိုယ့်ကိုယ်ကို သာမန်အမေရိကန်လူငယ်တစ်ယောက်လို့ပဲ ခံယူထားသူပါ။ ကျောင်းမှာ စာတော်တဲ့အပြင် ပန်းပွားအကအသင်းရဲ့အဖွဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ကြိုက်လှတယ်မဟုတ်ပေမယ့် ရည်းစားလည်း ရှိပါတယ်။ ဒါပေမယ့် မိဘတွေက သူ့ကို ‌ဂေး‌ေနတယ်ထင်တာကြောင့် True Direction ဆိုတဲ့ ပြုပြင်ရေးကျောင်းကိုပို့လိုက်ပါတော့တယ်။ အဲ့ကျောင်းမှာ မီဂန်တွေ့ရတာကတော့ ပုန်ကန်ချင်တဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်ကောင်မလေး ဂရမ် (Clea DuVall) ပါပဲ။ သူ့ကိုယ်သူ အဖြောင့်လို့ ယုံကြည်ထားပေမယ့် တဖြည်းဖြည်းနဲ့ သူ့စိတ်တွေ ထွေပြားလာတဲ့အခါ မီဂန်တစ်ယောက် ကိုယ်ကိုယ်ကိုရှာတွေ့သွားမလား သူက တကယ်ဂေးနေတာရော ဟုတ်ရဲ့လား ဆိုတာ…. တချို့အသုံးအနှုန်းတွေကြောင့် ၁၈ နှစ်အောက်လူငယ်တွေ မကြည့်စေချင်ပါဘူး။ File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pwint Oo San

Horror
0 1999
But I’m a Cheerleader